ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ...

By LuciousKim

554K 72.3K 1.9K

This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引 More

Description
Chapter (1.1)
Chapter (1.2)
Chapter (2)
Chapter (3)
chapter (4)
chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (20)
Chapter (21)
Chapter (22)
chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58.1)
Chapter (58.2)
Chapter (59)
Chapter (60)
Chapter (61)
Chapter (61.2)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Chapter (70 )
Chapter (71.1)
Chapter(71.2)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (79) Zawgyi
Chapter (80)
Chapter (81)
chapter (82)
Chapter (83)
Chapter (84)
Chapter (85).
Chapter (86).
Chapter (87)
chapter (88)
Chapter (89)
90
about paid
(acc ရှာမရတဲ့သူတွေအတွက်)
Chapter (91)
Chapter(92)

Chapter (19)

6.7K 1K 17
By LuciousKim

Zawgyi








**


















































***

Unicode

ဒီအကြောင်းကိုစဉ်စားရရင် ဒီလိုကြီးမားတဲ့အခွင့်အရေးရှိတဲ့ လူရွေးပွဲက အခုလိုမျိုးပေါ့ပေါ့ပါးပါးနဲ့ရနိုင်ဖို့ဆိုတာသိပ်မလွယ်ကူလောက်ဘူးလို့ Shen Yanထင်တယ်။

" ကောင်းပြီလေ ၊ ဒါပေမဲ့ ဒီ ရှေးဟောင်းဒရမ်မာကလည်း တကယ်ကောင်းပါတယ် "

" ကျွန်မ ဒါကိုသေချာဂရုစိုက်ပြီးကြည့်လိုက်ပါ့မယ် "

He Han က အခန်းပြောင်းသွားတာကြောင့် အခုအခန်းအခန်းထဲမှာ Shen Yan တစ်ယောက်တည်းသာကျန်တော့တယ်။

သူမအိပ်ရာပေါ်မှာလဲလျောင်းလိုက်ရင်း Zhou Ruo ပြောသွားတဲ့ လူရွေးပွဲအကြောင်းကိုစဉ်းစားနေမိတယ် ။

Shen Yan က Meng Yi'an သူမကိုအလွန်မုန်းတီးနေတာကို ပြန်တွေးမိတော့ မျက်မှောင်ကုတ်လိုက်မိတယ် ။ ဒီတော့ သူမက Meng Yi'an ကိုမမြင်ရဖို့အတွက်ဆိုရင် Meng groupနဲ့ပတ်သတ်တဲ့ Tv series နဲ့ ရုပ်ရှင်ထောက်ခံချက်မှန်သမျှကိုအထူးရှောင်ရှားရန်လိုအပ်တယ် ။

သူမအရင်ဘဝမှာတုန်းက Meng Yi'anကိုတွေ့ရတယ်ဆိုတာအလွန်ရှားရှားပါးပါးပဲ ၊ ဒီဘဝမှာလဲ မြင်ရဖို့မလွယ်လောက်ဘူးဆိုတာအသေအချာပဲ ။

**

လက်ထောက်ဒါရိုက်တာက Shen Yan ရဲ့ ရေထဲခုန်ချမဲ့အခန်းကို ရိုက်ကွင်းနောက်ဆုံးနေ့မှ ရိုက်ဖို့ဆွေးနွေးရန် Li Jun အနားသို့ချဉ်းကပ်လာတယ် ။

" ဒါရိုက်တာ တကယ်လို့ဒီနေ့မှာ ရေထဲခုန်ချရမယ့်အခန်းကိုရိုက်မယ်ဆိုရင် Shen Yan ရဲ့နောက်ထပ်ကျန်နေတဲ့ရိုက်ကူးရေးအတွက်ကိုးလို့ကန့်လန်တွေဖြစ်ကုန်လိမ့်မယ် အဲဒီအခန်းကိုဘာလို့နောက်ဆုံးနေ့မှ မရိုက်ရတာလဲ "

Li Jun က Zhang he နဲ့ဝိုင်အတူသောက်ပြီးတော့ အနာဂတ်မှာပိုက်ဆံရှာရမယ့်နည်းလမ်းတွေကိုဆွေးနွေးပြီးပြန်လာခဲ့တာဖြစ်တယ်။

လက်ထောက်ဒါရိုက်တာက သူပြန်လာတဲ့အချိန်မှာ Li Junရဲ့ဖြေရှင်းချက်တွေကိုနားထောင်ပြီးတော့လက်ခံလိုက်ကာ ရုတ်တရက်ပြန်မေးလိုက်တာဖြစ်တယ်

"မင်းက Shen Yan အပေါ်ကောင်းပေးတဲ့အဖွဲ့ထဲကမဟုတ်တော့ဘူးလား "

“ ကျွန်တော်ထင်တာတော့ ကျွန်တော်ကဒါရိုက်တာရဲ့စကားကိုနားထောင်သင့်သေးတယ်လေ ဘာပဲပြောပြော ခင်ဗျားကကျွန်တော့်ရဲ့ဒါရိုက်တာပဲကို "

LI JUN ကလက်ထောက်ဒါရိုက်တာရဲ့စကားကြောက့်ကျယ်လောင်စွာအော်ရယ်လိုက်တယ်။

" မင်းအဲလိုထင်တာကောင်းတယ် ကောင်းတယ် ah.. "

လက်ထောက်ဒါရိုက်တာကတော့ တိတ်တခိုးသက်ပြင်းချလိုက်ပြီး Shen Yanထံသို့ messageပေးပို့လိုက်တယ် ။ Li Junရဲ့စကားကိုနားထောင်ချင်ယောင်ဆောင်ပြီးတော့ အဲဒါကိုပြောပြီးသွားပြီ ။

“မင်းမသိဘူးနော် အာ.. Zhang he ကတကယ်ကိုယောက်ျားကောင်းပဲ တကယ်ဆိုရင်ဘယ်သူကမှ တခြားသူတွေကို ရှယ်ယာဝယ်သင့်တဲ့ကိစ္စကိုမပြောပြတတ်ကြဘူး နောက်ဆုံးတော့ ရှယ်ယာတွေကပိုက်ဆံတွေရလာနိုင်မယ် ဒါမှမဟုတ်ဆုံးရှုံးသွားနိုင်တယ်လေ ဒါပေမယ့်Zhang he ကတော့ သူ့ရဲ့ကောင်မလေးအတွက်နဲ့ငါတို့အားလုံးကိုပြောပြပေးခဲ့တယ်  "

Zhang heသာအဲဒီစကားကိုကြားရရင် သူဘယ်နေရာမှာမှားနေတာလဲဆိုပြီးတော့တောင်ငိုကြွေးသွားလိမ့်မယ်။ သူကဘယ်တုန်းကမှ ရှယ်ယာတွေကိုဝယ်သင့်ကြောင်းအကြံမပေးခဲ့ဘူးလေ ။

စတော့ရှယ်ယာတွေကို အကြံပေးထောက်ခံတယ်ဆိုတာက အန္တရာယ်ကြီးလွန်းတယ် ဒါပေမယ့် အဲတာက He Hanလိုချင်နေတဲ့ကိစ္စပဲလေ ။ သူမက ရိုက်ကွင်းမှာမျက်နှာလိုချင်တာကြောင့် ရှယ်ယာကိစ္စတွေကိုလုံးဝမသိကျွမ်းဘဲ အကြံပေးနေခဲ့တယ် ။

နောက်တော့ Zhang heကလည်း Yuran ကမြင့်တက်လာလိမ့်မယ်လို့ခံစားရတာကြောင့် သူဟာအိုးပူတစ်လုံးကိုကိုင်ထားရသလိုဖြစ်နေခဲ့တယ်။

"ငါပြောတာကိုနားထောင် မင်းရဲ့ချန်လုပ်ငန်းစုကရှယ်ယာတွေကိုသွားရောင်းပြီးတော့ Yuranဆီကနေဝယ်လိုက်တော့"

Li Junကဟစ်ကျွေးလိုက်တယ်

"ငါမှာသာငွေတွေရလာခဲ့ရင်လေ ငါကိုယ်တိုင်ဇာတ်လမ်းတစ်ခုကိုရင်းနှီးမြှပ်နှံလိုက်ပြီးအောင်မြင်ကျော်ကြားတဲ့ဒါရိုက်တာဖြစ်လာစေရမယ် "

လက်ထောက်ဒါရိုက်တာက ခေါင်းညိတ်လိုက်ပြီး ဆက်ပြောဖို့လုပ်တယ်။
"အာ အမ် အိုခေ " နောက်ပြီး ပြန်ပြောလာမယ့်စကားကိုနားမထောင်တော့ပဲ လစ်ပြေးလာခဲ့တယ်။

လက်ထောက်ဒါရိုက်တာရဲ့နောက်ကျောဘက်ကိုမြင်တော့မှ Li Junကတစ်စုံတစ်ခုကိုတွေးတောမိတယ်

"သူကဘယ်လိုဖြစ်ပြီး Shen Yanရဲ့ထပ်တိုးတဲ့အခန်းတွေကိစ္စကိုသိနေရတာလဲ "

Li Junကနားလည်သွားတာနဲ့လှမ်းအော်လိုက်တယ်

" ဒီနေ့တံခါးနားမှာခိုးပြီးနားထောင်နေခဲ့တာက မင်းပေါ့လေ ဟုတ်လား !"

လက်ထောက်ဒါရိုက်တာကတော့ ပြေးနေတဲ့ခြေလှမ်းကိုပိုပြီးအရှိန်တင်လိုက်တယ်။

He Han က လက်ထောက်ဒါရိုက်တာက ရေထဲခုန်ဆင်းခိုင်းမယ်ဇာတ်ကွက်အကြောင်းကို Li Jun ကိုသိမ်းသွင်းပြောဆိုထားမှန်းမသိသေးဘူး ။ နောက်နေ့မှာတော့ ရိုက်ကူးရေးစတဲ့အချိန်မှာပဲ Li Junက Shen Yanကိုလှမ်းခေါ်လိုက်တယ်

He Hanက ထပ်မံပြီးအရိုက်ခံရမှာကိုကြောက်ရွံ့နေတုန်းပဲ ဒါကြောင့်သူမက Shen Yanကိုထပ်မံပြီးရန်မစရဲတော့ဘဲ Shen Yanရေကန်ထဲသို့ခုန်ချရမယ့်အချိန်ကိုစောင့်နေလိုက်တယ်။

ဘာပဲဖြစ်ဖြစ် ဒါရိုက်တာက Shen Yanကိုရေကန်ထဲသို့အနည်းဆုံး12ကြိမ်လောက်ခုန်ဆင်းခိုင်းမယ်ဆိုပြီးသူမကိုကတိပေးထားတယ်လေ ။ Shen Yanရဲ့ကံဆိုးတော့မယ့်အခြေအနေကိုစဉ်းစားမိတော့ He Hanကအရမ်းကိုပျော်ရွှင်လာတယ်။

ဒါရိုက်တာက ကြေညာချက်မထုတ်သေးတာကြောင့် လက်ထောက်ဒါရိုက်တာက Shen Yanဆီကိုစာမပို့ရဲသေးဘူး ။

ဒါပေမယ့် သူက Shen Yanရဲ့နေ့လည်စာဘူးထဲမှာတော့ အပိုစားစရာတွေထည့်ပေးနေတုန်းပဲ ။

ရက်တွေကလျှင်လျှင်မြန်မြနိကုန်ဆုံးသွားပြီး နောက်ဆုံး Shen Yanကာရိုက်တာရဲ့သေဆုံးရမယ့်နေ့ရက်ကိုရိုက်ကူးရတော့မယ်။

မနက်အစောပိုင်းမှာ He Hanကရှုတင်းကိုရောက်လာပြီးတော့ ဒါရိုက်တာရဲ့အနီးကိုချည်းကပ်ပြီးပြောလိုက်တယ်။

"ဒါရိုက်တာ ရာသီဥတုကအရမ်းကောင်းတယ်နော် ရေထဲခုန်ဆင်းရမယ့်ဇာတ်ကွက်ကိုရိုက်ရင်ရောဘယ်လိုလဲ "

"နောက်ဆုံးအခန်းကိုစောင့်ဦး မဟုတ်ရင်အကုန်ကိုးရိုးကားယားဖြစ်သွားလိမ့်မယ်"

Shen Yanကရှုတင်ဆီသို့ပုံမှန်အချိန်အတိုင်းပဲရောက်လာတယ် လူတွေကသူမကိုသနားစွာကြည့်နေကြပြီး ဒါက He Hanက Shen Yanကိုနှိက်စက်ညှင်းဆဲတာဖြစ်ကြောင်းရှင်းလင်းစွာသိနေကြတယ်။

HE HANကတော့ ယုံကြည်မှုအပြည့်နဲ့  လက်တွေကိုဆန့်တန်းပြီး Shen Yanထံသို့လျောက်သွားလိုက်တယ်။

"ဒီနေ့က ငါတို့တွေရန်ဖြစ်ရမယ့်အခန်းပါတယ် ငါနင်နဲ့ဆန့်ကျင်တဲ့ဘက်မှာရပ်ပြီးတော့ နင်လူတွေကိုကယ်တင်မှာကိုကြည့်နေရမှာ "

နင်ရေထဲကိုခုန်ဆင်းရမယ့်သနားစရာဇာတ်ကွက်လေးကိုကြည့်နေမှာလေ !

He Hanကို စိုက်ကြည့်ပြီးတော့ Shen Yanကပြန်ဖြေလိုက်တယ်

"နင့်ရဲ့ဂါဝန်ကတော်တော်ရှည်တယ်နော် "

He Han ကနှာမှုတ်ပြီးတော့ရယ်လိုက်တယ်။

"ဒီဝတ်စုံက ဒီတစ်ခေါက်ရိုက်ကွင်းအတွက်သေသေချာချာချုပ်ထားတာလေ နင့်ရဲ့ဝတ်စုံထက်အများကြီးပိုပြီးကျက်သရေရှိတယ် "

ပိုပြီးကျက်သရေရှိတယ် ?

She Yanက အဲဒီဝတ်စုံကိုကြည့်ပြီး He Han သာအဲဒီဝတ်စုံနဲ့ပြေးရင်ဘယ်လိုနေမလဲလို့တွေးနေလိုက်တယ်။

မလဲကျဘဲနဲ့ခရီးရောက်နိုင်မှာလား

Li Junက စပီကာနဲ့အော်ပြောလိုက်တယ်

“Okay, okay အဖွဲ့တွေအကုန်လုံးနေရာယူမယ် မြန်မြန်လေးလုပ်ကြ”

Shen Yanရဲ့ဇာတ်ကွက်တွေကနည်းတာကြောင့် တစ်နာရီခွဲလောက်မှာပဲ ရေထဲသို့ဆင်းရမယ့်အခန်းကိုရောက်လာခဲ့တယ်

He Hanက စိတ်လှုပ်ရှားစွာနဲ့ပွဲကြည့်ရမယ်နေရာကိုပြေးသွားလိုက်ကာ Shen Yan ရေထဲသို့ဆင်းရမယ့်အချိန်ကိုစောင့်နေလိုက်တယ်။

Li  Jun ကရေထဲမှာရိုက်ရမယ့်အခြေအနေကိုမေ့နေမှာစိုးတဲ့အတွက် သူမလှည့်ကြည့်လိုပ်တော့ Li Jun ကခေါင်းညိတ်ပြတယ်

အဲဒီအချိန်မှာပဲ တစ်စုံတစ်ယောက်က ရိုက်ကွင်းဆီသို့ပြေးလာကာ အော်ဟစ်လိုက်တယ်

"အဲဒါက ကျဆင်းသွားပြီ ဈေးကထိုးကျသွားပြီ "

***

Continue Reading

You'll Also Like

552K 64.4K 184
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
388K 60.3K 70
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...
14.3K 1.2K 12
Title - 万蛊谣 (Ballad of Ten Thousand Gu) Author - 叶笑 (Ye Xiao) English translator - Catharcity Original publisher - 飞魔幻 magazine Audio drama link - ht...
681 61 8
Original Name: Princess Wei Yang/Concubine's daughter is Poisonous Original Author : Qin Jian Genre : Drama, Mature, Josei, Romance This is not my ow...