ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ...

By xena-bb

108K 22.9K 1.4K

Title - I and My Husband Sleep in a Coffin Author - Wu Shui Bu Du [无水不渡] Chapters - 93 chapters (Complete) En... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44

Chapter 22

652 114 6
By xena-bb

{Unicode}

ဝမ်ဖုန်းကျင် ကနဦးမှာ တွေးခဲ့တာက : သူတမင်သက်သက် ဖော်ထုတ်ပြလိုက်တဲ့ အမှန်တရားအစိတ်အပိုင်းကို ရှစ်ရှုန်းက သိသွားပြီးနောက်မှာ အရမ်းတွေအပြစ်မကင်းဖြစ်ကာ စိတ်ဖိစီးပြီး သတိကပ်နေတာတွေ လုံး၀ ပျောက်သွားကာ သူ့အပေါ် အူလှိုက်သည်းလှိုက် မှီခိုလာလိမ့်မယ်ဆိုပြီးဖြစ်တယ်။ နောက်ပြီး တဖြည်းဖြည်းနဲ့ သူ့နှလုံးသားရော ခန္ဓာကိုယ်ပါ သူ့(ဝမ်ဖုန်းကျင်)ထံ အပ်နှံလာပြီး ချစ်ကြည်နူးတစ်တီတူးတဲ့ဘ၀မှာ ‘ဖုန်းကျင် ငါ ချမ်းတယ်”ဆိုလာရင် “ရှစ်ရှုန်း ကျွန်တော့်ရင်ခွင်ထဲမှာ နွေးထွေးအောင် လုပ်ပေးပါရစေ”ဆိုပြီး နေနိုင်လိမ့်မယ်။

သို့ပေမယ့် ရှေးခေတ်ကျောက်ဖြစ်ရုပ်ကြွင်းအနေနဲ့ ကျွန်တော်တို့ရဲ့gongလေး ဝမ်ဖုန်းကျင်ဟာဆိုရင်ဖြင့် ခေတ်သစ်ချိန်းတွေ့တဲ့ဓလေ့တွေအကြောင်း မသိခဲ့ရှာဘူးဆိုတာ အသိသာကြီးဖြစ်တယ်…

ဝမ်ရှောင်းမျယ်အနေနဲ့ကတော့…

အမှန်တရားကိုမသိခင် : အနိုင်ကျင့်ခံရချိန်မှာ မျက်ရည်ချောင်းစီးမတတ် ငိုနိုင်တဲ့ ကြောက်တတ်တဲ့ကြောင်လေးတစ်ကောင်။

သူက ဘော့စ်ရဲ့ငွေလမင်းလေးဆိုတာ ဝမ်ရှောင်းမျယ် သိသွားပြီးနောက် : သူ့နှလုံးသားထဲမှာ ဘဝင်လေဟပ်စွာ ရယ်နေရင်း သူ့နှုတ်ခမ်းထောင့်က မြင့်တက်သွားကာ မဲ့ပြုံးတစ်ခု ပေါ်ထွက်လာတယ်!

သူ့ရဲ့ပြောင်းလဲမှုက လက်မထပ်ခင်နဲ့ လက်ထပ်ပြီး ခမည်းခမက်တွေလိုမျိုး သက်ရောက်မှုက ပြင်းထန်လှတယ်။

“ရှောင်ဝမ်းကျစ်၊ အဝတ်လျှော်ဖို့အချိန်ရောက်ပြီ” [ T/N : ဝမ်းကျစ်ဆိုတာ တရုတ်မှာ ခြင်ဆိုတဲ့ အဓိပ္ပါယ်ပါ၊ ဝမ်ဖုန်းကျင်ရဲ့ မျိုးရိုးနာမည်နဲ့ အသံချင်းဆင်နေတာကြောင့် ဝမ်ရှောင်းမျယ်က ဒီလိုမျိုး နာမည်ပြောင်ပေးလိုက်တာပါ ]

ဝမ်ဖုန်းကျင် “…” ‘ရှောင်ဝမ်းကျစ်???’

“ရှောင်ဝမ်းကျစ် ငါ လက်နက်တင်တဲ့ဟာကို အဝတ်လှန်းတဲ့တန်းလုပ်လိုက်မယ်နော်”

ဝမ်ဖုန်းကျင် “… ကိုယ့်ရဲ့လျောင်ယွဲ့ဓားက ဘယ်မှာလဲ?”

“Ha? ဪ ငါ ကြမ်းပြင်ပေါ် ပစ်ချထားခဲ့တယ်!”

ဝမ်ဖုန်းကျင် “…”

“ရှောင်ဝမ်းကျစ်! မုယီက ငါဒီမှာ ထားခဲ့တဲ့မုန့်ကို ခိုးသွားတယ်! ငါ့ဆီမှာ ပြန်လာထားဖို့ ပြောပေး!”

ဝမ်ဖုန်းကျင် “…”

“ရှောင်ဝမ်းကျစ် ရေသူမမီးအိမ်တွေက နှစ်တွေအများကြီးကြာသွားတာတောင် မငြိမ်းနိုင်ဘူးလို့ မင်းပြောခဲ့တယ်နော်၊ ဒါဆို ငါ့ရဲ့ဟော့ပေါ့လေး ချက်ဖို့ အဲ့တာကို ဘာလို့မသုံးရမှာလဲ…”

“Wah! မီးဗျို့! မီးမြန်မြန် ငြိမ်းပေးကြပါ! ရှောင်ဝမ်းကျစ်!”

မီးကို အစပျိုးခဲ့တဲ့ ဝမ်ရှောင်းမျယ်က အဆက်မပြတ်အော်ဟစ်ကာ နေရာမှာတင် စက်ဝိုင်းပုံစံတွေ ပြေးလွှားနေတော့တယ်။ ဝမ်ဖုန်းကျင်လည်း သက်ပြင်းချပြီး သူ့မျက်နှာပေါ်က မကောင်းဆိုးဝါးဆန်တဲ့အမူအယာကို ဖယ်ရှားလိုက်တယ်။ ခွေးပေါက်လေးလို ဝမ်ရှောင်းမျယ်ဆီ အမြန်ပျံသန်းသွားပြီး သူ့လက်မောင်းတွေထဲမှာ ပွေ့လိုက်တယ်။ သူ့ရဲ့လက်တစ်ဖက်အဝှေ့မှာ ကျောက်တုံးတစ်တုံးက မြေပြင်ပေါ် ရိုက်ခတ်သွားပြီး ချက်ချင်းဆိုသလို အပိုင်းပိုင်းအစစဖြစ်သွားကာ မီးလောင်နေတဲ့ပေါ်ကို ဖုံးအုပ်သွားတယ်။

စုတ်ဖွာနေတဲ့ရှေ့နားက ဆံခွေလေးတွေနဲ့ အပြစ်ကင်းဟန်မျက်နှာလေးဖြစ်နေတဲ့ သူ့လက်မောင်းကြားက ငိုကြွေးနေတဲ့ဟာလေးကို ဝမ်ဖုန်းကျင် ကြည့်လိုက်တယ်။

ဝမ်ဖုန်းကျင် မျက်မှောင်ကြုတ်နေပြီး သူ ဘာမှတောင် မပြောနိုင်သေးခင် ဝမ်ရှောင်းမျယ်က သူ့ကို ပါးကြီးဖောင်းကားပြီး စိုက်ကြည့်လာတယ်။

“ဘာတွေ လာကြည့်နေတာလဲ? မင်းက ငါ့ကို အကြမ်းပတမ်းလုပ်တော့မလို့လား?”

ဝမ်ဖုန်းကျင် “…” ‘အင်း၊ ကိုယ်လုပ်မှာဆိုလို့ မင်းကိုသေလောက်အောင် ချစ်မှာပဲရှိတယ်’

ဝမ်ဖုန်းကျင် အကူအကယ်မဲ့သလိုခံစားရပြီး သဘောလည်း ခွေ့နေရတယ်။ ဝမ်ရှောင်းမျယ်မျက်နှာပေါ်က လုပ်ရဲကိုင်ရဲဖြစ်နေတဲ့ အမူအယာလေးကိုကြည့်ရင်း သွားတွေ ယားလာကာ မနေနိုင်တော့ဘဲ သူ့နှာခေါင်းလေးကို ညှစ်ပြီး ပါးကို တစ်ချက်ကိုက်လိုက်တယ်။ သူ အမြတ်တနိုးထားရတဲ့သူ့အချစ်လေးက အေးစက်နေပေမယ့် အသားအရေလေးကတော့ နူးညံ့တယ်လို့ ခံစားရတယ်။

ဝမ်ဖုန်းကျင်နှလုံးသားထဲမှာ သေချာတဲ့နွေးထွေးမှုလေးတစ်ခုနဲ့ ပြည့်နှက်လို့သွားတယ်။

နောက်ပိုင်း ဝမ်ဖုန်းကျင်က များများစားစားပြုံးရယ်တာမရှိတော့မှန်း ဝမ်ရှောင်းမျယ် သိလိုက်ရတယ်။ သို့ပေမယ့် ပျောက်ကွယ်သွားတဲ့အပြုံးက မဲ့တဲ့တဲ့နဲ့ သံသယလွန်ကဲသလို အပြုံးမျိုးဖြစ်တယ်။ အခု ဝမ်ရှောင်းမျယ်က ရှောင်ဝမ်းကျစ်လို့ ခေါ်လိုက်တိုင်းမှာ သူလုပ်နေတဲ့အရာတွေအားလုံးကို ချထားပြီး ကလေးတစ်ယောက်ကို ပြတတ်တဲ့ အကူအကယ်မဲ့တဲ့အပြုံးလေးတစ်ခုနဲ့ သူ့ဘက်ကို လှည့်ကြည့်လာတတ်တယ်။

သူ့မျက်ခုံးတွေက ကြုတ်နေပေမယ့် တကယ်တော့ တခြားအချိန်တွေထက်တောင် ပိုပြီးပျော်ရွှင်နေတာဖြစ်တယ်။

တမင်တကာကို ပြဿနာလိုက်ရှာနေတဲ့ ဝမ်ရှောင်းမျယ်က သူ့ရဲ့ကွက်ကွက်ကွင်းကွင်းကို ပြောင်းလဲသွားတဲ့အမူအယာတွေကို ကြိတ်ပြီးရယ်မောနေတာဖြစ်တယ်။

မင်းသာ ဝမ်းနည်းနေမယ်ဆိုရင် မင်းကို တက်ကြွလာစေမယ့် အရာအားလုံးပေးလိုက်မယ်။ မင်းကို အရမ်းကြီးအထီးကျန်နေတာမျိုး မဖြစ်စေချင်လို့ ပြဿနာတွေ လိုက်ရှာပေးမယ်…

တခြားသူတွေကတော့ မှင်စာတွေ၊ တစ္ဆေတွေလို့ခေါ်ကြပေမယ့် မင်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ပြီးတိုင်း နမ်းခွင့်ပေးတဲ့ နတ်သားမျိုး ဒီလောကကြီးထဲမှာရှိတယ်။

မင်းနှလုံးသားကို အညှောက်ပေါက်လာအောင်လုပ်တဲ့ ဒီလိုမျိုးနောက်တီးနောက်တက် တည်ရှိမှုမျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် မင်းလုပ်ရမှာဆိုလို့ သူ့ကိုတကယ်ကြီး ခပ်ကြမ်းကြမ်းလေး နမ်းပစ်ဖို့သာဖြစ်တယ်။

ညအချိန်ရောက်ရင် ခပ်ကြီးကြီးလူရဲ့ရင်ဘတ်ကို မအိပ်ခင် ခိုးကြောင်ခိုးဝှက်လေး တို့ထိတတ်တဲ့ မှင်စာငယ်လေးက အခုဆိုရင်တော့ဖြင့် ပေါ်ပေါ်ထင်ထင်လုပ်လာပြီဖြစ်တယ်။ သူ့လက်တွေက တောင်ဘက်စွန်းနားထိကိုတောင် စမ်းတဝါးဝါးနဲ့ ရောက်လာပြီး မအိပ်ခင် တစ်ချက်လောက် ညှစ်သွားတတ်တယ်။

သူ့ရင်ဘတ်ပေါ်မှာ လှဲနေတဲ့ ခေါင်းလေးနဲ့ နူးညံ့တဲ့တအီအီသံလေးတွေလုပ်ရင်း သူ့ဗိုက်ပေါ်မှာ ခပ်တည်တည်နဲ့နေရာလာယူနေတဲ့ ပေါင်သားလေးတွေကို ကြည့်ရင်း ဝမ်ဖုန်းကျင်ခမျာ အတော့်ကိုခက်ခက်ခဲခဲ မြိုသိပ်နေရတယ်။ ဒါတောင်မှ သူ့ရဲ့အားထုတ်မှုတွေ ငြင်းပယ်ခံလိုက်ရတယ်။

ဝမ်ရှောင်းမျယ် “မင်းရဲ့သေနတ်က ဘာလို့မောင်းမတက်လာရတာလဲ?! ငါ ငါ့ရဲ့အကန့်အသတ်ကို ရောက်တော့မယ်!” ‘ဟမ့်! မုန်းဖို့ကောင်းချက်!’

ဝမ်ဖုန်းကျင် “…”

ဝယ်ယူသူများ သတိပြုရန်၊ အမှန်တကယ် ထုတ်ကုန်ပစ္စည်းသည် ထုပ်ပိုးမှုနဲ့ ကွဲပြားနိုင်သည်! တံဆိပ်တွင် ကပ်ထားသည်က : နွေးထွေးပြီး နှစ်လိုဖွယ်ကောင်းသော ရှစ်ရှုန်း။ တကယ့်ပစ္စည်း : ညစ်တီးညစ်ပတ်အတွေးများပြည့်နေသည့် နောက်တီးနောက်တောက် ဝမ်ရှောင်းမျယ်။

ဝမ်ဖုန်းကျင်လည်း နောက်တစ်စက္ကန့်တောင် ပိုပြီးသည်းမခံနိုင်တော့တာ‌ကြောင့် ဝမ်ရှောင်းမျယ်ကို ဝေးဝေးတွန်းထုတ်လိုက်တယ်။ အဲ့တာက သူ့ကိုသွားဖြဲပြကာ ပြောလာစေတယ် “မင်းက ငါ့ကိုထပ်ပြီး မကြိုက်တော့ဘူးလား? ဟမ်? ပြောသာ ပြောလိုက်စမ်းပါ! Wan wan wan!”

ဝမ်ဖုန်းကျင် “… ရှောင်းမျယ်၊ ခွေးဟောင်သလို အသံတွေ မလုပ်နဲ့တော့”

ဝမ်ရှောင်းမျယ် “….wan wan wan!” ‘ငါမင်းကို ကိုက်တော့မှာ!’

သူတောင် သတိမထားမိဘဲ ဝမ်ဖုန်းကျင်က ဝမ်ရှောင်းမျယ်ကို သူ့နာမည်အတိုင်း ခေါ်မိခဲ့တယ်။ ဒီလိုမျိုး ခပ်နောက်နောက်ဟာလေးကိုကြည့်ပြီး ရှစ်ရှုန်း ဒါမှမဟုတ် မျန်တျန်းလို့ မခေါ်နိုင်ဘူး။ နောက်ပြီး သူ့ရဲ့နက်မှောင်မည်းနက်နေတဲ့သူငယ်အိမ်တွေထဲမှာ အကြွင်းမဲ့ချိုမြိန်မှုတွေ အလိုလိုက်မှုတွေနဲ့ ပြည့်နေပြီး သူ့ရဲ့ရှစ်ရှုန်းကို လေးစားမှုတွေနဲ့ ကြည့်နေရတဲ့လူတစ်ယောက်အဖြစ်ကနေ လူရှုပ်လေးကို မတတ်သာစွာ ချစ်မိနေတဲ့ ‘လူအို’ကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားတော့တယ်။

တစ်နေ့မှာ ဝမ်ရှောင်းမျယ်က ပျင်းလွန်းတာကြောင့် ရွံတွေကို နယ်နေတယ်။ မြေအောက်မှာက လိုအပ်ချက်တွေအရမ်းများတယ်၊ အတိအကျပြောရရင် လျှပ်စစ်ပစ္စည်းနဲ့ အင်တာနက်ပဲ။ ရွှေတွေ၊ ရတနာတွေနဲ့ မြေဩဇာတွေသာ အလျှံအပယ်ရှိနေတယ်။

ဝမ်ရှောင်းမျယ် ဝမ်ဖုန်းကျင်ကို တစ်ခါမေးဖူးတယ် : “ဒီလောက်တောင် ရှည်တဲ့မြေအောက်မြစ်ကြီးထဲမှာ ငါးတွေ ရှိမနေသင့်ဘူးလား?”

ဝမ်ဖုန်းကျင် တွန့်ဆုတ်ဆုတ်ဖြစ်သွားတယ် “အရင်တုန်းကတော့ ဒီထဲမှာ ရှင်နိုင်တဲ့ ငါးနည်းနည်းပါးပါး ကိုယ် ပစ်ထည့်ခဲ့သေးတယ်၊ ဒါပေမယ့် သူတို့တာဝန်က သင်္ချိုင်းတူးတဲ့သူတွေရန်ကနေ ကာကွယ်…”

“ဝိုး! ငါး ရှိတယ်ပေါ့?! ဒါဆို နောက်ဆုံးတော့ ငါတို့တွေ ငါးကင်စားလို့ရပြီပဲ!” ဝမ်ရှောင်းမျယ် တက်ကြွသွားကာ ငါးမျှားဖို့ကိုပါ အကြံပြုလာတယ်။ သူက ဝမ်ဖုန်းကျင်ရဲ့နောက်ဆုံးစကားကို လုံး၀လျစ်လျူရှုထားလိုက်တယ်။

တကယ့်တကယ် ဝမ်ရှောင်းမျယ်တစ်ယောက် သူ့ကို စပ်ဖြဲဖြဲလုပ်ပြနေတဲ့ လူခေါင်းနဲ့ဆံပင်အရှည်ကြီးတွေရှိတဲ့ ငါးကြီးတစ်ကောင် ဖမ်းမိခဲ့ချိန်မှာ နှစ်ရက်ဆက်တိုက် အိမ်မက်ဆိုးတွေ မက်ခဲ့ရတယ်။

ဝမ်ရှောင်းမျယ် “…” ‘ဒီလိုနေရာမျိုးမှာ ပုံမှန်ငါး ရှိမယ်လို့ တွေးခဲ့တဲ့ ငါကိုက တုံးတာ!’

ထိုကတည်းက ဝမ်ရှောင်းမျယ်လည်း ငါးမျှားဖို့ရော ငါးကင်စားဖို့ကိုပါ ဘယ်သောအခါမှ ထပ်မပြောတော့ပေ။

သူ မြစ်ဘေးနားမှာ ရွံ့လေးတွေကို ပုံသွင်းရင်း တိတ်တိတ်လေးသာ ထိုင်နေလိုက်တယ်။ သူ လုပ်လို့ပြီးသွားတာတွေက အရိုးပြာခွက်နှစ်ခွက်၊ တစ်ခုက သူ့အတွက် နောက်တစ်ခုက ဝမ်ဖုန်းကျင်အတွက်ဖြစ်တယ်။ တကယ်လို့များ နောက်ပိုင်း သူတို့တွေကို သိပ္ပံပညာရှင်တွေက ရှာတွေ့သွားပြီး ရွံ့တွေထဲက တူးထုတ်တဲ့အချိန်ကျရင် အရိုးပြာခွက်တွေက အဆင်သင့်လေး သုံးလို့ရသွားပြီ။

မကြာမကြာ ဝမ်ရှောင်းမျယ် အတိတ်ကို အိမ်မက်,မက်လေ့ရှိပြီး သူနိုးလာချိန်တိုင်း သူ့ပါးစပ်ထဲမှာ ခါးသက်သက်အရသာကို ရတယ်။ သို့ပေမယ့် အဲ့တာက ထူးဆန်းတဲ့သစ်ပင်ဆီကလို့ပဲ မှတ်ယူထားလိုက်တယ်။

နောက်ပြီး သူ့ရဲ့အတိတ်ကမှတ်ဉာဏ်တွေ ပြန်ရလာတာကြောင့်လည်းဖြစ်နိုင်တယ်၊ ထိုကနေ သူဝေးဝေးနေနိုင်တဲ့ ကြာချိန်က ပိုများသွားပြီ။

ဝမ်ဖုန်းကျင်မွေးထားတဲ့ ‘ခရူတီလေးတွေ’ကိုလည်း သူသိလာရပြီဖြစ်တယ်။

ထိုအရာလေးတွေက ဆန်းပြားတဲ့ပုံစံရှိကြတယ်…

နှိုင်းယှဉ်ပြောရရင် သွေးနီရောင်ဖွတ်ဖြစ်တဲ့ မုယီက တကယ့်ကို ကြည့်အကောင်းဆုံးတစ်ယောက်ဖြစ်တယ်။

ဝမ်ဖုန်းကျင်က လက်အမူအယာနဲ့ တစ်ယောက်ချင်းစီကို သူနဲ့မိတ်ဆက်ပေးတယ် : “ဒါက မုအာ့” ရေထဲမှာနေထိုင်တဲ့ ဆံပင်အရှည်ကြီးနဲ့ ရက်စက်တဲ့အမူအယာရှိတဲ့ သရဲမတစ်ကောင်ဖြစ်တယ်။

ဝမ်ရှောင်းမျယ် : ‘သူမက ဆာဒါကိုရဲ့အလုပ်ကို အလွယ်တကူ ခိုးယူနိုင်မှာပဲ’ [ T/N : the Ring ကားထဲက သရဲမပါ၊ ရေကန်ထဲထွက်လာတာလေ ]

“ဒါက မုဆန်း” ဒီတစ်ယောက်ဆို လူရုပ်တောင်မပေါ်ဘူး။ လက်တွေပေါက်နေတဲ့ မှိုပွင့်ကြီးတစ်ပွင့်နဲ့တောင် တူနေသေးတယ်။ အဝေးကလှမ်းကြည့်ရင်း လမ်းလျှောက်နေတဲ့ *အဟွတ်* မင်းတို့သိပါတယ်၊ ယောကျာ်းတိုင်း ရင်းနှီးနေတဲ့ဟာလေကွာ…

ဝမ်ဖုန်းကျင်ကတော့ သူ့ခန္ဓာကိုယ်ပေါ်က အကျိအချွဲတွေကို ဘယ်တော့မှ မထိမိစေနဲ့လို့ ပြောလာတယ်။ အဲ့တာတွေက ဘယ်လိုသက်ရှိလူသားကိုမဆို အဝတ်အစားတွေပဲ ကျန်ရစ်ခဲ့ပြီး ရေအိုင်ငယ်တစ်ခုအဖြစ် ပြောင်းလဲသွားစေနိုင်တယ်တဲ့။

“ဒါက မုဆစ်”

“ဒါက မု၀ူ”

“ဒါက …” [ Eng T/N : ဝမ်ဖုန်းကျင်က သစ်သားဆိုတဲ့ ‘မု’နောက်မှာ နံပါတ်လေးတွေ ထပ်ပေါင်းထည့်သွားပြီး သူတို့နာမည်အဖြစ် သုံးလိုက်တာပါ ]

တစ်ခွန်းတည်းပြောရရင် ဝမ်ဖုန်းကျင်က သင်္ချိုင်းနန်းတော်ကြီးကို ကာကွယ်စောင့်ရှောက်ကြသူ ဆယ်ယောက်နဲ့ မိတ်ဆက်ပေးတာဖြစ်တယ်။ ဝမ်ဖုန်းကျင်က အပြုံးလေးတစ်ပွင့်နဲ့ ပြောလာတယ် “သူတို့က ချစ်စရာမကောင်းဘူးလား?”

ဝမ်ရှောင်းမျယ် “… အမ်း အရမ်းချစ်ဖို့ကောင်းတယ်” ကြောက်စရာအကောင်းဆုံး သတ္တဝါကြီးတွေနဲ့ horrorကားတစ်ကား စရိုက်ဖို့အတွက် လုံး၀ကို အံကိုက်ပဲ။

ဝမ်ဖုန်းကျင်က သူ့ခေါင်းကို အသာလေးပွတ်ကာ “မင်း လမ်းလျှောက်ထွက်တဲ့အခါကျရင် သူတို့တွေကိုပါ ခေါ်သွားနော် သိလား? ကိုယ်တို့သင်္ချိုင်းရဲ့တည်နေရာက လုံး၀ကြီးဖုံးကွယ်ထားတာမျိုးမဟုတ်တော့ ပေါ်လာတဲ့သင်္ချိုင်းတူးတဲ့သူ အရေအတွက်က စိတ်ပျက်စရာကောင်းလာပြီ၊ မင်းဖာသာ ဘယ်တော့မှ ထိခိုက်ဒဏ်ရာမဖြစ်စေနဲ့”

သူတို့ကိုပါ ခေါ်သွားရမယ်? သူတို့တွေက ရှေ့ကနေလျှောက်ပြီး ငါက နောက်နားကနေ ခွေးထိန်းကြိုးလေးတစ်ခု ကိုင်ထားမယ်ဆို ဘယ်လိုလဲ?

ငါတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ လမ်းလျှောက်တယ်ပေါ့ ဒါမှမဟုတ် နတ်ဝင်သည်နှစ်ယောက်နဲ့ သူတို့ရဲ့ မကောင်းဆိုးဝါးတွေပေါ့။ အိုး ပြီးတော့လည်း ငါတို့ရဲ့ဟိတ်ဟန်ကောင်းတဲ့ မိသားစုကို သင်္ချိုင်းတူးတဲ့သူတွေမြင်ရင် သူတို့ ဘယ်လိုတွေးကြမလဲ?!

ဝမ်ရှောင်းမျယ်က သူ့ရဲ့ကြောက်ခမန်းလိလိမိသားစုဝင်တွေကို အသက်မပါစွာစိုက်ကြည့်ရင်း “ငါငြင်းတယ်၊ သူတို့က ရုပ်ဆိုးလွန်းလို့”

မွန်းစတားအုပ်စုက မတူညီတဲ့အသံတွေနဲ့ စတင်ပြီးတရှုံ့ရှုံ့ဖြစ်လာကြတယ်။ Aww အသံလေးတွေက တော်တော်လေး သနားဖို့ကောင်းလိုက်တာ _ ဆိုပြီးဖြစ်ပါလိမ့်မယ် အားကြီးကြီး! သောက်ကျိုးနည်း ကျောရိုးထဲမှာတော့ စိမ့်တက်သွားတယ်!

ဝမ်ရှောင်းမျယ် “… မင်းတို့ သရုပ်ဆောင်နေတာတွေကို အရမ်းကြီး အလေးအနက်မလုပ်လို့ ရမလား?”

မွန်းစတားအုပ်စု “မရဘူး၊ သခင်က ကြည့်နေတယ်!”

ဝမ်ရှောင်းမျယ် ခေါင်းမော့လိုက်တော့ ဝမ်ဖုန်းကျင်က ပြုံးပြုံးကြီးဖြစ်နေတာကို တွေ့လိုက်ရတယ်။

‘တွေ့လား သူက ကြည့်နေပါတယ်ဆို!’

“ရှောင်ဝမ်းကျစ်…”

“Hm?”

“ထိုင်လိုက်!”

“…”

ထိုနေ့မှာ ဝမ်ရှောင်းမျယ်က ရှုံ့မဲ့နေတဲ့ရှောင်ဝမ်းကျစ်ရဲ့ကျောပေါ်မှာ လိုက်စီးရုံတင်မက မြေအောက်နန်းတော်ကို လည်ပတ်ဖို့ မွန်းစတားသက်တော်စောင့်ဆယ်ယောက်လည်း စောင့်ကြပ်ပြီး ပါလာတယ်။

ဝမ်ရှောင်းမျယ်တစ်ယောက် အိပ်ရာမဝင်ခင် ညတိုင်း သူတို့ရဲ့သင်္ချိုင်းနန်းတော်ထဲမှာ လမ်းလျှောက်တဲ့ဒီအလေ့အကျင့်ကို သဘောကျကြောင်း ရှာတွေ့သွားခဲ့တယ်။ ဆယ်ရက်လောက်နေတော့ ဝမ်ဖုန်းကျင်လည်း တော်တော်လေးဝိတ်ကျသွားတယ်။

ဒီအချိန်အတွင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရပ်တစ်ခုကိုလည်း ဝမ်ရှောင်းမျယ် ရှာတွေ့သွားခဲ့တယ်။ ကြည့်ရတာ ဖွတ်လူသားမုယီနဲ့ မှိုပွင့်မုဆန်းတို့က အတော်လေးဆက်ဆံရေးမကောင်းပုံ ရတယ်။

သူတို့တွေ လမ်းလျှောက်ထွက်ချိန်တိုင်း မုယီက သင်္ချိုင်းနံရံမှာ တွယ်ကပ်နေပြီး မုဆန်းကို ခိုးကြောင်ခိုးဝှက် တံတွေးနဲ့ လှမ်းထွေးတတ်တယ်။

မုဆန်းက ပထမဆုံးနှစ်ကြိမ်မှာတော့ သူ့ကိုသည်းခံပေးတယ်။ သို့ပေမယ့် မုယီက သူ့ကိုဆက်တိုက် ရန်စကာ တခစ်ခစ်ရယ်နေတာကိုမြင်ချိန်မှာ မှိုပွင့်က သူ့ရဲ့တိုက်စားနိုင်တဲ့အကျိအချွဲတွေကို စတင်ထုတ်လာတာကြောင့် သူ့ဘေးက မုအာ့နဲ့ မုဆစ်တို့ဆီက စူးစူးဝါးဝါးအော်သံတွေ ထွက်လာတော့တယ်…

“…”

“မင်း သူတို့ကို စိတ်ထဲ ထားမနေပါနဲ့၊ မုယီနဲ့ မုဆန်းတို့က အသက်ရှင်နေတုန်းကတည်းက သဘောထားကွဲလွဲလာခဲ့ကြတာ” ဝမ်ဖုန်းကျင်က သူ့ကျောပေါ်က ဝမ်ရှောင်းမျယ်ကို တိုးတိုးလေးပြောလိုက်တယ်။ ထို့နောက် သူ မွန်းစတားအုပ်စုကို တစ်ချက်စူးခနဲ ကြည့်လိုက်တယ်။ မုဆန်းက ချက်ချင်းဆိုသလို သူထုတ်နေတဲ့အက်ဆစ်တွေကို ရပ်ပစ်လိုက်ပြီး မုယီကလည်း နံရံပေါ်က ခုန်ဆင်းကာ ကျန်တဲ့လမ်းကြောင်းတစ်လျှောက် လိမ်လိမ်မာမာလေးနဲ့ လျှောက်လိုက်လာတော့တယ်။

ဗရုတ်ကျတဲ့မွန်းစတားအုပ်စုက သန္ဓေပြောင်းhuskyတွေနဲ့တောင် တူနေသေးတယ်။ ပြန်လည်သင့်မြတ်သွားကြပြီးနောက်မှာ သူတို့တွေက အတွဲလိုက်ကြီး မှောင်မည်းနေတဲ့လမ်းအတိုင်း ဆက်လျှောက်ကြတော့တယ်။

“…” ဒါက တော်တော်သဘောကျစရာကောင်းတယ်လို့ ဝမ်ရှောင်းမျယ် တွေးမိပြီး ဝမ်ဖုန်းကျင်ကို စနောက်တော့တယ် “ကလေးတို့ဖေဖေရေ၊ မင်းက တအားကြမ်းတာပဲ”

ဝမ်ဖုန်းကျင် တောင့်တင်းသွားတယ်။ အလန့်တကြားနဲ့ သူ့မျက်လုံးတွေက ပြူးကျယ်နေပြီး “မင်း ဘယ်လိုခေါ်လိုက်တယ်?”

သူ့ကျောပေါ်မှာ တက်စီးနေတာကြောင့် ဝမ်ရှောင်းမျယ်က ဝမ်ဖုန်းကျင်မျက်နှာပေါ်က အမူအယာကို မမြင်နိုင်ဘူး။ သူက ပြုံးရင်း ပြောလိုက်တယ် “ကလေးတို့ဖေဖေလေ‌! ငါတို့နှစ်ယောက်နဲ့ သူတို့ဆယ်ယောက်ကိုပဲ ကြည့်လေ… ငါတို့က မိသားစုဆယ့်နှစ်ယောက်နဲ့ တူမနေဘူးလား?”

ဝမ်ဖုန်းကျင် လမ်းလျှောက်နေရာက ရပ်သွားပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားတယ်။ သူတို့ရှေ့မှာရှိတဲ့ မွန်းစတားအုပ်စုကလည်း စပ်စပ်စုစုပြန်လှည့်ကြည့်လာတာကြောင့် ဝမ်ရှောင်းမျယ်လည်း လည်ကိုဆန့်ကာ ဝမ်ဖုန်းကျင်ကို ကြည့်လိုက်တယ်။

“ရှောင်ဝမ်းကျစ် ဘာဖြစ်တာလဲ?”

“ဘာမှမဖြစ်ပါဘူး” ဝမ်ဖုန်းကျင် သတိပြန်ဝင်သွားပုံရတယ်။ သူ ဝမ်ရှောင်းမျယ်ကို ကျောပေါ် ပင့်တင်ရင်း တိတ်တိတ်ဆိတ်ဆိတ် လမ်းဆက်လျှောက်တော့တယ်။

“ဖုန်းကျင် မင်း ဘာဖြစ်သွားတာလဲ?”

“ဘာမှမဖြစ်ပါဘူး… ရှောင်းမျယ်…”

“Hm?”

“ကလေးတို့… မေမေ”

“…”

ပျော်ရွှင်နေတဲ့အရိပ်အယောင်ပါဝင်နေတဲ့ ဩရှရှအသံက သူ့နားတွေထဲ နူးညံ့စွာ တိုးဝင်လာတယ်။ ချက်ချင်းဆိုသလို ဝမ်ရှောင်းမျယ် ရှက်သွားတော့တယ်။ လေထုက ပြန်လည်တိတ်ဆိတ်သွားပေမယ့် အခုချိန်မှာတော့ ချိုမြိန်တဲ့တိတ်ဆိတ်ခြင်းတွေနဲ့သာ ပြည့်နှက်နေတယ်။

စင်မြင့်ဆီပြန်ရောက်တော့ ဝမ်ရှောင်းမျယ်နဲ့ ဝမ်ဖုန်းကျင်လည်း သူတို့ခေါင်းတလားဆီကို ပြန်သွားလိုက်ကြတယ်။

နှစ်ယောက်လုံး ပက်လက်လှဲချလိုက်ပေမယ့် တစ်ယောက်မှ အိပ်မပျော်ကြဘူး။ ထိုည ဝမ်ရှောင်းမျယ် သူ့လက်တွေကို ပရမ်းပတာလျှောက်လုပ်ခွင့် မပြုခဲ့ဘူး။ သူတို့တွေ တိတ်ဆိတ်နေတာကြောင့် ဝမ်ဖုန်းကျင်ရဲ့ တိုးဖျော့ဖျော့အသက်ရှုသံက အတိုင်းအဆမရှိ ကျယ်လောင်နေတယ်။

ဖွင့်ဟထားတဲ့ ခေါင်းတလားကြီးကြောင့် သူတို့တွေ အပြည့်အ၀ဖူးပွင့်ကာ ပသာဒရှိလှတဲ့ ရဲရဲတောက်မက်မွန်ပင်ကြီးကို ကြည့်နေလို့ရတယ်။

အေးစက်ကာ ပိန်ကပ်နေတဲ့လက်တစ်ဖက်က ဝမ်ရှောင်းမျယ်ရဲ့ပိုအေးစက်နေတဲ့လက်တစ်ဖက်ပေါ်ကို ရောက်ရှိလာတယ်။

“မင်း…”

“မင်း…”

နှစ်ယောက်သား ခေါင်းလှည့်ကာ အချင်းချင်းကြည့်လိုက်ကြတယ်။ လေထုက ပျားရည်ပျစ်ပျစ်နဲ့ ပြည့်နှက်သွားသလိုမျိုး ပြင်းပြင်းထန်ထန်ချိုအီလာကာ အသက်ရှုမ၀သလောက် ဖြစ်လာတယ်…

ဝမ်ဖုန်းကျင် ရုတ်တရက် ထရယ်လိုက်တယ်။ မကောင်းဆိုးဝါးဆန်ဆန် ကြည့်ကောင်းတဲ့မျက်နှာက နီးကပ်လာတာနဲ့အမျှ ပထမဆုံးအကြိမ်အဖြစ် ထူးဆန်းစွာ အေးအေးချမ်းချမ်းလေးဖြစ်နေတယ်။ ဝမ်ရှောင်းမျယ်ကလည်း တိတ်ဆိတ်စွာမျှော်လင့်ရင်း မျက်လုံးတွေ မှိတ်ထားလိုက်တယ်။

နောက်ဆုံးမှာ အေးစက်တဲ့ ပန်းရောင်ဖျော့ဖျော့နှုတ်ခမ်းနှစ်စုံ ထိကပ်သွားတော့တယ်…

**********************************************

{Zawgyi}

ဝမ္ဖုန္းက်င္ ကနဦးမွာ ေတြးခဲ့တာက : သူတမင္သက္သက္ ေဖာ္ထုတ္ျပလိုက္တဲ့ အမွန္တရားအစိတ္အပိုင္းကို ရွစ္ရႈန္းက သိသြားၿပီးေနာက္မွာ အရမ္းေတြအျပစ္မကင္းျဖစ္ကာ စိတ္ဖိစီးၿပီး သတိကပ္ေနတာေတြ လုံး၀ ေပ်ာက္သြားကာ သူ႕အေပၚ အူလွိုက္သည္းလွိုက္ မွီခိုလာလိမ့္မယ္ဆိုၿပီးျဖစ္တယ္။ ေနာက္ၿပီး တျဖည္းျဖည္းနဲ႕ သူ႕ႏွလုံးသားေရာ ခႏၶာကိုယ္ပါ သူ႕(ဝမ္ဖုန္းက်င္)ထံ အပ္ႏွံလာၿပီး ခ်စ္ၾကည္ႏူးတစ္တီတူးတဲ့ဘ၀မွာ ‘ဖုန္းက်င္ ငါ ခ်မ္းတယ္”ဆိုလာရင္ “ရွစ္ရႈန္း ကြၽန္ေတာ့္ရင္ခြင္ထဲမွာ ႏြေးေထြးေအာင္ လုပ္ေပးပါရေစ”ဆိုၿပီး ေနနိုင္လိမ့္မယ္။

သို႔ေပမယ့္ ေရွးေခတ္ေက်ာက္ျဖစ္႐ုပ္ႂကြင္းအေနနဲ႕ ကြၽန္ေတာ္တို႔ရဲ႕gongေလး ဝမ္ဖုန္းက်င္ဟာဆိုရင္ျဖင့္ ေခတ္သစ္ခ်ိန္းေတြ႕တဲ့ဓေလ့ေတြအေၾကာင္း မသိခဲ့ရွာဘူးဆိုတာ အသိသာႀကီးျဖစ္တယ္…

ဝမ္ေရွာင္းမ်ယ္အေနနဲ႕ကေတာ့…

အမွန္တရားကိုမသိခင္ : အနိုင္က်င့္ခံရခ်ိန္မွာ မ်က္ရည္ေခ်ာင္းစီးမတတ္ ငိုနိုင္တဲ့ ေၾကာက္တတ္တဲ့ေၾကာင္ေလးတစ္ေကာင္။

သူက ေဘာ့စ္ရဲ႕ေငြလမင္းေလးဆိုတာ ဝမ္ေရွာင္းမ်ယ္ သိသြားၿပီးေနာက္ : သူ႕ႏွလုံးသားထဲမွာ ဘဝင္ေလဟပ္စြာ ရယ္ေနရင္း သူ႕ႏႈတ္ခမ္းေထာင့္က ျမင့္တက္သြားကာ မဲ့ၿပဳံးတစ္ခု ေပၚထြက္လာတယ္!

သူ႕ရဲ႕ေျပာင္းလဲမႈက လက္မထပ္ခင္နဲ႕ လက္ထပ္ၿပီး ခမည္းခမက္ေတြလိုမ်ိဳး သက္ေရာက္မႈက ျပင္းထန္လွတယ္။

“ေရွာင္ဝမ္းက်စ္၊ အဝတ္ေလွ်ာ္ဖို႔အခ်ိန္ေရာက္ၿပီ” [ T/N : ဝမ္းက်စ္ဆိုတာ တ႐ုတ္မွာ ျခင္ဆိုတဲ့ အဓိပၸါယ္ပါ၊ ဝမ္ဖုန္းက်င္ရဲ႕ မ်ိဳးရိုးနာမည္နဲ႕ အသံခ်င္းဆင္ေနတာေၾကာင့္ ဝမ္ေရွာင္းမ်ယ္က ဒီလိုမ်ိဳး နာမည္ေျပာင္ေပးလိုက္တာပါ ]

ဝမ္ဖုန္းက်င္ “…” ‘ေရွာင္ဝမ္းက်စ္???’

“ေရွာင္ဝမ္းက်စ္ ငါ လက္နက္တင္တဲ့ဟာကို အဝတ္လွန္းတဲ့တန္းလုပ္လိုက္မယ္ေနာ္”

ဝမ္ဖုန္းက်င္ “… ကိုယ့္ရဲ႕ေလ်ာင္ယြဲ႕ဓားက ဘယ္မွာလဲ?”

“Ha? ဪ ငါ ၾကမ္းျပင္ေပၚ ပစ္ခ်ထားခဲ့တယ္!”

ဝမ္ဖုန္းက်င္ “…”

“ေရွာင္ဝမ္းက်စ္! မုယီက ငါဒီမွာ ထားခဲ့တဲ့မုန႔္ကို ခိုးသြားတယ္! ငါ့ဆီမွာ ျပန္လာထားဖို႔ ေျပာေပး!”

ဝမ္ဖုန္းက်င္ “…”

“ေရွာင္ဝမ္းက်စ္ ေရသူမမီးအိမ္ေတြက ႏွစ္ေတြအမ်ားႀကီးၾကာသြားတာေတာင္ မၿငိမ္းနိုင္ဘူးလို႔ မင္းေျပာခဲ့တယ္ေနာ္၊ ဒါဆို ငါ့ရဲ႕ေဟာ့ေပါ့ေလး ခ်က္ဖို႔ အဲ့တာကို ဘာလို႔မသုံးရမွာလဲ…”

“Wah! မီးဗ်ိဳ႕! မီးျမန္ျမန္ ၿငိမ္းေပးၾကပါ! ေရွာင္ဝမ္းက်စ္!”

မီးကို အစပ်ိဳးခဲ့တဲ့ ဝမ္ေရွာင္းမ်ယ္က အဆက္မျပတ္ေအာ္ဟစ္ကာ ေနရာမွာတင္ စက္ဝိုင္းပုံစံေတြ ေျပးလႊားေနေတာ့တယ္။ ဝမ္ဖုန္းက်င္လည္း သက္ျပင္းခ်ၿပီး သူ႕မ်က္ႏွာေပၚက မေကာင္းဆိုးဝါးဆန္တဲ့အမူအယာကို ဖယ္ရွားလိုက္တယ္။ ေခြးေပါက္ေလးလို ဝမ္ေရွာင္းမ်ယ္ဆီ အျမန္ပ်ံသန္းသြားၿပီး သူ႕လက္ေမာင္းေတြထဲမွာ ေပြ႕လိုက္တယ္။ သူ႕ရဲ႕လက္တစ္ဖက္အေဝွ႕မွာ ေက်ာက္တုံးတစ္တုံးက ေျမျပင္ေပၚ ရိုက္ခတ္သြားၿပီး ခ်က္ခ်င္းဆိုသလို အပိုင္းပိုင္းအစစျဖစ္သြားကာ မီးေလာင္ေနတဲ့ေပၚကို ဖုံးအုပ္သြားတယ္။

စုတ္ဖြာေနတဲ့ေရွ႕နားက ဆံေခြေလးေတြနဲ႕ အျပစ္ကင္းဟန္မ်က္ႏွာေလးျဖစ္ေနတဲ့ သူ႕လက္ေမာင္းၾကားက ငိုေႂကြးေနတဲ့ဟာေလးကို ဝမ္ဖုန္းက်င္ ၾကည့္လိုက္တယ္။

ဝမ္ဖုန္းက်င္ မ်က္ေမွာင္ၾကဳတ္ေနၿပီး သူ ဘာမွေတာင္ မေျပာနိုင္ေသးခင္ ဝမ္ေရွာင္းမ်ယ္က သူ႕ကို ပါးႀကီးေဖာင္းကားၿပီး စိုက္ၾကည့္လာတယ္။

“ဘာေတြ လာၾကည့္ေနတာလဲ? မင္းက ငါ့ကို အၾကမ္းပတမ္းလုပ္ေတာ့မလို႔လား?”

ဝမ္ဖုန္းက်င္ “…” ‘အင္း၊ ကိုယ္လုပ္မွာဆိုလို႔ မင္းကိုေသေလာက္ေအာင္ ခ်စ္မွာပဲရွိတယ္’

ဝမ္ဖုန္းက်င္ အကူအကယ္မဲ့သလိုခံစားရၿပီး သေဘာလည္း ေခြ႕ေနရတယ္။ ဝမ္ေရွာင္းမ်ယ္မ်က္ႏွာေပၚက လုပ္ရဲကိုင္ရဲျဖစ္ေနတဲ့ အမူအယာေလးကိုၾကည့္ရင္း သြားေတြ ယားလာကာ မေနနိုင္ေတာ့ဘဲ သူ႕ႏွာေခါင္းေလးကို ညွစ္ၿပီး ပါးကို တစ္ခ်က္ကိုက္လိုက္တယ္။ သူ အျမတ္တနိုးထားရတဲ့သူ႕အခ်စ္ေလးက ေအးစက္ေနေပမယ့္ အသားအေရေလးကေတာ့ ႏူးညံ့တယ္လို႔ ခံစားရတယ္။

ဝမ္ဖုန္းက်င္ႏွလုံးသားထဲမွာ ေသခ်ာတဲ့ႏြေးေထြးမႈေလးတစ္ခုနဲ႕ ျပည့္ႏွက္လို႔သြားတယ္။

ေနာက္ပိုင္း ဝမ္ဖုန္းက်င္က မ်ားမ်ားစားစားၿပဳံးရယ္တာမရွိေတာ့မွန္း ဝမ္ေရွာင္းမ်ယ္ သိလိုက္ရတယ္။ သို႔ေပမယ့္ ေပ်ာက္ကြယ္သြားတဲ့အၿပဳံးက မဲ့တဲ့တဲ့နဲ႕ သံသယလြန္ကဲသလို အၿပဳံးမ်ိဳးျဖစ္တယ္။ အခု ဝမ္ေရွာင္းမ်ယ္က ေရွာင္ဝမ္းက်စ္လို႔ ေခၚလိုက္တိုင္းမွာ သူလုပ္ေနတဲ့အရာေတြအားလုံးကို ခ်ထားၿပီး ကေလးတစ္ေယာက္ကို ျပတတ္တဲ့ အကူအကယ္မဲ့တဲ့အၿပဳံးေလးတစ္ခုနဲ႕ သူ႕ဘက္ကို လွည့္ၾကည့္လာတတ္တယ္။

သူ႕မ်က္ခုံးေတြက ၾကဳတ္ေနေပမယ့္ တကယ္ေတာ့ တျခားအခ်ိန္ေတြထက္ေတာင္ ပိုၿပီးေပ်ာ္႐ႊင္ေနတာျဖစ္တယ္။

တမင္တကာကို ျပႆနာလိုက္ရွာေနတဲ့ ဝမ္ေရွာင္းမ်ယ္က သူ႕ရဲ႕ကြက္ကြက္ကြင္းကြင္းကို ေျပာင္းလဲသြားတဲ့အမူအယာေတြကို ႀကိတ္ၿပီးရယ္ေမာေနတာျဖစ္တယ္။

မင္းသာ ဝမ္းနည္းေနမယ္ဆိုရင္ မင္းကို တက္ႂကြလာေစမယ့္ အရာအားလုံးေပးလိုက္မယ္။ မင္းကို အရမ္းႀကီးအထီးက်န္ေနတာမ်ိဳး မျဖစ္ေစခ်င္လို႔ ျပႆနာေတြ လိုက္ရွာေပးမယ္…

တျခားသူေတြကေတာ့ မွင္စာေတြ၊ တစ္ေဆေတြလို႔ေခၚၾကေပမယ့္ မင္းတို႔ကို စိတ္အႏွောင့္အယွက္ျဖစ္ေအာင္လုပ္ၿပီးတိုင္း နမ္းခြင့္ေပးတဲ့ နတ္သားမ်ိဳး ဒီေလာကႀကီးထဲမွာရွိတယ္။

မင္းႏွလုံးသားကို အေညွာက္ေပါက္လာေအာင္လုပ္တဲ့ ဒီလိုမ်ိဳးေနာက္တီးေနာက္တက္ တည္ရွိမႈမ်ိဳးနဲ႕ ရင္ဆိုင္ရမယ္ဆိုရင္ မင္းလုပ္ရမွာဆိုလို႔ သူ႕ကိုတကယ္ႀကီး ခပ္ၾကမ္းၾကမ္းေလး နမ္းပစ္ဖို႔သာျဖစ္တယ္။

ညအခ်ိန္ေရာက္ရင္ ခပ္ႀကီးႀကီးလူရဲ႕ရင္ဘတ္ကို မအိပ္ခင္ ခိုးေၾကာင္ခိုးဝွက္ေလး တို႔ထိတတ္တဲ့ မွင္စာငယ္ေလးက အခုဆိုရင္ေတာ့ျဖင့္ ေပၚေပၚထင္ထင္လုပ္လာၿပီျဖစ္တယ္။ သူ႕လက္ေတြက ေတာင္ဘက္စြန္းနားထိကိုေတာင္ စမ္းတဝါးဝါးနဲ႕ ေရာက္လာၿပီး မအိပ္ခင္ တစ္ခ်က္ေလာက္ ညွစ္သြားတတ္တယ္။

သူ႕ရင္ဘတ္ေပၚမွာ လွဲေနတဲ့ ေခါင္းေလးနဲ႕ ႏူးညံ့တဲ့တအီအီသံေလးေတြလုပ္ရင္း သူ႕ဗိုက္ေပၚမွာ ခပ္တည္တည္နဲ႕ေနရာလာယူေနတဲ့ ေပါင္သားေလးေတြကို ၾကည့္ရင္း ဝမ္ဖုန္းက်င္ခမ်ာ အေတာ့္ကိုခက္ခက္ခဲခဲ ၿမိဳသိပ္ေနရတယ္။ ဒါေတာင္မွ သူ႕ရဲ႕အားထုတ္မႈေတြ ျငင္းပယ္ခံလိုက္ရတယ္။

ဝမ္ေရွာင္းမ်ယ္ “မင္းရဲ႕ေသနတ္က ဘာလို႔ေမာင္းမတက္လာရတာလဲ?! ငါ ငါ့ရဲ႕အကန႔္အသတ္ကို ေရာက္ေတာ့မယ္!” ‘ဟမ့္! မုန္းဖို႔ေကာင္းခ်က္!’

ဝမ္ဖုန္းက်င္ “…”

ဝယ္ယူသူမ်ား သတိျပဳရန္၊ အမွန္တကယ္ ထုတ္ကုန္ပစၥည္းသည္ ထုပ္ပိုးမႈနဲ႕ ကြဲျပားနိုင္သည္! တံဆိပ္တြင္ ကပ္ထားသည္က : ႏြေးေထြးၿပီး ႏွစ္လိုဖြယ္ေကာင္းေသာ ရွစ္ရႈန္း။ တကယ့္ပစၥည္း : ညစ္တီးညစ္ပတ္အေတြးမ်ားျပည့္ေနသည့္ ေနာက္တီးေနာက္ေတာက္ ဝမ္ေရွာင္းမ်ယ္။

ဝမ္ဖုန္းက်င္လည္း ေနာက္တစ္စကၠန႔္ေတာင္ ပိုၿပီးသည္းမခံနိုင္ေတာ့တာ‌ေၾကာင့္ ဝမ္ေရွာင္းမ်ယ္ကို ေဝးေဝးတြန္းထုတ္လိုက္တယ္။ အဲ့တာက သူ႕ကိုသြားၿဖဲျပကာ ေျပာလာေစတယ္ “မင္းက ငါ့ကိုထပ္ၿပီး မႀကိဳက္ေတာ့ဘူးလား? ဟမ္? ေျပာသာ ေျပာလိုက္စမ္းပါ! Wan wan wan!”

ဝမ္ဖုန္းက်င္ “… ေရွာင္းမ်ယ္၊ ေခြးေဟာင္သလို အသံေတြ မလုပ္နဲ႕ေတာ့”

ဝမ္ေရွာင္းမ်ယ္ “….wan wan wan!” ‘ငါမင္းကို ကိုက္ေတာ့မွာ!’

သူေတာင္ သတိမထားမိဘဲ ဝမ္ဖုန္းက်င္က ဝမ္ေရွာင္းမ်ယ္ကို သူ႕နာမည္အတိုင္း ေခၚမိခဲ့တယ္။ ဒီလိုမ်ိဳး ခပ္ေနာက္ေနာက္ဟာေလးကိုၾကည့္ၿပီး ရွစ္ရႈန္း ဒါမွမဟုတ္ မ်န္တ်န္းလို႔ မေခၚနိုင္ဘူး။ ေနာက္ၿပီး သူ႕ရဲ႕နက္ေမွာင္မည္းနက္ေနတဲ့သူငယ္အိမ္ေတြထဲမွာ အႂကြင္းမဲ့ခ်ိဳၿမိန္မႈေတြ အလိုလိုက္မႈေတြနဲ႕ ျပည့္ေနၿပီး သူ႕ရဲ႕ရွစ္ရႈန္းကို ေလးစားမႈေတြနဲ႕ ၾကည့္ေနရတဲ့လူတစ္ေယာက္အျဖစ္ကေန လူရႈပ္ေလးကို မတတ္သာစြာ ခ်စ္မိေနတဲ့ ‘လူအို’ႀကီးတစ္ေယာက္အျဖစ္ ေျပာင္းလဲသြားေတာ့တယ္။

တစ္ေန႕မွာ ဝမ္ေရွာင္းမ်ယ္က ပ်င္းလြန္းတာေၾကာင့္ ႐ြံေတြကို နယ္ေနတယ္။ ေျမေအာက္မွာက လိုအပ္ခ်က္ေတြအရမ္းမ်ားတယ္၊ အတိအက်ေျပာရရင္ လွ်ပ္စစ္ပစၥည္းနဲ႕ အင္တာနက္ပဲ။ ေ႐ႊေတြ၊ ရတနာေတြနဲ႕ ေျမဩဇာေတြသာ အလွ်ံအပယ္ရွိေနတယ္။

ဝမ္ေရွာင္းမ်ယ္ ဝမ္ဖုန္းက်င္ကို တစ္ခါေမးဖူးတယ္ : “ဒီေလာက္ေတာင္ ရွည္တဲ့ေျမေအာက္ျမစ္ႀကီးထဲမွာ ငါးေတြ ရွိမေနသင့္ဘူးလား?”

ဝမ္ဖုန္းက်င္ တြန႔္ဆုတ္ဆုတ္ျဖစ္သြားတယ္ “အရင္တုန္းကေတာ့ ဒီထဲမွာ ရွင္နိုင္တဲ့ ငါးနည္းနည္းပါးပါး ကိုယ္ ပစ္ထည့္ခဲ့ေသးတယ္၊ ဒါေပမယ့္ သူတို႔တာဝန္က သခၤ်ိဳင္းတူးတဲ့သူေတြရန္ကေန ကာကြယ္…”

“ဝိုး! ငါး ရွိတယ္ေပါ့?! ဒါဆို ေနာက္ဆုံးေတာ့ ငါတို႔ေတြ ငါးကင္စားလို႔ရၿပီပဲ!” ဝမ္ေရွာင္းမ်ယ္ တက္ႂကြသြားကာ ငါးမွ်ားဖို႔ကိုပါ အႀကံျပဳလာတယ္။ သူက ဝမ္ဖုန္းက်င္ရဲ႕ေနာက္ဆုံးစကားကို လုံး၀လ်စ္လ်ဴရႈထားလိုက္တယ္။

တကယ့္တကယ္ ဝမ္ေရွာင္းမ်ယ္တစ္ေယာက္ သူ႕ကို စပ္ၿဖဲၿဖဲလုပ္ျပေနတဲ့ လူေခါင္းနဲ႕ဆံပင္အရွည္ႀကီးေတြရွိတဲ့ ငါးႀကီးတစ္ေကာင္ ဖမ္းမိခဲ့ခ်ိန္မွာ ႏွစ္ရက္ဆက္တိုက္ အိမ္မက္ဆိုးေတြ မက္ခဲ့ရတယ္။

ဝမ္ေရွာင္းမ်ယ္ “…” ‘ဒီလိုေနရာမ်ိဳးမွာ ပုံမွန္ငါး ရွိမယ္လို႔ ေတြးခဲ့တဲ့ ငါကိုက တုံးတာ!’

ထိုကတည္းက ဝမ္ေရွာင္းမ်ယ္လည္း ငါးမွ်ားဖို႔ေရာ ငါးကင္စားဖို႔ကိုပါ ဘယ္ေသာအခါမွ ထပ္မေျပာေတာ့ေပ။

သူ ျမစ္ေဘးနားမွာ ႐ြံ႕ေလးေတြကို ပုံသြင္းရင္း တိတ္တိတ္ေလးသာ ထိုင္ေနလိုက္တယ္။ သူ လုပ္လို႔ၿပီးသြားတာေတြက အရိုးျပာခြက္ႏွစ္ခြက္၊ တစ္ခုက သူ႕အတြက္ ေနာက္တစ္ခုက ဝမ္ဖုန္းက်င္အတြက္ျဖစ္တယ္။ တကယ္လို႔မ်ား ေနာက္ပိုင္း သူတို႔ေတြကို သိပၸံပညာရွင္ေတြက ရွာေတြ႕သြားၿပီး ႐ြံ႕ေတြထဲက တူးထုတ္တဲ့အခ်ိန္က်ရင္ အရိုးျပာခြက္ေတြက အဆင္သင့္ေလး သုံးလို႔ရသြားၿပီ။

မၾကာမၾကာ ဝမ္ေရွာင္းမ်ယ္ အတိတ္ကို အိမ္မက္,မက္ေလ့ရွိၿပီး သူနိုးလာခ်ိန္တိုင္း သူ႕ပါးစပ္ထဲမွာ ခါးသက္သက္အရသာကို ရတယ္။ သို႔ေပမယ့္ အဲ့တာက ထူးဆန္းတဲ့သစ္ပင္ဆီကလို႔ပဲ မွတ္ယူထားလိုက္တယ္။

ေနာက္ၿပီး သူ႕ရဲ႕အတိတ္ကမွတ္ဉာဏ္ေတြ ျပန္ရလာတာေၾကာင့္လည္းျဖစ္နိုင္တယ္၊ ထိုကေန သူေဝးေဝးေနနိုင္တဲ့ ၾကာခ်ိန္က ပိုမ်ားသြားၿပီ။

ဝမ္ဖုန္းက်င္ေမြးထားတဲ့ ‘ခ႐ူတီေလးေတြ’ကိုလည္း သူသိလာရၿပီျဖစ္တယ္။

ထိုအရာေလးေတြက ဆန္းျပားတဲ့ပုံစံရွိၾကတယ္…

ႏွိုင္းယွဥ္ေျပာရရင္ ေသြးနီေရာင္ဖြတ္ျဖစ္တဲ့ မုယီက တကယ့္ကို ၾကည့္အေကာင္းဆုံးတစ္ေယာက္ျဖစ္တယ္။

ဝမ္ဖုန္းက်င္က လက္အမူအယာနဲ႕ တစ္ေယာက္ခ်င္းစီကို သူနဲ႕မိတ္ဆက္ေပးတယ္ : “ဒါက မုအာ့” ေရထဲမွာေနထိုင္တဲ့ ဆံပင္အရွည္ႀကီးနဲ႕ ရက္စက္တဲ့အမူအယာရွိတဲ့ သရဲမတစ္ေကာင္ျဖစ္တယ္။

ဝမ္ေရွာင္းမ်ယ္ : ‘သူမက ဆာဒါကိုရဲ႕အလုပ္ကို အလြယ္တကူ ခိုးယူနိုင္မွာပဲ’ [ T/N : the Ring ကားထဲက သရဲမပါ၊ ေရကန္ထဲထြက္လာတာေလ ]

“ဒါက မုဆန္း” ဒီတစ္ေယာက္ဆို လူ႐ုပ္ေတာင္မေပၚဘူး။ လက္ေတြေပါက္ေနတဲ့ မွိုပြင့္ႀကီးတစ္ပြင့္နဲ႕ေတာင္ တူေနေသးတယ္။ အေဝးကလွမ္းၾကည့္ရင္း လမ္းေလွ်ာက္ေနတဲ့ *အဟြတ္* မင္းတို႔သိပါတယ္၊ ေယာက်ာ္းတိုင္း ရင္းႏွီးေနတဲ့ဟာေလကြာ…

ဝမ္ဖုန္းက်င္ကေတာ့ သူ႕ခႏၶာကိုယ္ေပၚက အက်ိအခြၽဲေတြကို ဘယ္ေတာ့မွ မထိမိေစနဲ႕လို႔ ေျပာလာတယ္။ အဲ့တာေတြက ဘယ္လိုသက္ရွိလူသားကိုမဆို အဝတ္အစားေတြပဲ က်န္ရစ္ခဲ့ၿပီး ေရအိုင္ငယ္တစ္ခုအျဖစ္ ေျပာင္းလဲသြားေစနိုင္တယ္တဲ့။

“ဒါက မုဆစ္”

“ဒါက မု၀ူ”

“ဒါက …” [ Eng T/N : ဝမ္ဖုန္းက်င္က သစ္သားဆိုတဲ့ ‘မု’ေနာက္မွာ နံပါတ္ေလးေတြ ထပ္ေပါင္းထည့္သြားၿပီး သူတို႔နာမည္အျဖစ္ သုံးလိုက္တာပါ ]

တစ္ခြန္းတည္းေျပာရရင္ ဝမ္ဖုန္းက်င္က သခၤ်ိဳင္းနန္းေတာ္ႀကီးကို ကာကြယ္ေစာင့္ေရွာက္ၾကသူ ဆယ္ေယာက္နဲ႕ မိတ္ဆက္ေပးတာျဖစ္တယ္။ ဝမ္ဖုန္းက်င္က အၿပဳံးေလးတစ္ပြင့္နဲ႕ ေျပာလာတယ္ “သူတို႔က ခ်စ္စရာမေကာင္းဘူးလား?”

ဝမ္ေရွာင္းမ်ယ္ “… အမ္း အရမ္းခ်စ္ဖို႔ေကာင္းတယ္” ေၾကာက္စရာအေကာင္းဆုံး သတၱဝါႀကီးေတြနဲ႕ horrorကားတစ္ကား စရိုက္ဖို႔အတြက္ လုံး၀ကို အံကိုက္ပဲ။

ဝမ္ဖုန္းက်င္က သူ႕ေခါင္းကို အသာေလးပြတ္ကာ “မင္း လမ္းေလွ်ာက္ထြက္တဲ့အခါက်ရင္ သူတို႔ေတြကိုပါ ေခၚသြားေနာ္ သိလား? ကိုယ္တို႔သခၤ်ိဳင္းရဲ႕တည္ေနရာက လုံး၀ႀကီးဖုံးကြယ္ထားတာမ်ိဳးမဟုတ္ေတာ့ ေပၚလာတဲ့သခၤ်ိဳင္းတူးတဲ့သူ အေရအတြက္က စိတ္ပ်က္စရာေကာင္းလာၿပီ၊ မင္းဖာသာ ဘယ္ေတာ့မွ ထိခိုက္ဒဏ္ရာမျဖစ္ေစနဲ႕”

သူတို႔ကိုပါ ေခၚသြားရမယ္? သူတို႔ေတြက ေရွ႕ကေနေလွ်ာက္ၿပီး ငါက ေနာက္နားကေန ေခြးထိန္းႀကိဳးေလးတစ္ခု ကိုင္ထားမယ္ဆို ဘယ္လိုလဲ?

ငါတို႔ရဲ႕ အိမ္ေမြးတိရစ္ဆာန္ေလးေတြနဲ႕ လမ္းေလွ်ာက္တယ္ေပါ့ ဒါမွမဟုတ္ နတ္ဝင္သည္ႏွစ္ေယာက္နဲ႕ သူတို႔ရဲ႕ မေကာင္းဆိုးဝါးေတြေပါ့။ အိုး ၿပီးေတာ့လည္း ငါတို႔ရဲ႕ဟိတ္ဟန္ေကာင္းတဲ့ မိသားစုကို သခၤ်ိဳင္းတူးတဲ့သူေတြျမင္ရင္ သူတို႔ ဘယ္လိုေတြးၾကမလဲ?!

ဝမ္ေရွာင္းမ်ယ္က သူ႕ရဲ႕ေၾကာက္ခမန္းလိလိမိသားစုဝင္ေတြကို အသက္မပါစြာစိုက္ၾကည့္ရင္း “ငါျငင္းတယ္၊ သူတို႔က ႐ုပ္ဆိုးလြန္းလို႔”

မြန္းစတားအုပ္စုက မတူညီတဲ့အသံေတြနဲ႕ စတင္ၿပီးတရႈံ႕ရႈံ႕ျဖစ္လာၾကတယ္။ Aww အသံေလးေတြက ေတာ္ေတာ္ေလး သနားဖို႔ေကာင္းလိုက္တာ _ ဆိုၿပီးျဖစ္ပါလိမ့္မယ္ အားႀကီးႀကီး! ေသာက္က်ိဳးနည္း ေက်ာရိုးထဲမွာေတာ့ စိမ့္တက္သြားတယ္!

ဝမ္ေရွာင္းမ်ယ္ “… မင္းတို႔ သ႐ုပ္ေဆာင္ေနတာေတြကို အရမ္းႀကီး အေလးအနက္မလုပ္လို႔ ရမလား?”

မြန္းစတားအုပ္စု “မရဘူး၊ သခင္က ၾကည့္ေနတယ္!”

ဝမ္ေရွာင္းမ်ယ္ ေခါင္းေမာ့လိုက္ေတာ့ ဝမ္ဖုန္းက်င္က ၿပဳံးၿပဳံးႀကီးျဖစ္ေနတာကို ေတြ႕လိုက္ရတယ္။

‘ေတြ႕လား သူက ၾကည့္ေနပါတယ္ဆို!’

“ေရွာင္ဝမ္းက်စ္…”

“Hm?”

“ထိုင္လိုက္!”

“…”

ထိုေန႕မွာ ဝမ္ေရွာင္းမ်ယ္က ရႈံ႕မဲ့ေနတဲ့ေရွာင္ဝမ္းက်စ္ရဲ႕ေက်ာေပၚမွာ လိုက္စီး႐ုံတင္မက ေျမေအာက္နန္းေတာ္ကို လည္ပတ္ဖို႔ မြန္းစတားသက္ေတာ္ေစာင့္ဆယ္ေယာက္လည္း ေစာင့္ၾကပ္ၿပီး ပါလာတယ္။

ဝမ္ေရွာင္းမ်ယ္တစ္ေယာက္ အိပ္ရာမဝင္ခင္ ညတိုင္း သူတို႔ရဲ႕သခၤ်ိဳင္းနန္းေတာ္ထဲမွာ လမ္းေလွ်ာက္တဲ့ဒီအေလ့အက်င့္ကို သေဘာက်ေၾကာင္း ရွာေတြ႕သြားခဲ့တယ္။ ဆယ္ရက္ေလာက္ေနေတာ့ ဝမ္ဖုန္းက်င္လည္း ေတာ္ေတာ္ေလးဝိတ္က်သြားတယ္။

ဒီအခ်ိန္အတြင္းမွာ စိတ္ဝင္စားစရာေကာင္းတဲ့ျဖစ္ရပ္တစ္ခုကိုလည္း ဝမ္ေရွာင္းမ်ယ္ ရွာေတြ႕သြားခဲ့တယ္။ ၾကည့္ရတာ ဖြတ္လူသားမုယီနဲ႕ မွိုပြင့္မုဆန္းတို႔က အေတာ္ေလးဆက္ဆံေရးမေကာင္းပုံ ရတယ္။

သူတို႔ေတြ လမ္းေလွ်ာက္ထြက္ခ်ိန္တိုင္း မုယီက သခၤ်ိဳင္းနံရံမွာ တြယ္ကပ္ေနၿပီး မုဆန္းကို ခိုးေၾကာင္ခိုးဝွက္ တံေတြးနဲ႕ လွမ္းေထြးတတ္တယ္။

မုဆန္းက ပထမဆုံးႏွစ္ႀကိမ္မွာေတာ့ သူ႕ကိုသည္းခံေပးတယ္။ သို႔ေပမယ့္ မုယီက သူ႕ကိုဆက္တိုက္ ရန္စကာ တခစ္ခစ္ရယ္ေနတာကိုျမင္ခ်ိန္မွာ မွိုပြင့္က သူ႕ရဲ႕တိုက္စားနိုင္တဲ့အက်ိအခြၽဲေတြကို စတင္ထုတ္လာတာေၾကာင့္ သူ႕ေဘးက မုအာ့နဲ႕ မုဆစ္တို႔ဆီက စူးစူးဝါးဝါးေအာ္သံေတြ ထြက္လာေတာ့တယ္…

“…”

“မင္း သူတို႔ကို စိတ္ထဲ ထားမေနပါနဲ႕၊ မုယီနဲ႕ မုဆန္းတို႔က အသက္ရွင္ေနတုန္းကတည္းက သေဘာထားကြဲလြဲလာခဲ့ၾကတာ” ဝမ္ဖုန္းက်င္က သူ႕ေက်ာေပၚက ဝမ္ေရွာင္းမ်ယ္ကို တိုးတိုးေလးေျပာလိုက္တယ္။ ထို႔ေနာက္ သူ မြန္းစတားအုပ္စုကို တစ္ခ်က္စူးခနဲ ၾကည့္လိုက္တယ္။ မုဆန္းက ခ်က္ခ်င္းဆိုသလို သူထုတ္ေနတဲ့အက္ဆစ္ေတြကို ရပ္ပစ္လိုက္ၿပီး မုယီကလည္း နံရံေပၚက ခုန္ဆင္းကာ က်န္တဲ့လမ္းေၾကာင္းတစ္ေလွ်ာက္ လိမ္လိမ္မာမာေလးနဲ႕ ေလွ်ာက္လိုက္လာေတာ့တယ္။

ဗ႐ုတ္က်တဲ့မြန္းစတားအုပ္စုက သႏၶေေျပာင္းhuskyေတြနဲ႕ေတာင္ တူေနေသးတယ္။ ျပန္လည္သင့္ျမတ္သြားၾကၿပီးေနာက္မွာ သူတို႔ေတြက အတြဲလိုက္ႀကီး ေမွာင္မည္းေနတဲ့လမ္းအတိုင္း ဆက္ေလွ်ာက္ၾကေတာ့တယ္။

“…” ဒါက ေတာ္ေတာ္သေဘာက်စရာေကာင္းတယ္လို႔ ဝမ္ေရွာင္းမ်ယ္ ေတြးမိၿပီး ဝမ္ဖုန္းက်င္ကို စေနာက္ေတာ့တယ္ “ကေလးတို႔ေဖေဖေရ၊ မင္းက တအားၾကမ္းတာပဲ”

ဝမ္ဖုန္းက်င္ ေတာင့္တင္းသြားတယ္။ အလန႔္တၾကားနဲ႕ သူ႕မ်က္လုံးေတြက ျပဴးက်ယ္ေနၿပီး “မင္း ဘယ္လိုေခၚလိုက္တယ္?”

သူ႕ေက်ာေပၚမွာ တက္စီးေနတာေၾကာင့္ ဝမ္ေရွာင္းမ်ယ္က ဝမ္ဖုန္းက်င္မ်က္ႏွာေပၚက အမူအယာကို မျမင္နိုင္ဘူး။ သူက ၿပဳံးရင္း ေျပာလိုက္တယ္ “ကေလးတို႔ေဖေဖေလ‌! ငါတို႔ႏွစ္ေယာက္နဲ႕ သူတို႔ဆယ္ေယာက္ကိုပဲ ၾကည့္ေလ… ငါတို႔က မိသားစုဆယ့္ႏွစ္ေယာက္နဲ႕ တူမေနဘူးလား?”

ဝမ္ဖုန္းက်င္ လမ္းေလွ်ာက္ေနရာက ရပ္သြားၿပီး အခ်ိန္အေတာ္ၾကာေအာင္ တိတ္ဆိတ္သြားတယ္။ သူတို႔ေရွ႕မွာရွိတဲ့ မြန္းစတားအုပ္စုကလည္း စပ္စပ္စုစုျပန္လွည့္ၾကည့္လာတာေၾကာင့္ ဝမ္ေရွာင္းမ်ယ္လည္း လည္ကိုဆန႔္ကာ ဝမ္ဖုန္းက်င္ကို ၾကည့္လိုက္တယ္။

“ေရွာင္ဝမ္းက်စ္ ဘာျဖစ္တာလဲ?”

“ဘာမွမျဖစ္ပါဘူး” ဝမ္ဖုန္းက်င္ သတိျပန္ဝင္သြားပုံရတယ္။ သူ ဝမ္ေရွာင္းမ်ယ္ကို ေက်ာေပၚ ပင့္တင္ရင္း တိတ္တိတ္ဆိတ္ဆိတ္ လမ္းဆက္ေလွ်ာက္ေတာ့တယ္။

“ဖုန္းက်င္ မင္း ဘာျဖစ္သြားတာလဲ?”

“ဘာမွမျဖစ္ပါဘူး… ေရွာင္းမ်ယ္…”

“Hm?”

“ကေလးတို႔… ေမေမ”

“…”

ေပ်ာ္႐ႊင္ေနတဲ့အရိပ္အေယာင္ပါဝင္ေနတဲ့ ဩရွရွအသံက သူ႕နားေတြထဲ ႏူးညံ့စြာ တိုးဝင္လာတယ္။ ခ်က္ခ်င္းဆိုသလို ဝမ္ေရွာင္းမ်ယ္ ရွက္သြားေတာ့တယ္။ ေလထုက ျပန္လည္တိတ္ဆိတ္သြားေပမယ့္ အခုခ်ိန္မွာေတာ့ ခ်ိဳၿမိန္တဲ့တိတ္ဆိတ္ျခင္းေတြနဲ႕သာ ျပည့္ႏွက္ေနတယ္။

စင္ျမင့္ဆီျပန္ေရာက္ေတာ့ ဝမ္ေရွာင္းမ်ယ္နဲ႕ ဝမ္ဖုန္းက်င္လည္း သူတို႔ေခါင္းတလားဆီကို ျပန္သြားလိုက္ၾကတယ္။

ႏွစ္ေယာက္လုံး ပက္လက္လွဲခ်လိဳက္ေပမယ့္ တစ္ေယာက္မွ အိပ္မေပ်ာ္ၾကဘူး။ ထိုည ဝမ္ေရွာင္းမ်ယ္ သူ႕လက္ေတြကို ပရမ္းပတာေလွ်ာက္လုပ္ခြင့္ မျပဳခဲ့ဘူး။ သူတို႔ေတြ တိတ္ဆိတ္ေနတာေၾကာင့္ ဝမ္ဖုန္းက်င္ရဲ႕ တိုးေဖ်ာ့ေဖ်ာ့အသက္ရႈသံက အတိုင္းအဆမရွိ က်ယ္ေလာင္ေနတယ္။

ဖြင့္ဟထားတဲ့ ေခါင္းတလားႀကီးေၾကာင့္ သူတို႔ေတြ အျပည့္အ၀ဖူးပြင့္ကာ ပသာဒရွိလွတဲ့ ရဲရဲေတာက္မက္မြန္ပင္ႀကီးကို ၾကည့္ေနလို႔ရတယ္။

ေအးစက္ကာ ပိန္ကပ္ေနတဲ့လက္တစ္ဖက္က ဝမ္ေရွာင္းမ်ယ္ရဲ႕ပိုေအးစက္ေနတဲ့လက္တစ္ဖက္ေပၚကို ေရာက္ရွိလာတယ္။

“မင္း…”

“မင္း…”

ႏွစ္ေယာက္သား ေခါင္းလွည့္ကာ အခ်င္းခ်င္းၾကည့္လိုက္ၾကတယ္။ ေလထုက ပ်ားရည္ပ်စ္ပ်စ္နဲ႕ ျပည့္ႏွက္သြားသလိုမ်ိဳး ျပင္းျပင္းထန္ထန္ခ်ိဳအီလာကာ အသက္ရႈမ၀သေလာက္ ျဖစ္လာတယ္…

ဝမ္ဖုန္းက်င္ ႐ုတ္တရက္ ထရယ္လိုက္တယ္။ မေကာင္းဆိုးဝါးဆန္ဆန္ ၾကည့္ေကာင္းတဲ့မ်က္ႏွာက နီးကပ္လာတာနဲ႕အမွ် ပထမဆုံးအႀကိမ္အျဖစ္ ထူးဆန္းစြာ ေအးေအးခ်မ္းခ်မ္းေလးျဖစ္ေနတယ္။ ဝမ္ေရွာင္းမ်ယ္ကလည္း တိတ္ဆိတ္စြာေမွ်ာ္လင့္ရင္း မ်က္လုံးေတြ မွိတ္ထားလိုက္တယ္။

ေနာက္ဆုံးမွာ ေအးစက္တဲ့ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ႏႈတ္ခမ္းႏွစ္စုံ ထိကပ္သြားေတာ့တယ္…

**********************************************









Continue Reading

You'll Also Like

39.4K 7.1K 107
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...
4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
313K 7.6K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
328K 32.4K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ