My Amazing Horny Husband (Mya...
By phyusin1773
196K 6.4K 2.1K
If you're under 18, don't read it.๐Ÿ”ž๐Ÿ”ž I warned you I don't own this whole story.I just translate it.The owne... More
Announcement
Part 1
Part 2
Part 3
Part 4 ๐Ÿ”ž
Part 5 ๐Ÿ”ž
Part 6 ๐Ÿ”ž
Part 7
Part 8 ๐Ÿ”ž
Part 9 ๐Ÿ”ž
Part 10
Part 11
Part 12
Part 13 ๐Ÿ”ž
Part 14 ๐Ÿ”ž
Part 15
Part 16
Not Update
Part 17 ๐Ÿ”ž๐Ÿ”ž
Part 18๐Ÿ”ž๐Ÿ”ž
Part 19 ๐Ÿ”ž
Part 20 ๐Ÿ”ž
Part 21
Part 22 ๐Ÿ”ž
Part 23 ๐Ÿ”ž
Part 24 ๐Ÿ”ž
Part 25
Part 26
Part 27
Part 28 ๐Ÿ”ž๐Ÿšซ๐Ÿ”ž๐Ÿšซ
Part 29 ๐Ÿ”ž๐Ÿšซ๐Ÿ”ž๐Ÿšซ
Part 30 ๐Ÿ”ž๐Ÿ”ž
Part 31
Part 32
Part 33(๐Ÿ”ž๐Ÿ”ž)
Part 34(๐Ÿ”ž๐Ÿ”ž)
Part 35
Part 36 ๐Ÿ”ž๐Ÿ”ž
Part 37
Part 38
Not Update
Part 39
Part 40 ๐Ÿ”ž๐Ÿ”ž
Part 42
Part 43( Final) ๐Ÿ”ž๐Ÿ”ž
Special Part ๐Ÿ”ž๐Ÿ”ž
New fic & Donation
Part 41
1.3K 74 54
By phyusin1773
Zawgyi
"ကဲ Babe ဆက်ရအောင်"
*Time skip*
တစ်ပတ်ကျော်လောက်ကြာတဲ့အထိ Ae တစ်ယောက် Pete ကို ကလေးတွေအရှေ့မှာ မထိမိအောင် အတော်ကြိုးစားထိန်းနေရလေသည်။သို့သော် သူတစ်ယောက်တည်းတော့မဟုတ်ခဲ့။တစ်ဖက်ကကောင်လေးကလဲ အထိအတွေ့တွေကို ထပ်တူ လွမ်းနေခဲ့ပါသည်။
Ae ကခုရက်ပိုင်းတွေမှာ ကလေးတွေနဲ့ချည်းဆော့ပြီး ကလေးတွေအတွက်လိုတာတွေကော မလိုတာတွေပါ အပိုတွေဝယ်ဝယ်ချလာလို့ Pete ခဏခဏစိတ်ဆိုးပြီး ဆူရသည်။အဲ့တာလဲ သူကဂရုတောင်မစိုက်ပေ။
"Babe ရာ ကိုယ်ကကိုယ့်ကလေးတွေကိုချစ်လို့လေ ကလေးတွေကိုပျော်စေချင်လို့ သူတို့လိုချင်တာမှန်သမျှ ကိုယ်ဖြည့်ဆည်းပေးချင်တာပေါ့"
တက်ကြွတဲ့ အပြုံးမျိုးနဲ့လက်ထဲက ကစားစရာအိတ်ကြီးကိုမြောက်ပြလာသော Ae ကိုကြည့်ရင်း Pete သက်ပြင်းသာချမိသည်။ဘဝက အခုမှ ကလေး ၃ ယောက် ပေါင်းထိန်းနေရသလိုပင်။သားနဲ့သမီးကပြောမရတဲ့အပြင် သူတို့ အဖေကပါ အလိုတူအလိုပါ။
"Ae သူတို့ကိုချစ်တာ Pete သိပါတယ် ဒါပေမယ့် အရမ်းအလိုလိုက်ပြီး သူတို့ပြောတာမှန်သမျှ လိုက်ဝယ်ပေးနေလို့မဖြစ်ဘူးလေ"
Pete ရဲ့စကားတွေကိုကြားကောကြားရဲ့လားမသိ။အရုပ်အိတ်ထဲက ပစ္စည်းတွေကို ကလေး ၂ ယောက်ကိုဖွင့်ပြနေတာများပြုံးရွှင်လို့။Pete တစ်ယောက်ကတော့ ပိုစိတ်ဆိုးရုံအပြင်မတတ်နိုင်။
"Aee!!!! တကယ်ကြီးလား အဲ့မှန်ပြောင်းတွေနဲ့ I- Pad ကြီးကဘာလုပ်တာလဲ ကလေးတွေက ၅ နှစ်ဘဲရှိသေးတာလေ"
"ကဲပါ ကိုယ့်ကလေးရယ် ဒေါသမထွက်ပါနဲ့တော့ ဟုတ်ပြီလား ကလေးတွေဆော့ချင်မယ်ထင်လို့ဝယ်လာပေးတာဘဲဟာ Babe မကြိုက်ရင် နောက်တစ်ပတ်လုံးဝမဝယ်တော့ဘူး"
"Aee သူတို့ကို အလိုမလိုက်နဲ့ ပျက်စီးကုန်မှာစိုးလို့ Pete ကပြောနေရတာ"
ပြောလဲပြော Ae လက်ထဲက ကစားစရာထုပ်ကြီးကိုဆွဲသိမ်းသွားသော ချစ်ရသူကိုကြည့်ရင်း Ae သက်ပြင်းသာခိုးချမိသည်။မငြိုငြင်ရက်ပါ ဒီကောင်လေးဟာ Ae ရဲ့အသည်းအသက်လေး။
နောက်တစ်နေ့ Ae ကလေးတွေအော်ငိုနေသံကြောင့် အိပ်ရာကနိုးလာလေသည်။အခန်းဝကနေလှမ်းချောင်းတော့ ဧည့်ခန်းထဲမှာ Pete နဲ့ ကလေး ၂ ယောက်။
Ae ရိပ်မိလိုက်ပါသည်။Pete က သမီးလေး Achara နေမကောင်းဖြစ်ပြီးတဲ့အချိန်ထဲက ကလေး ၂ ယောက်ကို ရေခဲမုန့်စားတာတွေတားမြစ်ထားသည်။အခု Acharaကစားချင်လို့ငိုနေသည်ကို သူ့မောင် Phichit ကပါ ဝိုင်းငိုပြီး ကျွေးဖို့အော်ငိုနေတာဖြစ်သည်။
"Achara Phichit တိတ်စမ်း မင်းတို့ဂျီကျတိုင်း ပါးပါးအလိုလိုက်မှာမဟုတ်ဘူးနော် ခုတိတ်တော့ မစားရဘူးဆို မစားရဘူးဘဲ"
Ae ကလေးတွေအနားကိုရောက်လာတော့ ကလေးတွေက ကယ်တင်ရှင်အလား Ae ရင်ခွင်ထဲတိုးဝင်လာကြသည်။Pete ကတော့ထိုနေရာမှထကာ Ae ကိုမျက်စောင်းပစ်ထိုးရင်း စိတ်ဆိုးနေတဲ့လေသံနဲ့ ထဟောက်တော့သည်။
"Ae နော် Pete ပြောပြီးပြီ သူတို့ကို အလိုလိုက်ရဲလိုက်ကြည့် Ae ကိုပါကန်ထုတ်ပစ်လိုက်မယ်"
ပြောပြီး Pete ကဆောင့်အောင့်ကာ ထွက်သွားလေသည်။
Ae ရင်ခွင်ထဲကို တိုးဝင်နေကြသော ကလေးလေး ၂ ယောက်ကို Ae လှမ်းနမ်းကာ တိုးတိုးလေးပြောလိုက်သည်။
"ပါးပါးက Daddy ကိုစိတ်ဆိုးနေလို့လျှောက်ပြောနေတာ တိတ်တော့နော် Daddy ရဲ့ကလေးလေးတွေက လိမ္မာတယ်မလား မနက်ဖြန် မင်းတို့ရဲ့ပါးပါးမသိအောင် Daddy ကရေခဲမုန့်ဝယ်ကျွေးမယ် ဟုတ်ပြီနော်"
"Yayyy!! Daddy အကောင်းဆုံး"
ကလေးလေး ၂ ယောက်စီက သံပြိုင်ထွက်လာသည့်အသံကြောင့် Ae မှာမှိုရသွားသလို မျက်နှာကြီးပြုံးဖြီးနေတော့သည်။သို့သော် ပြုံးနေတာမှမကြာလိုက် မီးဖိုခန်းထဲကနေထွက်လာသည့် အသံကြောင့် Ae ကော ကလေး ၂ ယောက်ကော ဇက်ကလေးတွေပါ ပုဝင်သွားကြသည်။
"ပြောနေတာတွေ မကြားဘူးထင်နေလား ဟမ်!! ၃ ယောက်လုံး သတိထားနေနော်!!"
Pete ဘာလို့အဲ့လောက်တောင် စိတ်တအားဆတ်နေရတာလဲမသိ။
Ae တစ်ယောက် အလုပ်ခန်းထဲမှာ အလုပ်လုပ်နေရင်းနဲ့ P'No ဆီကနေဖုန်းဝင်လာလေသည်။အကြောင်းကတော့ သူတို့တွေမဆုံရတာကြာပြီဖြစ်လို့ တူတူဆုံချင်ကြောင်းနဲ့ P'No အိမ်မှာ ပါတီလာပ်ကြဖို့လှမ်းဖိတ်တာဖြစ်သည်။Pete ကိုပြောပြတော့ Pete ကလဲဝမ်းသာစွာဘဲ သွားဖို့လက်ခံသည်။
"Achara သမီးလေး လာခဲ့ ပါးပါး ကျစ်ဆံမြည်းကျစ်ပေးမယ်"
Pete ပေါင်ပေါ်ကိုပြေးတက်လာသော သမီးလေးအား Ae ထိုင်ကြည့်နေမိသည်။Achara က Pete ရဲ့ ပုံစံငယ်လေးလိုပင်။Pete နဲ့တအားတူလွန်းတဲ့ ချစ်စရာပါးဖောင်းဖောင်းလေးတွေရှိတာကြောင့် Ae မှာအမြဲအချစ်ပိုရသည်။Achara ကလဲ Ae မှ Ae ပင်။Pete စကားထက် Ae စကားကိုပိုနားထောင်သည်။
Pete က Achara ကိုဆံပင်ပြင်ပေးပြီး ဂါဝန်လှလှလေးတစ်ထည်ဝတ်ပေးထားလေသည်။Ae ကြည့်ရင်း သမီးလေးကိုအနားလာဖို့ခေါ်လိုက်သည်။Pete ကတော့ သားအဖ ၂ ယောက်ကိုထိုင်ကြည့်ရင်း Phichit ကိုပေါင်ပေါ်ဆွဲတင်ကာ ဖက်ထားလေသည်။
"Daddy ရဲ့သမီးလေးက ချစ်စရာကောင်းလိုက်တာကွာ မွှေးမွှေးပေးပါအုန်း"
ပါးလေးကိုထိုးပေးတော့ နှုတ်ခမ်းပိစိလေးတွေနဲ့ Ae ပါးကိုနမ်းလာလေသည်။Ae ကအရမ်းသဝန်တိုတတ်တာမှ သူ့သမီးကိုဆို ဘယ်သူ့မှ အကပ်မခံတာဖြစ်သည်။တခါတလေတော့လဲ Ae ရဲ့ အဲ့လိုပုံစံကိုမြင်ရရင် Pete သဘောကျစွာကိုရီနေမိသည်။
အခုလဲကြည့် သားအဖ ၂ ယောက်ပြောနေတဲ့စကားတွေကို Pete ခိုးရီနေရုံအပြင်မတတ်နိုင်။
"Achara သမီးလေး Daddy ကိုကတိပေးနော် သမီး အသက် ၂၀ မပြည့်မချင်း ရည်းစားလုံးဝမထားရဘူး"
ကလေးလေးခင်ဗျာ သူ့ Daddy ပြောတဲ့အဓိပ္ပါယ်ကိုနားမလည်သော်လဲ Daddy စကားဆို အမြဲနားထောင်နေကျဖြစ်တာကြောင့် ခေါင်းလေးငြိမ့်ကာ ကတိပေးလိုက်သည်။
"Aee သမီးက ၅ နှစ်ဘဲရှိသေးတာ သူအဲ့တာတွေဘယ်နားလည်မှာလဲ"
Pete မနေနိုင်ဘဲဝင်ပြောရတော့သည်။အဲ့လိုပြောပြန်တော့လဲ Ae ကမကြိုက် စိတ်ဆိုးသေးသည်။
"ကိုယ်တို့သမီးကို အထင်မသေးပါနဲ့ သမီးက အများကြီးဉာဏ်ကောင်းပြီး အရမ်းတော်တာ"
ပြောလဲပြော သူ့သမီးကိုလဲပွေ့ဖက်ချီကာ ဆော့နေတော့သည်။Pete တော့ ကိုယ့်နဖူးကိုယ်ရိုက်ကာ ထိုသားအဖနားကထွက်လာလိုက်တော့သည်။
P'No ရဲ့ ပါတီကိုရောက်တော့ လူတောင်တော်တော်စုံနေကြပြီဖြစ်သည်။Ae တို့သူငယ်ချင်းအုပ်စုက သက်သက် အရက်တွေသောက်နေကြကာ Pete တို့အုပ်စုကတော့ ဝိုင်ခွက်လေးတွေကိုယ်စီနဲ့ဖြစ်သည်။
"P'No ကဘာလို့ဘာမှမသောက်တာလဲ အရင်ဆို P' ဘဲ ကျွဲလိုနွားလိုသောက်နေတာလေ"
ဝိုင်လေးနည်းနည်းဝင်နေတဲ့ Can ရဲ့စကားကြောင့် Kla တို့ဝိုင်းဘက်ကလူတွေခပ်ကျဲကျဲထရီတော့သည်။
"Can!! မင်းပါးစပ်ကိုပိတ်ထားစမ်း"
Techno ကတော့ Can ကိုပါးစပ်လိုက်ပိတ်ဖို့ကြိုးစားပေမယ့် သူဟာ ဒီမျောက်လေးကို နိုင်ဖူးတဲ့အချိန်ကောရှိရဲ့လား။
"ဘုရားရေ P'No!! P' မှာကိုယ်ဝန်ထပ်ရနေတာလို့တော့ ကျွန်တော့်ကိုမပြောနဲ့နော်"
Can ကတော့ စနောက်ရင်းလှမ်းပြောလိုက်တာပင်။သို့သော် အပြောခံလိုက်ရသည့် No မှာတော့ မျက်နှာတွေရဲပြီးဘာမှပြန်မပြောနိုင်ဖြစ်နေတာကြောင့် ပါတီရှိလူတိုင်း ပါးစပ်အဟောင်းသားများဖြင့် Kla ဘက်ကိုလှည့်ကြည့်လာလေသည်။
Kla ကပါးစပ် နားရွက်တက်ချိတ်မတတ်ဖြီးနေတာမြင်မှ အကုန်လုံး အရက်ခွက်ကိုင်ကာ ဝိုင်းဂုဏ်ပြုတော့သည်။
Ae ကလဲ Pete ဆီကိုအကြည့်လှမ်းပို့သည်။သူလဲဒီလိုအခိုက်အတန့်လေး ထပ်လိုချင်သည်ဆိုတဲ့ အကြည့်တွေကို Pete သိသော်လဲ မသိချင်ယောင်သာဆောင်နေကာ အကြည့်လွှဲလိုက်လေသည်။
ကလေးတွေကတော့ အခန်းထဲမှာ ခုန်ပေါက်ပြေးလွှားပြီးကစားနေကြလေသည်။သူ့ကစားဖော်နဲ့သူ ဆော့နေကြသော ကလေးတွေကို အဖေတွေက ထိုင်ကြည့်ရင်း စကားပြောလိုက် ရီလိုက်မောလိုက်နဲ့ ပါတီလေးက အေးချမ်းလို့နေသည်။
သို့သော် ထိုအေးချမ်းနေသည့် အချိန်အခါလေးဟာ Ae ရဲ့အော်သံကြီးအောက်မှာ ခဏလေးအတွင်းပင် ပျောက်ဆုံးသွားတော့သည်။ကမ္ဘာပျက်တာကို မြင်လိုက်ရသလို ထအော်သည့် Ae ကြောင့် Pete တို့ပါ ဘာဖြစ်တာလဲ ဝိုင်းကြည့်တော့ Ae ကကလေးတွေဘက်ကို အပြေးသွားကာ သူ့သမီးကို အနောက်ကိုဆွဲပို့လိုက်လေသည်။
"Ae ဘာဖြစ်တာလဲ"
Pond ကမေးတော့ Ae က သူ့ရှေ့တွင်ထိုင်နေသည့် Kla နဲ့ရုပ်ဆင်သည့် အကောင်ပေါက်ကလေးအား မျက်မှောင်တွေကျုံ့ကြည့်ရင်းပြောတော့သည်။
"Kla ရဲ့သားလေ ငါ့သမီးပါးလေးကို နမ်းသွားတယ်"
ဘာဖြစ်တာလဲသိလိုက်ရသည့်အချိန် အူတိူတတ်လွန်းသည့် Ae ကိုကြည့်ရင်းထရီတော့သည်။ထိုအထဲတွင် Pete လဲအပါအဝင်ဖြစ်သည်။
"သမီးလေး Achara သမီး Daddy ကိုကတိပေးထားတယ်လေ အသက် ၂၀ ထိရည်းစားမထားရပါဘူးဆို"
ဒီမလာခင်က တောင်းလာသည့် ကတိတစ်ခုကို ပြန်သတိပေးနေသည့် Ae ကိုကြည့်ရင်း Pete တကယ်အော်ရီနေမိပြီဖြစ်သည်။
"Daddy ဒါပေမယ့် သမီးသူ့ကိုကြိုက်တယ်"
"ဘာ!!!"
သမီးလေးဆီမှ ထွက်လာသည့်စကားကြောင့် Ae မှာလည်ပင်းထဲတစ်ခုခုဆို့သွားသယောင် ဘာဆက်ပြောရမှန်းတောင်မသိဘူးဖြစ်သွားရသည်။
"Ae ကလေးကို လွှတ်ထားလိုက်ပါ သူ့ဟာသူနေပါစေ"
Pete ကအခြေအနေကို ဝင်ထိန်းရတော့သည်။Ae ကထိုနားမှထလာကာ P'No နားကိုရောက်လာသည်။
"P'No စိတ်ကူးတောင်မယဉ်နဲ့နော် ကျွန်တော့်သမီးကို P'No သားနဲ့သဘောမတူဘူး အဲ့ကလေးက သူ့အဖေလိုဘဲဖြစ်လာမယ့်ပုံ ဒီအရွယ်လေးနဲ့တောင် အဲ့လောက်သွက်နေတာ ကြီးလာရင် ကျွန်တော့်သမီးလွယ်မှာမဟုတ်ဘူး"
P'No ကိုအော်နေတော့ ဘေးနားက Kla ကမျက်မှောင်တွေကျုံ့ကာ Ae ကိုစိုက်ကြည့်လာတော့သည်။
ထိုကိစ္စတွေဖြစ်နေတုန်း Pete နဲ့ Can ဆီမှ အသဲယားစွာပျော်ပြီးအော်တဲ့ အသံက စီထွက်လာတာကြောင့် အကုန်လုံးရဲ့အကြည့်တွေက သူတို့ကြည့်နေတဲ့ နေရာကိုရောက်သွားပြန်သည်။
မြင်လိုက်ရတာကတော့ Ae ရဲ့သား Phichit က Can ရဲ့သမီးလေးကို နမ်းလိုက်တာပင်ဖြစ်သည်။
ဒီတစ်ခါမှာတော့ ဝင်ပါလာသူက Tin ပင်ဖြစ်သည်။
"Ae! ငါလဲငါ့သမီးကို မင်းကိုမပေးနိုင်ဘူးနော် မင်းသားလဲကြီးလာရင် အားနေ မင်းလိုအမဲဖျက်ဖို့ဘဲချောင်းနေမှာ ငါ့သမီး အသက်ရှင်ရင်တောင်ကံကောင်း ကြည့်အုန်း အခုတောင် ပါးမှာ အရာကြီးကျန်ခဲ့ပြီ!!!!"
အခုတော့ ပါတီဟာ အေးချမ်းပြီးပျော်စရာကောင်းရာကနေ အဖေတွေရဲ့ အူတိုပြီးစကားများတဲ့ အခြေအနေကိုရောက်ကုန်ကြသည်။Pete တို့ Can တို့ကတော့ဝင်မပါဘဲ ကြိတ်ခွီနေကြသည်။
"ဟေးး တော်ပါတော့ကွာ မင်းတို့ကလေးတွေပါဆို မင်းတို့နဲ့ဘဲတစ်ပုံစံတည်းတူလာမှာပေါ့ ဟားဟား"
ထိုစကားကိုအော်ပြောလိုက်သူက Pond ပင်ဖြစ်သည်။သူ့သူငယ်ချင်းတွေ အချင်းချင်း ကလေးတွေအပေါ်သဝန်တိုနေတာတွေကြည့်ပြီး သူရဲ့စနောက်ချင်စိတ်ကို ထိန်းမရဖြစ်လာသောကြောင့် ပြောလိုက်ခြင်းဖြစ်သည်။သို့သော် ဘယ်သူသိမလဲ နောက်အလှည့်ဟာ သူ့အလှည့်ဆိုတာကိုပေါ့။
"Ai'Pond ငါတို့ကိုချည်းပြောမနေနဲ့ မင်း သမီးကိုလဲ ကြည့်အုန်း ဟိုမှာ P'Type သားကို နမ်းနေပြီ"
Pond မျက်လုံးအစုံဟာကျွတ်ကျမတတ်ဖြစ်ပြီး သူ့သမီးကိုထအော်တော့သည်။
"Abigail သမီး နင်အဲ့တာဘာလုပ်နေတာလဲ ဟမ်!!!"
Pond ရဲ့ချစ်သမီးလေးကပြုံးရွှင်စွာပြန်ပြောလိုက်သည့် စကားမှာ Pond အကြပ်ရိုက်သွားရတော့သည်။
"သမီးလဲ Daddy နဲ့ Mommy လို လင်မယားလုပ်တမ်းကစားနေတာလေ"
အခုတော့ အငြင်းပွားနေတဲ့ စကားဝိုင်းထဲ Pond နဲ့ P'Type ပါ ပါလာတော့သည်။
************************************
အားလုံးဘဲ ကျန်းမာရေးဂရုစိုက်ကြပါနော် ❤️🖤