သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခ...

By moooskyi

408K 12.8K 266

ငါကငါ့တရား၀င်ယောကျာ်းကိုသူ့exလက်ထဲထည့်မှာမဟုတ်ဘူး သူငါ့ကိုအခုမချစ်သေးဘူးဆို တစ်နေ့နေ့တော့ ပြန်ချစ်လာမှာပါ မေပ... More

သူစိမ်း(part-1)[Zawgyi & Unicode]
သူစိမ်း(part-2)[Zawgyi & Unicode]
သူစိမ်း(part-3)[Zawgyi& Unicode]
သူစိမ်း(part-4)[Zawgyi & Unicode]
သူစိမ်း(part-5)[Zawgyi&Unicode]
သူစိမ်း(part-6)[Zawgyi&Unicode]
သူစိမ်း(part-7)[Zawgyi&Unicode]
သူစိမ်း(part-8)[Zawgyi&Unicode]
သူစိမ်း(part-9)[Zawgyi&Unicode]
သူစိမ်း(Part-10)[Zawgyi&Unicode]
သူစိမ်း(part-11)[Zawgyi&Unicode]
သူစိမ်း(part-12)[Zawgyi&Unicode]
သူစိမ်း(part-13)[Zawgyi&Unicode]
သူစိမ်း(part-14)[Zawgyi&Unicode]
သူစိမ်း(part-15)[Zawgyi&Unicode]
သူစိမ်း(part-16)[Zawgyi&Unicode]
သူစိမ်း(part-17)[Zawgyi&Unicode]
သူစိမ်း(part-18)[Zawgyi&Unicode]
သူစိမ်း(part-19)[Zawgyi&Unicode]
သူစိမ်း(part-20)[Zawgyi&Unicode]
သူစိမ်း(part-21)[Zawgyi&Unicode]
သူစိမ်း(part-22)[Zawgyi&Unicode]
သူစိမ်း(part -23)[Zawgyi&Unicode]
သူစိမ်း(part-24)[Zawgyi&Unicode]
သူစိမ်း(part-25)[Zawgyi&Unicode]
သူစိမ်း(part-26)[Zawgyi&Unicode]
သူစိမ်း(part-27)[Zawgyi&Unicode]
သူစိမ်း(part-28)[Zawgyi& Unicode]
သူစိမ်း(part-29)[Zawgyi&Unicode]
သူစိမ်း(part-30)[Zawgyi &Unicode]
Attention 😃
သူစိမ်း(part-32)[Zawgyi&Unicode]
သူစိမ်း(final)[Zawgyi & Unicode]

သူစိမ်း(part-31)[Zawgyi&Unicode]

10.8K 289 9
By moooskyi

(Unicode)

အိမ်ရှေ့ခြံလေးထဲဆင်းကာကြည့်တော့ နေရောင်ပျို့ပျို့ကြားကြား သက်ခကိုချီကာ လမ်းလျှောက်ပေးနေသည့်အကို့ကိုလိုက်ကြည့်မိသည် ဆွယ်တာ ခဲရောင်နုနုက အကို့မျက်နှာချောချောကိုထင်းစေပြန်သည်
အခုဆို ဒီအိမ်လေးကိုရောက်လာတာ သုံးလလောက်ရှိပြီ သား‌လည်း 5လ ဖြစ်လာပြီမို့ အကိုကကွန်ဒိုမှာသူ့သားအတွက်နေရာမရှိဘူးဟု အကြောင်းပြကာ မင်္ဂလာလက်ဖွဲ့အဖြစ်ရထားတဲ့ ဒီအိမ်လေးကိုပြောင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်ကွန်ဒိုထက်အများကြီးကျယ်တာကြောင့် သားအတွက်စိတ်မချဖြစ်ရသည်
ရပ်ကွက်ကလည်း ဆိတ်ငြိမ်ရပ်ကွက်ဖြစ်တာကြောင့် ထွေထွေထူးထူး အလုပ်မရှုပ်မိကြဘူးရယ်......

အရင်ကအလုပ်များနေရင်တောင် 7နာရီဆိုပြန်ရောက်လာတဲ့အကိုကအခု 9 နာရီ ကျော် သည်ထိအရိပ်လေးတောင်မတွေ့ရပါ ဖုန်းဆက်ကြည့်တော့လည်းစက်ပိတ်ထားပြန်သည် ဆောင်း၀င်ခါစမို့ သားကိုလည်းနွေးနွေးထွေးထွေးထားရသေးသည်

"မေ့သား သက်ခလေးရယ်အနွေးထည်၀တ်ရအောင်"

Liam ၀တ်ပေးနေတာကို 5လအရွယ်သားကအတင်းတွန်းကာ မ၀တ်ချင်ပုံပြနေသည် ဒီလောက်အေးနေတာကို သူကအအေးကြိုက်နေသည်

"သားရေ ၀တ်နော်.... ပြီးရင် နို့နို့ဆို့ပြီး အိပ်ရမယ်လေ"
ဝူးဝဲ ဝူးဟဲ လုပ်ကာ liam အားငြင်းဆန်နေသည့်သားကို ဘယ်ကလာမှန်းမသိတဲ့ဒေါသအဖျားတို့ရိုက်ခက်ချင်လာသလို ‌
liam လည်းမရမက ထိုးကာ၀တ်တော့ ဒင်းလေးက ရှုံ့‌မဲ့ကာ ငြိမ်ခံနေပြသည် မလွယ်ကြောလေးပါ သူ့ကိုစိတ်တိုတာမကုန်သေးလို့ မွေ့ယာပေါ်ချပေးထားပြန်တော့လည်း လူကိုလိုက်ကြည့်ကာ ဖြီးနေအောင်ရယ်ပြပြန်သည် သူ့အပြုံးတွေအောက် ဒီကဘဲမခံနိုင်တော့တာကြောင့် သူ့ဘေးနားလှဲချလိုက်ရတော့သည်

မီး‌ရောင်ဖျော့ဖျော့အောက်နို့ဆို့ရင်းမျက်နှာအားသူ့လက်သေးသေးလေးနဲ့လိုက်ထိနေတာကြောင့် မနေနိုင်တဲ့အဆုံး လက်ဖောင်းဖောင်းလေးအားယူကာ ဖွဖွလေးကိုက်မိလိုက်တော့သည်

"အား...အီး...!!!!"

အကိုက်ခံလိုက်ရ‌တာကြောင့် အသံပြဲအောင်ငိုလာတော့သည် ဖင်လေးကိုပုတ်ပေးလည်းမတိတ်တော့ပါ ကျောကုန်းလေးကိုပွတ်ပေးလည်း အားပြဲအောင်သာငိုနေသည် တော်တော်နာသွားပုံရသည် မျက်၀န်းထဲမျက်ရည်တွေဆို့လို့ liam အားမော့ကာကြည့်လာသည် ဒီလိုကျတော့လည်း ကိုယ့်မှာ၀မ်းနည်းရပြန်သည် ကိုယ်ကစချင်လို့ကိုက်လိုက်ပေမယ့် သားကတော်တော်နာသွားပုံရသည်
"ကျွတ်..ကျွတ် မေ့သားလေးတိတ်နော်"

ရှိန်းဇော်ခ ဒီနေ့အလုပ်က ရှယ်ယာရှင်တစ်ချို့ရဲ့မဲဆွဲမှုကြောင့် လိုက်သောက်ဖြစ်သည် ကိုယ့်ထက်အသက်ကြီးသူတွေဘဲ ဖြစ်တာကြောင့် ဖုန်း၀င်လာလို့ဖုန်းကိုင်မိရင် မယဉ်ကျေးရာကျမှဆိုးလို့ စက်ကိုပိတ်ထားလိုက်ရသည် ဈေးကွက်စီးပွားရေးအကြောင်းထဲမျောနေခြင်းကြောင့် 9 နာရီထိုးမှန်းတောင်မသိရတော့ပါ ဒီလိုသဘာရင့်တဲ့လူတွေနဲ့ လက်စုံကျတာဟာ ရှိန်းဇော်ခလိုတက်သစ်စလုပ်ငန်းရှင်တစ်ယောက်အတွက် ဗဟုသုတအတွေ့အကြုံများစွာ‌ရပေသည်...

ရှိန်းဇော်ခ ခြံလေးထဲကား၀င်လာ‌တာတောင် ဟိုသားမိအရိပ်ယောင်မတွေ့ရပါ အောက်ထပ်က နေရာတွေမှာလည်းရှိမနေပါ အပေါ်ထပ်က အိပ်ခန်းနားသို့ရောက်လာလေ သားငိုသံကိုကြားရလေဖြစ်သည် သားငိုသံကြောင့် ရှိန်းဇော်ခ အိပ်ခန်းထဲသို့အမြန်၀င်သွားလိုက်တော့သည်

"Babe သားဘာလို့ငိုနေတာတုန်း"

ဪ ဘယ်ကပြန်လာမှန်းမသိပေမယ့် သူ့သားကျတော့တော်တော်စိတ်ပူတတ်တယ်

"မသိဘူး"

အနားကိုလာကာ လက်ထဲက သားကိုသူက
ယူချီကာ လမ်းလျှောက်ပေးပြန်သည် အာပြဲကတော့ငိုနေတုန်းဘဲ

"သား ဗိုက်အောင့်လို့လား ဘယ်နားလဲ"

နားမလည်သည့်ကလေးကိုစကားမျိုးစုံနဲ့ချော့မေးနေသည့်အကိုက တကယ်စိုးရိမ်နေပုံရသည် liam ကသာ သားအပေါ်ပြန်ဆိုးပေမယ့် အကိုကတကယ်ကို သူ့သားတစ်ခုခုဖြစ်မည်ကိုစိုးရိမ်နေပုံရသည် သားငိုနေတာကိုမကြည့်ရက်တဲ့အဆုံး အနားသွားကာ ကိုက်ထားသည့်အရာလေးအား လက်ကလေးနဲ့ ဖွဖွလေးမြှောက်ကာ အကို့အားပြလိုက်တော့သည်

"Liam ကိုက်ထားတာလား"

"အင်း"

"ကလေးသေးသေးလေးကိုဘာလို့ကိုက်တာလဲ"

"သူ့လက်တုတ်တုတ်လေးတွေကလိုက်တို့‌နေတာနဲ့ အသည်းယားလာလို့"

"အော် liam ရယ်အဲ့လိုလုပ်စရာလား သားနာသွားမှာပေါ့"

Liam စိတ်ထဲထင့်သွားရသည် သူကဘဲဖခင်ကောင်းပေါ့ ကိုယ့်သားသမီးကို ဘယ်သူကအသေလုပ်မလဲ အခုဟာကလည်း အသည်းယားလွန်းလို့ ဖွဖွလေးစလိုက်တာကိုသူကိုကော အဖြစ်သည်းနေသည်......

"ဖွဖွလေးကို အကိုကအပိုကိုလုပ်တာ သက်ခလည်းခနနေ တိတ်သွားမှာ မသိရင်ဘဲ liam ကလူဆိုးကြီးကျလို့"

နှုတ်ခမ်းထော်ကာစိတ်ဆိုးသွားပုံရသည့်သူ့မဟေသီကိုကြည့်ကာရယ်ချင်လာသည်
သားကအကိုက်ခံရင်လည်း ကိုက်ချင်စရာကြီးပါဒီအမေနဲ့ဒီသားတကယ်မလွယ်ပါလေ.....
......

"Babe အဆင့်သင့်ဖြစ်ပြီလား"

"ပြီးပြီ"

"ဝါး..ငါ့မိန်းမလေးက ကလေးတစ်ယောက်
အမေလို့တောင်ထင်ရက်စရာမရှိပါလား"

"အပိုတွေပြောပြန်ပြီ"

"တကယ်ပါ ကိုယ်ရဲ့စိတ်မချတဲ့စိတ်တွေပိုဆိုးလာနေပြီ"

ဒီနေ့ကိုမြတ်ဇင်ရဲ့ စေ့စပ်ပွဲရှိတာမို့ liam တို့မိသားစုသွားဖို့ဖြစ်လာသည်  လသားဆိုဒ် နီ‌ညိုရောင် shirt နဲ့ pant လေးကိုတွဲ၀တ်ထားတဲ့ သက်ခက သူ့ဖေပေါက်စလေးဖြစ်နေတော့သည်

နာမည်ရှိသူများပီပီစေ့စပ်ပွဲကအကျဉ်းရုံးမဟုတ်ဘဲထင်သာမြင်သာရှိလှသည် မိသားစုအသိုင်းအဝိုင်းသာမက စီးပွားရေးလုပ်ငန်းရှင်တစ်ချို့လည်းလာရောက်ဂုဏ်ပြုကြသည် ပွဲစည်သည်ဟုဆိုရမည်....
Liam တို့ရောက်တာတွေ့တော့ ကိုမြတ်ဇင်နဲ့‌အမ ကအနားလာကာ လာနှုတ်ဆက်သည်

"ဟော မင်းတို့‌လင်မယားရောက်ပြီလား"

"အေး အဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ်ကွ အော်... ဦးရဲ့သက်ခလေးကလူချောလေးကိုဖြစ်နေလို့"

"ဟုတ်ပရှင် အန်တီတို့ကလေးကချောနေရောဘဲ အန်တီသတို့သားပြောင်းရတော့မယ်နဲ့တူတယ်"

"ဟား...ဟားးး"
အမရဲ့ အပြောကြောင့် liam တို့ပွဲကျတော့သည် ကိုမြတ်ဇင်ကတော့ ဂလည်အူကြောင်ရုပ်လေးဖြစ်သွားရသည်

"အကို liam.. toilet ခဏသွားလိုက်ဦးမယ်"

"အင်း သွားလေ အကိုကလေးထိန်းထားလိုက်မယ်"

ရှိန်းဇော်ခက သက်ခကိုချီထားတာကြောင့် liam ကလက်ဗလာဖြစ်ကာနေသည် သူမရဲ့အလှနဲ့ ပိန်ပိန်သွယ်သွယ်ကိုယ်ကြောင့်
အမျိုးသားတစ်ချို့ကအပျိုဟုထင်ကာကြည့်နေကြသည် အခုလိုအပြင်ခဏသွားတော့ဆ သူ့မိန်းမလည်းအကြည့်ခံရတာသက်သာတာပေါ့ နို့မို့ဆို သူရဲ့သ၀န်တိုစိတ်တို့မြင့်တက်နေရမည်

"အို...ကလေးလေးက ချစ်စရာလေး အကို့သားလားဟင်"

"ဟုတ်တယ် ကျွန်တော့်သားပါ"

"အော် အဖေတူလေးမို့ချောနေတာကို"

"ကျေးဇူးပါ"

ခပ်ချောချောအမျိုးသမီးသုံးယောက်လောက်က ရှိန်းဇော်ခ တို့သားဖနှစ်ယောက်နားချဉ်းကပ်ကာ စကားများစတင်ဆိုလာတော့သည် သားကလည်း လူစိမ်းမို့လို့လားမသိ တစ်ချက်လေးတောင်မပြုံးပြပါ....

"ဒါ‌နဲ့ စပ်စုတယ်လို့မထင်နဲ့နော်
single father လားဟင်"

"မဟုတ်ဘူးဗျ.... သားမာမီပါတယ် toilet သွားနေလို့"

"အော်.... သားရေ မမတို့ကိုပြုံးပြပါလားရှင်"

သားကလည်း အရယ်မပြောနဲ့အပြုံးလေးတောင် မစွန့်ကျဲပါ မာနမင်းသားလေးကိုဖြစ်နေရော

"သား နာမည်က"

"သက်ခ ပါ"

"အို့ နာမည်လေးက လူလေးနဲ့လိုက်လိုက်တာ မင်းမာမီတော့ သားကောအဖေကောချောလို့ စိတ်ညစ်နေတော့မှာဘဲ"

မာမီဆိုသည့်အသံကြားတော့သားကပြုံးချင်သလိုဖြစ်လာသည် သားကလည်လွန်းသည် သူ့မာမီဆို သိပ်သိသည်

"အကို..."

Liam ရောက်လာတော့ထိုအမျိုးသမီးများက အားကျသရောင် မျက်လုံးများနဲ့နှုတ်ဆက်လာသည်

"ဒါ သက်ခလေးရဲ့မာမီ ကျွန်တော့်အမျိုးသမီးပါ"

"အို...ညီမကလှလိုက်တာ ဒီလိုအချောနှစ်ယောက်ရောထားတဲ့သားက ချောနေတာမထူးဆန်းတော့ပါဘူး"

ဘေးကအမတို့အ‌အပြောကြောင့် liam မှာ ပြုံးသာပြုံးနေရသည် သူတို့ကသားလေးနဲ့ ဓာတ်ပုံတောင်တွဲရိုက်သွားသေးသည်

"Babe ရော့သားကိုချီထား"

"ဘာလို့လဲ"

"အော် Babeကိုအကောင်တွေကအပျိုလေးထင်ပြီးလိုက်ကြည့်နေတာလေ အဲ့တော့ သားကိုချီထား အကို ဟိုမှာသူငယ်ချင်းတွေခေါ်နေလို့ တစ်ခွန်းနှစ်ခွန်းသွားပြောလိုက်အုန်းမယ်"

သားကိုလက်ထဲအတင်းချီခိုင်းကာပျောက်သွားသောအကို သူကတော်‌တော်ရွချင်နေတာ...
သားကိုချီထားရင်း ဟိုကြည့်ဒီကြည့်ကြည့်နေမိသည် လူတွေကတောက်ပြောင်တဲ့အရာတွေကိုတော်တော်အလေးပေးကြသည် ထိုအရာတွေနဲ့ဘဲ လူ့တန်ဖိုးကိုအမျိုးမျိုးဖြတ်ကြပြန်သည် ကိုယ့်ဘာသာကိုအတွေးများနေခိုက်

"ဟို...ဟိုလေ ညီမ..နာမည်ဘယ်လိုခေါ်လဲဟင်"

"ရှင်...." Liam လှည့်ကြည့်လိုက်တော့ ရုပ်ရည်ခပ်သန့်သန့်နဲ့ လူ‌ငယ်တစ်ယောက်က မေးလာခြင်းဖြစ်သည် လူလည်းအံ့ဩသွားရသည်

"အော် တစ်မျိုးတော့မထင်ပါနဲ့‌ဗျာ အခုနထဲကတွေ့တာ ညီမကအရမ်းလှတော့လေ နာမည်လေးဖြစ်ဖြစ် သိပါရစေ"

"ညီမက အပျိုမဟုတ်ဘူးရှင့် ကလေးအမေ"

"ညီမကလည်း ဟုတ်မှပြောပါ ဒီရုပ်လေးက ကလေးအမေတဲ့လား မောင်နှမလောက်လုပ်ပါ"
ဒီလူ့ကြည့်ရတာ liam ပြောတာကိုလည်းယုံ မယ့်ပုံမပေါက်ပါ သူ့ကျမှ ငိုရမလိုရယ်မလိုနဲ့ သားမိလည်းမောင်နှမဘ၀သို့ရောက်ရတော့သည်

"ညီမ အမျိုးသားနဲ့လာတာ အကိုအထင်မှားနေပြီ"

"ညီမရေ အဲ့လိုတော့မငြင်းပါနဲ့ သူများစေ့စပ်ပွဲလာခြင်းကြောင့် အကိုတို့ချစ်သူတွေဖြစ်သွားနိုင်ပါတယ်"

"ဟား..ဟားးး"
လူကမနေနိုင်တော့တာကြောင့်ရယ်ချမိတော့သည် ဒီလူတော်ကီတော်တော်ကြွယ်တာဘဲဟု liam ကောက်ချက်ချလိုက်သည် အကိုသာကြားရင် သူ့စကားတွေကြောင့်သွေးတက်မှာမြင်ယောင်သေးသည်

"အို...ညီယောက်ဖလောင်းလေးကချောလိုက်တာ မင်းမမ ကိုနည်းနည်းလောက်ဝိုင်းကူ‌ပြော ပေးပါအုန်း"

Liam မှာထိုလူ့အားကြောင်ကာသာကြည့်နေရတော့သည်

"ဘယ်ကယောက်ဖလဲဟင်"
ကြားလိုက်ရသည့်အသံမှာမလွဲစဉ်ဆက်
အကို့အသံဖြစ်သည်

"ဒီမှာလေ ဒီရှေ့ကအသေးလေးကိုပြောတာဗျ"

"အဲ့တာ ကျွန်တော့်သား"
သူကအကို့အဖြေကိုအံ့ဩပုံမရပါ အေးဆေးနေသည်

"အော် အဲ့ဆိုညီမ ဦးလေးပေါ့ တော်တော်နုတာဘဲဗျ.... တွေ့ရတာ၀မ်းသာပါတယ်"

Liam မှာရယ်ချင်စိတ်ကို ပါဆယ်ပိတ်ကာအောင့်ထားရသည်

"ငါ့အသက်ရွယ်နဲ့ မင်းအသက်ရွယ်ကို ဦလေး ငါသူ့‌ယောကျာ်းကွ ဒီဟာလေးကလည်းငါ့တို့သား"

"ဗျာ...."

"မင်း‌ကကြောင်မယ်ဆိုလည်း လက်ထပ်လက်စွပ်လေး ဘာလေးရှိုးစမ်းပါ လက်စွပ်ကအလှ၀တ်ထားတာမဟုတ်ဘူး ပိုင်ဆိုင်သူရှိကြောင်းပြထားတာ"

"အဲ့ဆိုတကယ်ပေါ့.... Sorry ပါဗျာ"

"ရပါတယ် နောက်ဆိုအမျိုးသမီးတွေပေါ်  Respect တော့ရှိပေါ့ကွာ"

ထိုကောင်လေးတောင်းပန်ကာထွက်သွားထဲက အကိုက liam အားစကားမပြောတော့ပါ အိမ်ရောက်သည်ထိတစ်ခွန်းမှကိုဟမလာတော့ပါ

"အကို ဘာဖြစ်နေတာလဲ"

"....."

"မေးနေတယ်လေ လူကို‌အရေးလေးဘာလေးစိုက်ပါအုန်း"

"......"

"ဟာ များသွားပြီနော်"

Liam ဒီလိုမေးရင်‌ဖြေမှာမဟုတ်တဲ့အတွက် အကို့ပေါင်ပေါ် တက်ခွကာ လည်ပင်းအားသိုင်းဖက်ထားလိုက်တော့သည်......

ရှိန်းဇော်ခ အား နားလေးကိုဖွဖွလေးကိုက်လိုက် လည်ပင်းလေးကို လျှာလေးနဲ့ မထိတထိ လျှက်လိုက် လုပ်နေသည့်ခွေးပေါက်ကြောင့် ဒီလူမှာစိတ်မခိုင်ချင်တော့ပါ ဒီမိန်းကလေးက သူ့အားနည်းချက်ကိုဆိုအလိုလိုသိနေသည်

"ညနေက ပျော်နေတယ်မို့လား"

"ဘာကိုလဲ အကိုရဲ့"

"ဟိုကောင်လေး စကားလာပြောတော့ပြုံးနေတာဘဲ"

"မဟုတ်ဖူး သူကပေါက်ကရတွေလာလာပြောလို့ liam ရယ်နေတာ"

"ဘာပြောလို့လဲ"

"သူကသားနဲ့ liam ကိုအတင်းဘဲမောင်နှမတွေလုပ်ခိုင်းနေတာ"

"အနားမှာမရှိတဲ့ခဏ‌လေးကလေးအမေမှန်းသိအောင် ကလေးချီခိုင်းထားတာတောင်ဒီကောင်တွေတော်တော်ဖြစ်နေတာ"

"Liam ကချောတာကို"

"ဟုတ်ပါပီ ဒါ‌တွေထားလိုက်တော့ ခုနဟာလေးဆက်ရအောင်"

"ဘာကိုလည်း"

"အခုန လူကိုမထိတထိလုပ်နေတာဘယ်သူတုန်း"

"မသိဘူးလေ သားဆီသွားလိုက်အုန်းမယ်"

"မလိုဘူးသားကပုခက်လေးထဲသူ့ဘာသာသူအိပ်နေတယ်ပြီးမှသွားချီလိုက်ရုံဘဲ လိုနေတာကဒီကောင်"

"ဟာ...ဟားးးး"

အကို့ရဲ့ကလေးဆန်တဲ့ဒီအပြုအမူသေးသေးလေးတွေကအစ liam ကိုချည်ထားမြဲဘဲ.....

##########

မနက်ဖြန်ဆို ဇာတ်သိမ်းပါပီနော် 🥺💗💗

#hey guys!!!!
လက်ရာမကောင်းတဲ့ဒီဇာတ်လမ်းလေးကိုဖတ်ပေးကြတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးပါနော် 🥺✌️❤️
.............................

(Zawgyi)

အိမ္ေရွ႕ၿခံေလးထဲဆင္းကာၾကည့္ေတာ့ ေနေရာင္ပ်ိဳ႕ပ်ိဳ႕ၾကားၾကား သက္ခကိုခ်ီကာ လမ္းေလွ်ာက္ေပးေနသည့္အကို႔ကိုလိုက္ၾကည့္မိသည္ ဆြယ္တာ ခဲေရာင္ႏုႏုက အကို႔မ်က္ႏွာေခ်ာေခ်ာကိုထင္းေစျပန္သည္
အခုဆို ဒီအိမ္ေလးကိုေရာက္လာတာ သုံးလေလာက္ရွိၿပီ သား‌လည္း 5လ ျဖစ္လာၿပီမို႔ အကိုကကြန္ဒိုမွာသူ႕သားအတြက္ေနရာမရွိဘူးဟု အေၾကာင္းျပကာ မဂၤလာလက္ဖြဲ႕အျဖစ္ရထားတဲ့ ဒီအိမ္ေလးကိုေျပာင္းဖို႔ ဆုံးျဖတ္လိုက္ၾကတယ္ကြန္ဒိုထက္အမ်ားႀကီးက်ယ္တာေၾကာင့္ သားအတြက္စိတ္မခ်ျဖစ္ရသည္
ရပ္ကြက္ကလည္း ဆိတ္ၿငိမ္ရပ္ကြက္ျဖစ္တာေၾကာင့္ ေထြေထြထူးထူး အလုပ္မရႈပ္မိၾကဘူးရယ္......

အရင္ကအလုပ္မ်ားေနရင္ေတာင္ 7နာရီဆိုျပန္ေရာက္လာတဲ့အကိုကအခု 9 နာရီ ေက်ာ္ သည္ထိအရိပ္ေလးေတာင္မေတြ႕ရပါ ဖုန္းဆက္ၾကည့္ေတာ့လည္းစက္ပိတ္ထားျပန္သည္ ေဆာင္း၀င္ခါစမို႔ သားကိုလည္းေႏြးေႏြးေထြးေထြးထားရေသးသည္

"ေမ့သား သက္ခေလးရယ္အေႏြးထည္၀တ္ရေအာင္"

Liam ၀တ္ေပးေနတာကို 5လအ႐ြယ္သားကအတင္းတြန္းကာ မ၀တ္ခ်င္ပုံျပေနသည္ ဒီေလာက္ေအးေနတာကို သူကအေအးႀကိဳက္ေနသည္

"သားေရ ၀တ္ေနာ္.... ၿပီးရင္ နို႔နို႔ဆို႔ၿပီး အိပ္ရမယ္ေလ"
ဝူးဝဲ ဝူးဟဲ လုပ္ကာ liam အားျငင္းဆန္ေနသည့္သားကို ဘယ္ကလာမွန္းမသိတဲ့ေဒါသအဖ်ားတို႔ရိုက္ခက္ခ်င္လာသလို ‌
liam လည္းမရမက ထိုးကာ၀တ္ေတာ့ ဒင္းေလးက ရႈံ႕‌မဲ့ကာ ၿငိမ္ခံေနျပသည္ မလြယ္ေၾကာေလးပါ သူ႕ကိုစိတ္တိုတာမကုန္ေသးလို႔ ေမြ႕ယာေပၚခ်ေပးထားျပန္ေတာ့လည္း လူကိုလိုက္ၾကည့္ကာ ၿဖီးေနေအာင္ရယ္ျပျပန္သည္ သူ႕အၿပဳံးေတြေအာက္ ဒီကဘဲမခံနိုင္ေတာ့တာေၾကာင့္ သူ႕ေဘးနားလွဲခ်လိဳက္ရေတာ့သည္

မီး‌ေရာင္ေဖ်ာ့ေဖ်ာ့ေအာက္နို႔ဆို႔ရင္းမ်က္ႏွာအားသူ႕လက္ေသးေသးေလးနဲ႕လိုက္ထိေနတာေၾကာင့္ မေနနိုင္တဲ့အဆုံး လက္ေဖာင္းေဖာင္းေလးအားယူကာ ဖြဖြေလးကိုက္မိလိုက္ေတာ့သည္

"အား...အီး...!!!!"

အကိုက္ခံလိုက္ရ‌တာေၾကာင့္ အသံၿပဲေအာင္ငိုလာေတာ့သည္ ဖင္ေလးကိုပုတ္ေပးလည္းမတိတ္ေတာ့ပါ ေက်ာကုန္းေလးကိုပြတ္ေပးလည္း အားၿပဲေအာင္သာငိုေနသည္ ေတာ္ေတာ္နာသြားပုံရသည္ မ်က္၀န္းထဲမ်က္ရည္ေတြဆို႔လို႔ liam အားေမာ့ကာၾကည့္လာသည္ ဒီလိုက်ေတာ့လည္း ကိုယ့္မွာ၀မ္းနည္းရျပန္သည္ ကိုယ္ကစခ်င္လို႔ကိုက္လိုက္ေပမယ့္ သားကေတာ္ေတာ္နာသြားပုံရသည္
"ကြၽတ္..ကြၽတ္ ေမ့သားေလးတိတ္ေနာ္"

ရွိန္းေဇာ္ခ ဒီေန႕အလုပ္က ရွယ္ယာရွင္တစ္ခ်ိဳ႕ရဲ႕မဲဆြဲမႈေၾကာင့္ လိုက္ေသာက္ျဖစ္သည္ ကိုယ့္ထက္အသက္ႀကီးသူေတြဘဲ ျဖစ္တာေၾကာင့္ ဖုန္း၀င္လာလို႔ဖုန္းကိုင္မိရင္ မယဥ္ေက်းရာက်မွဆိုးလို႔ စက္ကိုပိတ္ထားလိုက္ရသည္ ေဈးကြက္စီးပြားေရးအေၾကာင္းထဲေမ်ာေနျခင္းေၾကာင့္ 9 နာရီထိုးမွန္းေတာင္မသိရေတာ့ပါ ဒီလိုသဘာရင့္တဲ့လူေတြနဲ႕ လက္စုံက်တာဟာ ရွိန္းေဇာ္ခလိုတက္သစ္စလုပ္ငန္းရွင္တစ္ေယာက္အတြက္ ဗဟုသုတအေတြ႕အႀကဳံမ်ားစြာ‌ရေပသည္...

ရွိန္းေဇာ္ခ ၿခံေလးထဲကား၀င္လာ‌တာေတာင္ ဟိုသားမိအရိပ္ေယာင္မေတြ႕ရပါ ေအာက္ထပ္က ေနရာေတြမွာလည္းရွိမေနပါ အေပၚထပ္က အိပ္ခန္းနားသို႔ေရာက္လာေလ သားငိုသံကိုၾကားရေလျဖစ္သည္ သားငိုသံေၾကာင့္ ရွိန္းေဇာ္ခ အိပ္ခန္းထဲသို႔အျမန္၀င္သြားလိုက္ေတာ့သည္

"Babe သားဘာလို႔ငိုေနတာတုန္း"

ဪ ဘယ္ကျပန္လာမွန္းမသိေပမယ့္ သူ႕သားက်ေတာ့ေတာ္ေတာ္စိတ္ပူတတ္တယ္

"မသိဘူး"

အနားကိုလာကာ လက္ထဲက သားကိုသူက
ယူခ်ီကာ လမ္းေလွ်ာက္ေပးျပန္သည္ အာၿပဲကေတာ့ငိုေနတုန္းဘဲ

"သား ဗိုက္ေအာင့္လို႔လား ဘယ္နားလဲ"

နားမလည္သည့္ကေလးကိုစကားမ်ိဳးစုံနဲ႕ေခ်ာ့ေမးေနသည့္အကိုက တကယ္စိုးရိမ္ေနပုံရသည္ liam ကသာ သားအေပၚျပန္ဆိုးေပမယ့္ အကိုကတကယ္ကို သူ႕သားတစ္ခုခုျဖစ္မည္ကိုစိုးရိမ္ေနပုံရသည္ သားငိုေနတာကိုမၾကည့္ရက္တဲ့အဆုံး အနားသြားကာ ကိုက္ထားသည့္အရာေလးအား လက္ကေလးနဲ႕ ဖြဖြေလးျမႇောက္ကာ အကို႔အားျပလိုက္ေတာ့သည္

"Liam ကိုက္ထားတာလား"

"အင္း"

"ကေလးေသးေသးေလးကိုဘာလို႔ကိုက္တာလဲ"

"သူ႕လက္တုတ္တုတ္ေလးေတြကလိုက္တို႔‌ေနတာနဲ႕ အသည္းယားလာလို႔"

"ေအာ္ liam ရယ္အဲ့လိုလုပ္စရာလား သားနာသြားမွာေပါ့"

Liam စိတ္ထဲထင့္သြားရသည္ သူကဘဲဖခင္ေကာင္းေပါ့ ကိုယ့္သားသမီးကို ဘယ္သူကအေသလုပ္မလဲ အခုဟာကလည္း အသည္းယားလြန္းလို႔ ဖြဖြေလးစလိုက္တာကိုသူကိုေကာ အျဖစ္သည္းေနသည္......

"ဖြဖြေလးကို အကိုကအပိုကိုလုပ္တာ သက္ခလည္းခနေန တိတ္သြားမွာ မသိရင္ဘဲ liam ကလူဆိုးႀကီးက်လိဳ႕"

ႏႈတ္ခမ္းေထာ္ကာစိတ္ဆိုးသြားပုံရသည့္သူ႕မေဟသီကိုၾကည့္ကာရယ္ခ်င္လာသည္
သားကအကိုက္ခံရင္လည္း ကိုက္ခ်င္စရာႀကီးပါဒီအေမနဲ႕ဒီသားတကယ္မလြယ္ပါေလ.....
......

"Babe အဆင့္သင့္ျဖစ္ၿပီလား"

"ၿပီးၿပီ"

"ဝါး..ငါ့မိန္းမေလးက ကေလးတစ္ေယာက္
အေမလို႔ေတာင္ထင္ရက္စရာမရွိပါလား"

"အပိုေတြေျပာျပန္ၿပီ"

"တကယ္ပါ ကိုယ္ရဲ႕စိတ္မခ်တဲ့စိတ္ေတြပိုဆိုးလာေနၿပီ"

ဒီေန႕ကိုျမတ္ဇင္ရဲ႕ ေစ့စပ္ပြဲရွိတာမို႔ liam တို႔မိသားစုသြားဖို႔ျဖစ္လာသည္  လသားဆိုဒ္ နီ‌ညိုေရာင္ shirt နဲ႕ pant ေလးကိုတြဲ၀တ္ထားတဲ့ သက္ခက သူ႕ေဖေပါက္စေလးျဖစ္ေနေတာ့သည္

နာမည္ရွိသူမ်ားပီပီေစ့စပ္ပြဲကအက်ဥ္း႐ုံးမဟုတ္ဘဲထင္သာျမင္သာရွိလွသည္ မိသားစုအသိုင္းအဝိုင္းသာမက စီးပြားေရးလုပ္ငန္းရွင္တစ္ခ်ိဳ႕လည္းလာေရာက္ဂုဏ္ျပဳၾကသည္ ပြဲစည္သည္ဟုဆိုရမည္....
Liam တို႔ေရာက္တာေတြ႕ေတာ့ ကိုျမတ္ဇင္နဲ႕‌အမ ကအနားလာကာ လာႏႈတ္ဆက္သည္

"ေဟာ မင္းတို႔‌လင္မယားေရာက္ၿပီလား"

"ေအး အဆင္ေျပရဲ႕လား"

"အဆင္ေျပပါတယ္ကြ ေအာ္... ဦးရဲ႕သက္ခေလးကလူေခ်ာေလးကိုျဖစ္ေနလို႔"

"ဟုတ္ပရွင္ အန္တီတို႔ကေလးကေခ်ာေနေရာဘဲ အန္တီသတို႔သားေျပာင္းရေတာ့မယ္နဲ႕တူတယ္"

"ဟား...ဟားးး"
အမရဲ႕ အေျပာေၾကာင့္ liam တို႔ပြဲက်ေတာ့သည္ ကိုျမတ္ဇင္ကေတာ့ ဂလည္အူေၾကာင္႐ုပ္ေလးျဖစ္သြားရသည္

"အကို liam.. toilet ခဏသြားလိုက္ဦးမယ္"

"အင္း သြားေလ အကိုကေလးထိန္းထားလိုက္မယ္"

ရွိန္းေဇာ္ခက သက္ခကိုခ်ီထားတာေၾကာင့္ liam ကလက္ဗလာျဖစ္ကာေနသည္ သူမရဲ႕အလွနဲ႕ ပိန္ပိန္သြယ္သြယ္ကိုယ္ေၾကာင့္
အမ်ိဳးသားတစ္ခ်ိဳ႕ကအပ်ိဳဟုထင္ကာၾကည့္ေနၾကသည္ အခုလိုအျပင္ခဏသြားေတာ့ဆ သူ႕မိန္းမလည္းအၾကည့္ခံရတာသက္သာတာေပါ့ နို႔မို႔ဆို သူရဲ႕သ၀န္တိုစိတ္တို႔ျမင့္တက္ေနရမည္

"အို...ကေလးေလးက ခ်စ္စရာေလး အကို႔သားလားဟင္"

"ဟုတ္တယ္ ကြၽန္ေတာ့္သားပါ"

"ေအာ္ အေဖတူေလးမို႔ေခ်ာေနတာကို"

"ေက်းဇူးပါ"

ခပ္ေခ်ာေခ်ာအမ်ိဳးသမီးသုံးေယာက္ေလာက္က ရွိန္းေဇာ္ခ တို႔သားဖႏွစ္ေယာက္နားခ်ဥ္းကပ္ကာ စကားမ်ားစတင္ဆိုလာေတာ့သည္ သားကလည္း လူစိမ္းမို႔လို႔လားမသိ တစ္ခ်က္ေလးေတာင္မၿပဳံးျပပါ....

"ဒါ‌နဲ႕ စပ္စုတယ္လို႔မထင္နဲ႕ေနာ္
single father လားဟင္"

"မဟုတ္ဘူးဗ်.... သားမာမီပါတယ္ toilet သြားေနလို႔"

"ေအာ္.... သားေရ မမတို႔ကိုၿပဳံးျပပါလားရွင္"

သားကလည္း အရယ္မေျပာနဲ႕အၿပဳံးေလးေတာင္ မစြန႔္က်ဲပါ မာနမင္းသားေလးကိုျဖစ္ေနေရာ

"သား နာမည္က"

"သက္ခ ပါ"

"အို႔ နာမည္ေလးက လူေလးနဲ႕လိုက္လိုက္တာ မင္းမာမီေတာ့ သားေကာအေဖေကာေခ်ာလို႔ စိတ္ညစ္ေနေတာ့မွာဘဲ"

မာမီဆိုသည့္အသံၾကားေတာ့သားကၿပဳံးခ်င္သလိုျဖစ္လာသည္ သားကလည္လြန္းသည္ သူ႕မာမီဆို သိပ္သိသည္

"အကို..."

Liam ေရာက္လာေတာ့ထိုအမ်ိဳးသမီးမ်ားက အားက်သေရာင္ မ်က္လုံးမ်ားနဲ႕ႏႈတ္ဆက္လာသည္

"ဒါ သက္ခေလးရဲ႕မာမီ ကြၽန္ေတာ့္အမ်ိဳးသမီးပါ"

"အို...ညီမကလွလိုက္တာ ဒီလိုအေခ်ာႏွစ္ေယာက္ေရာထားတဲ့သားက ေခ်ာေနတာမထူးဆန္းေတာ့ပါဘူး"

ေဘးကအမတို႔အ‌အေျပာေၾကာင့္ liam မွာ ၿပဳံးသာၿပဳံးေနရသည္ သူတို႔ကသားေလးနဲ႕ ဓာတ္ပုံေတာင္တြဲရိုက္သြားေသးသည္

"Babe ေရာ့သားကိုခ်ီထား"

"ဘာလို႔လဲ"

"ေအာ္ Babeကိုအေကာင္ေတြကအပ်ိဳေလးထင္ၿပီးလိုက္ၾကည့္ေနတာေလ အဲ့ေတာ့ သားကိုခ်ီထား အကို ဟိုမွာသူငယ္ခ်င္းေတြေခၚေနလို႔ တစ္ခြန္းႏွစ္ခြန္းသြားေျပာလိုက္အုန္းမယ္"

သားကိုလက္ထဲအတင္းခ်ီခိုင္းကာေပ်ာက္သြားေသာအကို သူကေတာ္‌ေတာ္႐ြခ်င္ေနတာ...
သားကိုခ်ီထားရင္း ဟိုၾကည့္ဒီၾကည့္ၾကည့္ေနမိသည္ လူေတြကေတာက္ေျပာင္တဲ့အရာေတြကိုေတာ္ေတာ္အေလးေပးၾကသည္ ထိုအရာေတြနဲ႕ဘဲ လူ႕တန္ဖိုးကိုအမ်ိဳးမ်ိဳးျဖတ္ၾကျပန္သည္ ကိုယ့္ဘာသာကိုအေတြးမ်ားေနခိုက္

"ဟို...ဟိုေလ ညီမ..နာမည္ဘယ္လိုေခၚလဲဟင္"

"ရွင္...." Liam လွည့္ၾကည့္လိုက္ေတာ့ ႐ုပ္ရည္ခပ္သန႔္သန႔္နဲ႕ လူ‌ငယ္တစ္ေယာက္က ေမးလာျခင္းျဖစ္သည္ လူလည္းအံ့ဩသြားရသည္

"ေအာ္ တစ္မ်ိဳးေတာ့မထင္ပါနဲ႕‌ဗ်ာ အခုနထဲကေတြ႕တာ ညီမကအရမ္းလွေတာ့ေလ နာမည္ေလးျဖစ္ျဖစ္ သိပါရေစ"

"ညီမက အပ်ိဳမဟုတ္ဘူးရွင့္ ကေလးအေမ"

"ညီမကလည္း ဟုတ္မွေျပာပါ ဒီ႐ုပ္ေလးက ကေလးအေမတဲ့လား ေမာင္ႏွမေလာက္လုပ္ပါ"
ဒီလူ႕ၾကည့္ရတာ liam ေျပာတာကိုလည္းယုံ မယ့္ပုံမေပါက္ပါ သူ႕က်မွ ငိုရမလိုရယ္မလိုနဲ႕ သားမိလည္းေမာင္ႏွမဘ၀သို႔ေရာက္ရေတာ့သည္

"ညီမ အမ်ိဳးသားနဲ႕လာတာ အကိုအထင္မွားေနၿပီ"

"ညီမေရ အဲ့လိုေတာ့မျငင္းပါနဲ႕ သူမ်ားေစ့စပ္ပြဲလာျခင္းေၾကာင့္ အကိုတို႔ခ်စ္သူေတြျဖစ္သြားနိုင္ပါတယ္"

"ဟား..ဟားးး"
လူကမေနနိုင္ေတာ့တာေၾကာင့္ရယ္ခ်မိေတာ့သည္ ဒီလူေတာ္ကီေတာ္ေတာ္ႂကြယ္တာဘဲဟု liam ေကာက္ခ်က္ခ်လိဳက္သည္ အကိုသာၾကားရင္ သူ႕စကားေတြေၾကာင့္ေသြးတက္မွာျမင္ေယာင္ေသးသည္

"အို...ညီေယာက္ဖေလာင္းေလးကေခ်ာလိုက္တာ မင္းမမ ကိုနည္းနည္းေလာက္ဝိုင္းကူ‌ေျပာ ေပးပါအုန္း"

Liam မွာထိုလူ႕အားေၾကာင္ကာသာၾကည့္ေနရေတာ့သည္

"ဘယ္ကေယာက္ဖလဲဟင္"
ၾကားလိုက္ရသည့္အသံမွာမလြဲစဥ္ဆက္
အကို႔အသံျဖစ္သည္

"ဒီမွာေလ ဒီေရွ႕ကအေသးေလးကိုေျပာတာဗ်"

"အဲ့တာ ကြၽန္ေတာ့္သား"
သူကအကို႔အေျဖကိုအံ့ဩပုံမရပါ ေအးေဆးေနသည္

"ေအာ္ အဲ့ဆိုညီမ ဦးေလးေပါ့ ေတာ္ေတာ္ႏုတာဘဲဗ်.... ေတြ႕ရတာ၀မ္းသာပါတယ္"

Liam မွာရယ္ခ်င္စိတ္ကို ပါဆယ္ပိတ္ကာေအာင့္ထားရသည္

"ငါ့အသက္႐ြယ္နဲ႕ မင္းအသက္႐ြယ္ကို ဦေလး ငါသူ႕‌ေယာက်ာ္းကြ ဒီဟာေလးကလည္းငါ့တို႔သား"

"ဗ်ာ...."

"မင္း‌ကေၾကာင္မယ္ဆိုလည္း လက္ထပ္လက္စြပ္ေလး ဘာေလးရွိုးစမ္းပါ လက္စြပ္ကအလွ၀တ္ထားတာမဟုတ္ဘူး ပိုင္ဆိုင္သူရွိေၾကာင္းျပထားတာ"

"အဲ့ဆိုတကယ္ေပါ့.... Sorry ပါဗ်ာ"

"ရပါတယ္ ေနာက္ဆိုအမ်ိဳးသမီးေတြေပၚ  Respect ေတာ့ရွိေပါ့ကြာ"

ထိုေကာင္ေလးေတာင္းပန္ကာထြက္သြားထဲက အကိုက liam အားစကားမေျပာေတာ့ပါ အိမ္ေရာက္သည္ထိတစ္ခြန္းမွကိုဟမလာေတာ့ပါ

"အကို ဘာျဖစ္ေနတာလဲ"

"....."

"ေမးေနတယ္ေလ လူကို‌အေရးေလးဘာေလးစိုက္ပါအုန္း"

"......"

"ဟာ မ်ားသြားၿပီေနာ္"

Liam ဒီလိုေမးရင္‌ေျဖမွာမဟုတ္တဲ့အတြက္ အကို႔ေပါင္ေပၚ တက္ခြကာ လည္ပင္းအားသိုင္းဖက္ထားလိုက္ေတာ့သည္......

ရွိန္းေဇာ္ခ အား နားေလးကိုဖြဖြေလးကိုက္လိုက္ လည္ပင္းေလးကို လွ်ာေလးနဲ႕ မထိတထိ လွ်က္လိုက္ လုပ္ေနသည့္ေခြးေပါက္ေၾကာင့္ ဒီလူမွာစိတ္မခိုင္ခ်င္ေတာ့ပါ ဒီမိန္းကေလးက သူ႕အားနည္းခ်က္ကိုဆိုအလိုလိုသိေနသည္

"ညေနက ေပ်ာ္ေနတယ္မို႔လား"

"ဘာကိုလဲ အကိုရဲ႕"

"ဟိုေကာင္ေလး စကားလာေျပာေတာ့ၿပဳံးေနတာဘဲ"

"မဟုတ္ဖူး သူကေပါက္ကရေတြလာလာေျပာလို႔ liam ရယ္ေနတာ"

"ဘာေျပာလို႔လဲ"

"သူကသားနဲ႕ liam ကိုအတင္းဘဲေမာင္ႏွမေတြလုပ္ခိုင္းေနတာ"

"အနားမွာမရွိတဲ့ခဏ‌ေလးကေလးအေမမွန္းသိေအာင္ ကေလးခ်ီခိုင္းထားတာေတာင္ဒီေကာင္ေတြေတာ္ေတာ္ျဖစ္ေနတာ"

"Liam ကေခ်ာတာကို"

"ဟုတ္ပါပီ ဒါ‌ေတြထားလိုက္ေတာ့ ခုနဟာေလးဆက္ရေအာင္"

"ဘာကိုလည္း"

"အခုန လူကိုမထိတထိလုပ္ေနတာဘယ္သူတုန္း"

"မသိဘူးေလ သားဆီသြားလိုက္အုန္းမယ္"

"မလိုဘူးသားကပုခက္ေလးထဲသူ႕ဘာသာသူအိပ္ေနတယ္ၿပီးမွသြားခ်ီလိုက္႐ုံဘဲ လိုေနတာကဒီေကာင္"

"ဟာ...ဟားးးး"

အကို႔ရဲ႕ကေလးဆန္တဲ့ဒီအျပဳအမူေသးေသးေလးေတြကအစ liam ကိုခ်ည္ထားၿမဲဘဲ.....
##########

မနက္ျဖန္ဆို ဇာတ္သိမ္းပါပီေနာ္ 🥺💗💗

#hey guys!!!!
လက္ရာမေကာင္းတဲ့ဒီဇာတ္လမ္းေလးကိုဖတ္ေပးၾကတဲ့တစ္ေယာက္ခ်င္းစီကိုေက်းဇူးပါေနာ္ 🥺✌️❤️
.............................



Continue Reading

You'll Also Like

4.3M 272K 103
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.4M 107K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
2.9M 82.7K 25
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
3.5M 285K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...