23.My_future

8.2K 691 48
                                    

❦︎Unicode version❦︎

FOLLOW ME - 23
.
.
.
.
.
"ဝမ်လေးအဆင်ပြေရဲ့လားရှောင်းကျန့်!..."

အောက်ထပ်ပြန်ဆင်းလာသည့်ရှောင်းကျန့်ကိုမြင်သည်နှင့်ရီလျှမ်းကဧည့်ခန်းထဲကနေစီးမေးတယ်။ခေါင်းအသာငြိမ့်ပြရင်းရှောင်းကျန့်ကဝမ်ပါးနဲ့မျက်နှာချင်းဆိုင်မှာလာဝင်ထိုင်တယ်။ချာတိတ်အမတွေဆိုတာတော့အပြင်သွားကြသလားမသိရှောင်းကျန့်ရောက်လာကတည်းကမတွေ့။

"အင်း...ချာတိတ်ပြန်အိပ်ပျော်သွားပြီ..."

"ဒီကိစ္စနင်ဘယ်လိုလုပ်မယ်စဥ်းစားထားလဲရှောင်းကျန့်!..."

"ကျွန်တော်ချာတိတ်ကိုလက်ထပ်ပါရစေအန်ကယ်!..."

ရီလျှမ်းအမေးကိုအဖြေမပေးတော့ပဲရှောင်းကျန့်ဝမ်ပါးစီတခါတည်းခွင့်တောင်းလိုက်တော့ဝမ်ပါးကသက်ပြင်းချရင်းခေါင်းတငြိမ့်ငြိမ့်။ဒီအခြေနေထိရောက်လာပြီးမှတော့ရီလျှမ်းကစပတ်သပ်လို့ရှောင်းကျန့်နဲ့ဘယ်လိုပင်တော်စပ်ခဲ့တော်စပ်ခဲ့သားငယ်ဗိုက်ထဲကကလေး သူ့မြေးအဖေကဒီလူသားပဲမဟုတ်လား။

"အန်ကယ်ကတော့ဖြစ်ပြီးတဲ့ကိစ္စအတွက်ဘာမှပြောမနေချင်တော့ဘူး...တခုပဲ ရှေ့လျှောက်မှာသားငယ်စိတ်ချမ်းသာနေတာပဲအန်ကယ်မြင်ချင်တယ်..."

"စိတ်ချပါအန်ကယ်...ချာတိတ်ကိုကျွန်တော်အတတ်နိုင်ဆုံးစိတ်ချမ်းသာအောင်ထားမှာပါ...ဘယ်အခြေနေမှာပဲဖြစ်ဖြစ်ချာတိတ်မျက်နှာမငယ်စေရဘူးလို့ကျွန်တော်ဂတိပေးတယ်..."

လူကြီးပီပီရှောင်းကျန့်ကတည်တည်ငြိမ်ငြိမ်ပင်ဂတိပေးလာတော့ဝမ်ပါးကရှောင်းကျန့်ပုခုံးကိုပုတ်ပြီးအကုန်ပုံအောပေးလိုက်သည့်နှယ်စိတ်ချပါရစေဆိုသည့်အကြည့်တို့ဖြင့်။သားငယ်ကခုမှဆိုးလို့နွဲ့လို့ကောင်းတုန်းအရွယ်ကလေးမို့နဲနဲတော့ယူကြုံးမရဖြစ်မိသည်လေ။ပြီးတော့သားငယ်လက်ထပ်မယ့်သူကလည်းတချိန်ကဦးလေးအရင်းခေါက်ခေါက်ကြီးတော်စပ်ခဲ့ဖူးကြတာမလား။

"ရှောင်းကျန့်!...ဝမ်လေးကိုခုချက်ချင်းတော့နင့်စီထည့်မပေးလိုက်နိုင်ဘူးနော်..."

စကားဝိုင်းထဲကဝမ်ပါးထသွားမှရီလျှမ်းကရိပေါ်အတွက်တွေးရင်းထပြောလာတယ်။ရှောင်းကျန့်ကတော့ဝမ်ပါးစီကခွင့်ပြုချက်ရသွားတာမို့ခပ်ပြုံးပြုံးပင်။

FOLLOW ME[Complete]Where stories live. Discover now