7.Crazy_Something

8.2K 773 82
                                    

❦︎Unicode version❦︎

FOLLOW ME-7
.
.
.
.
.
"ကျွန်တော်ရီလျှမ်းနဲ့ကွာရှင်းချင်တယ်..."

ဒါရှောင်းအိမ်တော်ကရှောင်းသခင်ကြီးနဲ့ရှောင်းသခင်လေးတို့၏မျက်နှာချင်းဆိုင်တွေ့ဆုံမှုမှာသားဖြစ်သူရှောင်းကျန့်ဘက်မှအစချီလိုက်သည့်စကားလုံးတချို့။

ရှောင်းကျန့်ကလည်းကျွန်းကုလားထိုင်ကြီးကိုကျောမှီလို့အေးအေးလူလူပြောလာတာဖြစ်ပြီးရှောင်းပါးကလည်းလက်ထဲကcoffeeခွက်ကိုအသာလှုပ်ရမ်းလို့မျက်နှာပျက်ယွင်းသွားခြင်းမရှိပဲတည်တည်ငြိမ်ငြိမ်။

"အကြောင်းပြချက်က..."

လက်ထဲကကော်ဖီခွက်ကိုရှေ့ကကျွန်းစားပွဲကြီးပေါ်အသာချလိုက်ရင်းလေသံအေးအေးဖြင့်မေးလာသည့်ရှောင်းပါး။

"ကျွန်တော်ရီလျှမ်းကိုမချစ်လို့..."

"ဟား...ဟား...ဒီလိုသာပြောကြေးဆို မင်းအမေကိုလည်းငါချစ်လို့ယူထားတာမှမဟုတ်ပဲ..."

်ရယ်သွင်းသွင်းထပြောသည့်ရှောင်းပါးကအထူးတလည်ခံစားရပုံမပေါ်။ရှောင်းပါးဆိုတဲ့အတိုင်းရှောင်းကျန့်အဖေပဲမို့သူလည်းပဲအိမ်ထောင်ပြုခြင်းဆိုတာကြီးကိုပေါ့ပျက်ပျက်သာဆုံးဖြတ်ခဲ့ပုံရသည်။

"အဲ့ဒါပါးတို့ကိစ္စ...ကျွန်တော်နဲ့မဆိုင်ဘူး..."

"ဟ!...မဆိုင်ပဲနေမလားရှောင်းကျန့်ရ...အကျိုးအမြတ်တစ်ခုအတွက်မင်းအမေနဲ့ငါလက်ထပ်ခြင်းကိုအလဲအထပ်လုပ်ခဲ့လို့ မင်းလူဖြစ်လာတာငါ့သားရ...ဟား...ဟား...ဟား..."

သူ့တောင်းဆိုမှုကိုအလေးအနက်စဥ်းစားဟန်မရှိ ပေါင်ကိုလက်တစ်ဖက်နဲ့ရိုက်ရင်းရယ်နေသည့်အဖေဖြစ်သူကြောင့်ရှောင်းကျန့်စိတ်ပိန်လာတာတော့အမှန်။

သူတို့ရှောင်းမျိုးနွယ်အားလုံးကဓနဥစ္စာတွေအတွက်နဲ့အချစ်မပါပဲလက်ထပ်တယ်ဆိုတာကြီးကိုဆုံးဖြတ်ကြလေသလား။

ရွှေရွှေချင်းထပ် ငွေငွေချင်းထပ်မှမြတ်တယ်ဆိုတဲ့ရှေးစွဲကြီးနဲ့အားလုံးကစီးပွားရေးတွက် တွက်နေကျပုံ။

အချစ်ကင်းမဲ့နယ်မြေမှာကြီးပြင်းလာသည့်သူ့ကို ရူးသွပ်သည်အထိချစ်တတ်သွားအောင်စွမ်းနိုင်သည့်ချာတိတ်ကတော်ရုန်တန်ရုန်တော့မဟုတ်။

FOLLOW ME[Complete]Where stories live. Discover now