NANI?

By HsuChiKo365

12K 1.4K 150

samyu fanfic More

About Story
(Mentor Vs Rookie)
Mentor Vs Rookie
(Mentor Vs Rookie)
L 2 : Painter Vs Fighter
Painter Vs Fighter
Painter Vs Fighter
Painter Vs Fighter
AD Vs A-list Actor
AD Vs Actor
AD Vs Actor
AD Vs Actor
Croupier Vs Gambler
Croupier Vs Gambler
Croupier Vs Gambler
ငါတို့သိတဲ့ Lin Zi Hong

Intro

1.8K 155 11
By HsuChiKo365

နတ်ဘုရားကနေ နာနီဖြစ်လာခဲ့တယ်

___________________________________
တိုင်ပေ ၊ ထိုင်ဝမ်

၂၁ရာစုအစောပိုင်းတွေက စလို့ လူသား
တွေဟာ ကိုးကွယ်မှုမဲ့ကြတယ်။ နတ်ဘု
ရားတွေကို တိုင်တည်ဆည်းကပ်တာ
တွေယာဇ် ပူဇော်ပသတွေကို ရှေးရိုးစွဲ
ခေတ်နောက်ပြန်တဲ့လုပ်ရပ်တွေလို့ မှတ်
ယူလာကြတယ်။ စက်မှုတော်လှန်ရေး
နောက်ဆက်တွဲ ရိုက်ခတ်မှုထက် ပြင်း
ထန်တဲ့ နည်းပညာပေါက်ကွဲမှုကာလ
အပိုင်းအခြားမှာ နတ်ဘုရားတွေက အ
ပူဇော်ကင်းတဲ့ သူတို့နတ်ကွန်းတွေဆီ
ကနေ စွန့်ခွါခဲ့ရတော့တယ် ။

ထိုစွန့်ခွာလာကြတဲ့ နတ်ဘုရားအသီး
သီးထဲ ဖူးစာရေးနတ်ဘုရား
Ai(အချစ်)လည်းပါဝင်ခဲ့တယ်။ သူက
ကောင်းကင်နန်းတော်က နတ်သူငယ်တွေထဲကတစ်ပါးပဲ။ သူလူ့ဘုံဆင်းပြီး
ဖူးစာရေးဖို့ တာဝန်ပေးခံရတာ ဘယ်
တုန်းကလဲဆိုတာ မသိတော့လောက်
အောင်ကြာခဲ့ပြီ။ မင်းဆက် အဆက်
ဆက်ခေတ်မှာတည်းက သူက ကျွန်း
လေးတစ်ကျွန်းကစစ်နတ်ဘုရားရဲ့
နတ်ကွန်းဝင်းထဲမှာ သူ့ကိုယ်ပိုင်နတ်
ကွန်းလေးတစ်ခုရခဲ့ဖူးတယ်။ အဲ့တုန်း
ကတော့ လူပျိုအပျိုတွေက သူ့ကိုအား
ကိုးကြတယ်။ သူ့နတ်ကွန်းမှာ အမွှေး
အိတ်နီနီလေးတွေချိတ်ပြီးတောင်းဆု
ပြုကြတယ်။ သူရေးတဲ့ဖူးစာကိုလူတိုင်း
အလိုရှိကြတယ်။ တကယ်တော့သူက
အဲ့လိုလာဘ်ထိုးလို့ရတဲ့နတ်ဘုရားတော့
ဘယ်ဟုတ်ပါ့မလဲ။ မိုးမြေအလိုတော်
အရ နဖူးစာမှာ ဖူးစာက အလိုလိုပါ
လာပြီးသား။ ဝိညာဥ်ဖက်ကို တစ်ပါတည်းခေါ်ပြီးရောက်လာခဲ့ကြ
တဲ့ လူတွေအတွက် သူက သင့်လျော်လိုက်ဖက်တဲ့ ဖူးစာရေးကို အခါတော်
ပေးလို့ပဲရတယ်။ တကယ်တော့ ဖူးစာ
ဖက်ဖို့ သူ မရေးပေးလည်းတွေ့ချင်တဲ့
အချိန်အခါ အကြောင်းအခွင့်တိုက်ဆိုင်
ရင် ဘယ်လိုမှ ရှောင်လွှဲလို့မရဘူး။ အဲ့
လိုပဲ ဖူးစာဖက်မဟုတ်ရင်လည်း သူ
ဘယ်လောက်ပဲ သဘောတူချင်နေပါစေ
မဆုံနိုင်ကြဘူး။ မိုးမြေကအလိုတော်
မရှိရင် ဘယ်လိုပဲဖြစ်ဖြစ်အကြောင်း
အရာမျိုးစုံနဲ့ ကွဲကွာကြရတာပဲ။

ဒီတော့ သူ့အလုပ်က ရိုးရှင်းတယ်။ သူ့
ကို လာဆုတောင်းတဲ့ လူတွေအတွက်
ဖူးစာကိုက်ရင် လှပတဲ့တွေ့ဆုံမှု၊ဒါမှ
မဟုတ် မြတ်နိုးဖွယ်အမှတ်တရတွေကို
အပိုဆောင်းထည့်ရေးပေးရတာပေါ့။
ဒီလောက်တော့ သူ့လုပ်ပိုင်ခွင့်ရှိတယ်
လေ။ မိုးမြေအလိုတော်ကျတဲ့ ဖူးစာဖက်တွေက သူရေးတဲ့ဖူးစာရေးကြောင့်
အမှတ်တရလှလှလေးတွေဖြစ်သွားကြ
ရတယ်။ Aiက အဲ့အတွက်လည်း ဝမ်း
သာတယ်။ သူ့အပိုင်စားရထားတဲ့ ကျွန်း
စုလေးမှာ သူတတ်နိုင်သလောက် လှပ
တဲ့ အချစ်ဇာတ်လမ်းလေးတွေဖန်တီး
ပေးခဲ့တယ်။

ဒါပေမဲ့ ဒီဂြိုလ်ပြာပေါ်မှာကမ္ဘာစစ်ဆိုတာကြီး ၂ခါဖြစ်ပြီးတဲ့နောက် သူကွန်း
ခိုတဲ့ နတ်ကွန်းလေးဟာ ပြာကျခဲ့ရတယ်။ သူနတ်ကွန်းကို စွန့်ခွာခဲ့ရပြီး
တောတွေတောင်တွေအနှံ လှည့်လည်
နေထိုင်ခဲ့ရတဲ့ ကာလတွေက နတ်ဘုရား
ဘဝရဲ့ အခက်ခဲဆုံး အထီးကျန်ဆုံး
အချိန်တွေပဲ။ တောစောင့်နတ်တောင်စောင့်နတ်တွေက ဖော်ရွေတယ်ဆိုပေမဲ့ Ai က လူတွေကြားထဲက ချစ်ခြင်းမေတ္တာဓာတ်နဲ့ ထိတွေ့မှ ဝိညာဥ်စွမ်းအားမြင့်တဲ့နတ်ငယ်လေးမို့...
လူ့ဘောင်ထဲပြန်ဝင်ဖို့ ကြိုးစားရတယ်။ နတ်ကွန်းထားပြီးကိုးကွယ်မခံရတော့တဲ့ နတ်တွေအတွက် ကောင်းကင်နန်းတော်က ပြန်ခေါ်တာဝန်ယူပေးပေမဲ့ ဒီလူ့ဘောင်ကသူ့အိမ်လိုဖြစ်နေခဲ့ပြီ။ နန်းတော်ဆီသူမပြန်ချင်တော့ဘူး။ ဒီလိုနဲ့...
သူတို့ အပေးအယူတွေစလုပ်ခဲ့ရတယ်။
လူသားခန္ဓာချေးငှားယူခွင့်ရှိတယ်။ လူ
သားအဖြစ်နဲ့ ကျင်လည်ရှင်သန်ခွင့်ရှိ
တယ်။ အမတ အဖြစ် စွမ်းအင်တွေ
မဆုပ်ယုတ်ဖို့ သူတို့စောင့်ထိန်းရတာတွေတော့ ရှိတာပေါ့။ ဥပမာ ဗုဒ္ဓဝါဒ
က ငါးပါးသီလ လုံရတာမျိုးပေါ့။ ချိုး
ဖောက်ရင်တော့ ပြစ်ဒဏ်တွေက ကြီး
လေးပြီး လူသားအဖြစ်ရှင်သန်နေရင်း
မှ ရုပ်သွင်ပြောင်းလဲဖို့အတွက်လည်း
ပူဇော်မှုက ရလာတဲ့ စွမ်းအင်ကိုသုံးလို့
ရတယ်။ အခုခေတ်ကပူဇော်မှုရယ်လို့
မရှိပေမဲ့ ကျေးဇူးတရားကနေလည်း
သူတို့စွမ်းအင်တွေရကြတယ် ။
Ai ပထမဆုံးရတဲ့ ခန္ဓာက ထွားကျိုင်း
သန်မာတဲ့ အမျိုးသားတစ်ယောက်ပေါ့
အဲ့ဘဝတုန်းက ထိုင်ဝမ်ကျွန်းပေါ်မှာ
စစ်သင်တန်းကျောင်းစဖွင့်ကာစအချိန်
နဲ့ကိုက်နေတော့ Ai စစ်သည်တစ်ယောက်အဖြစ် ပါဝင်ခဲ့ရတယ်။ စစ်
သည်တွေကသူတို့ကောင်မလေးတွေ
ကို ပေးပို့တဲ့ ချစ်သဝဏ်လွှာတွေအ
တွက် Aiက တာဝန်ယူရေးသားဖွဲ့နွဲ့ပေး
ခဲ့တယ်။ စစ်သည်တွေဆီကရလာတဲ့ ကျေးဇူးတရားတွေစုပြီး Ai ခန္ဓာလဲခဲ့
တယ်။ ဒီလိုနဲ့ မျိုးစုံကျင်လည်ခဲ့ပြီးနောက် ဘာသာမဲ့တွေများပြားလာတဲ့
ခေတ်ထဲ Ai ရောက်လာခဲ့ပြီ။ လူသား
တွေရဲ့ ဆင့်ကဲတိုးတက်မှုတွေက နတ်
ဘုရားဖြစ်တဲ့ Aiကိုယ်တိုင် အံ့မခန်း
ဖြစ်ခဲ့ရတာတွေရှိတယ်။ ဘယ်လိုပဲ
ဖြစ်ဖြစ် အချစ်ဟာ အချစ်လို့ပဲမြင်တတ်တဲ့ ဒီကျွန်းလေးပေါ်မှာ Ai ဖြစ်
တည်နေရတာကိုပဲ Ai က ကျေနပ်
လိုက်တာလို့ ခဏခဏထုတ်ပြောမိ
နေတော့တာပဲ။

အခုရနေတဲ့ ခန္ဓာကိုလည်း Ai ကချစ်
တယ်။ လုပ်နေရတဲ့ အလုပ်ကြောင့်
လည်းပါမယ်။ ဒီအလုပ်မတိုင်ခင်က
Aiက အောင်သွယ်တော်ကုမ္ပဏီတစ်ခုမှာအကျိုးဆောင်လုပ်ခဲ့တယ်။ ပျော်စရာလေးတော့ ရှိပေမဲ့ မိုးမြေအလိုတော်ကျ ဖူးစာရေးကို သိနေတဲ့ Ai အတွက်ဖောင်တင်တဲ့ လူတွေထဲက တကယ်ဖူးစာပါတဲ့ အတွဲကိုတွဲပေးရတာဟာအလွန်ခက်ခဲတယ်။
စာရွက်ပေါ်ကပေးထားတဲ့ အချက်အလက်တွေနဲ့ကိုက်
ညီမှ လူချင်းတွေ့ပေးလေ့ရှိတဲ့ ဒီအလုပ်က တကယ့်ဖူးစာရှင်က ကိုယ့်အကြိုက်
နဲ့ လွဲနေတာမျိုး ၊ သူလိုချင်နေတဲ့ လူက
သူ့ဖူးစားရှင်လုံးဝလုံးဝမဖြစ်နိုင်ဘူးဆို
တာ သိတဲ့ Aiက ဘယ်လိုမှတွဲဆက်မပေးနိုင်။ ထို့အတွက် Ai မှာ လုပ်ငန်း
စွမ်းဆောင်ရည် ကျဆင်းတယ်ဆိုတဲ့
ပြစ်မှုတွေ များလာခဲ့တယ်။ ကျေးဇူး
တရားတွေလည်း နည်းပါးခဲ့တယ်။ ဒါနဲ့
နေမပျော်တဲ့ ခန္ဓာကိုခဝါချခဲ့ပြီးAi
တီဗွီမှာ တွေ့ခဲ့ရတဲ့ နှစ်လိုဖွယ်ကောင်း
တဲ့ လူသားကောင်လေးနားရောက်အောင်လာခဲ့တယ်။
ကြည်လင်ရှင်းလင်းတဲ့ စိတ်နှလုံးသားနဲ့ ဒီလူသားလေးက အရွယ်ရောက်နေပေမဲ့အစောင့်အရှောက်လိုအပ်နေခဲ့တယ်။
အေဂျင်စီကနေတစ်ဆင့် လူ့အမေရှာ
ပေးတဲ့ အရည်အချင်းသွင်ပြင်နဲ့ကိုက်ညီတဲ့ ခန္ဓာကို ရအောင်ကြိုးစားခဲ့တယ်။
ပထမcompanyဝန်ထမ်းကောင်မလေး
လို လှလှပပတော့ဘယ်ဟုတ်တော့မလဲ။ အသက် ၄၀အရွယ်သဘောကောင်းတဲ့ မျက်နှာနဲ့ ခပ်ဝဝအန်တီကြီးပေါ့။

နောက်လူသားဆီ Ai ရောက်လာခဲ့တယ်။မလုပ်ချင်တဲ့ အလုပ်တွေကိုအချိန်အကြာကြီးလုပ်ခဲ့တဲ့ ဒီလူသားအတွက် ပင်ပန်းမှုတွေ ခါချပစ်နိုင်တဲ့ အရပ်မှာAi နေရတယ်။

လူသားတွေကတော့ ထင်မှာပဲ။ နာနီ
အလုပ်ကိုများ ကြီးကြီးကျယ်ကျယ်တွေ ပြောနေလိုက်တာဆိုပြီး...
တကယ်တော့ နတ်ဘုရားတွေရဲ့ ချစ်
ခြင်းက ကောင်းကင်ဘုံက ချီးမြှောက်
မှုနီးနီး အကျိုးများတယ်။ နတ်ဘု
ရားရဲ့ နှစ်သက်ခြင်းသာမက ကျွေးမွေးစောင့်ရှောက်မှုကို ခံယူထားရတဲ့ ဒီ
ကောင်လေးကတော့ သူ့ကိုယ်သူထက်
သူ့ကြောင်တွေ ၊ နောက်ပိုင်းလိပ်တွေ
ကိုပါ အပိုဆောင်း စောင့်ရှောက်ခိုင်း
တော့တာပါပဲ။

အိမ်ပြန်ရောက်လာတာနဲ့ "Nini...အာ
ဂျီမား" စတာတွေခေါ်ပြီး သူအိမ်ပြန်လာတိုင်းAi က သဘောကျကျေနပ်တယ်။ ဘယ်တော့မှလည်း မငြိုငြင်ဘူး။ ဒီလူသားကောင်လေး ငြိုငြင်မှာကိုလည်း မလိုလားဘူး။
အထူးသဖြင့် ဒီနှစ်ပိုင်းတွေမှာပေါ့...
သိပ်လှတဲ့ မိုးမြေအလိုတော်ကျ ဖူးစာ
ကို မြင်ရပြီးနှင့်တဲ့ Ai အတွက် သိပ်
ကောင်းတဲ့ ဇာတ်လမ်းတွဲလေးတစ်ခု
ကို စောင့်မျှော်နေရသလို ရင်ခုန်စွာ
စောင့်စားနေရတာလေ။ ဘယ်လိုမှ
အလွတ်မခံနိုင်တဲ့ ဇာတ်လမ်းလေးရောက်လာဖို့ ဘယ်လောက်မှကို မလို
တော့တာ။ အခုတောင် ဇာတ်လမ်းလေးစတင်နေတာကို Ai ကကြည့်နေရပြီလေ။

အခန်းတံခါးပိတ် ဖုန်းခေါ်နေတာကို
ကြားပေမဲ့ ရိုးရိုးတန်းတန်း Video call
ခေါ်တယ်ထင်မိလို့ အသံကျယ်မိတာ
လေးကိုတောင် အခန်းထဲက မျက်မှောင်
ကြီးကျုံ့ကာထွက်လာပြီး

"Nini...တိုးတိုးသက်သာလုပ်ပါဦး။ ကျွန်တော် YangYuTengနဲ့ Live လွှင့်နေရတယ်"  တဲ့။

Ai ပျာပျာသလဲတောင်းပန်လိုက်တာတောင် LinZiHongက စူပုပ်ပုပ်နဲ့ အခန်းထဲပြန်ဝင်သွားလေတယ်။ 

အရင်ကတော့Ai နားရက်မို့ သူ့အိမ်ကိုမလာရင်တောင်

"Nini...ဘယ်နေ့လာမှာလဲ"

"ဘာမှစားစရာမရှိတော့ဘူး"

"Nini ကျွန်တော့်ဂျာကင်တစ်ထည်ဘယ်နားထားခဲ့လဲ"

ဆိုပြီးစိတ်မဖြောင့်အောင်အော်ဟစ်ဖုန်းဆက်ခေါ်တတ်ပြီးမှ ကောင်လေးနဲ့ ဖုန်းပြောနေတော့...

LinZiHong ရဲ့ တော်တော်ဖြစ်မှုတွေ
က Aiပင် ဖူးစာရေးအခါတော်ပေးစရာမလိုတဲ့ အခြေအနေတွေဖြစ်နေပြီ။
ဒီတစ်ခေါက် မိုးမြေအလိုတော်ကျခြင်းက ကြီးမားလိုက်တာ...

Tbc...

Next Epi Spoiler :

" မိုးမြေအလိုတော်ကျဆိုတာကို ရှောင်လွှဲလို့မရဘူး။ စိန်ခေါ်လား
Lin Zi Hong...မင်းဘယ်ဘဝမှာပဲနေနေ ဖူးစာဖက်ကိုရှောင်လွှဲလို့မရဘူး"



Continue Reading

You'll Also Like

367K 32.1K 91
Sequel to my MHA fanfiction: •.°NORMAL°.• (So go read that one first)
297K 7.2K 53
what will happen to ayasha (🐶) after their marriage contract with mikael (🦊) ended? Knowing that she's pregnant with the billionaire? This story a...
820K 32.9K 38
On that fateful Halloween night, Lily and James survived while Voldemort apparently 'marked' Harry Potter as his equal. Aria Potter, twin sister of...
372K 11.7K 84
"I have a secret, a well-kept secret for the last almost seven years. The real reason why I went into hiding." After years in a complicated relatio...