Pay Attention To Me [Myanmar...

By chi__285

1M 182K 12.8K

Type - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter sta... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71 (part 1)
Chapter - 71(part 2)
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
Chapter - 85
Chapter - 86
Chapter - 87
Chapter - 88
Chapter - 89
Chapter- 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter- 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter- 100
Chapter - 101
Chapter - 102
About manhua
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108
Chapter - 109
Chapter - 110
Chapter - 111
Chapter - 112
Chapter - 113
E xtra 1 : Graduation trip (1)
Extra 1 :Graduation trip (2)

Chapter - 15

9.1K 1.7K 203
By chi__285

ကျန်းကျောင့်ကျူးသည်တော့ လုပ်ပုံလုပ်နည်းအတိုင်း လျင်မြန်တိကျစွာပင် လုပ်ဆောင်လေသည်။ ရက်သတ္တပတ်ပြီးနောက်မှာပဲ public notice board မှာ ထုတ်ပြန်စာတစ်ရွက်ချိတ်တင်လာတယ်။

''လခွမ်း၊ ထန်ရှရှက အပြစ်ပေးခံရတာလား? ဘာဖြစ်တာလဲမသိဘူး"

ဖြတ်သွားဖြတ်လာကျောင်းသားတွေဟာ ပထမထပ်က notice boardနားမှာဝိုင်းအုံလာကြသည်။ အပြစ်ပေးခံရသည့်နေရာတွင် တခြားတစ်စုံတစ်ယောက်သာ ဆိုလျှင်တော့ သူတို့တွေ သိပ်အာရုံစိုက်မိကြလိမ့်မည်မဟုတ်၊ သို့သော်ထန်ရှရှဆိုသူမှာ အနုအညာရသဌာနမှခေါင်းဆောင်ဖြစ်ကာ ကျောင်းရဲ့စည်းကမ်းတွေထုံးတမ်းတွေအတွက်တာ၀န်ရှိသူလည်းဖြစ်လေသည်။ ကျောင်းသားအတော်များများသူမကို သိကြသည်ကြောင့် အကြောင်းအရာကို စိတ်၀င်စားသူမှာများပြားလျက်ရှိသည်။

နေ့လည်စာအတန်းစဆင်းချိန်ဖြစ်သည်။ နေ့လည်စာစားအပြီး စာ‌သင်ဆောင်ဆီပြန်လာသည့် ကျောင်းသားများက notice boardကိုမြင်ကာ ကြည့်ကြ၊ ထိုသိတဲ့သူတွေကနေ မသိသေးတဲ့သူတွေကို ထပ်ဖြန့် ထပ်ဖြန့်နှင့် သတင်းမှာပျံ့နှံ့လျက်။

‘’ဟေ့‌၊ ငါကြားတာတော့ ဒါရန်းရီလဲ့ကိစ္စနဲ့ပက်သက်တယ်ဆိုပဲ၊ ရန်းရီလဲ့နဲ့ အဲ့ဒီအယုတ်တမာကောင်အကြောင်း ကောလဟာလတွေဖြန့်တာ သူမပဲတဲ့”

‘’အဲ့ဒါက ကောလဟာလလား? ငါကတကယ်ကြီးမှတ်နေတာ......သူမကရော ဘာကိစ္စဒီလိုမျိုးလုပ်ရတာတုန်း? ရန်းရီလဲ့နဲ့ဖြင့် ဘာအငြှိုးမှလည်းမရှိပဲနဲ့”

‘’မင်းမသိဘူးလား၊ ထန်ရှရှက အနုပညာရသဌာနက ရွှယ်တိအသစ်‌ကလေးကို ကြိုက်နေတာလေ၊ သူနဲ့ဆို နေ့တိုင်းတရင်းတနှီး၊ ဒီအကြောင်းကို ဌာနကလူတွေအားလုံးလိုလိုသိကြတယ်၊ ဒါမယ့်လည်း နောက်ဆုံး ရွှယ်တိလေးက သူမကိုအရေးမလုပ်ပဲ ရန်းရီလဲ့နဲ့ပိုပေါင်းပြီး နီးစပ်လာကြတာလေ၊ ထန်ရှရှလည်း ကျွဲမြီးတိုတော့တာပေါ့ကွာ”

‘’မနာလိုလို့ ကောလဟာတွေဖြန့်တယ်တဲ့လား? စိတ်ပျက်စရာပဲကွာ......’’

‘’သူမအပြစ်ပေးခံရလို့အားလုံးက ကျေနပ်နေကြတာ၊ ငါလည်း သူ့ကိုကြည့်မရတာကြာပြီရယ်၊ ဌာနခေါင်းဆောင်‌လေးဖြစ်နေတာကို တရား၀င်ပဲ အမိန့်တွေရထားသလိုလို၊ သူက omegaလေ ဘာကိစ္စ alphaတွေအထက်ကနေချင်နေမှန်းမသိဘူး”

‘’ထန်ရှရှအဖြုတ်ခံရတယ်ပြောမှ အနုပညာရသဌာနရဲ့ ခေါင်းဆောင်အသစ်က ဘယ်သူတုန်း?”

‘’Grade 2 Class 1ကတစ်ယောက် ထင်တယ်၊ ငါသူ့နာမည်တော့ မေ့နေတယ်၊ ဒါမယ့် ဟိုတစ်ယောက်လေ နွဲ့နွဲ့နဲ့ alpha ကွာ”

‘’ချီး သူလား? မထူးပါဘူး၊ကျန်းကျောင့်ကျူးက ဘာတွေများဖြစ်နေတာလဲမသိဘူး၊မကောင်းတဲ့နှစ်ယောက်ကိုမှ ရွေးရတယ်လို့.....’’
.

*Bang!*

ဆိုဒါဘူးခွံလေးဟာ အမှိုက်ပုံးအပေါက်ကျဥ်းကျဥ်းလေးထဲကို ကွက်တိလေး‌ဝေ့ဝဲလို့၀င်သွားလေသည်။ ကျန့်ယောင်မှာ ခေါင်းလှည့်လာပြီး :
‘’ဘယ်လိုလဲ၊ ကောရဲ့ ပြည့်စုံတဲ့ပစ်ချက်လေး၊ မိုက်တယ်မလား?’’

ရင်းချဲယ်မှာမူ အသက်မပါသည့်အမူရာနှင့် ပြန်ဖြေလာသည် :
‘’မင်းပစ်လိုက်တာ အမှိုက်စိုပုံးကြီး”
(T/n : အမှိုက်က စာရွက်၊ ဘူးခွံ၊ စားစရာအကျန်အကြွင်းအစိုတွေ၊ စသဖြင့် ပုံးခွဲထားတာကိုပြောတာပါ)

ကျန့်ယောင် : ‘’?!”

ခေါက်ဆွဲအမှိုက်တွေ မုန့်အမှိုက်တွေကြားကနေ ဘူးခွံလေးကို ပြန်ကောက်လာပြီးနောက်တော့ ကျန့်ယောင်တစ်ယောက် ချက်ချင်းလက်သွားဆေးလေတော့သည်။ ဆေးပြီးပြန်အလာမှာလည်း လက်ကိုအခြောက်ခံမလာပဲ ရေစက်တွေနှင့် ထိုင်ခုံဖော်လေးရဲ့ မျက်နှာကိုတောက်ရင်း မေးသည်။
‘’ခံစားလို့ကောင်းတယ်ဟုတ်၊ အေးလား မအေးဘူးလား?”

သိပ်မကြာပေ၊ သူဟာ ကော်ရစ်တာတစ်ဖက်စွန်းကနေတခြားတစ်ဖက်ဆီထိ ရင်းချဲယ်ဆီက အကန်ခံလိုက်ရလေသည်။

‘’ဟိုဟာ မင်းအကိုမလား?”
Class 3ထဲမှ ကျောင်းသားတစ်ယောက်က အပြင်ကော်ရစ်တာမှာဖြတ်သွားသည့် သူတို့နှစ်ယောက်ကို မြင်တော့ပြောလာသည်။
‘’ရင်းဇယ်၊ သူ ကန်နေတဲ့သူကဘယ်သူလဲ? ငါတော့ သူ့ကို အရင်က မတွေ့ဖူးဘူးလားလို့”

*ဘမ်း!*
ရင်းဇယ်သည် ဘောပင်ကို ပစ်ချလိုက်ကာ မှုန်သုန်နေသည့်မျက်နှာထားနှင့် ထသွားတော့သည်။
‘’သူ့ဟာသူ ကန်ချင်တဲ့သူ ကန်လိမ့်မယ်ပေါ့၊ ငါ့သောက် လုပ်လား”

‘’........’’

ရသအနုပညာဌာန၏ခေါင်းဆောင်နေရာမှာ ဟန်မုန့်ဖြစ်ကြောင်းကြေငြာအပြီးမှာတော့ သူဟာ group chatထဲမှာ ချက်ချင်းစာပို့လာသေးသည်။  
‘’ဟောဒီကဒယ်ဒီ့ရဲ့ လက်တွေနဲ့ နောက်ဆုံးတော့ အောင်နိုင်ခဲ့ပြီကွ!”နောက်မှာလည်း အသဲပုံနဲ့ကြယ်ပွင့် emojiပေါင်း သောင်းခြောက်ထောင်နဲ့။ ချန်ရင်းရင်းကလည်း မျက်လုံးလှန် emojiနဲ့ အကြောင်းပြန်လာတယ်။
‘’ပန်းထိုးတဲ့လက်တွေနဲ့များ”

ဌာနခေါင်းဆောင်ဟန်မှာ ရာထူးအသစ်လေးနှင့် ကြည်နူးပီတိဂွမ်းဆီထိနေလေသည်။ သူ့ရဲ့လက်ကြီးကြီးနဲ့ မုန့်ကောင်တာက ရေခဲသေတ္တာကို ဟိတ်ဟန်အပြည့်နဲ့ တစ်ချက်ဆွဲဖွင့်လိုက်လို့ Class 1 ကျောင်းသားတွေအားလုံးကို ရေခဲမုန့်ကျွေးတော့သည်။

ကျန်းခဲ့မှာလည်း ချောကလက်ရေခဲမုန့်ကို တစ်ကိုက်ကိုက်ကာ မြိုမချသေးပဲ ပြောလာသည်။
‘’လောင်ဟန်ကတော့ သောက်ရမ်းမိုက်တာပဲဟေ! ငါတို့အတန်းမော်နီတာကိုတောင် အရှက်ရသွားစေတာပဲ!”

သူ့သွားတွေမှာ ချောကလက်တွေနဲ့ မဲပေနေပြီး အရူးကျနေတာပဲ။

ချန်ရင်းရင်းမှာ သည်းမခံနိုင်ပဲ တည့်တည့်စိုက်ကြည့်ကာ :
‘’နင်အစားအရင်စားပြီးမှ ပြောလို့မရဘူးလား....ဟေ့ မျိုးရိုးဟန်..ငါ့ကိုကျ ဘာလို့တစ်ခုမပေးတာလဲ?”

ဟန်မုန့်မှာ ရေခဲမုန့်ဝေလို့ပြီးတော့ အထုပ်ကြီးကြီးတစ်ထုပ်ပိုက်လာကာ ချန်ရင်းရင်းဘေးသို့လျှောက်လာသည်။ အိတ်ထဲက နောက်ဆုံးကျန်သည့်အရာကိုထုတ်ကာ သူမခုံပေါ်ပစ်တင်ပေးလိုက်သည်။
‘’သခင်မအတန်းမော်နီတာကို ဘယ်လိုလုပ်မေ့ရမှာလဲဗျာ၊ ဒီကျွန်တော်မျိုးကြီး ဒီလိုအနေအထားမျိုးရောက်လာတာ သခင်မရဲ့လေ့ကျင်ပေးမှုကြောင့်ပါပဲ၊ အဲ့ဒါကြောင့် ကျွန်တော်မျိုးက သခင်မရဲ့ကျေးဇူးကို အသိမှတ်ပြုတဲ့အနေနဲ့ ကန်တင်းက စျေးအကြီးဆုံး ကွတ်ကီးဘူးကို ၀ယ်လာပါကြောင်း”

ချန်ရင်းရင်းက ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့
‘’ဟန်ကုန်းကုန်းက အတော်လေး တွေးခေါ်တတ်တာပဲ၊ ‌ရှောင်ခဲ့ သူ့ကိုနည်းနည်း အတူယူစမ်း”

လက်ထဲက ရေခဲမုန့်မှာ မချိုတော့သလို ကျန်းခဲ့ ရုတ်တရက်ခံစားလိုက်ရသည်။
‘’f*ck,အဲ့ကွတ်ကီးက ယွမ်ငါးဆယ်ကျော်တယ်ဟ! ငါလည်းစားချင်တယ်လေ!”

ဟန်မုန့်ကမူ ပြုံးပြုံးလေးနှင့် :
‘’ချီးကိုပဲ စားလိုက်”

ကျန့်ယောင် ရတာကတော့ စတော်ဘယ်ရီရေခဲမုန့်၊ ဘေးခုံကို ကြည့်လိုက်တော့ သူ့ဟာက သစ်ခွ။

‘’ငါတို့လဲကြရအောင်? စတော်ဘယ်ရီရေခဲမုန့်စားရတာ သိပ် alphaမဆန်ဘူး”

‘ယုန်ဘီးကုပ်တပ်တုန်းကကျ ဘာလို့ ဒီလိုစကားမျိုးမပြောလဲ’လို့သာ ရင်းချဲယ်ပြောလိုက်ချင်သည်။ သို့သော်လည်း ခုလောလောဆယ်တော့ သူ့မှာအင်အားမရှိသေးပေ။ ခုံပေါ်မှောက်ထားရင်း ၀မ်းဗိုက်ကို ဆုပ်ကိုင်ထားသည်။
‘’ယူလိုက်၊ ငါမစားဘူး”

ကျန့်ယောင်က ငုံ့ကိုင်းလာကာ :
‘’ဘာဖြစ်လို့လဲ? မနက်တုန်းက အတန်းမော်နီတာရဲ့ ရာသီဗိုက်အောင့်တာက မင်းဆီကူးသွားတာလား?”

ရင်းချဲယ်မှာ တစ်ဖက်သို့လှည့်လိုက်တော့ ဆံနွယ်တချို့မှာ နဖူးပေါ်တွင် ကပ်တွယ်နေလေသည်။
‘’ထွက်သွားစမ်း၊ အဲ့လိုမဟုတ်ဘူး၊ မင်းကြောင့်’’

‘’ငါဘာလုပ်လို့လဲ?’’

‘’အစာစားပြီးပြီးချင်း မင်းကို ကန်လိုက်ရလို့ ပင်ပန်းသွားတာ”   

‘’ .....’’
ကျန့်ယောင်မှာ ရင်းချဲယ်၏ ဆံပင်လေးတွေကိုသပ်ပေးချင်စိတ်ပေါက်သည်၊ သို့ပေမယ့်လည်း အဲ့လိုသာလုပ်လိုက်ရင် ချက်ချင်းကြမ်းပြင်ပေါ်အကန်ခံရနိုင်သည်မို့ ပြောသာပြောလိုက်သည်။
‘’ဟုတ်ပါပြီ၊ ငါ့အမှားဆိုမှတော့ ငါမင်းအတွက် ရေ‌နွေးသွားယူပေးမယ်”

ကျန့်ယောင်က ရေနွေးဘူးကို ကောက်ကိုင်ကာ အနောက်တံခါးကနေ ထွက်သွားတော့တယ်။

ရင်းချဲယ်မှာ လန့်ဖြန့်သွားကာ ‌ရေဘူးကိုပြန်ယူမယ်လို့ တွေးလိုက်သည်။ သူ့ပစ္စည်းတွေကို ဘယ်တုန်းကမှ alphaတွေကို ထိခွင့်မပေးခဲ့ဘူးလေ။

သို့သော်လည်း သူ့ရေဘူးကို ကျန့်ယောင်ရဲ့လက်လှလှလေးတွေနဲ့ကိုင်သွားပုံမှာ ကြည့်လို့ကောင်းလှသည်။ သူ့စိတ်ထဲ ထိုအတွေးကို ခါထုတ်ပြီးချိန်မှာတော့ ရေဘူးကယူသွားနှင့်ပြီ။

.....ထားလိုက်ပါတော့၊ မထူးလဲ ကျန့်ယောင်က သူ့ပစ္စည်းတွေအများကြီး ထိဖူးနေပြီပဲ။ သူ့ဘောပင်‌တွေ၊ လက်မှုပညာတွေ၊ အခန်းထဲကထိုင်ခုံ စာရေးခုံ။

သူ့ရဲ့ ဆံပင်နဲ့ ပါးတောင်ပါသေးတယ်။

စစချင်းတုန်းက သူ့မျက်နှာကို တို့ထိခဲ့တုန်းကက လွဲရင်ကျန်တာတွေမှာ.......သူကိုယ်တိုင်ရဲ့ အလိုလိုခွင့်ပြုလက်ခံမှုဖြစ်မည်ထင်သည်။
.

အထပ်တိုင်းရဲ့လှေကားထိပ်မှာ သောက်ရေစင်တွေရှိလေသည်။ ဝေးလှမ်းသည့် စာသင်ခန်းက ကျောင်းသားတွေကတော့ အတန်းချိန်တိုင်းရေလာမခပ်ချင်တာကြောင့် ညနေတစ်ပိုင်းလုံးစာအတွက်ကို နေ့လည်စာနားချိန်များမှာ ရေဘူးအပြည့်ဖြည့်ထားလေ့ရှိကြသည်။

ရင်းချဲယ်ရေဘူးမှာ အတော်လေးကြီးသည်။ သူ့ဟာမှာ အပူခံဘူးဖြစ်ကာ အပြင်ကထိတွေ့ရုံနှင့်အပူချိန်ကို စမ်းမရသည်ကြောင့် ကျန့်ယောင်မှာ ပါးစပ်မလောင်စေရန် အပူတစ်လှည့် အ‌အေးတစ်လှည့်ထည့်ကြည့်လိုက်သည်။

ကောင်စုတ်လေးက သူများကိုကန်ရမယ်ဆိုရင်တော့ ကြမ်းတမ်းတက်ကြွနေတဲ့ကျားတစ်ကောင်လိုပဲ၊ သို့ပေသည့် အမှန်တော့ သူက စက္ကူကျားတစ်ကောင်သာ(T/n : အင်အားကြီးချင်ယောင်ဆောင်)။ ခြေလှမ်းနည်းနည်းလေးပြေးရတာလေးနဲ့တောင် ဗိုက်နာသွားသည်တဲ့လေ။ ဒါကိုများ အပြင်းအထန်လှုပ်ရှားလိုက်ရတယ်ဆိုနေသေး......ကျန့်ယောင်မှာ တွေးကြည့်ရုံနှင့်ပင် ရယ်ချင်နေလေပြီ။

ဟုတ်တာပဲ သူက betaလေးတစ်ယောက်ပဲကို, တိုက်ရည်ခိုက်ရည်ဘယ်ရှိမှာလဲ

သူအပူချိန်ကို ချိန်ဆနေတုန်း ဘေးနားမှာ လူတစ်ယောက်ရောက်လာသည်၊ သို့သော် ထိုသူမှာ ရေမဖြည့်ပဲ သူ့လက်ထဲက ဘူးကိုသာ မမှိတ်မသုန်စိုက်ကြည့်နေလေသည်။

‘’ ငါ့ကောရဲ့ရေဘူးကို မင်းဘာလုပ်တာလဲ? မင်းကို ကိုင်ခွင့်‌ပေးလို့လား?”

ဒီလို မောက်မာသည့်လေသံကို ကြားလိုက်ကတည်းက ကျန့်ယောင်အနေနဲ့ ဘယ်သူဘယ်ဝါသိဖို့ ခေါင်းမော့ကြည့်နေစရာမလိုတော့ပေ။
‘’ငါက မင်းကောအတွက် ရေဖြည့်ပေးနေတာ၊ သူနေမကောင်းလို့”

‘’ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ပိတ်ရက်အိမ်မှာတုန်းကတောင် ကောင်းနေသေးတာ”

‘’သူက သူ့တိတိကြောင့် စိတ်ဆိုးနေတာ၊ သူ့ကောကောနေမကောင်းဘူးဆိုတာကြားပြီးတာတောင် အရင်ဆုံးတုံ့ပြန်တာက စိတ်ပူတာမဟုတ်ပဲ မေးခွန်းတွေပြန်ထုတ်နေတာလေ၊ ငါတောင် ဒေါသထွက်ချင်လာသလိုပဲ”

‘’....’’
ရင်းဇယ်မှာ မတုံးအ,ပါပေ။
‘’မလှိမ့်တပတ်နဲ့ ငါကိုလာမဆူနဲ့နော်၊ တစ်လနှစ်‌လလောက်လေး င့ါကောရဲ့ထိုင်ခုံဖော်ဖြစ်လာရုံနဲ့ ကောကိုနားလည်သွားပြီလို့ ထင်နေတာလား? သူက အရေထူတယ် အဲ့တော့ ငါဘာပြောပြော သူ့စိတ်ထဲထားမှာမဟုတ်ဘူး၊ မင်းလို သူစိမ်းတွေရှေ့မှာသာ သူ့ကိုသနားသွားအောင် ဟန်လုပ်ပြနေတာ”

ကျန့်ယောင်မှာ ဒီလိုအဆိုးအသွမ်းကောင်လေးနဲ့ စကားများပြီးအချိန်ဖြုန်းနေဖို့မလိုဘူးထင်တာကြောင့် အေးစက်စက် တုံ့ပြန်လိုက်တယ်။
‘’ငါကိုက သူ့ကိုသနားချင်နေတယ်ဆိုရင်ရော၊ မင်းက ဘာလုပ်မှာလဲ?”

‘’မင်းက ဘယ်သူ့ကိုသနားချင်တာလဲ?”

သူတို့နှစ်ယောက်နောက်မှ နောက်ထပ်အသံတစ်သံ ထွက်‌ပေါ်လာကာ၊ ရေဘူးကိုယ်စီကိုင်ထားကြတဲ့ alphaနှစ်ဦးရဲ့ လက်တွေမှာ ဆတ်ခနဲ တုန်ရီသွားလေတယ်။

ရင်းချဲယ်က သူတို့နှစ်ယောက်နောက်မှာရပ်လို့ ကျန့်ယောင်ကို ကြည့်တယ်။
‘’ဘယ်သူက မင်းဆီက အသနားခံချင်လို့လဲ?”

သူ့မျက်၀န်းတွေထဲကဒီလိုအကြည့်မျိုးကို ကျန့်ယောင် မြင်ဖူးတာ ပထမဆုံးဖြစ်မည်ထင်သည်၊ မှားလို့၊ စာသင်နှစ်ပထမဆုံးရက်တုန်းကလည်း ဒီလို အကြည့်မျိုးသူမြင်ခဲ့ဖူးသည်။ ရင်းချဲယ်သူ့ကို ကြမ်းပြင်ပေါ်ကန်ချလိုက်တုန်းကလည်း သူ့မျက်၀န်းတွေထဲမှာ ခုလို အကြည့်မျိုး။

ဒေါသ စူးရှမှု သတိတရားနဲ့အတူ အရင်တစ်ခေါက်ကမမြင်ရတဲ့ စိတ်ပျက်မှုအနည်းငယ်နဲ့အတူ။

ဘာကြောင့်ရယ်မသိ၊ ဒီလို စိတ်ပျက်မှုအရိပ်ယောင်ရေးရေးမှာ ကျန့်ယောင်ရဲ့နှလုံးသားကို အပ်နှင့်ထိုးစွနေသည့်နှယ်၊ သူ့ကို ဆိုးဆိုးရွားရွားနာကျင်စေသည်။

ရင်းချဲယ်ရဲ့ရင်ထဲမှာ အမျိုးအမည်မသိသည့် အကြောင်းအရင်းတစ်ချို့ကြောင့် ဒေါသက ပေါက်ကွဲလာတော့သည်၊။
‘’ငါမင်းကိုရေဖြည့်ပေးဖို့ပြောခဲ့လို့လား? မင်းဆီက သနားမှုကို တောင်းခံခဲ့လို့လား?”

သူ ကျန့်ယောင်လက်ထဲက ရေဘူးကို ပြန်လုယူလိုက်သည်၊ အကြမ်းပတမ်းလုယူမှုကြောင့် ဖြည့်ထားသည့်ရေတွေမှာ ဖိတ်စင်ကုန်ကာ စိုကုန်တော့သည်။
.

ညနေပိုင်းအတန်းရဲ့ နောက်ဆုံးချိန်တွင်တော့ ကောင်းကင်မှမိုးသားများ ရွာသွန်းချလာတော့သည်။

သည်းသည်းမည်းမည်းရွာသည်တော့မဟုတ်ပေ။ စာသင်ဆောင် ပြင်ပမှ Chinese parasolပင်အရွက်များမှာ ပဲစေ့အရွယ်မိုးစက်များရဲ့ ရိုက်ခတ်မှုကြောင့် ကြွေကျမှုနှင်အတူ ဤဆောင်းဦးတွင်တော့ ဆက်လက်ရှင်သန်ခွင့်မရှိကြတော့ရာ၊ နောက်တစ်နှစ်အပင်ပေါက်တို့အတွက် ကိုယ့်ကိုယ့်ကို မြေသြစာအဖြစ် စတေး‌နေကြလေသည်။

သင်္ချာဆရာကား ကျောက်သင်ပုန်းပေါ်တွင် ဂျီသြမေတြိဆိုင်ရာပုစ္ဆာများကို ရှင်းပြနေပြီး သူ့နောက်မှ ကျောင်းသားများမှတော့ စိုးရိမ်ကြောင့်ကြနေသည့် အမူအရာများဆင်မြန်းလို့။ ထီးမပါပဲ အိမ်ဘယ်လိုပြန်ရမလဲ ပူပန်နေတာဖြစ်နိုင်သလို၊ ဝရံတာမှာ လှန်းထားတဲ့ အ၀တ်တွေအကြောင်း ပူပန်နေတာလည်းဖြစ်နိုင်သကဲ့သို့၊ သင်္ချာဆရာရေးပြနေတာတွေကို နားမလည်နိုင်လို့လည်း ဖြစ်နိုင်တယ်။

ရင်းချဲယ်၏စာရေးခုံပေါ်တွင်တော့ စာရွက်ပုံလေးတစ်ပုံ ရောက်လို့နေပြန်ပြီ။

ကျန့်ယောင်ကား noteလေးတွေကို ဇွဲမလျော့တမ်းကြိုးစားပမ်းစားရေးလို့ သူ့ခုံပေါ်ပစ်ပေးရင်း စာသင်ချိန်တစ်ချိန်လုံး ကုန်လုနီးနီးဖြစ်နေသော်လည်း အခုထိသူ့အခြေအနေသူ နည်းနည်းမှ မသိသေး။

ရင်းချဲယ် ဖွင့်ဖတ်လိုက်တိုင်း စာလုံးတွေမှာ အကုန်ရှုပ်ယှက်ခတ်နေမှတော့ သူ့အနေနဲ့ ဘေးကိုပစ်ထုတ်ပစ်တာက ဖြစ်သင့်တာပဲမဟုတ်လား?

တချို့တချို့အကြောင်းရင်းများကြောင့်လည်း သူဖွင့်မဖတ်ချင်ပါ။

နေ့လည်က ထိုအချိန်တုန်းက သူအရမ်းရူးရူးမိုက်မိုက်လုပ်ခဲ့တာကြောင့် အခုသူမျက်နှာချင်းမဆိုင်ချင်သေးပေ။

ကျန့်ယောင်နဲ့တွေ့ပြီးနောက်ပိုင်းမှ သူပိုပိုပြီးလွတ်လာသလိုပဲ။ ပေါတောတောကိစ္စသေးသေးလေးတွေကအစ ဟက်ဟက်ပက်ပက်အော်ရယ်မိပြီး မဟုတ်တဲ့ကိစ္စလေးတွေကိုလည်း ဒေါသထွက်နေမိတယ်။

ကျန့်ယောင်ဆီက ရူးကြောင်ကြောင်တွေကူးစပ်ကုန်တာပဲဖြစ်မယ်။

‘’ရှူး!’’
အရူးကြီးတစ်ကောင်မှာတော့ သူ့ဆီကအာရုံစိုက်မှုရဖို့ မဆုတ်မနစ်ကြိုးစားအချက်ပြနေရှာပါတယ်။

ရင်းချဲယ်၏ ဘောပင်လေးမှာ ရပ်တန့်သွားသည်၊ နည်းနည်းလေးပါ၊ သူ့နှလုံးသားလေးဟာ ဒီလို မဆုတ်မနစ်ဇွဲလုံ့လမျိုးကို နည်းနည်းလေး ကျေနပ်မိသွားတယ်၊ နည်းနည်းလေးနော်။

ထားလိုက်ပါတော့၊ ပြဿနာကြီးမှမဟုတ်တာ၊ သူ့ကို အခွင့်ရေးတစ်ခါလောက် ပေးလိုက်ကြတာပေါ့

ရင်းချဲယ်ခေါင်းကို အသာယာစောင်းလိုက်ပြီး ဘေးခုံက အတန်းဖော်လေးကို သနားမိတဲ့အကြည့်လေးတစ်ချက်စွန့်ကျဲလိုက်တယ်။

ကျန့်ယောင်မှာ တောက်ပစွာပြုံးရွှင်လာကာ စိတ်လှုပ်တရှားနဲ့ သူ့စာအုပ်ရဲ့ပုံဆွဲထားတဲ့စာမျက်နှာတစ်ခုကို သူမြင်ရအောင် ပြလာသည်။

ကျန့်ယောင်မှာ သူရေးသားသည့် ကမ္ဘာ့အဆိုးရွားဆုံးလက်ရေးစာလုံးများမှာ သူ့ရဲ့ အေးတိအေးစက်ထိုင်ခုံဖော်လေးကို ရင်ခုန်အောင်မလုပ်နိုင်ကြောင်း နောက်ဆုံးတော့ သိသွားပုံရသည်။ ထို့ကြောင့်ပဲ သူ့ရဲ့ ချဥ်းကပ်ပုံကိုပြောင်းလိုက်ပြီး ကမ္ဘာ့ရုပ်အဆိုးဆုံး ပုံလေးကိုဆွဲလေသည် - ဗြောင်စာရွက်ပေါ်မှာ မှင်နက်နဲ့ ဆွဲထားတဲ့ တုတ်ချောင်းလူသားလေးနှစ်ယောက်၊ လက်ကလည်းတွဲထားသေးကာ တုတ်ချောင်းလူသားလေးတစ်ယောက်မှာ ‘’ချဲယ်’’ဟု အမည်ထိုးထားပြီး နောက်တစ်ခုမှာ ‘’ယောင်’’တဲ့--ရင်းချဲယ်မှာ စာလုံးလေးကို ဖတ်တတ်တယ်ဆိုရုံလေးသာ။

တုတ်ချောင်းလူသားနှစ်ယောက်အထက်မှာမှ ဘောပင်နီလေးသုံးကာ၊ အနီရောင်တောက်တောက်လေးနဲ့၊ တောက်ပနေတဲ့ အရောင်ရွှင်ရွှင်အသဲပုံလေးဆွဲထားလေသည်။

သူဘယ်လိုပဲကြည့်ကြည့် ထိုအရာမှာ
‘ချဲယ် love ယောင်’တဲ့

‘’.......’’
ကျန့်ယောင်အတွက် ‘အရူးကြီး’ဆိုတဲ့ အသုံးနှုန်းသုံးရခြင်းက သူ့ကိုအထင်သေးရာကျသွားတာပဲ၊ အမှန်တော့ သူက 24ကာရက်အရူးစစ်စစ်ယောက်ပင်။

‘’ရင်ခုန်စရာပန်းချီလက်ရာ‌လေးမလား၊ ဟုတ်တယ်ဟုတ်?”
အရူးစစ်စစ်ကြီးမှာ သူ့ဟာသူတစ်ယောက်တည်းရင်ခုန်နေလေသည်။
‘’ကောစကားမှားသွားတယ်ဆိုတာ ကောသိပါတယ်၊ ကောတောင်းပန်ပါတယ်နော် စိတ်မဆိုးနဲ့၊ ညီကိုကောင်းလေး ~ငါပြောတာနားထောင် လက်ချင်းတွဲလို့ ငါနဲ့အတူလျှောက်လှမ်းပြီး ပျော်ရွှင်ဖွယ်ဘ၀လေးအတူ‌ဖန်တီးကြရအောင် ooh~
(T/n : David taoနဲ့ Jolin Tsaiရဲ့ Merry me todayသီချင်းဆိုနေတာပါ၊ နားထောင်ကြည့်ပါ ကောင်းပါတယ်)

.....စကားပြောနေရင်း သီချင်း‌ထဆိုနေတာပဲ

ဒီသောက်ရူးက သီချင်းနာမည်တောင် သိရဲ့လား?

ရင်းချဲယ်မှာ ထိုစာရွက်ကို ဖြဲဖို့လက်လှမ်းလိုက်သည်၊ တခြားသူတွေ တွေ့ကုန်ရင်တော့ ခက်တော့တာပါပဲ။

‘’ဘာလုပ်တာလဲ? ဒီပုံက ငါတို့သူငယ်ချင်းနှစ်‌ယောက်ရဲ့  friendshipသင်္ကေတလေ!”
ကျန့်ယောင် စာအုပ်ကိုအမြန်ပြန်ဆွဲယူလိုက်ရာ သူ့လှုပ်ရှားမှုမှာ သိသာသွားလေသည်။

‘’ဟိုနောက်ဆုံးတန်းကနှစ်ယောက်!အဲ့ဒါ ဘာလုပ်နေကြတာ!’’
သင်္ချာဆရာမ ချန်းရှုမေက အော်တော့သည်။ အခန်းထဲက ကျောင်းသားအားလုံးကလည်း လှည့်ကြည့်လာကြ၏။

ကျန့်ယောင်ရဲ့လက်ကား စာအုပ်ကိုင်ထားရင်း လေထဲမှာတန်းလန်း၊ ရင်းချဲယ်ကမူ စာအုပ်ကိုအစွမ်းကုန် လုယူနေရာ သူ့အပေါ်မှာ ကုန်းတုန်းကွတ။

‘’......’’

‘’......’’

အတန်းဖော်တွေအားလုံးရဲ့မျက်နှာမှာ တစ်ပုံစံတည်းပြုံးစိစိတွေ။ သို့သော်လည်း တစ်ဖက်လူမှာ ရင်းချဲယ်ဖြစ်နေသည်ကြောင့် အပြုံးကို အတင်းဖုံးဖိဖို့ကြိုးစားရာမှ သူတို့အမူအရာကြီးတွေမှာ ထူးဆန်းနေလေတယ်။

ကျန့်ယောင် : ‘’မင်းတို့ ထင်နေသလိုမဟုတ်ဘူးနော်”

အတန်းဖော်များရဲ့ မျက်နှာမှာ ပို့လို့ပင်ထူးဆန်းသွားချေသည်။

ချန်းရှုမေသည် စင်မြင့်ပေါ်မှ ဆင်းလာကာ လက်ထဲမှမြေဖြူချောင်းနှင့် ကျန့်ယောင်မျက်ခုံးကြားနေရာကိုထုလိုက်သည်။
‘’ဘာမဟုတ်တာလဲ? လောင်ရှီးက စာကိုအာပေါက်မတတ်ရှင်းပြနေတာကို မင်းကနားမထောင်ချင်ပဲ ဆူဆူပူပူ ရန်ဖြစ်နေတယ်၊ ငါ့ကို ကန်းနေတယ်လို့ ထင်နေတာလား? ဘယ်လောက်တောင် စိတ်၀င်စားစရာကောင်းလို့လဲ အားလုံးကိုတစ်ချက်လောက် ပြကြည့်လိုက်ရင်ရော”

ကျန့်ယောင်က စာအုပ်ကိုပိတ်လိုက်ပြီး :
‘’မဟုတ်ဘူး၊ လောင်ရှီး”

‘’ပြန်ပြောနေတုန်းပဲလား?”
ချန်းရှုမေမှာ သူမကို ပြန်အာခံတာတွေကို သဘောမကျတာကြောင့် လက်ညှိုးထိုးညွှန်လိုက်ပြီး
‘’အပြင်မှာသွားရပ် !အတန်းပြီးတဲ့အထိ ငါမပြောမချင်းရပ်နေ!’’

ကျန့်ယောင်မှာ နာနာခံခံနဲ့ အမိန့်ကိုလိုက်နာပြီး စာအုပ်ကိုကောက်ကိုင်ကာ အနောက်တံခါးကတစ်ဆင့်ထွက်သွားတော့သည်။ တိတ်ဆိတ်ငြိမ်ကုပ်တဲ့ ရင်းချဲယ်လေးကတော့ ဘောပင်ကိုင်လို့ ကျောက်သင်ပုန်းပေါ်က စာတွေကိုဆက်ကူးနေသည်။ သူခေါင်း‌မော့လိုက်တော့ သင်္ချာဆရာက သူ့ကိုတည့်တည့်စိုက်ကြည့်နေတာ တွေ့လိုက်ရသည်။
‘’မင်းရောပဲ၊ ထွက်စမ်း! စာရေးချင်ယောင်ဆောင်မနေနဲ့” 

‘’.......’’

ထို့ကြောင့် နောက်ဆုံးတွင်တော့ Class 1 စာသင်ခန်း၏အပြင်ဘက်မှာ နှစ်ယောက်သားမတ်တပ်ရပ်နေကြရတော့သည်။

ကျန့်ယောင် : ‘’ဒီလိုသစ္စာရှိမှုနဲ့ စတေးမှုမျိုး၊ ငါ့ရဲ့ညီကိုကောင်းလို့ ခေါ်ထိုက်ပါပေတယ်ကွာ!”

‘’ထွက်သွားစမ်း’’
ရင်းချဲယ်မှာ စိတ်ပျက်ညီးငွေ့လှပြီ။
‘’နောက်တစ်ခါ သေချင်ရင်မင်းဟာမင်းသေ၊ ငါ့ကိုပါ ဆွဲမချနဲ့၊ သင်္ချာဆရာမကမှ ငါ့ကိုအစကတည်းက ငါ့ကိုသဘောမကျပါဘူးဆို”

‘’ဟာ? ဘာလို့လဲ၊ မင်းသင်္ချာအမှတ်တွေက ကောင်းနေတာပဲ မဟုတ်ဘူးလား?”

‘’အခန်းထဲမှာ ရန်းရီလဲ့သင်္ချာအမှတ်က အကောင်းဆုံးပဲ၊ ဒါမယ့် သူ့ကိုတောင် အတန်းကိုယ်စားပြုမဖြစ်ထိုက်ဘူးလို့ သူမကပြောနေသေးတာပဲမလား?”
ရင်းချဲယ်က နံရံကိုမှီထားသည်။ နောက်ကျောက အေးနေပြီး မျက်စိရှေ့တွင်ကား ခင်ဖွဲဖွဲမိုးသားကန်လန်ကာ
‘’omega နဲ့ bet‌aတွေအနေနဲ့လည်း လွယ်ကူတယ်များထင်နေလား? လူတွေရဲ့ မျက်လုံးထဲမှာomegaဆို အားနည်းတယ် betaဆို သာမညောင်ညပဲ” 

‘’alphaဖြစ်ရတာရော လွယ်တယ်ထင်လို့လား?”
ကျန့်ယောင် ပြောသည်။
‘’ဟန်မုန့်ကိုပဲကြည့်၊ လောင်ရှီးကိုယ်တိုင်က သူ့ကို ဌာနခေါင်းဆောင်အဖြစ်ရွေးချယ်ထားတာတောင် လူတွေက သူ့အရည်အချင်းပေါ်မေးခွန်းထုတ်နေကြသေးတယ်၊ ငါတို့ alphaတွေမှာလည်း အခက်ခဲတွေအများကြီးပါ၊ alphaတစ်ယောက်နဲ့အပြည့်အဝမတူရင်၊ pheromoneတွေက အားမပြင်းရင် ငါတို့လည်း အထင်သေးခံရတယ်၊ သူ့အလိုလိုဖြစ်လာတဲ့အရာတွေကို ဘယ်လိုလုပ်ငါတို့က တရားမမျှတရတာလဲ?’’

ရင်းချဲယ်နှုတ်ခမ်းတွေမှာကွေးညွတ်သွားကာ
‘’ဟုတ်တယ်၊ ဘယ်သူကမှ လွယ်ကူမနေဘူး၊ လောကကြီးမှာ အသက်ရှင်ဖို့ကိုက မလွယ်ကူတာ”
ဤစကားတွင်ကား မချိတင်ကဲနောင်တအရိပ်ယောင်တချို့ထင်ဟပ်နေသည်။ ကျန့်ယောင်ထင်လိုက်သည် - အတန်းဖော်လေးက ဘ၀အကြောင်းပြောချင်နေသည်လို့ပေါ့၊ ထို့ကြောင့် သူလည်း နံရံကိုမှီလိုက်ပြီး မှိုင်းညို့နေသည့်ကောင်းကင်ဆီကို ၄၅ဒီဂရီစောင်းကြည့်လိုက်ကာ :
‘’ကမ္ဘာမြေကြီးပေါ်က ငါတို့အချိန်တွေက ဒီကောင်းကင်ကြီးလိုပဲ၊ တခါတရံ တိမ်မည်းတွေနဲ့ဖုံးကွယ်ခံရပေမယ့် ကြိုးစားသရွေ့စိတ်ကောင်းထားသရွေ့ တိမ်ဆိုင်မည်းတွေကိုတစ်လွှာပြီးတစ်လွှာ သေချာပေါက်ထိုးဖောက်ပြီး ထွန်းလင်းနိုင်ရမယ်လို့ ငါအခိုင်အမာယုံကြတယ်၊ ရင်းရှောင်ချဲယ်ရေ! ကျားယို့!”

‘’.....’’
.

အတန်းဆင်းခေါင်းလောင်းတီးတီးချင်းပဲ လွယ်အိတ်ပြင်ပြီးတဲ့ကျောင်းသားတွေဟာ စာသင်ခန်းကိုယ်စီ အနောက်တံခါးများမှ မြင်းရိုင်းတွေအလား ဒုန်းဆိုင်းထွက်လာကြတော့သည်။

ချန်းရှုမေမှာ တံခါးအပြင်ကစည်းကမ်းပျက်သည့်ကျောင်းသားနှစ်ယောက်က ရုတ်ရုတ်သဲသဲအချိန်ကို အခွင့်ကောင်းယူပြီး ထွက်ပြေးသွားမည်စိုးတာကြောင့် သင်ခန်းစာကို အချိန်မဆွဲတော့ပဲ အပြင်ကအခြေအနေကိုထွက်ကြည့်‌တော့သည်။

နှစ်ယောက်လုံးရှိသေးသည်၊ သို့သော်.....သူတို့ပုံစံတွေက ခုလေးကအတန်းထဲကအတိုင်းပြန်ဖြစ်နေသည်။

ကျန့်ယောင်က စာအုပ်ကိုမြှောက်ကိုင်ထားကာ :
‘’မင်းက ငါ့ကိုကန်မလို့လား? ကောင်စုတ်လေး ငါ့မှာလည်း ဒေါသမရှိဘူးများထင်နေလား? ငါ့ကိုနောက်တစ်ခါရန်ထပ်စလို့ကတော့ ဒီစာရွက်ကိုတစ်ရာ့ရှစ်ရွက်လောက်ကူးပြီး မင်းအဆောင်တစ်ခန်းလုံးမှာ ပတ်ကပ်ထားလိုက်မှာ၊ ဒါမှ မင်းနဲ့ငါကညီအကိုကောင်းတွေဆိုတာ မြင်တိုင်းအမှတ်ရအောင်......’’

သူ့စကားတစ်၀က်တစ်ပြက်မှာတင် သူ့လက်ကလေးမှာ ဗလာချည်းဖြစ်သွားတယ်။

ကျန့်ယောင် ရင်ထဲ ဒိန်းခနဲ။ ခေါင်းကို ဖြည်းဖြည်းချင်းလှည့်လိုက်ချိန် - ချန်းရှုမေရဲ့ရက်စက်ကြမ်းကြုတ်လှတဲ့ မျက်နှာသေနဲ့ရင်ဆိုင်လိုက်ရတယ်။ သဲထိတ်ရင်ဖိုဇာတ်လမ်းတွေထဲက အတိုင်းပဲ။

‘’ညီအကိုကောင်း၊ ဒါလား?’’
ချန်းရှုမေမှာ စာရွက်ကို သူတို့မျက်စိရှေ့မှာတဲ့ *ဗျစ်*ဆိုတဲ့အသံနဲ့အတူ ရက်ရက်စက်စက် ဖြဲပစ်သည်။ ရင်းချဲယ်လည်းနောက်အနည်းငယ်ဆုတ်လိုက်၍ လက်တွဲထားသည့်တုတ်ချောင်းလူသားလေးနှစ်ယောက်သူ့ရှေ့မှာ ဝဲလာသည်ကိုကြည့်နေလိုက်သည်။

‘’လုပ်စမ်းပါ၊ ငါ့ရုံးခန်းကို ဒီပုံထဲကလို လက်ချင်းတွဲပြီးလိုက်ခဲ့၊ ကျန်တဲ့ဆရာတွေကိုလည်း မင်းတို့နှစ်ယောက်ဘယ်‌လောက် ညီအကိုကောင်းဆန်တယ်ဆိုတာ ပြလိုက်ပါဦး’’

‘’......’’’

‘’ဘာကြောင်ကြည့်နေတာလဲ? ခုနလေးတင် မင်းတို့တက်ကြွလက်ကြွနဲ့ဆော့နေသေးတာမလား? ခုမှရှက်သွားတာလား? မင်းတို့မှားမှန်းသိပြီလား?’’

ရင်းချဲယ်ကမူငြိမ်သက်နေကာမျက်မှောင်ကြတ်နှင့်  ‘လောင်ဇီက ဒီအရှုတ်ထုပ်တွေကို စိတ်မ၀င်စားဘူး’ဆိုသည့် အလား။ ကျန့်ယောင်ကမူ ဆရာမကိုကတောက်ကဆ ပြန်ပြောမိမည်စိုး၍ အမြန်ဖြေလိုက်သည်။
‘’ကျနော်တို့မှားမှန်းသိပါပြီ၊ လောင်ရှီးရယ် ကျနော် လောင်ရှီးနဲ့လိုက်ခဲ့ပါ့မယ်၊ ဒါမယ့် လက်တော့မကိုင်ပါရစေနဲ့၊ ရင်းချဲယ်က သူ့ကို တခြားသူတွေထိတာမကြိုက်လို့”

‘’အားယိုး ဒီကသခင်ကြီးက အဖိုးတန်လွန်းလို့ ထိလို့တောင်မရဘူးလား?”

ရင်းချဲယ်အမူအရာမှာ ပိုလို့ဆိုးသွားသည်။

ကျန့်ယောင်မှာ နေ့ခင်းက မတော်မလျော်ပြောမိလိုက်လို့ တစ်နေ့လည်ခင်းလုံး အဖက်မလုပ်ခံရသည်ကိုပြန်တွေးမိသည်။ သင်္ချာဆရာကသူ့ကို ဒီလိုခနဲ့တဲ့တဲ့ပြောနေတာ ကောင်စုတ်လေးက ဗုံးလိုထပေါက်ကွဲတော့မှာလား?

‘’အဲ့လိုမဟုတ်ပါဘူး၊လောင်ရှီး....’’
ကျန့်ယောင်က အတိုချုပ်လေးရှင်းပြမည်အပြု ရုတ်တရက် သူ့အင်္ကျီစလေးတစ်ဖက်မှာ အဆွဲခံရသလို ခံစားလိုက်ရတယ်။

ခေါင်းကိုစောင်းငဲ့ကြည့်လိုက်တော့ သူ့ရဲ့ကျောင်းယူနီဖောင်းအစွန်းကို ဖြူဖွေးတဲ့လက်ချောင်းသွယ်သွယ်လေးတွေနဲ့ ဆွဲထားတဲ့ထိုင်ခုံဖော်လေး။

‘’.......’’

လူရှုပ်တဲ့ကစားကွင်းထဲမှာ လမ်းပျောက်မှာကြောက်တဲ့ ကလေးတစ်ယောက်က မိဘတွေရဲ့အင်္ကျီကိုဆွဲထားသလို၊ သို့သော်လည်း တခြားကလေးတွေမြင်ပြီးလှောင်ပြောင်မှာလည်းကြောက်တာကြောင့် အဖျားသေးသေးလေးကိုပဲ တိတ်တိတ်လေးဆွဲကိုင်ထားသလိုလေး။

သောက်ရမ်း သောက်ရမ်းကြီးကို ချစ်ဖို့ကောင်းတာပဲကွာ

_______

The author has something to say ;

မုန်းနေရာကနေ အင်္ကျီစွန်းလေးချင်းထိ၊ ထိရာကနေ အင်္ကျီစလေးကိုကိုင်တဲ့၊ အပြောင်းအလဲကလည်းမြန်လိုက်တာနော်!

_______

special fan artနော် ခ်ခ်၊ ဒါတောင်အတော်ဆွဲယူထားရတာ၊

______

[Zawgyi]

က်န္းေက်ာင့္က်ဴးသည္ေတာ့ လုပ္ပုံလုပ္နည္းအတိုင္း လ်င္ျမန္တိက်စြာပင္ လုပ္ေဆာင္ေလသည္။ ရက္သတၱပတ္ၿပီးေနာက္မွာပဲ public notice board မွာ ထုတ္ျပန္စာတစ္ရြက္ခ်ိတ္တင္လာတယ္။

''လခြမ္း၊ ထန္ရွရွက အျပစ္ေပးခံရတာလား? ဘာျဖစ္တာလဲမသိဘူး"

ျဖတ္သြားျဖတ္လာေက်ာင္းသားေတြဟာ ပထမထပ္က notice boardနားမွာဝိုင္းအုံလာၾကသည္။ အျပစ္ေပးခံရသည့္ေနရာတြင္ တျခားတစ္စုံတစ္ေယာက္သာ ဆိုလၽွင္ေတာ့ သူတို႔ေတြ သိပ္အာ႐ုံစိုက္မိၾကလိမ့္မည္မဟုတ္၊ သို႔ေသာ္ထန္ရွရွဆိုသူမွာ အႏုအညာရသဌာနမွေခါင္းေဆာင္ျဖစ္ကာ ေက်ာင္းရဲ့စည္းကမ္းေတြထုံးတမ္းေတြအတြက္တာ၀န္ရွိသူလည္းျဖစ္ေလသည္။ ေက်ာင္းသားအေတာ္မ်ားမ်ားသူမကို သိၾကသည္ေၾကာင့္ အေၾကာင္းအရာကို စိတ္၀င္စားသူမွာမ်ားျပားလ်က္ရွိသည္။

ေန႔လည္စာအတန္းစဆင္းခ်ိန္ျဖစ္သည္။ ေန႔လည္စာစားအၿပီး စာ‌သင္ေဆာင္ဆီျပန္လာသည့္ ေက်ာင္းသားမ်ားက notice boardကိုျမင္ကာ ၾကည့္ၾက၊ ထိုသိတဲ့သူေတြကေန မသိေသးတဲ့သူေတြကို ထပ္ျဖန႔္ ထပ္ျဖန႔္ႏွင့္ သတင္းမွာပ်ံ႕ႏွံ့လ်က္။

‘’ေဟ့‌၊ ငါၾကားတာေတာ့ ဒါရန္းရီလဲ့ကိစၥနဲ႔ပက္သက္တယ္ဆိုပဲ၊ ရန္းရီလဲ့နဲ႔ အဲ့ဒီအယုတ္တမာေကာင္အေၾကာင္း ေကာလဟာလေတြျဖန္႔တာ သူမပဲတဲ့”

‘’အဲ့ဒါက ေကာလဟာလလား? ငါကတကယ္ႀကီးမွတ္ေနတာ......သူမကေရာ ဘာကိစၥဒီလိုမ်ိဳးလုပ္ရတာတုန္း? ရန္းရီလဲ့နဲ႔ျဖင့္ ဘာအျငႇိုးမွလည္းမရွိပဲနဲ႔”

‘’မင္းမသိဘူးလား၊ ထန္ရွရွက အႏုပညာရသဌာနက ရႊယ္တိအသစ္‌ကေလးကို ႀကိဳက္ေနတာေလ၊ သူနဲ႔ဆို ေန႔တိုင္းတရင္းတႏွီး၊ ဒီအေၾကာင္းကို ဌာနကလူေတြအားလုံးလိုလိုသိၾကတယ္၊ ဒါမယ့္လည္း ေနာက္ဆုံး ရႊယ္တိေလးက သူမကိုအေရးမလုပ္ပဲ ရန္းရီလဲ့နဲ႔ပိုေပါင္းၿပီး နီးစပ္လာၾကတာေလ၊ ထန္ရွရွလည္း ကၽြဲၿမီးတိုေတာ့တာေပါ့ကြာ”

‘’မနာလိုလို႔ ေကာလဟာေတြျဖန႔္တယ္တဲ့လား? စိတ္ပ်က္စရာပဲကြာ......’’

‘’သူမအျပစ္ေပးခံရလို႔အားလုံးက ေက်နပ္ေနၾကတာ၊ ငါလည္း သူ႔ကိုၾကည့္မရတာၾကာၿပီရယ္၊ ဌာနေခါင္းေဆာင္‌ေလးျဖစ္ေနတာကို တရား၀င္ပဲ အမိန႔္ေတြရထားသလိုလို၊ သူက omegaေလ ဘာကိစၥ alphaေတြအထက္ကေနခ်င္ေနမွန္းမသိဘူး”

‘’ထန္ရွရွအျဖဳတ္ခံရတယ္ေျပာမွ အႏုပညာရသဌာနရဲ့ ေခါင္းေဆာင္အသစ္က ဘယ္သူတုန္း?”

‘’Grade 2 Class 1ကတစ္ေယာက္ ထင္တယ္၊ ငါသူ႔နာမည္ေတာ့ ေမ့ေနတယ္၊ ဒါမယ့္ ဟိုတစ္ေယာက္ေလ ႏြဲ႕ႏြဲ႕နဲ႔ alpha ကြာ”

‘’ခ်ီး သူလား? မထူးပါဘူး၊က်န္းေက်ာင့္က်ဴးက ဘာေတြမ်ားျဖစ္ေနတာလဲမသိဘူး၊မေကာင္းတဲ့ႏွစ္ေယာက္ကိုမွ ေရြးရတယ္လို႔.....’’
.

*Bang!*

ဆိုဒါဘူးခြံေလးဟာ အမွိုက္ပုံးအေပါက္က်ဥ္းက်ဥ္းေလးထဲကို ကြက္တိေလး‌ေဝ့ဝဲလို႔၀င္သြားေလသည္။ က်န႔္ေယာင္မွာ ေခါင္းလွည့္လာၿပီး :
‘’ဘယ္လိုလဲ၊ ေကာရဲ့ ျပည့္စုံတဲ့ပစ္ခ်က္ေလး၊ မိုက္တယ္မလား?’’

ရင္းခ်ဲယ္မွာမူ အသက္မပါသည့္အမူရာႏွင့္ ျပန္ေျဖလာသည္ :
‘’မင္းပစ္လိုက္တာ အမွိုက္စိုပုံးႀကီး”
(T/n : အမွိုက္က စာရြက္၊ ဘူးခြံ၊ စားစရာအက်န္အႂကြင္းအစိုေတြ၊ စသျဖင့္ ပုံးခြဲထားတာကိုေျပာတာပါ)

က်န႔္ေယာင္ : ‘’?!”

ေခါက္ဆြဲအမွိုက္ေတြ မုန႔္အမွိုက္ေတြၾကားကေန ဘူးခြံေလးကို ျပန္ေကာက္လာၿပီးေနာက္ေတာ့ က်န႔္ေယာင္တစ္ေယာက္ ခ်က္ခ်င္းလက္သြားေဆးေလေတာ့သည္။ ေဆးၿပီးျပန္အလာမွာလည္း လက္ကိုအေျခာက္ခံမလာပဲ ေရစက္ေတြႏွင့္ ထိုင္ခုံေဖာ္ေလးရဲ့ မ်က္ႏွာကိုေတာက္ရင္း ေမးသည္။
‘’ခံစားလို႔ေကာင္းတယ္ဟုတ္၊ ေအးလား မေအးဘူးလား?”

သိပ္မၾကာေပ၊ သူဟာ ေကာ္ရစ္တာတစ္ဖက္စြန္းကေနတျခားတစ္ဖက္ဆီထိ ရင္းခ်ဲယ္ဆီက အကန္ခံလိုက္ရေလသည္။

‘’ဟိုဟာ မင္းအကိုမလား?”
Class 3ထဲမွ ေက်ာင္းသားတစ္ေယာက္က အျပင္ေကာ္ရစ္တာမွာျဖတ္သြားသည့္ သူတို႔ႏွစ္ေယာက္ကို ျမင္ေတာ့ေျပာလာသည္။
‘’ရင္းဇယ္၊ သူ ကန္ေနတဲ့သူကဘယ္သူလဲ? ငါေတာ့ သူ႔ကို အရင္က မေတြ႕ဖူးဘူးလားလို႔”

*ဘမ္း!*
ရင္းဇယ္သည္ ေဘာပင္ကို ပစ္ခ်လိုက္ကာ မွုန္သုန္ေနသည့္မ်က္ႏွာထားႏွင့္ ထသြားေတာ့သည္။
‘’သူ႔ဟာသူ ကန္ခ်င္တဲ့သူ ကန္လိမ့္မယ္ေပါ့၊ ငါ့ေသာက္ လုပ္လား”

‘’........’’

ရသအႏုပညာဌာန၏ေခါင္းေဆာင္ေနရာမွာ ဟန္မုန႔္ျဖစ္ေၾကာင္းေၾကျငာအၿပီးမွာေတာ့ သူဟာ group chatထဲမွာ ခ်က္ခ်င္းစာပို႔လာေသးသည္။  
‘’ေဟာဒီကဒယ္ဒီ့ရဲ့ လက္ေတြနဲ႔ ေနာက္ဆုံးေတာ့ ေအာင္နိုင္ခဲ့ၿပီကြ!”ေနာက္မွာလည္း အသဲပုံနဲ႔ၾကယ္ပြင့္ emojiေပါင္း ေသာင္းေျခာက္ေထာင္နဲ႔။ ခ်န္ရင္းရင္းကလည္း မ်က္လုံးလွန္ emojiနဲ႔ အေၾကာင္းျပန္လာတယ္။
‘’ပန္းထိုးတဲ့လက္ေတြနဲ႔မ်ား”

ဌာနေခါင္းေဆာင္ဟန္မွာ ရာထူးအသစ္ေလးႏွင့္ ၾကည္ႏူးပီတိဂြမ္းဆီထိေနေလသည္။ သူ႔ရဲ့လက္ႀကီးႀကီးနဲ႔ မုန႔္ေကာင္တာက ေရခဲေသတၱာကို ဟိတ္ဟန္အျပည့္နဲ႔ တစ္ခ်က္ဆြဲဖြင့္လိုက္လို႔ Class 1 ေက်ာင္းသားေတြအားလုံးကို ေရခဲမုန႔္ေကၽြးေတာ့သည္။

က်န္းခဲ့မွာလည္း ေခ်ာကလက္ေရခဲမုန႔္ကို တစ္ကိုက္ကိုက္ကာ ၿမိဳမခ်ေသးပဲ ေျပာလာသည္။
‘’ေလာင္ဟန္ကေတာ့ ေသာက္ရမ္းမိုက္တာပဲေဟ! ငါတို႔အတန္းေမာ္နီတာကိုေတာင္ အရွက္ရသြားေစတာပဲ!”

သူ႔သြားေတြမွာ ေခ်ာကလက္ေတြနဲ႔ မဲေပေနၿပီး အ႐ူးက်ေနတာပဲ။

ခ်န္ရင္းရင္းမွာ သည္းမခံနိုင္ပဲ တည့္တည့္စိုက္ၾကည့္ကာ :
‘’နင္အစားအရင္စားၿပီးမွ ေျပာလို႔မရဘူးလား....ေဟ့ မ်ိဳးရိုးဟန္..ငါ့ကိုက် ဘာလို႔တစ္ခုမေပးတာလဲ?”

ဟန္မုန႔္မွာ ေရခဲမုန႔္ေဝလို႔ၿပီးေတာ့ အထုပ္ႀကီးႀကီးတစ္ထုပ္ပိုက္လာကာ ခ်န္ရင္းရင္းေဘးသို႔ေလၽွာက္လာသည္။ အိတ္ထဲက ေနာက္ဆုံးက်န္သည့္အရာကိုထုတ္ကာ သူမခုံေပၚပစ္တင္ေပးလိုက္သည္။
‘’သခင္မအတန္းေမာ္နီတာကို ဘယ္လိုလုပ္ေမ့ရမွာလဲဗ်ာ၊ ဒီကၽြန္ေတာ္မ်ိဳးႀကီး ဒီလိုအေနအထားမ်ိဳးေရာက္လာတာ သခင္မရဲ့ေလ့က်င္ေပးမွုေၾကာင့္ပါပဲ၊ အဲ့ဒါေၾကာင့္ ကၽြန္ေတာ္မ်ိဳးက သခင္မရဲ့ေက်းဇူးကို အသိမွတ္ျပဳတဲ့အေနနဲ႔ ကန္တင္းက ေစ်းအႀကီးဆုံး ကြတ္ကီးဘူးကို ၀ယ္လာပါေၾကာင္း”

ခ်န္ရင္းရင္းက ေခါင္းတစ္ၿငိမ့္ၿငိမ့္နဲ႔
‘’ဟန္ကုန္းကုန္းက အေတာ္ေလး ေတြးေခၚတတ္တာပဲ၊ ‌ေရွာင္ခဲ့ သူ႔ကိုနည္းနည္း အတူယူစမ္း”

လက္ထဲက ေရခဲမုန႔္မွာ မခ်ိဳေတာ့သလို က်န္းခဲ့ ႐ုတ္တရက္ခံစားလိုက္ရသည္။
‘’f*ck,အဲ့ကြတ္ကီးက ယြမ္ငါးဆယ္ေက်ာ္တယ္ဟ! ငါလည္းစားခ်င္တယ္ေလ!”

ဟန္မုန႔္ကမူ ျပဳံးျပဳံးေလးႏွင့္ :
‘’ခ်ီးကိုပဲ စားလိုက္”

က်န႔္ေယာင္ ရတာကေတာ့ စေတာ္ဘယ္ရီေရခဲမုန႔္၊ ေဘးခုံကို ၾကည့္လိုက္ေတာ့ သူ႔ဟာက သစ္ခြ။

‘’ငါတို႔လဲၾကရေအာင္? စေတာ္ဘယ္ရီေရခဲမုန႔္စားရတာ သိပ္ alphaမဆန္ဘူး”

‘ယုန္ဘီးကုပ္တပ္တုန္းကက် ဘာလို႔ ဒီလိုစကားမ်ိဳးမေျပာလဲ’လို႔သာ ရင္းခ်ဲယ္ေျပာလိုက္ခ်င္သည္။ သို႔ေသာ္လည္း ခုေလာေလာဆယ္ေတာ့ သူ႔မွာအင္အားမရွိေသးေပ။ ခုံေပၚေမွာက္ထားရင္း ၀မ္းဗိုက္ကို ဆုပ္ကိုင္ထားသည္။
‘’ယူလိုက္၊ ငါမစားဘူး”

က်န႔္ေယာင္က ငုံ႔ကိုင္းလာကာ :
‘’ဘာျဖစ္လို႔လဲ? မနက္တုန္းက အတန္းေမာ္နီတာရဲ့ ရာသီဗိုက္ေအာင့္တာက မင္းဆီကူးသြားတာလား?”

ရင္းခ်ဲယ္မွာ တစ္ဖက္သို႔လွည့္လိုက္ေတာ့ ဆံႏြယ္တခ်ိဳ႕မွာ နဖူးေပၚတြင္ ကပ္တြယ္ေနေလသည္။
‘’ထြက္သြားစမ္း၊ အဲ့လိုမဟုတ္ဘူး၊ မင္းေၾကာင့္’’

‘’ငါဘာလုပ္လို႔လဲ?’’

‘’အစာစားၿပီးၿပီးခ်င္း မင္းကို ကန္လိုက္ရလို႔ ပင္ပန္းသြားတာ”   

‘’ .....’’
က်န႔္ေယာင္မွာ ရင္းခ်ဲယ္၏ ဆံပင္ေလးေတြကိုသပ္ေပးခ်င္စိတ္ေပါက္သည္၊ သို႔ေပမယ့္လည္း အဲ့လိုသာလုပ္လိုက္ရင္ ခ်က္ခ်င္းၾကမ္းျပင္ေပၚအကန္ခံရနိုင္သည္မို႔ ေျပာသာေျပာလိုက္သည္။
‘’ဟုတ္ပါၿပီ၊ ငါ့အမွားဆိုမွေတာ့ ငါမင္းအတြက္ ေရ‌ေႏြးသြားယူေပးမယ္”

က်န႔္ေယာင္က ေရေႏြးဘူးကို ေကာက္ကိုင္ကာ အေနာက္တံခါးကေန ထြက္သြားေတာ့တယ္။

ရင္းခ်ဲယ္မွာ လန႔္ျဖန္႔သြားကာ ‌ေရဘူးကိုျပန္ယူမယ္လို႔ ေတြးလိုက္သည္။ သူ႔ပစၥည္းေတြကို ဘယ္တုန္းကမွ alphaေတြကို ထိခြင့္မေပးခဲ့ဘူးေလ။

သို႔ေသာ္လည္း သူ႔ေရဘူးကို က်န႔္ေယာင္ရဲ့လက္လွလွေလးေတြနဲ႔ကိုင္သြားပုံမွာ ၾကည့္လို႔ေကာင္းလွသည္။ သူ႔စိတ္ထဲ ထိုအေတြးကို ခါထုတ္ၿပီးခ်ိန္မွာေတာ့ ေရဘူးကယူသြားႏွင့္ၿပီ။

.....ထားလိုက္ပါေတာ့၊ မထူးလဲ က်န႔္ေယာင္က သူ႔ပစၥည္းေတြအမ်ားႀကီး ထိဖူးေနၿပီပဲ။ သူ႔ေဘာပင္‌ေတြ၊ လက္မွုပညာေတြ၊ အခန္းထဲကထိုင္ခုံ စာေရးခုံ။

သူ႔ရဲ့ ဆံပင္နဲ႔ ပါးေတာင္ပါေသးတယ္။

စစခ်င္းတုန္းက သူ႔မ်က္ႏွာကို တို႔ထိခဲ့တုန္းကက လြဲရင္က်န္တာေတြမွာ.......သူကိုယ္တိုင္ရဲ့ အလိုလိုခြင့္ျပဳလက္ခံမွုျဖစ္မည္ထင္သည္။
.

အထပ္တိုင္းရဲ့ေလွကားထိပ္မွာ ေသာက္ေရစင္ေတြရွိေလသည္။ ေဝးလွမ္းသည့္ စာသင္ခန္းက ေက်ာင္းသားေတြကေတာ့ အတန္းခ်ိန္တိုင္းေရလာမခပ္ခ်င္တာေၾကာင့္ ညေနတစ္ပိုင္းလုံးစာအတြက္ကို ေန႔လည္စာနားခ်ိန္မ်ားမွာ ေရဘူးအျပည့္ျဖည့္ထားေလ့ရွိၾကသည္။

ရင္းခ်ဲယ္ေရဘူးမွာ အေတာ္ေလးႀကီးသည္။ သူ႔ဟာမွာ အပူခံဘူးျဖစ္ကာ အျပင္ကထိေတြ႕႐ုံႏွင့္အပူခ်ိန္ကို စမ္းမရသည္ေၾကာင့္ က်န႔္ေယာင္မွာ ပါးစပ္မေလာင္ေစရန္ အပူတစ္လွည့္ အ‌ေအးတစ္လွည့္ထည့္ၾကည့္လိုက္သည္။

ေကာင္စုတ္ေလးက သူမ်ားကိုကန္ရမယ္ဆိုရင္ေတာ့ ၾကမ္းတမ္းတက္ႂကြေနတဲ့က်ားတစ္ေကာင္လိုပဲ၊ သို႔ေပသည့္ အမွန္ေတာ့ သူက စကၠဴက်ားတစ္ေကာင္သာ(T/n : အင္အားႀကီးခ်င္ေယာင္ေဆာင္)။ ေျခလွမ္းနည္းနည္းေလးေျပးရတာေလးနဲ႔ေတာင္ ဗိုက္နာသြားသည္တဲ့ေလ။ ဒါကိုမ်ား အျပင္းအထန္လွုပ္ရွားလိုက္ရတယ္ဆိုေနေသး......က်န႔္ေယာင္မွာ ေတြးၾကည့္႐ုံႏွင့္ပင္ ရယ္ခ်င္ေနေလၿပီ။

ဟုတ္တာပဲ သူက betaေလးတစ္ေယာက္ပဲကို, တိုက္ရည္ခိုက္ရည္ဘယ္ရွိမွာလဲ

သူအပူခ်ိန္ကို ခ်ိန္ဆေနတုန္း ေဘးနားမွာ လူတစ္ေယာက္ေရာက္လာသည္၊ သို႔ေသာ္ ထိုသူမွာ ေရမျဖည့္ပဲ သူ႔လက္ထဲက ဘူးကိုသာ မမွိတ္မသုန္စိုက္ၾကည့္ေနေလသည္။

‘’ ငါ့ေကာရဲ့ေရဘူးကို မင္းဘာလုပ္တာလဲ? မင္းကို ကိုင္ခြင့္‌ေပးလို႔လား?”

ဒီလို ေမာက္မာသည့္ေလသံကို ၾကားလိုက္ကတည္းက က်န႔္ေယာင္အေနနဲ႔ ဘယ္သူဘယ္ဝါသိဖို႔ ေခါင္းေမာ့ၾကည့္ေနစရာမလိုေတာ့ေပ။
‘’ငါက မင္းေကာအတြက္ ေရျဖည့္ေပးေနတာ၊ သူေနမေကာင္းလို႔”

‘’ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ၊ ပိတ္ရက္အိမ္မွာတုန္းကေတာင္ ေကာင္းေနေသးတာ”

‘’သူက သူ႔တိတိေၾကာင့္ စိတ္ဆိုးေနတာ၊ သူ႔ေကာေကာေနမေကာင္းဘူးဆိုတာၾကားၿပီးတာေတာင္ အရင္ဆုံးတုံ႔ျပန္တာက စိတ္ပူတာမဟုတ္ပဲ ေမးခြန္းေတြျပန္ထုတ္ေနတာေလ၊ ငါေတာင္ ေဒါသထြက္ခ်င္လာသလိုပဲ”

‘’....’’
ရင္းဇယ္မွာ မတုံးအ,ပါေပ။
‘’မလွိမ့္တပတ္နဲ႔ ငါကိုလာမဆူနဲ႔ေနာ္၊ တစ္လႏွစ္‌လေလာက္ေလး င့ါေကာရဲ့ထိုင္ခုံေဖာ္ျဖစ္လာ႐ုံနဲ႔ ေကာကိုနားလည္သြားၿပီလို႔ ထင္ေနတာလား? သူက အေရထူတယ္ အဲ့ေတာ့ ငါဘာေျပာေျပာ သူ႔စိတ္ထဲထားမွာမဟုတ္ဘူး၊ မင္းလို သူစိမ္းေတြေရွ႕မွာသာ သူ႔ကိုသနားသြားေအာင္ ဟန္လုပ္ျပေနတာ”

က်န႔္ေယာင္မွာ ဒီလိုအဆိုးအသြမ္းေကာင္ေလးနဲ႔ စကားမ်ားၿပီးအခ်ိန္ျဖဳန္းေနဖို႔မလိုဘူးထင္တာေၾကာင့္ ေအးစက္စက္ တုံ႔ျပန္လိုက္တယ္။
‘’ငါကိုက သူ႔ကိုသနားခ်င္ေနတယ္ဆိုရင္ေရာ၊ မင္းက ဘာလုပ္မွာလဲ?”

‘’မင္းက ဘယ္သူ႔ကိုသနားခ်င္တာလဲ?”

သူတို႔ႏွစ္ေယာက္ေနာက္မွ ေနာက္ထပ္အသံတစ္သံ ထြက္‌ေပၚလာကာ၊ ေရဘူးကိုယ္စီကိုင္ထားၾကတဲ့ alphaႏွစ္ဦးရဲ့ လက္ေတြမွာ ဆတ္ခနဲ တုန္ရီသြားေလတယ္။

ရင္းခ်ဲယ္က သူတို႔ႏွစ္ေယာက္ေနာက္မွာရပ္လို႔ က်န႔္ေယာင္ကို ၾကည့္တယ္။
‘’ဘယ္သူက မင္းဆီက အသနားခံခ်င္လို႔လဲ?”

သူ႔မ်က္၀န္းေတြထဲကဒီလိုအၾကည့္မ်ိဳးကို က်န႔္ေယာင္ ျမင္ဖူးတာ ပထမဆုံးျဖစ္မည္ထင္သည္၊ မွားလို႔၊ စာသင္ႏွစ္ပထမဆုံးရက္တုန္းကလည္း ဒီလို အၾကည့္မ်ိဳးသူျမင္ခဲ့ဖူးသည္။ ရင္းခ်ဲယ္သူ႔ကို ၾကမ္းျပင္ေပၚကန္ခ်လိုက္တုန္းကလည္း သူ႔မ်က္၀န္းေတြထဲမွာ ခုလို အၾကည့္မ်ိဳး။

ေဒါသ စူးရွမွု သတိတရားနဲ႔အတူ အရင္တစ္ေခါက္ကမျမင္ရတဲ့ စိတ္ပ်က္မွုအနည္းငယ္နဲ႔အတူ။

ဘာေၾကာင့္ရယ္မသိ၊ ဒီလို စိတ္ပ်က္မွုအရိပ္ေယာင္ေရးေရးမွာ က်န႔္ေယာင္ရဲ့ႏွလုံးသားကို အပ္ႏွင့္ထိုးစြေနသည့္ႏွယ္၊ သူ႔ကို ဆိုးဆိုးရြားရြားနာက်င္ေစသည္။

ရင္းခ်ဲယ္ရဲ့ရင္ထဲမွာ အမ်ိဳးအမည္မသိသည့္ အေၾကာင္းအရင္းတစ္ခ်ိဳ႕ေၾကာင့္ ေဒါသက ေပါက္ကြဲလာေတာ့သည္၊။
‘’ငါမင္းကိုေရျဖည့္ေပးဖို႔ေျပာခဲ့လို႔လား? မင္းဆီက သနားမွုကို ေတာင္းခံခဲ့လို႔လား?”

သူ က်န႔္ေယာင္လက္ထဲက ေရဘူးကို ျပန္လုယူလိုက္သည္၊ အၾကမ္းပတမ္းလုယူမွုေၾကာင့္ ျဖည့္ထားသည့္ေရေတြမွာ ဖိတ္စင္ကုန္ကာ စိုကုန္ေတာ့သည္။
.

ညေနပိုင္းအတန္းရဲ့ ေနာက္ဆုံးခ်ိန္တြင္ေတာ့ ေကာင္းကင္မွမိုးသားမ်ား ရြာသြန္းခ်လာေတာ့သည္။

သည္းသည္းမည္းမည္းရြာသည္ေတာ့မဟုတ္ေပ။ စာသင္ေဆာင္ ျပင္ပမွ Chinese parasolပင္အရြက္မ်ားမွာ ပဲေစ့အရြယ္မိုးစက္မ်ားရဲ့ ရိုက္ခတ္မွုေၾကာင့္ ေႂကြက်မွုႏွင္အတူ ဤေဆာင္းဦးတြင္ေတာ့ ဆက္လက္ရွင္သန္ခြင့္မရွိၾကေတာ့ရာ၊ ေနာက္တစ္ႏွစ္အပင္ေပါက္တို႔အတြက္ ကိုယ့္ကိုယ့္ကို ေျမၾသစာအျဖစ္ စေတး‌ေနၾကေလသည္။

သခၤ်ာဆရာကား ေက်ာက္သင္ပုန္းေပၚတြင္ ဂ်ီၾသေမႀတိဆိုင္ရာပုစၧာမ်ားကို ရွင္းျပေနၿပီး သူ႔ေနာက္မွ ေက်ာင္းသားမ်ားမွေတာ့ စိုးရိမ္ေၾကာင့္ၾကေနသည့္ အမူအရာမ်ားဆင္ျမန္းလို႔။ ထီးမပါပဲ အိမ္ဘယ္လိုျပန္ရမလဲ ပူပန္ေနတာျဖစ္နိုင္သလို၊ ဝရံတာမွာ လွန္းထားတဲ့ အ၀တ္ေတြအေၾကာင္း ပူပန္ေနတာလည္းျဖစ္နိုင္သကဲ့သို႔၊ သခၤ်ာဆရာေရးျပေနတာေတြကို နားမလည္နိုင္လို႔လည္း ျဖစ္နိုင္တယ္။

ရင္းခ်ဲယ္၏စာေရးခုံေပၚတြင္ေတာ့ စာရြက္ပုံေလးတစ္ပုံ ေရာက္လို႔ေနျပန္ၿပီ။

က်န႔္ေယာင္ကား noteေလးေတြကို ဇြဲမေလ်ာ့တမ္းႀကိဳးစားပမ္းစားေရးလို႔ သူ႔ခုံေပၚပစ္ေပးရင္း စာသင္ခ်ိန္တစ္ခ်ိန္လုံး ကုန္လုနီးနီးျဖစ္ေနေသာ္လည္း အခုထိသူ႔အေျခအေနသူ နည္းနည္းမွ မသိေသး။

ရင္းခ်ဲယ္ ဖြင့္ဖတ္လိုက္တိုင္း စာလုံးေတြမွာ အကုန္ရွုပ္ယွက္ခတ္ေနမွေတာ့ သူ႔အေနနဲ႔ ေဘးကိုပစ္ထုတ္ပစ္တာက ျဖစ္သင့္တာပဲမဟုတ္လား?

တခ်ိဳ႕တခ်ိဳ႕အေၾကာင္းရင္းမ်ားေၾကာင့္လည္း သူဖြင့္မဖတ္ခ်င္ပါ။

ေန႔လည္က ထိုအခ်ိန္တုန္းက သူအရမ္း႐ူး႐ူးမိုက္မိုက္လုပ္ခဲ့တာေၾကာင့္ အခုသူမ်က္ႏွာခ်င္းမဆိုင္ခ်င္ေသးေပ။

က်န႔္ေယာင္နဲ႔ေတြ႕ၿပီးေနာက္ပိုင္းမွ သူပိုပိုၿပီးလြတ္လာသလိုပဲ။ ေပါေတာေတာကိစၥေသးေသးေလးေတြကအစ ဟက္ဟက္ပက္ပက္ေအာ္ရယ္မိၿပီး မဟုတ္တဲ့ကိစၥေလးေတြကိုလည္း ေဒါသထြက္ေနမိတယ္။

က်န႔္ေယာင္ဆီက ႐ူးေၾကာင္ေၾကာင္ေတြကူးစပ္ကုန္တာပဲျဖစ္မယ္။

‘’ရွူး!’’
အ႐ူးႀကီးတစ္ေကာင္မွာေတာ့ သူ႔ဆီကအာ႐ုံစိုက္မွုရဖို႔ မဆုတ္မနစ္ႀကိဳးစားအခ်က္ျပေနရွာပါတယ္။

ရင္းခ်ဲယ္၏ ေဘာပင္ေလးမွာ ရပ္တန႔္သြားသည္၊ နည္းနည္းေလးပါ၊ သူ႔ႏွလုံးသားေလးဟာ ဒီလို မဆုတ္မနစ္ဇြဲလုံ႔လမ်ိဳးကို နည္းနည္းေလး ေက်နပ္မိသြားတယ္၊ နည္းနည္းေလးေနာ္။

ထားလိုက္ပါေတာ့၊ ျပႆနာႀကီးမွမဟုတ္တာ၊ သူ႔ကို အခြင့္ေရးတစ္ခါေလာက္ ေပးလိုက္ၾကတာေပါ့

ရင္းခ်ဲယ္ေခါင္းကို အသာယာေစာင္းလိုက္ၿပီး ေဘးခုံက အတန္းေဖာ္ေလးကို သနားမိတဲ့အၾကည့္ေလးတစ္ခ်က္စြန္႔က်ဲလိုက္တယ္။

က်န႔္ေယာင္မွာ ေတာက္ပစြာျပဳံးရႊင္လာကာ စိတ္လွုပ္တရွားနဲ႔ သူ႔စာအုပ္ရဲ့ပုံဆြဲထားတဲ့စာမ်က္ႏွာတစ္ခုကို သူျမင္ရေအာင္ ျပလာသည္။

က်န႔္ေယာင္မွာ သူေရးသားသည့္ ကမၻာ့အဆိုးရြားဆုံးလက္ေရးစာလုံးမ်ားမွာ သူ႔ရဲ့ ေအးတိေအးစက္ထိုင္ခုံေဖာ္ေလးကို ရင္ခုန္ေအာင္မလုပ္နိုင္ေၾကာင္း ေနာက္ဆုံးေတာ့ သိသြားပုံရသည္။ ထို႔ေၾကာင့္ပဲ သူ႔ရဲ့ ခ်ဥ္းကပ္ပုံကိုေျပာင္းလိုက္ၿပီး ကမၻာ့႐ုပ္အဆိုးဆုံး ပုံေလးကိုဆြဲေလသည္ - ေျဗာင္စာရြက္ေပၚမွာ မွင္နက္နဲ႔ ဆြဲထားတဲ့ တုတ္ေခ်ာင္းလူသားေလးႏွစ္ေယာက္၊ လက္ကလည္းတြဲထားေသးကာ တုတ္ေခ်ာင္းလူသားေလးတစ္ေယာက္မွာ ‘’ခ်ဲယ္’’ဟု အမည္ထိုးထားၿပီး ေနာက္တစ္ခုမွာ ‘’ေယာင္’’တဲ့--ရင္းခ်ဲယ္မွာ စာလုံးေလးကို ဖတ္တတ္တယ္ဆို႐ုံေလးသာ။

တုတ္ေခ်ာင္းလူသားႏွစ္ေယာက္အထက္မွာမွ ေဘာပင္နီေလးသုံးကာ၊ အနီေရာင္ေတာက္ေတာက္ေလးနဲ႔၊ ေတာက္ပေနတဲ့ အေရာင္ရႊင္ရႊင္အသဲပုံေလးဆြဲထားေလသည္။

သူဘယ္လိုပဲၾကည့္ၾကည့္ ထိုအရာမွာ
‘ခ်ဲယ္ love ေယာင္’တဲ့

‘’.......’’
က်န႔္ေယာင္အတြက္ ‘အ႐ူးႀကီး’ဆိုတဲ့ အသုံးႏွုန္းသုံးရျခင္းက သူ႔ကိုအထင္ေသးရာက်သြားတာပဲ၊ အမွန္ေတာ့ သူက 24ကာရက္အ႐ူးစစ္စစ္ေယာက္ပင္။

‘’ရင္ခုန္စရာပန္းခ်ီလက္ရာ‌ေလးမလား၊ ဟုတ္တယ္ဟုတ္?”
အ႐ူးစစ္စစ္ႀကီးမွာ သူ႔ဟာသူတစ္ေယာက္တည္းရင္ခုန္ေနေလသည္။
‘’ေကာစကားမွားသြားတယ္ဆိုတာ ေကာသိပါတယ္၊ ေကာေတာင္းပန္ပါတယ္ေနာ္ စိတ္မဆိုးနဲ႔၊ ညီကိုေကာင္းေလး ~ငါေျပာတာနားေထာင္ လက္ခ်င္းတြဲလို႔ ငါနဲ႔အတူေလၽွာက္လွမ္းၿပီး ေပ်ာ္ရႊင္ဖြယ္ဘ၀ေလးအတူ‌ဖန္တီးၾကရေအာင္ ooh~
(T/n : David taoနဲ႔ Jolin Tsaiရဲ့ Merry me todayသီခ်င္းဆိုေနတာပါ၊ နားေထာင္ၾကည့္ပါ ေကာင္းပါတယ္)

.....စကားေျပာေနရင္း သီခ်င္း‌ထဆိုေနတာပဲ

ဒီေသာက္႐ူးက သီခ်င္းနာမည္ေတာင္ သိရဲ့လား?

ရင္းခ်ဲယ္မွာ ထိုစာရြက္ကို ျဖဲဖို႔လက္လွမ္းလိုက္သည္၊ တျခားသူေတြ ေတြ႕ကုန္ရင္ေတာ့ ခက္ေတာ့တာပါပဲ။

‘’ဘာလုပ္တာလဲ? ဒီပုံက ငါတို႔သူငယ္ခ်င္းႏွစ္‌ေယာက္ရဲ့  friendshipသေကၤတေလ!”
က်န႔္ေယာင္ စာအုပ္ကိုအျမန္ျပန္ဆြဲယူလိုက္ရာ သူ႔လွုပ္ရွားမွုမွာ သိသာသြားေလသည္။

‘’ဟိုေနာက္ဆုံးတန္းကႏွစ္ေယာက္!အဲ့ဒါ ဘာလုပ္ေနၾကတာ!’’
သခၤ်ာဆရာမ ခ်န္းရွုေမက ေအာ္ေတာ့သည္။ အခန္းထဲက ေက်ာင္းသားအားလုံးကလည္း လွည့္ၾကည့္လာၾက၏။

က်န႔္ေယာင္ရဲ့လက္ကား စာအုပ္ကိုင္ထားရင္း ေလထဲမွာတန္းလန္း၊ ရင္းခ်ဲယ္ကမူ စာအုပ္ကိုအစြမ္းကုန္ လုယူေနရာ သူ႔အေပၚမွာ ကုန္းတုန္းကြတ။

‘’......’’

‘’......’’

အတန္းေဖာ္ေတြအားလုံးရဲ့မ်က္ႏွာမွာ တစ္ပုံစံတည္းျပဳံးစိစိေတြ။ သို႔ေသာ္လည္း တစ္ဖက္လူမွာ ရင္းခ်ဲယ္ျဖစ္ေနသည္ေၾကာင့္ အျပဳံးကို အတင္းဖုံးဖိဖို႔ႀကိဳးစားရာမွ သူတို႔အမူအရာႀကီးေတြမွာ ထူးဆန္းေနေလတယ္။

က်န႔္ေယာင္ : ‘’မင္းတို႔ ထင္ေနသလိုမဟုတ္ဘူးေနာ္”

အတန္းေဖာ္မ်ားရဲ့ မ်က္ႏွာမွာ ပို႔လို႔ပင္ထူးဆန္းသြားေခ်သည္။

ခ်န္းရွုေမသည္ စင္ျမင့္ေပၚမွ ဆင္းလာကာ လက္ထဲမွေျမျဖဴေခ်ာင္းႏွင့္ က်န႔္ေယာင္မ်က္ခုံးၾကားေနရာကိုထုလိုက္သည္။
‘’ဘာမဟုတ္တာလဲ? ေလာင္ရွီးက စာကိုအာေပါက္မတတ္ရွင္းျပေနတာကို မင္းကနားမေထာင္ခ်င္ပဲ ဆူဆူပူပူ ရန္ျဖစ္ေနတယ္၊ ငါ့ကို ကန္းေနတယ္လို႔ ထင္ေနတာလား? ဘယ္ေလာက္ေတာင္ စိတ္၀င္စားစရာေကာင္းလို႔လဲ အားလုံးကိုတစ္ခ်က္ေလာက္ ျပၾကည့္လိုက္ရင္ေရာ”

က်န႔္ေယာင္က စာအုပ္ကိုပိတ္လိုက္ၿပီး :
‘’မဟုတ္ဘူး၊ ေလာင္ရွီး”

‘’ျပန္ေျပာေနတုန္းပဲလား?”
ခ်န္းရွုေမမွာ သူမကို ျပန္အာခံတာေတြကို သေဘာမက်တာေၾကာင့္ လက္ညႇိုးထိုးညႊန္လိုက္ၿပီး
‘’အျပင္မွာသြားရပ္ !အတန္းၿပီးတဲ့အထိ ငါမေျပာမခ်င္းရပ္ေန!’’

က်န႔္ေယာင္မွာ နာနာခံခံနဲ႔ အမိန႔္ကိုလိုက္နာၿပီး စာအုပ္ကိုေကာက္ကိုင္ကာ အေနာက္တံခါးကတစ္ဆင့္ထြက္သြားေတာ့သည္။ တိတ္ဆိတ္ၿငိမ္ကုပ္တဲ့ ရင္းခ်ဲယ္ေလးကေတာ့ ေဘာပင္ကိုင္လို႔ ေက်ာက္သင္ပုန္းေပၚက စာေတြကိုဆက္ကူးေနသည္။ သူေခါင္း‌ေမာ့လိုက္ေတာ့ သခၤ်ာဆရာက သူ႔ကိုတည့္တည့္စိုက္ၾကည့္ေနတာ ေတြ႕လိုက္ရသည္။
‘’မင္းေရာပဲ၊ ထြက္စမ္း! စာေရးခ်င္ေယာင္ေဆာင္မေနနဲ႔” 

‘’.......’’

ထို႔ေၾကာင့္ ေနာက္ဆုံးတြင္ေတာ့ Class 1 စာသင္ခန္း၏အျပင္ဘက္မွာ ႏွစ္ေယာက္သားမတ္တပ္ရပ္ေနၾကရေတာ့သည္။

က်န႔္ေယာင္ : ‘’ဒီလိုသစၥာရွိမွုနဲ႔ စေတးမွုမ်ိဳး၊ ငါ့ရဲ့ညီကိုေကာင္းလို႔ ေခၚထိုက္ပါေပတယ္ကြာ!”

‘’ထြက္သြားစမ္း’’
ရင္းခ်ဲယ္မွာ စိတ္ပ်က္ညီးေငြ႕လွၿပီ။
‘’ေနာက္တစ္ခါ ေသခ်င္ရင္မင္းဟာမင္းေသ၊ ငါ့ကိုပါ ဆြဲမခ်နဲ႔၊ သခၤ်ာဆရာမကမွ ငါ့ကိုအစကတည္းက ငါ့ကိုသေဘာမက်ပါဘူးဆို”

‘’ဟာ? ဘာလို႔လဲ၊ မင္းသခၤ်ာအမွတ္ေတြက ေကာင္းေနတာပဲ မဟုတ္ဘူးလား?”

‘’အခန္းထဲမွာ ရန္းရီလဲ့သခၤ်ာအမွတ္က အေကာင္းဆုံးပဲ၊ ဒါမယ့္ သူ႔ကိုေတာင္ အတန္းကိုယ္စားျပဳမျဖစ္ထိုက္ဘူးလို႔ သူမကေျပာေနေသးတာပဲမလား?”
ရင္းခ်ဲယ္က နံရံကိုမွီထားသည္။ ေနာက္ေက်ာက ေအးေနၿပီး မ်က္စိေရွ႕တြင္ကား ခင္ဖြဲဖြဲမိုးသားကန္လန္ကာ
‘’omega နဲ႔ bet‌aေတြအေနနဲ႔လည္း လြယ္ကူတယ္မ်ားထင္ေနလား? လူေတြရဲ့ မ်က္လုံးထဲမွာomegaဆို အားနည္းတယ္ betaဆို သာမေညာင္ညပဲ” 

‘’alphaျဖစ္ရတာေရာ လြယ္တယ္ထင္လို႔လား?”
က်န႔္ေယာင္ ေျပာသည္။
‘’ဟန္မုန႔္ကိုပဲၾကည့္၊ ေလာင္ရွီးကိုယ္တိုင္က သူ႔ကို ဌာနေခါင္းေဆာင္အျဖစ္ေရြးခ်ယ္ထားတာေတာင္ လူေတြက သူ႔အရည္အခ်င္းေပၚေမးခြန္းထုတ္ေနၾကေသးတယ္၊ ငါတို႔ alphaေတြမွာလည္း အခက္ခဲေတြအမ်ားႀကီးပါ၊ alphaတစ္ေယာက္နဲ႔အျပည့္အဝမတူရင္၊ pheromoneေတြက အားမျပင္းရင္ ငါတို႔လည္း အထင္ေသးခံရတယ္၊ သူ႔အလိုလိုျဖစ္လာတဲ့အရာေတြကို ဘယ္လိုလုပ္ငါတို႔က တရားမမၽွတရတာလဲ?’’

ရင္းခ်ဲယ္ႏွုတ္ခမ္းေတြမွာေကြးညြတ္သြားကာ
‘’ဟုတ္တယ္၊ ဘယ္သူကမွ လြယ္ကူမေနဘူး၊ ေလာကႀကီးမွာ အသက္ရွင္ဖို႔ကိုက မလြယ္ကူတာ”
ဤစကားတြင္ကား မခ်ိတင္ကဲေနာင္တအရိပ္ေယာင္တခ်ိဳ႕ထင္ဟပ္ေနသည္။ က်န္႔ေယာင္ထင္လိုက္သည္ - အတန္းေဖာ္ေလးက ဘ၀အေၾကာင္းေျပာခ်င္ေနသည္လို႔ေပါ့၊ ထို႔ေၾကာင့္ သူလည္း နံရံကိုမွီလိုက္ၿပီး မွိုင္းညိဳ႕ေနသည့္ေကာင္းကင္ဆီကို ၄၅ဒီဂရီေစာင္းၾကည့္လိုက္ကာ :
‘’ကမၻာေျမႀကီးေပၚက ငါတို႔အခ်ိန္ေတြက ဒီေကာင္းကင္ႀကီးလိုပဲ၊ တခါတရံ တိမ္မည္းေတြနဲ႔ဖုံးကြယ္ခံရေပမယ့္ ႀကိဳးစားသေရြ႕စိတ္ေကာင္းထားသေရြ႕ တိမ္ဆိုင္မည္းေတြကိုတစ္လႊာၿပီးတစ္လႊာ ေသခ်ာေပါက္ထိုးေဖာက္ၿပီး ထြန္းလင္းနိုင္ရမယ္လို႔ ငါအခိုင္အမာယုံၾကတယ္၊ ရင္းေရွာင္ခ်ဲယ္ေရ! က်ားယို႔!”

‘’.....’’
.

အတန္းဆင္းေခါင္းေလာင္းတီးတီးခ်င္းပဲ လြယ္အိတ္ျပင္ၿပီးတဲ့ေက်ာင္းသားေတြဟာ စာသင္ခန္းကိုယ္စီ အေနာက္တံခါးမ်ားမွ ျမင္းရိုင္းေတြအလား ဒုန္းဆိုင္းထြက္လာၾကေတာ့သည္။

ခ်န္းရွုေမမွာ တံခါးအျပင္ကစည္းကမ္းပ်က္သည့္ေက်ာင္းသားႏွစ္ေယာက္က ႐ုတ္႐ုတ္သဲသဲအခ်ိန္ကို အခြင့္ေကာင္းယူၿပီး ထြက္ေျပးသြားမည္စိုးတာေၾကာင့္ သင္ခန္းစာကို အခ်ိန္မဆြဲေတာ့ပဲ အျပင္ကအေျခအေနကိုထြက္ၾကည့္‌ေတာ့သည္။

ႏွစ္ေယာက္လုံးရွိေသးသည္၊ သို႔ေသာ္.....သူတို႔ပုံစံေတြက ခုေလးကအတန္းထဲကအတိုင္းျပန္ျဖစ္ေနသည္။

က်န႔္ေယာင္က စာအုပ္ကိုေျမႇာက္ကိုင္ထားကာ :
‘’မင္းက ငါ့ကိုကန္မလို႔လား? ေကာင္စုတ္ေလး ငါ့မွာလည္း ေဒါသမရွိဘူးမ်ားထင္ေနလား? ငါ့ကိုေနာက္တစ္ခါရန္ထပ္စလို႔ကေတာ့ ဒီစာရြက္ကိုတစ္ရာ့ရွစ္ရြက္ေလာက္ကူးၿပီး မင္းအေဆာင္တစ္ခန္းလုံးမွာ ပတ္ကပ္ထားလိုက္မွာ၊ ဒါမွ မင္းနဲ႔ငါကညီအကိုေကာင္းေတြဆိုတာ ျမင္တိုင္းအမွတ္ရေအာင္......’’

သူ႔စကားတစ္၀က္တစ္ျပက္မွာတင္ သူ႔လက္ကေလးမွာ ဗလာခ်ည္းျဖစ္သြားတယ္။

က်န႔္ေယာင္ ရင္ထဲ ဒိန္းခနဲ။ ေခါင္းကို ျဖည္းျဖည္းခ်င္းလွည့္လိုက္ခ်ိန္ - ခ်န္းရွုေမရဲ့ရက္စက္ၾကမ္းၾကဳတ္လွတဲ့ မ်က္ႏွာေသနဲ႔ရင္ဆိုင္လိုက္ရတယ္။ သဲထိတ္ရင္ဖိုဇာတ္လမ္းေတြထဲက အတိုင္းပဲ။

‘’ညီအကိုေကာင္း၊ ဒါလား?’’
ခ်န္းရွုေမမွာ စာရြက္ကို သူတို႔မ်က္စိေရွ႕မွာတဲ့ *ဗ်စ္*ဆိုတဲ့အသံနဲ႔အတူ ရက္ရက္စက္စက္ ျဖဲပစ္သည္။ ရင္းခ်ဲယ္လည္းေနာက္အနည္းငယ္ဆုတ္လိုက္၍ လက္တြဲထားသည့္တုတ္ေခ်ာင္းလူသားေလးႏွစ္ေယာက္သူ႔ေရွ႕မွာ ဝဲလာသည္ကိုၾကည့္ေနလိုက္သည္။

‘’လုပ္စမ္းပါ၊ ငါ့႐ုံးခန္းကို ဒီပုံထဲကလို လက္ခ်င္းတြဲၿပီးလိုက္ခဲ့၊ က်န္တဲ့ဆရာေတြကိုလည္း မင္းတို႔ႏွစ္ေယာက္ဘယ္‌ေလာက္ ညီအကိုေကာင္းဆန္တယ္ဆိုတာ ျပလိုက္ပါဦး’’

‘’......’’’

‘’ဘာေၾကာင္ၾကည့္ေနတာလဲ? ခုနေလးတင္ မင္းတို႔တက္ႂကြလက္ႂကြနဲ႔ေဆာ့ေနေသးတာမလား? ခုမွရွက္သြားတာလား? မင္းတို႔မွားမွန္းသိၿပီလား?’’

ရင္းခ်ဲယ္ကမူၿငိမ္သက္ေနကာမ်က္ေမွာင္ၾကတ္ႏွင့္  ‘ေလာင္ဇီက ဒီအရွုတ္ထုပ္ေတြကို စိတ္မ၀င္စားဘူး’ဆိုသည့္ အလား။ က်န႔္ေယာင္ကမူ ဆရာမကိုကေတာက္ကဆ ျပန္ေျပာမိမည္စိုး၍ အျမန္ေျဖလိုက္သည္။
‘’က်ေနာ္တို႔မွားမွန္းသိပါၿပီ၊ ေလာင္ရွီးရယ္ က်ေနာ္ ေလာင္ရွီးနဲ႔လိုက္ခဲ့ပါ့မယ္၊ ဒါမယ့္ လက္ေတာ့မကိုင္ပါရေစနဲ႔၊ ရင္းခ်ဲယ္က သူ႔ကို တျခားသူေတြထိတာမႀကိဳက္လို႔”

‘’အားယိုး ဒီကသခင္ႀကီးက အဖိုးတန္လြန္းလို႔ ထိလို႔ေတာင္မရဘူးလား?”

ရင္းခ်ဲယ္အမူအရာမွာ ပိုလို႔ဆိုးသြားသည္။

က်န႔္ေယာင္မွာ ေန႔ခင္းက မေတာ္မေလ်ာ္ေျပာမိလိုက္လို႔ တစ္ေန႔လည္ခင္းလုံး အဖက္မလုပ္ခံရသည္ကိုျပန္ေတြးမိသည္။ သခၤ်ာဆရာကသူ႔ကို ဒီလိုခနဲ႔တဲ့တဲ့ေျပာေနတာ ေကာင္စုတ္ေလးက ဗုံးလိုထေပါက္ကြဲေတာ့မွာလား?

‘’အဲ့လိုမဟုတ္ပါဘူး၊ေလာင္ရွီး....’’
က်န႔္ေယာင္က အတိုခ်ဳပ္ေလးရွင္းျပမည္အျပဳ ႐ုတ္တရက္ သူ႔အကၤ်ီစေလးတစ္ဖက္မွာ အဆြဲခံရသလို ခံစားလိုက္ရတယ္။

ေခါင္းကိုေစာင္းငဲ့ၾကည့္လိုက္ေတာ့ သူ႔ရဲ့ေက်ာင္းယူနီေဖာင္းအစြန္းကို ျဖဴေဖြးတဲ့လက္ေခ်ာင္းသြယ္သြယ္ေလးေတြနဲ႔ ဆြဲထားတဲ့ထိုင္ခုံေဖာ္ေလး။

‘’.......’’

လူရွုပ္တဲ့ကစားကြင္းထဲမွာ လမ္းေပ်ာက္မွာေၾကာက္တဲ့ ကေလးတစ္ေယာက္က မိဘေတြရဲ့အကၤ်ီကိုဆြဲထားသလို၊ သို႔ေသာ္လည္း တျခားကေလးေတြျမင္ၿပီးေလွာင္ေျပာင္မွာလည္းေၾကာက္တာေၾကာင့္ အဖ်ားေသးေသးေလးကိုပဲ တိတ္တိတ္ေလးဆြဲကိုင္ထားသလိုေလး။

ေသာက္ရမ္း ေသာက္ရမ္းႀကီးကို ခ်စ္ဖို႔ေကာင္းတာပဲကြာ

_______

The author has something to say ;

မုန္းေနရာကေန အကၤ်ီစြန္းေလးခ်င္းထိ၊ ထိရာကေန အကၤ်ီစေလးကိုကိုင္တဲ့၊ အေျပာင္းအလဲကလည္းျမန္လိုက္တာေနာ္!

_______

special fan artေနာ္ ခ္ခ္၊ ဒါေတာင္အေတာ္ဆြဲယူထားရတာ၊

______

Continue Reading

You'll Also Like

819K 16.5K 83
ကောင်မလေးကိုချစ်ပါသည်။
40.7K 3.3K 20
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
451K 26.1K 31
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
10.5K 842 7
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant