Pay Attention To Me [Myanmar...

By chi__285

1M 182K 12.8K

Type - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter sta... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71 (part 1)
Chapter - 71(part 2)
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
Chapter - 85
Chapter - 86
Chapter - 87
Chapter - 88
Chapter - 89
Chapter- 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter- 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter- 100
Chapter - 101
Chapter - 102
About manhua
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108
Chapter - 109
Chapter - 110
Chapter - 111
Chapter - 112
Chapter - 113
E xtra 1 : Graduation trip (1)
Extra 1 :Graduation trip (2)

Chapter - 23

7.8K 1.6K 133
By chi__285

အဆုံးတွင်တော့ ကျန့်ယောင်လည်း escape roomထဲကိုပြန်မ၀င်သွားဝောာ့ပေ၊ သူက သူ့ဆွဲဆောင်မှုသူ အတော်လေးစိတ်ချယုံကြည်လျက်ရှိသည်။ 

escape roomမှာ တကယ့်ကို သည်းထိတ်ရင်ဖိုဖြစ်ရပါတယ်။ ပြန်ထွက်လာချိန်မှာတော့ ရန်းရီလဲ့နှင့် လင်းယွမ်မှာ လက်ချင်းတွဲထားကြပြီး alphaနှစ်‌ယောက်နှင့် betaမှာတော့ ချန်းရင်းရင်းနောက်မှာ ပုန်းကွယ်နေရင်း တုန်လှုပ်နေကြလေသည်။

ပိုင်ယွိဝေတစ်ယောက်ကသာ တစ်ကိုယ်တည်းထွက်လာ၍ အပြုံးလေးနှင့် ပြောသည်။
‘’တကယ်ကို ပျော်စရာကောင်းတယ်”

အပူပန်ကင်းတိုတောင်းလှတဲ့ ပိတ်ရက်လေးမှာ အလျင်အမြန်ပဲ ကုန်ဆုံးသွားပြီး ရက်စက်လှသည့်စာမေးပွဲသီတင်းပတ်မှာ နီးကပ်လို့လာပေသည်။

နှစ်ဝက်စာမေးပွဲမတိုင်မီတစ်ရက်အလိုတွင် ဝူကောကျုံက အတန်း notice boardမှာ ခုံနေရာဇယားလာကပ်သွားပြီး သူတို့ကိုလည်း သက်ဆိုင်ရာအခန်းနဲ့ခုံနံပါတ်တွေသွားကြည့်ထားကြဖို့ သတိပေးသွားလေသည်။

Class 1မှကျောင်းသားတွေဟာ ချက်ချင်းစုပြုံလာကြတော့သည်။ သူတို့ကိုယ်ပိုင်သတ်မှတ်အခန်းတွေကြည့်တာအပြင် ဘေးနားကထိုင်ရမယ့်သူတွေက ဘယ်သူဆိုတာရယ်၊ အရှေ့ဆုံးတန်းမှာ ကျတာလားဆိုတာရယ်သူတို့ အပူတကြီးသိချင်ကြတယ်။ သူတို့မှာ ခိုးချဖို့အတွေးလုံး၀မရှိဘူးဆိုသော်ငြားလည်း ရှေ့ဆုံးတန်းမှာနေပြီး ဆရာရဲ့တစ်ချိန်လုံးစောင့်ကြည့်ခံရတာမျိုး‌တော့ မည်သူကမှမလိုချင်ကြပေ။

‘’ငါတော့ သွားပြီ! ချီးမို့ အရှေ့ဆုံးတန်းပြတင်းပေါက်ဘေးကနေရာလား!’’
ကျန်းခဲ့မှာတော့ ထိုကံဆိုးသူများထဲမှတစ်ယောက်ဖြစ်‌နေလေသည်။

စာမေးပွဲအခန်းတွင်း ထိုင်ခုံနေရာအစီအစဥ်မှာ အရင်နှစ်နောက်ဆုံးစာမေးပွဲမှ ရလဒ်တွေအပေါ်မူတည်ပြီး စီထားခြင်းဖြစ်သည်။ ကျန့်ယောင်ကား ယခုနှစ်မှကျောင်းပြောင်းလာသူဖြစ်၍ ရမှတ်လည်းမရှိသည်ကြောင့် နောက်ဆုံးစာမေးပွဲခန်းရဲ့နောက်ဆုံးနေရာကိုရလေသည်။ ထိုအရာက သူ့ကိုမအံ့သြစေပါ၊ သို့ပေသည့် သူမထင်မှတ်ထားသည့်အရာမှာ သူတို့ဒုတိယနှစ်တွေအားလုံးထဲတွင်မှ ဒုတိယအညံ့ဆုံးကျောင်းသားအဖြစ် သူ့ရှေ့က ထိုင်သည့်သူမှာ သူ့ထိုင်ခုံဖော်ဖြစ်နေလိမ့်မယ်လို့။

‘’အရင်နှစ်နောက်ဆုံးစာမေးပွဲတုန်းက မင်းဘယ်လိုများဆိုးဆိုးရွားရွားဖြေခဲ့လို့လဲ?”
ကျန့်ယောင် မေးမိသည်။

ရင်းချဲယ်မှာ အမြဲအိမ်စာတွေ‌အပေါ်အလေးအနက်ရှိလှသူဖြစ်ပြီး အတန်းထဲမှဉာဏ်စမ်းစာမေးပွဲအမှတ်များမှာလည်း အရမ်းကောင်းသည်၊ ထို့ကြောင့် အတန်းရဲ့အထက်ပိုင်းအဆင့်တွေ မဟုတ်လျှင်လည်း အလယ်ပိုင်းလောက်တော့ ပါနိုင်ကောင်းရဲ့။ ကျန့်ယောင်ကိုယ်တိုင်လည်း ရင်းချဲယ်က သူ့ရဲ့လုပ်နိုင်စွမ်းကိုတမင်တကာ ဖုံးကွယ်ထားသည်ဟုထင်မိသည်၊ အဘယ်ကြောင့်ဆို ရင်းချဲယ်အဆောင်ခန်းထဲက လေ့ကျင့်ခန်းစာအုပ်တွေကို သူခနတိုင်းမြင်ဖူးနေတာပဲမဟုတ်လား၊ ထိုထဲက မေးခွန်းတွေဟာ ကျောင်းကစာမေးပွဲပုစ္ဆာတွေထက်ပင် များစွာခက်ခဲတာမျိုး၊ ဒါ့အပြင် ရင်းချဲယ်ကလည်း ထိုမေးခွန်းတွေအားလုံးကို အကုန်လုံးလိုလို အမှန်ဖြေနိုင်လေသည်။ ထို့ကြောင့် သူ့ရဲ့ကျောင်းကရမှတ်တွေဟာ ပိုပြီးမြင့်သင့်တယ်လို့ထင်သည်။

ကျန့်ယောင်မှာ ပထမတော့ ဘယ်လိုဖြစ်ရတာလဲဟုမေးလိုက်မည်ပြုပေမယ့် ရင်းချဲယ်မှာက ပုံမှန်မဟုတ်သည့်အရာများစွာရှိသည်မဟုတ်လား၊ သူမေးတိုင်းလည်း အဖြေမရတာမျိုးချည်း။ ဒါ့ကြောင့် ဒီတစ်ခေါက်သူမေးလည်း အဖြေပြန်ရမှာမဟုတ်လို့တွေးလိုက်ပြီး ထပ်မေးမနေတော့ပေ.။

‘’ကိုယ့်ကိစ္စကိုယ်တွေးစမ်းပါ’’
ရင်းချဲယ်ကလည်း ရှင်းမပြပါ။

ကျန်းခဲ့ကတော့ သူ့အစား၀င်ဖြေပေးရှာရဲ့။
‘’ချဲယ်ကောက စာမေးပွဲမှာကောင်းကောင်းမဖြေနိုင်ခဲ့ဘူးဆိုတာထက် စာမေးပွဲကိုမဖြေခဲ့တာ၊ အဲ့ရက်တွေတုန်းက နေမကောင်းလို့အိမ်ပြန်သွားခဲ့တာလေ”

အားကစားပွဲအပြီးနဲ့ မွေးနေ့ပွဲအပြီးကတည်းက Class 1ကျောင်းသားတွေရဲ့ သူတို့အတန်းဖော်‌အပေါ်အမြင်မှာ လုံး၀အသစ်တစ်ဖန်ဖြစ်တည်လာပြီး ကောလဟာ‌လပြောစကားတွေကို ပလစ်ထားလိုက်တော့တယ်။ ရင်းချဲယ်ဟာ အပေါ်ယံမှာသာ အေးစက်သည်ထင်ရပေမယ့် အမှန်တော့ သူတို့နဲ့သက်တူရွယ်တူလူငယ်တစ်ယောက်သာဖြစ်ပြီး သူ့ကိုရှောင်ဖယ်နေစရာဘာ‌အကြောင်းမှမရှိပေ။ သူတို့ရင်ထဲမှာ အနည်းငယ်ရှိန်နေသေးတယ်ဆိုပေမယ့်လည်း အကြောက်တရားဟာတော့ လုံးလုံးတိုက်စားပျောက်ကွယ်သွားလေပြီ။

ထိုနေ့က ပြန်လာကတည်းက ချန်ရင်းရင်းက ရင်းချဲယ်ကို group chatထဲဆွဲထည့်ခဲ့တာဖြစ်တယ်။ ရင်းချဲယ်သည်လည်း ‘’အားလုံးပဲ မင်္ဂလာပါ”လို့ ပြောလိုက်ရုံနှင့်ချက်ချင်းပဲ အားလုံးဆီက နွေးနွေးထွေးထွေးကြိုဆိုနှုတ်ဆက်သံတွေ သောင်းသောင်းဖျဖျထွက်လာတော့သည်။

[မင်္ဂလာပါ ချဲယ်ကောရေ !]

[ချဲယ်ကော ကျနော့်ကို ကြင်ကြင်နာနာဆက်ဆံပေးပါဗျ !]

[ခုကစပြီး ကျနော်တို့ကို ကာကွယ်ပေးပါနော်! ]

ထိုစဉ်မှာပင် တစ်စုံတစ်ယောက်က ချက်ချင်းပေါ်ထွက်လာပြီး ၀င်ရောက်နှောင့်ယှက်လေတော့သည်။
[မင်းတို့ အားလုံးကိုငါပြောမယ်၊ ငါ့ထိုင်ခုံဖော်လေးက အသည်းအသန် စာကြိုးစားနေတာ၊ နောက်စာမေးပွဲကျ သူကျိန်းသေ ကောင်းကောင်းလုပ်နိုင်လိမ့်မယ် ]

ရလဒ်‌အနေနဲ့ကား group chatထဲမှ messageတွေရဲ့ လားရာမှာ တစ်မျိုးပြောင်းသွားလေသည် :

[ချဲယ်ကောက တအားမိုက်တာပဲဗျာ!]

[ကျနော့်ရဲ့လေးစားမှုတွေအကုန် ချဲယ်ကောကိုအပ်နှင်းပါတယ်! ကျေးဇူးပြုပြီး ဒီကနိမ့်ကျတဲ့ခွေးမျိုးလေးကိုကယ်တင်ပေးပါဦး !]

[ဘုရားသိကြားမလို့ နောက်ပတ်စာမေးပွဲ ချဲယ်ကောဘေးမှာ ကျပါစေ!]

ရင်းချဲယ် : ‘’......’’

ခုချိန်မှ group chatထဲက ထွက်ချင်တယ်ဆိုအရမ်းနောက်ကျသွားပြီလားဟင်?

.
‘’နေမကောင်းတာ? ဘာရောဂါတဲ့လဲ?”
ကျန့်ယောင်မေးသည်။

ကျန်းခဲ့ : ‘’အပူရှပ်တာလားပဲ၊ ပြောကြတာတော့ အဆောင်တံခါးဝမှာပဲ မူးလဲသွားတာတဲ့....’’

ရင်းချဲယ်အသာယာ ချောင်းဟမ့်လိုက်သည်။

ကျန်းခဲ့မှာ ချက်ချင်းပါးစပ်ပိတ်သွားကာ :
‘’ဆောရီး ဆောရီး ငါ့ကိုယ်ငါလည်းဘာတွေပြောနေမှန်းမသိပါဘူး၊ ငါတကယ်မသိဘူးရယ်”

‘’ချဲယ်ချဲယ် မင်းကိုယ်ခံအားက အဲ့လောက်ထိဆိုးတာလား ၊ အပူချိန်ကြောင့် အလွယ်ထိခိုက်လွယ်ရ‌အောင် ”

ကျန့်ယောင်လည်း ဘာရယ်မဟုတ် သတိပေးလိုက်သည်။
‘’မနက်က ငါမိုးလေး၀သခန့်မှန်းချက် ကြည့်ကြည့်တော့ မနက်ဖြန်ကျ အပူချိန်က တစ်ဆယ်ဒီဂရီလောက်ကျမယ်ပြောတယ်၊ အဲ့တော့ နွေးနွေးထွေးထွေး၀တ်ဖို့ရာမမေ့နဲ့၊ အအေးမမိစေနဲ့’’

ကျန်းခဲ့ : ‘’မင်းတို့နှစ်ယောက်က အဲ့လောက်ထိကိုရင်းနှီးတယ်လား?”

ကျန့်ယောင်က ရယ်သွမ်းရင်း : ‘’ငါတို့ယောက်ျားကောင်းတွေဆိုတာ ဒီလိုပဲလေ”

‘’ဝေါ့---‘’
ကျန်းခဲ့က ပြောလိုက်ပြီးနောက် တစ်ကိုယ်လုံးကြက်သီးမွှေးညှင်းတွေထလာတော့သည်။

ရင်းချဲယ်က သူတို့ကို သိပ်အဖက်မလုပ်တာမို့ ကျန့်ယောင်လည်း သူသတိပေးသည်ကို စိတ်ထဲမထားဘူးလို့မှတ်ယူလိုက်သည်။ သို့ပေသည့် နောက်တစ်နေ့ သူစာမေးပွဲခန်းထဲရောက်ချိန်မှာတော့ သူ့ရှေ့ကကောင်စုတ်လေးဟာ ပုံမှန်ကျောင်းယူနီဖောင်းအောက်က‌နေ လည်ပင်းပိတ်ဆွယ်တာလေး ထပ်၀တ်ထားသည်ကိုတွေ့လိုက်ရသည်။

သူ့ပုံက ဖွေးဖွေးနုနု ရွရွလေးနဲ့ အရမ်းနွေးထွေးဟန်

ပထဆုံးဖြေရမည့်ဘာသာရပ်ဟာ တရုတ်ဘာသာရပ်ဖြစ်သည်ကြောင့် ကျောင်းသားတွေဟာတော့ အလွတ်ကျက်ဖြေရသည်ကို အရင်ဖြေလေ့ရှိကြသည်၊ မဟုတ်လျှင် အခြားသောစာများဖတ်ပြီးနောက် ရောထွေးကုန်ကာ ကျက်ထားသည်များမေ့သွားမှာစိုးရသည်။

ကျန့်ယောင်တစ်ယောက် နှစ်မိနစ်သုံးမိနစ်ကြာ အလွတ်ဖြေမေးခွန်းတွေကိုဖြေပြီးနောက် စာရွက်ကိုတစ်ဖက်လှန်မည်အပြုမှာပဲ သူ့ညာဘက်ဘေးကလူဟာ ခေါင်းကိုအနည်းငယ်စောင်းရင်း ကျန့်ယောင်အဖြေစာရွက်ထဲကနေခိုးကြည့်ဖို့ကြိုးစားနေသည်ကို မြင်လိုက်ရသည်။

ကျောင်းက ဘယ်လောက်ပဲကောင်းနေပါစေ ကျောင်းသားဆိုးအနည်းနဲ့အများတော့ရှိစမြဲ၊ အချို့ဆိုလျှင်လာဘ်ထိုးသည်များတောင် ရှိသေးသည်။ ဒါကစာမေးပွဲအခန်းတွေထဲကမှ ဘိတ်ဆုံးအဆင့်အခန်းဆိုမှတော့ အညံ့ဆုံး အဆိုးဆုံးကျောင်းသားတွေစုစည်းရာဖြစ်နေမှတော့ ဘယ်လိုလုပ်စည်းကမ်းလိုက်နာကြပါ့မလဲလေ။

ကျန့်ယောင်လည်း ဒီလိုလူမျိုးက စိတ်ပျက်စရာဟုတွေးမိသည်။

အရင် Eigh Highမှာတုန်းကဆိုလျှင် သူ့လက်အောက်ရှုန်တိတွေထဲက စာခိုးချလို့ကတော့ အဖွဲ့ထဲကနေချက်ချင်းကန်ထုတ်ပစ်လိုက်တာပဲ။

သူ့မူပိုင်စကားမှာ : ‘’စည်းကမ်းမလိုက်နာနိုင်တဲ့ သူတစ်ယောက်ကို ဘယ်လိုလုပ်ရှုန်တိလို့သတ်မှတ်လို့ရမှာလဲ? ဒီနေ့ စာခိုးချရဲရင် မနက်ဖြန် မင်းငါ့ရှုန်တိအဖြစ်ကနေထွက်ရဲရမယ်”

သူဟာ တကယ့်ကလေကချေ အဆိုးသွမ်းနဲ့တူကာ နေ့စဥ်နေ့တိုင်း ကျောင်းပြင်ပမှာ ဇယားတွေရှုပ်၊ ဆရာတွေကိုခေါင်းကိုက်စေတဲ့ ပြဿနာကျောင်းသားမျိုးနဲ့တူသည်။ သို့ပေမယ့် အမှန်တကယ်မှာတော့ ဝမ်ရှောင်ရို့လေး စံထားရာ role modelတစ်ဦးဖြစ်ဖို့အရေး သူဟာ ကျောင်းစာတွေနဲ့ပက်သက်လို့ ဆရာတွေကိုဘယ်တော့မှ ပြဿနာမပေးတတ်သလို အတန်းထဲတွင်လည်း အမြဲပထမရလေ့ရှိသည်။

ထိုကဲ့သို့လိမ္မာနေသည်မှာ မမိုက်လှဘူးဟု ‌ကျောက်ချန် သူ့ကိုတစ်ခါက ပြောဖူးသည်။
‘’ယောင်ကော၊ ဒီလိုမျိုးအဆင့်ကောင်းကောင်းတွေနဲ့ ကျောင်းလူဆိုးခေါင်းဆောင်မြင်ဖူးလို့လား? ကျောင်းလူဆိုးတစ်ယောက်က ဒီလိုမျိုးမလုပ်ဘူးလေ’’

‘’မင်းဘာသိလို့လဲ? ရုပ်ချောချောနဲ့ ခပ်ဆိုးဆိုးကျောင်းသားမျိုးက ဒိတ်အောက်သွားပြီ၊ ခုလိုခေတ်ကြီးထဲမှာ ကျောင်းစာတွေနဲ့ စာရိတ္တပိုင်းတွေမှာ ထူးချွန်တဲ့ ကွာလတီမြင့်ကျောင်းလူဆိုးဖြစ်ဖို့လိုတယ်၊ မင်းကိုယ်မင်း အသိပညာနဲ့ခွန်အား တပ်ဆင်ပြီး အဆင့်တွေနဲ့တိုက်ခိုက်ရည်တွေကို တိုးမြှင့်လိုက်စမ်းပါ၊ လာ ဒီလာမယ့်စာမေးပွဲမှာ ငါတို့ရှုန်တိတွေအတွက် ပန်းတိုင်သေးလေးတစ်ခုသတ်မှတ်ကြမယ်၊ အဆင့်ထိပ်ဆုံး ၂၅၀ထဲမှာ ပါအောင်ကြိုးစားရမယ်၊ စာမေးပွဲကျတဲ့သူတွေကိုတော့ နောက်ထပ်စာမေးပွဲအပိုဆယ်ခါတိတိထပ်ဖြေခိုင်းမယ်”

‘’.....’’

.
၀မ်းနည်းစရာကတော့ သူဟာ အခု First Highကိုပြောင်းလာခဲ့ရတယ်။ လူတွေအာရုံစိုက်စရာဖြစ်မည်စိုး၍လည်း ဘာကိုမှထင်ထင်ရှားရှားဖြစ်အောင် လုပ်လို့မရ၊ သူရဲ့အဆင့်တွေလည်းအပါအ၀င်ဆိူပါတော့။ အဲ့လိုမှမဟုတ်ရင် သူ့အနေနဲ့ ရုပ်ရည်အဆင့်အတန်းတွေနှိမ့်ချ၊ pheromoneတွေကိုဖုံးဖိထားရတဲ့ ဒီလိုရှက်စရာအဖြစ်ကို ဘာလို့သည်းခံနေတော့မှာလဲ?

သူ့ဘေးက လူမှာတော့ လည်ပင်းကြီးကိုဆန့်လျက် ခိုးကြည့်ဖို့ ကြိုးစားနေသေးသည်ကြောင့် ကျန့်ယောင်လည်း အဖြေလွှာကိုလှန်လိုက်ကာ ထိုသူ့ကို သတိပေးသည့်အကြည့်နှင့် တစ်ချက်ကြည့်လိုက်သည်။ တစ်ဖက်လူမှာ အဆုံးတွင်တော့ အကြည့်လွှဲသွားခဲ့ချေပြီ။

သူထင်လိုက်သည်မှာ ပြီးသွားပြီးပေါ့လို့၊ ဘယ်ဟုတ်မလဲ.. ဒုတိယဘာသာရပ်ဖြစ်သည့် သင်္ချာဖြေချိန်မှာလည်း ထိုသူက သူ့စာရွက်ကိုထပ်ခိုးကြည့်လိမ့်ဦးမယ်လို့ သူမထင်ထားခဲ့။

ကျန့်ယောင်တကယ်ပဲ မေးလိုက်ချင်သည် ‘broရေ မင်းမျက်စိကန်းနေလား? ငါက ဒီအခန်းထဲမှာမှ နောက်ဆုံးခုံမှာထိုင်နေတာလေ၊ လူသိစိတ်နဲ့ဆိုရင်တော့ ငါ့အဆင့်တွေက မင်းထက်တောင်ဆိုးဦးမယ်ဆိုတာခန့်မှန်းမိမှာပါ၊ ဒါတောင် မင်းက ငါ့ဆီက ကြည့်ချင်နေသေးတာလား?’ လို့လေ။

သို့ပေမယ့် ထိုလူက သူတောင်ဖြေမပြီးသေးခင် ကျန့်ယောင်စာမေးပွဲဖြေသည်မှာအရမ်းမြန်ကြောင်း  သတိထားမိလို့ထင်သည်၊ ဒါ့ကြောင့် နည်းနည်းပါးပါး ကော်ပီချင်နေတာ။

ကျန့်ယောင်မှာ လန့်ဖျပ်သွားပြီး သူ့အဖြေလွှာကိုအုပ်ထားလိုက်ရကောင်းမလားတွေးဆနေတုန်း ထိုလူ့ဆီမှ ခပ်တိုးတိုးရေရွတ်သံကိုကြားလိုက်ရသည်။
‘’ချီး....လက်ရေးကလည်းဆိုးလိုက်တာ ငါဖတ်မရဘူး”

‘’.......’’

သူ့စာရွက်ကိုအချိန်အတန်ကြာခိုးကြည့်တဲ့ လူမှာတော့ လည်ပင်းနာရုံပဲအဖတ်တင်တယ်၊ ဖတ်မရတဲ့လက်ရေးတွေကြောင့် အဆုံးတွင်တော့ သူ့ဘေးကကျောင်းသားဟာ သူ့ထက်ဆိုးရမည်ဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ သူလည်း မျှော်လင့်ချက်ထားစရာမရှိတော့ပဲ တစ်ဖက်ကိုလှည့်ကာသူ့အတန်းဖော်တွေကိုပဲ အကူညီတောင်းတော့တယ်။

ရလဒ်အနေနဲ့ကား အဆုံးတွင် စက္ကူလုံးလေးတစ်လုံး သူ့မျက်စိရှေ့ကဖြတ်သွားသည်ကို ကျန့်ယောင်မြင်လိုက်ရသည်။

ဖြစ်နိုင်သည်ကတော့ သူရှေ့ကလူဆီကိုပစ်ချင်တာဖြစ်လိမ့်မည် သို့ပေသည့် အားများများဖြင့်မပစ်လိုက်သည်ကြောင့် စက္ကူလုံးလေးဟာ လေထဲမှာဝေ့ဝိုက်သွားပြီး ရင်းချဲယ်ခုံပေါ်ကျရောက်သက်ဆင်းသွားလေသည်။

စင်မြင့်ပေါ်တွင်တော့ သူတို့အခန်းစောင့်ကြည့်တာဝန်ကျသည့် ချန်းရှုမေဟာ မေးခွန်းစာရွက်တွေကို မျက်မှောင်ကြုတ်နှင့်လှန်လှောကြည့်နေရင်း ထောင့်နားလေးက မူမမှန်မှုတွေကိုသတိမပြုမိ။

စာရွက်ရောက်လာတဲ့ လားရာအရရော၊ အရင်က အတန်းထဲမှာလည်း စက္ကူလုံးတွေပစ်ပစ်‌ပေးဖူးတဲ့ တစ်စုံတစ်ယောက်ရဲ့အကျင့်ကြောင့်ရောမို့ ရင်းချဲယ်ဟာတွေးတောင်မတွေးတော့ပဲ သူ့နောက်ကလူပဲဟု အလိုလိုတန်း၍ကောက်ချချလိုက်တော့သည်။

သူက ထိုစက္ကူလုံးကိုကြည့်ပင်မကြည့်ပဲ ကောက်ပြီးပြန်ပစ်ပေး‌တယ်။ ခေါင်းကိုလည်း တစ်ဝက်လှည့်ကာ သူ့နောက်ခုံကလူကိုစူးစူးရဲရဲစိုက်ရင်း ပါးစပ်လှုပ်ရုံပြောသေးသည်။
‘’ထွက်သွားစမ်း’’

ကျန့်ယောင် : ‘‘?”

ချီးပဲ အဲ့မှာ ကမ္ဘာအဆုံးထိလွဲနေလိုက်ကြ

အပစ်လွဲသွားတဲ့ဘေးကလူမှာ အလျင်စလိုနဲ့ နောက်ထပ်စာရွက်လေးကို လုံးပြီး ချိန်ရွယ်တယ်။ လမ်းကြောင်းကိုသေချာချိန်ပြီးနောက် အားကုန်သုံး၍ ပစ်ထည့်လိုက်တော့--

......ရင်းချဲယ်လည်ပင်းတည့်တည့်ကိုသွားမှန်တော့တယ်။

ဒီလူက လုံး၀ကို ပစ်တိုင်းလွဲ
ကျန့်ယောင်ရင်ထဲမှာ သနားစိတ်လေးနဲ့ တွေးလိုက်တယ်။

စက္ကူလုံးလေးက သေးပေမယ့်လည်း ဂုတ်ပိုးကိုထိချိန်တွင်တော့ ထိုသူကို အနည်းငယ်တုန်ရီသွားစေတယ်။ ရင်းချဲယ်မှာ သိသိသာသာကို အပြင်းအထန်တုန်ရီသွားပြီး ခြေထောက်ကလည်း အလိုအလျောက် ခုံအစွန်းကို ကန်လိုက်မိတာကြောင့် အသံကျယ်ကြီးထွက်သွားလေတယ်။ ထိုအချိန်မှာ ချန်းရှုမေဟာ ချက်ချင်းလှည့်ကြည့်လာပြီး ဘေးပတ်လည်ကစာမေးပွဲဖြေဆိုနေကြတဲ့ ကျောင်းသားများကပါ ဆူညံသံကြောင့် လှည့်ကြည့်လာကြသည်။

သူတို့အားလုံး တွေ့လိုက်ရသည်ကား ရင်းချဲယ်ကိုယ်ပေါ်ကနေကျလာပြီး ကြမ်းပြင်မှာပေါ်မှာ တစ်လိမ့်ပြီးတစ်လိမ့် လိမ့်သွားတဲ့ စက္ကူလုံးလေး။
  
လေထုမှာ ရုတ်ခြည်းငြိမ်သက်လို့သွားတယ်။

ချန်းရှုမေက မေးခွန်းစာရွက်တွေကိုလိပ်ကာ ဇောနဲ့မာန်နဲ့ဆင်းလာပြီး ရင်းချဲယ်ခေါင်းကို စာရွက်လိပ်နဲ့ အကြိမ်များစွာရိုက်တယ်။
‘’ငါနဲ့အပြင်ထွက်ခဲ့!”

စာရွက်နှင့်ရိုက်ခြင်းမှာ သိပ်တော့ မနာပါ၊ သို့ပေသည့် ရင်းချဲယ်မှာတော့ ကြက်သေသေနေဟန်နှင့် ထမလာပေ။

‘’ထွက်ခဲ့ဖို့ ပြောနေတာမကြားဖူးလား? တခြားသူတွေ စာမေးပွဲဖြေနေတာကို အနှောင့်ယှက်မဖြစ်စေနဲ့!’’

ကျန့်ယောင်မှာ မနေနိုင်တော့ပဲ ထပြောလိုက်သည်။
‘’လောင်ရှီး၊ အဲ့စာရွက်လုံးက သူ့ဟာမဟုတ်ပါဘူး၊ အဲ့ဒါက...’’

သူလက်ညှိုးမညွှန်နိုင်ခင်မှာပဲ ချန်းရှုမေဟာ သူ့စားရေးခုံပေါ်က နောက်ထပ်စာရွက်တစ်လုံးကို တွေ့သွားကာ ဒေါသပုန်ထလာတော့သည်။
‘’နင်ပဲလား ကျန့်ယောင်! နင့်ထိုင်ခုံဖော်အစား ဝင်ခံပေးချင်ပြန်ပြီလား? မရဘူး! နှစ်ယောက်လုံး ငါနဲ့လိုက်ခဲ့!”

‘‘........’’

.

ဒုတိယနှစ်ရုံးခန်းအတွင်း၌ :

ထိုင်ခုံဖော်လေးရဲ့မှုန်မှိုင်းမဲမှောင်နေတဲ့ မျက်နှာကို ကျန့်ယောင်တစ်ချက်ကြည့်လိုက်ပြီးနောက် စိုးရိမ်တကြီးနှင့် ရှင်းပြရသည်။
‘’တကယ်ငါပစ်တာမဟုတ်ပါဘူး၊ ငါ့ဘေးကတစ်ယောက်၊ ငါ့ကိုများ ဒီလိုစာမေးပွဲတွေမှာခိုးချတတ်တဲ့သူလို့ မင်းထင်နေလား?”

‘‘မထင်ဘူး’’
ရင်းချဲယ်မှာ သူ့အပေါ်အနည်းငယ်တော့ လေးစားသမှုရှိသေးသား။ သူက နောက် ထပ်ပြောသည်။
‘’မင်းငါ့ကိုအဖြေမေးတာမဟုတ်ဘူးဆိုတာတော့ ငါသိတယ်၊ ငါက မင်းဖြေပြီးသွားလို့ ငါနဲ့စကားပြောချင်တာထင်လို့”

......ဒါကမှ ဖြစ်နိုင်ချေရှိသေး

ရုံးခန်းထဲမှာက သူတို့နှစ်ယောက်ပဲ ကျန်ခဲ့တာဖြစ်သည်။ အခန်းတံခါးကလည်းပိတ်ထားပြီး ဆရာတွေအားလုံးက အပြင်ဘက်မှာ သူတို့နှစ်ယောက်စာခိုးချလားမချလားအကြောင်း ဆွေးနွေးပြောဆိုနေကြသည်။ ပထမတော့ ဘာသံမှမကြားရပေ၊ သို့သော် ဆွေးနွေးမှုက ပိုပိုပြင်းထန်လာတာကတစ်ကြောင်း ရုံးခန်းရဲ့အသံလုံမှု‌နိုင်စွမ်းက လုံးဝကိုအသုံးမ၀င်သလောက်နီးပါးဖြစ်သည်ကတစ်ကြောင်းကြောင့် အသံတိုင်းက သူတို့နားထဲကိုရောက်လာလေသည်။

အဆိုးဆုံးသူမှာတော့ ချန်းရှုမေ။ အရင်တစ်ခေါက်အတန်းထဲမှာ ပုံဆွဲသည့်ကိစ္စကတည်းက ကျန့်ယောင်အပေါ် အရှုပ်ထုပ်လို့တွေးပြီး သူမအမြင်မကြည်ခဲ့တာဖြစ်သည်။ ဒီတစ်ခေါက်တော့ လက်ပူးလက်ကြပ်မိပြီ၊ ဒါ့ကြောင့် ကျန့်ယောင်ဟာလုံး၀ကို ညံ့ဖျင်းဆိုးသွမ်းသည့် ကျောင်းသားတစ်ဦးလို့ သူမ,ပိုလို့တောင်ခိုင်ခိုင်မာမာတွေးမိသွားသည်။ ခါတိုင်းစာမေးပွဲတွေမှာ သူ့ရမှတ်တွေက မဆိုးလှဘူးဆိုပေမယ့်လည်း အဲ့ဒါ ခိုးချလို့ပဲနေမှာ။

‘’သူကျောင်းပြောင်းရတာလည်း ပြဿနာတစ်ခုခုရှိလို့ပဲနေမှာ၊ ဒီတစ်ခေါက်တော့ ဘာကြောင့်ဆိုတာပေါ်သွားပြီပဲ”

ဝူကောကျုံသည်တော့ ကြားကနေ‌ဖျန်ဖြေလေသည်။
‘’ချန်းလောင်ရှီးရယ်၊ အဲ့လိုလည်း ပြောလို့မရဘူးလေဗျာ၊ သူတို့နှစ်ယောက်စာခိုးချပါတယ်လို့ ကျနော်တို့မှာ ဘာလက်ဆုပ်လက်ကိုင်သက်သေမရှိဘူးလေ.....’’

‘’သက်သေမရှိဘူးလို့ ပြောနေတုန်းပဲလား?”
ချန်းရှုမေကပြောသည်။
‘’စာရွက်နှစ်ရွက်လုံးပေါ်မှာ  1-10ဆိုပြီးရေးထားတယ်လေ၊ အဲ့ဒါနံပါတ် ၁ကနေ ၁၀ထိ ကွက်လပ်ဖြည့် အဖြေကိုမေးနေတယ်ဆိုတာ သိသာနေတာပဲ၊ ဒါကိုမှခိုးချတယ်မပြောရင် ဘာကိုပြောဦးမှာလဲ?”

‘’ဒါမယ့် စာရွက်က တခြားကျောင်းသားကပစ်တာပါလို့ သူတို့နှစ်ယောက်လုံးလည်း ပြောနေတာပဲလေ၊ ပြီးတော့ နေ့တိုင်းသူတို့အပြုမူတွေကိုလည်း ကျနော်မြင်နေရတာပဲ၊ ရင်းချဲယ်ဆိုတာက စာအမြဲကြိုးစားသလို ကျန့်ယောင်ကလည်း အိမ်စာတွေမထပ်တာ ပျက်ကွက်တာမျိုး ဘယ်တုန်းကမှ မရှိဘူး၊ သူ့‌လက်ရေးက ဆိုးတယ်ဆိုပေမယ့်လည်း စာလုံးတွေက သေချာစစ်ရင်ဖတ်လို့ရပါသေးတယ်၊ ကျနော့်အထင်တော့ ဒီနံပါတ်တွေက သူ့လက်ရေးဟုတ်ပုံမရဘူး၊ ကျနော်တို့ ဒီကိစ္စအပေါ်ပိုပြီးစစ်ဆေးရှာဖွေဖို့လိုသေးတယ်.......’’

တံခါးရဲ့တစ်ဖက်မှာတော့ ကျန့်ယောင်မေးမိသည်။
‘’ငါ့လက်ရေးက အဲ့လောက်တောင်ဆိုးလား?’’

ရင်းချဲယ် : ‘‘ဆိုးတာ‌ပေါ့၊ ကိုယ့်ကိုယ်ကိုတောင် မသိဘူးလား?’’

ကျန့်ယောင် : ‘‘အမှန်တော့ ငါ့ကိုယ်ငါလည်း သိပါတယ် ငါ့လက်တွေက ချို့ယွင်းချက်လေးနည်းနည်းရှိနေတယ်ဆိုတာ....’’

ရင်းချဲယ် ‘‘ချို့ယွင်းချက်သေးသေးလေးတဲ့လား? မင်းလက်တွေက ကျိန်စာသင့်နေတာ”

ကျန့်ယောင် : ‘‘.....’’

အခန်းအပြင်က ချန်းရှုမေမှာတော့ ငြင်းခုန်နေဆဲပင်။
‘‘လောင်ဝူ ကျမမျက်လုံးနဲ့တပ်အပ်မြင်ခဲ့တာနော်၊ ရှင်က မယုံဘူးလား?” 

ဝူကောကျုံ : ‘‘ယုံလားမယုံလားမေးရမှာမဟူတ်ဘူး၊ သူတို့နှစ်ယောက်ကိုခိုးချတယ်လို့ကျနော်တို့အနေနဲ့ ဆုံးဖြတ်လိုက်ရင် သူတို့စာရိတ္တရေးရာဌာနကို ပို့ပြီးပြစ်ဒဏ်ပေးရလိမ့်မယ် သူတို့မှတ်တမ်းထဲမှာလည်း ပါသွားမှာ၊ ကျနော်တို့အနေနဲ့ မှားသွားရင်ရော.. ကလေးနှစ်ယောက်ကို မဟုတ်မမှန်စွပ်စွဲရာကျမသွားဘူးလား?”

‘‘ဒါဆို ရှင်ကနှစ်ယောက်လုံးကို ဒီတိုင်းလွှတ်ပေးလိုက်မယ်ပေါ့? အဲ့လိုဆို တခြားကလေးတွေအတွက်ကျ မျှတပါ့မလား?’’

‘‘ဒါက......’’
ဝူကောကျုံလည်း ‌ဖြေရှင်းချက်ကောင်းကောင်းတစ်ခုမစဥ်းစားတတ်တော့။ နှစ်ဝက်စာမေးပွဲဟာ တစ်နိုင်ငံလုံးအနှံ့စာမေးပွဲမျိုးမဟုတ်တော့ ကျောင်းရဲ့စီမံမှုအပိုင်းတွေမှာလျော့ရဲသည်။ စာသင်ခန်းတွေထဲမှာ စောင့်ကြည့်စစ်ဆေးမှုစနစ်တွေ မရှိသည်ကြောင့် ပြန်စစ်စရာလည်း အထောက်အထားကမရှိ။ စာရွက်ပေါ်မှာရေးထားသည်ကလည်း စာလုံးနံပါတ်လေးနှစ်လုံးသာဖြစ်သည်ကြောင့် လက်ရေးနှင့်ခွဲခြားလို့လည်းမရ။

ချန်းရှုမေမြင်သလောက်အရဆိုလျှင်တော့ ကျန့်ယောင်နှင့် ရင်းချဲယ်မှာ သေချာနေသည်။

‘‘ငါအဲ့ကောင်ကို ဖမ်းပြီးရိုက်နှက်လိုက်ရင် သူ့ကိုယ်သူ ဝန်ခံလိုက်မယ်လို့ထင်လား?”
စိတ်ထဲတွင်တော့ ကျန့်ယောင်ဟာ ပလန်တွေဆွဲနေလေပြီ။

‘‘မင်းအချိန်တွေကို ဖြုန်းမနေနဲ့’’
ရင်းချဲယ်က အေးစက်စွာ နှာမှုတ်ရင်း :
‘’ငါကသာနှစ်ခါအထုခံရတဲ့သူပါ၊ ငါစာမေးပွဲဖြေတာကိုများလာနှောင့်ယှက်ရဲတယ် အသက်ရှင်ရတာပင်ပန်းနေပြီထင်တယ်”

ကျန့်ယောင်လည်း သူ့ကိုလက်မထောင်ပေးလိုက်ကာ
‘‘ဒါမှ ငါ့ထိုင်ခုံဖော်လေး” 
.

ရုံးခန်းတံခါးမှာပွင့်လာပြီးနောက် ချန်းရှုမေက၀င်လာကာ ညင်ညင်သာသာ‌ပြောတယ်။
‘’မင်းတို့နှစ်ယောက် စာရိတ္တရေးရာဌာနကိုသွားလိုက်”

ဆွေးနွေးညှိနှိုင်းမှုမှာ ဘာမှထိရောက်လိုက်ပုံမပေါ်ပေ၊ ဒါ့ကြောင့်လည်း အစီစဥ်က သူတို့နှစ်ယောက်ကို ကျန်းကျောင့်ကျူးဆီလက်လွှဲပေးလိုက်တာပဲဖြစ်မှာပေါ့။

သူတို့နှစ်ယောက်အနေနဲ့လည်း ဘာမှရွေးချယ်စရာမရှိပဲ စာရိတ္တနဲ့စည်းကမ်းရေးရာဌာနဆီကို ဆရာ‌နှစ်ယောက်နောက်ကနေလိုက်ခဲ့ရတော့သည်။ နေ့လည်ပိုင်းဖြစ်သည်ကြောင့် သင်္ချာဖြေပြီးသည့်‌ကျောင်းသားတွေဟာ လွယ်အိတ်သိမ်းပြီး ကိုယ့်အခန်းကိုယ် တစ်ယောက်ပြီး‌တစ်ယောက်ပြန်သွားနေကြသည်။ တချို့မှာလည်း အချင်းချင်းအဖြေတိုက်နေကြပြီး တချို့ကတော့ နောက်စာမေးပွဲအကြောင်းပြောဆိုနေကြသည်။

ဆရာနှစ်ယောက်ရဲ့ဦးဆောင်မှုနောက်ကနေ နှစ်‌ယောက်သား မပြီးသေးတဲ့ အဖြေလွှာလေးတွေကိုင်ရင်း လူအုပ်ကြားကနေဖြတ်လျှောက်သွားရသည်မှာ စည်းကမ်း‌ဖောက်ဖျက်သူလေးတွေလို။

‘’အဲ့ဒါ Class 1က သူဌေးသား ရင်းချဲယ်ဆိုတာမလား.....စိတ်ထားဆိုးပါတယ်ဆို......စာတောင် ခိုးချလိုက်သေး.....’’

‘’သူက ဘယ်လိုလုပ်ပြီးတော့များ ငါတို့ကျောင်းကို ၀င်လာတာပါလိမ့်? လာဘ်ထိုးလာတာပဲဖြစ်မယ်......’’

‘’အဲ့ဒါ အားကစားပွဲက ကောင်မလား၊ သူကလည်း ဒီလိုလူမျိုးဖြစ်နေတာပဲကိုး......’’

‘’သူ့ပုံစံကြည့်ရတာတော့ ထုံတုံးတုံးနဲ့၊ နည်းနည်းလောက်ထင်ပေါ်သွားတာနဲ့သူ့ကိုယ်သူ အထင်ကြီးသွားတာနေမှာပေါ့ .........’’

ကျန့်ယောင်နားထဲ၀င်လာတဲ့ အတင်းတုပ်သံတွေဟာ တစ်သံပြီးတစ်သံ။ သူ့နားကတအားပါးတာကြောင့် ကြားရမယ်လို့မထင်ထားတာတွေကိုပင် သူကြားရသည်။ သူ့ထိုင်ခုံဖော်လေးဆီတစ်ချက်ကြည့်လိုက်တော့ ထိုသူအမူအရာမှာ ပြောင်းလဲသွားပုံမပေါ်တာကြောင့် ကြားရောကြားရဲ့လားတော့ မပြောတတ်။

‘‘အိုး.. ဘယ်သူပါလိမ့် စာမေးပွဲမှာခိုးချတာမိသွားတာလား?”
ဘေးမှ ကျောချမ်းစဖွယ်အသံတစ်သံထွက်လာလေသည်။ ကျန့်ယောင်တစ်ချက်လှည့်ကြည့်လိုက်တော့ ‘မျိုးမစစ်ကောင်’ဆိုတဲ့ စာလုံးမည်းတွေကိုအရင်တွေ့လိုက်ရသည်။

‘’အိုး အမြုံကောင်(ရန်းဝေ)”
(T/n : ရန်းဝေဆိုတာ မစွမ်းနိုင်တာပါတဲ့)

“?! ငလူး င့ါနာမည် ရုန့်ဝေကွ!”
ရုန့်ဝေမှာ maskတစ်ခုတပ်ထားပေမယ့်လည်း နဖူးပေါ်က ‘မျိုးမစစ်ကောင်’တွေကိုတော့ မဖုံးနိုင်။ နေရာကဘယ်လောက်ကျယ်တယ်တော့ မပြောတတ် ‘မျိုးမစစ်ကောင်’ဆိုတာတွေထဲမှာကို ‘ဝေ‌ကောကို ကာမအားတိုးဆေးလေးပေးပါ’ဆိုပြီးရေးထားလို့ရသေးသည်။

ကျန့်ယောင်ကတော့ ပြန်ကာမှ သူ့ရှုန်တိလေးတွေရဲ့ creativityကိုချီးကျူးရမယ်လို့ တွေးလိုက်သည်။

အနီးနားမှာ ဆရာတွေလည်းရှိနေခြင်းကြောင့် ရုန့်ဝေက အသံကိုနှိမ့်လိုက်ပြီး ခနဲ့ဖြစ်အောင်ခနဲ့သေးသည်။
‘’ဒီလိုစာမေးပွဲလေးကိုတောင် မ‌ဖြေနိုင်ပဲ ခိုးချရတယ်လို့၊ သောက်ရမ်းရယ်ရတာပဲကွာ”

ကျန့်ယောင်မှာ တစ်ချက်ရယ်လိုက်ပြီး ခြေလှမ်းတွေကိုနှေးလိုက်သည်။ သူ့နှင့်ခြေလှမ်းသိမ်မကွာချိန်မှ သူ့(ရုန့်ဝေ)ဘက်ကို ယိမ်းလိုက်ပြီး
‘’ဟုတ်တာပေါ့၊ ငါတို့က မင်းကိုမှမယှဥ်နိုင်ပဲ၊ ကောလိပ်ဝင်ခွင့်မှာတောင် အများဆုံး ၉၆မှတ်ကြီးများတောင်ရခဲ့တဲ့မင်းကိုလေ၊ သောက်ရမ်းမိုက်တာပဲနော်”
(T/n : ပေါင်း 750မှတ် တစ်ဘာသာကို 150မှတ်ရှိတာပါတဲ့၊ ဟိုတစ်ယောက်က 750မှာ 96ပါ)

ရုန့်ဝေမှာ ချက်ချင်းဆိုသလို တောင့်ခဲသွားကာ မျက်ဝန်းတွေဟာလည်း မယုံနိုင်သလို ဖြည်းဖြည်းချင်း ပြူးထွက်လာတယ်၊ နူဖူးပေါ်မှာရေးထားတဲ့ ‘မျိုးမစစ်ကောင်’ဆိုသည်မှာလည်း သူ့မျက်ခုံးတွေမြောက်တက်သွားမှုကြောင့် လူးလွန့်တွန့်လိမ်နေသည်မှာ ရေကူးနေသည့်အလား။

‘‘ F*uk.......အဲ့ဒါမင်းကိုး?!”

ကျန့်ယောင်က သူ့ပုခုံးကိုပုတ်ကာ မျက်မှန်တွေကို လျှောချလိုက်တယ်။ သူ့မျက်ဝန်းတွေဟာ ဓားသွားထက်ထက်တွေလိုပဲ မီးခိုးရောင်ဖျော့ဖျော့နဲ့ လင်းလက်နေတယ်။
 
‘’ငါ့ရှုန်တိကိုနောက်တစ်ခါထပ်ထိကြည့်လိုက်၊ ငါလည်း မင်းညီငယ်လေးကို ဂူသွင်းပစ်မယ်”
(T/n : ကျန့်ယောင်ပြောတဲ့ ငါ့ရှုန်တိဆိုတာ ရင်းချဲယ်ကိုပြောတာပါ၊ မင်းညီငယ်လေးဆိုတာကတော့ အဟမ်း... )

‘’.......’’

______

The author has something to say :

ရုန့်ဝေ : ငါ့ဂွကြားတွေတောင် ယားလာသလိုပဲ၊

ဒီအပိုင်းတွေမှာ အားလုံးက ထုထုအကြောင်းအရမ်းသိချင်နေကြတယ်၊ ‘ထုထုက ဘာဖြစ်တာလဲ?’ဆိုပြီးပေါ့၊ ဇာတ်လမ်းကို အားလုံးအတူစီးမျောသွားကြရအောင်၊ ဒီထဲမှာက ထုထုရဲ့ဇာတ်လမ်းက တအားအရေးကြီးတာ၊ ဆိုတော့ ဘာကြောင့်အရမ်းအရေးကြီးရတာလဲ? ဘာလို့ဆို ထုထုက ဇာတ်လိုက်ကျော်ကိုး၊ ဆိုတော့ အားလုံးပဲ သိချင်ကြလား? သိချင်ဖတ်ကြည့်ပေါ့ဗျာ၊ ဒါကတော့ ထုထုအကြောင်းပါပဲ, နားလည်ကြလား? မင်းတို့မှာ ထင်မြင်ချက်တွေရှိရင်လည်း commentမှာ ဆွေးနွေးကြတာပေါ့
(ထုထုဆိုတာ ရင်းချဲယ် nickname ယုန်ကိုပြောတာပါတဲ့)

______

T/n : ရှုန်တိ - ညီငယ်(ညီငယ်ဆိုတာ ဒီထဲမှာတော့ ကျန့်ယောင်က သူအဖွဲ့ထဲကလူတွေကို ရှုန်တိလို့အမြဲခေါ်ပါတယ်)

______

[Zawgyi]

အဆုံးတြင္ေတာ့ က်န႔္ေယာင္လည္း escape roomထဲကိုျပန္မ၀င္သြားေဝာာ့ေပ၊ သူက သူ႔ဆြဲေဆာင္မွုသူ အေတာ္ေလးစိတ္ခ်ယုံၾကည္လ်က္ရွိသည္။

escape roomမွာ တကယ့္ကို သည္းထိတ္ရင္ဖိုျဖစ္ရပါတယ္။ ျပန္ထြက္လာခ်ိန္မွာေတာ့ ရန္းရီလဲ့ႏွင့္ လင္းယြမ္မွာ လက္ခ်င္းတြဲထားၾကၿပီး alphaႏွစ္‌ေယာက္ႏွင့္ betaမွာေတာ့ ခ်န္းရင္းရင္းေနာက္မွာ ပုန္းကြယ္ေနရင္း တုန္လွုပ္ေနၾကေလသည္။

ပိုင္ယြိေဝတစ္ေယာက္ကသာ တစ္ကိုယ္တည္းထြက္လာ၍ အျပဳံးေလးႏွင့္ ေျပာသည္။
‘’တကယ္ကို ေပ်ာ္စရာေကာင္းတယ္”

အပူပန္ကင္းတိုေတာင္းလွတဲ့ ပိတ္ရက္ေလးမွာ အလ်င္အျမန္ပဲ ကုန္ဆုံးသြားၿပီး ရက္စက္လွသည့္စာေမးပြဲသီတင္းပတ္မွာ နီးကပ္လို႔လာေပသည္။

ႏွစ္ဝက္စာေမးပြဲမတိုင္မီတစ္ရက္အလိုတြင္ ဝူေကာက်ဳံက အတန္း notice boardမွာ ခုံေနရာဇယားလာကပ္သြားၿပီး သူတို႔ကိုလည္း သက္ဆိုင္ရာအခန္းနဲ႔ခုံနံပါတ္ေတြသြားၾကည့္ထားၾကဖို႔ သတိေပးသြားေလသည္။

Class 1မွေက်ာင္းသားေတြဟာ ခ်က္ခ်င္းစုျပဳံလာၾကေတာ့သည္။ သူတို႔ကိုယ္ပိုင္သတ္မွတ္အခန္းေတြၾကည့္တာအျပင္ ေဘးနားကထိုင္ရမယ့္သူေတြက ဘယ္သူဆိုတာရယ္၊ အေရွ႕ဆုံးတန္းမွာ က်တာလားဆိုတာရယ္သူတို႔ အပူတႀကီးသိခ်င္ၾကတယ္။ သူတို႔မွာ ခိုးခ်ဖို႔အေတြးလုံး၀မရွိဘူးဆိုေသာ္ျငားလည္း ေရွ႕ဆုံးတန္းမွာေနၿပီး ဆရာရဲ့တစ္ခ်ိန္လုံးေစာင့္ၾကည့္ခံရတာမ်ိဳး‌ေတာ့ မည္သူကမွမလိုခ်င္ၾကေပ။

‘’ငါေတာ့ သြားၿပီ! ခ်ီးမို႔ အေရွ႕ဆုံးတန္းျပတင္းေပါက္ေဘးကေနရာလား!’’
က်န္းခဲ့မွာေတာ့ ထိုကံဆိုးသူမ်ားထဲမွတစ္ေယာက္ျဖစ္‌ေနေလသည္။

စာေမးပြဲအခန္းတြင္း ထိုင္ခုံေနရာအစီအစဥ္မွာ အရင္ႏွစ္ေနာက္ဆုံးစာေမးပြဲမွ ရလဒ္ေတြအေပၚမူတည္ၿပီး စီထားျခင္းျဖစ္သည္။ က်န႔္ေယာင္ကား ယခုႏွစ္မွေက်ာင္းေျပာင္းလာသူျဖစ္၍ ရမွတ္လည္းမရွိသည္ေၾကာင့္ ေနာက္ဆုံးစာေမးပြဲခန္းရဲ့ေနာက္ဆုံးေနရာကိုရေလသည္။ ထိုအရာက သူ႔ကိုမအံ့ၾသေစပါ၊ သို႔ေပသည့္ သူမထင္မွတ္ထားသည့္အရာမွာ သူတို႔ဒုတိယႏွစ္ေတြအားလုံးထဲတြင္မွ ဒုတိယအညံ့ဆုံးေက်ာင္းသားအျဖစ္ သူ႔ေရွ႕က ထိုင္သည့္သူမွာ သူ႔ထိုင္ခုံေဖာ္ျဖစ္ေနလိမ့္မယ္လို႔။

‘’အရင္ႏွစ္ေနာက္ဆုံးစာေမးပြဲတုန္းက မင္းဘယ္လိုမ်ားဆိုးဆိုးရြားရြားေျဖခဲ့လို႔လဲ?”
က်န႔္ေယာင္ ေမးမိသည္။

ရင္းခ်ဲယ္မွာ အျမဲအိမ္စာေတြ‌အေပၚအေလးအနက္ရွိလွသူျဖစ္ၿပီး အတန္းထဲမွဉာဏ္စမ္းစာေမးပြဲအမွတ္မ်ားမွာလည္း အရမ္းေကာင္းသည္၊ ထို႔ေၾကာင့္ အတန္းရဲ့အထက္ပိုင္းအဆင့္ေတြ မဟုတ္လၽွင္လည္း အလယ္ပိုင္းေလာက္ေတာ့ ပါနိုင္ေကာင္းရဲ့။ က်န႔္ေယာင္ကိုယ္တိုင္လည္း ရင္းခ်ဲယ္က သူ႔ရဲ့လုပ္နိုင္စြမ္းကိုတမင္တကာ ဖုံးကြယ္ထားသည္ဟုထင္မိသည္၊ အဘယ္ေၾကာင့္ဆို ရင္းခ်ဲယ္အေဆာင္ခန္းထဲက ေလ့က်င့္ခန္းစာအုပ္ေတြကို သူခနတိုင္းျမင္ဖူးေနတာပဲမဟုတ္လား၊ ထိုထဲက ေမးခြန္းေတြဟာ ေက်ာင္းကစာေမးပြဲပုစၧာေတြထက္ပင္ မ်ားစြာခက္ခဲတာမ်ိဳး၊ ဒါ့အျပင္ ရင္းခ်ဲယ္ကလည္း ထိုေမးခြန္းေတြအားလုံးကို အကုန္လုံးလိုလို အမွန္ေျဖနိုင္ေလသည္။ ထို႔ေၾကာင့္ သူ႔ရဲ့ေက်ာင္းကရမွတ္ေတြဟာ ပိုၿပီးျမင့္သင့္တယ္လို႔ထင္သည္။

က်န႔္ေယာင္မွာ ပထမေတာ့ ဘယ္လိုျဖစ္ရတာလဲဟုေမးလိုက္မည္ျပဳေပမယ့္ ရင္းခ်ဲယ္မွာက ပုံမွန္မဟုတ္သည့္အရာမ်ားစြာရွိသည္မဟုတ္လား၊ သူေမးတိုင္းလည္း အေျဖမရတာမ်ိဳးခ်ည္း။ ဒါ့ေၾကာင့္ ဒီတစ္ေခါက္သူေမးလည္း အေျဖျပန္ရမွာမဟုတ္လို႔ေတြးလိုက္ၿပီး ထပ္ေမးမေနေတာ့ေပ.။

‘’ကိုယ့္ကိစၥကိုယ္ေတြးစမ္းပါ’’
ရင္းခ်ဲယ္ကလည္း ရွင္းမျပပါ။

က်န္းခဲ့ကေတာ့ သူ႔အစား၀င္ေျဖေပးရွာရဲ့။
‘’ခ်ဲယ္ေကာက စာေမးပြဲမွာေကာင္းေကာင္းမေျဖနိုင္ခဲ့ဘူးဆိုတာထက္ စာေမးပြဲကိုမေျဖခဲ့တာ၊ အဲ့ရက္ေတြတုန္းက ေနမေကာင္းလို႔အိမ္ျပန္သြားခဲ့တာေလ”

အားကစားပြဲအၿပီးနဲ႔ ေမြးေန႔ပြဲအၿပီးကတည္းက Class 1ေက်ာင္းသားေတြရဲ့ သူတို႔အတန္းေဖာ္‌အေပၚအျမင္မွာ လုံး၀အသစ္တစ္ဖန္ျဖစ္တည္လာၿပီး ေကာလဟာ‌လေျပာစကားေတြကို ပလစ္ထားလိုက္ေတာ့တယ္။ ရင္းခ်ဲယ္ဟာ အေပၚယံမွာသာ ေအးစက္သည္ထင္ရေပမယ့္ အမွန္ေတာ့ သူတို႔နဲ႔သက္တူရြယ္တူလူငယ္တစ္ေယာက္သာျဖစ္ၿပီး သူ႔ကိုေရွာင္ဖယ္ေနစရာဘာ‌အေၾကာင္းမွမရွိေပ။ သူတို႔ရင္ထဲမွာ အနည္းငယ္ရွိန္ေနေသးတယ္ဆိုေပမယ့္လည္း အေၾကာက္တရားဟာေတာ့ လုံးလုံးတိုက္စားေပ်ာက္ကြယ္သြားေလၿပီ။

ထိုေန႔က ျပန္လာကတည္းက ခ်န္ရင္းရင္းက ရင္းခ်ဲယ္ကို group chatထဲဆြဲထည့္ခဲ့တာျဖစ္တယ္။ ရင္းခ်ဲယ္သည္လည္း ‘’အားလုံးပဲ မဂၤလာပါ”လို႔ ေျပာလိုက္႐ုံႏွင့္ခ်က္ခ်င္းပဲ အားလုံးဆီက ေႏြးေႏြးေထြးေထြးႀကိဳဆိုႏွုတ္ဆက္သံေတြ ေသာင္းေသာင္းဖ်ဖ်ထြက္လာေတာ့သည္။

[မဂၤလာပါ ခ်ဲယ္ေကာေရ !]

[ခ်ဲယ္ေကာ က်ေနာ့္ကို ၾကင္ၾကင္နာနာဆက္ဆံေပးပါဗ် !]

[ခုကစၿပီး က်ေနာ္တို႔ကို ကာကြယ္ေပးပါေနာ္! ]

ထိုစဥ္မွာပင္ တစ္စုံတစ္ေယာက္က ခ်က္ခ်င္းေပၚထြက္လာၿပီး ၀င္ေရာက္ေႏွာင့္ယွက္ေလေတာ့သည္။
[မင္းတို႔ အားလုံးကိုငါေျပာမယ္၊ ငါ့ထိုင္ခုံေဖာ္ေလးက အသည္းအသန္ စာႀကိဳးစားေနတာ၊ ေနာက္စာေမးပြဲက် သူက်ိန္းေသ ေကာင္းေကာင္းလုပ္နိုင္လိမ့္မယ္ ]

ရလဒ္‌အေနနဲ႔ကား group chatထဲမွ messageေတြရဲ့ လားရာမွာ တစ္မ်ိဳးေျပာင္းသြားေလသည္ :

[ခ်ဲယ္ေကာက တအားမိုက္တာပဲဗ်ာ!]

[က်ေနာ့္ရဲ့ေလးစားမွုေတြအကုန္ ခ်ဲယ္ေကာကိုအပ္ႏွင္းပါတယ္! ေက်းဇူးျပဳၿပီး ဒီကနိမ့္က်တဲ့ေခြးမ်ိဳးေလးကိုကယ္တင္ေပးပါဦး !]

[ဘုရားသိၾကားမလို႔ ေနာက္ပတ္စာေမးပြဲ ခ်ဲယ္ေကာေဘးမွာ က်ပါေစ!]

ရင္းခ်ဲယ္ : ‘’......’’

ခုခ်ိန္မွ group chatထဲက ထြက္ခ်င္တယ္ဆိုအရမ္းေနာက္က်သြားၿပီလားဟင္?

.
‘’ေနမေကာင္းတာ? ဘာေရာဂါတဲ့လဲ?”
က်န႔္ေယာင္ေမးသည္။

က်န္းခဲ့ : ‘’အပူရွပ္တာလားပဲ၊ ေျပာၾကတာေတာ့ အေဆာင္တံခါးဝမွာပဲ မူးလဲသြားတာတဲ့....’’

ရင္းခ်ဲယ္အသာယာ ေခ်ာင္းဟမ့္လိုက္သည္။

က်န္းခဲ့မွာ ခ်က္ခ်င္းပါးစပ္ပိတ္သြားကာ :
‘’ေဆာရီး ေဆာရီး ငါ့ကိုယ္ငါလည္းဘာေတြေျပာေနမွန္းမသိပါဘူး၊ ငါတကယ္မသိဘူးရယ္”

‘’ခ်ဲယ္ခ်ဲယ္ မင္းကိုယ္ခံအားက အဲ့ေလာက္ထိဆိုးတာလား ၊ အပူခ်ိန္ေၾကာင့္ အလြယ္ထိခိုက္လြယ္ရ‌ေအာင္ ”

က်န႔္ေယာင္လည္း ဘာရယ္မဟုတ္ သတိေပးလိုက္သည္။
‘’မနက္က ငါမိုးေလး၀သခန႔္မွန္းခ်က္ ၾကည့္ၾကည့္ေတာ့ မနက္ျဖန္က် အပူခ်ိန္က တစ္ဆယ္ဒီဂရီေလာက္က်မယ္ေျပာတယ္၊ အဲ့ေတာ့ ေႏြးေႏြးေထြးေထြး၀တ္ဖို႔ရာမေမ့နဲ႔၊ အေအးမမိေစနဲ႔’’

က်န္းခဲ့ : ‘’မင္းတို႔ႏွစ္ေယာက္က အဲ့ေလာက္ထိကိုရင္းႏွီးတယ္လား?”

က်န႔္ေယာင္က ရယ္သြမ္းရင္း : ‘’ငါတို႔ေယာက္်ားေကာင္းေတြဆိုတာ ဒီလိုပဲေလ”

‘’ေဝါ့---‘’
က်န္းခဲ့က ေျပာလိုက္ၿပီးေနာက္ တစ္ကိုယ္လုံးၾကက္သီးေမႊးညႇင္းေတြထလာေတာ့သည္။

ရင္းခ်ဲယ္က သူတို႔ကို သိပ္အဖက္မလုပ္တာမို႔ က်န႔္ေယာင္လည္း သူသတိေပးသည္ကို စိတ္ထဲမထားဘူးလို႔မွတ္ယူလိုက္သည္။ သို႔ေပသည့္ ေနာက္တစ္ေန႔ သူစာေမးပြဲခန္းထဲေရာက္ခ်ိန္မွာေတာ့ သူ႔ေရွ႕ကေကာင္စုတ္ေလးဟာ ပုံမွန္ေက်ာင္းယူနီေဖာင္းေအာက္က‌ေန လည္ပင္းပိတ္ဆြယ္တာေလး ထပ္၀တ္ထားသည္ကိုေတြ႕လိုက္ရသည္။

သူ႔ပုံက ေဖြးေဖြးႏုႏု ရြရြေလးနဲ႔ အရမ္းေႏြးေထြးဟန္

ပထဆုံးေျဖရမည့္ဘာသာရပ္ဟာ တ႐ုတ္ဘာသာရပ္ျဖစ္သည္ေၾကာင့္ ေက်ာင္းသားေတြဟာေတာ့ အလြတ္က်က္ေျဖရသည္ကို အရင္ေျဖေလ့ရွိၾကသည္၊ မဟုတ္လၽွင္ အျခားေသာစာမ်ားဖတ္ၿပီးေနာက္ ေရာေထြးကုန္ကာ က်က္ထားသည္မ်ားေမ့သြားမွာစိုးရသည္။

က်န႔္ေယာင္တစ္ေယာက္ ႏွစ္မိနစ္သုံးမိနစ္ၾကာ အလြတ္ေျဖေမးခြန္းေတြကိုေျဖၿပီးေနာက္ စာရြက္ကိုတစ္ဖက္လွန္မည္အျပဳမွာပဲ သူ႔ညာဘက္ေဘးကလူဟာ ေခါင္းကိုအနည္းငယ္ေစာင္းရင္း က်န႔္ေယာင္အေျဖစာရြက္ထဲကေနခိုးၾကည့္ဖို႔ႀကိဳးစားေနသည္ကို ျမင္လိုက္ရသည္။

ေက်ာင္းက ဘယ္ေလာက္ပဲေကာင္းေနပါေစ ေက်ာင္းသားဆိုးအနည္းနဲ႔အမ်ားေတာ့ရွိစျမဲ၊ အခ်ိဳ႕ဆိုလၽွင္လာဘ္ထိုးသည္မ်ားေတာင္ ရွိေသးသည္။ ဒါကစာေမးပြဲအခန္းေတြထဲကမွ ဘိတ္ဆုံးအဆင့္အခန္းဆိုမွေတာ့ အညံ့ဆုံး အဆိုးဆုံးေက်ာင္းသားေတြစုစည္းရာျဖစ္ေနမွေတာ့ ဘယ္လိုလုပ္စည္းကမ္းလိုက္နာၾကပါ့မလဲေလ။

က်န႔္ေယာင္လည္း ဒီလိုလူမ်ိဳးက စိတ္ပ်က္စရာဟုေတြးမိသည္။

အရင္ Eigh Highမွာတုန္းကဆိုလၽွင္ သူ႔လက္ေအာက္ရွုန္တိေတြထဲက စာခိုးခ်လို႔ကေတာ့ အဖြဲ႕ထဲကေနခ်က္ခ်င္းကန္ထုတ္ပစ္လိုက္တာပဲ။

သူ႔မူပိုင္စကားမွာ : ‘’စည္းကမ္းမလိုက္နာနိုင္တဲ့ သူတစ္ေယာက္ကို ဘယ္လိုလုပ္ရွုန္တိလို႔သတ္မွတ္လို႔ရမွာလဲ? ဒီေန႔ စာခိုးခ်ရဲရင္ မနက္ျဖန္ မင္းငါ့ရွုန္တိအျဖစ္ကေနထြက္ရဲရမယ္”

သူဟာ တကယ့္ကေလကေခ် အဆိုးသြမ္းနဲ႔တူကာ ေန႔စဥ္ေန႔တိုင္း ေက်ာင္းျပင္ပမွာ ဇယားေတြရွုပ္၊ ဆရာေတြကိုေခါင္းကိုက္ေစတဲ့ ျပႆနာေက်ာင္းသားမ်ိဳးနဲ႔တူသည္။ သို႔ေပမယ့္ အမွန္တကယ္မွာေတာ့ ဝမ္ေရွာင္ရို႔ေလး စံထားရာ role modelတစ္ဦးျဖစ္ဖို႔အေရး သူဟာ ေက်ာင္းစာေတြနဲ႔ပက္သက္လို႔ ဆရာေတြကိုဘယ္ေတာ့မွ ျပႆနာမေပးတတ္သလို အတန္းထဲတြင္လည္း အျမဲပထမရေလ့ရွိသည္။

ထိုကဲ့သို႔လိမၼာေနသည္မွာ မမိုက္လွဘူးဟု ‌ေက်ာက္ခ်န္ သူ႔ကိုတစ္ခါက ေျပာဖူးသည္။
‘’ေယာင္ေကာ၊ ဒီလိုမ်ိဳးအဆင့္ေကာင္းေကာင္းေတြနဲ႔ ေက်ာင္းလူဆိုးေခါင္းေဆာင္ျမင္ဖူးလို႔လား? ေက်ာင္းလူဆိုးတစ္ေယာက္က ဒီလိုမ်ိဳးမလုပ္ဘူးေလ’’

‘’မင္းဘာသိလို႔လဲ? ႐ုပ္ေခ်ာေခ်ာနဲ႔ ခပ္ဆိုးဆိုးေက်ာင္းသားမ်ိဳးက ဒိတ္ေအာက္သြားၿပီ၊ ခုလိုေခတ္ႀကီးထဲမွာ ေက်ာင္းစာေတြနဲ႔ စာရိတၱပိုင္းေတြမွာ ထူးခၽြန္တဲ့ ကြာလတီျမင့္ေက်ာင္းလူဆိုးျဖစ္ဖို႔လိုတယ္၊ မင္းကိုယ္မင္း အသိပညာနဲ႔ခြန္အား တပ္ဆင္ၿပီး အဆင့္ေတြနဲ႔တိုက္ခိုက္ရည္ေတြကို တိုးျမႇင့္လိုက္စမ္းပါ၊ လာ ဒီလာမယ့္စာေမးပြဲမွာ ငါတို႔ရွုန္တိေတြအတြက္ ပန္းတိုင္ေသးေလးတစ္ခုသတ္မွတ္ၾကမယ္၊ အဆင့္ထိပ္ဆုံး ၂၅၀ထဲမွာ ပါေအာင္ႀကိဳးစားရမယ္၊ စာေမးပြဲက်တဲ့သူေတြကိုေတာ့ ေနာက္ထပ္စာေမးပြဲအပိုဆယ္ခါတိတိထပ္ေျဖခိုင္းမယ္”

‘’.....’’

.
၀မ္းနည္းစရာကေတာ့ သူဟာ အခု First Highကိုေျပာင္းလာခဲ့ရတယ္။ လူေတြအာ႐ုံစိုက္စရာျဖစ္မည္စိုး၍လည္း ဘာကိုမွထင္ထင္ရွားရွားျဖစ္ေအာင္ လုပ္လို႔မရ၊ သူရဲ့အဆင့္ေတြလည္းအပါအ၀င္ဆိူပါေတာ့။ အဲ့လိုမွမဟုတ္ရင္ သူ႔အေနနဲ႔ ႐ုပ္ရည္အဆင့္အတန္းေတြႏွိမ့္ခ်၊ pheromoneေတြကိုဖုံးဖိထားရတဲ့ ဒီလိုရွက္စရာအျဖစ္ကို ဘာလို႔သည္းခံေနေတာ့မွာလဲ?

သူ႔ေဘးက လူမွာေတာ့ လည္ပင္းႀကီးကိုဆန႔္လ်က္ ခိုးၾကည့္ဖို႔ ႀကိဳးစားေနေသးသည္ေၾကာင့္ က်န႔္ေယာင္လည္း အေျဖလႊာကိုလွန္လိုက္ကာ ထိုသူ႔ကို သတိေပးသည့္အၾကည့္ႏွင့္ တစ္ခ်က္ၾကည့္လိုက္သည္။ တစ္ဖက္လူမွာ အဆုံးတြင္ေတာ့ အၾကည့္လႊဲသြားခဲ့ေခ်ၿပီ။

သူထင္လိုက္သည္မွာ ၿပီးသြားၿပီးေပါ့လို႔၊ ဘယ္ဟုတ္မလဲ.. ဒုတိယဘာသာရပ္ျဖစ္သည့္ သခၤ်ာေျဖခ်ိန္မွာလည္း ထိုသူက သူ႔စာရြက္ကိုထပ္ခိုးၾကည့္လိမ့္ဦးမယ္လို႔ သူမထင္ထားခဲ့။

က်န႔္ေယာင္တကယ္ပဲ ေမးလိုက္ခ်င္သည္ ‘broေရ မင္းမ်က္စိကန္းေနလား? ငါက ဒီအခန္းထဲမွာမွ ေနာက္ဆုံးခုံမွာထိုင္ေနတာေလ၊ လူသိစိတ္နဲ႔ဆိုရင္ေတာ့ ငါ့အဆင့္ေတြက မင္းထက္ေတာင္ဆိုးဦးမယ္ဆိုတာခန႔္မွန္းမိမွာပါ၊ ဒါေတာင္ မင္းက ငါ့ဆီက ၾကည့္ခ်င္ေနေသးတာလား?’ လို႔ေလ။

သို႔ေပမယ့္ ထိုလူက သူေတာင္ေျဖမၿပီးေသးခင္ က်န႔္ေယာင္စာေမးပြဲေျဖသည္မွာအရမ္းျမန္ေၾကာင္း  သတိထားမိလို႔ထင္သည္၊ ဒါ့ေၾကာင့္ နည္းနည္းပါးပါး ေကာ္ပီခ်င္ေနတာ။

က်န႔္ေယာင္မွာ လန႔္ဖ်ပ္သြားၿပီး သူ႔အေျဖလႊာကိုအုပ္ထားလိုက္ရေကာင္းမလားေတြးဆေနတုန္း ထိုလူ႔ဆီမွ ခပ္တိုးတိုးေရရြတ္သံကိုၾကားလိုက္ရသည္။
‘’ခ်ီး....လက္ေရးကလည္းဆိုးလိုက္တာ ငါဖတ္မရဘူး”

‘’.......’’

သူ႔စာရြက္ကိုအခ်ိန္အတန္ၾကာခိုးၾကည့္တဲ့ လူမွာေတာ့ လည္ပင္းနာ႐ုံပဲအဖတ္တင္တယ္၊ ဖတ္မရတဲ့လက္ေရးေတြေၾကာင့္ အဆုံးတြင္ေတာ့ သူ႔ေဘးကေက်ာင္းသားဟာ သူ႔ထက္ဆိုးရမည္ျဖစ္ေၾကာင္း သေဘာေပါက္သြားေတာ့သည္။ သူလည္း ေမၽွာ္လင့္ခ်က္ထားစရာမရွိေတာ့ပဲ တစ္ဖက္ကိုလွည့္ကာသူ႔အတန္းေဖာ္ေတြကိုပဲ အကူညီေတာင္းေတာ့တယ္။

ရလဒ္အေနနဲ႔ကား အဆုံးတြင္ စကၠဴလုံးေလးတစ္လုံး သူ႔မ်က္စိေရွ႕ကျဖတ္သြားသည္ကို က်န႔္ေယာင္ျမင္လိုက္ရသည္။

ျဖစ္နိုင္သည္ကေတာ့ သူေရွ႕ကလူဆီကိုပစ္ခ်င္တာျဖစ္လိမ့္မည္ သို႔ေပသည့္ အားမ်ားမ်ားျဖင့္မပစ္လိုက္သည္ေၾကာင့္ စကၠဴလုံးေလးဟာ ေလထဲမွာေဝ့ဝိုက္သြားၿပီး ရင္းခ်ဲယ္ခုံေပၚက်ေရာက္သက္ဆင္းသြားေလသည္။

စင္ျမင့္ေပၚတြင္ေတာ့ သူတို႔အခန္းေစာင့္ၾကည့္တာဝန္က်သည့္ ခ်န္းရွုေမဟာ ေမးခြန္းစာရြက္ေတြကို မ်က္ေမွာင္ၾကဳတ္ႏွင့္လွန္ေလွာၾကည့္ေနရင္း ေထာင့္နားေလးက မူမမွန္မွုေတြကိုသတိမျပဳမိ။

စာရြက္ေရာက္လာတဲ့ လားရာအရေရာ၊ အရင္က အတန္းထဲမွာလည္း စကၠဴလုံးေတြပစ္ပစ္‌ေပးဖူးတဲ့ တစ္စုံတစ္ေယာက္ရဲ့အက်င့္ေၾကာင့္ေရာမို႔ ရင္းခ်ဲယ္ဟာေတြးေတာင္မေတြးေတာ့ပဲ သူ႔ေနာက္ကလူပဲဟု အလိုလိုတန္း၍ေကာက္ခ်ခ်လိုက္ေတာ့သည္။

သူက ထိုစကၠဴလုံးကိုၾကည့္ပင္မၾကည့္ပဲ ေကာက္ၿပီးျပန္ပစ္ေပး‌တယ္။ ေခါင္းကိုလည္း တစ္ဝက္လွည့္ကာ သူ႔ေနာက္ခုံကလူကိုစူးစူးရဲရဲစိုက္ရင္း ပါးစပ္လွုပ္႐ုံေျပာေသးသည္။
‘’ထြက္သြားစမ္း’’

က်န႔္ေယာင္ : ‘‘?”

ခ်ီးပဲ အဲ့မွာ ကမၻာအဆုံးထိလြဲေနလိုက္ၾက

အပစ္လြဲသြားတဲ့ေဘးကလူမွာ အလ်င္စလိုနဲ႔ ေနာက္ထပ္စာရြက္ေလးကို လုံးၿပီး ခ်ိန္ရြယ္တယ္။ လမ္းေၾကာင္းကိုေသခ်ာခ်ိန္ၿပီးေနာက္ အားကုန္သုံး၍ ပစ္ထည့္လိုက္ေတာ့--

......ရင္းခ်ဲယ္လည္ပင္းတည့္တည့္ကိုသြားမွန္ေတာ့တယ္။

ဒီလူက လုံး၀ကို ပစ္တိုင္းလြဲ
က်န႔္ေယာင္ရင္ထဲမွာ သနားစိတ္ေလးနဲ႔ ေတြးလိုက္တယ္။

စကၠဴလုံးေလးက ေသးေပမယ့္လည္း ဂုတ္ပိုးကိုထိခ်ိန္တြင္ေတာ့ ထိုသူကို အနည္းငယ္တုန္ရီသြားေစတယ္။ ရင္းခ်ဲယ္မွာ သိသိသာသာကို အျပင္းအထန္တုန္ရီသြားၿပီး ေျခေထာက္ကလည္း အလိုအေလ်ာက္ ခုံအစြန္းကို ကန္လိုက္မိတာေၾကာင့္ အသံက်ယ္ႀကီးထြက္သြားေလတယ္။ ထိုအခ်ိန္မွာ ခ်န္းရွုေမဟာ ခ်က္ခ်င္းလွည့္ၾကည့္လာၿပီး ေဘးပတ္လည္ကစာေမးပြဲေျဖဆိုေနၾကတဲ့ ေက်ာင္းသားမ်ားကပါ ဆူညံသံေၾကာင့္ လွည့္ၾကည့္လာၾကသည္။

သူတို႔အားလုံး ေတြ႕လိုက္ရသည္ကား ရင္းခ်ဲယ္ကိုယ္ေပၚကေနက်လာၿပီး ၾကမ္းျပင္မွာေပၚမွာ တစ္လိမ့္ၿပီးတစ္လိမ့္ လိမ့္သြားတဲ့ စကၠဴလုံးေလး။
  
ေလထုမွာ ႐ုတ္ျခည္းၿငိမ္သက္လို႔သြားတယ္။

ခ်န္းရွုေမက ေမးခြန္းစာရြက္ေတြကိုလိပ္ကာ ေဇာနဲ႔မာန္နဲ႔ဆင္းလာၿပီး ရင္းခ်ဲယ္ေခါင္းကို စာရြက္လိပ္နဲ႔ အႀကိမ္မ်ားစြာရိုက္တယ္။
‘’ငါနဲ႔အျပင္ထြက္ခဲ့!”

စာရြက္ႏွင့္ရိုက္ျခင္းမွာ သိပ္ေတာ့ မနာပါ၊ သို႔ေပသည့္ ရင္းခ်ဲယ္မွာေတာ့ ၾကက္ေသေသေနဟန္ႏွင့္ ထမလာေပ။

‘’ထြက္ခဲ့ဖို႔ ေျပာေနတာမၾကားဖူးလား? တျခားသူေတြ စာေမးပြဲေျဖေနတာကို အေႏွာင့္ယွက္မျဖစ္ေစနဲ႔!’’

က်န႔္ေယာင္မွာ မေနနိုင္ေတာ့ပဲ ထေျပာလိုက္သည္။
‘’ေလာင္ရွီး၊ အဲ့စာရြက္လုံးက သူ႔ဟာမဟုတ္ပါဘူး၊ အဲ့ဒါက...’’

သူလက္ညႇိုးမညႊန္နိုင္ခင္မွာပဲ ခ်န္းရွုေမဟာ သူ႔စားေရးခုံေပၚက ေနာက္ထပ္စာရြက္တစ္လုံးကို ေတြ႕သြားကာ ေဒါသပုန္ထလာေတာ့သည္။
‘’နင္ပဲလား က်န႔္ေယာင္! နင့္ထိုင္ခုံေဖာ္အစား ဝင္ခံေပးခ်င္ျပန္ၿပီလား? မရဘူး! ႏွစ္ေယာက္လုံး ငါနဲ႔လိုက္ခဲ့!”

‘‘........’’

.

ဒုတိယႏွစ္႐ုံးခန္းအတြင္း၌ :

ထိုင္ခုံေဖာ္ေလးရဲ့မွုန္မွိုင္းမဲေမွာင္ေနတဲ့ မ်က္ႏွာကို က်န႔္ေယာင္တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ စိုးရိမ္တႀကီးႏွင့္ ရွင္းျပရသည္။
‘’တကယ္ငါပစ္တာမဟုတ္ပါဘူး၊ ငါ့ေဘးကတစ္ေယာက္၊ ငါ့ကိုမ်ား ဒီလိုစာေမးပြဲေတြမွာခိုးခ်တတ္တဲ့သူလို႔ မင္းထင္ေနလား?”

‘‘မထင္ဘူး’’
ရင္းခ်ဲယ္မွာ သူ႔အေပၚအနည္းငယ္ေတာ့ ေလးစားသမွုရွိေသးသား။ သူက ေနာက္ ထပ္ေျပာသည္။
‘’မင္းငါ့ကိုအေျဖေမးတာမဟုတ္ဘူးဆိုတာေတာ့ ငါသိတယ္၊ ငါက မင္းေျဖၿပီးသြားလို႔ ငါနဲ႔စကားေျပာခ်င္တာထင္လို႔”

......ဒါကမွ ျဖစ္နိုင္ေခ်ရွိေသး

႐ုံးခန္းထဲမွာက သူတို႔ႏွစ္ေယာက္ပဲ က်န္ခဲ့တာျဖစ္သည္။ အခန္းတံခါးကလည္းပိတ္ထားၿပီး ဆရာေတြအားလုံးက အျပင္ဘက္မွာ သူတို႔ႏွစ္ေယာက္စာခိုးခ်လားမခ်လားအေၾကာင္း ေဆြးေႏြးေျပာဆိုေနၾကသည္။ ပထမေတာ့ ဘာသံမွမၾကားရေပ၊ သို႔ေသာ္ ေဆြးေႏြးမွုက ပိုပိုျပင္းထန္လာတာကတစ္ေၾကာင္း ႐ုံးခန္းရဲ့အသံလုံမွု‌နိုင္စြမ္းက လုံးဝကိုအသုံးမ၀င္သေလာက္နီးပါးျဖစ္သည္ကတစ္ေၾကာင္းေၾကာင့္ အသံတိုင္းက သူတို႔နားထဲကိုေရာက္လာေလသည္။

အဆိုးဆုံးသူမွာေတာ့ ခ်န္းရွုေမ။ အရင္တစ္ေခါက္အတန္းထဲမွာ ပုံဆြဲသည့္ကိစၥကတည္းက က်န႔္ေယာင္အေပၚ အရွုပ္ထုပ္လို႔ေတြးၿပီး သူမအျမင္မၾကည္ခဲ့တာျဖစ္သည္။ ဒီတစ္ေခါက္ေတာ့ လက္ပူးလက္ၾကပ္မိၿပီ၊ ဒါ့ေၾကာင့္ က်န႔္ေယာင္ဟာလုံး၀ကို ညံ့ဖ်င္းဆိုးသြမ္းသည့္ ေက်ာင္းသားတစ္ဦးလို႔ သူမ,ပိုလို႔ေတာင္ခိုင္ခိုင္မာမာေတြးမိသြားသည္။ ခါတိုင္းစာေမးပြဲေတြမွာ သူ႔ရမွတ္ေတြက မဆိုးလွဘူးဆိုေပမယ့္လည္း အဲ့ဒါ ခိုးခ်လို႔ပဲေနမွာ။

‘’သူေက်ာင္းေျပာင္းရတာလည္း ျပႆနာတစ္ခုခုရွိလို႔ပဲေနမွာ၊ ဒီတစ္ေခါက္ေတာ့ ဘာေၾကာင့္ဆိုတာေပၚသြားၿပီပဲ”

ဝူေကာက်ဳံသည္ေတာ့ ၾကားကေန‌ဖ်န္ေျဖေလသည္။
‘’ခ်န္းေလာင္ရွီးရယ္၊ အဲ့လိုလည္း ေျပာလို႔မရဘူးေလဗ်ာ၊ သူတို႔ႏွစ္ေယာက္စာခိုးခ်ပါတယ္လို႔ က်ေနာ္တို႔မွာ ဘာလက္ဆုပ္လက္ကိုင္သက္ေသမရွိဘူးေလ.....’’

‘’သက္ေသမရွိဘူးလို႔ ေျပာေနတုန္းပဲလား?”
ခ်န္းရွုေမကေျပာသည္။
‘’စာရြက္ႏွစ္ရြက္လုံးေပၚမွာ  1-10ဆိုၿပီးေရးထားတယ္ေလ၊ အဲ့ဒါနံပါတ္ ၁ကေန ၁၀ထိ ကြက္လပ္ျဖည့္ အေျဖကိုေမးေနတယ္ဆိုတာ သိသာေနတာပဲ၊ ဒါကိုမွခိုးခ်တယ္မေျပာရင္ ဘာကိုေျပာဦးမွာလဲ?”

‘’ဒါမယ့္ စာရြက္က တျခားေက်ာင္းသားကပစ္တာပါလို႔ သူတို႔ႏွစ္ေယာက္လုံးလည္း ေျပာေနတာပဲေလ၊ ၿပီးေတာ့ ေန႔တိုင္းသူတို႔အျပဳမူေတြကိုလည္း က်ေနာ္ျမင္ေနရတာပဲ၊ ရင္းခ်ဲယ္ဆိုတာက စာအျမဲႀကိဳးစားသလို က်န႔္ေယာင္ကလည္း အိမ္စာေတြမထပ္တာ ပ်က္ကြက္တာမ်ိဳး ဘယ္တုန္းကမွ မရွိဘူး၊ သူ႔‌လက္ေရးက ဆိုးတယ္ဆိုေပမယ့္လည္း စာလုံးေတြက ေသခ်ာစစ္ရင္ဖတ္လို႔ရပါေသးတယ္၊ က်ေနာ့္အထင္ေတာ့ ဒီနံပါတ္ေတြက သူ႔လက္ေရးဟုတ္ပုံမရဘူး၊ က်ေနာ္တို႔ ဒီကိစၥအေပၚပိုၿပီးစစ္ေဆးရွာေဖြဖို႔လိုေသးတယ္.......’’

တံခါးရဲ့တစ္ဖက္မွာေတာ့ က်န႔္ေယာင္ေမးမိသည္။
‘’ငါ့လက္ေရးက အဲ့ေလာက္ေတာင္ဆိုးလား?’’

ရင္းခ်ဲယ္ : ‘‘ဆိုးတာ‌ေပါ့၊ ကိုယ့္ကိုယ္ကိုေတာင္ မသိဘူးလား?’’

က်န႔္ေယာင္ : ‘‘အမွန္ေတာ့ ငါ့ကိုယ္ငါလည္း သိပါတယ္ ငါ့လက္ေတြက ခ်ိဳ႕ယြင္းခ်က္ေလးနည္းနည္းရွိေနတယ္ဆိုတာ....’’

ရင္းခ်ဲယ္ ‘‘ခ်ိဳ႕ယြင္းခ်က္ေသးေသးေလးတဲ့လား? မင္းလက္ေတြက က်ိန္စာသင့္ေနတာ”

က်န႔္ေယာင္ : ‘‘.....’’

အခန္းအျပင္က ခ်န္းရွုေမမွာေတာ့ ျငင္းခုန္ေနဆဲပင္။
‘‘ေလာင္ဝူ က်မမ်က္လုံးနဲ႔တပ္အပ္ျမင္ခဲ့တာေနာ္၊ ရွင္က မယုံဘူးလား?” 

ဝူေကာက်ဳံ : ‘‘ယုံလားမယုံလားေမးရမွာမဟူတ္ဘူး၊ သူတို႔ႏွစ္ေယာက္ကိုခိုးခ်တယ္လို႔က်ေနာ္တို႔အေနနဲ႔ ဆုံးျဖတ္လိုက္ရင္ သူတို႔စာရိတၱေရးရာဌာနကို ပို႔ၿပီးျပစ္ဒဏ္ေပးရလိမ့္မယ္ သူတို႔မွတ္တမ္းထဲမွာလည္း ပါသြားမွာ၊ က်ေနာ္တို႔အေနနဲ႔ မွားသြားရင္ေရာ.. ကေလးႏွစ္ေယာက္ကို မဟုတ္မမွန္စြပ္စြဲရာက်မသြားဘူးလား?”

‘‘ဒါဆို ရွင္ကႏွစ္ေယာက္လုံးကို ဒီတိုင္းလႊတ္ေပးလိုက္မယ္ေပါ့? အဲ့လိုဆို တျခားကေလးေတြအတြက္က် မၽွတပါ့မလား?’’

‘‘ဒါက......’’
ဝူေကာက်ဳံလည္း ‌ေျဖရွင္းခ်က္ေကာင္းေကာင္းတစ္ခုမစဥ္းစားတတ္ေတာ့။ ႏွစ္ဝက္စာေမးပြဲဟာ တစ္နိုင္ငံလုံးအႏွံ့စာေမးပြဲမ်ိဳးမဟုတ္ေတာ့ ေက်ာင္းရဲ့စီမံမွုအပိုင္းေတြမွာေလ်ာ့ရဲသည္။ စာသင္ခန္းေတြထဲမွာ ေစာင့္ၾကည့္စစ္ေဆးမွုစနစ္ေတြ မရွိသည္ေၾကာင့္ ျပန္စစ္စရာလည္း အေထာက္အထားကမရွိ။ စာရြက္ေပၚမွာေရးထားသည္ကလည္း စာလုံးနံပါတ္ေလးႏွစ္လုံးသာျဖစ္သည္ေၾကာင့္ လက္ေရးႏွင့္ခြဲျခားလို႔လည္းမရ။

ခ်န္းရွုေမျမင္သေလာက္အရဆိုလၽွင္ေတာ့ က်န႔္ေယာင္ႏွင့္ ရင္းခ်ဲယ္မွာ ေသခ်ာေနသည္။

‘‘ငါအဲ့ေကာင္ကို ဖမ္းၿပီးရိုက္ႏွက္လိုက္ရင္ သူ႔ကိုယ္သူ ဝန္ခံလိုက္မယ္လို႔ထင္လား?”
စိတ္ထဲတြင္ေတာ့ က်န႔္ေယာင္ဟာ ပလန္ေတြဆြဲေနေလၿပီ။

‘‘မင္းအခ်ိန္ေတြကို ျဖဳန္းမေနနဲ႔’’
ရင္းခ်ဲယ္က ေအးစက္စြာ ႏွာမွုတ္ရင္း :
‘’ငါကသာႏွစ္ခါအထုခံရတဲ့သူပါ၊ ငါစာေမးပြဲေျဖတာကိုမ်ားလာေႏွာင့္ယွက္ရဲတယ္ အသက္ရွင္ရတာပင္ပန္းေနၿပီထင္တယ္”

က်န႔္ေယာင္လည္း သူ႔ကိုလက္မေထာင္ေပးလိုက္ကာ
‘‘ဒါမွ ငါ့ထိုင္ခုံေဖာ္ေလး” 
.

႐ုံးခန္းတံခါးမွာပြင့္လာၿပီးေနာက္ ခ်န္းရွုေမက၀င္လာကာ ညင္ညင္သာသာ‌ေျပာတယ္။
‘’မင္းတို႔ႏွစ္ေယာက္ စာရိတၱေရးရာဌာနကိုသြားလိုက္”

ေဆြးေႏြးညႇိႏွိုင္းမွုမွာ ဘာမွထိေရာက္လိုက္ပုံမေပၚေပ၊ ဒါ့ေၾကာင့္လည္း အစီစဥ္က သူတို႔ႏွစ္ေယာက္ကို က်န္းေက်ာင့္က်ဴးဆီလက္လႊဲေပးလိုက္တာပဲျဖစ္မွာေပါ့။

သူတို႔ႏွစ္ေယာက္အေနနဲ႔လည္း ဘာမွေရြးခ်ယ္စရာမရွိပဲ စာရိတၱနဲ႔စည္းကမ္းေရးရာဌာနဆီကို ဆရာ‌ႏွစ္ေယာက္ေနာက္ကေနလိုက္ခဲ့ရေတာ့သည္။ ေန႔လည္ပိုင္းျဖစ္သည္ေၾကာင့္ သခၤ်ာေျဖၿပီးသည့္‌ေက်ာင္းသားေတြဟာ လြယ္အိတ္သိမ္းၿပီး ကိုယ့္အခန္းကိုယ္ တစ္ေယာက္ၿပီး‌တစ္ေယာက္ျပန္သြားေနၾကသည္။ တခ်ိဳ႕မွာလည္း အခ်င္းခ်င္းအေျဖတိုက္ေနၾကၿပီး တခ်ိဳ႕ကေတာ့ ေနာက္စာေမးပြဲအေၾကာင္းေျပာဆိုေနၾကသည္။

ဆရာႏွစ္ေယာက္ရဲ့ဦးေဆာင္မွုေနာက္ကေန ႏွစ္‌ေယာက္သား မၿပီးေသးတဲ့ အေျဖလႊာေလးေတြကိုင္ရင္း လူအုပ္ၾကားကေနျဖတ္ေလၽွာက္သြားရသည္မွာ စည္းကမ္း‌ေဖာက္ဖ်က္သူေလးေတြလို။

‘’အဲ့ဒါ Class 1က သူေဌးသား ရင္းခ်ဲယ္ဆိုတာမလား.....စိတ္ထားဆိုးပါတယ္ဆို......စာေတာင္ ခိုးခ်လိုက္ေသး.....’’

‘’သူက ဘယ္လိုလုပ္ၿပီးေတာ့မ်ား ငါတို႔ေက်ာင္းကို ၀င္လာတာပါလိမ့္? လာဘ္ထိုးလာတာပဲျဖစ္မယ္......’’

‘’အဲ့ဒါ အားကစားပြဲက ေကာင္မလား၊ သူကလည္း ဒီလိုလူမ်ိဳးျဖစ္ေနတာပဲကိုး......’’

‘’သူ႔ပုံစံၾကည့္ရတာေတာ့ ထုံတုံးတုံးနဲ႔၊ နည္းနည္းေလာက္ထင္ေပၚသြားတာနဲ႔သူ႔ကိုယ္သူ အထင္ႀကီးသြားတာေနမွာေပါ့ .........’’

က်န႔္ေယာင္နားထဲ၀င္လာတဲ့ အတင္းတုပ္သံေတြဟာ တစ္သံၿပီးတစ္သံ။ သူ႔နားကတအားပါးတာေၾကာင့္ ၾကားရမယ္လို႔မထင္ထားတာေတြကိုပင္ သူၾကားရသည္။ သူ႔ထိုင္ခုံေဖာ္ေလးဆီတစ္ခ်က္ၾကည့္လိုက္ေတာ့ ထိုသူအမူအရာမွာ ေျပာင္းလဲသြားပုံမေပၚတာေၾကာင့္ ၾကားေရာၾကားရဲ့လားေတာ့ မေျပာတတ္။

‘‘အိုး.. ဘယ္သူပါလိမ့္ စာေမးပြဲမွာခိုးခ်တာမိသြားတာလား?”
ေဘးမွ ေက်ာခ်မ္းစဖြယ္အသံတစ္သံထြက္လာေလသည္။ က်န႔္ေယာင္တစ္ခ်က္လွည့္ၾကည့္လိုက္ေတာ့ ‘မ်ိဳးမစစ္ေကာင္’ဆိုတဲ့ စာလုံးမည္းေတြကိုအရင္ေတြ႕လိုက္ရသည္။

‘’အိုး အျမဳံေကာင္(ရန္းေဝ)”
(T/n : ရန္းေဝဆိုတာ မစြမ္းနိုင္တာပါတဲ့)

“?! ငလူး င့ါနာမည္ ႐ုန႔္ေဝကြ!”
႐ုန႔္ေဝမွာ maskတစ္ခုတပ္ထားေပမယ့္လည္း နဖူးေပၚက ‘မ်ိဳးမစစ္ေကာင္’ေတြကိုေတာ့ မဖုံးနိုင္။ ေနရာကဘယ္ေလာက္က်ယ္တယ္ေတာ့ မေျပာတတ္ ‘မ်ိဳးမစစ္ေကာင္’ဆိုတာေတြထဲမွာကို ‘ေဝ‌ေကာကို ကာမအားတိုးေဆးေလးေပးပါ’ဆိုၿပီးေရးထားလို႔ရေသးသည္။

က်န႔္ေယာင္ကေတာ့ ျပန္ကာမွ သူ႔ရွုန္တိေလးေတြရဲ့ creativityကိုခ်ီးက်ဴးရမယ္လို႔ ေတြးလိုက္သည္။

အနီးနားမွာ ဆရာေတြလည္းရွိေနျခင္းေၾကာင့္ ႐ုန႔္ေဝက အသံကိုႏွိမ့္လိုက္ၿပီး ခနဲ႔ျဖစ္ေအာင္ခနဲ႔ေသးသည္။
‘’ဒီလိုစာေမးပြဲေလးကိုေတာင္ မ‌ေျဖနိုင္ပဲ ခိုးခ်ရတယ္လို႔၊ ေသာက္ရမ္းရယ္ရတာပဲကြာ”

က်န႔္ေယာင္မွာ တစ္ခ်က္ရယ္လိုက္ၿပီး ေျခလွမ္းေတြကိုေႏွးလိုက္သည္။ သူ႔ႏွင့္ေျခလွမ္းသိမ္မကြာခ်ိန္မွ သူ႔(႐ုန႔္ေဝ)ဘက္ကို ယိမ္းလိုက္ၿပီး
‘’ဟုတ္တာေပါ့၊ ငါတို႔က မင္းကိုမွမယွဥ္နိုင္ပဲ၊ ေကာလိပ္ဝင္ခြင့္မွာေတာင္ အမ်ားဆုံး ၉၆မွတ္ႀကီးမ်ားေတာင္ရခဲ့တဲ့မင္းကိုေလ၊ ေသာက္ရမ္းမိုက္တာပဲေနာ္”
(T/n : ေပါင္း 750မွတ္ တစ္ဘာသာကို 150မွတ္ရွိတာပါတဲ့၊ ဟိုတစ္ေယာက္က 750မွာ 96ပါ)

႐ုန႔္ေဝမွာ ခ်က္ခ်င္းဆိုသလို ေတာင့္ခဲသြားကာ မ်က္ဝန္းေတြဟာလည္း မယုံနိုင္သလို ျဖည္းျဖည္းခ်င္း ျပဴးထြက္လာတယ္၊ ႏူဖူးေပၚမွာေရးထားတဲ့ ‘မ်ိဳးမစစ္ေကာင္’ဆိုသည္မွာလည္း သူ႔မ်က္ခုံးေတြေျမာက္တက္သြားမွုေၾကာင့္ လူးလြန႔္တြန႔္လိမ္ေနသည္မွာ ေရကူးေနသည့္အလား။

‘‘ F*uk.......အဲ့ဒါမင္းကိုး?!”

က်န႔္ေယာင္က သူ႔ပုခုံးကိုပုတ္ကာ မ်က္မွန္ေတြကို ေလၽွာခ်လိုက္တယ္။ သူ႔မ်က္ဝန္းေတြဟာ ဓားသြားထက္ထက္ေတြလိုပဲ မီးခိုးေရာင္ေဖ်ာ့ေဖ်ာ့နဲ႔ လင္းလက္ေနတယ္။
 
‘’ငါ့ရွုန္တိကိုေနာက္တစ္ခါထပ္ထိၾကည့္လိုက္၊ ငါလည္း မင္းညီငယ္ေလးကို ဂူသြင္းပစ္မယ္”
(T/n : က်န႔္ေယာင္ေျပာတဲ့ ငါ့ရွုန္တိဆိုတာ ရင္းခ်ဲယ္ကိုေျပာတာပါ၊ မင္းညီငယ္ေလးဆိုတာကေတာ့ အဟမ္း... )

‘’.......’’

______

The author has something to say :

႐ုန႔္ေဝ : ငါ့ဂြၾကားေတြေတာင္ ယားလာသလိုပဲ၊

ဒီအပိုင္းေတြမွာ အားလုံးက ထုထုအေၾကာင္းအရမ္းသိခ်င္ေနၾကတယ္၊ ‘ထုထုက ဘာျဖစ္တာလဲ?’ဆိုၿပီးေပါ့၊ ဇာတ္လမ္းကို အားလုံးအတူစီးေမ်ာသြားၾကရေအာင္၊ ဒီထဲမွာက ထုထုရဲ့ဇာတ္လမ္းက တအားအေရးႀကီးတာ၊ ဆိုေတာ့ ဘာေၾကာင့္အရမ္းအေရးႀကီးရတာလဲ? ဘာလို႔ဆို ထုထုက ဇာတ္လိုက္ေက်ာ္ကိုး၊ ဆိုေတာ့ အားလုံးပဲ သိခ်င္ၾကလား? သိခ်င္ဖတ္ၾကည့္ေပါ့ဗ်ာ၊ ဒါကေတာ့ ထုထုအေၾကာင္းပါပဲ, နားလည္ၾကလား? မင္းတို႔မွာ ထင္ျမင္ခ်က္ေတြရွိရင္လည္း commentမွာ ေဆြးေႏြးၾကတာေပါ့
(ထုထုဆိုတာ ရင္းခ်ဲယ္ nickname ယုန္ကိုေျပာတာပါတဲ့)

______

T/n : ရွုန္တိ - ညီငယ္(ညီငယ္ဆိုတာ ဒီထဲမွာေတာ့ က်န႔္ေယာင္က သူအဖြဲ႕ထဲကလူေတြကို ရွုန္တိလို႔အျမဲေခၚပါတယ္)

______

Continue Reading

You'll Also Like

9.5K 766 7
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant
1.3M 28.7K 23
♥ 🔞🔞🔞🔞🔞🔞🔞🔞🔞 ဒီ fic လေးကတော့ system အမျိုးအစားလေးပါ normalအတွဲလဲပါမယ် blအတြဲလဲပါမွာပါ😚 အများကြီးကြမ်းမှာဖြစ်လို့ warnning..ဒီဖက်ကမ္ဘာမှ fuj...
210K 29.7K 95
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...