💝20💝

3K 438 32
                                    

******Zaw******

အဲဒီနေ့ကစ အေးစက်စက်နှင်းစက်တွေနဲ့အပြိုင် အေးစက်စပြုလာသော မောင်နဲ့သူ့ကြားမှဆက်ဆံရေး။သာယာချိုမြိန်တဲ့နေ့ရက်လေးတွေအစား အစားထိုးနေရာယူလာတာက ချိုမြိန်ခြင်းအလျဉ်းမရှိတော့သည့်
ပေါ့ရွှတ်ရွှတ်ဟာတာတာ နေ့ရက်တွေ။ဒီဇင်ဘာရဲ့ မြူခိုးတွေ မှိုင်းအုံ့နေပုံက သူတို့အိမ်ထောင်ရေးအပေါ်မှာပါ သက်ရောက်မှုရှိခဲ့လေသလား။

စိုင်း
ကိုကို့ အပေါ် ဝတ္တရားတွေ ပျက်ကွက်နေတာသိသည်။သို့သော် မနှစ်ကထက် ပိုကဲသောဆောင်းရာသီက သူ့ကို အိပ်ယာမှ မထစေချင်ခဲ့။ကျောင်းကလဲ နောက်ဆုံးနှစ်ရောက်ခဲ့ပြီမို့ ဒီတစ်နှစ်နဲ့ ဘွဲ့တစ်ခု အရယူကာ ကိုကို့ကို ကူညီနိုင်မည့်နေရာတစ်နေရာ၊အလုပ်တစ်ခုတော့ သူလုပ်နိုင်ကောင်းပါရဲ့ ဆိုသောစိတ်ဖြင့် ကြိုးစားနေမိသမျှက ကိုကို့အပေါ် လျစ်လျူရှုမှုတွေ များမှန်းမသိများလာခဲ့ခြင်း။

အရင်လိုနေ့လည်စာချိန်တွေ အတူသွားစားမပေးဖြစ်တော့သလို၊ညဘက်တွေမှာလဲ မိမိတို့ညစာ ထမင်းဝိုင်းက အရင်လိုနွေးထွေးမှုတွေ ပျောက်ခြင်းမလှ ပျောက်ဆုံးနေခဲ့သည်။ဒီတိုင်းသာ ရှေ့ဆက်သွားရင်
မဖြစ်သေးဘူး....

ထူးပန် ရေချိုးပြီး စာကြည့်နေသော မောင့်ကို အနှောင့်ယှက်မဖြစ်လိုတာကြောင့် ထုံးစံတိုင်း အလုပ်မှ Laptopနဲ့ လက်ဆွဲအိတ်ကို ယူကာ နောက်ဖေး သစ်ခွခြံဆီသာ ဆင်းလာခဲ့လိုက်သည်။အလုပ်ထဲဈာန်ဝင်ကာ အချိန်တွေမည်မျှပင်ကြာသွားသည် မသိ။ပခုံးထက် လွှမ်းခြုံလာသော ခြုံစောင်လေးနဲ့အတူ အေးစက်စက် လက်လေးက လည်တိုင်ထက် ပွေ့ဖတ်လျက် ပုခုံးပေါ် မေးလေးတင်ကာ နောက်မှ သိုင်းဖက်ထားသောသူ။

သူပြူံးလိုက်ပြီး....

"စာကြည့်လို့ပြီးခဲ့ပြီလား..."

"အင်း...ကိုကိုရော မပြီးသေးဘူးလား"

"အင်း...နည်းနည်းကျန်သေးတယ်"

"အဲဒါဆိုလဲ ထားခဲ့လိုက်တော့
မောင်အိပ်ချင်နေပြီ"

"အိပ်နှင့်လိုက်လေ
ကိုပြီးအောင်လက်စသတ်ခဲ့လိုက်အုန်းမယ်"

မောင့်ကိုချစ်သောကို💝 မောင့်ကိုချစ်သောကို(Married Life)(Complete)Where stories live. Discover now