သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခ...

By moooskyi

451K 13.4K 267

ငါကငါ့တရား၀င်ယောကျာ်းကိုသူ့exလက်ထဲထည့်မှာမဟုတ်ဘူး သူငါ့ကိုအခုမချစ်သေးဘူးဆို တစ်နေ့နေ့တော့ ပြန်ချစ်လာမှာပါ မေပ... More

သူစိမ်း(part-1)[Zawgyi & Unicode]
သူစိမ်း(part-2)[Zawgyi & Unicode]
သူစိမ်း(part-3)[Zawgyi& Unicode]
သူစိမ်း(part-4)[Zawgyi & Unicode]
သူစိမ်း(part-5)[Zawgyi&Unicode]
သူစိမ်း(part-6)[Zawgyi&Unicode]
သူစိမ်း(part-7)[Zawgyi&Unicode]
သူစိမ်း(part-8)[Zawgyi&Unicode]
သူစိမ်း(part-9)[Zawgyi&Unicode]
သူစိမ်း(Part-10)[Zawgyi&Unicode]
သူစိမ်း(part-11)[Zawgyi&Unicode]
သူစိမ်း(part-12)[Zawgyi&Unicode]
သူစိမ်း(part-13)[Zawgyi&Unicode]
သူစိမ်း(part-14)[Zawgyi&Unicode]
သူစိမ်း(part-15)[Zawgyi&Unicode]
သူစိမ်း(part-16)[Zawgyi&Unicode]
သူစိမ်း(part-17)[Zawgyi&Unicode]
သူစိမ်း(part-18)[Zawgyi&Unicode]
သူစိမ်း(part-19)[Zawgyi&Unicode]
သူစိမ်း(part-20)[Zawgyi&Unicode]
သူစိမ်း(part-21)[Zawgyi&Unicode]
သူစိမ်း(part-22)[Zawgyi&Unicode]
သူစိမ်း(part -23)[Zawgyi&Unicode]
သူစိမ်း(part-24)[Zawgyi&Unicode]
သူစိမ်း(part-25)[Zawgyi&Unicode]
သူစိမ်း(part-26)[Zawgyi&Unicode]
သူစိမ်း(part-27)[Zawgyi&Unicode]
သူစိမ်း(part-28)[Zawgyi& Unicode]
သူစိမ်း(part-29)[Zawgyi&Unicode]
သူစိမ်း(part-30)[Zawgyi &Unicode]
Attention 😃
သူစိမ်း(part-31)[Zawgyi&Unicode]
သူစိမ်း(part-32)[Zawgyi&Unicode]

သူစိမ်း(final)[Zawgyi & Unicode]

23.7K 449 41
By moooskyi

(Unicode)

မနက်ခင်းအကို့ရဲ့ရင်ခွင်နွေးနွေးထဲနိုးထခွင့်ရတဲ့ခံစားမှုဟာ အနွေးထွေးဆုံးခံစားမှုတစ်ခုပါ....liam ရဲ့ ကိုယ်ပေါ်ကိုဖိထားတဲ့အကို့လက်သန်ကြီးတွေကြားထဲ မနည်းရုန်းကာထရသည်

"အာ့!!!" အကိုကliam လက်ကိုအားနဲ့ဆွဲချလိုက်တာကြောင့် ဘေးသို့တစ်ဖန်လဲကျသွားရသည်

"အကို ဘာလုပ်တာတုန်း ဘေးကိုအုန်း"

"အော်.... ခဏလောက်နေပါအုန်း"

"သားနိုးနေမယ်လေ..."

"အမလေး babe သားက ၅နာရီလောက်ကနိုးလာသေးတယ် အကိုပြန်သိပ်လိုက်ရတာ..."

"ဟင် နိုးလိုက်တာမသုတ်ဘူး"

"အော် နှိုးစရာလား babe ပင်ပန်းထားတာကို.."
liamရဲ့ နှာခေါင်းလေးကိုဖွဖွလေးဆွဲကာပြောလာသည် ဒီလိုကျတော့လည်း အကိုကအလိုက်သိပြန်သည်...

"လာပါ babe ရေတစ်ရေးလောက်ထပ်အိပ်ရအောင်"

"လာ‌ပါဆို နော်..နော်လို့"

အကို့ရင်ခွင်ထဲတစ်ဆုံးထိတိုး၀င်ကာ အကို့ကိုယ်သင်းနံ့လေးကိုရူရှိုက်ရင်းခဏတာအိပ်ဆက်ခြင်းဆီသို့မှီဝဲလိုက်မိသည်
.

"Babeရေ ကွတ်ကီးတွေလုပ်နေပြီလား"

"အင်း ပြီးတောင်ပြီးတော့မယ်"

"အကိုရေ ပီဇာလေးသွား၀ယ်ထားလိုက်ပါလား သူရတို့ညနေလာရင်၀ယ်လာမယ့်ထဲ ပီဇာမမှာမိလိုက်လို့"

"Ok လေ ကိုယ်သွားလိုက်မယ် သားကအိပ်နေတော့တစ်ချက်ကြည့်လိုက်အုန်းနော်"

"ဟုတ်ပါပီ"

အကို့ကားလေးခြံထဲကထွက်သွားသည်နှင့် လုပ်လက်စများကိုလက်စသတ်ကာ အပေါ်ထပ်ရှိအခန်းထဲသို့အပြေးသွားရင်းသားကိုသွားကြည့်ရသည် သားကliamကိုတွေ့တော့ ပုခက်ထဲကနေပြူးကြောင်ကြောင်လေး‌နဲ့ကြည့်နေသည်

"အို မေ့သားချောလေးကနိုးပြီလား လာပါအုန်း"
ပုခက်ထဲကသားကိုကောက်ချီကာ မျက်နှာတစ်ခုလုံးကိုအသည်းယားစွာ နမ်းရှိုက်မိသည် နမ်းလိုက်တိုင်းသားရဲ့ပါးအိအိတို့က နစ်၀င်သွားလေသည် စိတ်ကြိုက်နမ်းပြီးနောက် သားကိုညနေ Christmas party အတွက်အဆင်သင့်ဖြစ်စေရန် ရေမိုးချိုးကာပြင်ဆင်ပေးရတော့သည် သားက Christmas themed စတိုင် အနီနဲ့အစိမ်း ၀မ်းဆက်ကြား ချစ်ဖို့ကောင်းနေသည် ဒီချစ်မွေးလေးကြောင့် liam မှာရူးနေရပါပြီ

"Babe ရေ ကိုယ်ပြန်ရောက်ပြီ"
အောက်မှာပြန်ရောက်လာပြီ‌ဖြစ်ကြောင်း အသံပေးလာသည့်အကို ဒီလိုအသေးအဖွဲတွေကစ liam အားဦးစားပေးပြောတက်သည်

"လာပြီ လာပြီ"

အကိုကဧည့်ခန်းမှာပြင်ဆင်စရာရှိတာတွေပြင်ဆင်နေသည် လှေကားမှဆင်းလာသည့် liam တို့သားမိကိုမတွေ့အားပါ သူ့အဖေက သူ့ကိုမကြည့်တော့ သားဖြစ်သူမှဝူဟဲလုပ်ကာ ဖခင်ဖြစ်သူအားအသံလှမ်းပေးသည်

ရှိန်းဇော်ခ နေရာချစရာတွေချနေတုန်း အနောက်မှသားငယ်၏အသံကြားတော့လှည့်ကြည့်မိသည် သားကသူ့မာမီ ဟိုနေ့ကကုန်တိုက်မှ၀ယ်လာပေးသည့်သက်ခအတွက်၀တ်ဆုံများထဲမှတစ်စုံဖြစ်သည့် အနီအစိမ်း ၀မ်းဆက်လေးနဲ့ချစ်ဖို့ကောင်း‌လွန်းနေသည် ရှိန်းဇော်ခ သူတို့သားမိအနားတိုးသွားတော့ လက်ခုပ်များတီးပြနေကာ သူ့ကိုချီဖို့အချက်ပြနေသည်

"ဖေ့သားလေးကချီခိုင်းနေတာလား လာပါအုန်းကွ"

သားသည် သူ့အဖေခေါ်သည့်နှင့်ကိုဆိုင်းတွချင်းမရှိလိုက်ပါသွားတော့သည်

"Babe ပြင်ဆင်စရာရှိတာသွားပြင်ဆင်တော့လေ ကိုယ်သားကိုထိန်းထားလိုက်မယ်"

"အင်း အဲ့ဆိုပြီးရောလေ သူရတို့လာရင်အကိုခဏဧည့်ခံထားလိုက်နော်"

"စိတ်ချပါမိန်းမရဲ့"

အကိုနဲ့သားကိုထားခဲ့ပြီ liam ရေမိုးချိုးကာ ချယ်သရန်လုပ်လိုက်တော့သည် သူငယ်ချင်းတွေဘဲရှိတဲ့သည်ပွဲလေးမှာ ကလေးအမေဖြစ် နေပေမယ့် နည်းနည်းပါးပါးတော့လှချင်သေးသည် မိတ်ကပ်လိမ်းနေရင်းကြားလိုက်ရသည်မှာ သူရတို့အသံ‌သဲ့သဲ့ဖြစ်သည် liam လည်း ဒီည၀တ်မည်လုပ်ထားသည့် နီညိုရောင်ကိုယ်ကျပ်ဂါ၀န်လေးကို၀တ်ဆင်ရင်း အောက်သို့ခပ်သုတ်သုတ်ဆင်းသွားလိုက်သည်

"အမ‌လေး liamမရယ် ခလေးမွေးပြီးတောင်လှချင်နေသေးတယ်နော်"

"ဘာဖြစ်လဲ ငါ့ယောကျာ်းကငါ့ကိုလှလှပပထားတာကို"

သူရရဲ့ ရဲ့သဲ့သဲ့အပြောကိုပြန်ချပမိသည် ကလေးအမေမလှရဘူးလို့မည်သူမှအမိန့်မထုတ်ထားပေ သူကျအမှုံနဲ့တွဲသည့်နေ့မှစ၍ ဟိုဟာလေး၀ယ်ပေးလိုက်သည်ဟာလေး၀ယ်ပေးလိုက်ဖြစ်နေပြီး

"လာ...Babe ဒီမှာအဆင့်သင့်ဖြစ်နေပြီ"

"အကို သားကော..."

"ဟိုမှာလေ babeသားက ကိုခန့်နဲ့နှစ်ပါးသွားနေတယ်"

"ခယ်မလေးရေ နင့်သားကြောင့်ငါမိန်းမရပါ့မလားတောင်မသေချာတော့ဘူး"

"မင်းကလည်း မင်းဘာသာမင်း မစွံတာကို ငါ့သားကိုဆွဲမထည့်စမ်းပါနဲ့"

"မြတ်ဇင်ရယ် မင်းကမိန်းမရတော့မှာဆိုတော့ပြောအားရှိတာပေါ့ ငါကရည်းစားမှမရသေးတာကွ"

"ဒီလောက်ကောင်းမလေးတွေရှိနေတာကိုရည်းစားမရဘူးဆိုတာတော့မဟုတ်ပါဘူးကွာ"

စကားတွေပြောကျ စ‌ကျနောက်ကျနဲ့ အချိန်တွေတရွေ့ရွေ့ကုန်ခမ်းလာရသည် ပြင်ဆင်ထားသည့်အစားအသောက်များကလည်းဒီနေ့မှပိုစားကောင်းနေသလို မိသားစုပါတီအသေးစားလေးကပျော်ဖို့ကောင်းနေသည်သားလေးကတော့ သူနားမလည်တဲ့စကားလုံးတွေကြားမိသားစု၀င်‌တွေကိုလိုက်ကာမော့ကြည့်ရင်းတွေးတောနေပုံရသည် ဆောင်းရာသီရဲ့အအေးဓာတ်ကိုအမှီပြုရင်း အကို့ရင်ခွင်ထဲမှီကာ ဖွင့်ထားသောသီချင်း‌တွေတစ်ပုဒ်ပြီးတစ်ပုဒ်ညည်းနေမိသည် ကိုခန့်ကလွဲရင် အားလုံးကပါတနာကိုယ်စီနဲ့ဖြစ်သည် သားကတော့ liam ရင်ခွင်ထဲမှနေရင်းသူ့ဒယ်ဒီရဲ့ လက်ဝါးကြီးကိုသူ့လက်သေးသေးလေးနဲ့ တွယ်ယှက်ထားသည်.....

အချိန်တွေတရွေ့ရွေ့နဲ့သာကုန်ဆုံးလာသည် ရာသီတွေလည်းပြောင်းလဲလာသည် ရာသီတွေပြောင်းတိုင်းဒီမိသားစုလေးကတော့နွေးထွေးဆဲဖြစ်သည် သူရနဲ့အမှုံတို့ရဲ့မနဲ့မောင် စုံတွဲကလည်း မိဘတွေအချင်းချင်းနားဖောက်ပြီးပြီ ကိုမြတ်ဇင်တို့စုံတွဲကလည်း အိမ်ထောင်ရက်သားပြုလိုက်သည်ကိုခန့်ကလည်းသူကြိုက်သည့်ကောင်မလေးကိုရှာတွေ့ပြီဖြစ်သည် နောက်ကျအဖြေရရင်မိတ်ဆတ်ပေးမည်တဲ့ သားငယ်ကတော့စကားတောင်စပြောနေပြီ သားငယ်က စကားစပြောသည်မှာ "အတို" တဲ့လေ သားက liam သုံးနေကျအသုံးနှုန်းလေးကို မှတ်ထားရင်းမပီကလာပီက‌လာနဲ့စတင်ကာ‌သုံးစွဲလာသည် ခုတော့သားကအတတ်ကလေးကိုဖြစ်နေသည် တစ်အိမ်လုံးမှာလည်းသူ့ခြေသူ့လက်များနဲ့ပင်ပြည့်နေသည် အမေကဆူတတ်သည်သိတော့ အဖေဖြစ်သူကိုတစ်ဖက်လက်နဲ့တည့်အောင်ပေါင်းထားသည်

"Babe သွားမယ်လေ သားကျောင်းမှာစောင့်နေရလိမ့်မယ်"

"အင်းပါ"

သားကမူကြိုတက်နေသည်မို့ အကြိုအပို့တာ၀န်ကအကို့တာ၀န်ဖြစ်သည် တစ်ခါတစ်လေတော့ သည်နေ့လိုမျိုး liam လည်းလိုက်တတ်သည် liam ပါလိုက်ကြိုတဲ့နေ့တွေဆို စားသောက်ဆိုင်၀င်တာမျိုးဖြစ်ဖြစ် တစ်နေ‌ရာရာ၀င်တာမျိုးဖြစ်ဖြစ် လုပ်ပြီးမှအိမ်သို့ပြန်တက်ကြသည် liam ကားပေါ်ရောက်တဲ့ထိအကိုကားကိုစက်နှိုးထားပေမယ့် မမောင်းသေးဘဲ liamအားကြည့်နေသည်

"အကိုသွားမယ်လေ"

"ခဏလေးနေပါအုန်း"ဟုဆိုကာ liam မျက်နှာကို သူ့လက်လေးနှင့်လှမ်းကိုင်လိုက်သည် ကျန်လက်တစ်ဖက်က liam ခါးသိမ်သိမ်ကိုသူနဲ့နီးကပ်စေရန်ဆွဲယူလိုက်ပြီး ဖြေးညှင်းသောအနမ်းတို့၀င်ရောက်လာသည် အကိုရဲ့နှုတ်ခမ်းသားတို့က liam အပေါ်နှုတ်ခမ်း နဲ့အောက်နှုတ်ခမ်းကို တလှည့်ဆီဆွဲယူစားသောက်နေသည်မို့ ရင်အစုံတို့ခုန်လာရပြန်သည်

"ဟင်"

Liamဆီက ညည်းသံသေးသေးလေးထွက်လာမှသာအကိုကအလျော့ပေးလာသည်

"အကိုရေ.. အသက်ရှူဖို့လေးဝောာ့ပေးပါအုန်း"

"အော်..မသိပါဘူး အကိုကbabe နဲ့နမ်းမိတိုင်းအသိစိတ်တွေလွတ်သွားတာဘဲသိတယ်"

"တော်ပါ ကလေးတစ်ယောက်တောင်ရနေပြီ အချိုတွေကကျွေးတုန်းနော်"

"မဟုတ်ပါဘူးဗျာချစ်တာပါကွာ"
ဒီလိုနဲ့ကားလေးသည် အိမ်ရဲ့ခြံ၀န်းထဲမှတစ်လှိမ့်ခြင်းဆီဝေးကွား‌သွားရင်း သားရဲ့ကျောင်းရှိရာသို့ဦးတည်သွားနေလိုက်သည် ကျောင်းထဲမှထွက်လာသည့်သက်ခ လေးကသူ့ဒယ်ဒီကိုတွေ့တာနဲ့ပြေးလာတော့သည်

"အတို့ကို သားသားကလွမ်းနေရော့"

"ဟား ဟားဖေ့သားကဖေ့ကိုလွမ်းနေရော့လား" သူ့အဖေရဲ့အပြောကိုခေါင်းတဆက်ဆက်ညှိတ်ပြကာ ပြန်ဖြေလာသည့်သားငယ် သက်ခကသူ့အဖေကို ကျန်သည့်အချိန်ဒယ်ဒီတို့ဖေဖေတို့ခေါ်ပေမယ့် သူလိုချင်တာရှိသည့်အချိန်တိုင်း အတိုလို့ချွဲကာကပ်ခေါ်တတ်သည် အကိုကလည်းထိုအပြောတွေ၌သာကြွေဆင်းနေရသည်

"ကဲ ကဲ ကားထဲ၀င်ချည် မင်းမာမီရှိတယ်"

ပိုးဖြူလုံးလေးက ကားထဲရောက်သည်နှင့် liam လည်ပင်းအားတင်းကျပ်စွာဖတ်တွယ်ထားရင်း မျက်နှာကိုအားရပါးရနမ်းကာ သူ့ပါးမို့မို့လေးတို့မို့တက်လာသည်ထိချစ်စရာကောင်းအောင်ပြုံးပြပြန်သည်

သားကိုတစ်ခုခု၀င်ကျွေးဖို့ စားသောက်ဆိုင်တစ်ခု၀င်ရတော့သည် သားကသည်လိုအဖေကောအမေကောသူ့ကိုလာကြိုတတ်သည့်နေ့ဆို သုံးယောက်လုံးတစ်ခုခု၀င်စားပြီးမှပြန်တက်သည် မဟုတ်ရင်စိတ်ကောက်တတ်သည်

"သား ဘာစားချင်လဲ"

"စပါတီ စားမယ်"

"ဟီး..ဟီးး သားရေ မပီရင်လည်းမပြောပါနဲ့မာမီရယ်ချင်လို့"

"Babe အဲ့လိုမပြောရဘူးလေ ကိုယ့်သားကို"

"စတာပါ မာမီ့သားတုန်းလေးက စပါဂတီစားဖို့လား ဟုတ်ပါပီရှင် အကိုမှာပေးလိုက်လေ" သူ့အမျိုးသမီးလေးက သားနဲ့အပြိုစနောက်တတ်သည် ပြီးရင်သူမဟုတ်သလို‌လုပ်တတ်သေးသည်

"ကလေးလေးကချစ်စရာလေးနော် မျက်တောင်လေးကရှည်နေရောဘဲ"

"‌ဟုတ်ပနော် Facebook ကပုံတွေထက်အပြင်မှာပိုချော‌တယ်နော် သားက"

ထိုစကားများကိုဘေးဝိုင်းကကောင်းမလေးနှစ်ယောက်ကဆိုလာခြင်းဖြစ်သည် ကိုယ့်သားကိုဝိုင်းချီးကျူးနေကြသည်မို့ liam ကပြုံး၍သာပြနေသည် ဒီလိုအပြင်မှာသားကိုတွေ့ကြရင်‌ကောင်းသောဘက်မှအပြောခံနေရတာမို့liam အနေနဲ့ထူးမနေတော့ပါ အကိုကတော့တည်သောအမူအရာဖြင့်သာ သူ့သားရဲ့စားလိုက်ဆော့လိုက်လုပ်နေသည်များကို စိတ်ရှည်စွာသုတ်ပေးနေသည်

"အမ ညီမတို့လေ သားလေးနဲ့ဓာတ်ပုံရိုက်လို့ရလားဟင်"

"အော် ရပါတယ်..."

"ကျေးဇူးပါနော် သားကအသွက်ကလေးနော်"

"ဟုတ်"

Liam ရိပ်မိသည့်အတိုင်းဖြစ်လာသည်မှာသားက သူ့အနားထိုကောင်မလေးတွေရောက်လာသည်နဲ့ကို တည်တံ့သွားတော့သည် သူ့ရဲ့အပြုံးအရယ်လုံး၀မရှိသည့် မျက်နှာသာရှိသည် ကျောင်းမှာလည်းတည်တည်သာနေသည်ဟုသူ့ဆရာမဆီပြန်ကြားနေကြဖြစ်သည် သားကဆူညံတာတို့ဘာတို့ကိုမကြိုက်ပေ မိဘကိုတော့သူမဟုတ်သလိုချွဲတက်သည် တကယ်ကိုသူ့အဖေရဲ့သွေးတွေသာစီးဆင်းနေသလားလို့ထင်ရသည် ထိုကောင်မလေးများကလည်း သားရဲ့ဒီလိုတည်တာလေးကိုဘဲချစ်နေရတာပါဟုဆိုသွားသေးသည်

အိမ်ရောက်တော့ liamရေမိုးချိုးကာကုတင်ပေါ်လှဲနေလိုက်သည် သားကိုသူ့ဒယ်ဒီကသွားတိုက်ပေးပြီးသည်မို့ liam ဆီပြန်လွှတ်လိုက်သည် သားကသူ့ရဲ့မမှီမကမ်းအရပ်ကလေးနဲ့ကုတင်ပေါ်ကုန်းရုန်းတက်ကာလာသည်

"မာမီ သက်ခကိုချီပါ"

"လာပါ ရှင်"

"မွ မွ"

"မာမီက မွှေးလိုက်ထာ"

"ရှင်ကအတက်ကလေးသိလား ကျွန်မ‌အရှေ့မှာကျကလေးလေးလိုလုပ် အပြင်လူရှေ့ကျတည်နေရော"

"အဲ့တာက သားကကိုယ့်သားကို babeရဲ့" အကိုက၀င်ပြောလာသည်

"သိပါတယ်နော်"

"အတို ဒီလာလေ"
သားက liam ရင်ဘတ်ပေါ်မှာ မှောက်ထားရင်းဘေးကကုတင်နေရာလွတ်လေးကိုလက်နဲ့ပုတ်ကာ သူ့ဒယ်ဒီကိုလာဖို့ခေါ်နေသည် အကိုက‌ဘေးမှာ၀င်လှဲတော့ liam ပေါ်မှသူ့ဒယ်ဒီပေါ်သို့ကူးသွားကာ တကူးကူးစီးရင်းဆော့နေပြန်သည် ဒီသားဖကိုကြည့်ရင်း liam မှာအပျော်တို့ကူးရသည်

"သား မင်းမာမီက ယားချင်လို့တဲ့"

"ဂလိ ဂလိ မာမီယားလား" ပါးစပ်ကအသံပေါင်းစုံထွက်ရင်း အမေကိုစနေသည့် ထို‌ကလေးရဲ့လက်နှစ်ဖက်ကိုအမိချုပ်လိုက်တော့သည် အလည်လေးကသူအချုပ်ခံရတော့သူ့ဒယ်ဒီကို စစ်ကူလှမ်းခေါ်တော့သည်

"အတို မာမီ့ကိုဖိပါအုန်း သက်ခကိုလုပ်နေပြီ"

"ဟုတ်လား အတို့သက်ခကိုလုပ်နေပြီလား"

သား‌ကခေါင်းတွင်တွင်ညှိတ်ရင်း အကူအညီတောင်းသလိုကြည့်လာသည်

"ယား မာမီသေပြီအတိုလာပြီမင်းဆီကို" အကိုသည်သူ့အားကြီးနဲ့ liam ကိုသူ့ရင်ခွင်ထဲတွင်တဆုံးဖမ်းချုပ်ထားတော့သည်

"အေးပါ နင်တို့သားဖလုပ်ထားသိလား ငါနောက်ယောကျာ်းယူပြီး ကလေးတွေမွေးပစ်မယ် ကြည့်ထား"

"ယူလို့ရမယ်ထင်နေလား babeရဲ့"
liam ရဲ့စနောက်တာကိုအကိုကသိပေမယ့်သားကတော့ထင်သလိုမဟုတ်ပါ

"ယူနဲ့ ယူနဲ့သား ဘောဘောနဲ့လိုက်ထုမှာအဲ့လူကို"

"ဟား..သားကတော့ ဖေ့သားဖြစ်ကြောင်းတစ်ခုခုပြီးတစ်ခုခုသက်သေပြနေတော့တာဘဲ"

သားကိုရင်ခွင်ထဲထည့်သိပ်‌တော့ သားကliam လည်ပင်းကိုကျစ်နေအောင်ဖက်ကာ ခွထားသည် လက်တစ်ဖက်ကလည်း သူ့ဖေအင်္ကျီစလေးကိုကျစ်နေအောင်ဆွဲထားသေးသည် သားသည် အကိုနဲ့ liam တို့နှစ်ဦးအတွက်အသက်တမျှ တန်ဖိုးရှိတဲ့ပိုးကြာမျှင်လေးပါ
ဒီလောက်ချစ်ဖို့ကောင်းနေသည့် ပိုးမျှင်လုံးနဲ့သူ့မာမီက ရှိန်းဇော်ခ တစ်သက်လုံးကာကွယ်သွားမည့် တန်ဖိုးအရှိဆုံးအရာတွေဖြစ်သည်.......

##########
Extra လေးရေးပေးပါ့မယ်🥺💕

ဇာတ်လေးတော့သိမ်းသွားပါပီ နောက်လာမယ့်ဇာတ်လမ်းလေးကိုလည်းအားပေးကြပါအုန်းနော် 🥺🖤.......

#hey guys!!!!
လက်ရာမကောင်းတဲ့ဒီဇာတ်လမ်းလေးကိုဖတ်ပေးကြတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးပါနော် 🥺✌️❤️
.............

Zawgyi





"သားနိုးနေမယ်လေ..."





"လာ‌ပါဆို နော်..နော်လို့"

.





"ဟုတ်ပါပီ"




"လာပြီ လာပြီ"







"စိတ်ချပါမိန်းမရဲ့"






"အကို သားကော..."









"အင်းပါ"


"အကိုသွားမယ်လေ"


"ဟင်"











"သား ဘာစားချင်လဲ"

"စပါတီ စားမယ်"








"အော် ရပါတယ်..."


"ဟုတ်"



"မာမီ သက်ခကိုချီပါ"

"လာပါ ရှင်"

"မွ မွ"

"မာမီက မွှေးလိုက်ထာ"



"သိပါတယ်နော်"

"အတို ဒီလာလေ"












##########


#hey guys!!!!
.............

Continue Reading

You'll Also Like

796K 34.7K 57
"Mujhe jhelna mushkil hai nader," she said with a smile while her gaze was fixed on the table. ("It's difficult to tolerate me, Nader") "Main jhel l...
199K 15.5K 35
𝐕𝐈𝐇𝐀𝐀𝐍 ♡ 𝐑𝐔𝐇𝐀𝐍𝐈𝐊𝐀 Ruhanika, a quiet introvert with a passion for books and study. She thrives in the world of words, finding solace in...
820K 8.2K 67
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍
518K 32.8K 67
"Sshhhhh....." he hushed and pinned us against the wall leaving no space between us. I held onto his biceps with my hand in reflex. He shook his head...