❦︎Unicode version❦︎
FOLLOW ME - 24
.
.
.
.
.
"ရှောင်းကျန့်!...မင်းရီလျှမ်းတူနဲ့ပြန်ဆက်နေတာလား..."ညဥ့်နက်မှရှောင်းအိမ်တော်တွင်းပြန်ရောက်လာသည့်ရှောင်းကျန့်ကိုကြောင်အိမ်လှေကားရင်းမှာရပ်ရင်းရှောင်းမားကခပ်တန်းတန်းပဲမေးလာတယ်။ရီလျှမ်းနဲ့ကွာရှင်းပြီးသည့်သုံးလလောက်မှာဝမ်ရိပေါ်ဆိုသည့်ကောင်လေးကြောင့်သူမသားကလွမ်းဖျားလွမ်းနာကျလို့တမှိုင်မှိုင်တတွေတွေ။
ထိုလတွေအတွင်းအလုပ်ချည်းဖိလုပ်နေရာမှခုရက်ပိုင်းအရင်လိုမဟုတ်တော့ပဲခြေလှမ်းတွေပျက်လာသည့်ရှောင်းကျန့်ကြောင့်သူမစုံစမ်းခိုင်းလိုက်တော့အကြောင်းရင်းကဟိုကောင်လေးပြန်ရောက်နေတဲ့အပြင်သူမသားကလည်းတရက်ကိုနှစ်ခေါက်လောက်မသွားမဖြစ်သွားတွေ့နေသည်တဲ့။ဘာကိုမှအလေးမထားထည်လဲတွဲတတ်သည့်သူမသားကဒီကောင်လေးကိုမှတန်းတန်းစွဲဖြစ်နေတာသူမဘယ်လိုမှမစဥ်းစားတတ်တော့။
"ဟုတ်တယ်မား!...ကျွန်တော်ချာတိတ်နဲ့ပြန်တွဲနေပြီ...နောက်ပြီးသိပ်မကြာခင်မှာပဲချာတိတ်ကိုလက်ထပ်ယူဖို့ဝမ်ပါးစီခွင့်တောင်းထားပြီးပြီ..."
"ဘယ်လို!...ရှောင်းကျန့် မားခွင့်မပြုဘူးနော်...ရီလျှမ်းနဲ့မင်းကွာရှင်းထားတာမှဘယ်လောက်မှမရှိသေးဘူး...အဲ့ကောင်လေးနဲ့မင်းလက်ထပ်လိုက်ရင်မားတို့အသိုင်းအဝိုင်းကဘာပြောကြမယ်ထင်လဲရှောင်းကျန့်!..."
ရှောင်းကျန့်ကအေးဆေးစွာပြောလာပေမဲ့ဂုဏ်သိက္ခာမက်လွန်းသည့်ရှောင်းမားကတော့အံ့သြသလိုအနားလျှောက်လာရင်းချာတိတ်နဲ့လက်ထပ်မယ့်ကိစ္စကိုမဖြစ်သင့်သလိုလာပိတ်ပင်တယ်။ရှောင်းကျန့် ရှောင်းမားကိုနဲနဲတော့ဒေါသထွက်သွားတာအမှန်။မားကြောင့်သာမဟုတ်ရင်အရင်ကတည်းကသူစီစဥ်သည့်အတိုင်းခုချိန်ဆိုချာတိတ်သူ့အနားရှိနေလောက်ပြီ။မားစကားတွေကြောင့်သာချာတိတ်သူ့အဝေးကိုထွက်ပြေးသွားတာ။
"ဘာလဲ ချာတိတ်ကရီလျှမ်းတူဖြစ်နေလို့လား!...အရေးမပါတာတွေမားရာ...သူတို့ဘယ်ချိန်ထိပြောနိုင်မလဲပြောကြစမ်းပါစေ...ချာတိတ်ကဘယ်သူနဲ့ဘယ်လိုပဲအမျိုးတော်တော်ကျွန်တော်နဲ့လက်ထပ်ပြီးရင်ကျွန်တော့်လူပဲ...မားစိုးရိမ်နေသလို အပြောခံရကြေးဆိုရီလျှမ်းလဲသူ့ချစ်သူနဲ့လက်ထပ်တော့မှာပဲလေ..."
YOU ARE READING
FOLLOW ME[Complete]
RomanceZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 Noti:This story is Adultery type. About toxic hearts from love conservation. Holding my hand believe in doing.Don't worry,FOLLOW ME. OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and mak...