31.Side_effect:2

5.8K 611 60
                                    

❦︎Unicode version❦︎

FOLLOW ME - 31
.
.
.
.
.
Clack!

တံခါးဖွင့်သံကြောင့်ကြည့်လိုက်မိတော့အိမ်ဝတ်လေးနှင့်အိပ်ခန်းထဲဝင်လာသည့်ချာတိတ်ပုံစံကပုံမှန်ပင်။ပုံမှန်မဟုတ်သည့်အခြေနေကမျက်နှာချင်းဆိုင်နှစ်ယောက်တည်းရှိနေတာတောင်ချာတိတ်ကသူ့ကိုဝတ်ကျေတမ်းကျေမေးထူးခေါ်ပြောလုပ်ရုန်ကလွဲဘာစကားမှအပိုမပြောတော့တာ။

ဖက်မလားနမ်းမလား သူလုပ်သမျှမငြင်းပယ်ပေမဲ့စကားတောင်ကောင်းကောင်းပြန်မပြောတော့သည့်ချာတိတ်စီကတုံ့ပြန်အကြင်နာတို့ပျောက်ရှနေဆဲ။သူ့လုပ်ရပ်ကချာတိတ်စိတ်ဆိုးမယ်ဆိုလည်းဆိုးချင်စရာပဲမို့ချာတိတ်ပေးသည့်ဥပက္ခာနဲ့တင်ရှောင်းကျန့်လောင်မြိုက်ဖို့လုံလောက်ပါသည်။

"သားသားအိပ်သွားပြီလားချာတိတ်!..."

"အင်း!...ခုလေးတင်အိပ်သွားတယ်..."

အကြည့်တချက်မပေးပဲကျောပေးထားရာကနေသူ့အမေးကိုအေးစက်စက်ဖြေလာသည့်ချာတိတ်။ရေချိုးခန်းထဲညအိပ်ဝတ်စုံဝင်လဲပြီးမှန်တင်ခုံရှေ့ထိုင်လို့ခေါင်းလျှော်ထားတယ်ထင်အနည်းငယ်ပွယောင်းနေသည့်ဝါနုနုဆံနွယ်တွေကိုဖြီးသင်နေတယ်။

ကုတင်ခေါင်းရင်းကိုမှီထိုင်ရင်းlaptopတလုံးနဲ့အလုပ်လုပ်ချင်​ယောင်ဆောင်နေသည့်ရှောင်းကျန့်ကတော့နှာရိုးပေါ်ကမျက်မှန်ကိုတချက်ပင့်တင်ရင်းရိပေါ်လုပ်သမျှကိုမသိမသာလိုက်ကြည့်တယ်။ကလေးလေးလိုသူတချိန်လုံးမြင်နေမိသည့်ချာတိတ်ကလူကြီးပုံဖမ်းလို့မသိကျိုးကျွံ ့ပြုထားခြင်းကြောင့်ရှောင်းကျန့်မှာတကယ်ကိုမနေတတ်မထိုင်တတ် အတွင်းရောအပြင်ရောက ကသိကအောက်နိုင်လှသည်။

"အိပ်ခန်းမီးပိတ်လိုက်ရတော့မလား..."

"အာ!...အင်း!...ချာတိတ်ကအိပ်တော့မှာလား..."

Clack!

တံခါးဘေးကမီးခလုတ်နားလျှောက်သွားရင်းမီးပိတ်ရတော့မလားမေးလာသည့်ချာတိတ်ကစက္ကန ့်ပိုင်းလောက်သူ့စီအကြည့်ပို့ပြီးအဖြေစောင့်တယ်။laptopမီးနဲ့တင်အလုပ်လုပ်ရအဆင်ပြေတာမို့မီးပိတ်လို့ရကြောင်းပြန်ပြောလိုက်တော့အင်းဆိုသည့်အဖြေကြောင့်အခန်းမီးကျပိတ်လိုက်ပြီးအိပ်တော့မလားသူ့အမေးကိုတော့ပြန်မဖြေ။သူ့ယောက်ျားလေးကတကယ်ကြီးစိမ်းကားနိုင်လွန်းသည်။

FOLLOW ME[Complete]Where stories live. Discover now