12.They_with_love

8.6K 691 89
                                    

❦︎Unicode version❦︎

FOLLOW ME-12
.
.
.
.
.
ခွမ်း!💢

"အမေ့!!!..."

"တီလေး!!!..."

ဘေစဥ်နားရပ်လို့စိတ်နဲ့လူနဲ့မကပ်စွာပန်းကန်တွေဆေးကြောနေသည့်တီလေးရီလျှမ်း။ရေဖွင့်ထားလျှက်လက်ထဲကကော်ဖီခွက်ကျကွဲသည်အထိအသိစိတ်မကပ်ဖြစ်နေသည့်တီလေးကြောင့်ရိပေါ်မနေနိုင်စွာထမင်းစားပွဲကနေထသွားလိုက်တယ်။

္"တီလေး...နေမကောင်ဘူးလားဟင်..."

"မဟုတ်ဘူးဝမ်လေး...တီလေးဒီရက်ပိုင်းအိပ်ရေးပျက်လို့နေမယ်..."

နှဖူးကချွေးစတွေလက်ခုံနဲ့ဖိသုတ်လိုက်ရင်းရီလျှမ်းပုံစံကအမှန်တကယ်စိတ်ဖိစီးနေဟန်။ကွဲသွားသည့်ကော်ဖီခွက်ကိုနဘေးအမှိုက်ပုံးထဲကောက်ထည့်နေရင်းသက်ပြင်းအခါခါချလို့မသက်မသာဖြစ်နေသည့်တီလေးကြောင့်ရိပေါ်မှာကြည့်မနေနိုင်တော့။

"တီလေး...အရင်သွားနားလိုက်နော်...ဒီပန်းကန်တွေ ကျွန်တော်ဆက်ဆေးထားလိုက်မယ်..."

ရိပေါ်အပြောကြောင့်ရီလျှမ်းကသက်ပြင်းဖွဖွချရင်းဖျော့တော့စွာပြုံးပြလာတယ်။သူ့ကြောင့်နဲ့ဝမ်လေးကိုပင်ပမ်းစေမိပြီ။

"အဟင်း...တီလေးကိုဝိုင်းကူတာနဲ့ဝမ်လေးကျောင်းပိတ်ရက်တောင်မနားရဘူးတော့ဘူး..."

"ရပါတယ် တီလေးကလည်း...ကျွန်တော့်အတွက်မပမ်းမကြီးတာမို့တီလေးသာသွားနားလိုက်နော်..."

လက်မောင်းလေးကိုဖြစ်ညှစ်ထားရင်းပြောတော့သူ့လက်ကိုပြန်အုပ်ကိုင်ရင်းအဆင်ပြေကြောင်း​ပြောလာသည့်ဝမ်လေးကိုအချစ်ပိုစွာခေါင်းလုံးလေးကိုဖွလိုက်မိတယ်။သူ့တူလေးကသိတတ်တဲ့အပြင်သိပ်လိမ္မာသည့်ကောင်လေး။

"အင်းပါ...ဒါဆိုလည်းတီလေးနားလိုက်ပါ့မယ်...နောက်နေ့မှဝမ်လေးကြိုက်တဲ့စပါကတီလုပ်ကျွေးမယ်...ဟုတ်ပြီလား..."

"အွန်း...အဟီး..."

သူကြိုက်တာစားရမယ်ဆိုတာနဲ့ချက်ချင်းပြုံးရွှင်လာသည့်ကောင်လေး။ရီလျှမ်းလည်းခါးကအေပရွန်ချွတ်ပြီးအပေါ်ထပ်ကအိပ်ခန်းစီတက်သွားလိုက်တယ်။

FOLLOW ME[Complete]Where stories live. Discover now