Pay Attention To Me [Myanmar...

By chi__285

1M 182K 12.8K

Type - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter sta... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71 (part 1)
Chapter - 71(part 2)
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
Chapter - 85
Chapter - 86
Chapter - 87
Chapter - 88
Chapter - 89
Chapter- 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter- 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter- 100
Chapter - 101
Chapter - 102
About manhua
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108
Chapter - 109
Chapter - 110
Chapter - 111
Chapter - 112
Chapter - 113
E xtra 1 : Graduation trip (1)
Extra 1 :Graduation trip (2)

Chapter - 21

7.8K 1.6K 142
By chi__285

နောက်တစ်နေ့ မနက်ခင်းစောစောမှာမူ ချောင်ဝမ့်ယွင်တစ်ယောက် အိမ်အကူတွေကိုခိုင်းရမည့်အစား သူမကိုယ်တိုင် အပေါ်ထပ်ကိုမနက်စာသွားပို့လေသည်။ သူမရဲ့သားဖြစ်သူ အစားကောင်းကောင်းမစားမှာပူတာကြောင့် စားတာကိုပါ စောင့်ကြည့်နေတော့သည်။ 

သူမကိုစိတ်မပူဖို့ပြောတာကလည်း အသုံးမ၀င်မှန်း ရင်းချဲယ်သိသည်မို့ နာနာခံခံပဲ သူမရှေ့မှာ မနက်စာစားပြရင်း ဒီနေ့အတန်းဖော်တချို့နဲ့အပြင်သွားမည်ဖြစ်ကြောင်းလည်း စကားစဖြစ်လိုက်သည်။

ထိုစကားကို ကြားချိန် ချောင်ဝမ့်ယွင်မှာ ၀မ်းသာအားရဖြစ်သွားလေတယ်။
‘’သားအရွယ်က ပိုပြီးအပြင်ထွက်ပျော်သင့်တာပေါ့၊ ကိုယ့်ကိုယ်ကိုအိမ်ထဲမှာပဲ ပိတ်လှောင်မနေနဲ့၊ ဒေါက်တာဖုန်းနဲ့စစ်ဆေးဖို့ကိုလည်း မနက်ဖြန်ရွှေ့ထားဖို့မင်းအဖေကို မားပြောထားလိုက်မယ်”  

‘’Mhm’’

‘’ဘယ်အတန်းဖော်နဲ့လဲ?”
ချောင်ဝမ့်ယွင်ဟာ အရမ်းကို စပ်စပ်စုစုနှင့်
‘’မင်းထိုင်ခုံဖော်နဲ့လား?’’

ရင်းချဲယ်မှာတော့ သူမရဲ့နောက်မေးခွန်းက ‘’သားသူ့ကိုကြိုက်လား?’’ဖြစ်လာမည်စိုးတာကြောင့် ခပ်မြန်မြန် စကား‌လမ်းကြောင်းလွှဲလိုက်ရတယ်။
‘’သူတင်မဟုတ်ပါဘူး၊ တခြားအတန်းဖော်တွေရော၊ ဒီနေ့က ရန်းရီလဲ့မွေးနေ့လေ၊ ရန်းရီလဲ့ဆိုတာက ဟိုအရင်တစ်ခေါက်မိဘခေါ်တုန်းက မားတွေ့ခဲ့တဲ့ omegaလေ”

ချောင်ဝမ့်ယွင်က ပြန်တွေးကြည့်ပြီးနောက် ခနလောက်ကြာမှ ပြောလာတယ်။
‘’အိုး အဲ့အတန်းဖော်လေးကိုး’’

ရင်းချဲယ်လည်း တခြားရောက်တက်ရာရာအကြောင်းတွေပြောရင်းနှင့် အဆုံးတွင်တော့ ချောင်ဝမ့်ယွင်၏အာရုံကို တခြားဦးတည်ချက်ဆီပြောင်းနိုင်ခဲ့ပြီ။

escape roomမှာ မြို့လည်က ရှောပင်းမောတစ်ခုမှာတည်ရှိတာဖြစ်တာကြောင့် သူ အိမ်ကနေမြေအောက်ရထားစီးသွားပြီးလျှင် အဲ့ဒီကိုရောက်ဖို့ လမ်းနည်းနည်းလျှောက်ရဦးမှာဖြစ်တယ်။ ကျန့်ယောင်ကတော့ မြေအောက်ရထားဘူတာမှာစောင့်မယ်လို့ပြောထားတယ်။ ‘သူဌေးသား သခင်လေး’တွေ ဘာတွေအထင်ခံရမည်စိုး၍ ရင်းချဲယ်ဒရိုင်ဘာကို မြေအောက်ရထားဘူတာတစ်ခုစီလိုက်ပို့ခိုင်းလိုက်ပြီး အဲ့ဒီကနေမှတစ်ဆင့် ချိန်းထားသည့်ဘူတာဆီကိုပြန်စီးသွားလိုက်တယ်။ ထိုသို့သွားလိုက်ပြန်လိုက်နှင့်လုပ်ပြီးကာမှ သူချိန်းထားသည့်နေရာကိုရောက်သွားတော့တယ်။

‘’ငါက ဂိတ်နံပါတ်တစ်မှာနော်၊ ဒီနေ့ငါ နည်းနည်းပိုချောနေတော့ မင်းမှတ်မိမှာမဟုတ်ဘူး၊ အသေချာရှာနော် လူမှားမမှတ်မိစေနဲ့”

ယုံကြည်ချက်ပြည့်ဝနေတဲ့ ထိုစကားသံတွေကို ဖုန်းတစ်ဖက်ကနေနားဆင်ပြီးနောက် ရင်းချဲယ်စက်လှေကားကတစ်ဆင့်‌ ဖြေးဖြေးချင်း တက်လာလိုက်သည်။ ဝေ့ဝဲကြည့်လိုက်တော့ ဂိတ်နံပါတ်တစ်မှာ ရှေ့လျှောက်လိုက်နောက်လျှောက်လိုက်လုပ်နေသည့် သူ့ဘေးခုံအဖော်။

သူက အဲ့ဒီဖက်ရှင်မကျလှတဲ့ ဆံမြတ်ကြီးတွေနဲ့ ဒိတ်အောက်နေတဲ့ မျက်မှန်ကြီးတပ်ထားဆဲ။

ချီးကို ချော၊ တစ်ချက်ကြည့်ရုံနဲ့ကို ငါမင်းကို မှတ်မိတယ်

ဒါပေမယ့် သူ့အဝတ်စားတွေကတော့ ကျောင်းယူနီဖောင်းထက်ပိုပြီး ဆွဲဆောင်မှုရှိနေ‌တယ်။

ကျန့်ယောင်မှာ အရပ်ရှည်ရှည်၊ ပခုံးပြင်ကျယ်ကျယ်နှင့် ခြေတံသွယ်သွယ်တွေရှိတာ‌ကြောင့် ဘယ်အ၀တ်အစားမျိုးဝတ်ဝတ် ကြည့်ရဆိုးမည်တော့ မဟုတ်။ ဒီနေ့တော့ ‌သူဟာအဖြူရောင်ရှပ်တစ်ထည်နှင့် အပေါ်ကမှ နေဗီပြာရောင်ဆွယ်တာတစ်ထည်၀တ်ဆင်ထားကာ အဝါဖျော့ရောင်စတိုင်ပင်တစ်ထည်နှင့် sneakerတစ်ရံစီးထားတယ်။

အရမ်းကို တက်ကြွလန်းဆန်းနေသည်မှာ သူ့ကိုနွေးထွေးကြင်နာတတ်သည့် လူငယ်လေးအသွင်ဆောင်နေလေသည်။

ကျန့်ယောင်ရဲ့နောက်ကျောဘက်ကမြင်ကွင်းဟာ ဖြတ်သွားဖြတ်လာတွေကို အတော်လေးဆွဲဆောင်နိုင်ကြောင်း ရင်းချဲယ်သတိထားမိသည်။ သို့ပေသည့် သူတို့အရှေ့ကို ပတ်ကြည့်ပြီး မျက်နှာကိုမြင်ပြီးချိန်တွင်တော့ စိတ်ပျက်သွားကြလေ့ရှိသည်။

ရင်းချဲယ်သူ့အနားလျှောက်သွားလိုက်ကာ ဘာမှမပြောခင် တစ်ချက်ကန်ပေးလိုက်သည်။
‘’ဟိတ်”

ကျန့်ယောင်မှာ ဒူးကွေးကျသွားတယ်၊ သို့ပေမယ့် သူ့ကိုယ်သူချက်ချင်းပြန်ထိန်းနိုင်လိုက်တယ်။
‘’F*ck မင်းကများငါ့ကိုချောင်းတိုက်ရဲတယ်ပေါ့.....အိုက်ယိုး ကောင်စုတ်လေးက ဒီနေ့တယ်ချောနေပါလား”

ရင်းချဲယ်သူ့စကားကို မျက်ကွယ်ပြုထားလိုက်ကာ
‘’မင်းရှေ့က လမ်းပြ၊ ငါအရင်က ဒီကိုမရောက်ဖူးဘူးရယ်”

‘’ကောင်းပြီ ဒါမယ့် ငါ့ကိုတစ်ချက်လောက် အရင်ကြည့်ပေးပါဦး ဒီတိုင်းကြည့်ရအဆင်ပြေရဲ့လား? မဟုတ်ရင်လည်း တခြားအင်္ကျီပြေးဝယ်လိုက်မယ်”

ရင်းချဲယ်မှာစိတ်မပါ့တစ်ပါနှင့် သူ့ကို အစုန်အဆန်ကြည့်ကာ :
‘’အဆင်ပြေပါတယ်”

‘’တကယ်လား? မနေ့ညကကွာ အင်္ကျီကိုအကြာကြီးရွေးလိုက်ရတယ်၊ ပထမဦးဆုံးဒိတ်က အရေးကြီးတယ်ပြောကြလို့ မထူးမခြားနားကြီးဖြစ်နေလို့တော့ လုံးဝမဖြစ်ဘူးလေ၊ အိုင်း.. ဆိုတော့လည်း ငါ့မှာရွေးချယ်စရာမရှိတော့ပဲ မူရင်းစတိုင်ကြီးကို ထားခဲ့ရတာပေါ့’’

‘’မင်းရဲ့ မူရင်းစတိုင်ကဘာလဲ?”

ကျန့်ယောင်က ပြုံးရွှင်ရင်း
‘’အဲ့ဒါ‌တော့ လျှို့ဝှက်ချက်”

အဝတ်စားဝတ်တာတောင် လျှို့ဝှက်ချက်ဆိုရင် လူမရှိတဲ့ချိန်သူဘာဝတ်လဲ တွေးဝောာင်မတွေးချင်တော့ဘူး

ရင်းချဲယ်လှည့်ပတ်ကြည့်ရင်း :
‘’ပိုင်ယွိဝေက ဘယ်တော့ရောက်မှာလဲ?”

‘’ပြောတာတော့ သူမလမ်းသိတယ်တဲ့၊ အာ့ကြောင့် သူမကိုရှောပင်းမောတန်းလာပြီး ရန်းရီလဲ့တို့နဲ့ဆုံဖို့ ပြောထားတယ်”

“အာ့ဆို မင်းက ဘာကိစ္စ င့ါကို ဒီမှာချိန်းတာလဲ?’’

‘’မင်းလမ်းမသိမှာစိုးလို့လေ၊ ငါကမင်းကိုလာခေါ်ပေးတာ’’

ရင်းချဲယ်မှာတော့ အံ့သြပနန်း
‘’သူမကိုဒီမှာချိန်းတာလဲမဟုတ်ပဲနဲ့ ဘာကိစ္စ င့ါကိုလာခေါ်နေသေးလဲ?”

ကျန့်ယောင်ကတော့ ပြောရှာတယ်၊ သူ့ပုံက နည်းနည်းလေးမှ နားလည်တဲ့ပုံမပေါ်ပေ။
‘’ခုနလေးတင်ငါ‌မပြောခဲ့ဘူးလား သူမက လမ်းသိပါတယ်ဆို”

‘’........’’

ဖြစ်ချင်တော့ လက်တွဲဖော်ရှာပြီးပိုးပန်းတဲ့နေရာမှာ အကြီးမားဆုံး အဟန့်အတားက သူ့ရုပ်ရည်တန်ဖိုးမဟုတ်ဘူးပဲ၊ emotion intelligence (EQ) ပဲကိုး၊ အထူးသဖြင့် ဒီကျန်း-အဖြောင့်ကောင်ကြီး‌-ယောင်အတွက်ပေါ့

‘’ကျန့်ယောင်’’
ရင်းချဲယ်လည်း ပြောပြရတော့သည်။
‘’မင်းသူမကို ပိုးပန်းချင်တယ်ဆို သူမကိုပိုးပန်းဖို့အတွက်ပဲအာရုံစိုက်ပါ၊ ငါ့ကိုထည့်မတွက်နဲ့’’

‘’အဲ့လိုလုပ်လို့ ဘယ်ဖြစ်မလဲ၊ ငါက ချစ်သူရည်းစားကို သူငယ်ချင်းထက်ဦးစားပေးတဲ့လူစားမျိုးမို့လို့လား? ချစ်သူရော ညီအကိုတွေရော အားလုံးငါ့အတွက်တန်းတူအရေးကြီးတယ်”
ကျန့်ယောင်က ခပ်ညစ်ညစ် အပြုံးကျယ်ကြီးနဲ့။ မုတ်ဆိတ်မွှေးဖွေးဖွေးကြီးတစ်ခုသာ တပ်လိုက်လို့ကတော့ လုံး၀ကို ဇာတ်ကားတွေထဲက နာမည်ကြီးဗီလိန်ကောင်ကြီးပဲ။

ရင်းချဲယ်နောက်ဆုံးတော့ သိလိုက်ပါပြီ၊ ဒီသောက်ရူးကောင်ကြီးရဲ့ဦးနှောက်ဟာ တကယ်ကိုရှုံ့လိမ်တွနေကာ အချစ်ရဲ့ကွဲပြားနည်းတွေကို နားလည်နိုင်မှာမဟုတ်မှန်း။ သူလည်း မတတ်သာစွာ ထောက်ပြလိုက်ရတယ်။
‘’ဘာပဲဖြစ်ဖြစ်လေ သူမရှေ့မှာဆိုရင်တော့ တခြား omegaတွေ betaတွေနဲ့နီးနီးကပ်ကပ်မနေနဲ့ ”

‘’Mhm mhm ငါသိပါတယ်”

ချီးကို သိတာလား

...

ရင်းချဲယ် သူ့ကိုခနခနစကားလာပြောနေသည်မှာ ငါးကြိမ်မြောက်နေပြီဖြစ်တဲ့ ကျန့်ယောင်ကို မောင်းထုတ်ပြီးနောက်တွင်တော့ အေးစက်စက်နှင့်တစ်ဖက်လှည့်လိုက်သည်။ သောက်ရူးကောင်ကြီးက မိန်းကလေးကိုတစ်ယောက်တည်းပစ်ထားမည်စိုးတာကြောင့်လည်း စကားအဖက်လုပ်ပြန်ပြောမနေတော့။

ကျန်းခဲ့ ခေါင်းလှည့်လာချိန်တွင်တော့ သူ့ရဲ့သရဲမရဲစီးနေပုံကိုတွေ့ကာ အလန့်တကြားထခုန်မိကာ ချန်ရင်းရင်းကို တစ်ဖက်နား ဆွဲခေါ်လာခဲ့တယ်။
‘’ရင်းချဲယ်က စိတ်ဆိုးနေတာလား? ငါစကားတွေအများကြီးပြောလိုက်လို့များလားဟင်?”

ချန်ရင်းရင်းလည်း တွေးကြည့်ကာ :
‘’သူမျက်စိစပါးမွှေးစူးစရာအင်္ကျီများ ငါဝတ်လာခဲ့မိလို့များလား?”

ဟန်မုန့် : ‘’ငါသူ့ကိုစလိုက်လို့တော့ မဖြစ်‌ပါစေနဲ့၊ အိုးမာမားရေ ကြောက်လိုက်တာ အတန်းမော်နီတာ မင်းငါ့ကိုကာကွယ်ရမယ်နော်”

ကောကျစ်ရှုန်းကိုယ်တိုင်တောင် သူ့ခြေသလုံးမွှေးမရိပ်ခဲ့မိလို့များလားလို့ တွေးတောမိသည်အထိ။
ထိုစဥ်မှာပဲ ‌သောက်ရူးတစ်ကောင်က ရင်းချဲယ်မျက်စိရှေ့မှာကားယားကားယား။

‘’ဘာဖြစ်လို့လဲ? အားလုံးဒီလိုမျိုးလာပျော်ပါးဖို့ကခဲယဥ်းတယ်လေ၊ အရမ်းကြီးခက်ထန်မနေပါနဲ့”

ရင်းချဲယ်ကမူ ရှေ့တည့်တည့်ကိုသာ ကြည့်နေကာ၊ သူ့ပါးစပ်ကထွက်လာသည်ကတော့ ဘယ်လောက်ကြာကြာပြောင်းလဲမသွား။
‘’ထွက်သွားစမ်း”

ပြန်တွေးကြည့်မှ သောက်ရူးကောင်ကြီးကို သူအရိပ်အခြေနည်းနည်းတော့ ပြမှဖြစ်မယ်ဆိုတာ သဘောပေါက်သွားပြီး သူထပ်ပြောလိုက်သည်။
‘’မင်းကောင်မလေးကို အဖော်လုပ်ပေးလိုက်”

‘’သူမက ရန်းရီလဲ့နဲ့စကားပြောနေတာပျော်လို့ ရွှင်လို့၊ ငါက ဘာဖြတ်ပြောရမှာလဲ?”
ကျန့်ယောင်မှာ သူ့ရှေ့က တင့်တယ်လှပတဲ့ပုံရိပ်လေးကို ကြည့်ရင်း :
‘’ငါတော့ သူမက ပြီးပြည့်စုံတယ်လို့ထင်တယ်”

ပိုင်ယွိဝေဒီနေ့လာတော့ ရန်းရီလဲ့အတွက်မွေးနေ့လက်ဆောင်ပင်ယူလာခဲ့သေးသည်။ သူမစကားပြောဟန်မှာလည်း ဣန္ဒြေရှိရှိ ကျက်သရေရှိရှိလေးနှင့် နည်းနည်းမှ ကို့ရို့ကားရားဖြစ်မနေပါချေ။ အချိန်ခနလေးအတွင်းမှာပင် Class 1မှ ကျောင်းသားများနှင့် သူမကရင်းနှီးကျွမ်း၀င်သွားလေသည်။

EQ မြင့်ပြီး လှလည်းလှသလို လူတွေကလည်းပြောကြတယ် သူမအဆင့်တွေက အရမ်းကောင်းတယ်တဲ့၊ သူမဟာ ကျောင်းသားတိုင်းရဲ့ စိတ်ကူးထဲကအချစ်ဦးဖြစ်ထိုက်ပါပေတယ်။

‘’မင်းဆိုတဲ့ အရူးကလေ ဒီလောက်ကောင်းတဲ့ကံကို တန်ဖိုးမထားဘူး’’
ရင်းချဲယ်မှာ ရုပ်ရည်အရဆွဲဆောင်မှုလည်းမရှိသလို EQလည်းမရှိပါသော အတန်းဖော်လေးကို အသိပေးလိုက်တယ်။
‘’သူမကတောင် မင်းနဲ့အတူအပြင်သွားချင်တယ်ဆိုကတည်းက ဘုရားကိုတောင်ဆီမီးအမွှေးတိုင်ထွန်းပြီး ပူဇော်သင့်နေပြီ၊ ဒါတောင် သူမနဲ့စကားသွားမပြောသေးဘူးလား”

ကျန့်ယောင်ကတော့ လက်မခံ။
‘’ဘယ်လိုလုပ် ကံကောင်းလို့ဖြစ်ရမှာလဲ? ငါသူမကိုဆွဲဆောင်နိုင်တယ်ဆိုတာ ငါ့ကိုယ်တိုင်ရဲ့ပင်ကိုယ်ချောမောမှုကြောင့် ဟုတ်ပြီလား? တစ်ချို့တွေကတော့ ငါ့ရုပ်ရည်ကိုအဖက်မလုပ်ကြဘူးလေ၊ ငါ့ကို တစ်နေကုန်လျစ်လျူရှု အမြင်မကြည်နေတဲ့ မင်းလိုမဟုတ်ဘူး၊ ငါတို့လိုသာမန်ရုပ်ရည်နဲ့ alphaတွေကရော လက်တွဲဖော် omegaလှလှလေးတွေမရနိုင်တော့ဘူးလား ပြောစမ်းပါ?”

ရင်းချဲယ်ဖြင့် ဘာပြောရမှန်းတောင်မသိတော့ပါ။ သူရုတ်တရက် သူကိုယ်တိုင်ရဲ့ EQကပဲ တအားနိမ့်နေလို့များလားတွေးမိတယ်၊ သူ ပြန်ခံပြောစရာနည်းလမ်းမစဥ်းစားတတ်တော့သလို တစ်ချိန်တည်းမှာလည်း ကျန့်ယောင်ကိုအတွေးတွေကို နားမလည်နိုင်တော့။

escape roomဟာ နေ့လည်ပိုင်းမှသာ ဖွင့်မည်ဖြစ်တာကြောင့် သူတို့အဖွဲ့ မောထဲမှာ နေ့လည်စာစားစရာတစ်နေရာရာရှာဖို့ဆုံးဖြတ်လိုက်ကြတယ်။ အားလုံးရဲ့မတူညီတဲ့အကြိုက်တွေကိုထည့်စဥ်းစားရင်းနဲ့မှ အဆုံးမယ်တော့ သူတို့ ကိုယ်ထူကိုယ်ထယူလို့ရတဲ့စားသောက်ဆိုင်တစ်ဆိုင်ကိုပဲ ရွေးလိုက်ကြတယ်။

ကျောင်းသားတွေချည်းဖြစ်ပြီး မုန့်ဖိုးလည်းအများကြီးမရှိတာမို့ အဆင့်မြင့်စားသောက်ဆိုင်မျိုးတော့ မထိုင်နိုင်ကြ။ ဒီတစ်ခုမှာ အကင်တွေနဲ့ဟော့ပေါ့အထူးရတာမို့ အမျိုးအစားလည်းစုံသလို စျေးအရလည်း တတ်နိုင်သလောက်ရှိလေတယ်။ လိုင်းပေါ်က reviewတွေရှာကြည့်တဲ့အခါလည်း ဒီဆိုင်ဟာအရမ်းနာမည်ကြီးတာတွေ့ရတယ်။

ရန်းရီလဲ့နဲ့လင်းယွမ်ကတော့ အိတ်တွေစောင့်ပေးဖို့နေခဲ့ရင်း သူတို့ကိုအရင်သွားနှင့်ကြဖို့ဆိုတယ်။

ရင်းချဲယ်ကတော့ သိပ်ပီးဗိုက်မဆာ။ မနက်တုန်းက ချောင်ဝမ့်ယွင်က သူ,မဝမှာစိုးပြီး မုန့်တွေနင်းကန်ကျွေးထားသည်မို့ ခုချိန်ထိတောင် ကောင်းကောင်းအစာမကျေသေး။ ဒါနဲ့ပဲ သူအသီးအရွက်တချို့ပဲ ကောက်ထည့်နေမိတယ်။

တစ်စုံတစ်ယောက်ကတော့ သူ့ဘေးမှာဆိုပါတော့။

‘’မင်းက တကယ်ယုန်တစ်ကောင်ပဲ၊ မြက်တွေပဲစားတော့မလို့လား?”

ကျန့်ယောင်လက်ထဲက ဗန်းမှာတော့ အသား ငါးပုစွန်တွေနဲ့ချည်းပြည့်နေကာ အသားကင်တွေချည်းစားချင်နေမှန်းသိသာလှသည်။ ရင်းချဲယ်အနေနဲ့ ထိုလိုအရွက်တွေပဲကောက်ထည့်နေခြင်းဟာ ကျန့်ယောင်ကိုလုံးဝအံ့သြသွားစေတာပင်။
‘’ခါတိုင်းကန်တင်းမှာဆို မင်းအတော်စားပါတယ်၊ ဒီနေ့မှဘာလို့လဲ? နေမကောင်းဘူးလား?”

ရင်းချဲယ်တစ်ယောက် စိတ်တွေလည်းလေပါတယ်။ ကျန့်ယောင်က သူ့ဆီအရမ်းတိုးကပ်လာတာကြောင့် ဘေးကို တစ်ချက်ရှောင်လိုက်ကာ :
‘’မနက်စာအများကြီးစားလာလို့ သိပ်စားချင်စိတ်မရှိလို့ပါ၊ မင်းက ဘာကိစ္စငါ့နောက်လိုက်လာတာလဲ?’’

‘’ဘယ်သူက မင်းနောက်လိုက်လို့လဲ ငါလည်း အသီးအရွက်ယူလို့မရတာကျလို့’’
ကျန့်ယောင် ဆလပ်ရွက်အနည်းငယ်ယူလိုက်ကာ :
‘’အသားကင်အတွက်က ဒါလိုတယ် ယူဦးမလား?”

‘‌’တော်ပြီ’’

ကျန့်ယောင်မှာ ရိုးသားပြည့်ဝစွာပြောတယ်။
‘’မင်းအသားများများစားသင့်တယ်၊ အရင်တစ်ခေါက် ငါမင်းကိုကျောပိုးတုန်းကဆို ငှက်မွှေးလေးကျနေတာ တော်တော်လေးပေါ့တာပဲ၊ မင်းဘာလို့လွယ်လွယ်ကြောက်တတ်လဲဆိုတာနဲ့ ကိုယ်ခန္ဓာမဖွံ့ဖြိုးတာကြားမှာ ဆက်စပ်နေတယ်လို့တောင် ငါသံသယဖြစ်မိတယ်၊ မင်းရဲ့ကိုယ်ခန္ဓာကြံ့ခိုင်မှုက တအားအားနည်းတော့ စိတ်နေစိတ်ထားကလည်း အားနည်းသွားတာနေမှာ”

‘’......’’

ချီးကို ဆက်စပ်ပါ့လား

‘’ဒီနေ့‌နေ့လည် escape roomထဲကျရင် ကြောက်ပြီးငိုမနေနဲ့ဦးနော်”
ကျန့်ယောင်က ရယ်ရယ်မောမောနှင့်
‘’အတန်းဖော်တွေအများကြီးရှိနေမှာဆိုတော့ မင်းဂုဏ်သိက္ခာမင်းထိန်းဖို့လိုသေးတယ်”

‘’escape roomက ပဟေဠိတွေဖြေရှင်းရုံပဲမဟုတ်ဘူးလား? ငိုရလောက်အောင်ထိ ဘာကြောက်စရာပါလို့လဲ?”
သူက အရာရာတိုင်းကို ကြောက်တတ်နေတာမျိုးမှမဟုတ်ပဲ၊ ကျန့်ယောင်ကသာ သူကြောက်တာနဲ့ အကြိမ်အနည်းငယ်ဆုံမိသွားလို့သာ။

‘’group chatထဲမှာ ပို့ထားတဲ့ မက်ဆေ့ကို မင်းမမြင်ဘူးလား? သည်းထိတ်ရင်ဖို themeမျိုးလေ နည်းနည်းတော့ကြောက်ဖို့ကောင်းလိမ့်မယ်”
ကျန့်ယောင် တစ်ယောက် ပြောပြီးမှ ရင်ချဲယ်က group chatထဲမပါဘူးဆိုတာ ပြန်အမှတ်ရသွားတယ်။
‘’အာ....’’

သေပြီ ငါတော့ ဘယ်လိုပြန်ဖုံးရပါ့

‘’group chatထဲမှာ ငါမပါဘူးလေ အဲ့တော့ ငါမမြင်ဘူး”
ရင်းချဲယ်ကမူ ဘာမှအနှောင့်အယှက်မဖြစ်ဟန်နှင့် သူ့ဗန်းထဲကို မျှစ်တချို့ထည့်နေလေသည်။

‘’....မင်းအဲ့အကြောင်းကို သိပြီးသားလား?”

‘’အင်း”

‘’ဘယ်လိုသိတာလဲ?’’

‘’group chatထဲက ရယ်စရာတွေ သူတို့ခနတိုင်းပြောနေကြတာလေ ဒါမယ့် လောင်ရှီးပါတဲ့ groupထဲမှာမဟုတ်တော့ တခြားတစ်ခုဖြစ်မယ်လို့ငါတွေးလိုက်တာ”
ရင်းချဲယ်က နောက်ဆုံး မှိုတချို့ထည့်နေလေတယ်။
‘’ပထမတော့ လူနည်းနည်းလေးနဲ့ group chatလေးပဲမှတ်နေတာ နောက်မှ ငါတစ်ယောက်တည်းမပါမှန်းသိတာ၊ သူတို့ကသိသိသာသာငါ့ကိုမထည့်ချင်မှတော့ ငါလည်းမေးနေစရာမလိုတော့ဘူးပေါ့”

အသီးရွက်တွေထည်ပြီးလှည့်ထွက်သွားတဲ့ သူ့ကို ကျန့်ယောင်ကြောင်ကြည့်နေမိတယ်။
 
ကောင်စုတ်လေးရဲ့ အသဲနှလုံးက တကယ်ကို သဘောထားပြည့်၀နေတာပဲ ......သူ့ကိုပစ်ပယ်ထားကြတယ်ဆိုတာ သိတာတောင် သူ့ကိုအရင်က ပစ်ပယ်ထားတဲ့ အတန်းဖော်တွေနဲ့ အပြင်ထွက်ချင်သေးတယ်တဲ့လေ

အမှန်တော့ သူ့ရင်ထဲမှာ သူလည်း သူငယ်ချင်းတွေထားချင်တာပဲကိုး

..

သူတို့ကိုးယောက်သား မထိုင်ခင်မှာ စားပွဲသုံးဝိုင်းဆက်လိုက်ကြရတယ်။ စားပွဲတစ်ပွဲစီမှာကား ဟော့ပေါ့အိုးနှင့်အကင်ဖိုတစ်ခုစီပါတော့ အကုန်လုံးမှီနိုင်တာမို့ အတော်လေးအဆင်ပြေသွားတယ်။

ရန်းရီလဲ့ ကျန်းခဲ့နဲ့ လင်းယွမ်ကတော့ အလယ်စားပွဲမှာထိုင်ကာ လင်းယွမ်ကတော့ အကင်ကင်ဖို့တာဝန်ပေါ့။ ကင်ပြီးသားအသားကင်တွေကို ရန်းရီလဲ့ပန်းကန်ထဲချည်းထည့်ပေးနေသည်ကြောင့် ရန်းရီလဲ့မှာသူ့ရှေ့က တောင်လိုပုံနေတဲ့အကင်တွေကို ကြည့်ရင်း ကို့ရို့ကားယားနှင့်ပြောသည်။
‘’အာ ငါဒီလောက်အများကြီးမစားနိုင်ဘူး......ပြီးတော့ ငါ့ဟာငါ့ကင်လို့လည်း ရပါတယ်......’’

လင်းယွမ် : ‘’ရပါတယ်၊ ကျနော်လည်း သိပ်မစားချင်ဘူးရယ်၊ ဒီနေ့က ကောမွေးနေ့လေ ဘယ်လိုလုပ်ခိုင်းရက်မှာလဲ?”

သူ့ဘေးက ချန်ရင်းရင်းကတော့ စတယ်။
‘’အိုက်ယိုး ဒီရွှယ်တိလေးက တကယ်ကို တွေးပေးတတ်တာပဲ၊ ဒီလိုအိမ်ထောင်မှုကောင်းတဲ့ခင်ပွန်းမျိုးသာဆို ငါတို့ ရီလဲ့ကို ကျေကျေနပ်နပ်ကြီး မင့်လက်အပ်ပါတယ်ကွယ်”

ရန်းရီလဲ့မှာတော့ ချက်ချင်းရှက်သွေးဖြာသွားလေသည်။
‘’အတန်းမော်နီတာ မဟုတ်တာတွေမပြောပါနဲ့.......’’

လင်းယွမ်နားရွက်ဖျားလေးတွေမှာလည်း အနည်းငယ်နီရဲလျက် :
‘’အဲ့ဒါက လုပ်သင့်တာပါ၊ ရန်းရွှယ်ကျန်းက ကျနော့်ကို ကောင်းကောင်းဂရုစိုက်ပေးတယ်လေ၊ အသင်းချိန်တွေဆိုလည်း သူကပဲကျနော့်ကို ပုံဆွဲနည်း စိတ်ရှည်လက်ရှည်သင်ပေးတာ......ပြီးတော့ ကျနော်က alphaပဲလေ ဒီလိုအရာမျိုးတွေလုပ်ရတာ ကျနော့်အတွက် ကိစ္စကြီးမဟုတ်ပါဘူးဗျာ”

ချန်ရင်းရင်းက သူမဘေးကလူကို တံတောင် ဖြင့်တွက်ရင်း :
‘’နားထောင်ကြည့်လိုက်စမ်း သူများ alphaတွေဆီက သင်ယူပြီး ယောက်ျားကောင်းဆန်စမ်းပါ”

ဟန်မုန့်မှာ မျက်လုံးသာလှန်လိုက်မိပြီး နောက် လောလောလတ်လတ်ကင်ထားတဲ့ ဝက်ခေါက်ကင်လေးကို ကောက်ကာ မှုတ်လိုက်တယ်။
‘’ဖူး.......ငါတို့စားပွဲမှာ နောက်ထပ်ယောက်ျားနှစ်ယောက်ထိုင်နေသေးတာပဲကို ငါ့ကျမှ ပိုပြီးဖြစ်နေစရာမလိုပါဘူး”

ကောကျစ်ရှုန်း : ‘’နောက်တစ်ယောက်က ဘယ်မှာလဲ? ငါရယ် အတန်းမော်နီတာရယ်ပဲမဟုတ်....အိုး ငါသိပြီ”

ချန်ရင်းရင်း : ‘’ချီးကို သိတာလား ဟန်မုန့် နင်အရိုက်ခံချင်နေပြန်ပြီလား ဟမ်?”

.
တစ်ဖက်က တက်ကြွနေတဲ့ စားပွဲနှစ်ဝိုင်းနှင့်ယှဥ်လျှင် တတိယစားပွဲဝိုင်းမှာ အရမ်းကိုတိတ်ဆိတ်‌ငြိမ်‌သက်နေပေသည်။

ရင်းချဲယ်မှာ ကျန့်ယောင်ဘေးတွင်ထိုင်ရင်း ခေါင်းစခြေဆုံးမသက်မသာဖြစ်နေ‌တော့သည်။ အသားကင်စားရင်း အလုပ်ရှုပ်နေသည့် သောက်ရူးကြီးတစ်ကောင်ကို ကိုယ့်ဟာကိုယ်ကြီးစားမနေပဲ တစ်ဖက်က မိန်းကလေးဖို့လည်း အသားကင်လေးတစ်ဖက်လောက်ထည့်ပေးဖို့ သူသတိပေးလိုက်ချင်ပေမယ့် ဘယ်လိုအချက်ပြရမှန်းလည်း မသိပေ။

ခြေထောက်နဲ့လှမ်းတို့တာကျ တစ်မျိုးဖြစ်နေလိမ့်မယ်၊ ဒါပေမယ့် ဖိနပ်ပေါ်တက်နင်းပြန်ရင်လည်း သူကရန်ဖြစ်ချင်နေတယ်လို့ ကျန့်‌ယောင်က ထင်သွားပြန်လိမ့်မယ်။

ငါ့ရည်ရွယ်ချက်ကောင်းလေးတွေ ချီးဖြစ်သွားလိမ့်မယ်

‘’*အဟမ်း ဟမ်း*”
အဆုံးတွင်တော့ ရင်းချဲယ်ချောင်းဟန့်ဖို့ပဲ ရွေးချယ်လိုက်တယ်။ သူ့အပြုမူမှာ ပုံပန်းမကျနဲ့မသေမသပ်ဖြစ်နေပေမယ့်လည်း ယုတ်စွအဆုံး ကျန့်ယောင်ရဲ့ အာရုံကိုတော့ ဆွဲဆောင်နိုင်လိုက်သေးတယ်မလား။

‘’ဘာဖြစ်လိူ့လဲ? သီးသွားတာလား?’’

‘’မင်း....’’

သို့သော်လည်း မျက်နှာချင်းဆိုင်ကပိုင်ယွိဝေကပါ သူ့ကိုလှမ်းကြည့်လာကာ သူ့အတွက်ရေတစ်ခွက်တောင်ငှဲ့ပေးလိုက်သေးသည်။
‘’ဖြည်းဖြည်းစားပါ၊ မပူပါနဲ့ အစောကြီးရှိသေးတယ်”

‘’...... ”

ချောင်းဟန့်သည့်ဆွဲဆောင်မှုမှာလည်း ကျရှုံးသွားလေသည်။

သူ့ဘေးက သောက်ရူးကြီးကတော့ သူ့ပန်းကန်ထဲကို အသားတစ်ဖက်ထည့်ပေးလာသည်။

‘’အမှန်ပဲ ဖြည်းဖြည်းစားမှပေါ့ ဘယ်သူကမှ မင်းဆီကလုမစားပါဘူး”

‘’.......’’

......ငါတကယ်ကိုအံ့သြလို့မဆုံးတော့ပြီ

ကျန့်ယောင်ဟာ တစ်ခါတစ်ခါ အရမ်းကိုဂရုမမူတတ်သလို တစ်ခါတစ်ခါကျလည်း အရမ်းစူးစူးစိုက်စိုက်ဖြစ်တတ်ပြီး သူ့မုဒ်က တစ်ခုကနေတခြားတစ်ခုကိုရောက်ရက်ခတ်စွာပြောင်းနေတတ်တာမျိုး။ ဒီနေ့တော့ စူးစူးစိုက်စိုက်မုဒ်ကိုမပြောင်းဘူးဆိုတာ သိသာလှတယ်။ သူဟာ ရင်းချဲယ်အရိပ်ပြလို့လည်းအကောင်မမြင်ပဲ သူ့ပန်းကန်ထဲကိုသာစားစရာတွေ မနားတမ်းထည့်ပေးနေတော့သည်။

‘’မင်းဟာချည်း စားမ‌နေနဲ့ ရော့ ကောဖုတ်ထားတဲ့အာလူးစား ၊ မင်းအသီးရွက်ကြိုက်တယ်မလား?

‘’ဒီအမဲသားကလည်းတအားကောင်းတာ ကောက မင်းအတွက်တစ်ပြားကင်ပေးမှာမို့လို့ သေချာပေါက်စားရမယ်နော် ကြားလား?

‘’အကင်က ဆလပ်နဲ့မှစားကောင်းတာ စားကြည့်ချင်လား?’’

ကျန့်ယောင်ဟာ ပူပူနွေးနွေး ကင်ထားတဲ့ အသားလေးကို ဆလပ်ရွက်နဲ့ထုပ်ပြီး ‌ဆော့စ်ထဲနှစ်ပေးလေသည်၊ သူ့လုပ်ရပ်တွေမှာ လင်းယွမ်ထက်ပင် ပို၍သေသေသပ်သပ်။ ကိုယ်တိုင်တောင် ခွံ့ကျွေးတော့မတတ်ပင်။

ရင်းချဲယ် ပန်းကန်ထဲက အသားကင်ဆလပ်ထုပ်လေးကို ကြည့်လိုက်ရင်း
‘’......’’

အမှတ်တမဲ့ သူက အဓိကအမျိုးသမီးဇာတ်ဆောင်နေရာများ ရောက်သွားတာလား?

ကျန့်ယောင်ကိုယ်တိုင်ကတော့ ဘာကိုမှအရမ်းကြီးမတွေးမိ။ သူ့အတွက်တော့ ခုနလေးက ‘’group chatထဲမပါတာ ငါတစ်ယောက်တည်းနဲ့တူတယ်”လို့ ပြောခဲ့တဲ့ ကောင်စုတ်လေးကိုသာတွေးမိပြီး သူ့စိတ်ထဲမကောင်းဖြစ်နေတာပင်။

သူ့ရင်ထဲမှာ လှိုက်တက်လာတဲ့ အမည်မသိခံစားချက်၊ သနားတာလား တခြားတစ်ခုခုလားတော့ သူကိုယ်တိုင်လည်းမပြောတတ်။ ခါတိုင်းဝမ်ရှောင်ရို့လေးကို ဂရုစိုက်ပေးသလို ခံစားချက်မျိုးလားဆိုတော့လည်း နည်းနည်းကွဲပြားပြန်တယ်။

ဘာပဲဖြစ်ဖြစ်လေ ဘေးကလူကို သူဂရုစိုက်ပေးချင်ရုံပါ။

အကင်ဖိုပေါ်မှ ငါးဟာ အငွေ့တထောင်းထောင်းထွက်လျက်ရှိကာ တစ်ဖက်လှန်ရမည့်အချိန်‌‌ရောက်နေလေပြီ။ ကျန့်ယောင်က ညှပ်ကိုကိုင်ပြီးလှန်ဖို့ပြင်လိုက်စဥ်မှာ ရုတ်တရက် ပေါင်ကိုတစ်ခုခုနဲ့တို့လာသည်ကို ခံစားလိုက်ရသည်။ အရမ်းကြီးလည်း အားမပြင်းပဲ အနည်းငယ်ယားကျိကျိဖြစ်တာကြောင့် သူလည်း မသိလိုက်ပါပဲနဲ့ လက်နှင့်ဖမ်းထားလိုက်တော့သည်။      
.

‘’အိုက် သေစမ်း’’
ကျန်းခဲ့သည်တော့ ကြမ်းပြင်ပေါ်တူပြုတ်ကျသွား၍ မချိမဆံ့နှင့် စားပွဲအောက်ကုန်းကောက်ရသည်။ တူတွေမှာတော့ ညစ်ပတ်သွားပြီမို့ သုံးမရတော့။ ဒါနဲ့ပဲ သူဝိတ်တာကိုပဲလှမ်းခေါ်လိုက်မည်ဟုတွေးလျက် ခေါင်းမော့လာတုန်း ‌တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် သူ့တစ်ကိုယ်လုံးကို တုန်တက်သွားစေပြီး စကားလုံးများဟာလည်း လည်ချောင်းထဲတစ်ဆို့လျက်။

သူနဲ့မျက်စောင်းထိုးက စားပွဲဝိုင်းအောက်မှာတော့ alphaတွေက လက်ညှိုးလေးနဲ့တို့တယ်ဆိုရင်ကို ထသတ်တတ်တဲ့ antisocialနာမည်ကြီးကျောင်းသားဆိုးလေးဆိုသူက တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ခံထားရလေတယ်။

ကြားထဲမှာလည်း ဘာဆိုဘာ ကြားခံနယ်မျိုးမှမရှိပဲ ကျယ်ပြန့်တဲ့လက်ဖဝါးပြင်က ထိုလက်ဖွေးဖွေးကို အခိုင်အမာအုပ်ကိုင်ထားလေသည်။

ကျောင်းလူဆိုးဟာ ယဥ်ပါးအောင်ထိန်းသိမ်းခံလိုက်ရသလို၊ သူ့ရဲ့အစွယ်တွေကို လိမ်လိမ်မာမာလေး ဖယ်ထုတ်ထားလေတယ်။ သူ့လက်ကို ထို alphaရဲ့ပေါင်ပေါ်မှာ ငြိမ်ငြိမ်လေးတင်ထားကာ တစ်လက်မလေးပင်မလှုပ်ပဲ alphaကိုကိုင်ခွင့်ပေးထားလေသည်။

ကျားရေခြုံထားတဲ့ ယုန်လိမ္မာလေးအလား။

 ______

ရွှယ်တိ - ဂျူနီယာ(ကျောင်းသား)
ရွှယ်ကျန်း - စီနီယာ(ကျောင်းသား)

[Zawgyi]

ေနာက္တစ္ေန႔ မနက္ခင္းေစာေစာမွာမူ ေခ်ာင္ဝမ့္ယြင္တစ္ေယာက္ အိမ္အကူေတြကိုခိုင္းရမည့္အစား သူမကိုယ္တိုင္ အေပၚထပ္ကိုမနက္စာသြားပို႔ေလသည္။ သူမရဲ့သားျဖစ္သူ အစားေကာင္းေကာင္းမစားမွာပူတာေၾကာင့္ စားတာကိုပါ ေစာင့္ၾကည့္ေနေတာ့သည္။

သူမကိုစိတ္မပူဖို႔ေျပာတာကလည္း အသုံးမ၀င္မွန္း ရင္းခ်ဲယ္သိသည္မို႔ နာနာခံခံပဲ သူမေရွ႕မွာ မနက္စာစားျပရင္း ဒီေန႔အတန္းေဖာ္တခ်ိဳ႕နဲ႔အျပင္သြားမည္ျဖစ္ေၾကာင္းလည္း စကားစျဖစ္လိုက္သည္။

ထိုစကားကို ၾကားခ်ိန္ ေခ်ာင္ဝမ့္ယြင္မွာ ၀မ္းသာအားရျဖစ္သြားေလတယ္။
‘’သားအရြယ္က ပိုၿပီးအျပင္ထြက္ေပ်ာ္သင့္တာေပါ့၊ ကိုယ့္ကိုယ္ကိုအိမ္ထဲမွာပဲ ပိတ္ေလွာင္မေနနဲ႔၊ ေဒါက္တာဖုန္းနဲ႔စစ္ေဆးဖို႔ကိုလည္း မနက္ျဖန္ေရႊ႕ထားဖို႔မင္းအေဖကို မားေျပာထားလိုက္မယ္”  

‘’Mhm’’

‘’ဘယ္အတန္းေဖာ္နဲ႔လဲ?”
ေခ်ာင္ဝမ့္ယြင္ဟာ အရမ္းကို စပ္စပ္စုစုႏွင့္
‘’မင္းထိုင္ခုံေဖာ္နဲ႔လား?’’

ရင္းခ်ဲယ္မွာေတာ့ သူမရဲ့ေနာက္ေမးခြန္းက ‘’သားသူ႔ကိုႀကိဳက္လား?’’ျဖစ္လာမည္စိုးတာေၾကာင့္ ခပ္ျမန္ျမန္ စကား‌လမ္းေၾကာင္းလႊဲလိုက္ရတယ္။
‘’သူတင္မဟုတ္ပါဘူး၊ တျခားအတန္းေဖာ္ေတြေရာ၊ ဒီေန႔က ရန္းရီလဲ့ေမြးေန႔ေလ၊ ရန္းရီလဲ့ဆိုတာက ဟိုအရင္တစ္ေခါက္မိဘေခၚတုန္းက မားေတြ႕ခဲ့တဲ့ omegaေလ”

ေခ်ာင္ဝမ့္ယြင္က ျပန္ေတြးၾကည့္ၿပီးေနာက္ ခနေလာက္ၾကာမွ ေျပာလာတယ္။
‘’အိုး အဲ့အတန္းေဖာ္ေလးကိုး’’

ရင္းခ်ဲယ္လည္း တျခားေရာက္တက္ရာရာအေၾကာင္းေတြေျပာရင္းႏွင့္ အဆုံးတြင္ေတာ့ ေခ်ာင္ဝမ့္ယြင္၏အာ႐ုံကို တျခားဦးတည္ခ်က္ဆီေျပာင္းနိုင္ခဲ့ၿပီ။

escape roomမွာ ၿမိဳ႕လည္က ေရွာပင္းေမာတစ္ခုမွာတည္ရွိတာျဖစ္တာေၾကာင့္ သူ အိမ္ကေနေျမေအာက္ရထားစီးသြားၿပီးလၽွင္ အဲ့ဒီကိုေရာက္ဖို႔ လမ္းနည္းနည္းေလၽွာက္ရဦးမွာျဖစ္တယ္။ က်န႔္ေယာင္ကေတာ့ ေျမေအာက္ရထားဘူတာမွာေစာင့္မယ္လို႔ေျပာထားတယ္။ ‘သူေဌးသား သခင္ေလး’ေတြ ဘာေတြအထင္ခံရမည္စိုး၍ ရင္းခ်ဲယ္ဒရိုင္ဘာကို ေျမေအာက္ရထားဘူတာတစ္ခုစီလိုက္ပို႔ခိုင္းလိုက္ၿပီး အဲ့ဒီကေနမွတစ္ဆင့္ ခ်ိန္းထားသည့္ဘူတာဆီကိုျပန္စီးသြားလိုက္တယ္။ ထိုသို႔သြားလိုက္ျပန္လိုက္ႏွင့္လုပ္ၿပီးကာမွ သူခ်ိန္းထားသည့္ေနရာကိုေရာက္သြားေတာ့တယ္။

‘’ငါက ဂိတ္နံပါတ္တစ္မွာေနာ္၊ ဒီေန႔ငါ နည္းနည္းပိုေခ်ာေနေတာ့ မင္းမွတ္မိမွာမဟုတ္ဘူး၊ အေသခ်ာရွာေနာ္ လူမွားမမွတ္မိေစနဲ႔”

ယုံၾကည္ခ်က္ျပည့္ဝေနတဲ့ ထိုစကားသံေတြကို ဖုန္းတစ္ဖက္ကေနနားဆင္ၿပီးေနာက္ ရင္းခ်ဲယ္စက္ေလွကားကတစ္ဆင့္‌ ေျဖးေျဖးခ်င္း တက္လာလိုက္သည္။ ေဝ့ဝဲၾကည့္လိုက္ေတာ့ ဂိတ္နံပါတ္တစ္မွာ ေရွ႕ေလၽွာက္လိုက္ေနာက္ေလၽွာက္လိုက္လုပ္ေနသည့္ သူ႔ေဘးခုံအေဖာ္။

သူက အဲ့ဒီဖက္ရွင္မက်လွတဲ့ ဆံျမတ္ႀကီးေတြနဲ႔ ဒိတ္ေအာက္ေနတဲ့ မ်က္မွန္ႀကီးတပ္ထားဆဲ။

ခ်ီးကို ေခ်ာ၊ တစ္ခ်က္ၾကည့္႐ုံနဲ႔ကို ငါမင္းကို မွတ္မိတယ္

ဒါေပမယ့္ သူ႔အဝတ္စားေတြကေတာ့ ေက်ာင္းယူနီေဖာင္းထက္ပိုၿပီး ဆြဲေဆာင္မွုရွိေန‌တယ္။

က်န႔္ေယာင္မွာ အရပ္ရွည္ရွည္၊ ပခုံးျပင္က်ယ္က်ယ္ႏွင့္ ေျခတံသြယ္သြယ္ေတြရွိတာ‌ေၾကာင့္ ဘယ္အ၀တ္အစားမ်ိဳးဝတ္ဝတ္ ၾကည့္ရဆိုးမည္ေတာ့ မဟုတ္။ ဒီေန႔ေတာ့ ‌သူဟာအျဖဴေရာင္ရွပ္တစ္ထည္ႏွင့္ အေပၚကမွ ေနဗီျပာေရာင္ဆြယ္တာတစ္ထည္၀တ္ဆင္ထားကာ အဝါေဖ်ာ့ေရာင္စတိုင္ပင္တစ္ထည္ႏွင့္ sneakerတစ္ရံစီးထားတယ္။

အရမ္းကို တက္ႂကြလန္းဆန္းေနသည္မွာ သူ႔ကိုေႏြးေထြးၾကင္နာတတ္သည့္ လူငယ္ေလးအသြင္ေဆာင္ေနေလသည္။

က်န႔္ေယာင္ရဲ့ေနာက္ေက်ာဘက္ကျမင္ကြင္းဟာ ျဖတ္သြားျဖတ္လာေတြကို အေတာ္ေလးဆြဲေဆာင္နိုင္ေၾကာင္း ရင္းခ်ဲယ္သတိထားမိသည္။ သို႔ေပသည့္ သူတို႔အေရွ႕ကို ပတ္ၾကည့္ၿပီး မ်က္ႏွာကိုျမင္ၿပီးခ်ိန္တြင္ေတာ့ စိတ္ပ်က္သြားၾကေလ့ရွိသည္။

ရင္းခ်ဲယ္သူ႔အနားေလၽွာက္သြားလိုက္ကာ ဘာမွမေျပာခင္ တစ္ခ်က္ကန္ေပးလိုက္သည္။
‘’ဟိတ္”

က်န႔္ေယာင္မွာ ဒူးေကြးက်သြားတယ္၊ သို႔ေပမယ့္ သူ႔ကိုယ္သူခ်က္ခ်င္းျပန္ထိန္းနိုင္လိုက္တယ္။
‘’F*ck မင္းကမ်ားငါ့ကိုေခ်ာင္းတိုက္ရဲတယ္ေပါ့.....အိုက္ယိုး ေကာင္စုတ္ေလးက ဒီေန႔တယ္ေခ်ာေနပါလား”

ရင္းခ်ဲယ္သူ႔စကားကို မ်က္ကြယ္ျပဳထားလိုက္ကာ
‘’မင္းေရွ႕က လမ္းျပ၊ ငါအရင္က ဒီကိုမေရာက္ဖူးဘူးရယ္”

‘’ေကာင္းၿပီ ဒါမယ့္ ငါ့ကိုတစ္ခ်က္ေလာက္ အရင္ၾကည့္ေပးပါဦး ဒီတိုင္းၾကည့္ရအဆင္ေျပရဲ့လား? မဟုတ္ရင္လည္း တျခားအကၤ်ီေျပးဝယ္လိုက္မယ္”

ရင္းခ်ဲယ္မွာစိတ္မပါ့တစ္ပါႏွင့္ သူ႔ကို အစုန္အဆန္ၾကည့္ကာ :
‘’အဆင္ေျပပါတယ္”

‘’တကယ္လား? မေန႔ညကကြာ အကၤ်ီကိုအၾကာႀကီးေရြးလိုက္ရတယ္၊ ပထမဦးဆုံးဒိတ္က အေရးႀကီးတယ္ေျပာၾကလို႔ မထူးမျခားနားႀကီးျဖစ္ေနလို႔ေတာ့ လုံးဝမျဖစ္ဘူးေလ၊ အိုင္း.. ဆိုေတာ့လည္း ငါ့မွာေရြးခ်ယ္စရာမရွိေတာ့ပဲ မူရင္းစတိုင္ႀကီးကို ထားခဲ့ရတာေပါ့’’

‘’မင္းရဲ့ မူရင္းစတိုင္ကဘာလဲ?”

က်န႔္ေယာင္က ျပဳံးရႊင္ရင္း
‘’အဲ့ဒါ‌ေတာ့ လၽွို႔ဝွက္ခ်က္”

အဝတ္စားဝတ္တာေတာင္ လၽွို႔ဝွက္ခ်က္ဆိုရင္ လူမရွိတဲ့ခ်ိန္သူဘာဝတ္လဲ ေတြးေဝာာင္မေတြးခ်င္ေတာ့ဘူး

ရင္းခ်ဲယ္လွည့္ပတ္ၾကည့္ရင္း :
‘’ပိုင္ယြိေဝက ဘယ္ေတာ့ေရာက္မွာလဲ?”

‘’ေျပာတာေတာ့ သူမလမ္းသိတယ္တဲ့၊ အာ့ေၾကာင့္ သူမကိုေရွာပင္းေမာတန္းလာၿပီး ရန္းရီလဲ့တို႔နဲ႔ဆုံဖို႔ ေျပာထားတယ္”

“အာ့ဆို မင္းက ဘာကိစၥ င့ါကို ဒီမွာခ်ိန္းတာလဲ?’’

‘’မင္းလမ္းမသိမွာစိုးလို႔ေလ၊ ငါကမင္းကိုလာေခၚေပးတာ’’

ရင္းခ်ဲယ္မွာေတာ့ အံ့ၾသပနန္း
‘’သူမကိုဒီမွာခ်ိန္းတာလဲမဟုတ္ပဲနဲ႔ ဘာကိစၥ င့ါကိုလာေခၚေနေသးလဲ?”

က်န႔္ေယာင္ကေတာ့ ေျပာရွာတယ္၊ သူ႔ပုံက နည္းနည္းေလးမွ နားလည္တဲ့ပုံမေပၚေပ။
‘’ခုနေလးတင္ငါ‌မေျပာခဲ့ဘူးလား သူမက လမ္းသိပါတယ္ဆို”

‘’........’’

ျဖစ္ခ်င္ေတာ့ လက္တြဲေဖာ္ရွာၿပီးပိုးပန္းတဲ့ေနရာမွာ အႀကီးမားဆုံး အဟန႔္အတားက သူ႔႐ုပ္ရည္တန္ဖိုးမဟုတ္ဘူးပဲ၊ emotion intelligence (EQ) ပဲကိုး၊ အထူးသျဖင့္ ဒီက်န္း-အေျဖာင့္ေကာင္ႀကီး‌-ေယာင္အတြက္ေပါ့

‘’က်န႔္ေယာင္’’
ရင္းခ်ဲယ္လည္း ေျပာျပရေတာ့သည္။
‘’မင္းသူမကို ပိုးပန္းခ်င္တယ္ဆို သူမကိုပိုးပန္းဖို႔အတြက္ပဲအာ႐ုံစိုက္ပါ၊ ငါ့ကိုထည့္မတြက္နဲ႔’’

‘’အဲ့လိုလုပ္လို႔ ဘယ္ျဖစ္မလဲ၊ ငါက ခ်စ္သူရည္းစားကို သူငယ္ခ်င္းထက္ဦးစားေပးတဲ့လူစားမ်ိဳးမို႔လို႔လား? ခ်စ္သူေရာ ညီအကိုေတြေရာ အားလုံးငါ့အတြက္တန္းတူအေရးႀကီးတယ္”
က်န႔္ေယာင္က ခပ္ညစ္ညစ္ အျပဳံးက်ယ္ႀကီးနဲ႔။ မုတ္ဆိတ္ေမႊးေဖြးေဖြးႀကီးတစ္ခုသာ တပ္လိုက္လို႔ကေတာ့ လုံး၀ကို ဇာတ္ကားေတြထဲက နာမည္ႀကီးဗီလိန္ေကာင္ႀကီးပဲ။

ရင္းခ်ဲယ္ေနာက္ဆုံးေတာ့ သိလိုက္ပါၿပီ၊ ဒီေသာက္႐ူးေကာင္ႀကီးရဲ့ဦးေႏွာက္ဟာ တကယ္ကိုရွုံ႔လိမ္တြေနကာ အခ်စ္ရဲ့ကြဲျပားနည္းေတြကို နားလည္နိုင္မွာမဟုတ္မွန္း။ သူလည္း မတတ္သာစြာ ေထာက္ျပလိုက္ရတယ္။
‘’ဘာပဲျဖစ္ျဖစ္ေလ သူမေရွ႕မွာဆိုရင္ေတာ့ တျခား omegaေတြ betaေတြနဲ႔နီးနီးကပ္ကပ္မေနနဲ႔ ”

‘’Mhm mhm ငါသိပါတယ္”

ခ်ီးကို သိတာလား

...

ရင္းခ်ဲယ္ သူ႔ကိုခနခနစကားလာေျပာေနသည္မွာ ငါးႀကိမ္ေျမာက္ေနၿပီျဖစ္တဲ့ က်န႔္ေယာင္ကို ေမာင္းထုတ္ၿပီးေနာက္တြင္ေတာ့ ေအးစက္စက္ႏွင့္တစ္ဖက္လွည့္လိုက္သည္။ ေသာက္႐ူးေကာင္ႀကီးက မိန္းကေလးကိုတစ္ေယာက္တည္းပစ္ထားမည္စိုးတာေၾကာင့္လည္း စကားအဖက္လုပ္ျပန္ေျပာမေနေတာ့။

က်န္းခဲ့ ေခါင္းလွည့္လာခ်ိန္တြင္ေတာ့ သူ႔ရဲ့သရဲမရဲစီးေနပုံကိုေတြ႕ကာ အလန႔္တၾကားထခုန္မိကာ ခ်န္ရင္းရင္းကို တစ္ဖက္နား ဆြဲေခၚလာခဲ့တယ္။
‘’ရင္းခ်ဲယ္က စိတ္ဆိုးေနတာလား? ငါစကားေတြအမ်ားႀကီးေျပာလိုက္လို႔မ်ားလားဟင္?”

ခ်န္ရင္းရင္းလည္း ေတြးၾကည့္ကာ :
‘’သူမ်က္စိစပါးေမႊးစူးစရာအကၤ်ီမ်ား ငါဝတ္လာခဲ့မိလို႔မ်ားလား?”

ဟန္မုန႔္ : ‘’ငါသူ႔ကိုစလိုက္လို႔ေတာ့ မျဖစ္‌ပါေစနဲ႔၊ အိုးမာမားေရ ေၾကာက္လိုက္တာ အတန္းေမာ္နီတာ မင္းငါ့ကိုကာကြယ္ရမယ္ေနာ္”

ေကာက်စ္ရွုန္းကိုယ္တိုင္ေတာင္ သူ႔ေျခသလုံးေမႊးမရိပ္ခဲ့မိလို႔မ်ားလားလို႔ ေတြးေတာမိသည္အထိ။
ထိုစဥ္မွာပဲ ‌ေသာက္႐ူးတစ္ေကာင္က ရင္းခ်ဲယ္မ်က္စိေရွ႕မွာကားယားကားယား။

‘’ဘာျဖစ္လို႔လဲ? အားလုံးဒီလိုမ်ိဳးလာေပ်ာ္ပါးဖို႔ကခဲယဥ္းတယ္ေလ၊ အရမ္းႀကီးခက္ထန္မေနပါနဲ႔”

ရင္းခ်ဲယ္ကမူ ေရွ႕တည့္တည့္ကိုသာ ၾကည့္ေနကာ၊ သူ႔ပါးစပ္ကထြက္လာသည္ကေတာ့ ဘယ္ေလာက္ၾကာၾကာေျပာင္းလဲမသြား။
‘’ထြက္သြားစမ္း”

ျပန္ေတြးၾကည့္မွ ေသာက္႐ူးေကာင္ႀကီးကို သူအရိပ္အေျခနည္းနည္းေတာ့ ျပမွျဖစ္မယ္ဆိုတာ သေဘာေပါက္သြားၿပီး သူထပ္ေျပာလိုက္သည္။
‘’မင္းေကာင္မေလးကို အေဖာ္လုပ္ေပးလိုက္”

‘’သူမက ရန္းရီလဲ့နဲ႔စကားေျပာေနတာေပ်ာ္လို႔ ရႊင္လို႔၊ ငါက ဘာျဖတ္ေျပာရမွာလဲ?”
က်န႔္ေယာင္မွာ သူ႔ေရွ႕က တင့္တယ္လွပတဲ့ပုံရိပ္ေလးကို ၾကည့္ရင္း :
‘’ငါေတာ့ သူမက ၿပီးျပည့္စုံတယ္လို႔ထင္တယ္”

ပိုင္ယြိေဝဒီေန႔လာေတာ့ ရန္းရီလဲ့အတြက္ေမြးေန႔လက္ေဆာင္ပင္ယူလာခဲ့ေသးသည္။ သူမစကားေျပာဟန္မွာလည္း ဣေျႏၵရွိရွိ က်က္သေရရွိရွိေလးႏွင့္ နည္းနည္းမွ ကို႔ရို႔ကားရားျဖစ္မေနပါေခ်။ အခ်ိန္ခနေလးအတြင္းမွာပင္ Class 1မွ ေက်ာင္းသားမ်ားႏွင့္ သူမကရင္းႏွီးကၽြမ္း၀င္သြားေလသည္။

EQ ျမင့္ၿပီး လွလည္းလွသလို လူေတြကလည္းေျပာၾကတယ္ သူမအဆင့္ေတြက အရမ္းေကာင္းတယ္တဲ့၊ သူမဟာ ေက်ာင္းသားတိုင္းရဲ့ စိတ္ကူးထဲကအခ်စ္ဦးျဖစ္ထိုက္ပါေပတယ္။

‘’မင္းဆိုတဲ့ အ႐ူးကေလ ဒီေလာက္ေကာင္းတဲ့ကံကို တန္ဖိုးမထားဘူး’’
ရင္းခ်ဲယ္မွာ ႐ုပ္ရည္အရဆြဲေဆာင္မွုလည္းမရွိသလို EQလည္းမရွိပါေသာ အတန္းေဖာ္ေလးကို အသိေပးလိုက္တယ္။
‘’သူမကေတာင္ မင္းနဲ႔အတူအျပင္သြားခ်င္တယ္ဆိုကတည္းက ဘုရားကိုေတာင္ဆီမီးအေမႊးတိုင္ထြန္းၿပီး ပူေဇာ္သင့္ေနၿပီ၊ ဒါေတာင္ သူမနဲ႔စကားသြားမေျပာေသးဘူးလား”

က်န႔္ေယာင္ကေတာ့ လက္မခံ။
‘’ဘယ္လိုလုပ္ ကံေကာင္းလို႔ျဖစ္ရမွာလဲ? ငါသူမကိုဆြဲေဆာင္နိုင္တယ္ဆိုတာ ငါ့ကိုယ္တိုင္ရဲ့ပင္ကိုယ္ေခ်ာေမာမွုေၾကာင့္ ဟုတ္ၿပီလား? တစ္ခ်ိဳ႕ေတြကေတာ့ ငါ့႐ုပ္ရည္ကိုအဖက္မလုပ္ၾကဘူးေလ၊ ငါ့ကို တစ္ေနကုန္လ်စ္လ်ဴရွု အျမင္မၾကည္ေနတဲ့ မင္းလိုမဟုတ္ဘူး၊ ငါတို႔လိုသာမန္႐ုပ္ရည္နဲ႔ alphaေတြကေရာ လက္တြဲေဖာ္ omegaလွလွေလးေတြမရနိုင္ေတာ့ဘူးလား ေျပာစမ္းပါ?”

ရင္းခ်ဲယ္ျဖင့္ ဘာေျပာရမွန္းေတာင္မသိေတာ့ပါ။ သူ႐ုတ္တရက္ သူကိုယ္တိုင္ရဲ့ EQကပဲ တအားနိမ့္ေနလို႔မ်ားလားေတြးမိတယ္၊ သူ ျပန္ခံေျပာစရာနည္းလမ္းမစဥ္းစားတတ္ေတာ့သလို တစ္ခ်ိန္တည္းမွာလည္း က်န႔္ေယာင္ကိုအေတြးေတြကို နားမလည္နိုင္ေတာ့။

escape roomဟာ ေန႔လည္ပိုင္းမွသာ ဖြင့္မည္ျဖစ္တာေၾကာင့္ သူတို႔အဖြဲ႕ ေမာထဲမွာ ေန႔လည္စာစားစရာတစ္ေနရာရာရွာဖို႔ဆုံးျဖတ္လိုက္ၾကတယ္။ အားလုံးရဲ့မတူညီတဲ့အႀကိဳက္ေတြကိုထည့္စဥ္းစားရင္းနဲ႔မွ အဆုံးမယ္ေတာ့ သူတို႔ ကိုယ္ထူကိုယ္ထယူလို႔ရတဲ့စားေသာက္ဆိုင္တစ္ဆိုင္ကိုပဲ ေရြးလိုက္ၾကတယ္။

ေက်ာင္းသားေတြခ်ည္းျဖစ္ၿပီး မုန႔္ဖိုးလည္းအမ်ားႀကီးမရွိတာမို႔ အဆင့္ျမင့္စားေသာက္ဆိုင္မ်ိဳးေတာ့ မထိုင္နိုင္ၾက။ ဒီတစ္ခုမွာ အကင္ေတြနဲ႔ေဟာ့ေပါ့အထူးရတာမို႔ အမ်ိဳးအစားလည္းစုံသလို ေစ်းအရလည္း တတ္နိုင္သေလာက္ရွိေလတယ္။ လိုင္းေပၚက reviewေတြရွာၾကည့္တဲ့အခါလည္း ဒီဆိုင္ဟာအရမ္းနာမည္ႀကီးတာေတြ႕ရတယ္။

ရန္းရီလဲ့နဲ႔လင္းယြမ္ကေတာ့ အိတ္ေတြေစာင့္ေပးဖို႔ေနခဲ့ရင္း သူတို႔ကိုအရင္သြားႏွင့္ၾကဖို႔ဆိုတယ္။

ရင္းခ်ဲယ္ကေတာ့ သိပ္ပီးဗိုက္မဆာ။ မနက္တုန္းက ေခ်ာင္ဝမ့္ယြင္က သူ,မဝမွာစိုးၿပီး မုန႔္ေတြနင္းကန္ေကၽြးထားသည္မို႔ ခုခ်ိန္ထိေတာင္ ေကာင္းေကာင္းအစာမေက်ေသး။ ဒါနဲ႔ပဲ သူအသီးအရြက္တခ်ိဳ႕ပဲ ေကာက္ထည့္ေနမိတယ္။

တစ္စုံတစ္ေယာက္ကေတာ့ သူ႔ေဘးမွာဆိုပါေတာ့။

‘’မင္းက တကယ္ယုန္တစ္ေကာင္ပဲ၊ ျမက္ေတြပဲစားေတာ့မလို႔လား?”

က်န႔္ေယာင္လက္ထဲက ဗန္းမွာေတာ့ အသား ငါးပုစြန္ေတြနဲ႔ခ်ည္းျပည့္ေနကာ အသားကင္ေတြခ်ည္းစားခ်င္ေနမွန္းသိသာလွသည္။ ရင္းခ်ဲယ္အေနနဲ႔ ထိုလိုအရြက္ေတြပဲေကာက္ထည့္ေနျခင္းဟာ က်န္႔ေယာင္ကိုလုံးဝအံ့ၾသသြားေစတာပင္။
‘’ခါတိုင္းကန္တင္းမွာဆို မင္းအေတာ္စားပါတယ္၊ ဒီေန႔မွဘာလို႔လဲ? ေနမေကာင္းဘူးလား?”

ရင္းခ်ဲယ္တစ္ေယာက္ စိတ္ေတြလည္းေလပါတယ္။ က်န႔္ေယာင္က သူ႔ဆီအရမ္းတိုးကပ္လာတာေၾကာင့္ ေဘးကို တစ္ခ်က္ေရွာင္လိုက္ကာ :
‘’မနက္စာအမ်ားႀကီးစားလာလို႔ သိပ္စားခ်င္စိတ္မရွိလို႔ပါ၊ မင္းက ဘာကိစၥငါ့ေနာက္လိုက္လာတာလဲ?’’

‘’ဘယ္သူက မင္းေနာက္လိုက္လို႔လဲ ငါလည္း အသီးအရြက္ယူလို႔မရတာက်လို႔’’
က်န႔္ေယာင္ ဆလပ္ရြက္အနည္းငယ္ယူလိုက္ကာ :
‘’အသားကင္အတြက္က ဒါလိုတယ္ ယူဦးမလား?”

‘‌’ေတာ္ၿပီ’’

က်န႔္ေယာင္မွာ ရိုးသားျပည့္ဝစြာေျပာတယ္။
‘’မင္းအသားမ်ားမ်ားစားသင့္တယ္၊ အရင္တစ္ေခါက္ ငါမင္းကိုေက်ာပိုးတုန္းကဆို ငွက္ေမႊးေလးက်ေနတာ ေတာ္ေတာ္ေလးေပါ့တာပဲ၊ မင္းဘာလို႔လြယ္လြယ္ေၾကာက္တတ္လဲဆိုတာနဲ႔ ကိုယ္ခႏၶာမဖြံ့ၿဖိဳးတာၾကားမွာ ဆက္စပ္ေနတယ္လို႔ေတာင္ ငါသံသယျဖစ္မိတယ္၊ မင္းရဲ့ကိုယ္ခႏၶာႀကံ့ခိုင္မွုက တအားအားနည္းေတာ့ စိတ္ေနစိတ္ထားကလည္း အားနည္းသြားတာေနမွာ”

‘’......’’

ခ်ီးကို ဆက္စပ္ပါ့လား

‘’ဒီေန႔‌ေန႔လည္ escape roomထဲက်ရင္ ေၾကာက္ၿပီးငိုမေနနဲ႔ဦးေနာ္”
က်န႔္ေယာင္က ရယ္ရယ္ေမာေမာႏွင့္
‘’အတန္းေဖာ္ေတြအမ်ားႀကီးရွိေနမွာဆိုေတာ့ မင္းဂုဏ္သိကၡာမင္းထိန္းဖို႔လိုေသးတယ္”

‘’escape roomက ပေဟဠိေတြေျဖရွင္း႐ုံပဲမဟုတ္ဘူးလား? ငိုရေလာက္ေအာင္ထိ ဘာေၾကာက္စရာပါလို႔လဲ?”
သူက အရာရာတိုင္းကို ေၾကာက္တတ္ေနတာမ်ိဳးမွမဟုတ္ပဲ၊ က်န႔္ေယာင္ကသာ သူေၾကာက္တာနဲ႔ အႀကိမ္အနည္းငယ္ဆုံမိသြားလို႔သာ။

‘’group chatထဲမွာ ပို႔ထားတဲ့ မက္ေဆ့ကို မင္းမျမင္ဘူးလား? သည္းထိတ္ရင္ဖို themeမ်ိဳးေလ နည္းနည္းေတာ့ေၾကာက္ဖို႔ေကာင္းလိမ့္မယ္”
က်န႔္ေယာင္ တစ္ေယာက္ ေျပာၿပီးမွ ရင္ခ်ဲယ္က group chatထဲမပါဘူးဆိုတာ ျပန္အမွတ္ရသြားတယ္။
‘’အာ....’’

ေသၿပီ ငါေတာ့ ဘယ္လိုျပန္ဖုံးရပါ့

‘’group chatထဲမွာ ငါမပါဘူးေလ အဲ့ေတာ့ ငါမျမင္ဘူး”
ရင္းခ်ဲယ္ကမူ ဘာမွအေႏွာင့္အယွက္မျဖစ္ဟန္ႏွင့္ သူ႔ဗန္းထဲကို မၽွစ္တခ်ိဳ႕ထည့္ေနေလသည္။

‘’....မင္းအဲ့အေၾကာင္းကို သိၿပီးသားလား?”

‘’အင္း”

‘’ဘယ္လိုသိတာလဲ?’’

‘’group chatထဲက ရယ္စရာေတြ သူတို႔ခနတိုင္းေျပာေနၾကတာေလ ဒါမယ့္ ေလာင္ရွီးပါတဲ့ groupထဲမွာမဟုတ္ေတာ့ တျခားတစ္ခုျဖစ္မယ္လို႔ငါေတြးလိုက္တာ”
ရင္းခ်ဲယ္က ေနာက္ဆုံး မွိုတခ်ိဳ႕ထည့္ေနေလတယ္။
‘’ပထမေတာ့ လူနည္းနည္းေလးနဲ႔ group chatေလးပဲမွတ္ေနတာ ေနာက္မွ ငါတစ္ေယာက္တည္းမပါမွန္းသိတာ၊ သူတို႔ကသိသိသာသာငါ့ကိုမထည့္ခ်င္မွေတာ့ ငါလည္းေမးေနစရာမလိုေတာ့ဘူးေပါ့”

အသီးရြက္ေတြထည္ၿပီးလွည့္ထြက္သြားတဲ့ သူ႔ကို က်န႔္ေယာင္ေၾကာင္ၾကည့္ေနမိတယ္။
 
ေကာင္စုတ္ေလးရဲ့ အသဲႏွလုံးက တကယ္ကို သေဘာထားျပည့္၀ေနတာပဲ ......သူ႔ကိုပစ္ပယ္ထားၾကတယ္ဆိုတာ သိတာေတာင္ သူ႔ကိုအရင္က ပစ္ပယ္ထားတဲ့ အတန္းေဖာ္ေတြနဲ႔ အျပင္ထြက္ခ်င္ေသးတယ္တဲ့ေလ

အမွန္ေတာ့ သူ႔ရင္ထဲမွာ သူလည္း သူငယ္ခ်င္းေတြထားခ်င္တာပဲကိုး

..

သူတို႔ကိုးေယာက္သား မထိုင္ခင္မွာ စားပြဲသုံးဝိုင္းဆက္လိုက္ၾကရတယ္။ စားပြဲတစ္ပြဲစီမွာကား ေဟာ့ေပါ့အိုးႏွင့္အကင္ဖိုတစ္ခုစီပါေတာ့ အကုန္လုံးမွီနိုင္တာမို႔ အေတာ္ေလးအဆင္ေျပသြားတယ္။

ရန္းရီလဲ့ က်န္းခဲ့နဲ႔ လင္းယြမ္ကေတာ့ အလယ္စားပြဲမွာထိုင္ကာ လင္းယြမ္ကေတာ့ အကင္ကင္ဖို႔တာဝန္ေပါ့။ ကင္ၿပီးသားအသားကင္ေတြကို ရန္းရီလဲ့ပန္းကန္ထဲခ်ည္းထည့္ေပးေနသည္ေၾကာင့္ ရန္းရီလဲ့မွာသူ႔ေရွ႕က ေတာင္လိုပုံေနတဲ့အကင္ေတြကို ၾကည့္ရင္း ကို႔ရို႔ကားယားႏွင့္ေျပာသည္။
‘’အာ ငါဒီေလာက္အမ်ားႀကီးမစားနိုင္ဘူး......ၿပီးေတာ့ ငါ့ဟာငါ့ကင္လို႔လည္း ရပါတယ္......’’

လင္းယြမ္ : ‘’ရပါတယ္၊ က်ေနာ္လည္း သိပ္မစားခ်င္ဘူးရယ္၊ ဒီေန႔က ေကာေမြးေန႔ေလ ဘယ္လိုလုပ္ခိုင္းရက္မွာလဲ?”

သူ႔ေဘးက ခ်န္ရင္းရင္းကေတာ့ စတယ္။
‘’အိုက္ယိုး ဒီရႊယ္တိေလးက တကယ္ကို ေတြးေပးတတ္တာပဲ၊ ဒီလိုအိမ္ေထာင္မွုေကာင္းတဲ့ခင္ပြန္းမ်ိဳးသာဆို ငါတို႔ ရီလဲ့ကို ေက်ေက်နပ္နပ္ႀကီး မင့္လက္အပ္ပါတယ္ကြယ္”

ရန္းရီလဲ့မွာေတာ့ ခ်က္ခ်င္းရွက္ေသြးျဖာသြားေလသည္။
‘’အတန္းေမာ္နီတာ မဟုတ္တာေတြမေျပာပါနဲ႔.......’’

လင္းယြမ္နားရြက္ဖ်ားေလးေတြမွာလည္း အနည္းငယ္နီရဲလ်က္ :
‘’အဲ့ဒါက လုပ္သင့္တာပါ၊ ရန္းရႊယ္က်န္းက က်ေနာ့္ကို ေကာင္းေကာင္းဂ႐ုစိုက္ေပးတယ္ေလ၊ အသင္းခ်ိန္ေတြဆိုလည္း သူကပဲက်ေနာ့္ကို ပုံဆြဲနည္း စိတ္ရွည္လက္ရွည္သင္ေပးတာ......ၿပီးေတာ့ က်ေနာ္က alphaပဲေလ ဒီလိုအရာမ်ိဳးေတြလုပ္ရတာ က်ေနာ့္အတြက္ ကိစၥႀကီးမဟုတ္ပါဘူးဗ်ာ”

ခ်န္ရင္းရင္းက သူမေဘးကလူကို တံေတာင္ ျဖင့္တြက္ရင္း :
‘’နားေထာင္ၾကည့္လိုက္စမ္း သူမ်ား alphaေတြဆီက သင္ယူၿပီး ေယာက္်ားေကာင္းဆန္စမ္းပါ”

ဟန္မုန႔္မွာ မ်က္လုံးသာလွန္လိုက္မိၿပီး ေနာက္ ေလာေလာလတ္လတ္ကင္ထားတဲ့ ဝက္ေခါက္ကင္ေလးကို ေကာက္ကာ မွုတ္လိုက္တယ္။
‘’ဖူး.......ငါတို႔စားပြဲမွာ ေနာက္ထပ္ေယာက္်ားႏွစ္ေယာက္ထိုင္ေနေသးတာပဲကို ငါ့က်မွ ပိုၿပီးျဖစ္ေနစရာမလိုပါဘူး”

ေကာက်စ္ရွုန္း : ‘’ေနာက္တစ္ေယာက္က ဘယ္မွာလဲ? ငါရယ္ အတန္းေမာ္နီတာရယ္ပဲမဟုတ္....အိုး ငါသိၿပီ”

ခ်န္ရင္းရင္း : ‘’ခ်ီးကို သိတာလား ဟန္မုန႔္ နင္အရိုက္ခံခ်င္ေနျပန္ၿပီလား ဟမ္?”

.
တစ္ဖက္က တက္ႂကြေနတဲ့ စားပြဲႏွစ္ဝိုင္းႏွင့္ယွဥ္လၽွင္ တတိယစားပြဲဝိုင္းမွာ အရမ္းကိုတိတ္ဆိတ္‌ၿငိမ္‌သက္ေနေပသည္။

ရင္းခ်ဲယ္မွာ က်န႔္ေယာင္ေဘးတြင္ထိုင္ရင္း ေခါင္းစေျခဆုံးမသက္မသာျဖစ္ေန‌ေတာ့သည္။ အသားကင္စားရင္း အလုပ္ရွုပ္ေနသည့္ ေသာက္႐ူးႀကီးတစ္ေကာင္ကို ကိုယ့္ဟာကိုယ္ႀကီးစားမေနပဲ တစ္ဖက္က မိန္းကေလးဖို႔လည္း အသားကင္ေလးတစ္ဖက္ေလာက္ထည့္ေပးဖို႔ သူသတိေပးလိုက္ခ်င္ေပမယ့္ ဘယ္လိုအခ်က္ျပရမွန္းလည္း မသိေပ။

ေျခေထာက္နဲ႔လွမ္းတို႔တာက် တစ္မ်ိဳးျဖစ္ေနလိမ့္မယ္၊ ဒါေပမယ့္ ဖိနပ္ေပၚတက္နင္းျပန္ရင္လည္း သူကရန္ျဖစ္ခ်င္ေနတယ္လို႔ က်န႔္‌ေယာင္က ထင္သြားျပန္လိမ့္မယ္။

ငါ့ရည္ရြယ္ခ်က္ေကာင္းေလးေတြ ခ်ီးျဖစ္သြားလိမ့္မယ္

‘’*အဟမ္း ဟမ္း*”
အဆုံးတြင္ေတာ့ ရင္းခ်ဲယ္ေခ်ာင္းဟန႔္ဖို႔ပဲ ေရြးခ်ယ္လိုက္တယ္။ သူ႔အျပဳမူမွာ ပုံပန္းမက်နဲ႔မေသမသပ္ျဖစ္ေနေပမယ့္လည္း ယုတ္စြအဆုံး က်န႔္ေယာင္ရဲ့ အာ႐ုံကိုေတာ့ ဆြဲေဆာင္နိုင္လိုက္ေသးတယ္မလား။

‘’ဘာျဖစ္လိူ႔လဲ? သီးသြားတာလား?’’

‘’မင္း....’’

သို႔ေသာ္လည္း မ်က္ႏွာခ်င္းဆိုင္ကပိုင္ယြိေဝကပါ သူ႔ကိုလွမ္းၾကည့္လာကာ သူ႔အတြက္ေရတစ္ခြက္ေတာင္ငွဲ႕ေပးလိုက္ေသးသည္။
‘’ျဖည္းျဖည္းစားပါ၊ မပူပါနဲ႔ အေစာႀကီးရွိေသးတယ္”

‘’...... ”

ေခ်ာင္းဟန႔္သည့္ဆြဲေဆာင္မွုမွာလည္း က်ရွုံးသြားေလသည္။

သူ႔ေဘးက ေသာက္႐ူးႀကီးကေတာ့ သူ႔ပန္းကန္ထဲကို အသားတစ္ဖက္ထည့္ေပးလာသည္။

‘’အမွန္ပဲ ျဖည္းျဖည္းစားမွေပါ့ ဘယ္သူကမွ မင္းဆီကလုမစားပါဘူး”

‘’.......’’

......ငါတကယ္ကိုအံ့ၾသလို႔မဆုံးေတာ့ၿပီ

က်န႔္ေယာင္ဟာ တစ္ခါတစ္ခါ အရမ္းကိုဂ႐ုမမူတတ္သလို တစ္ခါတစ္ခါက်လည္း အရမ္းစူးစူးစိုက္စိုက္ျဖစ္တတ္ၿပီး သူ႔မုဒ္က တစ္ခုကေနတျခားတစ္ခုကိုေရာက္ရက္ခတ္စြာေျပာင္းေနတတ္တာမ်ိဳး။ ဒီေန႔ေတာ့ စူးစူးစိုက္စိုက္မုဒ္ကိုမေျပာင္းဘူးဆိုတာ သိသာလွတယ္။ သူဟာ ရင္းခ်ဲယ္အရိပ္ျပလို႔လည္းအေကာင္မျမင္ပဲ သူ႔ပန္းကန္ထဲကိုသာစားစရာေတြ မနားတမ္းထည့္ေပးေနေတာ့သည္။

‘’မင္းဟာခ်ည္း စားမ‌ေနနဲ႔ ေရာ့ ေကာဖုတ္ထားတဲ့အာလူးစား ၊ မင္းအသီးရြက္ႀကိဳက္တယ္မလား?

‘’ဒီအမဲသားကလည္းတအားေကာင္းတာ ေကာက မင္းအတြက္တစ္ျပားကင္ေပးမွာမို႔လို႔ ေသခ်ာေပါက္စားရမယ္ေနာ္ ၾကားလား?

‘’အကင္က ဆလပ္နဲ႔မွစားေကာင္းတာ စားၾကည့္ခ်င္လား?’’

က်န႔္ေယာင္ဟာ ပူပူေႏြးေႏြး ကင္ထားတဲ့ အသားေလးကို ဆလပ္ရြက္နဲ႔ထုပ္ၿပီး ‌ေဆာ့စ္ထဲႏွစ္ေပးေလသည္၊ သူ႔လုပ္ရပ္ေတြမွာ လင္းယြမ္ထက္ပင္ ပို၍ေသေသသပ္သပ္။ ကိုယ္တိုင္ေတာင္ ခြံ့ေကၽြးေတာ့မတတ္ပင္။

ရင္းခ်ဲယ္ ပန္းကန္ထဲက အသားကင္ဆလပ္ထုပ္ေလးကို ၾကည့္လိုက္ရင္း
‘’......’’

အမွတ္တမဲ့ သူက အဓိကအမ်ိဳးသမီးဇာတ္ေဆာင္ေနရာမ်ား ေရာက္သြားတာလား?

က်န႔္ေယာင္ကိုယ္တိုင္ကေတာ့ ဘာကိုမွအရမ္းႀကီးမေတြးမိ။ သူ႔အတြက္ေတာ့ ခုနေလးက ‘’group chatထဲမပါတာ ငါတစ္ေယာက္တည္းနဲ႔တူတယ္”လို႔ ေျပာခဲ့တဲ့ ေကာင္စုတ္ေလးကိုသာေတြးမိၿပီး သူ႔စိတ္ထဲမေကာင္းျဖစ္ေနတာပင္။

သူ႔ရင္ထဲမွာ လွိုက္တက္လာတဲ့ အမည္မသိခံစားခ်က္၊ သနားတာလား တျခားတစ္ခုခုလားေတာ့ သူကိုယ္တိုင္လည္းမေျပာတတ္။ ခါတိုင္းဝမ္ေရွာင္ရို႔ေလးကို ဂ႐ုစိုက္ေပးသလို ခံစားခ်က္မ်ိဳးလားဆိုေတာ့လည္း နည္းနည္းကြဲျပားျပန္တယ္။

ဘာပဲျဖစ္ျဖစ္ေလ ေဘးကလူကို သူဂ႐ုစိုက္ေပးခ်င္႐ုံပါ။

အကင္ဖိုေပၚမွ ငါးဟာ အေငြ႕တေထာင္းေထာင္းထြက္လ်က္ရွိကာ တစ္ဖက္လွန္ရမည့္အခ်ိန္‌‌ေရာက္ေနေလၿပီ။ က်န႔္ေယာင္က ညႇပ္ကိုကိုင္ၿပီးလွန္ဖို႔ျပင္လိုက္စဥ္မွာ ႐ုတ္တရက္ ေပါင္ကိုတစ္ခုခုနဲ႔တို႔လာသည္ကို ခံစားလိုက္ရသည္။ အရမ္းႀကီးလည္း အားမျပင္းပဲ အနည္းငယ္ယားက်ိက်ိျဖစ္တာေၾကာင့္ သူလည္း မသိလိုက္ပါပဲနဲ႔ လက္ႏွင့္ဖမ္းထားလိုက္ေတာ့သည္။      
.

‘’အိုက္ ေသစမ္း’’
က်န္းခဲ့သည္ေတာ့ ၾကမ္းျပင္ေပၚတူျပဳတ္က်သြား၍ မခ်ိမဆံ့ႏွင့္ စားပြဲေအာက္ကုန္းေကာက္ရသည္။ တူေတြမွာေတာ့ ညစ္ပတ္သြားၿပီမို႔ သုံးမရေတာ့။ ဒါနဲ႔ပဲ သူဝိတ္တာကိုပဲလွမ္းေခၚလိုက္မည္ဟုေတြးလ်က္ ေခါင္းေမာ့လာတုန္း ‌ေတြ႕လိုက္ရသည့္ျမင္ကြင္းေၾကာင့္ သူ႔တစ္ကိုယ္လုံးကို တုန္တက္သြားေစၿပီး စကားလုံးမ်ားဟာလည္း လည္ေခ်ာင္းထဲတစ္ဆို႔လ်က္။

သူနဲ႔မ်က္ေစာင္းထိုးက စားပြဲဝိုင္းေအာက္မွာေတာ့ alphaေတြက လက္ညႇိုးေလးနဲ႔တို႔တယ္ဆိုရင္ကို ထသတ္တတ္တဲ့ antisocialနာမည္ႀကီးေက်ာင္းသားဆိုးေလးဆိုသူက တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ခံထားရေလတယ္။

ၾကားထဲမွာလည္း ဘာဆိုဘာ ၾကားခံနယ္မ်ိဳးမွမရွိပဲ က်ယ္ျပန႔္တဲ့လက္ဖဝါးျပင္က ထိုလက္ေဖြးေဖြးကို အခိုင္အမာအုပ္ကိုင္ထားေလသည္။

ေက်ာင္းလူဆိုးဟာ ယဥ္ပါးေအာင္ထိန္းသိမ္းခံလိုက္ရသလို၊ သူ႔ရဲ့အစြယ္ေတြကို လိမ္လိမ္မာမာေလး ဖယ္ထုတ္ထားေလတယ္။ သူ႔လက္ကို ထို alphaရဲ့ေပါင္ေပၚမွာ ၿငိမ္ၿငိမ္ေလးတင္ထားကာ တစ္လက္မေလးပင္မလွုပ္ပဲ alphaကိုကိုင္ခြင့္ေပးထားေလသည္။

က်ားေရျခဳံထားတဲ့ ယုန္လိမၼာေလးအလား။

 ______

    

ရႊယ္တိ - ဂ်ဴနီယာ(ေက်ာင္းသား)
ရႊယ္က်န္း - စီနီယာ(ေက်ာင္းသား)

  

    

  

Continue Reading

You'll Also Like

450K 26.1K 31
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
818K 16.5K 83
ကောင်မလေးကိုချစ်ပါသည်။
40.5K 3.3K 20
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
96.7K 12.1K 104
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...