💝M24💝

2.9K 292 15
                                    

💝Zaw&Uni💝

***Zaw***

အဲဒီလိုပဲ တစ်ဖက်မှာက
စိုင်းဟိန်းထက်ဆိုတဲ့ မြွေပါလို ကောင်ကြောင့် စိုးရိမ်စိတ်ပူပန်စိတ်ဒေါသစိတ်တွေနဲ့ လောင်မြိုက်ရင်း ကျန်ခဲ့သူက လျှံဝေသော်။

ဒင်းစကားကဘာလဲ ?
ရံ့ကိုအရယူမည့်သဘောလား?။သူကရောတကယ်ပဲ ရံ့ကို ဆွဲထားနိုင်ပါ့မလား? စသည်စသည့် ရင်တွင်းမီးကို လောင်မြိုက်စေသော အတွေးတို့ကြောင့် ဝှီးချဲ လက်တင်ကိုသာ တင်းတင်းဆုပ်ကိုင်းရင်း နှုတ်ခမ်းကိုသာ ပြတ်ထွက်လုမတက် ကိုက်၍ သတိလက်လွတ်နေမိသည်။

ထိုအခိုက် နူးညံ့ကြင်နာမှုအပြည့်နဲ့ စိုးရိမ်စိတ်တ်တို့
ပျော်ဝင်နေသော ခေါ်သံတိုးတိုးလေး

"လျှံ...."

သူမော့ကြည့်မိရာက မိမိကို စိုးရိမ်ကြင်နာမှုအပြည့်နဲ့ မျက်ဝန်းတစ်စုံ။ရံ.....ကျွန်တော့်ဘဝအတွက် အရေးပါဆုံးအလိုအပ်ဆုံးလူသားတစ်ဦးဖြစ်သည့် ရံစည်းစိမ်။ဟိုး ကလေးဘဝထဲက မိမိအနားမှာ အရိပ်လိုရှိနေပေးသည့် အရင်နှီးဆုံးသော သူစိမ်းလူသား။

မိမိရဲ့ပျော်ရွှင်မှု၊ဝမ်းနည်းမှု၊နာကျင်မှု၊အောင်မြင်မှုတွေ အခက်ခဲတွေကစ အတူလက်တွဲ ဝေမျှခံစားပေးခဲ့သူ။ရံက သူ့အတွက် အရိပ်လေးတစ်ခုဆို ရံ့အတွက်ရော သူက ဘယ်လိုလူမျိုး ဖြစ်နေနိုင်သလဲ။
စေ့ရုံစေ့ထားပြီးမြင်နေရတဲ့ရင်တွင်းတံခါးကို သူရဲရဲဝံ့ တွန်းဖွင့်ကာ ဝင်ကြည့်ဖို့ သင့်နေပြီထင်။

စိုင်းဟိန်းထက် မင်းလိုကောင်ဆီ ရံ့ကိုအပါခံမဲ့အစား ငါ့နှလုံးသားကိုငါကိုယ်တိုင်ဆွဲထုတ်ပြီး ခွေးကျွေးပစ်မယ်ကွ။အဟက် ကြိုးစားကြည့်လိုက်စမ်းပါ
ရံ့ကို ငါ့လက်ထဲက လုယူကြည့်လိုက်စမ်းပါ။
ဒင်း ကို ဘာကြောင့်များ သူရဲရဲဝံ့ဝံ့ စိန်မခေါ်ခဲ့မိပါလိမ့်။တောက်စ်....

တောက်တစ်ချက်အခတ်မှာ လက်ဖျားဆီမှာ နွေးထွေးသော လက်တစ်စုံက ဆုပ်ကိုင်လို့လာသည်။သူခေါင်းညိမ့် ပြုံးပြလိုက်တော့ ကိုက်ထားတဲ့ နှုတ်ခမ်းတွေက လွတ်သွားချိန် အောက်နှုတ်ခမ်းဆီမှနာကျင်မှုနဲ့ သွေးနံ့တစ်ချို့က နှာသီးဝမှာ ရစ်ဝဲလို့။သူ့နှုတ်ခမ်းဆီ လက်လှမ်းလာတဲ့ ရံ့လက်တွေကို လမ်းတစ်ဝက်မှာပင် ဖမ်းဆုပ်ကိုင်လိုက်ပြီး....

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now