NANI?

By HsuChiKo365

11.8K 1.4K 150

samyu fanfic More

About Story
Intro
Mentor Vs Rookie
(Mentor Vs Rookie)
L 2 : Painter Vs Fighter
Painter Vs Fighter
Painter Vs Fighter
Painter Vs Fighter
AD Vs A-list Actor
AD Vs Actor
AD Vs Actor
AD Vs Actor
Croupier Vs Gambler
Croupier Vs Gambler
Croupier Vs Gambler
ငါတို့သိတဲ့ Lin Zi Hong

(Mentor Vs Rookie)

1K 113 26
By HsuChiKo365

L 1 : Main Vocalist , Virtual & Dancing Machine

___________________________________

"မင်္ဂလာပါ...Aura ရဲ့..."

"Yahhh!!!SamLin Di Sukidesu!!
I'm from Japan"

သူ့အသံမထွက်ခင် စင်အောက်ကနေ
အော်ဟစ်ဆူပူလိုက်သော ဆယ်ကျော်
သက်မလေး။ ကိုင်ထားသောBanner
မိတ်ဆက်လိုက်သည့် အသံနေအသံ
ထား...အကုန်လုံးက ဝိုင်းရယ်သည့်
တိုင် သူ့မှာမရယ်နိုင်။ မျက်လုံးပြူးကာ
အတောင့်သားဖြစ်နေရပါသည်။ ဒါကို
ပင်

"Kawaiii...Gwiyoeyo" စသည့်ဖြင့်
ဆူညံ ပွတ်လော်ရိုက်ကုန်လျက် Fansite masternimတို့၏ ကင်မရာ
မီးတို့ တဖျပ်ဖျပ်လဲ့။

ဒါသည် Idol ဘဝပါပဲ။ အသက်၂၀
ကျော်စအရွယ် Idol ဘဝကို နောက်တစ်ကြိမ် ရွေးချယ်မိခဲ့သည်။ ဖူးစာ
ရေးနတ်တစ်ဖြစ်လဲ သူ၏ နာနီ၏ စိန်
ခေါ်မှုကို လက်ခံခြင်းက တကယ်ဖြစ်
လာခဲ့သည်။ ဖြစ်စဥ်တွေက Online
မှာနာမည်ကြီးလာသော ဝတ္ထုဆန်ဆန်
တွေပေမဲ့ ဒါတွေက အမှန်ဖြစ်နေ၏။

ထိုနေ့က...

ရုပ်ရှင်တွေမှာဆို အခုဇာတ်ကွက်ကို
အဖြူအမည်းနှင့်ပြမလား...
ဝါညက်ညက်ကာလာနှင့်တင်ဆက်
လေမလား။

ထိုင်ဝမ်မှာ ရွက်ဝါတွေဝေသည့်ရာသီ၊
နွေလေနွေးတို့ တိုက်ခိုက်နေသည့် ည
လယ်ခင်းတစ်ခု ၊
လူခြေတိတ်ဆိတ်သည့် လူလျှောက်လမ်းလေးတစ်ခု၏ မှောင်ရိပ်ကျသည့်
တစ်နေရာ...တိတိကျကျဆိုပါက ဇွန်မွှားပန်းရုံအကွယ်မှာ YangYuTengက
သူ့ကို ချစ်စကားဆိုခဲ့သည်။ ဖွင့်ဟမှုက
ခပ်ပြတ်ပြတ်ပါ။

"မင်း နဲ့ တကယ်တွဲချင်တယ်။ မင်း
ကို ငါ သဘောကျနေတာရပ်လို့မရ
တော့ဘူး ZiHong" တဲ့

သူ့အသက် ၂၈...ကျန်းမာသောယောကျာ်းတစ်ယောက် ဖြစ်လင့်ကစား
YangYuTeng၏ ရုတ်တရက်ကြွေလာ
သည့် အနမ်းကို သူမရှောင်ဖယ်နိုင်ခဲ့
ဘူး။ ပိုဆိုးသည့်ကိစ္စကိုပြောပြရရင်
သူဟာ အထက်တန်းစတက်ခါစ ဆယ်
ကျော်သက်လေးလို...အနမ်းဆိုတာကို
အခုမှ ခံစားဖူးသလိုလို ပုံစံတို့နှင့် ဖြစ်
နေခဲ့သည်။ သူ သတိဝင်လာတော့လည်း တုံ့ပြန်မှုက မသေမသပ်။ Yang
YuTengရင်ဖက်ကို ကမန်းကတမ်းတွန်းဖယ်မိ၏။ YangYuTengကို
ဘယ်သောအခါမှ အားမသုံးဖူးပေမဲ့
သည်တစ်ခေါက်က လိုတာထက် အားပါသည်။ YangYuTeng ခြေတစ်လှမ်း
နောက်ဆုတ်သွားရသည်အထိ။ မယုံနိုင်
အောင် အံ့သြနေသည့် YangYuTeng
ကို သူရယ်ပြမိသည်။ YangYuTeng
ပခုံးကို ခပ်ဆဆထပ်တွန်းလိုက်ပြီး

"လာနောက်မနေနဲ့ YangYuTeng...
မဆိုးဘူး နမ်းတာတော်လာပြီ။ ကောင်း
တယ်။ သိပ်ကောင်းတယ်"

တင်းတင်းစေ့သွားသည့် နှုတ်ခမ်းပါး
တွေ ၊ အရည်ကြည်လဲ့ခနဲဖြစ်သွားပါ
သော မျက်ဝန်းအိမ်တွေကို လျစ်လျူ
ရှုပြီး နောက်နောက်ပြောင်ပြောင်ပုံစံ
နဲ့ သူ အရင်ထွက်လာခဲ့လိုက်သည်။
YangYuTengဘယ်လိုကျန်ခဲ့လဲဆိုတာအခုထိ သူမစဥ်းစားရဲဘူး။ ဒါပေမဲ့ သူ
ဖြစ်ခဲ့တာတွေကိုတော့တစ်ခုချင်းစီ အတိအကျမှတ်မိနေဆဲ...

YangYuTengမျက်ကွယ်သွားချိန်မှာသူ အပျက်ပျက်အယွင်းယွင်းအခြေအ
နေနဲ့ ကားဆီကိုရောက်အောင်လျှောက်
ခဲ့သည်။ စီးရီးအောင်မြင်မှုကိုဂုဏ်ပြုပေးသည့် ပျော်ပွဲရွှင်ပွဲပါတီကိုနောက်
ချန်ထားခဲ့ပြီး သူကားမောင်းထွက်လာ
ခဲ့သည်။ ဘယ်ဆီကိုဦးတည်မိသည်မသိ။ သူသတိထားမိတော့ မြို့ချဥ်းကပ်လမ်းတွေဆီကိုတောင်ရောက်နေခဲ့၏။
တွေ့ရသည့် ၂၄နာရီစတိုးဆိုင်လေးမှာ
သူ ဘီယာကတ်လိုက်ဝယ် ၊ ဆိုင်ရှေ့မှာချထားပေးသည့် ပလက်စတစ်ထိုင်ခုံမှာထိုင်ပြီး တစ်ယောက်တည်းထိုင်သောက်၊ တစ်ကတ်မကုန်ခင် သူမှောက်ကျသွားတော့...
ဆိုင်ထဲက ဝန်ထမ်းလေးက ထွက်လာ
ပြီး တက္ကစီခေါ်ပေးခဲ့ရသည်။
သူပြန်ရောက်တော့ မထူတောင်မထူနိုင်
ဘူး။ တံခါးပေါက်ဝမှာ ထိုင်ချငိုနေ
တုန်းမှာပဲ နာနီက သူ့အနားရောက်လာ
ခဲ့သည်။

"Nini ဒီနေ့ နားရက်မလား"

နာနီက မဖြေဘူး။ သူ့ကို ငုံ့ကြည့်ပြီး
စိတ်ဆိုးနေသောလေသံနှင့်ပြောလာ
သည်က

"YangYuTengအပေါ်အဲ့လို မလုပ်သင့်
ဘူး" တဲ့။

YangYuTeng အကြောင်းဘယ်လိုကနေဘယ်လိုသိသွားတာလဲဆိုသည့်
မေးခွန်းကို မမေးနိုင်ခင် နာနီဆက်တိုက်
ပြောသည်များက ဖူးစာဆိုတာမျိုးက
ဘယ်လိုမှ မရှောင်လွှဲနိုင်ကြောင်း...
YangYuTengကသာ သူ့ဖူးစာဖက်
အစစ်အမှန်ဖြစ်ကြောင်း...

သူခေါင်းတွင်တွင်ခါ ငြင်းမိသည်။

"YangYuTengက...မဖြစ်နိုင်ပါဘူး"

"ဘာလို့မဖြစ်နိုင်ရမှာလဲ။ ဘာကိုမဖြစ်
နိုင်တာလဲ။ မင်းဖူးစာဖက်လား။ မင်း
ကိုချစ်တယ်ဆိုတဲ့ ကိစ္စလား"

သူဘာတစ်ခုမှကို သေသေချာချာမဖြေ
နိုင်။ သူမယုံတာမဟုတ်ပေမဲ့...သူတို့
နှစ်ယောက်က BLကားတွဲရိုက်တာနဲ့
တကယ်ကြိုက်သွားကြတယ်ဆိုသည့်
ခေါင်းစဥ်အောက်မရောက်ဖို့ကို မာနတွေနှင့်တင်းခံနေကြသည်မှာ သေချာ
သည်။ နောက်ပြီး

"မိုးမြေက စီစဥ်တာတွေ ဖူးစာတွေဆို
တာကို ကျွန်တော်မယုံဘူး Nini...
အဲ့ဒါလူတွေက ပေါင်းဖက်ဖို့အတွက်
တကယ်မရှိတဲ့အရာတွေကို သက်သက်ဆွဲထည့်တာ။ မိုးမြေကစီစဥ်တာပါ
ဖူးစာရေးနတ်ဖက်တာပါဆိုပြီး မင်္ဂလာတွေဆောင်...ဘုရားသခင်ဆီ ကတိတွေ
ပေးပြီးမှ သဘောထားမတိုက်ဆိုင်လို့
ခံစားချက်တွေ အေးစက်သွားကြလို့
အတူတူရှိနေခြင်းက နှစ်ယောက်လုံး
အတွက် ခက်ခဲစေလို့ ဘာလို့ညာလို့နဲ့
ကွာရှင်းကြတာပဲ မဟုတ်ဘူးလား။ လူ
လူချင်း ချစ်ဖို့က လက်ထပ်မှ မဟုတ်
ဘူး။ ဖူးစာရေးတွေ နတ်ဖက်တာတွေလည်း မလိုဘူး။ ဆက်ဆံရေးတစ်ခု
တည်ဆောက်မှလည်း ချစ်လို့ရတာ
မဟုတ်ဘူး။ တည်ဆောက်ပြီးမှ ကွဲကြ
တာထက် အခုလိုနေပြီးတော့..."

သူဆက်မပြောနိုင်တော့ပါ။ YangYuTengကို သူချစ်တယ်ဆိုရင်
တောင် နောင်တစ်ချိန်ဆိုသည့် အနာ
ဂတ်ကို သူမယုံ။ သူယုံကြည်မှုလည်းမရှိဘူး။ YangYuTeng နှင့် မကောင်းမွန်
သည့် အကြောင်းအရာဆိုတာမျိုးကို
အတိတ် ၊ ပစ္စုပ္ပန် နှင့် အနာဂတ် ဘယ်
ကာလမှာမှ လက်မခံနိုင်။ သူငယ်ချင်း
တွေလုပ်ရင်း သူငယ်ချင်းမဟုတ်တဲ့
အချစ်နဲ့ပဲ တိတ်တိတ်လေးချစ်သွားချင်
၏။

"ဘာလို့ဖူးစာရေး နတ်ဖက်တာကို မယုံ
တာလဲ။ မိုးမြေသာ အလိုရှိရင် ဘယ်လိုမှ ရှောင်လွှဲမရဘူး"

"အဓိပ္ပါယ်မရှိတာတွေ..."

Nini ဟာ စိတ်မဆိုးစဖူးစိတ်ဆိုးနေခဲ့
သည်။ အလိုမကျသည့် Nini မျက်နှာ
ပေါ်မှာ အရိပ်ပေါင်းစုံဖြတ်ပြေး၏ ။ သူ့
ကိုဆို အမေလို ကြီးတော်ကြီးလို အလို
လိုက် အနွံတာခံခဲ့သည့် Nini မဟုတ်
တော့သလိုပဲ။ Nini ပုံစံကို သူလုံးဝ
သဘောမကျ။ ရောက်ကတည်းက မထူ
နိုင်မထနိုင်သည့် သူ့ကို ဖိနပ်ချွတ်မှာခုထိ ပစ်ထားဆဲ။ ငုံ့မိုးပြုံးပြပြီး

"မိုးမြေရဲ့ အလိုတော်အရ ဖူးစာရေး
နတ်က ကောင်းချီးပေးခဲ့ကြတယ်။ စိန်ခေါ်လား Lin Zi Hing...မင်းဘယ်
ဘဝမှာပဲနေနေ YangYuTengနဲ့တွေ့
ဆုံလိမ့်မယ်။ ချစ်ကြိုက်မိလိမ့်မယ်"

"လုပ်လိုက်လေ...Niniယုံကြည်ပါတယ်
ဆိုတဲ့ မိုးမြေအလိုတော်ရှိမှုကြီးကို..."

မူးနောက်ထွေရီနေမှု ၊ စိတ်နှလုံးသား၏
နာကျင်မှု ၊ ကျန်ခဲ့သည့် YangYuTeng
၏အကြည့်တွေ အရာအားလုံးစုံလာ
သည့်နောက် သူ့တွင် ဂျစ်ကန်ကန် တုံ့
ပြန်မှုတို့ ထွက်ပေါ်လာတော့သည်။

"မင်းပြောတာနော် LinZiHong...
ဒါဆိုရင်...နောက်မှတွေ့ကြရအောင်"

Nini လက်တစ်ဖက်မြောက်တက်လာ
ပြီး လက်ညှိုးထိပ်နှင့် သူ့နဖူးကို လာထိသည်။ ထို့နောက်...

တောင်ကိုရီးယားသမ္မတနိုင်ငံတွင်သူ
ပြန်လည်မွေးဖွားလာသည်။သူ၏နေ့
ရက်တို့ကို ပုံပမာခိုင်းရပါက ရုပ်ရှင်
မြင်ကွင်းတွေမှ တဖျပ်ဖျပ်အမြန်ပြ
သည့် ရုပ်ကတ်တွေလိုပဲ။ အမြန်ပြကွက်တွေ ရပ်သွားသည့်အချိန်က အခု
အသက်၂၀ အရွယ်ပေါ့။ နာမည်ကြီး
Entertainmentကြီးတစ်ခုမှ Boy Group တစ်ခုတွင် Audition အောင်
မြင်ခဲ့ပြီးနေခဲ့ပြီ။ သတိမထားမိသည့်အချိန်မှာပင် သူဟာ အောင်မြင်နေခဲ့
ပြီးပြီ။ Idolဘဝကို မကြိုက်ခဲ့ဖူးပေမဲ့
ပြိုင်ဆိုင်မှုများသော ကိုရီးယားလို
နိုင်ငံမှာ IDOLလာဖြစ်နေခဲ့ပြီ။ အကြောင်းအရာတွေအားလုံးက ထိုသို့ဖြစ်လာဖို့ကို တစ်စုံတစ်ယောက်ကစီ
စဥ်တကျရေးဆွဲထားသလိုမျိုးပေါ့...
ထိုင်ဝမ်-ကိုရီးယား ကပြားသူက အခု
တော့ ကိုရီးယားနိုင်ငံသားပဲ။ နာမည်
အရင်းသည်လည်း LinZiHongပဲ။
ခေတ်သည်လည်း အတူတူ ၂၀၀၀ပြည့်နှစ်လွန် ကာလတွေ။
သို့ပေမဲ့ မိဘတွေ ၊ ပတ်ဝန်းကျင်တွေအားလုံးက အသစ်ပဲ။ အိမ်ကိုမူးပြီးပြန်လာပြီး ဖိနပ်ချွတ်မှာ နတ်ဘုရားကို
စိန်ခေါ်ခဲ့သည့်ကိစ္စကို သူ
မှတ်မိနေသလို YangYuTengကိုဖြင့်
ပို၍တောင် မမေ့နိုင်သေး။ ဖြတ်သန်း
လာခဲ့ရသည့် အမြန်ပြကွက်လို နေ့စဥ်
ဘဝဖြတ်သန်းမှုများတွင် သူ့ရည်ရွယ်
ချက်က တစ်ခုတည်း။ နတ်ဘုရားမှား
ကြောင်း သက်သေပြရန်သာ...

ထို့ကြောင့် ဘဝတစ်လျှောက်လုံး Japan ကိုရှောင်ဖြစ်ခဲ့သည်။ Japanနှင့်
ဆက်စပ်သည်များ သူ့ဘဝတွင်မရှိစေ
ရ။ YangYuTeng နှင့်သာ မဆုံရင်
Niniပြောခဲ့သည့် မိုးမြေအလိုတော်ကျ
ဆိုသည်က မှားယွင်းသည့် အချက်
အလက်တစ်ခုပဲ။  သက်သေပြဖို့မဆို
ထား။ အခု ဘဝမှာ YangYuTengကို
လည်း မတွေ့ရ...နာမည်တောင် Yang
YuTengမှ ဟုတ်ပါမလားပဲ။ သူ Onlineပေါ်မှာရှာကြည့်ပေမဲ့ မတွေ့ခဲ့။
ပြီးတော့ Nini လည်း ပေါ်မလာအပျောက်ရိုက်။ ​ဒီဘဝမှာတော့ ရာသက်ပန်နေရမှာမျိုးတော့ မဟုတ်ပါဘူးနော်လို့ သူဘယ်သူ့ကိုမေးမှန်းမသိ
တစ်ကိုယ်ရည်အခါခါမေးခွန်းထုတ်ဖူး
သေး၏။ အခုမိဘတွေ သူငယ်ချင်းတွေအကုန်အကုန်လုံးကောင်းကြပေမဲ့ တကယ့်မူရင်းဘဝက လူတွေကိုလည်း
သူလွမ်းမိသည်။

"အဆင်သင့်ဖြစ်ပြီ Sam..."

Fan meetingတစ်ဖြတ်နား ၊ အဝတ်အစားလဲ အားလုံးပြင်ဆင်ပြီး
သည့်နောက် Album ကို Signထိပေး
ဖို့ ပြင်ဆင်ထားရာ စင်သို့ထွက်လာကြ
ရသည်။ Idolဆိုတာက သူမလုပ်ချင်ဆုံးအလုပ်ဖြစ်သလို သူအသားကျဆုံး
အလုပ်လည်းဖြစ်နေခဲ့သည်။ စင်ပေါ်
ရောက်သည်နှင့် Fansignတက်ခွင့်ရ ကံထူးရှင်များကို လက်ဝှေ့ယမ်းနှုတ်
ဆက်လိုက်သည်။ သတ်မှတ်ပေးသည့်
စားပွဲတွင်ထိုင်၊ Fanတစ်ယောက်ချင်း
ကို ရင်းရင်းနှီးနှီးစကားပြော ၊ တောင်း
ဆိုသည့် စာလေးတွေဂရုတစိုက်ရေး
ပေး လိုက် Signထိုးလိုက် လုပ်နေစဥ်
ခပ်ဝဝ ဆယ်ကျော်သက်အရွယ်ကောင်မလေးအလှည့်ရောက်လာသည်။ သူ့ကို ရင်းရင်းနှီးနှီးပြုံးပြပြီးသူ
ကလည်း

"နာမည်ဘယ်လိုရေးပေးရမလဲ" ဟု မေးလိုက်သည့်နောက်

"YangYuTeng ကို လွမ်းနေပါသည်

ဟုရေးပေးပါ" ဟု ခပ်မြူးမြူးလေသံနှင့်ဆို၏။

သူ့သွေးတို့ပြောင်းပြန်စီးသွားသလို ထိတ်လန့်သွားရသည်။ ကောင်မလေး
ကို နောက်တစ်ကြိမ်ပြန်မော့ကြည့်မိ
သည့် အခိုက် ကလေးမက အားပါးတရ
ပြုံးလျက်ကပင်

"ပိုချောလာတယ် LinZiHong..."

ဟု ခပ်တိုးတိုးနှုတ်ဆက်လေ၏ ။ ကင်
မရာတွေကြား မျက်နှာမပျက်အောင်
အနိုင်နိုင်ထိန်းရင်း လက်မှတ်ထိုးပေး
လိုက်ရသည်။

ဒီဘဝတွင် သူ့တရုတ်နာမည်အရင်းကို
Fanတွေ သိစရာအကြောင်းမရှိ။ Aura အပြာရောင်ဖြစ်သော သူ့ကိုLow
Profile အဖြစ်နေခိုင်းခြင်းဖြင့် Concept ဆွဲထားခဲ့သည်ပင်။

သူ့ဘဝထဲကို Niniကတော့ Fangirl
အနေဖြင့် ပြန်လည်ရောက်ရှိလာခဲ့ပြီ
ဒီအတိုင်းဆို YangYuTengသည်
လည်း...

အသက် ၂၀ အရွယ် Idol လေး
LinZiHong သည် ခေါင်းတွေကိုသာ
သတိလက်လွတ်ရမ်းခါနေတော့သည်။
ထိုသည်ကိုပင် " ချစ်ဖို့ကောင်းလိုက်တာ" ဟူသော အော်သံတွေဖြင့် ကင်မရာမီးတို့ တဖျပ်ဖျပ်လဲ့နေပါ
တော့၏။

tbc...

AN//တစ်ပတ်ကို weekendsတိုင်း ၂ပိုင်းတင်နိုင်အောင်ကြိုးစားပါ့မယ်
၂ပိုင်းကို တစ်ဘဝအဖြစ်သတ်မှတ်ထား
သလို လောလောဆယ်ကန့်သတ်ထား
ပေမဲ့ များရင်လည်းများနိုင်ပေမဲ့ ကြား
ရက်တွေအားရင်လည်း အားသလိုအား
စိုက်ရေးကြည့်ပါ့မယ်။
Spoilရရင် ဆယ်ဘဝလောက် ကူးပြီး
YangYuTengကို ပတ်ရှောင်ပြမှာမို့
ဒီတစ်ခါဇာတ်လမ်းကရှည်ပါလိမ့်မယ်

အဆင်ပြေရဲ့လားမသိ😁😁

Continue Reading

You'll Also Like

307K 9.2K 100
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
63.9K 1.3K 47
*Completed* "Fake it till you make it?" A messy relationship with a heartbroken singer in the midst of a world tour sounds like the last thing Lando...
174K 4.6K 40
" She is my wife, stay away from her!" " Keep trying she will remain mine. " " Show me your scars, I want to see how many times you needed...
248K 18K 90
as usual many dramas, emotions, fluffy , angst, and most importantly soo much love. top tae bot kook no cheating no threesom No skin ship with others