💝M35💝

1.8K 155 5
                                    

Z/

Z/တစ်ဖက်မှာရံသည်လည်း စိတ်ရော၊လူပါ ဂနာမငြိမ်နိုင်တော့။ခနနေ ပြန်ခေါ်လိုက်မယ်ဆိုတဲ့ တီသော့်ရဲ့စကားက အခုနာရီပေါင်းများစွာကြာမြင့်သည်အထိ ပြန်မလာ။သူ့ဘက်က မနေနိုင်တော့လို့ ပြန်ခေါ်သည့်Ph များသည်လည်း ကိုင်သူမဲ့။

စိုင်းဟိန်းထက်တင်လိုက်သည့် Post တစ်ခုက လျှံ့အား ထိုမျှလောက်ထိ ရိုက်ခတ်သွားနိုင်မည်မှန်း၊ရိုက်ခတ်သွားလိမ့်မည်မှန်းသူမထင်ခဲ့။ငါမှားများ မှားသွားပြီလား?မဟုတ်သေးဘူး မှားကိုမှားနေတာများလား။ဆောက်တည်ရာမရ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့ သူ့အဖြစ်အား လျှံ့ကိုမြင်စေချင်စမ်းပါဘိ။Ph နှစ်ခုရှိတဲ့ လျှံ့ထံ တစ်ခုမရ တစ်ခုခေါ်ကြည့်တော့ လျှံအပိုသုံးသည့် Ph ကဝင်သည်မကိုင်။စာတွေပို့နေမိတာလည်း အစောင်ရေ ၁၀၀လောက်ပင်ရှိမည် Reply မလာခဲ့ပါ။လျှံရေ မင်းဆီက ဥပေက္ခာဆို တစ်စက္ကန့်လေးလောက်တောင်မှ ခံနိုင်ရည်မရှိတဲ့ ဒီကောင်ကိုမှ တကယ်ပဲပစ်ထားတော့မှာလားကွာ။နောက်ဆုံးသော မျှော်လင့်ချက်အနေဖြင် ဘယ်နှကြိမ်မြောက်မှန်းမသိသော ဖုန်းအားထပ်ကာထပ်ကာ ခေါ်နေမိတော့ လာပြန်ပြီ ဒီလူကြီးမင်း   -ီးလိုပဲ။နောက်ထပ် နောက်ဆုံးသော မျှော်လင့်ချက်အဖြစ် တီသော့် ဖုန်းအား ခေါ်စဉ်မှာတော့

"ဟဲလို ..သားရံ"

"ဟုတ် တီသော် ဟို လျှံ...လျှံ"

"အော် လျှံကအိပ်နေတုန်းသားရဲ့
ဆောရီးသားရယ် တီသော် သားဆီPhပြန်ဆက်ဖို့မေ့သွားတယ်"ဒေါ်ဝေဝေသော်လည်း သားတော်မောင်မှာထားသည့်အတိုင်း ရံကလေးစိတ်မပူစေရန် လူကြီးတန်မဲ့ ညာရတော့သည်။ရံသည်လည်း ဒါဟာ မုသားဟု ခံစားသိရှိမိသော်ငြား .....

"ဟုတ် ရပါတယ်တီသော် လျှံနေကောင်းတယ်မလား
သူနေကောင်းရင် ရပါပြီ"

"အင်း ဒါနဲ့သားတို့ ဘာအကြောင်းနဲ့စိတ်ကောက်နေကြတာလဲ သားလျှံက သားရံနဲ့ စကားပြောချင်စိတ် မ ရှိသေးဘူးထင်တယ် "

"သားသူမကြိုက်တာအမှားတစ်ခု လုပ်မိထားလို့ပါ"

"ဟင်း ....ထင်တယ် ထင်တယ် သားတို့ကတော့လေ
ဘာမဟုတ်တာလေးတွေနဲ့ စိတ်တွေကောက်နေကြတာလား။သားရေ ....သားလျှံအကြောင်းကတော့ သိတဲ့အတိုင်း
သားကပဲ သည်းခံပေးမယ်ဟုတ်? " ရံပြုံးလိုက်ရင်း

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now