END:The_warm_hands

15K 837 149
                                    

❦︎Unicode version❦︎

°ENDING of FOLLOW ME°
.
.
.
.
.
လက်ထဲကphoto albumစာအုပ်လေးကိုတရွက်ချင်းလှပ်ပြရင်းရှောင်းမားကရိပေါ်နီးတူမျက်ရည်တွေနဲ့။ဝမ်ပါးအိမ် ဧည့်ခန်းထဲမှာရှောင်းပါး ပိုင်ရန် ရီလျှမ်းနဲ့အတူမယ်ရီလည်းရိပေါ်မျက်နှာချင်းဆိုင်ကခုံမှာရှိနေခဲ့တယ်။အခြေနေတွေကထင်မထားတာတွေချည်းပဲမို့ရိပေါ်မှာခုချိန်ထိရှောင်းမားပြောပြသည့်အကြောင်းအရာတွေကိုနားလည်ရန်ခက်ခဲနေတုန်း။မယ်ရီဆိုသည့်မမကဦးငယ်နဲ့သွေးသားမတော်စပ်ပေမဲ့မောင်နှမရင်းခြာလိုတရင်းတနှီးရှိဖူးကြသူတွေတဲ့လေ။

မယ်ရီကိုရှောင်းကျန့်၁၂နှစ်သားအရွယ်လောက်ကမိဘမဲ့ဂေဟာကနေရှောင်းမားတို့ကအမွေစားအမွေခံအဖြစ်ခေါ်ယူမွေးစားခဲ့ကြတယ်။မယ်ရီနဲ့ရှောင်းကျန့်ကမောင်နှမတော်စပ်မှုရှိလာပေမဲ့သက်တူရွယ်တူပဲမို့အထက်တန်းကျောင်းကနေနယူးယောက်ခ်မှာပညာအတူသင်ကြတဲ့အထိပြောမနာဆိုမနာသူငယ်ချင်းတွေလိုနေခဲ့ကြတာခုချိန်ထိပင်။ရှောင်းပါးနဲ့ရှောင်းမားတို့ရဲ့သမီးလို့ခံယူထားပေမဲ့မယ်ရီကနိုင်ငံခြားမွေးဖွားလာသူထင်မျက်နှာပေါက်ကအစကပြားမလေးလိုသိပ်ချောသိပ်လှတယ်။

တရုတ်မှာ၁၈နှစ်အရွယ်ထိရှောင်းကျန့်နဲ့မယ်ရီတို့အတူတူကျောင်းတက်အတူတူကြီးပြင်းလာခဲ့သည့်တလျှောက်လုံးမှာလည်းတယောက်နဲ့တယောက်သတ်ပုတ်လုံးထွေးရင်းကလေးတွေလိုနေခဲ့ကြတာချည်းပင်။နယူးယောက်ခ်မှာကျောင်းသွားတတ်ကြတော့လည်းဘယ်သူကရည်စားပိုများများထားနိုင်လဲဆိုပြီးတော့တောင်တယောက်နဲ့တယောက်ကျော်တက်ဖို့ချည်းတွေးနေကြတာ။

တလျှောက်လုံးနှစ်ယောက်သားတပူးပူးတတွဲတွဲရှိခဲ့ကြပေမဲ့နှစ်ယောက်လုံးကတခြားသူတွေကိုသာကစားရင်ကစားမယ်တယောက်အပေါ်တယောက်စိတ်ရှိခဲ့ကြတာမဟုတ်ပဲမောင်နှမအရင်းလို ငယ်ပေါင်းသူငယ်ချင်းကြီးတွေလိုခံယူထားကြတာ။နှစ်ယောက်သားဆုံရင်လည်းတယောက်အကြောင်းတယောက်ပြောပြီးမဲ့ကာရွဲ့ကာရယ်မောတတ်ကြတာသူတို့အကျင့်လိုဖြစ်နေပြီ။

ရှောင်းကျန့်ကနတ်ဖုရားတပါးလိုချောမောသလိုမယ်ရီကလည်းခေသူမဟုတ်နယူးယောက်ခ်မှာအနေများတော့ဟော့ဟော့ဒိုင်းဒိုင်းနေတတ်သူလေး။ရည်းစားများသည့်အကျင့်ကတော့ရှောင်းကျန့်ကိုတုရင်းမယ်ရီပါအသည်းစားသူယောင်မယ်မလေးဘွဲ့ရခဲ့ခြင်း။ဆန်းကြယ်တယ်ပဲပြောရမလား မယ်ရီအသက်၂၃နှစ်မှာနယူးယောက်ခ်မှာရှောင်းကျန့်နဲ့အတူကျောင်းတက်နေရင်းကပဲသူမမိဘအရင်းတွေနဲ့ပြန်ဆုံခဲ့တယ်။

FOLLOW ME[Complete]Where stories live. Discover now