FOLLOW ME[Complete]

By M-O-N-E

303K 24.2K 2.5K

ZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 Noti:This story is Adultery type. About toxic hearts from love conserv... More

1.Uncle
2.White God
3.Adultery
4.Anyway
5.Daydream
6.Mistake
7.Crazy_Something
8.Oasia
9.Fool_with_pain
10.Not_easy
11.Hopeless_Meeting
SORRY
12.They_with_love
13.Start
14.Wrong_way
15.Sky&Sea
16.Following
17.Mine
18.Dear-OoNge
19.Smile&Tear
20.The_whole_tomorrow
21.Missing_long_days
22.Holding_You
23.My_future
24.Candy
25.Should_know
26.Way_back_home
28.All_of_me
29.Unremarked
30.Side_effect:1
31.Side_effect:2
32.Broken_trust
33.Badly_you
END:The_warm_hands

27.Heaven

6.9K 651 48
By M-O-N-E

❦︎Unicode version❦︎

FOLLOW ME - 27
.
.
.
.
.
"သားရှောင်းကျန့်!...ရိပေါ်လေးအခြေနေ..."

"ရှောင်းကျန့်!...ဝမ်လေးအဆင်ပြေရဲ့လား..."

ရိပေါ်ကိုoperationခန်းထဲခေါ်သွားပြီးဆယ့်ငါးမိနစ်လောက်နေတော့ဆေးရုံထဲမပြေးရုန်တမယ်ရောက်လာကြသည့်ရှောင်းပါး ရှောင်းမား နဲ့ဝမ်ပါးအပြင် ပိုင်ရန်နဲ့ရီလျှမ်း။နံရံကိုမှီလို့ကြမ်းပြင်ထက်ခပ်ငိုင်ငိုင်ထိုင်နေသည့်ရှောင်းကျန့်ကမည်သူ့အမေးကိုမှပြန်မဖြေပဲပကတိတိတ်ဆိတ်လျှက်။

"ရှောင်းကျန့်!...မေးနေတယ်ရိပေါ်အဆင်ပြေရဲ့လားလို့!!!..."

ပိုင်ရန်စိတ်မရှည်တော့ဟန် ရှောင်းကျန့်အနားထိုင်ချလို့ပုခုံးကိုခပ်ဆက်ဆက်ကိုင်လှုပ်ရင်းမေးတော့မှနီးဆွေးနေသည့်မျက်ဝန်းညိုတွေနဲ့အံတင်းတင်းကြိတ်လျှက်ကြည့်လာသည့်ရှောင်းကျန့်။

"ငါလည်းသိချင်နေတာ!...ချာတိတ်အဆင်ပြေမှာလားလို့!!!...ဟမ်!!!...ငါလည်းအဲ့ဒါပဲသိချင်နေတာလို့!...*sob*..."

အဆုံးစွန်ထိန်းချုပ်ထားရသည့်ယောက်ျားသားတစ်ယောက်၏ဝမ်းနည်းပူဆွေးမှု။နီဆွေးဆွေးမျက်ဝန်းအိမ်တို့ကဒီတခါတော့အထိန်းကွပ်မဲ့စွာမျက်ရည်တွေတမြေ့မြေ့စီးကျလာတယ်။

ဒူးနှစ်ဖက်ကြားခေါင်းငိုက်စိုက်ချလို့စို့စို့နင့်နင့်ငိုကြွေးလိုက်သည့်ရှောင်းကျန့်ကိုကြည့်ပြီးအားလုံးကမျက်နှာမကောင်းစွာမျှော်လင့်ချက်ကိုယ်စီနဲ့စောင့်ဆိုင်းဖို့သာတက်နိုင်တော့တယ်။

ကံအားလျှော်စွာ ရိပေါ်နဲ့လူ့လောကရောက်မလာသေးတဲ့ကလေးလေးအဆင်ပြေဖို့ကံကိုသာပုံအပ်မိကြတော့တယ်။ဒီအချိန်ဒီလိုနေရာမှာသူတို့တက်နိုင်တာဆိုလို့စိတ်ပူနေရုန်ကလွဲတခြားများများစားစားမှမရှိတာရော်။

"အားးး!!!..."

ဒုတ်! ဒုတ်! ဒုတ်!

"ရှောင်းကျန့်မလုပ်နဲ့!!!...ရပ် ရှောင်းကျန့်!..."

operation roomကိုခပ်တွေတွေကြည့်လို့ငြိမ်နေရာမှရုတ်တရက်ကြီးကြိတ်မနိုင်ခဲမရနံရံကိုလက်သီးနဲ့ပစ်ပစ်ထိုးသည့်ရှောင်းကျန့်ကြောင့်ရီလျှမ်းတို့အပြင်ဆေးရုံတွင်းရှိတခြားသူတွေပါအထိတ်တလန့်ဖြစ်ကုန်ကြတယ်။

ထိန်းမနိုင်သိမ်းမနိုင်ကြမ်းရမ်းနေသည့်ရှောင်းကျန့်ကိုပြေးထိန်းရင်းအထိခိုက်များလာတော့ပိုင်ရန်ပင်မဟန်ချင်တော့။ခံစားချက်တွေပေါက်ကွဲနေလို့ပဲလားမသိရှောင်းကျန့်ကဒီလိုချိန်မှာကြမ်းတမ်းလွန်းကာယောက်ျားလေးအချင်းချင်းတောင်ချုပ်ဖို့မလွယ်လှ။

"ရှောင်းကျန့်!...ရပ်တော့ ရပ်တော့လို့ပြောနေ..."

ခွပ်!

"အာ့!..."

ရုတ်ရုတ်သည်းသည်းအခြေနေမှာရှောင်းကျန့်ကိုထိန်းဖို့ကြိုးစားရင်းပိုင်ရန်ပါးတစ်ဖက်ပူခနဲနေအောင်အထိုးခံလိုက်ရတယ်။ညာဘက်လက်ဆစ်တွေ သွေးစို့လျှက်ကျိုးတော့မလိုဖြစ်နေတာတောင်ရှောင်ကျန့်ကနံရံကိုမရပ်မနားထိုးဖို့စိတ်သန်နေတုန်း။

"ကျစ်!...ဒီကောင်...ရပ်လိုက်တော့ရှောင်းကျန့်!!!..."

ခွပ်!

ထိန်းမရသည့်အဆုံးပိုင်ရန်လက်သီးတစ်ချက်ပစ်ကျွေးလိုက်တော့မှအသိစိတ်လွတ်နေသလိုရှောင်းကျန့်ကနံရံထောင့်ပုံခနဲထိုင်ရက်သားပစ်ကျသွားရင်းငြိမ်ကျသွားတော့တယ်။တကယ်ထိန်းသိမ်းရခက်တဲ့လူ။ရှောင်းကျန့်ကိုကြည့်ရင်းပိုင်ရန်ခုမှအသက်ဝဝရှူလို့အမောဖြေမိတယ်။

"ကို အဆင်ပြေရဲ့လား!..."

အညိုအမဲစွဲသွားသည့်ပိုင်ရန်ပါးတစ်ဖက်ကိုဖွဖွကိုင်ရင်းရီလျှမ်းကစိုးရိမ်တကြီး။ဝမ်လေးကိုစိတ်ပူနေရတဲ့အထဲခုပိုင်ရန်ပါအနာတရဖြစ်တော့ရီလျှမ်းလည်းပူလောင်ပြီးရင်ပူလောင်လာရတယ်။

"ကိုယ်အဆင်ပြေတယ်လျှမ်းငယ်!...ကိုယ်ရှောင်းကျန့်နဲအပြင်ခဏသွားနေလိုက်မယ်..."

ရှောင်းကျန့်စိတ်ငြိမ်ဖို့အတွက်နဲ့ဆေးရုံထဲကရုတ်ရုတ်သည်းသည်းဖြစ်သွားသည့်အခြေနေပြန်တည်ငြိမ်ဖို့ပိုင်ရန်ထိုသို့တွေးလိုက်မိခြင်း။သူလည်းပဲခင်ပွန်းအရာမြောက်ပြီးသည့်ခင်ပွန်းတစ်ယောက်ပဲမို့ရှောင်းကျန့်ခံစားနေရတာကိုပိုင်ရန်အပြည့်အဝနားလည်သည်။

.....................

ရှေ့ကရေပိုက်တွေနဲ့ကားဆေးနေသည့်ဝန်ထမ်းတွေကိုအကြောင်းမဲ့ထိုင်ကြည့်ရင်းရှောင်းကျန့်အတွေးတို့ကဆေးရုံထဲကသူ့ယောက်ျားလေးနဲ့သူ့ကလေးအတွက်သာပူပန်စိတ်တို့ကြီးစိုးနေရတယ်။

ပိုင်ရန်ခေါ်ထုတ်လာလို့ရှောင်းကျန့်ရောက်နေသည့်နေရာကဆေးရုံနဲ့မလှမ်းမကမ်းကကားရေဆေးသည့်ဆိုင်တစ်ဆိုင်။အချိန်ကသန်းခေါင်းကျော်နေပြီဖြစ်ပေမဲ့၂၄နာရီဖွင့်သည့်ဆိုင်တွေမို့မီးတွေကတော့ရှောင်းကျန့်ထိုင်နေသည့်လမ်းဘေးအုတ်ခုံနားထိထိန်ထိန်ကိုလင်းလို့။

ရေနဲ့အရင်ဆေးကြောခံနေရသည့်ကားကြီးမှချာတိတ်ထိုင်ခဲ့သည့်ကားကူရှင်ပေါ်ရေဆေးချလိုက်တော့နီကျံကျံရေတွေ့ပြယ်ကျလာတာကိုရှောင်းကျန့်ထိုနေရာကထိုင်ကြည့်နေရင်းအတိုင်းသားမြင်နေရတယ်။

ဒါသူအသုံးမကျခဲ့လို့။သူသာချာတိတ်ကိုဒီထက်ပိုဂရုစိုက်ခဲ့ရင်ဆိုသည့်အတွေးနဲ့ရှောင်းကျန့်မှာယူကြုံးမရစွာလက်ဖျင်ကြောတွေတင်းခနဲ။နာကျင်နေသည့်လက်နှစ်ဖက်စလုံးကပူဆွေးသောကရောက်နေသည့်ရှောင်းကျန့်ကိုပျက်ရယ်ပြုလို့သွေးတို့ကတစိမ့်စိမ့်။

"ရေှာင်းကျန့် ခများအတွက်!..."

ရှောင်းကျန့်ကိုထားပြီးဘာမှမပြောဘဲထွက်သွားသည့်ပိုင်ရန်ကဘီယာပုလင်းနှစ်ပုလင်းနဲ့ပြန်ရောက်ချလာတယ်။ဘီယာတစ်ပုလင်းရှောင်းကျန့်စီကမ်းရင်းစတိုးဆိုင်ကဝယ်လာသည့်ပလာစတာတွေပါထိုးပေးလိုက်တော့ရှောင်းကျန့်ကဘာမပြောညာမပြောဘီယာပုလင်းကိုသာဆွဲယူပြီးတရှိန်ထိုးကောက်မော့တော့တယ်။မွန်းကြပ်နေတာတွေလျော့များလျော့ပါးသွားမလားလို့။

"ခများလက်ကဒဏ်ရာပလာစတာကပ်လိုက်..."

"မလိုဘူး!..."

"အော့!..."

ရှောင်းကျန့်နဘေးအုတ်ခုံမှာဝင်ထိုင်ရင်းလက်ကဒဏ်ရာတွေအမြင်မတော်လို့ပလာစတာကပ်ဖို့တိုက်တွန်းမိတော့မျက်ခွက်ဖျက်ရိုက်ခံလိုက်သလိုပဲမလိုဘူးဆိုသည့်ခပ်ပြတ်ပြတ်စကားနဲ့အရှေ့ကိုအကြည့်ပြန်ပို့သွားသည့်ရှောင်းကျန့်။တကယ်လူမှုရေးခေါင်းပါးတဲ့လူ။ခပ်ချဥ်ချဥ်ဖြစ်သွားသည့်စိတ်ကိုအသာခေါက်ပြီးရှောင်းကျန့်ကိုအဖော်ပြုရင်းဘီယာထိုင်သောက်ပေးနေလိုက်တယ်။

"ကျေးဇူးပဲ!..."

ခတ္တတိတ်ဆိတ်နေရာမှကားရေဆေးသည့်နေရာကိုသာအကြည့်ပို့ထားရင်းကျေးဇူးတင်စကားပြောလာသည့်ရှောင်းကျန့်ကြောင့်ပိုင်ရန်ကမျက်ခုံးတချက်ပင့်လို့ခပ်ရေးရေးပြုံးတယ်။ရှောင်းကျန့်ကလူတိုင်းကိုပုံမှန်ခပ်တန်းတန်းဆက်ဆံတတ်ပေမဲ့သူ့ကိုတော့ရိပေါ်နဲ့အရင်ကအကြောင်းတွေကြောင့်အမြင်သိပ်မကြည်ပုံ။ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်ဆိုလာတော့လည်းလက်သင့်ခံရမှာပေါ့။

"ခများပုံစံကစိတ်တိုနေသလိုပဲ...ရိပေါ်ကိုလား...ဒါမှမဟုတ်ခများကိုယ်ခများလား...အဲ!..."

ခုချိန်ထိလက်သီးစုတ်တွေမဖြည်သေးတာမို့လွှတ်ခနဲမေးလိုက်မိတော့အလိုမကျသလိုအကြည့်စူးစူးကဒိုင်းခနဲ။အညိုမဲစွဲနေသည့်ပါးတစ်ဖက်ကရှိန်းခနဲဖြစ်သွားကာနောက်ကိုခေါင်းရို့လိုက်မိသည်အထိရှောင်းကျန့်ဆိုတဲ့လူကကြောက်ဖို့ကောင်းနေတော့တာ။

"ချာတိတ်ကိုစိတ်တိုနေတာလို့ဘာလို့ထင်ရတာလဲ!...ကိစ္စတွေအားလုံးကချာတိတ်တမင်တကာဖန်တီးယူတာမှမဟုတ်တာ...ငါချာတိတ်ကိုစိတ်မတိုရက်ဘူးပိုင်ရန်..."

ခုမှလေပြေလာသလိုအနည်းငယ်ပြန်ငြိမ်သွားသည့်ရှောင်းကျန့်အသံကြားမှပိုင်ရန်ခေါင်းတဆက်ဆက်ငြိမ့်လိုက်မိတယ်။ရိပေါ်လူရွေးမမှားခဲ့ဘူးပဲ။

"ခများရိပေါ်ကိုသိပ်ချစ်တာပဲလားရှောင်းကျန့်!..."

"အင်း!..."(*ချာတိတ်ကိုသူထင်ထားတာထက်အဆပေါင်းများစွာချစ်နေမိတာ...*)

အဖြေကအင်းတလုံးတည်းပေမဲ့လေးနက်လွန်းနေသည့်ရှောင်းကျန့်ရဲ့စိတ်ခံစားချက်တို့ကိုနဘေးကနေပြီးပိုင်ရန်ကောင်းကောင်းသိလိုက်တယ်။သူအနားမှာထိုင်နေသည့်လူကအံတင်းတင်းကြိတ်လို့ရန်လိုဟန်ရှိပေမဲ့တကယ့်ကိုချစ်တတ်လွန်းသည့်လူသားလို့ပိုင်ရန်ကောင်ချက်ချလိုက်တော့တယ်။

"ရိပေါ်နဲ့ခများရင်သွေးလေး နှစ်ယောက်ထဲကတစ်ယောက်ဆိုခများဘယ်သူ့ကိုရွေးမလဲရှောင်းကျန့်!...အာ! ကျွန်တော်မှားမေးမိပြီ...sorryရှောင်းကျန့်!..."

အမေးစကားနောက်ဆက်တွဲဘီယာပုလင်းကိုကိုင်ထားသည့်ရှောင်းကျန့်လက်တစ်ဖက်ပိုတင်းကြပ်သွားတာမို့ပိုင်ရန်ကိုယ်ရှိန်သတ်လိုက်ရတယ်။သူ့မေးခွန်းကို​ဖြေဖို့ဆိုရင်တခုလုံးမဟုတ်ရင်တောင်ရှောင်းကျန့်အသည်းတခြမ်းတော့သေချာပေါက်ရင်းရမှာပဲ။

"ကျွန်တော်ခများကိုထိုးလိုက်မိတဲ့တွက်လည်းတောင်းပန်တယ်..."

"ကိစ္စမရှိပါဘူး...မင်းလည်းမသက်သာလို့ပဲဟာ..."

ပြောပြီးရှောင်းကျန့်ကဘီယာပုလင်းကိုကောက်မော့ပြန်တယ်။cheerဆိုသည့်သဘောလက်ထဲကပုလင်းရှေ့တိုးပေးလိုက်တော့အလိုက်သင့်တိုးတိုက်ပေးတယ်။ဒီလိုကျတော့ရှောင်းကျန့်ကပေါင်းရသင်းရအလွယ်သား။

"ရိပေါ်အဆင်ပြေမှာပါ...ခများသူ့ကိုယုံတယ်မို့လား!..."

"ချာတိတ်ကိုလား...မဖြစ်မနေယုံပေးရမှာပေါ့!...အဟက်!...*sob*..."

ရယ်သာရယ်လိုက်တာရှောင်းကျန့်ကမျက်ရည်ထိန်းရင်းတဖက်လှည့်သွားတယ်။မျက်ရည်ကျတိုင်းပျော့ညံ့လို့မဟုတ်ဘူး။အားလုံးထဲမှာမှအပူဆွေးရဆုံးသူမို့သူဒီလောက်တော့ကြေကွဲသင့်တယ်မဟုတ်လား။

ရိပေါ်operationခန်းထဲဝင်သွားတာသုံးနာရီနီးနီးရှိပြီ။ရှောင်းကျန့်တို့ကားလည်းဆေးပြီးလို့နောက်ကားတွေတောင်တန်းစီနေပြီ။ရိပေါ်သတင်းရီလျှမ်းကိုအကြောင်းကြားခိုင်းထားတာခုထိဖုန်းဆက်မလာသေးတော့ရင်ကွဲလုလုရှောင်းကျန့်ကပြိုလဲဖို့အသင့်ဖြစ်နေပြီ။အရာအားလုံးဟာကံစီမံရာအတိုင်းပဲပေါ့။

Ring>>>

ပိုင်ရန်စီကဖုန်းမြည်သံကြောင့်ရှောင်းကျန့်မျက်ဝန်းတွေလက်ခနဲ။သို့တိုင် သူကြောက်နေသေးတယ်။

"ရိပေါ်ခွဲစိတ်ခန်းထဲကထွက်လာပြီတဲ့...ကျွန်တော်တို့ဆေးရုံပြန်သွား!...ဟာ!...ရှောင်းကျန့်!..."

ပိုင်ရန်ဖုန်းချ ပြီးရှောင်းကျန့်ကိုလှည့်ပြောရုန်ရှိသေးတဝီဝီအဆက်မပြတ်မောင်းနှင်နေသည့်ကားတွေရှေ့ကနေတုံ့ဆိုင်းမှုမရှိဖြတ်ပြေးလို့ကားလမ်းတဖက်ကဆေးရုံကိုအရောက်သွားနေပြီဖြစ်တဲ့ရှောင်းကျန့်။ပိုင်ရန်လည်းကားတွေကိုလက်တကာကာနဲ့တားပြီးရှောင်းကျန့်နောက်အမှီလိုက်ရတော့တယ်။ကိုယ့်အန္တရာယ် ကိုတောင်မမြင်နိုင်လောက်အောင်ရှောင်းကျန့်ကစိုးရိမ်စိတ်ကြောင့်စိတ်စောလွန်းနေတာ။

........................

"ရီလျှမ်း!...ချာတိတ်ဘယ်မှာလဲ!..."

ဆေးရုံထဲရောက်တာနဲ့receptionမှာတန်းတိုးသည့်ရီလျှမ်းလက်တစ်ဖက်ကိုလှမ်းဆွဲရင်းရှောင်းကျန့်ကအမောတကော။

"အခန်းနံပါတယ်502..."

နေရာသိပြီးတာနဲ့ရှောင်းကျန့်လည်းရီလျှမ်းပြောသည့်အခန်းနံပါတ်ကိုအပြေးရှာတယ်။499,500,501 အခန်းတစ်ခန်းနီးလာတိုင်းရှောင်းကျန့်မှာရင်တထိတ်ထိတ်။ရောက်လာပြီအခန်းနံပါတ်502[王一博]။လောလောလတ်လတ်ပြောင်းချိတ်ထားသည့်လူနာနာမည်နေရာမှာကအသေအချာပဲသူ့ချာတိတ်။

"ချာတိတ်!..."

"သားရှောင်းကျန့်!..."

ဝုန်းခနဲအခန်းထဲပြေးဝင်လာသည့်ရှောင်းကျန့်ကြောင့်အခန်းထဲကလူတွေအကြည့်ကရှောင်းကျန့်စီစုပြုံကျရောက်လာတယ်။

"ဟား!!!...*sob*..."

ဘာမှမပြောနိုင်ပဲရှောင်းကျန့်မှာခြေစုံရပ်မိသည့်နေရာမှာတင်ခွေခနဲဒူးထောက်ချလိုက်မိတယ်။VVIP room၏ဆေးရုံကုတင်ကျယ်ကြီးထက်ဖျော့တော့စွာအိပ်မောကျနေသည့်သူ့ရဲ့ချစ်ရသော။ဘယ်ဘက်လက်ဖြန်မှာသွေးရည်စီးဆင်းရာပိုက်တစ်ခုခိုအောင်းစိုက်နစ်လျှက်ချာတိတ်ကမလှုပ်မယှက်ငြိမ်ငြိမ်လေးရယ်။

ရှောင်းပါး ရှောင်းမားနဲ့ဝမ်ပါးတို့အလယ်ရှိကြည်ပြာရောင်အုပ်စောင်းခြင်ထောင်သေးသေးလေးအောက် နီတာရဲကလေးလေးကတအဲအဲနှင့်ရှောင်းကျန့်ကိုလှိုက်လှိုက်လှဲလှဲစီးကြိုလို့နေတယ်။အနှီးဖြူဖြူအောက်လက်ကလေး​ခြေကလေးတွေကမငြိမ်မသက်။သူပျော်ရလွန်းလို့ တကိုယ်လုံးထုံထိုင်းသွားရသည်အထိ။ကျေးဇူးပါ ကျေးဇူးတင်ပါတယ်ချာတိတ်ကလေးရယ်။

"လူလေး...မင်းသားလေးကိုလာကြည့်ပါဦး..."

ဝမ်ပါးစကားကြောင့်ရှောင်းကျန့်မျက်ခမ်းဆက်ကဝမ်းသာမှုအကျိုးဆက်အဖြစ်မျက်ရည်ကြည်တပေါက်လှလှပပသက်ဆင်းသွားတယ်။

"သားလေ...ကျွန်တော့် ကျွန်တော့်ကိုချာတိတ်ပေးတာသားလေးတဲ့လား!..."

ဝမ်းပန်းတသာရှောင်းကျန့်အမေးကတလုံးချင်းတခွန်းချင်းပီတိအလျှန်ပယ်နှင့်။

"အင်း...မင်းလိုပဲနှုတ်ခမ်းအောက်မှာမှဲ့ရေးရေးလေးနဲ့...မင်း သားလေးကလေ..."

"အဟက်!..."

မြန်ဆန်နေသည့်နှလုံးခုန်သံတို့တဖြည်းဖြည်းပုံမှန်ပြန်ဖြစ်သွားချိန်ရှောင်းကျန့်ကကုတင်ထက်အိပ်စက်နေသည့်ရိပေါ်ကိုကြည့်ပြီးနှစ်လိုဖွယ်ပြုံးတယ်။ပင်ပမ်းခဲ့သမျှကိုယ်ကပဲအတိုးချလို့ထွေးပွေ့ပေးပါ့မယ်အချစ်ရယ်။

...................

"ချာတိတ်...ဘယ်လိုနေသေးလဲ...ဘယ်နေရာနေမကောင်းတာရှိလဲ..."

"ဟင်းအင်း!..."

နှဖူးပြေပြေပေါ်ဝဲကျနေသည့်ဆံနွယ်တွေကိုဖယ်သပ်ပေးရင်းမေးတော့သွေးအတော်များများဆုံးရှုံးထားရတာမို့အားနည်းနေသည့်ချာတိတ်ကခေါင်းလေးအသာရမ်းပြလာတယ်။နဂိုကတည်းကသေးသေးကွေးကွေးခန္ဓာကိုယ်လေးမှာအပြာနုရောင်ဆေးရုံဝတ်စုံကြားပါးလှပ်လှပ်လေးရယ်။ခက်ခက်ခဲခဲကိုရုန်းကန်ခဲ့ရှာမှာပဲချာတိတ်ရာ။

"သားလေးတဲ့!..."

"အင်း!..."

"ကိုယ်တို့ကလေးလေး..."

"ဦးငယ်...ကျေနပ်လားဟင်..."

"အရမ်းအရမ်းပဲပေါ့...အဟင်း!..."

ချာတိတ်လက်တစ်ဖက်ကိုဖွဖွစုတ်ကိုင်ထားရင်းသွေးရောင်ဖျော့နေသည့်ပါးလေးကိုလက်မလေးနဲ့ပွတ်သပ်လို့နှဖူးလေးကိုအသာဖိနမ်းတော့မျက်လုံးလေးတွေမှိတ်လို့ပြုံးသည့်ချာတိတ်။ချာတိတ်ဆောင်းကြဥ်းပေးသည့်သူ့ကိုယ်ပွားလေး။ဘာလေးပဲဖြစ်နေနေသူ့အတွက်တော့ကျေနပ်စရာတွေချည်း။

"နာမည်ပေးရင်ရော..."

"ချာတိတ်သဘော!..."

"ပျိုးထောင်ဖို့အတွက်ရော..."

"ကိုယ်တို့တူတူပေါ့!..."

"သားသားကဦးငယ်နဲ့တူတယ်..."

"ချာတိတ်နဲ့ရောပဲ!..."

ပုခတ်ထဲကနေသူ့အဖိုးဖွားတွေကိုမျက်စိလေးပြူးလို့လိုက်ကြည့်နေသည့်လုံးလုံးအကောင်လေးကိုလှမ်းကြည့်လိုက်ရင်းနှစ်ယောက်သားနှာဖျားချင်းထိစပ်လို့ပြုံးလိုက်မိတယ်။

"သိပ်ချစ်တယ်ချာတိတ်!..."

"ကျွန်တော်ရောပဲ..."

ဘာတခုမှမလိုတော့ပါဘူး...လောကနိဗ္ဗာန်ဘုံလေးကျွန်တော့်မှာအသင့်ရှိနေပြီမို့ ဘုရားသခင်ထံခယဖို့မလိုအပ်တော့ပါဘူး။

#Tbc
Thank for reading: I need your feedback and voting:
ကျန်းမာရေးဂရုစိုက်ကြပါအသည်းတွေ,

______________

❦︎Zawgyi version❦︎

FOLLOW ME - 27
.
.
.
.
.
"သားေရွာင္းက်န့္!...ရိေပၚေလးအေျခေန..."

"ေရွာင္းက်န့္!...ဝမ္ေလးအဆင္ေျပရဲ႕လား..."

ရိေပၚကိုoperationခန္းထဲေခၚသြားၿပီးဆယ့္ငါးမိနစ္ေလာက္ေနေတာ့ေဆး႐ုံထဲမေျပး႐ုန္တမယ္ေရာက္လာၾကသည့္ေရွာင္းပါး ေရွာင္းမား နဲ႕ဝမ္ပါးအျပင္ ပိုင္ရန္နဲ႕ရီလွ်မ္း။နံရံကိုမွီလို႔ၾကမ္းျပင္ထက္ခပ္ငိုင္ငိုင္ထိုင္ေနသည့္ေရွာင္းက်န့္ကမည္သူ႕အေမးကိုမွျပန္မေျဖပဲပကတိတိတ္ဆိတ္လွ်က္။

"ေရွာင္းက်န့္!...ေမးေနတယ္ရိေပၚအဆင္ေျပရဲ႕လားလို႔!!!..."

ပိုင္ရန္စိတ္မရွည္ေတာ့ဟန္ ေရွာင္းက်န့္အနားထိုင္ခ်လိဳ႕ပုခုံးကိုခပ္ဆက္ဆက္ကိုင္လႈပ္ရင္းေမးေတာ့မွနီးေဆြးေနသည့္မ်က္ဝန္းညိုေတြနဲ႕အံတင္းတင္းႀကိတ္လွ်က္ၾကည့္လာသည့္ေရွာင္းက်န့္။

"ငါလည္းသိခ်င္ေနတာ!...ခ်ာတိတ္အဆင္ေျပမွာလားလို႔!!!...ဟမ္!!!...ငါလည္းအဲ့ဒါပဲသိခ်င္ေနတာလို႔!...*sob*..."

အဆုံးစြန္ထိန္းခ်ဳပ္ထားရသည့္ေယာက္်ားသားတစ္ေယာက္၏ဝမ္းနည္းပူေဆြးမႈ။နီေဆြးေဆြးမ်က္ဝန္းအိမ္တို႔ကဒီတခါေတာ့အထိန္းကြပ္မဲ့စြာမ်က္ရည္ေတြတေျမ့ေျမ့စီးက်လာတယ္။

ဒူးႏွစ္ဖက္ၾကားေခါင္းငိုက္စိုက္ခ်လိဳ႕စို႔စို႔နင့္နင့္ငိုေႂကြးလိုက္သည့္ေရွာင္းက်န့္ကိုၾကည့္ၿပီးအားလုံးကမ်က္ႏွာမေကာင္းစြာေမွ်ာ္လင့္ခ်က္ကိုယ္စီနဲ႕ေစာင့္ဆိုင္းဖို႔သာတက္နိုင္ေတာ့တယ္။

ကံအားေလွ်ာ္စြာ ရိေပၚနဲ႕လူ႕ေလာကေရာက္မလာေသးတဲ့ကေလးေလးအဆင္ေျပဖို႔ကံကိုသာပုံအပ္မိၾကေတာ့တယ္။ဒီအခ်ိန္ဒီလိုေနရာမွာသူတို႔တက္နိုင္တာဆိုလို႔စိတ္ပူေန႐ုန္ကလြဲတျခားမ်ားမ်ားစားစားမွမရွိတာေရာ္။

"အားးး!!!..."

ဒုတ္! ဒုတ္! ဒုတ္!

"ေရွာင္းက်န့္မလုပ္နဲ႕!!!...ရပ္ ေရွာင္းက်န့္!..."

operation roomကိုခပ္ေတြေတြၾကည့္လို႔ၿငိမ္ေနရာမွ႐ုတ္တရက္ႀကီးႀကိတ္မနိုင္ခဲမရနံရံကိုလက္သီးနဲ႕ပစ္ပစ္ထိုးသည့္ေရွာင္းက်န့္ေၾကာင့္ရီလွ်မ္းတို႔အျပင္ေဆး႐ုံတြင္းရွိတျခားသူေတြပါအထိတ္တလန့္ျဖစ္ကုန္ၾကတယ္။

ထိန္းမနိုင္သိမ္းမနိုင္ၾကမ္းရမ္းေနသည့္ေရွာင္းက်န့္ကိုေျပးထိန္းရင္းအထိခိုက္မ်ားလာေတာ့ပိုင္ရန္ပင္မဟန္ခ်င္ေတာ့။ခံစားခ်က္ေတြေပါက္ကြဲေနလို႔ပဲလားမသိေရွာင္းက်န့္ကဒီလိုခ်ိန္မွာၾကမ္းတမ္းလြန္းကာေယာက္်ားေလးအခ်င္းခ်င္းေတာင္ခ်ဳပ္ဖို႔မလြယ္လွ။

"ေရွာင္းက်န့္!...ရပ္ေတာ့ ရပ္ေတာ့လို႔ေျပာေန..."

ခြပ္!

"အာ့!..."

႐ုတ္႐ုတ္သည္းသည္းအေျခေနမွာေရွာင္းက်န့္ကိုထိန္းဖို႔ႀကိဳးစားရင္းပိုင္ရန္ပါးတစ္ဖက္ပူခနဲေနေအာင္အထိုးခံလိုက္ရတယ္။ညာဘက္လက္ဆစ္ေတြ ေသြးစို႔လွ်က္က်ိဳးေတာ့မလိုျဖစ္ေနတာေတာင္ေရွာင္က်န့္ကနံရံကိုမရပ္မနားထိုးဖို႔စိတ္သန္ေနတုန္း။

"က်စ္!...ဒီေကာင္...ရပ္လိုက္ေတာ့ေရွာင္းက်န့္!!!..."

ခြပ္!

ထိန္းမရသည့္အဆုံးပိုင္ရန္လက္သီးတစ္ခ်က္ပစ္ေကြၽးလိုက္ေတာ့မွအသိစိတ္လြတ္ေနသလိုေရွာင္းက်န့္ကနံရံေထာင့္ပုံခနဲထိုင္ရက္သားပစ္က်သြားရင္းၿငိမ္က်သြားေတာ့တယ္။တကယ္ထိန္းသိမ္းရခက္တဲ့လူ။ေရွာင္းက်န့္ကိုၾကည့္ရင္းပိုင္ရန္ခုမွအသက္ဝဝရႉလို႔အေမာေျဖမိတယ္။

"ကို အဆင္ေျပရဲ႕လား!..."

အညိုအမဲစြဲသြားသည့္ပိုင္ရန္ပါးတစ္ဖက္ကိုဖြဖြကိုင္ရင္းရီလွ်မ္းကစိုးရိမ္တႀကီး။ဝမ္ေလးကိုစိတ္ပူေနရတဲ့အထဲခုပိုင္ရန္ပါအနာတရျဖစ္ေတာ့ရီလွ်မ္းလည္းပူေလာင္ၿပီးရင္ပူေလာင္လာရတယ္။

"ကိုယ္အဆင္ေျပတယ္လွ်မ္းငယ္!...ကိုယ္ေရွာင္းက်န့္နဲအျပင္ခဏသြားေနလိုက္မယ္..."

ေရွာင္းက်န့္စိတ္ၿငိမ္ဖို႔အတြက္နဲ႕ေဆး႐ုံထဲက႐ုတ္႐ုတ္သည္းသည္းျဖစ္သြားသည့္အေျခေနျပန္တည္ၿငိမ္ဖို႔ပိုင္ရန္ထိုသို႔ေတြးလိုက္မိျခင္း။သူလည္းပဲခင္ပြန္းအရာေျမာက္ၿပီးသည့္ခင္ပြန္းတစ္ေယာက္ပဲမို႔ေရွာင္းက်န့္ခံစားေနရတာကိုပိုင္ရန္အျပည့္အဝနားလည္သည္။

.....................

ေရွ႕ကေရပိုက္ေတြနဲ႕ကားေဆးေနသည့္ဝန္ထမ္းေတြကိုအေၾကာင္းမဲ့ထိုင္ၾကည့္ရင္းေရွာင္းက်န့္အေတြးတို႔ကေဆး႐ုံထဲကသူ႕ေယာက္်ားေလးနဲ႕သူ႕ကေလးအတြက္သာပူပန္စိတ္တို႔ႀကီးစိုးေနရတယ္။

ပိုင္ရန္ေခၚထုတ္လာလို႔ေရွာင္းက်န့္ေရာက္ေနသည့္ေနရာကေဆး႐ုံနဲ႕မလွမ္းမကမ္းကကားေရေဆးသည့္ဆိုင္တစ္ဆိုင္။အခ်ိန္ကသန္းေခါင္းေက်ာ္ေနၿပီျဖစ္ေပမဲ့၂၄နာရီဖြင့္သည့္ဆိုင္ေတြမို႔မီးေတြကေတာ့ေရွာင္းက်န့္ထိုင္ေနသည့္လမ္းေဘးအုတ္ခုံနားထိထိန္ထိန္ကိုလင္းလို႔။

ေရနဲ႕အရင္ေဆးေၾကာခံေနရသည့္ကားႀကီးမွခ်ာတိတ္ထိုင္ခဲ့သည့္ကားကူရွင္ေပၚေရေဆးခ်လိဳက္ေတာ့နီက်ံက်ံေရေတြ႕ျပယ္က်လာတာကိုေရွာင္းက်န့္ထိုေနရာကထိုင္ၾကည့္ေနရင္းအတိုင္းသားျမင္ေနရတယ္။

ဒါသူအသုံးမက်ခဲ့လို႔။သူသာခ်ာတိတ္ကိုဒီထက္ပိုဂ႐ုစိုက္ခဲ့ရင္ဆိုသည့္အေတြးနဲ႕ေရွာင္းက်န့္မွာယူႀကဳံးမရစြာလက္ဖ်င္ေၾကာေတြတင္းခနဲ။နာက်င္ေနသည့္လက္ႏွစ္ဖက္စလုံးကပူေဆြးေသာကေရာက္ေနသည့္ေရွာင္းက်န့္ကိုပ်က္ရယ္ျပဳလို႔ေသြးတို႔ကတစိမ့္စိမ့္။

"ေရွာင္းက်န့္ ခမ်ားအတြက္!..."

ေရွာင္းက်န့္ကိုထားၿပီးဘာမွမေျပာဘဲထြက္သြားသည့္ပိုင္ရန္ကဘီယာပုလင္းႏွစ္ပုလင္းနဲ႕ျပန္ေရာက္ခ်လာတယ္။ဘီယာတစ္ပုလင္းေရွာင္းက်န့္စီကမ္းရင္းစတိုးဆိုင္ကဝယ္လာသည့္ပလာစတာေတြပါထိုးေပးလိုက္ေတာ့ေရွာင္းက်န့္ကဘာမေျပာညာမေျပာဘီယာပုလင္းကိုသာဆြဲယူၿပီးတရွိန္ထိုးေကာက္ေမာ့ေတာ့တယ္။မြန္းၾကပ္ေနတာေတြေလ်ာ့မ်ားေလ်ာ့ပါးသြားမလားလို႔။

"ခမ်ားလက္ကဒဏ္ရာပလာစတာကပ္လိုက္..."

"မလိုဘူး!..."

"ေအာ့!..."

ေရွာင္းက်န့္နေဘးအုတ္ခုံမွာဝင္ထိုင္ရင္းလက္ကဒဏ္ရာေတြအျမင္မေတာ္လို႔ပလာစတာကပ္ဖို႔တိုက္တြန္းမိေတာ့မ်က္ခြက္ဖ်က္ရိုက္ခံလိုက္သလိုပဲမလိုဘူးဆိုသည့္ခပ္ျပတ္ျပတ္စကားနဲ႕အေရွ႕ကိုအၾကည့္ျပန္ပို႔သြားသည့္ေရွာင္းက်န့္။တကယ္လူမႈေရးေခါင္းပါးတဲ့လူ။ခပ္ခ်ဥ္ခ်ဥ္ျဖစ္သြားသည့္စိတ္ကိုအသာေခါက္ၿပီးေရွာင္းက်န့္ကိုအေဖာ္ျပဳရင္းဘီယာထိုင္ေသာက္ေပးေနလိုက္တယ္။

"ေက်းဇူးပဲ!..."

ခတၱတိတ္ဆိတ္ေနရာမွကားေရေဆးသည့္ေနရာကိုသာအၾကည့္ပို႔ထားရင္းေက်းဇူးတင္စကားေျပာလာသည့္ေရွာင္းက်န့္ေၾကာင့္ပိုင္ရန္ကမ်က္ခုံးတခ်က္ပင့္လို႔ခပ္ေရးေရးၿပဳံးတယ္။ေရွာင္းက်န့္ကလူတိုင္းကိုပုံမွန္ခပ္တန္းတန္းဆက္ဆံတတ္ေပမဲ့သူ႕ကိုေတာ့ရိေပၚနဲ႕အရင္ကအေၾကာင္းေတြေၾကာင့္အျမင္သိပ္မၾကည္ပုံ။ဘာပဲျဖစ္ျဖစ္ေက်းဇူးတင္ဆိုလာေတာ့လည္းလက္သင့္ခံရမွာေပါ့။

"ခမ်ားပုံစံကစိတ္တိုေနသလိုပဲ...ရိေပၚကိုလား...ဒါမွမဟုတ္ခမ်ားကိုယ္ခမ်ားလား...အဲ!..."

ခုခ်ိန္ထိလက္သီးစုတ္ေတြမျဖည္ေသးတာမို႔လႊတ္ခနဲေမးလိုက္မိေတာ့အလိုမက်သလိုအၾကည့္စူးစူးကဒိုင္းခနဲ။အညိုမဲစြဲေနသည့္ပါးတစ္ဖက္ကရွိန္းခနဲျဖစ္သြားကာေနာက္ကိုေခါင္းရို႔လိုက္မိသည္အထိေရွာင္းက်န့္ဆိုတဲ့လူကေၾကာက္ဖို႔ေကာင္းေနေတာ့တာ။

"ခ်ာတိတ္ကိုစိတ္တိုေနတာလို႔ဘာလို႔ထင္ရတာလဲ!...ကိစၥေတြအားလုံးကခ်ာတိတ္တမင္တကာဖန္တီးယူတာမွမဟုတ္တာ...ငါခ်ာတိတ္ကိုစိတ္မတိုရက္ဘူးပိုင္ရန္..."

ခုမွေလေျပလာသလိုအနည္းငယ္ျပန္ၿငိမ္သြားသည့္ေရွာင္းက်န့္အသံၾကားမွပိုင္ရန္ေခါင္းတဆက္ဆက္ၿငိမ့္လိုက္မိတယ္။ရိေပၚလူေ႐ြးမမွားခဲ့ဘူးပဲ။

"ခမ်ားရိေပၚကိုသိပ္ခ်စ္တာပဲလားေရွာင္းက်န့္!..."

"အင္း!..."(*ခ်ာတိတ္ကိုသူထင္ထားတာထက္အဆေပါင္းမ်ားစြာခ်စ္ေနမိတာ...*)

အေျဖကအင္းတလုံးတည္းေပမဲ့ေလးနက္လြန္းေနသည့္ေရွာင္းက်န့္ရဲ႕စိတ္ခံစားခ်က္တို႔ကိုနေဘးကေနၿပီးပိုင္ရန္ေကာင္းေကာင္းသိလိုက္တယ္။သူအနားမွာထိုင္ေနသည့္လူကအံတင္းတင္းႀကိတ္လို႔ရန္လိုဟန္ရွိေပမဲ့တကယ့္ကိုခ်စ္တတ္လြန္းသည့္လူသားလို႔ပိုင္ရန္ေကာင္ခ်က္ခ်လိဳက္ေတာ့တယ္။

"ရိေပၚနဲ႕ခမ်ားရင္ေသြးေလး ႏွစ္ေယာက္ထဲကတစ္ေယာက္ဆိုခမ်ားဘယ္သူ႕ကိုေ႐ြးမလဲေရွာင္းက်န့္!...အာ! ကြၽန္ေတာ္မွားေမးမိၿပီ...sorryေရွာင္းက်န့္!..."

အေမးစကားေနာက္ဆက္တြဲဘီယာပုလင္းကိုကိုင္ထားသည့္ေရွာင္းက်န့္လက္တစ္ဖက္ပိုတင္းၾကပ္သြားတာမို႔ပိုင္ရန္ကိုယ္ရွိန္သတ္လိုက္ရတယ္။သူ႕ေမးခြန္းကို​ေျဖဖို႔ဆိုရင္တခုလုံးမဟုတ္ရင္ေတာင္ေရွာင္းက်န့္အသည္းတျခမ္းေတာ့ေသခ်ာေပါက္ရင္းရမွာပဲ။

"ကြၽန္ေတာ္ခမ်ားကိုထိုးလိုက္မိတဲ့တြက္လည္းေတာင္းပန္တယ္..."

"ကိစၥမရွိပါဘူး...မင္းလည္းမသက္သာလို႔ပဲဟာ..."

ေျပာၿပီးေရွာင္းက်န့္ကဘီယာပုလင္းကိုေကာက္ေမာ့ျပန္တယ္။cheerဆိုသည့္သေဘာလက္ထဲကပုလင္းေရွ႕တိုးေပးလိုက္ေတာ့အလိုက္သင့္တိုးတိုက္ေပးတယ္။ဒီလိုက်ေတာ့ေရွာင္းက်န့္ကေပါင္းရသင္းရအလြယ္သား။

"ရိေပၚအဆင္ေျပမွာပါ...ခမ်ားသူ႕ကိုယုံတယ္မို႔လား!..."

"ခ်ာတိတ္ကိုလား...မျဖစ္မေနယုံေပးရမွာေပါ့!...အဟက္!...*sob*..."

ရယ္သာရယ္လိုက္တာေရွာင္းက်န့္ကမ်က္ရည္ထိန္းရင္းတဖက္လွည့္သြားတယ္။မ်က္ရည္က်တိဳင္းေပ်ာ့ညံ့လို႔မဟုတ္ဘူး။အားလုံးထဲမွာမွအပူေဆြးရဆုံးသူမို႔သူဒီေလာက္ေတာ့ေၾကကြဲသင့္တယ္မဟုတ္လား။

ရိေပၚoperationခန္းထဲဝင္သြားတာသုံးနာရီနီးနီးရွိၿပီ။ေရွာင္းက်န့္တို႔ကားလည္းေဆးၿပီးလို႔ေနာက္ကားေတြေတာင္တန္းစီေနၿပီ။ရိေပၚသတင္းရီလွ်မ္းကိုအေၾကာင္းၾကားခိုင္းထားတာခုထိဖုန္းဆက္မလာေသးေတာ့ရင္ကြဲလုလုေရွာင္းက်န့္ကၿပိဳလဲဖို႔အသင့္ျဖစ္ေနၿပီ။အရာအားလုံးဟာကံစီမံရာအတိုင္းပဲေပါ့။

Ring>>>

ပိုင္ရန္စီကဖုန္းျမည္သံေၾကာင့္ေရွာင္းက်န့္မ်က္ဝန္းေတြလက္ခနဲ။သို႔တိုင္ သူေၾကာက္ေနေသးတယ္။

"ရိေပၚခြဲစိတ္ခန္းထဲကထြက္လာၿပီတဲ့...ကြၽန္ေတာ္တို႔ေဆး႐ုံျပန္သြား!...ဟာ!...ေရွာင္းက်န့္!..."

ပိုင္ရန္ဖုန္းခ် ၿပီးေရွာင္းက်န့္ကိုလွည့္ေျပာ႐ုန္ရွိေသးတဝီဝီအဆက္မျပတ္ေမာင္းႏွင္ေနသည့္ကားေတြေရွ႕ကေနတုံ႕ဆိုင္းမႈမရွိျဖတ္ေျပးလို႔ကားလမ္းတဖက္ကေဆး႐ုံကိုအေရာက္သြားေနၿပီျဖစ္တဲ့ေရွာင္းက်န့္။ပိုင္ရန္လည္းကားေတြကိုလက္တကာကာနဲ႕တားၿပီးေရွာင္းက်န့္ေနာက္အမွီလိုက္ရေတာ့တယ္။ကိုယ့္အႏၲရာယ္ ကိုေတာင္မျမင္နိုင္ေလာက္ေအာင္ေရွာင္းက်န့္ကစိုးရိမ္စိတ္ေၾကာင့္စိတ္ေစာလြန္းေနတာ။

........................

"ရီလွ်မ္း!...ခ်ာတိတ္ဘယ္မွာလဲ!..."

ေဆး႐ုံထဲေရာက္တာနဲ႕receptionမွာတန္းတိုးသည့္ရီလွ်မ္းလက္တစ္ဖက္ကိုလွမ္းဆြဲရင္းေရွာင္းက်န့္ကအေမာတေကာ။

"အခန္းနံပါတယ္502..."

ေနရာသိၿပီးတာနဲ႕ေရွာင္းက်န့္လည္းရီလွ်မ္းေျပာသည့္အခန္းနံပါတ္ကိုအေျပးရွာတယ္။499,500,501 အခန္းတစ္ခန္းနီးလာတိုင္းေရွာင္းက်န့္မွာရင္တထိတ္ထိတ္။ေရာက္လာၿပီအခန္းနံပါတ္502[王一博]။ေလာေလာလတ္လတ္ေျပာင္းခ်ိတ္ထားသည့္လူနာနာမည္ေနရာမွာကအေသအခ်ာပဲသူ႕ခ်ာတိတ္။

"ခ်ာတိတ္!..."

"သားေရွာင္းက်န့္!..."

ဝုန္းခနဲအခန္းထဲေျပးဝင္လာသည့္ေရွာင္းက်န့္ေၾကာင့္အခန္းထဲကလူေတြအၾကည့္ကေရွာင္းက်န့္စီစုၿပဳံက်ေရာက္လာတယ္။

"ဟား!!!...*sob*..."

ဘာမွမေျပာနိုင္ပဲေရွာင္းက်န့္မွာေျခစုံရပ္မိသည့္ေနရာမွာတင္ေခြခနဲဒူးေထာက္ခ်လိဳက္မိတယ္။VVIP room၏ေဆး႐ုံကုတင္က်ယ္ႀကီးထက္ေဖ်ာ့ေတာ့စြာအိပ္ေမာက်ေနသည့္သူ႕ရဲ႕ခ်စ္ရေသာ။ဘယ္ဘက္လက္ျဖန္မွာေသြးရည္စီးဆင္းရာပိုက္တစ္ခုခိုေအာင္းစိုက္နစ္လွ်က္ခ်ာတိတ္ကမလႈပ္မယွက္ၿငိမ္ၿငိမ္ေလးရယ္။

ေရွာင္းပါး ေရွာင္းမားနဲ႕ဝမ္ပါးတို႔အလယ္ရွိၾကည္ျပာေရာင္အုပ္ေစာင္းျခင္ေထာင္ေသးေသးေလးေအာက္ နီတာရဲကေလးေလးကတအဲအဲႏွင့္ေရွာင္းက်န့္ကိုလွိုက္လွိုက္လွဲလွဲစီးႀကိဳလို႔ေနတယ္။အႏွီးျဖဴျဖဴေအာက္လက္ကေလး​ေျခကေလးေတြကမၿငိမ္မသက္။သူေပ်ာ္ရလြန္းလို႔ တကိုယ္လုံးထုံထိုင္းသြားရသည္အထိ။ေက်းဇူးပါ ေက်းဇူးတင္ပါတယ္ခ်ာတိတ္ကေလးရယ္။

"လူေလး...မင္းသားေလးကိုလာၾကည့္ပါဦး..."

ဝမ္ပါးစကားေၾကာင့္ေရွာင္းက်န့္မ်က္ခမ္းဆက္ကဝမ္းသာမႈအက်ိဳးဆက္အျဖစ္မ်က္ရည္ၾကည္တေပါက္လွလွပပသက္ဆင္းသြားတယ္။

"သားေလ...ကြၽန္ေတာ့္ ကြၽန္ေတာ့္ကိုခ်ာတိတ္ေပးတာသားေလးတဲ့လား!..."

ဝမ္းပန္းတသာေရွာင္းက်န့္အေမးကတလုံးခ်င္းတခြန္းခ်င္းပီတိအလွ်န္ပယ္ႏွင့္။

"အင္း...မင္းလိုပဲႏႈတ္ခမ္းေအာက္မွာမွဲ႕ေရးေရးေလးနဲ႕...မင္း သားေလးကေလ..."

"အဟက္!..."

ျမန္ဆန္ေနသည့္ႏွလုံးခုန္သံတို႔တျဖည္းျဖည္းပုံမွန္ျပန္ျဖစ္သြားခ်ိန္ေရွာင္းက်န့္ကကုတင္ထက္အိပ္စက္ေနသည့္ရိေပၚကိုၾကည့္ၿပီးႏွစ္လိုဖြယ္ၿပဳံးတယ္။ပင္ပမ္းခဲ့သမွ်ကိုယ္ကပဲအတိုးခ်လိဳ႕ေထြးေပြ႕ေပးပါ့မယ္အခ်စ္ရယ္။

...................

"ခ်ာတိတ္...ဘယ္လိုေနေသးလဲ...ဘယ္ေနရာေနမေကာင္းတာရွိလဲ..."

"ဟင္းအင္း!..."

ႏွဖူးေျပေျပေပၚဝဲက်ေနသည့္ဆံႏြယ္ေတြကိုဖယ္သပ္ေပးရင္းေမးေတာ့ေသြးအေတာ္မ်ားမ်ားဆုံးရႈံးထားရတာမို႔အားနည္းေနသည့္ခ်ာတိတ္ကေခါင္းေလးအသာရမ္းျပလာတယ္။နဂိုကတည္းကေသးေသးေကြးေကြးခႏၶာကိုယ္ေလးမွာအျပာႏုေရာင္ေဆး႐ုံဝတ္စုံၾကားပါးလွပ္လွပ္ေလးရယ္။ခက္ခက္ခဲခဲကို႐ုန္းကန္ခဲ့ရွာမွာပဲခ်ာတိတ္ရာ။

"သားေလးတဲ့!..."

"အင္း!..."

"ကိုယ္တို႔ကေလးေလး..."

"ဦးငယ္...ေက်နပ္လားဟင္..."

"အရမ္းအရမ္းပဲေပါ့...အဟင္း!..."

ခ်ာတိတ္လက္တစ္ဖက္ကိုဖြဖြစုတ္ကိုင္ထားရင္းေသြးေရာင္ေဖ်ာ့ေနသည့္ပါးေလးကိုလက္မေလးနဲ႕ပြတ္သပ္လို႔ႏွဖူးေလးကိုအသာဖိနမ္းေတာ့မ်က္လုံးေလးေတြမွိတ္လို႔ၿပဳံးသည့္ခ်ာတိတ္။ခ်ာတိတ္ေဆာင္းၾကဥ္းေပးသည့္သူ႕ကိုယ္ပြားေလး။ဘာေလးပဲျဖစ္ေနေနသူ႕အတြက္ေတာ့ေက်နပ္စရာေတြခ်ည္း။

"နာမည္ေပးရင္ေရာ..."

"ခ်ာတိတ္သေဘာ!..."

"ပ်ိဳးေထာင္ဖို႔အတြက္ေရာ..."

"ကိုယ္တို႔တူတူေပါ့!..."

"သားသားကဦးငယ္နဲ႕တူတယ္..."

"ခ်ာတိတ္နဲ႕ေရာပဲ!..."

ပုခတ္ထဲကေနသူ႕အဖိုးဖြားေတြကိုမ်က္စိေလးျပဴးလို႔လိုက္ၾကည့္ေနသည့္လုံးလုံးအေကာင္ေလးကိုလွမ္းၾကည့္လိုက္ရင္းႏွစ္ေယာက္သားႏွာဖ်ားခ်င္းထိစပ္လို႔ၿပဳံးလိုက္မိတယ္။

"သိပ္ခ်စ္တယ္ခ်ာတိတ္!..."

"ကြၽန္ေတာ္ေရာပဲ..."

ဘာတခုမွမလိုေတာ့ပါဘူး...ေလာကနိဗၺာန္ဘုံေလးကြၽန္ေတာ့္မွာအသင့္ရွိေနၿပီမို႔ ဘုရားသခင္ထံခယဖို႔မလိုအပ္ေတာ့ပါဘူး။

#Tbc
Thank for reading: I need your feedback and voting:
က်န္းမာေရးဂ႐ုစိုက္ၾကပါအသည္းေတြ,

Continue Reading

You'll Also Like

153K 14.5K 29
For @NanSandarSoe9 But she told me it's also mine. - BJYX MYANMAR FANFICTION -
2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
33.2K 1.6K 12
'လမ္းခြဲရ​ေအာင္​ ငါမင္​းနဲ႔မတြဲခ်င္​​ေတာ့ဘူး' *မင္​း​ေကာင္​း​ဖို႔အတြက္​ပါ ငါ့ကိုနားလည္​​ေပးပါ* Xiao Zhan '​ေ...
25.6K 1.4K 52
Hope there is little, only, when your shield is about to break but ... remember! There are ways to heal ~ "An omega has no opinion" "An omega has...