FOLLOW ME[Complete]

By M-O-N-E

317K 24.7K 2.5K

ZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 Noti:This story is Adultery type. About toxic hearts from love conserv... More

1.Uncle
2.White God
3.Adultery
4.Anyway
5.Daydream
6.Mistake
7.Crazy_Something
8.Oasia
9.Fool_with_pain
10.Not_easy
11.Hopeless_Meeting
SORRY
12.They_with_love
13.Start
14.Wrong_way
15.Sky&Sea
16.Following
17.Mine
18.Dear-OoNge
19.Smile&Tear
20.The_whole_tomorrow
21.Missing_long_days
22.Holding_You
23.My_future
24.Candy
25.Should_know
26.Way_back_home
27.Heaven
28.All_of_me
29.Unremarked
31.Side_effect:2
32.Broken_trust
33.Badly_you
END:The_warm_hands

30.Side_effect:1

6.5K 635 61
By M-O-N-E

❦︎Unicode version❦︎

FOLLOW ME - 30
.
.
.
.
.
"ဦးငယ်...ကျွန်တော်သားသားတွက်လိုအပ်တာလေးတွေmarketမှာသွားဝယ်ချင်လို့!...အဲ့ဒါဦးငယ်လိုက်ပို့ပေးပါလားဟင်!..."

စနေနေ့လိုရုံးပိတ်ရက်ဖြစ်တာကြောင့်မိသားစုလိုက်လေးစျေးဝယ်ထွက်ဖို့ရန်စိတ်ကူးမိလိုက်တာမို့ရိပေါ်ဦးငယ်ကိုတောင်းဆိုမိတော့ရေချိုးပြီးဗီရိုရှေ့အဝတ်လဲနေသည့်ဦးငယ်ကသူ့ကိုတချက်မျှစောင်းငဲ့ကြည့်လာတယ်။

"ဒီနေ့တော့မရဘူးချာတိတ်ရ...ဒီလိုလုပ် မနက်ဖြန်မှကိုယ်ချာတိတ်နဲ့သားသားကိုကစားကွင်းထိလိုက်ပို့ပေးမယ်လေ..."

အက်ျီကြယ်သီးငုပ်တပ်နေရင်းပြောလာသည့်ဦးငယ်ကသူ့အငြင်းစကားကြောင့်ငိုတော့မလိုညှို့မှိုင်းသွားသည့်ရိပေါ်မျက်နှာလေးကိုမြင်ပုံမရ။ရုံးပိတ်ရက်မှာတောင်အလုပ်တွေရှုပ်နေတာလားအရှုပ်တွေလုပ်နေတာလားမသိပေမဲ့သူ့ကိုယ်သူပြင်ဆင်နေတာတောင်ဦးငယ်ပုံစံကအလျင်လိုနေဟန်။messageဝင်လို့ဖုန်းnoticသံကြားတိုင်းလည်းphone screenလင်းလင်းကိုပြေးကြည့်ရတာအမော။

"အဲ့ဒါကပိုအရေးကြီးနေတာလားဟင်!..."

မှန်တင်ခု​ံနားရပ်လို့လက်ပတ်နာရီဝတ်နေရင်းရိပေါ်အမေးစကားကြောင့်ဦးငယ်ကမျက်ခုံးတွေပင့်ကြည့်လာတယ်။မသိရင်ရိပေါ်ကပဲမမေးသင့်တာမေးလိုက်မိသလိုမျိုးအလိုမကျဟန်ဖြင့်။

"အဲ့လိုမတွေးရဘူးလေချာတိတ်ရာ...ကိုယ်ကအလုပ်ကိစ္စနဲ့အပြင်သွားရမှာမို့ရက်ရွေ့ပေးစေချင်ရုန်လေးပါ...ကိုယ်လုပ်နေတာတွေကချာတိတ်နဲ့သားသားအတွက်ပဲဆိုတာသိတယ်မဟုတ်လား...နားလည်ပေးနော်..."

ရိပေါ်နဘေးမွေ့ယာပေါ်တင်ထားပေးသည့်မီးခိုးရောင်ကုဒ်အက်ျီယူဝတ်ရင်းချော့ပြောလာသည့်ဦးငယ်။ဦးငယ်အထင်သူပြောနေတာတွေကကလေးဆန်ဆန်အတွေးတွေကြောင့်လို့ထင်နေပုံ။

"ကျွန်တော်မတွေးပါဘူး...ဒီတိုင်းပြောလိုက်မိတာ..."

"ကိုယ်သိတယ်...ချာတိတ်ကကိုယ့်အပေါ်နားအလည်ဆုံးပဲ...နောက်ကျနေလို့ကိုယ်သွားတော့မယ်နော်ချာတိတ်!..."

"ဦးငယ်!..."

ကားသော့ဆွဲယူပြီးလှည့်မကြည့်တမ်းအခန်းပြင်ထွက်သွားပြီဖြစ်တဲ့ဦးငယ်။ကုတင်ထက်ငုပ်တုံ့လေးကျန်ခဲ့သည့်ရိပေါ်ပါးပြင်ထက်မျက်ရည်ဥတို့လိမ့်ခနဲ။ခါတိုင်းအပြင်မသွားခင်သူ့နှဖူးထက်ခြွေချနေကျဦးငယ်အနမ်းနွေးနွေးတို့လည်းပျောက်ရှတယ်။ချစ်စကားတွေတီတီတာတာပြောဖို့ဆိုဝေးစွ။ဦးငယ်အရင်လိုမဟုတ်တော့ပေမဲ့သူ့ကိုတော့ချစ်နေသေးတယ်ထင်တာပဲ။

.....................

"လေးလေးလာပြီ...ရေး!!!!..."

ရိပေါ်တို့အိမ်ခြံထဲဖေရှီးကားလေးဆိုက်ရပ်လိုက်တာနဲ့သားသားကကျောင်းပိတ်ရက်အပြင်ထွက်ရမယ်ဆိုတော့ပျော်လို့ရွှင်လို့သူ့လေးလေးကိုအပြေးလေးသွားကြိုတယ်။ဦးငယ်စီခွင့်မတောင်းခင်ကတည်းကဒီနေ့marketလိုက်ပို့ဖို့သားသားကိုကြိုပြောထားမိတာကြောင့်တနဂ်နွေနေ့မှသွားမယ်ပြောတော့သားသားကလက်မခံဂျီတိုက်နေတာနဲ့ရိပေါ်ဖေရှီးကိုသာအပူကပ်လိုက်ရခြင်းပင်။

"အဟက်!...ငါတို့အားကျန့်ကအပြင်ထွက်လည်ရမယ်ဆိုတော့ပျော်နေတယ်ပေါ့...လာပါဦးလေးလေးစီ..."

အားကျန့်ကိုယ်လေးကိုကောက်ပွေ့ပြီးဖေရှီးကအိမ်တံခါးဝမှာရပ်နေသည့်ရိပေါ်စီလျှောက်သွားလိုက်တယ်။

"ရိပေါ်...မင်းဦးငယ်လုပ်ပုံမဟုတ်သေးဘူးနော်...သူ့အလုပ်ကမင်းတို့သားအဖထက်အရေးပါနေရအောင်ဘာမို့လို့လဲ..."

သိတဲ့အတိုင်း ရိပေါ်မျက်နှာညှိုးတာနဲ့ဖေရှီးကပွစိပွစိလုပ်တော့တာပဲ။သူ့သူငယ်ချင်းကိုဂရုမစိုက်တဲ့လူဆို​ဘယ်လောက်ပဲကြီးကျယ် မြင့်မြတ်နေပါစေဖေရှီးလေးစားမနေတော့။

"ငါတို့သွားရအောင်ဖေရှီး..."

ရှိပါစေတော့ဆိုသည့်သဘောရိပေါ်ဘက်ကဘာတခွန်းမှချေပမလာ။ဘတ်အိပ်အမဲလေးလွယ်ပြီးကားနောက်ခန်းထဲသွားဝင်ထိုင်သည့်ရိပေါ်ကြောင့်ဖေရှီးလည်းအားကျန့်ကိုချီပြီးကားစီလျှောက်သွားလိုက်တယ်။သူဘယ်လောက်ပြောပြောရိပေါ်ကရှောင်းကျန့်ကိုအပြစ်မြင်ဟန်မရှိတာမို့သူဒေါသထွက်ရတာပဲအဖက်တင်မည်။

Marketစီကားမောင်းလာသည့်တလျှောက်လုံးအားကျန့်ကမူကြိုမှသူသင်ထားသည့်အဂ်လိပ်ကဗျာတွေရွတ်ပြနေတာမို့ဖေရှီးမှာသဘောတကျအရယ်အပြုံးမပျက်ပေမဲ့ရိပေါ်ပုံစံကတော့စထွက်လာကတည်းကခပ်မှိုင်မှိုင်ရယ်။သူစိတ်ကူးထဲကအားလပ်ရက်လေးကဒီလိုဖြတ်သန်းခဲ့ရတာမျိုးမှမဟုတ်ပဲ။

Marketဝန်းထဲရောက်တော့ကားပါကင်မှာကားရပ်ထားခဲ့ပြီးလူပျိုလူလွတ်ဖြစ်ပါလျှက်နဲ့ဖေရှီးကအားကျန့်ကိုချီလို့shopping mallထဲဝင်တယ်။အားနာပေမဲ့သားသားကဖေရှီးလက်ထဲပျော်နေပုံရတာမို့ရိပေါ်လည်းပြန်မခေါ်မိဖေရှီးနောက်ကနေပဲmallထဲလိုက်ဝင်သွားလိုက်တော့တယ်။

"ပါးပါး...ရုပ်ရုပ်...လေးလေး ဟိုဟာရေး..."

သားသားတွက်လိုအပ်မည့်ပစ္စည ်းတချို့နဲ့လက်ညှိုးထိုးသမျှအရုပ်တွေလိုက်ဝယ်ပေးနေရတာမို့ခဏလေးတွင်းရိပေါ်အပြင်ဖေရှီးလက်တစ်ဖက်မှာပါအထုပ်တွေပြည့်လို့။

"ရိပေါ် ခဏ...ငါ အားကျန့်လေးနဲ့အရုပ်ကောက်ဦးမယ်..."

ပြောပြီးသားသားနဲ့အပြိုင်အရုပ်ကောက်သည့်စက်နားပြေးသွားသည့်ဖေရှီးကြောင့်ရိပေါ်ကခေါင်းတရမ်းရမ်းနဲ့ပြုံးတယ်။လက်ထဲမှာလည်းအထုပ်တွေမနဲမနောမို့ခပ်လှမ်းလှမ်းကခုံတန်းရှည်လေးတခုမှာသွားထိုင်စောင့်ရင်းဘာများကျန်သေးလဲအထုပ်တွေထဲဟိုကြည့်ဒီကြည့်။

ရုံးပိတ်ရက်ဖြစ်တကြော င့်mallထဲshoppingထွက်လာသူတွေကတော့တရုန်းရုန်းနှင့်လူမပြတ်။ရိပေါ်လည်းဖေရှီးနဲ့သားသားကိုလှမ်းကြည့်လိုက်ရင်းဟိုဟိုဒီဒီမျက်လုံးကစားမိတော့စိန်ထည်ချည်းသပ်သပ်ရောင်းသည့်အရောင်းဆိုင်တစ်ခုမှာအကြည့်တွေရပ်သွားရတယ်။

မဟူရာရောင်ကိုယ်ကျပ်ဂါဝန်နဲ့နှစ်ခါပြန်ငေးရလောက်အောင်လှသည့်အမျိုးသမီးတစ်ဦး။ထိုဆိုင်ကဝန်ထမ်းမလေးတွေရဲ့အကြည့်ကိုစုပုံရထားသည့်ဦးငယ်ကထိုအမျိုးသမီးနဘေးမှာခန့်ခန့်ညားညား။

စိန်ထည်လက်ဝတ်ရတနာတချို့ဝယ်ဖို့လာဟန်မှန်ဘောင်ထဲကဖြိုးဖြိုးဖျက်ဖျက်အရောင်တောက်နေသည့်ပစ္စည ်းတွေကိုထိုအမျိုးသမီးကိုဦးငယ်ကဝိုင်းကူရွေးနေပုံပင်ခေါင်းတငြိမ့်ငြိမ့်ဖြင့်ခပ်ပြုံးပြုံး။ဦးငယ်ပြောတဲ့အလုပ်ကိစ္စဆိုတာလှတပတထိုအမျိုးသမီးနဲ့shoppingထွက်တာကိုပြောတာထင်ပါရဲ့။

ရိပေါ်ကြည့်နေတုန်းမှာပဲထိုမမလှလှလည်တိုင်ထက်စိန်လည်ဆွဲတစ်ခုကိုကိုယ်တိုင်ယူဝတ်ပေးနေသည့်ဦးငယ်ကစိတ်လိုလက်ရ။မှန်ကိုကြည့်ပြီးအရွေးခက်နေဟန်ရှိသည့်ထိုမမအားဦးငယ်ကလက်နှစ်ဖက်ပိုက်လို့နဘေးကနေကျေနပ်နေဟန်ပြုံးလို့ကြည့်နေပြန်တယ်။ဦးငယ်ကသူ့လုပ်ငန်းပါတနာတွေကိုထိုကဲ့သို့အလေးထားတယ်ထင်ရဲ့။

ဘေးချင်းယှဥ်လို့စကားတပြောပြောနဲ့တနေရာထွက်သွားသည့်ဦးငယ်တို့နောက်ရိပေါ်မသိလိုက်ခင်မှာပဲခြေလှမ်းသေးသေးလေးတွေနဲ့တကောက်ကောက်လိုက်သွားမိတယ်။ကျန်ခဲ့သည့်သားသားနဲ့ဖေရှီးကတော့အထုပ်တွေနဲ့ဗျာများရော့မည်ကိုရိပေါ်မတွေးလိုက်မိ။ကျန်တာဘာမှမစဥ်းစားနိုင်လောက်အောင်သူ့ရင်ထဲဗလောင်ဆူနေသည်။

အက်ျီဆိုင်ထဲတယောက်ကိုတယောက်တွန်းတိုက်လျှက်ဝင်သွားသည့်ဦးငယ်တို့ကိုအကွယ်တနေရာကနေရိပေါ်ရပ်ကြည့်နေမိတယ်။အက်ျီတစုံပြီးတစုံဦးငယ်ကိုယ်ပေါ်ကပ်ကြည့်ရင်းထိုမမကသဘောတွေ ကျလို့အလှဆုံးရယ်တော့ဦးငယ်ကလည်းမှည့်နက်လေးလှုပ်ခတ်သွားအောင်လိုက်ရယ်တယ်။

အချင်းချင်းဘာတွေပြောနေကြမှန်းမကြားနိုင်ပေမဲ့ထိုမမတခါဆိုတိုင်းဦးငယ်ကတခါပြုံးတယ်။ပါဆယ်ထုပ်တွေဆွဲလို့ဆိုင်ထဲကလှမ်းထွက်သွားသည့်ဦးငယ်ကတမင်ပုန်းကွယ်လိုက်သည့်ရိပေါ်ကိုမြင်မသွား။ဘတ်အိပ်ကြိုးလေးကိုလက်နှစ်ဖက်နဲ့စုတ်ညှစ်ရင်းရှောင်းကျန့်တို့သွားသည့်ကားပါကင်စီခိုးကြောင်ခိုးဝှက်နဲ့ရိပေါ်အမှီလိုက်မိတယ်။

Marketရှေ့ကဦးငယ်တို့ကားမောင်းထွက်သွားတာနဲ့ရိပေါ်taxiတစ်စီးအမြန်ပြေးငှားရသည်အထိ။ပူလောင်နေသည့်စိတ်အစဥ်ကိုလစ်လှူရှုလို့မငိုမိအောင်ထိန်းချုပ်ထားပေမဲ့ထိုမမနဲ့အတူMotelထဲဝင်သွားသည့်ဦးငယ်ကြောင့်ရိပေါ်မျက်ရည်တွေကတမြေ့မြေ့နဲ့မျက်နှာတပြင်လုံးစိုရွဲကုန်တယ်။သူဦးငယ်ကိုယုံကြည်လို့ရသေးတယ်မဟုတ်လားဟင်။

Taxiသမားဦးလေးကြီးကတော့ကားနောက်ခန်းထဲတအိအိငိုနေသည့်ကောင်လေးကြောင့်ခေါင်းတဖြင်ဖြင်ကုတ်တယ်။ခဏလေးဆိုကာကားရပ်ခိုင်းထားပြီးmotelထဲလှမ်းကြည့်နေသည့်ကောင်လေး​ကြောင့်သူ့အချိန်တွေ၂နာရီလောက်ပုတ်သွားတယ်။

နောက်ဆုံးတော့လက်လျော့လိုက်သည်ထင်အငိုရပ်လို့လာရာလမ်းအတိုင်းmarketရှေ့ပြန်မောင်းခိုင်းတော့လည်းသနားစိတ်ကြောင့်အဖိုးအခပိုမတောင်းဖြစ်လိုက်။သူ့အချိန်၂နာရီကုန်သွားသလောက်ကောင်လေးမျက်ရည်တွေလည်းပဲခမ်းသွားမလောက်ရင်းခဲ့ရသည်မဟုတ်လား။

......................

"ရိပေါ်...ဘယ်တွေလျှောက်သွားနေတာလဲကွာ...ငါ့မှာစိတ်ပူလိုက်ရတာ..."

Taxiပေါ်ကဆင်းရုန်ရှိသေးShopping mallရှေ့ယောင်လည်လည်သူ့ကိုရှာနေပုံရသည့်ဖေရှီးကသားသားကိုလက်တစ်ဖက်ကဆွဲလျှက်ရိပေါ်အနားအပြေးရောက်ချလာတယ်။ရုတ်တရက်အထုပ်တွေသာခုံတန်းလျားပေါ်ချန်ခဲ့ပြီးလူချည်းပဲပျောက်သွားတာမို့ဖေရှီးရင်ထဲဗလောင်ဆူသွားတာတော့အမှန်။

"ဖေရှီး...သားသားနဲ့ငါ့ကိုအိမ်ပြန်ပို့ပေးပါလား..."

"ပို့ပေးမယ်...ငါပြန်ပို့ပေးမှာပေါ့ရိပေါ်ရ...မင်းအဆင်ပြေရဲ့လား..."

အမေးစကားမဖြေ အိမ်ပြန်ပို့ပေးဖို့ပြောလာသည့်ရိပေါ်ကနှုတ်ခမ်းလေးတွေတဆက်ဆက်တုန်လို့မျက်ရည်တွေဝဲတက်လာတာမို့ဖေရှီးမှာစိုးရိမ်တကြီး။ရိပေါ်ဘယ်သွားပြီးဘာဖြစ်ခဲ့လဲဖေရှီးအခုထိမသိရသေး။

"ဖေရှီး!...ငါ ငါအဆင်ပြေဘူး...ဒီနားကတင်းကြပ်နေတယ်...အိ!..."

"ရိပေါ်!!!..."

ဝဲဘတ်ရင်အုံလေးကိုလက်သီးစုတ်လေးနဲ့ဖိပြရင်းတအိအိငိုချလိုက်သည့်ရိပေါ်ကြောင့်ဖေရှီးမနေနိုင်တော့။တသိမ့်သိမ့်တုန်ယင်နေသည့်ကိုယ်လေးကိုခပ်သာသာထွေးပွေ့ပေးလိုက်တော့လူသွားပလက်ဖောင်းပေါ်ဒူးလေးတုံ့ထိုင်ချလိုက်ရင်းသူ့ရင်ဘတ်နားမျက်နှာဝှက်လို့ငိုရှိုက်လာသည့်ကောင်လေး။ဖေရှီးနားရပ်နေသည့်ကလေးလေးကတော့သူ့ပါးပါးငိုနေတာကိုကြည့်ပြီးဝက်ဝံရုပ်လေးပိုက်လို့ငိုမဲ့မဲ့။

"ပါးပါး...ဘာရို့ရဲဟင်...ဘာရို့ငိုတာရဲဟင်!...ဟင့်!..."

ရိပေါ်ငိုနေတာမြင်တော့အားကျန့်ကပါဝမ်းပမ်းတနည်းအောက်နှုတ်ခမ်းလေးထော်လို့မျက်ရည်ဘူးသီးလောက်ကြီးတွေညှစ်ညှစ်ချတယ်။အားကျန့်ကိုပါဆွဲဖက်လိုက်ရင်းပိုတိုးငိုလာသည့်ရိပေါ်ကြောင့်ဖေရှီးရင်ခွင်ထဲသားအဖနှစ်ယောက်လုံးပုံပုံလေး။

"အင့်!...သားသားမငိုနဲ့တော့နော်..."

"ပါးပါးလည်းငိုနဲ့ရော့...အိ!...ရွှတ်!..."

ငိုရိုရင်းမျက်ရည်တွေရောနှာရည်တွေရောကျနေသည့်သားအဖနှစ်ယောက်ကိုကြည့်ပြီးဖေရှီးကပြုံးတုံးတုံး။အခြေနေကဘာမှန်းမသိရသေးပေမဲ့သူ့ရင်ခွင်ထဲကသားအဖနှစ်ယောက်ကတော့အမှန်တကယ်ချစ်ဖို့ကောင်းနေတော့တာ။

...................

"ရိပေါ်...မင်းဦးငယ်ဆိုတာသေချာလား..."

"အင်း...ဖေရှီး မင်းသိလား...ဦးငယ်ဘေးကအဲ့မမကအရမ်းလှတာပဲ...ငါ ငါဘယ်လိုလုပ်ရမလဲဟင်..."

မြင်ခဲ့သမျှမျက်နှာငယ်လေးနဲ့ပြောပြရင်းအကြီးအကျယ်တုန်လှုပ်နေဟန်ရှိသည့်ရိပေါ်ကြောင့်ဖေရှီးကသက်ပြင်းရှည်ကြီးချလို့နဘေးမှာအရုပ်ထိုင်ဆွဲနေသည့်အားကျန့်ခေါင်းလုံးလေးကိုလှမ်းဖွလိုက်တယ်။ရိပေါ်ပြောစကားအရရှောင်းကျန့်ကိုဖေရှီးစိတ်တိုပေမဲ့သူ့သူငယ်ချင်းလေးခံစားသွားရမှာလည်းမလိုလားတာမို့စိတ်ရှိတိုင်းထုတ်ပြောလို့လဲမဖြစ်။

"မင်းပြောသလိုပဲလုပ်ငန်းပါတနာတွေနေမှာပါ...အရမ်းကြီးစိုးရိမ်စိတ်မထားနဲ့ရိပေါ်...မင်းဦးငယ်ကိုမင်းယုံတယ်မဟုတ်လား..."

"ယံု ယုံပေမဲ့လည်းကွာ...ခုလိုကျတော့...ဟင့်!..."

"ရိပေါ် မင်းသားသားငိုတာမြင်ချင်လို့လား..."

မဝံ့မရဲပြောရင်းလက်ကလေးတွေအချင်းချင်းပွတ်သပ်လို့ငိုတော့မလိုဖြစ်လာသည့်ရိပေါ်ကြောင့်ဖေရှီးအားကျန့်ကိုအကြောင်းပြလို့ဟန့်တားလိုက်ရတယ်။ရိပေါ်ငိုရင်သေချာတယ် အားကျန့်ကလည်းနေမည်မဟုတ်။

"ငါ ငါကြောက်တယ်ဖေရှှီး...ငါဦးငယ်ကိုတီလေးစီကလုယူခဲ့မိသလိုမျိုး...တယောက်ယောက်ကများငါ့စီကဦးငယ်ကို...အဟင့်!..."

"ရိပေါ်ရယ်!...မင်းတမင်တကာလုယူခဲ့တာမှမဟုတ်တာ...ခုလည်းအားလုံးအဆင်ပြေနေပြီပဲဟာ...မငိုနဲ့တော့...မင်းဦးငယ်ပြန်လာရင်သေချာမေးကြည့်လိုက်...ဟုတ်ပြီလား..."

"အင့်!...အင်း..."

မျက်ရည်တွေတပေါက်ပြီးတပေါက်ကျနေတာမို့ရိပေါ်ပါးပြင်ဥဥလေးကိုဖွဖွလှမ်းသုတ်ပေးရင်းနှစ်သိမ့်မိတော့ခေါင်းလေးဆက်ခနဲငြိမ့်ပြလာတယ်။ချစ်ခြင်းတိုင်းနာကျင်စရာတွေရှိစမြဲဖြစ်ပေမဲ့သူ့သူငယ်ချင်းလေးကိုတော့ထိုအရာတွေနဲ့မကြူံဆုံဖူးစေချင်တာဖေရှီးဆန္ဒအမှန်။

"အဲ့ဒါဘာဖြစ်နေတာကြတာလဲ!!!..."

"အင့်!...ဦး ဦးငယ်!..."

ဟိန်းခနဲထွက်လာသည့်ဒေါသသံကြောင့်ရိပေါ်ကိုယ်လေးတုန်တက်သွားရတဲ့အပြင်ကြမ်းပင်ပေါ်မှောက်ခုံလေးပုံထိုင်ဆွဲနေသည့်သားသားကခေါင်းလေးမတ်ခနဲ။ရှောင်းကျန့်ကိုမြင်တော့ဖေရှီးကရိပေါ်မျက်နှာထက်ကလက်ပြန်ရုတ်လို့စိတ်ပျက်ဟန်တဖက်လှည့်သွားတယ်။ချစ်လို့ယူထားတယ်လည်းပြောသေးယောက်ျားနဲ့ကလေးကိုအိမ်မှာပစ်ထားခဲ့ပြီးညမိုးချုပ်မှအိမ်ပြန်လာသည့်ရှောင်းကျန့်ပုံစံကိုဖေရှီးနဲနဲလေးမှအကြိုက်မတွေ့။

"ငါပြန်တော့မယ်ရိပေါ်!..."

"အာ!...အေ ဒီနေ့အတွက်ကျေးဇူးပဲနော်ဖေရှီး..."

"မလိုပါဘူးရိပေါ်ရာ...ငါမှလိုက်မပို့ရင်မင်းတို့သားအဖကိုအဖော်လိုက်ပေးမယ့်သူမှမရှိတာ..."

အဓိပ္ပါယ်ပါပါပြောပြီးစားပွဲပေါ်ကlongcoatဆွဲယူလိုက်သည့်ဖေရှီး။အိမ်တံခါးဝနားရပ်နေသည့်ရှောင်းကျန့်နဘေးကဖြတ်လျှောက်ရင်းဖေရှီးပြန်သွားမှအလိုမကျသလိုဦးငယ်အကြည့်တို့ကဖေရှီးစီကနေရိပေါ်စီဒိုင်းခနဲရောက်လာတယ်။

"ကိုယ်လိုက်ပို့မယ်ဆိုတာကိုအဲ့ကောင်နဲ့သွားခဲ့တာလားချာတိတ်!..."

အနည်းငယ်ခက်ထန်နေသည့်ဦးငယ်အသံကြောင့်ရိပေါ်ကိုယ်လေးမတ်ခနဲ။ခုတော့အပြစ်လုပ်မိသူကသူဖြစ်နေတာတဲ့လား။

"မဟုတ် မဟုတ်ဘူးဦးငယ်!...ကျွန်တော်လည်းဦးငယ်ပြောထားသလိုမနက်ဖြန်မှသွားမလို့ပါပဲ...ဒါမဲ့ သားသားက..."

"မင်းအပြစ်ကိုသားသားစီလွှဲချနေတာလားချာတိတ်!!!..."

တခါမှမကြည့်ဖူးသည့်အပြစ်ဖို့အကြည့်နဲ့ကြည့်ရင်းပြောလာသည့်ဦးငယ်ကြောင့်ရိပေါ်မျက်လုံးတွေဝိုင်းလို့ဝမ်းနည်းစိတ်ကလှိုက်ခနဲ။သူလည်းတခြားသူနဲ့မဟုတ်ပဲဦးငယ်နဲ့သွားချင်ခဲ့တာပဲလေ။

Clubကပြန်လာပုံပင် ဝိုင်နံ့သင်းလို့ဘာမဟုတ်တာလေးအတွက်နဲ့စိတ်ဆက်နေသည့်ဦးငယ်။မျက်နှာငယ်လေးနဲ့ရိပေါ်ကိုတချက်ကြည့်ပြီးကလေးထိန်းအန်တီကြီးကသားသားကိုချီပြီးအလိုက်တသိပဲအပေါ်ထပ်တက်သွားတယ်။ဦးငယ်ဒေါသကအရင်ကရောခုရောအစိုးရမည်မဟုတ်မှန်းရိပေါ်သိသည်။

"ဦးငယ်လည်းတခြားမိန်းမတစ်ယောက်နဲ့လျှောက်လည်နေခဲ့တာပဲမဟုတ်လား...ကျွန်တော်ကဘာလို့တခြားတယောက်နဲ့သွားလို့မရရမှာလဲ...ပြီးတော့ ဖေရှီးကကျွန်တော့်သူငယ်ချင်းအရင်းကြီး!..."

"ဘာ!...အဟက်!...မင်းဘယ်တုန်းကကိုယ့်ကိုခံပြောတတ်သွားတာလဲချာတိတ်!..."

ဦးငယ်မျက်နှာကိုစေ့စေ့ကြည့်ရင်းလက်သီးလေးစုတ်လို့တခါလောက်အရဲစွန့်ခံပြောမိတော့ခေါင်းတဆက်ဆက်ငြိမ့်ရင်းဦးငယ်ကခပ်ဟဟရယ်တယ်။ရိပေါ်ထင်ထားတာသူ့စကားကြားရင်ဦးငယ်ဘက်ကပျာပျာသလဲရှင်းပြလာလိမ့်မယ်လို့ပေါ့။

"ကျွန်တော် ကျွန်တော်လည်းဦးငယ်မဟုတ်တဲ့လူနဲ့ဘယ်သွားချင်ပါ့မလဲ...ဒါပေမဲ့ဦးငယ်မှမအား..."

"အေ!...မအားလို့အားတဲ့နေ့လိုက်ပို့ပေးမယ်မပြောခဲ့ဘူးလား!...ဟမ်!!!..."

"အင့်!..."

သူလည်းဘာမှလွန်လွန်ကျူးကျူးအပြစ်မလုပ်မိပါပဲဒေါသထွက်နေသည့်ဦးငယ်ကြောင့်ရိပေါ်ငိုချင်လာရတယ်။ဦးငယ်ကိုမပြောဘဲတခါလေးအပြင်ထွက်မိတာအဲ့လောက်တောင်အပြစ်ကြီးသွားရသလား။

"မငိုနဲ့ချာတိတ်!...ချာတိတ်သူငယ်ချင်းမှမဟုတ်ဘူးကိုယ်မဟုတ်တဲ့တခြားဘယ်သူနဲ့မှအပြင်လျှောက်မလည်နဲ့...ကိုယ်မကြိုက်ဘူး!..."

ရိပေါ်မျက်ရည်မြင်ရပြန်တော့လည်းဦးငယ်ကမနေနိုင်ပုံပင်။ပုခုံးလေးနှစ်ဖက်ကိုခပ်သာသာဖြစ်ညှစ်ရင်းချော့ပြောတော့ချာတိတ်ပုံစံကခပ်တွေတွေ။

သူကျတော့အခြားတယောက်နဲ့လျှောက်လည်ခွင့်မရှိတောင်ဦးငယ်ကျရတယ်တဲ့လား။တရားနည်းလမ်းမကျလိုက်တာ။

"ဦးငယ်ကျတော့ရောဟင်!...ကျွန်တော်နဲ့သားသားကိုပစ်ထားပြီးတောင်တခြားမိန်းမတစ်ယောက်နဲ့လျှောက်လည်ခွင့်ရှိတယ်လား..."

"ဘယ်လိုချာတိတ်!..."

ရိပေါ် စကားကြောင့်လက်မောင်းပေါ်ကရှောင်းကျန့်လက်တွေပိုတင်းကြပ်လာသယောင်။သူပြောတဲ့ထဲတစုံတရာအမှားပါသွားလို့များလား။

"ဦးငယ်တောင်အဲ့လိုအခွင့်ရှိရင်ကျွန်တော့်မှာလည်းရှိရမှာပေါ့..."

"ချာတိတ်!...မဟုတ်ဘူးနော်...ချာတိတ်ထင်နေသလိုလုံးဝမဟုတ်ဘူး..."

ရှောင်းကျန့်ကခုမှရိပေါ်ပြောနေသည့်အကြောင်းအရာကိုသဘောပေါက်သွားဟန်။ရိပေါ်ကလည်းသူ့စွဲလမ်းစိတ်နဲ့သူမို့နာကျင်မှုကလျော့မသွား။

"ကျွန်တော်မတွေးခဲ့မိတာလူတစ်ယောက်တွက်အကျင့်ဆိုးဆိုတာဖျောက်ဖျက်ပစ်ဖို့ဘယ်လွယ်ပါ့မလဲနော်...ကျွန်တော်နဲ့သားသားရှိနေပေမဲ့ဦးငယ်လည်းအရင်ကလိုဖောက်ပြန်ချင်ဖောက်ပြန်..."

"ချာတိတ်!!!!!...မင်း!!!..."

"အိ!..."

ကျယ်ကျယ်လောင်လောင်ချာတိတ်ဆိုကာဟိန်းဟောက်သံနဲ့အတူရိပေါ်မျက်နှာအားရိုက်ရန်လက်ရွယ်လိုက်မိသည့်ရှောင်းကျန့်။အောက်နှုတ်ခမ်းလေးဖိကိုက်လို့အိခနဲမျက်ရည်တွေစီးကျလာရင်းရိုက်ဖို့ရွယ်ထားသည့်ရှောင်းကျန့်လက်ကိုတအံ့တသြကြည့်နေမိသည့်ရိပေါ်ကလက်သီးလေးစုတ်လို့။သူ့ရှေ့ကသူ့ကိုရိုက်ဖို့ထိလက်ရွယ်ထားသည့်အမျိုးသားကသူသိပ်ချစ်တဲ့ သူ့ကိုသိပ်ချစ်တဲ့ဦးငယ်မဟုတ်ဘူး။

"ဟင့်!...အင့်!..."

သူ့ကိုကြောက်ရွံ့သလိုကြည့်ပြီးနောက်ကိုခြေနှစ်လှမ်းလောက်စုတ်လို့အပေါ်ထပ်ပြေးတက်သွားသည့်ချာတိတ်။ကျောပြင်ငယ်လေးကိုပင်ငဲ့မကြည့်နိုင်လောက်အောင်ဒေါသခိုးလျှံနေဆဲရှောင်းကျန့်ကထိုနေရာမှာတင်မတ်တပ်။သူချာတိတ်ကိုဘာလုပ်ဖို့တွေးလိုက်မိတာလဲ။

"ဟား!!!...ကျစ်!...ဟာကွာ!..."

ဆံသားနက်နက်တွေကိုထိုးဖွလိုက်ရင်းရှောင်းကျန့်ပုံစံကယူကြုံးမရဟန်။ဘယ်တုန်းကမှမစဥ်းစားထားသည့်ပုံစံနဲ့သူချာတိတ်အပေါ်ဆက်ဆံခဲ့မိတာ။ချာတိတ်ကိုချစ်လွန်းလို့ဖြစ်ပေါ်လာတဲ့သူ့ရဲ့သဝန်တိုမှုကဒေါသဆိုတဲ့ဆိုးကျိုးကိုဖြစ်ပေါ်စေတတ်တယ်တဲ့လား။ကိုယ်အမှားလုပ်မိပြီချာတိတ်။

#Tbc
Thank for your reading: I need your feedback and voting:စာရေးရတာmoodမဝင်လို့ဖတ်ရတာပေါ့သွားရင်နားလည်ပေးပါနော်၊ကျန်းမာရေးဂရုစိုက်ပါအသည်းတွေ....

_____________

❦︎Zawgyi version❦︎

FOLLOW ME - 30
.
.
.
.
.
"ဦးငယ္...ကြၽန္ေတာ္သားသားတြက္လိုအပ္တာေလးေတြmarketမွာသြားဝယ္ခ်င္လို႔!...အဲ့ဒါဦးငယ္လိုက္ပို႔ေပးပါလားဟင္!..."

စေနေန႕လို႐ုံးပိတ္ရက္ျဖစ္တာေၾကာင့္မိသားစုလိုက္ေလးေစ်းဝယ္ထြက္ဖို႔ရန္စိတ္ကူးမိလိုက္တာမို႔ရိေပၚဦးငယ္ကိုေတာင္းဆိုမိေတာ့ေရခ်ိဳးၿပီးဗီရိုေရွ႕အဝတ္လဲေနသည့္ဦးငယ္ကသူ႕ကိုတခ်က္မွ်ေစာင္းငဲ့ၾကည့္လာတယ္။

"ဒီေန႕ေတာ့မရဘူးခ်ာတိတ္ရ...ဒီလိုလုပ္ မနက္ျဖန္မွကိုယ္ခ်ာတိတ္နဲ႕သားသားကိုကစားကြင္းထိလိုက္ပို႔ေပးမယ္ေလ..."

အက္်ီၾကယ္သီးငုပ္တပ္ေနရင္းေျပာလာသည့္ဦးငယ္ကသူ႕အျငင္းစကားေၾကာင့္ငိုေတာ့မလိုညွို႔မွိုင္းသြားသည့္ရိေပၚမ်က္ႏွာေလးကိုျမင္ပုံမရ။႐ုံးပိတ္ရက္မွာေတာင္အလုပ္ေတြရႈပ္ေနတာလားအရႈပ္ေတြလုပ္ေနတာလားမသိေပမဲ့သူ႕ကိုယ္သူျပင္ဆင္ေနတာေတာင္ဦးငယ္ပုံစံကအလ်င္လိုေနဟန္။messageဝင္လို႔ဖုန္းnoticသံၾကားတိုင္းလည္းphone screenလင္းလင္းကိုေျပးၾကည့္ရတာအေမာ။

"အဲ့ဒါကပိုအေရးႀကီးေနတာလားဟင္!..."

မွန္တင္ခု​ံနားရပ္လို႔လက္ပတ္နာရီဝတ္ေနရင္းရိေပၚအေမးစကားေၾကာင့္ဦးငယ္ကမ်က္ခုံးေတြပင့္ၾကည့္လာတယ္။မသိရင္ရိေပၚကပဲမေမးသင့္တာေမးလိုက္မိသလိုမ်ိဳးအလိုမက်ဟန္ျဖင့္။

"အဲ့လိုမေတြးရဘူးေလခ်ာတိတ္ရာ...ကိုယ္ကအလုပ္ကိစၥနဲ႕အျပင္သြားရမွာမို႔ရက္ေ႐ြ႕ေပးေစခ်င္႐ုန္ေလးပါ...ကိုယ္လုပ္ေနတာေတြကခ်ာတိတ္နဲ႕သားသားအတြက္ပဲဆိုတာသိတယ္မဟုတ္လား...နားလည္ေပးေနာ္..."

ရိေပၚနေဘးေမြ႕ယာေပၚတင္ထားေပးသည့္မီးခိုးေရာင္ကုဒ္အက္်ီယူဝတ္ရင္းေခ်ာ့ေျပာလာသည့္ဦးငယ္။ဦးငယ္အထင္သူေျပာေနတာေတြကကေလးဆန္ဆန္အေတြးေတြေၾကာင့္လို႔ထင္ေနပုံ။

"ကြၽန္ေတာ္မေတြးပါဘူး...ဒီတိုင္းေျပာလိုက္မိတာ..."

"ကိုယ္သိတယ္...ခ်ာတိတ္ကကိုယ့္အေပၚနားအလည္ဆုံးပဲ...ေနာက္က်ေနလို႔ကိုယ္သြားေတာ့မယ္ေနာ္ခ်ာတိတ္!..."

"ဦးငယ္!..."

ကားေသာ့ဆြဲယူၿပီးလွည့္မၾကည့္တမ္းအခန္းျပင္ထြက္သြားၿပီျဖစ္တဲ့ဦးငယ္။ကုတင္ထက္ငုပ္တုံ႕ေလးက်န္ခဲ့သည့္ရိေပၚပါးျပင္ထက္မ်က္ရည္ဥတို႔လိမ့္ခနဲ။ခါတိုင္းအျပင္မသြားခင္သူ႕ႏွဖူးထက္ေႁခြခ်ေနက်ဦးငယ္အနမ္းေႏြးေႏြးတို႔လည္းေပ်ာက္ရွတယ္။ခ်စ္စကားေတြတီတီတာတာေျပာဖို႔ဆိုေဝးစြ။ဦးငယ္အရင္လိုမဟုတ္ေတာ့ေပမဲ့သူ႕ကိုေတာ့ခ်စ္ေနေသးတယ္ထင္တာပဲ။

.....................

"ေလးေလးလာၿပီ...ေရး!!!!..."

ရိေပၚတို႔အိမ္ၿခံထဲေဖရွီးကားေလးဆိုက္ရပ္လိုက္တာနဲ႕သားသားကေက်ာင္းပိတ္ရက္အျပင္ထြက္ရမယ္ဆိုေတာ့ေပ်ာ္လို႔႐ႊင္လို႔သူ႕ေလးေလးကိုအေျပးေလးသြားႀကိဳတယ္။ဦးငယ္စီခြင့္မေတာင္းခင္ကတည္းကဒီေန႕marketလိုက္ပို႔ဖို႔သားသားကိုႀကိဳေျပာထားမိတာေၾကာင့္တနဂ္ေႏြေန႕မွသြားမယ္ေျပာေတာ့သားသားကလက္မခံဂ်ီတိုက္ေနတာနဲ႕ရိေပၚေဖရွီးကိုသာအပူကပ္လိုက္ရျခင္းပင္။

"အဟက္!...ငါတို႔အားက်န့္ကအျပင္ထြက္လည္ရမယ္ဆိုေတာ့ေပ်ာ္ေနတယ္ေပါ့...လာပါဦးေလးေလးစီ..."

အားက်န့္ကိုယ္ေလးကိုေကာက္ေပြ႕ၿပီးေဖရွီးကအိမ္တံခါးဝမွာရပ္ေနသည့္ရိေပၚစီေလွ်ာက္သြားလိုက္တယ္။

"ရိေပၚ...မင္းဦးငယ္လုပ္ပုံမဟုတ္ေသးဘူးေနာ္...သူ႕အလုပ္ကမင္းတို႔သားအဖထက္အေရးပါေနရေအာင္ဘာမို႔လို႔လဲ..."

သိတဲ့အတိုင္း ရိေပၚမ်က္ႏွာညွိုးတာနဲ႕ေဖရွီးကပြစိပြစိလုပ္ေတာ့တာပဲ။သူ႕သူငယ္ခ်င္းကိုဂ႐ုမစိုက္တဲ့လူဆို​ဘယ္ေလာက္ပဲႀကီးက်ယ္ ျမင့္ျမတ္ေနပါေစေဖရွီးေလးစားမေနေတာ့။

"ငါတို႔သြားရေအာင္ေဖရွီး..."

ရွိပါေစေတာ့ဆိုသည့္သေဘာရိေပၚဘက္ကဘာတခြန္းမွေခ်ပမလာ။ဘတ္အိပ္အမဲေလးလြယ္ၿပီးကားေနာက္ခန္းထဲသြားဝင္ထိုင္သည့္ရိေပၚေၾကာင့္ေဖရွီးလည္းအားက်န့္ကိုခ်ီၿပီးကားစီေလွ်ာက္သြားလိုက္တယ္။သူဘယ္ေလာက္ေျပာေျပာရိေပၚကေရွာင္းက်န့္ကိုအျပစ္ျမင္ဟန္မရွိတာမို႔သူေဒါသထြက္ရတာပဲအဖက္တင္မည္။

Marketစီကားေမာင္းလာသည့္တေလွ်ာက္လုံးအားက်န့္ကမူႀကိဳမွသူသင္ထားသည့္အဂ္လိပ္ကဗ်ာေတြ႐ြတ္ျပေနတာမို႔ေဖရွီးမွာသေဘာတက်အရယ္အၿပဳံးမပ်က္ေပမဲ့ရိေပၚပုံစံကေတာ့စထြက္လာကတည္းကခပ္မွိုင္မွိုင္ရယ္။သူစိတ္ကူးထဲကအားလပ္ရက္ေလးကဒီလိုျဖတ္သန္းခဲ့ရတာမ်ိဳးမွမဟုတ္ပဲ။

Marketဝန္းထဲေရာက္ေတာ့ကားပါကင္မွာကားရပ္ထားခဲ့ၿပီးလူပ်ိဳလူလြတ္ျဖစ္ပါလွ်က္နဲ႕ေဖရွီးကအားက်န့္ကိုခ်ီလို႔shopping mallထဲဝင္တယ္။အားနာေပမဲ့သားသားကေဖရွီးလက္ထဲေပ်ာ္ေနပုံရတာမို႔ရိေပၚလည္းျပန္မေခၚမိေဖရွီးေနာက္ကေနပဲmallထဲလိုက္ဝင္သြားလိုက္ေတာ့တယ္။

"ပါးပါး...႐ုပ္႐ုပ္...ေလးေလး ဟိုဟာေရး..."

သားသားတြက္လိုအပ္မည့္ပစၥည ္းတခ်ိဳ႕နဲ႕လက္ညွိုးထိုးသမွ်အ႐ုပ္ေတြလိုက္ဝယ္ေပးေနရတာမို႔ခဏေလးတြင္းရိေပၚအျပင္ေဖရွီးလက္တစ္ဖက္မွာပါအထုပ္ေတြျပည့္လို႔။

"ရိေပၚ ခဏ...ငါ အားက်န့္ေလးနဲ႕အ႐ုပ္ေကာက္ဦးမယ္..."

ေျပာၿပီးသားသားနဲ႕အၿပိဳင္အ႐ုပ္ေကာက္သည့္စက္နားေျပးသြားသည့္ေဖရွီးေၾကာင့္ရိေပၚကေခါင္းတရမ္းရမ္းနဲ႕ၿပဳံးတယ္။လက္ထဲမွာလည္းအထုပ္ေတြမနဲမေနာမို႔ခပ္လွမ္းလွမ္းကခုံတန္းရွည္ေလးတခုမွာသြားထိုင္ေစာင့္ရင္းဘာမ်ားက်န္ေသးလဲအထုပ္ေတြထဲဟိုၾကည့္ဒီၾကည့္။

႐ုံးပိတ္ရက္ျဖစ္တေၾကာ င့္mallထဲshoppingထြက္လာသူေတြကေတာ့တ႐ုန္း႐ုန္းႏွင့္လူမျပတ္။ရိေပၚလည္းေဖရွီးနဲ႕သားသားကိုလွမ္းၾကည့္လိုက္ရင္းဟိုဟိုဒီဒီမ်က္လုံးကစားမိေတာ့စိန္ထည္ခ်ည္းသပ္သပ္ေရာင္းသည့္အေရာင္းဆိုင္တစ္ခုမွာအၾကည့္ေတြရပ္သြားရတယ္။

မဟူရာေရာင္ကိုယ္က်ပ္ဂါဝန္နဲ႕ႏွစ္ခါျပန္ေငးရေလာက္ေအာင္လွသည့္အမ်ိဳးသမီးတစ္ဦး။ထိုဆိုင္ကဝန္ထမ္းမေလးေတြရဲ႕အၾကည့္ကိုစုပုံရထားသည့္ဦးငယ္ကထိုအမ်ိဳးသမီးနေဘးမွာခန့္ခန့္ညားညား။

စိန္ထည္လက္ဝတ္ရတနာတခ်ိဳ႕ဝယ္ဖို႔လာဟန္မွန္ေဘာင္ထဲကၿဖိဳးၿဖိဳးဖ်က္ဖ်က္အေရာင္ေတာက္ေနသည့္ပစၥည ္းေတြကိုထိုအမ်ိဳးသမီးကိုဦးငယ္ကဝိုင္းကူေ႐ြးေနပုံပင္ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ခပ္ၿပဳံးၿပဳံး။ဦးငယ္ေျပာတဲ့အလုပ္ကိစၥဆိုတာလွတပတထိုအမ်ိဳးသမီးနဲ႕shoppingထြက္တာကိုေျပာတာထင္ပါရဲ႕။

ရိေပၚၾကည့္ေနတုန္းမွာပဲထိုမမလွလွလည္တိုင္ထက္စိန္လည္ဆြဲတစ္ခုကိုကိုယ္တိုင္ယူဝတ္ေပးေနသည့္ဦးငယ္ကစိတ္လိုလက္ရ။မွန္ကိုၾကည့္ၿပီးအေ႐ြးခက္ေနဟန္ရွိသည့္ထိုမမအားဦးငယ္ကလက္ႏွစ္ဖက္ပိုက္လို႔နေဘးကေနေက်နပ္ေနဟန္ၿပဳံးလို႔ၾကည့္ေနျပန္တယ္။ဦးငယ္ကသူ႕လုပ္ငန္းပါတနာေတြကိုထိုကဲ့သို႔အေလးထားတယ္ထင္ရဲ႕။

ေဘးခ်င္းယွဥ္လို႔စကားတေျပာေျပာနဲ႕တေနရာထြက္သြားသည့္ဦးငယ္တို႔ေနာက္ရိေပၚမသိလိုက္ခင္မွာပဲေျခလွမ္းေသးေသးေလးေတြနဲ႕တေကာက္ေကာက္လိုက္သြားမိတယ္။က်န္ခဲ့သည့္သားသားနဲ႕ေဖရွီးကေတာ့အထုပ္ေတြနဲ႕ဗ်ာမ်ားေရာ့မည္ကိုရိေပၚမေတြးလိုက္မိ။က်န္တာဘာမွမစဥ္းစားနိုင္ေလာက္ေအာင္သူ႕ရင္ထဲဗေလာင္ဆူေနသည္။

အက္်ီဆိုင္ထဲတေယာက္ကိုတေယာက္တြန္းတိုက္လွ်က္ဝင္သြားသည့္ဦးငယ္တို႔ကိုအကြယ္တေနရာကေနရိေပၚရပ္ၾကည့္ေနမိတယ္။အက္်ီတစုံၿပီးတစုံဦးငယ္ကိုယ္ေပၚကပ္ၾကည့္ရင္းထိုမမကသေဘာေတြ က်လိဳ႕အလွဆုံးရယ္ေတာ့ဦးငယ္ကလည္းမွည့္နက္ေလးလႈပ္ခတ္သြားေအာင္လိုက္ရယ္တယ္။

အခ်င္းခ်င္းဘာေတြေျပာေနၾကမွန္းမၾကားနိုင္ေပမဲ့ထိုမမတခါဆိုတိုင္းဦးငယ္ကတခါၿပဳံးတယ္။ပါဆယ္ထုပ္ေတြဆြဲလို႔ဆိုင္ထဲကလွမ္းထြက္သြားသည့္ဦးငယ္ကတမင္ပုန္းကြယ္လိုက္သည့္ရိေပၚကိုျမင္မသြား။ဘတ္အိပ္ႀကိဳးေလးကိုလက္ႏွစ္ဖက္နဲ႕စုတ္ညွစ္ရင္းေရွာင္းက်န့္တို႔သြားသည့္ကားပါကင္စီခိုးေၾကာင္ခိုးဝွက္နဲ႕ရိေပၚအမွီလိုက္မိတယ္။

Marketေရွ႕ကဦးငယ္တို႔ကားေမာင္းထြက္သြားတာနဲ႕ရိေပၚtaxiတစ္စီးအျမန္ေျပးငွားရသည္အထိ။ပူေလာင္ေနသည့္စိတ္အစဥ္ကိုလစ္လႉရႈလို႔မငိုမိေအာင္ထိန္းခ်ဳပ္ထားေပမဲ့ထိုမမနဲ႕အတူMotelထဲဝင္သြားသည့္ဦးငယ္ေၾကာင့္ရိေပၚမ်က္ရည္ေတြကတေျမ့ေျမ့နဲ႕မ်က္ႏွာတျပင္လုံးစို႐ြဲကုန္တယ္။သူဦးငယ္ကိုယုံၾကည္လို႔ရေသးတယ္မဟုတ္လားဟင္။

Taxiသမားဦးေလးႀကီးကေတာ့ကားေနာက္ခန္းထဲတအိအိငိုေနသည့္ေကာင္ေလးေၾကာင့္ေခါင္းတျဖင္ျဖင္ကုတ္တယ္။ခဏေလးဆိုကာကားရပ္ခိုင္းထားၿပီးmotelထဲလွမ္းၾကည့္ေနသည့္ေကာင္ေလး​ေၾကာင့္သူ႕အခ်ိန္ေတြ၂နာရီေလာက္ပုတ္သြားတယ္။

ေနာက္ဆုံးေတာ့လက္ေလ်ာ့လိုက္သည္ထင္အငိုရပ္လို႔လာရာလမ္းအတိုင္းmarketေရွ႕ျပန္ေမာင္းခိုင္းေတာ့လည္းသနားစိတ္ေၾကာင့္အဖိုးအခပိုမေတာင္းျဖစ္လိုက္။သူ႕အခ်ိန္၂နာရီကုန္သြားသေလာက္ေကာင္ေလးမ်က္ရည္ေတြလည္းပဲခမ္းသြားမေလာက္ရင္းခဲ့ရသည္မဟုတ္လား။

......................

"ရိေပၚ...ဘယ္ေတြေလွ်ာက္သြားေနတာလဲကြာ...ငါ့မွာစိတ္ပူလိုက္ရတာ..."

Taxiေပၚကဆင္း႐ုန္ရွိေသးShopping mallေရွ႕ေယာင္လည္လည္သူ႕ကိုရွာေနပုံရသည့္ေဖရွီးကသားသားကိုလက္တစ္ဖက္ကဆြဲလွ်က္ရိေပၚအနားအေျပးေရာက္ခ်လာတယ္။႐ုတ္တရက္အထုပ္ေတြသာခုံတန္းလ်ားေပၚခ်န္ခဲ့ၿပီးလူခ်ည္းပဲေပ်ာက္သြားတာမို႔ေဖရွီးရင္ထဲဗေလာင္ဆူသြားတာေတာ့အမွန္။

"ေဖရွီး...သားသားနဲ႕ငါ့ကိုအိမ္ျပန္ပို႔ေပးပါလား..."

"ပို႔ေပးမယ္...ငါျပန္ပို႔ေပးမွာေပါ့ရိေပၚရ...မင္းအဆင္ေျပရဲ႕လား..."

အေမးစကားမေျဖ အိမ္ျပန္ပို႔ေပးဖို႔ေျပာလာသည့္ရိေပၚကႏႈတ္ခမ္းေလးေတြတဆက္ဆက္တုန္လို႔မ်က္ရည္ေတြဝဲတက္လာတာမို႔ေဖရွီးမွာစိုးရိမ္တႀကီး။ရိေပၚဘယ္သြားၿပီးဘာျဖစ္ခဲ့လဲေဖရွီးအခုထိမသိရေသး။

"ေဖရွီး!...ငါ ငါအဆင္ေျပဘူး...ဒီနားကတင္းၾကပ္ေနတယ္...အိ!..."

"ရိေပၚ!!!..."

ဝဲဘတ္ရင္အုံေလးကိုလက္သီးစုတ္ေလးနဲ႕ဖိျပရင္းတအိအိငိုခ်လိဳက္သည့္ရိေပၚေၾကာင့္ေဖရွီးမေနနိုင္ေတာ့။တသိမ့္သိမ့္တုန္ယင္ေနသည့္ကိုယ္ေလးကိုခပ္သာသာေထြးေပြ႕ေပးလိုက္ေတာ့လူသြားပလက္ေဖာင္းေပၚဒူးေလးတုံ႕ထိုင္ခ်လိဳက္ရင္းသူ႕ရင္ဘတ္နားမ်က္ႏွာဝွက္လို႔ငိုရွိုက္လာသည့္ေကာင္ေလး။ေဖရွီးနားရပ္ေနသည့္ကေလးေလးကေတာ့သူ႕ပါးပါးငိုေနတာကိုၾကည့္ၿပီးဝက္ဝံ႐ုပ္ေလးပိုက္လို႔ငိုမဲ့မဲ့။

"ပါးပါး...ဘာရို႔ရဲဟင္...ဘာရို႔ငိုတာရဲဟင္!...ဟင့္!..."

ရိေပၚငိုေနတာျမင္ေတာ့အားက်န့္ကပါဝမ္းပမ္းတနည္းေအာက္ႏႈတ္ခမ္းေလးေထာ္လို႔မ်က္ရည္ဘူးသီးေလာက္ႀကီးေတြညွစ္ညွစ္ခ်တယ္။အားက်န့္ကိုပါဆြဲဖက္လိုက္ရင္းပိုတိုးငိုလာသည့္ရိေပၚေၾကာင့္ေဖရွီးရင္ခြင္ထဲသားအဖႏွစ္ေယာက္လုံးပုံပုံေလး။

"အင့္!...သားသားမငိုနဲ႕ေတာ့ေနာ္..."

"ပါးပါးလည္းငိုနဲ႕ေရာ့...အိ!...႐ႊတ္!..."

ငိုရိုရင္းမ်က္ရည္ေတြေရာႏွာရည္ေတြေရာက်ေနသည့္သားအဖႏွစ္ေယာက္ကိုၾကည့္ၿပီးေဖရွီးကၿပဳံးတုံးတုံး။အေျခေနကဘာမွန္းမသိရေသးေပမဲ့သူ႕ရင္ခြင္ထဲကသားအဖႏွစ္ေယာက္ကေတာ့အမွန္တကယ္ခ်စ္ဖို႔ေကာင္းေနေတာ့တာ။

...................

"ရိေပၚ...မင္းဦးငယ္ဆိုတာေသခ်ာလား..."

"အင္း...ေဖရွီး မင္းသိလား...ဦးငယ္ေဘးကအဲ့မမကအရမ္းလွတာပဲ...ငါ ငါဘယ္လိုလုပ္ရမလဲဟင္..."

ျမင္ခဲ့သမွ်မ်က္ႏွာငယ္ေလးနဲ႕ေျပာျပရင္းအႀကီးအက်ယ္တုန္လႈပ္ေနဟန္ရွိသည့္ရိေပၚေၾကာင့္ေဖရွီးကသက္ျပင္းရွည္ႀကီးခ်လိဳ႕နေဘးမွာအ႐ုပ္ထိုင္ဆြဲေနသည့္အားက်န့္ေခါင္းလုံးေလးကိုလွမ္းဖြလိုက္တယ္။ရိေပၚေျပာစကားအရေရွာင္းက်န့္ကိုေဖရွီးစိတ္တိုေပမဲ့သူ႕သူငယ္ခ်င္းေလးခံစားသြားရမွာလည္းမလိုလားတာမို႔စိတ္ရွိတိုင္းထုတ္ေျပာလို႔လဲမျဖစ္။

"မင္းေျပာသလိုပဲလုပ္ငန္းပါတနာေတြေနမွာပါ...အရမ္းႀကီးစိုးရိမ္စိတ္မထားနဲ႕ရိေပၚ...မင္းဦးငယ္ကိုမင္းယုံတယ္မဟုတ္လား..."

"ယံု ယုံေပမဲ့လည္းကြာ...ခုလိုက်ေတာ့...ဟင့္!..."

"ရိေပၚ မင္းသားသားငိုတာျမင္ခ်င္လို႔လား..."

မဝံ့မရဲေျပာရင္းလက္ကေလးေတြအခ်င္းခ်င္းပြတ္သပ္လို႔ငိုေတာ့မလိုျဖစ္လာသည့္ရိေပၚေၾကာင့္ေဖရွီးအားက်န့္ကိုအေၾကာင္းျပလို႔ဟန့္တားလိုက္ရတယ္။ရိေပၚငိုရင္ေသခ်ာတယ္ အားက်န့္ကလည္းေနမည္မဟုတ္။

"ငါ ငါေၾကာက္တယ္ေဖရွွီး...ငါဦးငယ္ကိုတီေလးစီကလုယူခဲ့မိသလိုမ်ိဳး...တေယာက္ေယာက္ကမ်ားငါ့စီကဦးငယ္ကို...အဟင့္!..."

"ရိေပၚရယ္!...မင္းတမင္တကာလုယူခဲ့တာမွမဟုတ္တာ...ခုလည္းအားလုံးအဆင္ေျပေနၿပီပဲဟာ...မငိုနဲ႕ေတာ့...မင္းဦးငယ္ျပန္လာရင္ေသခ်ာေမးၾကည့္လိုက္...ဟုတ္ၿပီလား..."

"အင့္!...အင္း..."

မ်က္ရည္ေတြတေပါက္ၿပီးတေပါက္က်ေနတာမို႔ရိေပၚပါးျပင္ဥဥေလးကိုဖြဖြလွမ္းသုတ္ေပးရင္းႏွစ္သိမ့္မိေတာ့ေခါင္းေလးဆက္ခနဲၿငိမ့္ျပလာတယ္။ခ်စ္ျခင္းတိုင္းနာက်င္စရာေတြရွိစၿမဲျဖစ္ေပမဲ့သူ႕သူငယ္ခ်င္းေလးကိုေတာ့ထိုအရာေတြနဲ႕မႀကဴံဆုံဖူးေစခ်င္တာေဖရွီးဆႏၵအမွန္။

"အဲ့ဒါဘာျဖစ္ေနတာၾကတာလဲ!!!..."

"အင့္!...ဦး ဦးငယ္!..."

ဟိန္းခနဲထြက္လာသည့္ေဒါသသံေၾကာင့္ရိေပၚကိုယ္ေလးတုန္တက္သြားရတဲ့အျပင္ၾကမ္းပင္ေပၚေမွာက္ခုံေလးပုံထိုင္ဆြဲေနသည့္သားသားကေခါင္းေလးမတ္ခနဲ။ေရွာင္းက်န့္ကိုျမင္ေတာ့ေဖရွီးကရိေပၚမ်က္ႏွာထက္ကလက္ျပန္႐ုတ္လို႔စိတ္ပ်က္ဟန္တဖက္လွည့္သြားတယ္။ခ်စ္လို႔ယူထားတယ္လည္းေျပာေသးေယာက္်ားနဲ႕ကေလးကိုအိမ္မွာပစ္ထားခဲ့ၿပီးညမိုးခ်ဳပ္မွအိမ္ျပန္လာသည့္ေရွာင္းက်န့္ပုံစံကိုေဖရွီးနဲနဲေလးမွအႀကိဳက္မေတြ႕။

"ငါျပန္ေတာ့မယ္ရိေပၚ!..."

"အာ!...ေအ ဒီေန႕အတြက္ေက်းဇူးပဲေနာ္ေဖရွီး..."

"မလိုပါဘူးရိေပၚရာ...ငါမွလိုက္မပို႔ရင္မင္းတို႔သားအဖကိုအေဖာ္လိုက္ေပးမယ့္သူမွမရွိတာ..."

အဓိပၸါယ္ပါပါေျပာၿပီးစားပြဲေပၚကlongcoatဆြဲယူလိုက္သည့္ေဖရွီး။အိမ္တံခါးဝနားရပ္ေနသည့္ေရွာင္းက်န့္နေဘးကျဖတ္ေလွ်ာက္ရင္းေဖရွီးျပန္သြားမွအလိုမက်သလိုဦးငယ္အၾကည့္တို႔ကေဖရွီးစီကေနရိေပၚစီဒိုင္းခနဲေရာက္လာတယ္။

"ကိုယ္လိုက္ပို႔မယ္ဆိုတာကိုအဲ့ေကာင္နဲ႕သြားခဲ့တာလားခ်ာတိတ္!..."

အနည္းငယ္ခက္ထန္ေနသည့္ဦးငယ္အသံေၾကာင့္ရိေပၚကိုယ္ေလးမတ္ခနဲ။ခုေတာ့အျပစ္လုပ္မိသူကသူျဖစ္ေနတာတဲ့လား။

"မဟုတ္ မဟုတ္ဘူးဦးငယ္!...ကြၽန္ေတာ္လည္းဦးငယ္ေျပာထားသလိုမနက္ျဖန္မွသြားမလို႔ပါပဲ...ဒါမဲ့ သားသားက..."

"မင္းအျပစ္ကိုသားသားစီလႊဲခ်ေနတာလားခ်ာတိတ္!!!..."

တခါမွမၾကည့္ဖူးသည့္အျပစ္ဖို႔အၾကည့္နဲ႕ၾကည့္ရင္းေျပာလာသည့္ဦးငယ္ေၾကာင့္ရိေပၚမ်က္လုံးေတြဝိုင္းလို႔ဝမ္းနည္းစိတ္ကလွိုက္ခနဲ။သူလည္းတျခားသူနဲ႕မဟုတ္ပဲဦးငယ္နဲ႕သြားခ်င္ခဲ့တာပဲေလ။

Clubကျပန္လာပုံပင္ ဝိုင္နံ႕သင္းလို႔ဘာမဟုတ္တာေလးအတြက္နဲ႕စိတ္ဆက္ေနသည့္ဦးငယ္။မ်က္ႏွာငယ္ေလးနဲ႕ရိေပၚကိုတခ်က္ၾကည့္ၿပီးကေလးထိန္းအန္တီႀကီးကသားသားကိုခ်ီၿပီးအလိုက္တသိပဲအေပၚထပ္တက္သြားတယ္။ဦးငယ္ေဒါသကအရင္ကေရာခုေရာအစိုးရမည္မဟုတ္မွန္းရိေပၚသိသည္။

"ဦးငယ္လည္းတျခားမိန္းမတစ္ေယာက္နဲ႕ေလွ်ာက္လည္ေနခဲ့တာပဲမဟုတ္လား...ကြၽန္ေတာ္ကဘာလို႔တျခားတေယာက္နဲ႕သြားလို႔မရရမွာလဲ...ၿပီးေတာ့ ေဖရွီးကကြၽန္ေတာ့္သူငယ္ခ်င္းအရင္းႀကီး!..."

"ဘာ!...အဟက္!...မင္းဘယ္တုန္းကကိုယ့္ကိုခံေျပာတတ္သြားတာလဲခ်ာတိတ္!..."

ဦးငယ္မ်က္ႏွာကိုေစ့ေစ့ၾကည့္ရင္းလက္သီးေလးစုတ္လို႔တခါေလာက္အရဲစြန့္ခံေျပာမိေတာ့ေခါင္းတဆက္ဆက္ၿငိမ့္ရင္းဦးငယ္ကခပ္ဟဟရယ္တယ္။ရိေပၚထင္ထားတာသူ႕စကားၾကားရင္ဦးငယ္ဘက္ကပ်ာပ်ာသလဲရွင္းျပလာလိမ့္မယ္လို႔ေပါ့။

"ကြၽန္ေတာ္ ကြၽန္ေတာ္လည္းဦးငယ္မဟုတ္တဲ့လူနဲ႕ဘယ္သြားခ်င္ပါ့မလဲ...ဒါေပမဲ့ဦးငယ္မွမအား..."

"ေအ!...မအားလို႔အားတဲ့ေန႕လိုက္ပို႔ေပးမယ္မေျပာခဲ့ဘူးလား!...ဟမ္!!!..."

"အင့္!..."

သူလည္းဘာမွလြန္လြန္က်ဴးက်ဴးအျပစ္မလုပ္မိပါပဲေဒါသထြက္ေနသည့္ဦးငယ္ေၾကာင့္ရိေပၚငိုခ်င္လာရတယ္။ဦးငယ္ကိုမေျပာဘဲတခါေလးအျပင္ထြက္မိတာအဲ့ေလာက္ေတာင္အျပစ္ႀကီးသြားရသလား။

"မငိုနဲ႕ခ်ာတိတ္!...ခ်ာတိတ္သူငယ္ခ်င္းမွမဟုတ္ဘူးကိုယ္မဟုတ္တဲ့တျခားဘယ္သူနဲ႕မွအျပင္ေလွ်ာက္မလည္နဲ႕...ကိုယ္မႀကိဳက္ဘူး!..."

ရိေပၚမ်က္ရည္ျမင္ရျပန္ေတာ့လည္းဦးငယ္ကမေနနိုင္ပုံပင္။ပုခုံးေလးႏွစ္ဖက္ကိုခပ္သာသာျဖစ္ညွစ္ရင္းေခ်ာ့ေျပာေတာ့ခ်ာတိတ္ပုံစံကခပ္ေတြေတြ။

သူက်ေတာ့အျခားတေယာက္နဲ႕ေလွ်ာက္လည္ခြင့္မရွိေတာင္ဦးငယ္က်ရတယ္တဲ့လား။တရားနည္းလမ္းမက်လိဳက္တာ။

"ဦးငယ္က်ေတာ့ေရာဟင္!...ကြၽန္ေတာ္နဲ႕သားသားကိုပစ္ထားၿပီးေတာင္တျခားမိန္းမတစ္ေယာက္နဲ႕ေလွ်ာက္လည္ခြင့္ရွိတယ္လား..."

"ဘယ္လိုခ်ာတိတ္!..."

ရိေပၚ စကားေၾကာင့္လက္ေမာင္းေပၚကေရွာင္းက်န့္လက္ေတြပိုတင္းၾကပ္လာသေယာင္။သူေျပာတဲ့ထဲတစုံတရာအမွားပါသြားလို႔မ်ားလား။

"ဦးငယ္ေတာင္အဲ့လိုအခြင့္ရွိရင္ကြၽန္ေတာ့္မွာလည္းရွိရမွာေပါ့..."

"ခ်ာတိတ္!...မဟုတ္ဘူးေနာ္...ခ်ာတိတ္ထင္ေနသလိုလုံးဝမဟုတ္ဘူး..."

ေရွာင္းက်န့္ကခုမွရိေပၚေျပာေနသည့္အေၾကာင္းအရာကိုသေဘာေပါက္သြားဟန္။ရိေပၚကလည္းသူ႕စြဲလမ္းစိတ္နဲ႕သူမို႔နာက်င္မႈကေလ်ာ့မသြား။

"ကြၽန္ေတာ္မေတြးခဲ့မိတာလူတစ္ေယာက္တြက္အက်င့္ဆိုးဆိုတာေဖ်ာက္ဖ်က္ပစ္ဖို႔ဘယ္လြယ္ပါ့မလဲေနာ္...ကြၽန္ေတာ္နဲ႕သားသားရွိေနေပမဲ့ဦးငယ္လည္းအရင္ကလိုေဖာက္ျပန္ခ်င္ေဖာက္ျပန္..."

"ခ်ာတိတ္!!!!!...မင္း!!!..."

"အိ!..."

က်ယ္က်ယ္ေလာင္ေလာင္ခ်ာတိတ္ဆိုကာဟိန္းေဟာက္သံနဲ႕အတူရိေပၚမ်က္ႏွာအားရိုက္ရန္လက္႐ြယ္လိုက္မိသည့္ေရွာင္းက်န့္။ေအာက္ႏႈတ္ခမ္းေလးဖိကိုက္လို႔အိခနဲမ်က္ရည္ေတြစီးက်လာရင္းရိုက္ဖို႔႐ြယ္ထားသည့္ေရွာင္းက်န့္လက္ကိုတအံ့တၾသၾကည့္ေနမိသည့္ရိေပၚကလက္သီးေလးစုတ္လို႔။သူ႕ေရွ႕ကသူ႕ကိုရိုက္ဖို႔ထိလက္႐ြယ္ထားသည့္အမ်ိဳးသားကသူသိပ္ခ်စ္တဲ့ သူ႕ကိုသိပ္ခ်စ္တဲ့ဦးငယ္မဟုတ္ဘူး။

"ဟင့္!...အင့္!..."

သူ႕ကိုေၾကာက္႐ြံ႕သလိုၾကည့္ၿပီးေနာက္ကိုေျခႏွစ္လွမ္းေလာက္စုတ္လို႔အေပၚထပ္ေျပးတက္သြားသည့္ခ်ာတိတ္။ေက်ာျပင္ငယ္ေလးကိုပင္ငဲ့မၾကည့္နိုင္ေလာက္ေအာင္ေဒါသခိုးလွ်ံေနဆဲေရွာင္းက်န့္ကထိုေနရာမွာတင္မတ္တပ္။သူခ်ာတိတ္ကိုဘာလုပ္ဖို႔ေတြးလိုက္မိတာလဲ။

"ဟား!!!...က်စ္!...ဟာကြာ!..."

ဆံသားနက္နက္ေတြကိုထိုးဖြလိုက္ရင္းေရွာင္းက်န့္ပုံစံကယူႀကဳံးမရဟန္။ဘယ္တုန္းကမွမစဥ္းစားထားသည့္ပုံစံနဲ႕သူခ်ာတိတ္အေပၚဆက္ဆံခဲ့မိတာ။ခ်ာတိတ္ကိုခ်စ္လြန္းလို႔ျဖစ္ေပၚလာတဲ့သူ႕ရဲ႕သဝန္တိုမႈကေဒါသဆိုတဲ့ဆိုးက်ိဳးကိုျဖစ္ေပၚေစတတ္တယ္တဲ့လား။ကိုယ္အမွားလုပ္မိၿပီခ်ာတိတ္။

#Tbc
Thank for your reading: I need your feedback and voting:စာေရးရတာmoodမဝင္လို႔ဖတ္ရတာေပါ့သြားရင္နားလည္ေပးပါေနာ္၊က်န္းမာေရးဂ႐ုစိုက္ပါအသည္းေတြ....

Continue Reading

You'll Also Like

1.6M 92.6K 46
|𝐑𝐨𝐬𝐞𝐬 𝐚𝐧𝐝 𝐂𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 - 𝐈| She was someone who likes to be in her shell and He was someone who likes to break all the shells. "Jun...
5.8K 294 45
*This is the third and final installment of a trilogy* Seventh year has started and all of you are now studying hard for your N.E.W.T.s. Between jugg...
7.2K 188 10
High school just ended and everyone got separated. Ayanokoji went back to the White Room but on a stroll outside, he met a familiar person. What will...
4.3M 286K 61
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...