💝M28💝

2.4K 218 72
                                    

****Zaw****
အဲဒီနေ့ကစ အရင်လိုတည်ငြိမ် ပြန်လည်နွေးထွေးစ​ပြုလာတဲ့ ထူးပန်တို့နှစ်ဦးကြား အိမ်ထောင်ရေး မှာ အနည်မထိုင်ခင် ခဲတစ်လုံးပစ်ချ ခံလိုက်ရသလို ပြန်လည်လှုပ်ခတ်ဖို့ အကြောင်းက ဖန်လာပြန်သည်။

ဘယ်သူဘယ်ဝါ ပေးပို့လိုက်မှန်းမသိပါသော ရံစည်းစိမ်နဲ့ ပျော်ရွှင်နေသော စိုင်းရဲ ပုံတွေတစ်ချို့ကို ထူးပန်လက်ခံရရှိခြင်းမှ စသည်ဟု ပြောရမည်လား။

သို့သော် မောင့်ကိုအဆုံးရှုံးမခံနိုင်သော ထူးပန်အတွက်က ထိုအရာတွေကို သူမသိ၊မမြင်၊မတွေ့ခဲ့သလို နေရုံမှလွဲ အခြားမရှိ။မိမိနှလုံးသားကို မိမိကိုယ်တိုင် ဓားထိုးစိုက်၍ မောင့်ကိုသာ ဖက်တွယ်ထားမိခြင်းမှာ ထူးပန်မာနတ၊သိက္ခာ၊ ယုံကြည်မှုတို့ကိုတော့ အရင်းပြု ပေးဆပ်ခဲ့ရသည်။

မိမိနွားတစ်ကောင်ဖြစ်နေခဲ့ပြီဆိုအုန်း အကယ်၍မောင်သာ.......။
တကယ်ပါ
မောင်မရှိတဲ့ သူ့အနာဂတ်တွေကို သူမတွေးဝံ့ဘူး။
ထူးပန် သူအခုရောက်ရှိနေတဲ့ နေရာကို လှည့်ပါတ်ကြည့်လိုက်မိသည်။ကခုန်နေသူတွေ၊တိတ်ဆိတ်စွာ ထိုင်ရင်း
မိမိကမ္ဘာထဲမိမိ နစ်မြောနေသူတွေ၊မူးပြီးမှောက်နေသူအချို့နဲ့ ယခင်က စိမ်းသက်ခဲ့သော ဤနေရာ၊ဤဝန်းကျင်က အခုတော့ သူနဲ့အသားကျရင်းနှီးနေခဲ့ပြီ။
မောင်ကြိုက်နှစ်သက်သည့် ဤခါးသက်သက်အရသာ၊လူကိုအသိစိတ်မဲ့စေသည့် အရည်တွေကို သူသိပ်မုန်းခဲ့သော်လည်း ယခုတော့ မောင်ကြောင့်​ သူကိုယ်တိုင်မှီဝဲ အဖော်ပြုနေခဲ့ရပြီ။

အနားမှာရှိသော ကိုအုပ်စိုးပိုင်ရဲ့ ဖျောင်းဖျမှု ၊နှစ်သိမ့်မှုတွေကလည်း သူ့နားထဲဝင်တစ်ချက်မဝင်တစ်ချက်။
ယခင်က ဆုထူးပန် ဆိုတာ ဒီလိုမှမဟုတ်တာ။ယခုတော့ သူ့ဘဝထဲ မဖိတ်ခေါ်ပဲ ဝင်လာခဲ့ပြီးမှ သူ့သဘောမပါ ပဲ ပြန်ထွက်ခွာသွားချင်နေပါတဲ့
မောင့်ကြောင့် သူပျော်ရွှင်ခဲ့ဖူးသမျှ ၊ယခုတော့ ရူးလောက်အောင်ခံစားနေရသမျှ
သေလုအောင်နာကျင်နေရသမျှတွေအားလုံး
မောင်က မောင်က သူ့ကိုပစ်ခွာချင်နေပြီမို့။

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now