The Stranger I love (System)

Av khunsin

402K 43.4K 1.3K

လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... Mer

မိတ်ဆက်
Arc 1.1 Modern World (Hong Lei)
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Musical Instruments
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.2
Arc 4.3
Arc 4.5
Arc 4.6
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14

Arc 4.4

2.6K 377 27
Av khunsin

Elemental Energy Form (Recap)
Basic စွမ်းအင် > advance စွမ်းအင်
မီး Pyro >> Pyro (Blue flame)
ရေ Hydro >>ရေခဲ Cryo
လေ Aero >> ဒိုင်း Shield
မြေ Geo >> သစ် Dendro

ရှားပါးစွမ်းအင်
သွေး Haemo (လူကို ထိန်းချုပ်နိုင်)
စိတ် Psycho (စိတ်ကို ထိန်းချုပ်နိုင်)
လျှပ်စီး Electro (လျှပ်စစ်စွမ်းအင်သုံးပစ္စည်းများကို ထိန်းချုပ်နိုင်)
_____________

"ဟက် ကလေးစုတ်လေး မင်းငါ့ကို အထင်သေးလွန်းတယ်"

ပြောပြောဆိုဆို နေသန်က Sekki ဓားကို ဆင့်ခေါ်လိုက်ပြီး နောက်ကို ခုန်ဆုတ်လိုက်သည်။ အနီးဆုံး ပြတင်းပေါက်မှ သစ်ခက်များကို ပိုင်းဖြတ်လိုက်သည်။ နေသန့်၏ လျှပ်စီးစွမ်းအင်သည် လူတွေမရှိ ဓားတွင်သာ ရှိသည်။ ခရမ်းရောင် လျှပ်စီး မြူးတူးနေသောဓားက သစ်ခက်ပေါင်းများစွာကို တိခနဲ ပြတ်သွားစေသည်။ နေသန်က ပြတင်းပေါက်တံခါးကို ကန်ဖွင့်လိုက်ပြီး ခုန်ချထွက်ပြေးသွားသည်။

အဖြစ်အပျက်များက မမျှော်လင့်ထားသည့်အပြင် မြန်ဆန်လွန်းသဖြင့် အိန်းဒရူးက ကြောင်တက်သွားပေမယ့် ချက်ချင်း Aeroစွမ်းအင်ကို သုံး၍ လိုက်လာသည်။ သို့သော် နေသန်က လျှပ်စီးဓားဖြင့် ဆီးခုတ်၍ ကိုယ်ဖော့ပညာသုံးကာ တိုက်နံရံတွေကို ကန်၍ ခုန်တက်ပြီး တိုက်ခေါင်မိုးကြားအဆောက်အဦးများကြား ထွက်ပြေးသည်။

အိန်းဒရူးကလည်း အမှီလိုက်၍ စွမ်းအင်သုံးမျိူးလုံးနှင့် လှည့်ပတ် တိုက်ခိုက်လာသည်။ လက်ဖျားမှ မီးကွင်းများ ထွက်လာနေသကဲ့သို့ နွယ်ရှင်များကလည်း မြေပြင်မှ တွယ်ကပ်၍ ပြေးလိုက်လာနေသည်။ နေသည်လည်း တဖြည်းဖြည်း ဝင်လာပြီး အမှောင်ထုက ကြီးစိုးလာသည်။

နေသန်မှာ အိန်းဒရူးသုံးသော မီးလုံးမီးကွင်းများကို ရှောင်ရင်းသာ ထွက်ပြေးနိုင်သည်။ ထိပ်တိုက်ပြန်ရင်ဆိုင်ဖို့အတွက်ကျ စွမ်းအင်မဲ့နေသောအခြေအနေမှာ အိန်းဒရူးကို သူမနိုင်ပေ။ ပစ်ခွင်းသောလေလှိုင်းခုတ်ချက်များကို ဓားဖြင့်ကာရင်း မီးကွင်းများကို ဂရုတစိုက် ရှောင်ရသည်။ ပြေးထွက်လာသော သစ်မြစ် သစ်ခက်များကိုလည်း ခုတ်ချတားဆီးရသည်။ ရှည်ထွက်လာပြီး လိုက်လံတွယ်တက်၍ ဖမ်းဆီးနေသော နွယ်ရှင်များကိုလည်း ရှောင်ရသည်။

နေသန့် Terminal ထဲမှာ 3D မြေပုံ ရှိပေမယ့် လမ်းကြောင်း ရှာချိန် မရတာမို့ ရှင်းကို အကူအညီတောင်းရတော့သည်။ ရှင်းသည် နေသန်နှင့် ပုံမှန်အချိန်ဆို အပေါက်အလမ်းမတည့်သော်လည်း အရေးကြီးတဲ့ အချိန်မျိုးမှာ အားကိုးရသည်။ အဆောက်အဦးများကြား တွယ်တက်လိုက် ခုန်ဆင်းလိုက်ဖြင့် နောက်ဆုံးမှာ အိန်းဒရူးကို ခက်ခက်ခဲခဲ မျက်ခြေဖြတ်၍ ချန်ထားခဲ့လိုက်နိုင်သည်။

အိန်းဒရူးက အချိုးအကွေ့တစ်ခုမှာ နေသန့်ကို မျက်ခြေပျက်သွားလေသည်။ အနီးအနားဝန်းကျင်မှာ အသည်းအသန်လိုက်ရှာသော်လည်း ရှာမတွေ့တော့ပေ။ သူဒေါသတကြီး ထုတ်လွှတ်လိုက်သော မီးလုံးများ အကိုင်းအခက်များကလည်း ပတ်ဝန်းကျင်ကို အရှိန်အဟုန်ပြင်းပြင်း လောင်ကျွမ်းနေလေပြီ။ သို့သော် နေသန့်ကိုမူ မတွေ့ရတော့ချေ။ အလွန်မောဟိုက်နေသည့်ကြားမှ အသံကုန်ညှစ်၍ အော်ခေါ်သည်။

"ကိုကို! ပြန်လာခဲ့!"

"ကိုကို မသွားပါနဲ့"

"ကျနော့ကို မထားခဲ့ပါနဲ့"

"ကိုကို ကျနော် မှားပါတယ်။ကိုကို မကြိုက်တာ မလုပ်တော့ပါဘူး။ အစွမ်းတွေ မရှိပဲ ဒီလိုကြီးထွက်မသွားပါနဲ့။ ကျနော်နဲ့ ခဏလေးပဲ နေပေးလို့ မရဘူးလား"

"ကိုကို!"

"ကျနော့ကိုလည်း ခေါ်သွားပါကိုကို။
အဲ့လို မထားခဲ့ပါနဲ့ "

အိန်းဒရူးက မျက်ရည်များ ဝိုင်းလျှက် နေသန်ပြန်လာနိုးနိုး သွေးရူးသွေးတန်း အော်ဟစ်ခေါ်နေသည်။ ညလူခြေတိတ်ဆိတ်နေချိန်မှာ အိန်းဒရူး၏အသံက အရှင်းသား အတိုင်းသား ကြားနေရသည်။

သို့သော် နေသန့်တွင် ပြန်သွားရန် စိတ်ကူးမရှိ။

သူသည် ...
အချုပ်အနှောင်ကို မုန်းသူ။
အတင်းအကြပ်ပြုလုပ်ခြင်းကို မုန်းသူ။
ဆန္ဒမပါပဲ အလိုက်အထိုက် ဆက်ဆံရခြင်းကို မုန်းသူ။

ထိုထက်ပို၍ အတိအကျပြောရလျှင် အကန့်အသတ်သာ ရှိသော အချိန်အတွင်း အသက်များကို ကယ်ပေးရန် တာဝန်ရှိသူတစ်ယောက်။

အိန်းဒရူး၏ ကြေကြေကွဲကွဲ အော်ဟစ်သံနှင့်အတူ အမျိုးအမည်မသိသော နာကျင်မှုမျိုးက လှိုက်ခနဲ ဝင်ရောက်လာသည်။ သို့သော်လည်း နေသန်ကျောခိုင်းလိုက်သည်။ သူ့ပုခုံးပေါ်မှာ ကြီးလေးတဲ့တာဝန် ပါလာသည်မဟုတ်ပါလား။

အိန်းဒရူး မျက်ရည်များ စီးကျနေပြီး တိုက်နံရံ တခုကို လက်သီးနှင့် ထိုးပစ်လိုက်သည်။ နံရံသားများအက်ကွဲ၍ ပဲ့ကျလာတဲ့ထိ သူမရပ်မိ။ လက်မှာ ပွန်းပဲ့သွားသော ဒဏ်ရာများကို လည်းကောင်း၊ စုတ်ပြတ်သွားသော နံရံကို လည်းကောင်း ဂရုမစိုက်မိ။ လက်၏ နာကျင်မှုသည် နှလုံးသား၏ နာကျင်မှုကို မမှီနိုင်။

ကိုကို ရက်စက်တယ် ...

ကိုကိုရာ ကျနော်နဲ့ နေရမှာ အဲ့လောက်ပဲ မုန်းလားဗျာ။
ကိုကို အရမ်းတော်မှန်းသိတယ်။ ဒါပေမယ့် ကျနော် ထိန်းချုပ်လို့ ရနိုင်လိမ့်မယ်လို့ ယူဆခဲ့မိတာ။ မဖြစ်မနေ ထွက်ပြေးမယ်မှန်းသိရင် ကျနော် အစွမ်းပြယ်ဆေး မတိုက်လိုက်ပါဘူး။ ကိုကို အခု ဒီလိုပုံစံနဲ့ တခြားသူလက်ထဲမှာ တခုခုဖြစ်သွားရင် ကျနော် ဘယ်လိုဖြေသိမ့်ရမှာလဲ။ မဟုတ်ဖူး။ ငါတောင် ကိုကို့ကို မဖမ်းနိုင်တာ တခြား ဘယ်သူက ဖမ်းနိုင်မှာတဲ့လဲ။ ဒါပေမယ့် ... ဒါပေမယ့် .. အုပ်စုလိုက်ဆို ဘယ်လိုလုပ်မလဲ။

ရင်ဘတ်ထဲမှ ဆို့တက်လာသော နာကျင်မှုကို စိတ်ပြေလို ပြေငြား နံရံကို တချက်ချင်း ထိုးနေသည်။ သို့သော် အဆောက်အဦးသာ အက်ကွဲလာသည်။ စိတ်အခြေအနေက တွေးလေလေ ပို၍ဆိုးဝါးလေလေ ဖြစ်လို့လာသည်။

"တွေ့တာမှ မကြာသေးတဲ့သူတယောက်ကို ငါ ဘာလို့ အသည်းအသန် ဖြစ်နေတာလဲ။ ကိုကိုရော ယုံနိုင်ပါ့မလား အဲ့လောက်ကြီး ရူးသွပ်နေမိမယ်လို့"

"မဖြစ်ဖူး ကိုကို့ကို သူများတွေ မတွေ့ခင် တွေ့အောင်ရှာရလိမ့်မယ်။ ကိုကို့မှာ အန္တရာယ်တွေ အများကြီး။ စွမ်းအားလည်း ရှိတာမဟုတ်ဖူး။ ကိုကို မင်းအရမ်းဆိုးတာပဲ။ ဒီတခါတွေ့ရင် ငါတကယ်ပဲ လွှတ်မပေးနိုင်တော့ဘူး"

ဆုံးဖြတ်ချက်ချအပြီးမှာ လက်မောင်းက အင်္ကျီစကို ဆွဲဖြဲလိုက်ပြီး သွေးစက်လက်ကျနေသော လက်ဆစ်များကို ဖြစ်သလို စည်းနှောင်လိုက်သည်။ ထို့နောက် အမှောင်ထုထဲ ပြေးဝင် ပျောက်ကွယ်သွားသည်။
________

နေသန် အခုမှ အပြင်လောကကို စိတ်ရှိလက်ရှိ လေ့လာခွင့်ရသည်။ ခပ်သော့သော့ပြေးနေရင်း အရာအားလုံးကို အကဲခတ်လာခဲ့သည်။ အချို့အပိုင်းတွေမှာ လျှပ်စစ်မီးများ ပြတ်တောက်နေပြီး အစွမ်းမရှိသော လူတို့၏ မျက်နှာမှာ ကြောက်စိတ်များက အတိုင်းသား ထင်ဟပ်နေသည်။

သန်မာသော လူရွယ်များက အလှည့်ကျကင်းစောင့်နေကြရတဲ့ပုံပေါ်ပြီး ဆော့ကစားနေရမည့်ကလေးများအစား ဆာလောင်ပေရေ၍ ကြောက်ရွံ့ထိတ်လန့်နေသော ကလေးများကိုသာ တွေ့ရတတ်သည်။ နေသန်၏ စိတ်အစဉ်သည် ကလေးများကိုတွေ့ပြီးနောက်မှာ တစထက် တစဆိုးဝါးလာသည်။ ခေတ်မှီတဲ့လူ့အဖွဲ့အစည်းကြီးက ဘာတွေကို လုပ်လိုက်လို့ ဒီအခြေအနေထိအောင် ပျက်စီးယိုယွင်းသွားရတာလဲ။

မျက်စိတဆုံး မြင်နေရသော တိုက်တာအဆောက်အဦးများက အချို့မှာ ပြိုကျပျက်စီးနေပြီး ရရာပစ္စည်းဖြင့် အမြင့်ကြီးတည်ဆောက်ထားသော ခံတပ်ကိုလည်းကောင်း၊ ခံတပ်တံတိုင်း၏ အပြင်တွင် လှုပ်လီ လှုပ်လဲ့ သွားနေသော အသွင်ပြောင်း သတ္တဝါ အနည်းငယ်ကို လည်းကောင်း၊ ပျက်ဆီးခြင်း၏ နိမိတ် မီးခိုးငွေ့ငွေ့များကိုလည်းကောင်း လမ်းတလျှောက် မြင်တွေ့ခဲ့ရသည်။

စွမ်းအားရှိ လူတချို့ တံတိုင်းများပေါ်မှာ စောင့်ကြပ်ပေးနေပုံရပြီး ပုံစံများကို ကြည့်ရုံဖြင့် ဆောင့်ကြွားကြွားနှင့် အချိုးပြေပုံမရ။ ကမ္ဘာတခုလုံး စုတ်ပြတ်နေတာတောင်မှ အစွမ်းအားကိုးနှင့် ထကြွနေနိုင်သေးသည်။ နေသန် တောက်တချက် ခေါက်မိလိုက်သည်။ တကယ်ဆို သူတို့ဟာ သဘာဝက အခွင့်အရေးပေးလိုက်တဲ့ ပြုပြင်ပြောင်းလဲဖို့ အားစိုက်ထုတ်ရမယ့် ပါရမီရှင်တွေ။ အခုတော့ သူတို့က လူထုဆီက မသထှာရေစာ အခကြေးငွေ စားပြီးမှ တာဝန်ကျေချင်ကြသည်တဲ့။ 

အိန်းဒရူး မင်းကရော ဘယ်လိုလူမျိုးလဲ ... ။

နေသန်က လမ်းတလျှောက်တွင် ပိုင်ရှင်မဲ့ အဆောက်အဦးများမှ စားစရာကို ရသမျှ စုဆောင်း၍ သိုလောင်အိတ်ထည့်လာသည်။ တွေ့သမျှ အသွင်ပြောင်းကောင်များကိုလည်း သတ်ပြီး နျူးကလိယပ်များ စုလာလိုက်သည်။ စွမ်းအားမရှိပေမယ့် Sekki ရှိနေခြင်းက နေသန့်အတွက် လုံလောက်သည်ထက်ပင် ပိုသေးသည်။

ဖလဲရာရှိရာ ဖလူတိုမြို့သို့ ရောက်ရှိလာသည်။ မိုးချုပ်သွားပြီဖြစ်၍ မြို့တံခါးသည်လည်း ပိတ်ထားသည်။ မြို့တတိုင်းပေါ်မှာလည်း အစောင့်အကြပ် များစွာ ရှိသည်။ နေသန်က အစောင့်များ လစ်တုန်း တံတိုင်းပေါ်မှာ ကျော်တက်ကာ အထပ်အမြင့်တခုဆီ တက်လိုက်သည်။ နေရာအားလုံးကို ခြုံငုံကြည့်လျှက် နားရမည့် နေရာကို ရွေးလိုက်သည်။ သူ့အနေနဲ့ တောထဲထက် မြို့ထဲမှာက ဘာပဲဖြစ်ဖြစ် ဇက်ခရွန်များရန် မရှိပဲ။ အေးအေးဆေးဆေး အိပ်လို့ ရနိုင်သည်။

အသွားအလာပြတ်လပ်၍ ဆိတ်ငြိမ်ဟန်တူသော တိုက်တတိုက်၏ အပေါ်ဆုံး လေသာဆောင်တွင် လေအကွယ် နံရံတခုကိုမှီလျှက် terminal ကို ဖွင့်လိုက်ပြီး Network တခုဖြင့် အရင် ချိတ်ဆက်ကြည့်လိုက်သည်။ ဆာနေသည့် ဗိုက်ကို လမ်းမှ ယူလာသော သက်တမ်းကုန်နေပေမယ့် စားလို့ရနေသေးသော ပေါင်မုန့်တလုံးနှင့် အချိုရည်ကိုထုတ်၍ ဖြည့်တင်းလိုက်သည်။

ထိုမှ တဆင့် Network ပေါင်းများစွာ ဂြိုလ်တုပေါင်းများစွာကို သတင်းရရန် အလို့ငှါ Admin Access ကို Hack ယူလိုက်သည်။ တခုနှင့် တခု ချိတ်ဆက်ထားခြင်း မရှိပဲ သပ်သပ်စီ အလုပ်လုပ်နေသော ဂြိုလ်တုများကို စုစည်း၍ ကွန်ယက်သဖွယ် ချိတ်ဆက်လိုက်သည်။ ထိုသို့ ချိတ်ဆက်ရာတွင် ထိန်းချုပ်မယ့်သူမရှိ၍ ပိုင်ရှင်မဲ့သွားသော ဂြိုလ်တုအသေးတစ်ခုကို ဗဟို၌ ကြားခံထား၍ ချိတ်ဆက်စေသည်။ ထို့နောက် သူ၏ Terminal က ပထမဦးဆုံး ဂြိုလ်တုအားလုံးနှင့် ချိတ်ဆက်နိုင်သော Terminal ဖြစ်လာသည်။

ချိတ်ဆက်ထားသော Terminal များမှ လူဦးရေနှင့် အချက်အလက်များ စုဆောင်းသည်။ တကယ်တော့ ထိုအချက်အလက်များမှာ သက်ဆိုင်ရာနယ်မြေရှိ ရဲ၊ ဘဏ်အရာရှိ၊ လုံခြုံရေးအရာရှိ စသည့်သူများသာ အဆင့်အလိုက်သာ ကြည့်ခွင့်ရသော အချက်အလက်များ ဖြစ်သည်။

သို့သော် နေသန်ကတော့ သမ္မတတစ်ဦးရဲ့ Access level ကိုတောင် ကျော်လွန်၍ ဒီကမ္ဘာ၏ အချက်အလက်အားလုံးကို အချိန်မရွေး ကြည့်လို့ရနေပြီဖြစ်သည်။ ထို့နောက် Automatic Data ကောက်ယူတဲ့ Database စနစ်တခု ထည့်သွင်းပြီး လူတိုင်း၏ နာမည်၊ အသက်၊ သုံးနိုင်သည့် စွမ်းအား၊ ယခင်အလုပ်အကိုင်နှင့် terminal နံပါတ် အစရှိသည့် infos အားလုံးကို စာရင်းပြုစုလိုက်သည်။

နေသန်က နည်းပညာကို ရူးသွပ်သူဖြစ်တာကြောင့် သူကိုယ်တိုင်ပင် မသိလိုက်ပဲ ထိုကိစ္စများဖြင့် တစ်ညအချိန်ကုန်သွားလေသည်။ နေထွက်လာတဲ့အချိန်မှာ အရမ်းလည်း ပင်ပန်းနေပြီမို့ သူရောက်နေတဲ့ တိုက်အမြင့်ကြီးပေါ်မှ ရောင်နီကို ခံစားလျှက် .. ခဏမှေးခနဲ အိပ်ပျော်သွားသည်။

သူ့ပါးကို တစုံတယောက် ထိကိုင်လိုက်တဲ့အချိန်မှာ သူနိုးလာသည်။ ပင်ပန်းလွန်း၍ သတိလက်လွတ်အိပ်ပျော်သွားခြင်းကြောင့် ရင်ထိတ်သွားပေမယ့် အနားကရှိနေတဲ့သူက ကလေးလေး တယောက်သာ ဖြစ်နေသည်။

"ဟင် ပုကျိလေး .. တယောက်တည်း တိုက်အမြင့်ကြီးကို ဘာလာလုပ်တာလဲ။ မေမေရော?"
"ဦးဦးချောချော"
"ဦးဦးချောချော? .. အဟား .."
"ဦးဦးချောချောက ဒီမှာ ဘာလာလုပ်နေတာလဲ"

သူ့မေးခွန်းကို မဖြေပဲ သူ့ကို ပြန်မေးနေသည့် ကလေး၏ ပါးဖောင်းဖောင်းလေးကို အသာညှစ်လိုက်သည်။ မိန်းမတစ်ဦး၏ အော်ခေါ်နေသံ ကြားရတာမို့ သူက ကလေးကို ပွေ့ချီကာ အသံကြားရာ အောက်သို့ ဆင်းသွားလိုက်သည်။

"ပုကျိလေး နောက်ကို လူကြီးမပါပဲ လျှောက်မသွားရဘူးနော်"
"ဟုတ်ကဲ့"
"ဦးဦးကို အာဝါးပေး"
"အာဝါး"
"လိမ္မာတယ်"

ထို့နောက် ကလေးလေးကို လာရှာတဲ့သူ မြင်သာတဲ့နေရာလောက်မှာ ထားခဲ့ပြီး ဖလဲရာမယ်လ်ဆင် ရှိနိုင်လောက်သောနေရာကို ဦးတည်လိုက်သည်။

ဖလဲရာမယ်လ်ဆင်ရှိနေသော ဖလူတိုမြို့က စွမ်းအားရှင်တို့အုပ်ချုပ်တဲ့ မြို့မဟုတ်ပဲ အရေးပေါ်စစ်တပ်အုပ်ချုပ်ရေးဖြစ်သည်။ အကြီးဆုံးဗိုလ်ချုပ်က အာဏာအရှိဆုံး ဖြစ်ပြီး မီး Pyro စွမ်းအင်ကို အသုံးပြုသည်။ အုပ်ချုပ်ရေးအဖွဲ့တွင် မြေ Geo စွမ်းအားရှင်တစ်ဦး၊ စစ်ဗိုလ်နှစ်ဦးနှင့် မြို့မိမြို့ဖ အရပ်သားနှစ်ဦး ပါဝင်သည်။ သက်ဆိုင်ရာ အာဏာအသီးသီးခွဲယူထားပြီး ကိုယ့်အလုပ်ကိုယ် လုပ်ကြသည်။

ဖလဲရာ မယ်လ်ဆင် ဝင်ရောက် မစွက်ဖက်ခင်ထိ အဆင်ပြေသော အုပ်ချုပ်ရေးအဖွဲ့ ဖြစ်ခဲ့သည်။ လက်နက်နှင့် လူရွယ်များအားလုံးက လေ့ကျင့်ရေးဝင်ရပြီး အလှည့်ကျ စောင့်ကြပ်ရသည်။ စွမ်းအားရှင်အရေအတွက်နည်းသည်။

စွမ်းအားရှင်များက သာမာန်ပုံစံပဲ နေထိုင်ကြပြီး စွမ်းအားများကို တိုးတက်အောင် မလုပ်တတ်ပဲ လက်နက်များကိုသာ အများနည်းတူ လေ့ကျင့်ကြသည်။ မြို့ထဲ အဝင်အထွက်များကို ကြပ်မတ်ထားပြီး လူတိုင်းကို ဇက်ခရွန်နဲ့ ထိတွေ့မှု ရှိမရှိ၊ ဘာအတွက်ကြောင့် မြို့ထဲ ဝင်ချင်တာလဲစသည်များကို စစ်ဆေးမေးမြန်းသည်။ ခိုလှုံချင်သူများဆိုလျှင် ရိက္ခာပေးနိုင်မှ ဝင်ခွင့် ပြုသည်။

Flaire Malson ဖလဲရာ မယ်လ်ဆင်။
သူမသည် နေသန်နှင့် လမ်းခွဲပြီး ထွက်လာကတည်းက နေသန့်ကို သေလူကဲ့သို့ သတ်မှတ်ထားပြီးသားဖြစ်သည်။ နေသန့်ထံမှ ရရှိသော infos များနှင့် Stick ထဲရှိ သူမ၏ ဆရာ (တနည်း) နေသန်၏အဖေဖြစ်သူ ခရစ်ကလက်ခ်၏ တွက်ချက်ထားသော data များကို သေချာစွာ ဆက်စပ် ဖတ်ရှုလိုက်တဲ့အချိန်မှာ သူမတစ်ဦးတည်း တွက်ချက် အဖြေမထုတ်နိုင်မှန်း သဘောပေါက်သွားသည်။

သို့နှင့် သူမ၏ စိတ်စွမ်းအင် Psycho ကို အသုံးပြုကာ ထို camp ၏ အကြီးဆုံး ဗိုလ်ချုပ်ကို သူမကို စွဲလမ်းနေအောင်၊ သူမစကားအမြဲ နားထောင်အောင် ထိန်းချုပ်လိုက်သည်။ သူမကိုယ်တိုင်လည်း အရေးပါသော ရာထူးတနေရာ ယူလိုက်ပြီး အတော်ဆုံးလူများကို စုစည်းစေ၍ ဖြေဆေး ဖော်ထုတ်နေပြီ ဖြစ်သည်။ သူမကို ဖြူစင်သူ ပါရမီရှင်လေးအဖြစ် သိအောင် ပြုမူနေထိုင်သည်။ သူမသည် ဗိုလ်ချုပ်၏ ချစ်သူ၊ ဖြေဆေးကို ထုတ်ဖော်လျှက်ရှိသော ပါရမီရှင်၊ ချစ်စရာကောင်းသော မိန်းကလေးဟု အများက သိထားပေမယ့် သဘောမကျသူ နှစ်ယောက်တော့ ရှိသည်။

နေသန်က အထပ်မြင့် တိုက်များပေါ်မှ ကူး၍ ဓာတ်ခွဲခန်းရှိရာ သီးသန့်နေရာသို့ ခိုးဝင်လိုက်သည်။ မိမိကိုယ်ကို ဆရာဝန်တဦးကဲ့သို့ ရုပ်ဖျက်၍ Lab ခန်းထဲ ဝင်ရောက်ရန် ကြိုးစားလိုက်သော်လည်း တံခါးက Terminal ID နှင့် ပွင့်သော တံခါးဖြစ်နေသည်။ နေသန်က Hack ၍ ဝင်ခွင့် Access တခုအမြန်ပြုလုပ်လိုက်သည်။ လေဆာ Scan ပေါ်မှာ Terminal ကို ကပ်ပေးလိုက်သည်နှင့် တံခါးပွင့်သွားပြီး အထဲတွင် အလုပ်ရှုပ်နေသော လူတစ်စုကို တွေ့ရသည်။

အချို့က ဖန်ချောင်းလေးများထဲရှိ အရည်ပေါင်းများစွာကို စစ်ဆေးတဲ့စက်ပေါင်းများစွာနှင့် အဖြေရှာနေပုံရပြီး အချို့ကတော့ တွက်ချက်နေကြသည်။ အချို့က ဆွေးနွေးနေကြပုံပေါ်ပြီး ကြေလည်မှုလည်း မရသည့် ပုံစံပင်။ နေသန်က Lab ခန်းမှာ အသင့်တွေ့ရသော ပိုးသတ်ထားသည့် ဂျူတီကုတ် တခုကောက်ဝတ်လိုက်ပြီး mask တပ်လိုက်သည်။ ရှင်းပြောင်းပေးထားသော ရုပ်ရည် ခန္ဓာကိုယ်၊ အိန်းဒရူးပြောင်းပေးထားသော ဆံပင်ကေနှင့် သူကိုယ်တိုင်၏ နေထိုင်မှုစရိုက်အရ ဖလဲရာနှင့် တွေ့လျှင်တောင် ဖလဲရာက သူ့ကို မှတ်မိလိမ့်မည်မဟုတ်ဆိုတာ သူကောင်းကောင်း ယုံကြည်သည်။

နေသန်က ဖြေဆေးဖော်ထုတ်ရန် အဓိကမို့ အပြင်ကိစ္စများကို ခဏ ခေါင်းထဲမထည့်ပဲ ခဏလွှတ်ထားလိုက်မည်ဟု တွေးသည်။ လောလောဆယ် ရုပ်ဖျက်၍ ဒီမှာပဲ ဖြေဆေးပြီးအောင်ဖော်ဖို့ ဆုံးဖြတ်လိုက်သည်။ System  Control room ကို သွား၍ Kris Blood ဟူသော အမည်ဝှက်ဖြင့် စာရင်းသွင်း၍ ဝင်ခွင့်ထွက်ခွင့် အားလုံးကို ရယူလိုက်သည်။ ဤနေရာသို့ လာရန် ထောက်ခံသူနေရာမှာ ခေါင်းဆောင်ဗိုလ်ချုပ်နာမည်ကို သူ၏ Database ထဲမှ ရှာ၍ ထည့်လိုက်သည်။ Nathan Clark နာမည်ကိုတော့ နောက်ကြောင်းလိုက်နိုင်သွားမှာစိုး၍ မသုံးဖြစ်တော့ပေ။

သူ့အလုပ်နဲ့သူရှုပ်၍ အာရုံမရသော အုပ်စုကို နေသန်က စ၍ မိတ်ဆက်လိုက်သည်။ လက်ခုပ် နှစ်ချက်တီး၍
"အဟမ်း .. အားလုံးပဲ ကျနော်က ခရစ်ဘလတ်ဒ် ပါ။ ဗိုလ်ချုပ်ရဲ့ ထောက်ခံပေးမှုနဲ့ ဒီဖြေဆေးဖော်ထုတ်ရာမှာ ပါဝင်ပါမယ်။ ကျနော့ကို အလုပ်နဲ့ ပက်သက်ရင် ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်ပါတယ်"

ထိုထဲမှ အသက်အကြီးဆုံး ဖြစ်ပုံရသော အမျိုးသမီးတဦးက ရှေ့ထွက်လာ၍
"ကောင်းပြီ ခရစ်။  မင်းက ဘယ်အပိုင်းကျွမ်းကျင်တာလဲ။ ငါတို့ ဒီမှာ အခက်အခဲဖြစ်နေတယ်။ မင်းနည်းနည်း ကြည့်ပေးနိုင်မလား။ မိတ်ဆတ်တာက နောက်မှလုပ်တော့ မဟုတ်လည်း သိသွားမှာပဲ"

နေသန်ကို copy တခုပေး၍ ဖတ်စေသည်။ ထို့နောက် မှန်မှာ soft pen နဲ့ ချရေးပြီး တွက်ချထားတဲ့ ကြောင်ခြစ်ကုပ်များစွာကိုလည်း အနည်းငယ် ရှင်းပြသည်။ နေသန့်အဖို့ သက်ရှိများ၏ ဇီဝဖြစ်စဉ်ကို အကြမ်းလောက်သာ နားလည်သောသူအတွက် ပထမဆုံးစာကြောင်းကိုပင် နားလည်အောင် မနည်း ဖတ်ယူလိုက်ရသည်။ နေသန်က သူဖတ်ကြည့်ဦးမည်ဟု ဆိုကာ အချိန်တောင်းလိုက်သည်။ ထို့နောက် ဒီ source တွေ ဘယ်က ရတာလဲဟု အစ်အောက်ကြည့်ရာ ဖလဲရာ ယူလာသည်ဟုသာ သိရသည်။

နေသန်က ကွန်ပျူတာသုံးဖို့ ခွင့်တောင်းလိုက်သည်။
'ဟက် .. ငါ မင်းနဲ့ တွေ့စရာတောင် မလိုလောက်ဖူးထင်တယ် မယ်လ်ဆင်'

ကွန်ယက်ချိတ်ထားသည့် ဖလဲရာ၏ ကွန်ပျူတာကို Hack လိုက်ပြီး သူ့အဖေ၏ သုတေသနစာတမ်းကို အရင်ဘဝက ယူလာတဲ့ stick ကို သိုလှောင်အိတ်ထဲမှ ထုတ်၍ ထိုထဲသို့ ပွါးယူလိုက်သည်။ တလတ်စတည်း ဖလဲရာ၏ ကွန်ပျူတာပေါ်မှ ဖိုင်ကို တပတ်ကြာလျှင်ပျက်သွားစေနိုင်သည့် trojan virus ကိုပါ ထည့်ပေးလိုက်သည်။

နေသန် ထိုစာတမ်းကို စတင်၍ ဖတ်ရှုလိုက်သည်။ စောစောက ရှင်းပြသွားသည့် မှန်ပေါ်က တွက်ချက်မှုများနှင့် သီအိုရီ အတူတူပဲ ဖြစ်ပေမယ့် ခံစားချက်ချင်းက ကွာဟနေသည်။ သူ့အဖေ၏လက်ရေးတချို့ကို အကြမ်းရိုက်ယူထားသော ပုံအချို့၊ စကားလုံးအသုံးအနှုန်းများက မှတ်ဥာဏ်အချို့ကို အစဆွဲထုတ်သလိုဖြစ်စေပြီး အဖြစ်အပျက်ပေါင်းများစွာကို သတိရစေသည်။

"ကားပေါ်မှ အိပ်ပြီးနေခဲ့" လို့ ပြောတာကို မအိပ်နေပဲ သူ့အဖေရဲ့ စာတမ်းဖတ်ပွဲ လိုက်နားထောင်တာတွေ။ သူ့တပည့်တွေနဲ့ ငြင်းခုံပြောဆိုပြီး ဒီဖော်မြူလာရအောင် တွက်ချက်အဖြေထုတ်ခဲ့တာတွေ။ သူ့အယူအဆကို မှားတယ်လို့ တခေါက် အငြင်းခံရတိုင်း ဒေါသပေါက်ကွဲပြီး ငယ်သေးတဲ့သားဖြစ်သူကို နားမလည်မှန်း သိလျှက် အတင်းရှင်းပြပြီး နားထောင်ခိုင်းတာတွေ တလွှာချင်း တကွက်ချင်း အတွေးထဲမှာ ပေါ်လာနေသည်။ သို့သော် နေသန်လေးမှာ နေ့တိုင်းနီးပါး ကလေးနဲ့ မတန်တဲ့စာတွေ နားထောင်ရပြီး နားရည်ဝနေပေမယ့် ငယ်သေးတာကြောင့် ဘယ်ဟာက ဘယ်အဓိပ္ပါယ်ဆိုတာ မသိခဲ့ပေ။ 

🟥🟥🟥🟥🟥

Elemental Energy Form (Recap)
Basic စြမ္းအင္ > advance စြမ္းအင္
မီး Pyro >> Pyro (Blue flame)
ေရ Hydro >>ေရခဲ Cryo
ေလ Aero >> ဒိုင္း Shield
ေျမ Geo >> သစ္ Dendro

ရွားပါးစြမ္းအင္
ေသြး Haemo (လူကို ထိန္းခ်ဳပ္ႏိုင္)
စိတ္ Psycho (စိတ္ကို ထိန္းခ်ဳပ္ႏိုင္)
လွ်ပ္စီး Electro (လွ်ပ္စစ္စြမ္းအင္သုံးပစၥည္းမ်ားကို ထိန္းခ်ဳပ္ႏိုင္)
_____________

"ဟက္ ကေလးစုတ္ေလး မင္းငါ့ကို အထင္ေသးလြန္းတယ္"

ေျပာေျပာဆိုဆို ေနသန္က Sekki ဓားကို ဆင့္ေခၚလိုက္ၿပီး ေနာက္ကို ခုန္ဆုတ္လိုက္သည္။ အနီးဆုံး ျပတင္းေပါက္မွ သစ္ခက္မ်ားကို ပိုင္းျဖတ္လိုက္သည္။ ေနသန္႔၏ လွ်ပ္စီးစြမ္းအင္သည္ လူေတြမရွိ ဓားတြင္သာ ရွိသည္။ ခရမ္းေရာင္ လွ်ပ္စီး ျမဴးတူးေနေသာဓားက သစ္ခက္ေပါင္းမ်ားစြာကို တိခနဲ ျပတ္သြားေစသည္။ ေနသန္က ျပတင္းေပါက္တံခါးကို ကန္ဖြင့္လိုက္ၿပီး ခုန္ခ်ထြက္ေျပးသြားသည္။

အျဖစ္အပ်က္မ်ားက မေမွ်ာ္လင့္ထားသည့္အျပင္ ျမန္ဆန္လြန္းသျဖင့္ အိန္းဒ႐ူးက ေၾကာင္တက္သြားေပမယ့္ ခ်က္ခ်င္း Aeroစြမ္းအင္ကို သုံး၍ လိုက္လာသည္။ သို႔ေသာ္ ေနသန္က လွ်ပ္စီးဓားျဖင့္ ဆီးခုတ္၍ ကိုယ္ေဖာ့ပညာသုံးကာ တိုက္နံရံေတြကို ကန္၍ ခုန္တက္ၿပီး တိုက္ေခါင္မိုးၾကားအေဆာက္အဦးမ်ားၾကား ထြက္ေျပးသည္။

အိန္းဒ႐ူးကလည္း အမွီလိုက္၍ စြမ္းအင္သုံးမ်ိဴးလုံးႏွင့္ လွည့္ပတ္ တိုက္ခိုက္လာသည္။ လက္ဖ်ားမွ မီးကြင္းမ်ား ထြက္လာေနသကဲ့သို႔ ႏြယ္ရွင္မ်ားကလည္း ေျမျပင္မွ တြယ္ကပ္၍ ေျပးလိုက္လာေနသည္။ ေနသည္လည္း တျဖည္းျဖည္း ဝင္လာၿပီး အေမွာင္ထုက ႀကီးစိုးလာသည္။

ေနသန္မွာ အိန္းဒ႐ူးသုံးေသာ မီးလုံးမီးကြင္းမ်ားကို ေရွာင္ရင္းသာ ထြက္ေျပးႏိုင္သည္။ ထိပ္တိုက္ျပန္ရင္ဆိုင္ဖို႔အတြက္က် စြမ္းအင္မဲ့ေနေသာအေျခအေနမွာ အိန္းဒ႐ူးကို သူမႏိုင္ေပ။ ပစ္ခြင္းေသာေလလႈိင္းခုတ္ခ်က္မ်ားကို ဓားျဖင့္ကာရင္း မီးကြင္းမ်ားကို ဂ႐ုတစိုက္ ေရွာင္ရသည္။ ေျပးထြက္လာေသာ သစ္ျမစ္ သစ္ခက္မ်ားကိုလည္း ခုတ္ခ်တားဆီးရသည္။ ရွည္ထြက္လာၿပီး လိုက္လံတြယ္တက္၍ ဖမ္းဆီးေနေသာ ႏြယ္ရွင္မ်ားကိုလည္း ေရွာင္ရသည္။

ေနသန္႔ Terminal ထဲမွာ 3D ေျမပုံ ရွိေပမယ့္ လမ္းေၾကာင္း ရွာခ်ိန္ မရတာမို႔ ရွင္းကို အကူအညီေတာင္းရေတာ့သည္။ ရွင္းသည္ ေနသန္ႏွင့္ ပုံမွန္အခ်ိန္ဆို အေပါက္အလမ္းမတည့္ေသာ္လည္း အေရးႀကီးတဲ့ အခ်ိန္မ်ိဳးမွာ အားကိုးရသည္။ အေဆာက္အဦးမ်ားၾကား တြယ္တက္လိုက္ ခုန္ဆင္းလိုက္ျဖင့္ ေနာက္ဆုံးမွာ အိန္းဒ႐ူးကို ခက္ခက္ခဲခဲ မ်က္ေျချဖတ္၍ ခ်န္ထားခဲ့လိုက္ႏိုင္သည္။

အိန္းဒ႐ူးက အခ်ိဳးအေကြ႕တစ္ခုမွာ ေနသန္႔ကို မ်က္ေျခပ်က္သြားေလသည္။ အနီးအနားဝန္းက်င္မွာ အသည္းအသန္လိုက္ရွာေသာ္လည္း ရွာမေတြ႕ေတာ့ေပ။ သူေဒါသတႀကီး ထုတ္လႊတ္လိုက္ေသာ မီးလုံးမ်ား အကိုင္းအခက္မ်ားကလည္း ပတ္ဝန္းက်င္ကို အရွိန္အဟုန္ျပင္းျပင္း ေလာင္ကြၽမ္းေနေလၿပီ။ သို႔ေသာ္ ေနသန္႔ကိုမူ မေတြ႕ရေတာ့ေခ်။ အလြန္ေမာဟိုက္ေနသည့္ၾကားမွ အသံကုန္ညႇစ္၍ ေအာ္ေခၚသည္။

"ကိုကို! ျပန္လာခဲ့!"

"ကိုကို မသြားပါနဲ႔"

"က်ေနာ့ကို မထားခဲ့ပါနဲ႔"

"ကိုကို က်ေနာ္ မွားပါတယ္။ကိုကို မႀကိဳက္တာ မလုပ္ေတာ့ပါဘူး။ အစြမ္းေတြ မရွိပဲ ဒီလိုႀကီးထြက္မသြားပါနဲ႔။ က်ေနာ္နဲ႔ ခဏေလးပဲ ေနေပးလို႔ မရဘူးလား"

"ကိုကို!"

"က်ေနာ့ကိုလည္း ေခၚသြားပါကိုကို။
အဲ့လို မထားခဲ့ပါနဲ႔ "

အိန္းဒ႐ူးက မ်က္ရည္မ်ား ဝိုင္းလွ်က္ ေနသန္ျပန္လာႏိုးႏိုး ေသြး႐ူးေသြးတန္း ေအာ္ဟစ္ေခၚေနသည္။ ညလူေျခတိတ္ဆိတ္ေနခ်ိန္မွာ အိန္းဒ႐ူး၏အသံက အရွင္းသား အတိုင္းသား ၾကားေနရသည္။

သို႔ေသာ္ ေနသန္႔တြင္ ျပန္သြားရန္ စိတ္ကူးမရွိ။

သူသည္ ...
အခ်ဳပ္အေႏွာင္ကို မုန္းသူ။
အတင္းအၾကပ္ျပဳလုပ္ျခင္းကို မုန္းသူ။
ဆႏၵမပါပဲ အလိုက္အထိုက္ ဆက္ဆံရျခင္းကို မုန္းသူ။

ထိုထက္ပို၍ အတိအက်ေျပာရလွ်င္ အကန္႔အသတ္သာ ရွိေသာ အခ်ိန္အတြင္း အသက္မ်ားကို ကယ္ေပးရန္ တာဝန္ရွိသူတစ္ေယာက္။

အိန္းဒ႐ူး၏ ေၾကေၾကကြဲကြဲ ေအာ္ဟစ္သံႏွင့္အတူ အမ်ိဳးအမည္မသိေသာ နာက်င္မႈမ်ိဳးက လႈိက္ခနဲ ဝင္ေရာက္လာသည္။ သို႔ေသာ္လည္း ေနသန္ေက်ာခိုင္းလိုက္သည္။ သူ႔ပုခုံးေပၚမွာ ႀကီးေလးတဲ့တာဝန္ ပါလာသည္မဟုတ္ပါလား။

အိန္းဒ႐ူး မ်က္ရည္မ်ား စီးက်ေနၿပီး တိုက္နံရံ တခုကို လက္သီးႏွင့္ ထိုးပစ္လိုက္သည္။ နံရံသားမ်ားအက္ကြဲ၍ ပဲ့က်လာတဲ့ထိ သူမရပ္မိ။ လက္မွာ ပြန္းပဲ့သြားေသာ ဒဏ္ရာမ်ားကို လည္းေကာင္း၊ စုတ္ျပတ္သြားေသာ နံရံကို လည္းေကာင္း ဂ႐ုမစိုက္မိ။ လက္၏ နာက်င္မႈသည္ ႏွလုံးသား၏ နာက်င္မႈကို မမွီႏိုင္။

ကိုကို ရက္စက္တယ္ ...

ကိုကိုရာ က်ေနာ္နဲ႔ ေနရမွာ အဲ့ေလာက္ပဲ မုန္းလားဗ်ာ။
ကိုကို အရမ္းေတာ္မွန္းသိတယ္။ ဒါေပမယ့္ က်ေနာ္ ထိန္းခ်ဳပ္လို႔ ရႏိုင္လိမ့္မယ္လို႔ ယူဆခဲ့မိတာ။ မျဖစ္မေန ထြက္ေျပးမယ္မွန္းသိရင္ က်ေနာ္ အစြမ္းျပယ္ေဆး မတိုက္လိုက္ပါဘူး။ ကိုကို အခု ဒီလိုပုံစံနဲ႔ တျခားသူလက္ထဲမွာ တခုခုျဖစ္သြားရင္ က်ေနာ္ ဘယ္လိုေျဖသိမ့္ရမွာလဲ။ မဟုတ္ဖူး။ ငါေတာင္ ကိုကို႔ကို မဖမ္းႏိုင္တာ တျခား ဘယ္သူက ဖမ္းႏိုင္မွာတဲ့လဲ။ ဒါေပမယ့္ ... ဒါေပမယ့္ .. အုပ္စုလိုက္ဆို ဘယ္လိုလုပ္မလဲ။

ရင္ဘတ္ထဲမွ ဆို႔တက္လာေသာ နာက်င္မႈကို စိတ္ေျပလို ေျပျငား နံရံကို တခ်က္ခ်င္း ထိုးေနသည္။ သို႔ေသာ္ အေဆာက္အဦးသာ အက္ကြဲလာသည္။ စိတ္အေျခအေနက ေတြးေလေလ ပို၍ဆိုးဝါးေလေလ ျဖစ္လို႔လာသည္။

"ေတြ႕တာမွ မၾကာေသးတဲ့သူတေယာက္ကို ငါ ဘာလို႔ အသည္းအသန္ ျဖစ္ေနတာလဲ။ ကိုကိုေရာ ယုံႏိုင္ပါ့မလား အဲ့ေလာက္ႀကီး ႐ူးသြပ္ေနမိမယ္လို႔"

"မျဖစ္ဖူး ကိုကို႔ကို သူမ်ားေတြ မေတြ႕ခင္ ေတြ႕ေအာင္ရွာရလိမ့္မယ္။ ကိုကို႔မွာ အႏၲရာယ္ေတြ အမ်ားႀကီး။ စြမ္းအားလည္း ရွိတာမဟုတ္ဖူး။ ကိုကို မင္းအရမ္းဆိုးတာပဲ။ ဒီတခါေတြ႕ရင္ ငါတကယ္ပဲ လႊတ္မေပးႏိုင္ေတာ့ဘူး"

ဆုံးျဖတ္ခ်က္ခ်အၿပီးမွာ လက္ေမာင္းက အက်ႌစကို ဆြဲၿဖဲလိုက္ၿပီး ေသြးစက္လက္က်ေနေသာ လက္ဆစ္မ်ားကို ျဖစ္သလို စည္းေႏွာင္လိုက္သည္။ ထို႔ေနာက္ အေမွာင္ထုထဲ ေျပးဝင္ ေပ်ာက္ကြယ္သြားသည္။
________

ေနသန္ အခုမွ အျပင္ေလာကကို စိတ္ရွိလက္ရွိ ေလ့လာခြင့္ရသည္။ ခပ္ေသာ့ေသာ့ေျပးေနရင္း အရာအားလုံးကို အကဲခတ္လာခဲ့သည္။ အခ်ိဳ႕အပိုင္းေတြမွာ လွ်ပ္စစ္မီးမ်ား ျပတ္ေတာက္ေနၿပီး အစြမ္းမရွိေသာ လူတို႔၏ မ်က္ႏွာမွာ ေၾကာက္စိတ္မ်ားက အတိုင္းသား ထင္ဟပ္ေနသည္။

သန္မာေသာ လူ႐ြယ္မ်ားက အလွည့္က်ကင္းေစာင့္ေနၾကရတဲ့ပုံေပၚၿပီး ေဆာ့ကစားေနရမည့္ကေလးမ်ားအစား ဆာေလာင္ေပေရ၍ ေၾကာက္႐ြံ႕ထိတ္လန္႔ေနေသာ ကေလးမ်ားကိုသာ ေတြ႕ရတတ္သည္။ ေနသန္၏ စိတ္အစဥ္သည္ ကေလးမ်ားကိုေတြ႕ၿပီးေနာက္မွာ တစထက္ တစဆိုးဝါးလာသည္။ ေခတ္မွီတဲ့လူ႔အဖြဲ႕အစည္းႀကီးက ဘာေတြကို လုပ္လိုက္လို႔ ဒီအေျခအေနထိေအာင္ ပ်က္စီးယိုယြင္းသြားရတာလဲ။

မ်က္စိတဆုံး ျမင္ေနရေသာ တိုက္တာအေဆာက္အဦးမ်ားက အခ်ိဳ႕မွာ ၿပိဳက်ပ်က္စီးေနၿပီး ရရာပစၥည္းျဖင့္ အျမင့္ႀကီးတည္ေဆာက္ထားေသာ ခံတပ္ကိုလည္းေကာင္း၊ ခံတပ္တံတိုင္း၏ အျပင္တြင္ လႈပ္လီ လႈပ္လဲ့ သြားေနေသာ အသြင္ေျပာင္း သတၱဝါ အနည္းငယ္ကို လည္းေကာင္း၊ ပ်က္ဆီးျခင္း၏ နိမိတ္ မီးခိုးေငြ႕ေငြ႕မ်ားကိုလည္းေကာင္း လမ္းတေလွ်ာက္ ျမင္ေတြ႕ခဲ့ရသည္။

စြမ္းအားရွိ လူတခ်ိဳ႕ တံတိုင္းမ်ားေပၚမွာ ေစာင့္ၾကပ္ေပးေနပုံရၿပီး ပုံစံမ်ားကို ၾကည့္႐ုံျဖင့္ ေဆာင့္ႂကြားႂကြားႏွင့္ အခ်ိဳးေျပပုံမရ။ ကမာၻတခုလုံး စုတ္ျပတ္ေနတာေတာင္မွ အစြမ္းအားကိုးႏွင့္ ထႂကြေနႏိုင္ေသးသည္။ ေနသန္ ေတာက္တခ်က္ ေခါက္မိလိုက္သည္။ တကယ္ဆို သူတို႔ဟာ သဘာဝက အခြင့္အေရးေပးလိုက္တဲ့ ျပဳျပင္ေျပာင္းလဲဖို႔ အားစိုက္ထုတ္ရမယ့္ ပါရမီရွင္ေတြ။ အခုေတာ့ သူတို႔က လူထုဆီက မသထွာေရစာ အခေၾကးေငြ စားၿပီးမွ တာဝန္ေက်ခ်င္ၾကသည္တဲ့။ 

အိန္းဒ႐ူး မင္းကေရာ ဘယ္လိုလူမ်ိဳးလဲ ... ။

ေနသန္က လမ္းတေလွ်ာက္တြင္ ပိုင္ရွင္မဲ့ အေဆာက္အဦးမ်ားမွ စားစရာကို ရသမွ် စုေဆာင္း၍ သိုေလာင္အိတ္ထည့္လာသည္။ ေတြ႕သမွ် အသြင္ေျပာင္းေကာင္မ်ားကိုလည္း သတ္ၿပီး န်ဴးကလိယပ္မ်ား စုလာလိုက္သည္။ စြမ္းအားမရွိေပမယ့္ Sekki ရွိေနျခင္းက ေနသန္႔အတြက္ လုံေလာက္သည္ထက္ပင္ ပိုေသးသည္။

ဖလဲရာရွိရာ ဖလူတိုၿမိဳ႕သို႔ ေရာက္ရွိလာသည္။ မိုးခ်ဳပ္သြားၿပီျဖစ္၍ ၿမိဳ႕တံခါးသည္လည္း ပိတ္ထားသည္။ ၿမိဳ႕တတိုင္းေပၚမွာလည္း အေစာင့္အၾကပ္ မ်ားစြာ ရွိသည္။ ေနသန္က အေစာင့္မ်ား လစ္တုန္း တံတိုင္းေပၚမွာ ေက်ာ္တက္ကာ အထပ္အျမင့္တခုဆီ တက္လိုက္သည္။ ေနရာအားလုံးကို ၿခဳံငုံၾကည့္လွ်က္ နားရမည့္ ေနရာကို ေ႐ြးလိုက္သည္။ သူ႔အေနနဲ႔ ေတာထဲထက္ ၿမိဳ႕ထဲမွာက ဘာပဲျဖစ္ျဖစ္ ဇက္ခ႐ြန္မ်ားရန္ မရွိပဲ။ ေအးေအးေဆးေဆး အိပ္လို႔ ရႏိုင္သည္။

အသြားအလာျပတ္လပ္၍ ဆိတ္ၿငိမ္ဟန္တူေသာ တိုက္တတိုက္၏ အေပၚဆုံး ေလသာေဆာင္တြင္ ေလအကြယ္ နံရံတခုကိုမွီလွ်က္ terminal ကို ဖြင့္လိုက္ၿပီး Network တခုျဖင့္ အရင္ ခ်ိတ္ဆက္ၾကည့္လိုက္သည္။ ဆာေနသည့္ ဗိုက္ကို လမ္းမွ ယူလာေသာ သက္တမ္းကုန္ေနေပမယ့္ စားလို႔ရေနေသးေသာ ေပါင္မုန္႔တလုံးႏွင့္ အခ်ိဳရည္ကိုထုတ္၍ ျဖည့္တင္းလိုက္သည္။

ထိုမွ တဆင့္ Network ေပါင္းမ်ားစြာ ၿဂိဳလ္တုေပါင္းမ်ားစြာကို သတင္းရရန္ အလို႔ငွါ Admin Access ကို Hack ယူလိုက္သည္။ တခုႏွင့္ တခု ခ်ိတ္ဆက္ထားျခင္း မရွိပဲ သပ္သပ္စီ အလုပ္လုပ္ေနေသာ ၿဂိဳလ္တုမ်ားကို စုစည္း၍ ကြန္ယက္သဖြယ္ ခ်ိတ္ဆက္လိုက္သည္။ ထိုသို႔ ခ်ိတ္ဆက္ရာတြင္ ထိန္းခ်ဳပ္မယ့္သူမရွိ၍ ပိုင္ရွင္မဲ့သြားေသာ ၿဂိဳလ္တုအေသးတစ္ခုကို ဗဟို၌ ၾကားခံထား၍ ခ်ိတ္ဆက္ေစသည္။ ထို႔ေနာက္ သူ၏ Terminal က ပထမဦးဆုံး ၿဂိဳလ္တုအားလုံးႏွင့္ ခ်ိတ္ဆက္ႏိုင္ေသာ Terminal ျဖစ္လာသည္။

ခ်ိတ္ဆက္ထားေသာ Terminal မ်ားမွ လူဦးေရႏွင့္ အခ်က္အလက္မ်ား စုေဆာင္းသည္။ တကယ္ေတာ့ ထိုအခ်က္အလက္မ်ားမွာ သက္ဆိုင္ရာနယ္ေျမရွိ ရဲ၊ ဘဏ္အရာရွိ၊ လုံၿခဳံေရးအရာရွိ စသည့္သူမ်ားသာ အဆင့္အလိုက္သာ ၾကည့္ခြင့္ရေသာ အခ်က္အလက္မ်ား ျဖစ္သည္။

သို႔ေသာ္ ေနသန္ကေတာ့ သမၼတတစ္ဦးရဲ႕ Access level ကိုေတာင္ ေက်ာ္လြန္၍ ဒီကမာၻ၏ အခ်က္အလက္အားလုံးကို အခ်ိန္မေ႐ြး ၾကည့္လို႔ရေနၿပီျဖစ္သည္။ ထို႔ေနာက္ Automatic Data ေကာက္ယူတဲ့ Database စနစ္တခု ထည့္သြင္းၿပီး လူတိုင္း၏ နာမည္၊ အသက္၊ သုံးႏိုင္သည့္ စြမ္းအား၊ ယခင္အလုပ္အကိုင္ႏွင့္ terminal နံပါတ္ အစရွိသည့္ infos အားလုံးကို စာရင္းျပဳစုလိုက္သည္။

ေနသန္က နည္းပညာကို ႐ူးသြပ္သူျဖစ္တာေၾကာင့္ သူကိုယ္တိုင္ပင္ မသိလိုက္ပဲ ထိုကိစၥမ်ားျဖင့္ တစ္ညအခ်ိန္ကုန္သြားေလသည္။ ေနထြက္လာတဲ့အခ်ိန္မွာ အရမ္းလည္း ပင္ပန္းေနၿပီမို႔ သူေရာက္ေနတဲ့ တိုက္အျမင့္ႀကီးေပၚမွ ေရာင္နီကို ခံစားလွ်က္ .. ခဏေမွးခနဲ အိပ္ေပ်ာ္သြားသည္။

သူ႔ပါးကို တစုံတေယာက္ ထိကိုင္လိုက္တဲ့အခ်ိန္မွာ သူႏိုးလာသည္။ ပင္ပန္းလြန္း၍ သတိလက္လြတ္အိပ္ေပ်ာ္သြားျခင္းေၾကာင့္ ရင္ထိတ္သြားေပမယ့္ အနားကရွိေနတဲ့သူက ကေလးေလး တေယာက္သာ ျဖစ္ေနသည္။

"ဟင္ ပုက်ိေလး .. တေယာက္တည္း တိုက္အျမင့္ႀကီးကို ဘာလာလုပ္တာလဲ။ ေမေမေရာ?"
"ဦးဦးေခ်ာေခ်ာ"
"ဦးဦးေခ်ာေခ်ာ? .. အဟား .."
"ဦးဦးေခ်ာေခ်ာက ဒီမွာ ဘာလာလုပ္ေနတာလဲ"

သူ႔ေမးခြန္းကို မေျဖပဲ သူ႔ကို ျပန္ေမးေနသည့္ ကေလး၏ ပါးေဖာင္းေဖာင္းေလးကို အသာညႇစ္လိုက္သည္။ မိန္းမတစ္ဦး၏ ေအာ္ေခၚေနသံ ၾကားရတာမို႔ သူက ကေလးကို ေပြ႕ခ်ီကာ အသံၾကားရာ ေအာက္သို႔ ဆင္းသြားလိုက္သည္။

"ပုက်ိေလး ေနာက္ကို လူႀကီးမပါပဲ ေလွ်ာက္မသြားရဘူးေနာ္"
"ဟုတ္ကဲ့"
"ဦးဦးကို အာဝါးေပး"
"အာဝါး"
"လိမၼာတယ္"

ထို႔ေနာက္ ကေလးေလးကို လာရွာတဲ့သူ ျမင္သာတဲ့ေနရာေလာက္မွာ ထားခဲ့ၿပီး ဖလဲရာမယ္လ္ဆင္ ရွိႏိုင္ေလာက္ေသာေနရာကို ဦးတည္လိုက္သည္။

ဖလဲရာမယ္လ္ဆင္ရွိေနေသာ ဖလူတိုၿမိဳ႕က စြမ္းအားရွင္တို႔အုပ္ခ်ဳပ္တဲ့ ၿမိဳ႕မဟုတ္ပဲ အေရးေပၚစစ္တပ္အုပ္ခ်ဳပ္ေရးျဖစ္သည္။ အႀကီးဆုံးဗိုလ္ခ်ဳပ္က အာဏာအရွိဆုံး ျဖစ္ၿပီး မီး Pyro စြမ္းအင္ကို အသုံးျပဳသည္။ အုပ္ခ်ဳပ္ေရးအဖြဲ႕တြင္ ေျမ Geo စြမ္းအားရွင္တစ္ဦး၊ စစ္ဗိုလ္ႏွစ္ဦးႏွင့္ ၿမိဳ႕မိၿမိဳ႕ဖ အရပ္သားႏွစ္ဦး ပါဝင္သည္။ သက္ဆိုင္ရာ အာဏာအသီးသီးခြဲယူထားၿပီး ကိုယ့္အလုပ္ကိုယ္ လုပ္ၾကသည္။

ဖလဲရာ မယ္လ္ဆင္ ဝင္ေရာက္ မစြက္ဖက္ခင္ထိ အဆင္ေျပေသာ အုပ္ခ်ဳပ္ေရးအဖြဲ႕ ျဖစ္ခဲ့သည္။ လက္နက္ႏွင့္ လူ႐ြယ္မ်ားအားလုံးက ေလ့က်င့္ေရးဝင္ရၿပီး အလွည့္က် ေစာင့္ၾကပ္ရသည္။ စြမ္းအားရွင္အေရအတြက္နည္းသည္။

စြမ္းအားရွင္မ်ားက သာမာန္ပုံစံပဲ ေနထိုင္ၾကၿပီး စြမ္းအားမ်ားကို တိုးတက္ေအာင္ မလုပ္တတ္ပဲ လက္နက္မ်ားကိုသာ အမ်ားနည္းတူ ေလ့က်င့္ၾကသည္။ ၿမိဳ႕ထဲ အဝင္အထြက္မ်ားကို ၾကပ္မတ္ထားၿပီး လူတိုင္းကို ဇက္ခ႐ြန္နဲ႔ ထိေတြ႕မႈ ရွိမရွိ၊ ဘာအတြက္ေၾကာင့္ ၿမိဳ႕ထဲ ဝင္ခ်င္တာလဲစသည္မ်ားကို စစ္ေဆးေမးျမန္းသည္။ ခိုလႈံခ်င္သူမ်ားဆိုလွ်င္ ရိကၡာေပးႏိုင္မွ ဝင္ခြင့္ ျပဳသည္။

Flaire Malson ဖလဲရာ မယ္လ္ဆင္။
သူမသည္ ေနသန္ႏွင့္ လမ္းခြဲၿပီး ထြက္လာကတည္းက ေနသန္႔ကို ေသလူကဲ့သို႔ သတ္မွတ္ထားၿပီးသားျဖစ္သည္။ ေနသန္႔ထံမွ ရရွိေသာ infos မ်ားႏွင့္ Stick ထဲရွိ သူမ၏ ဆရာ (တနည္း) ေနသန္၏အေဖျဖစ္သူ ခရစ္ကလက္ခ္၏ တြက္ခ်က္ထားေသာ data မ်ားကို ေသခ်ာစြာ ဆက္စပ္ ဖတ္ရႈလိုက္တဲ့အခ်ိန္မွာ သူမတစ္ဦးတည္း တြက္ခ်က္ အေျဖမထုတ္ႏိုင္မွန္း သေဘာေပါက္သြားသည္။

သို႔ႏွင့္ သူမ၏ စိတ္စြမ္းအင္ Psycho ကို အသုံးျပဳကာ ထို camp ၏ အႀကီးဆုံး ဗိုလ္ခ်ဳပ္ကို သူမကို စြဲလမ္းေနေအာင္၊ သူမစကားအၿမဲ နားေထာင္ေအာင္ ထိန္းခ်ဳပ္လိုက္သည္။ သူမကိုယ္တိုင္လည္း အေရးပါေသာ ရာထူးတေနရာ ယူလိုက္ၿပီး အေတာ္ဆုံးလူမ်ားကို စုစည္းေစ၍ ေျဖေဆး ေဖာ္ထုတ္ေနၿပီ ျဖစ္သည္။ သူမကို ျဖဴစင္သူ ပါရမီရွင္ေလးအျဖစ္ သိေအာင္ ျပဳမူေနထိုင္သည္။ သူမသည္ ဗိုလ္ခ်ဳပ္၏ ခ်စ္သူ၊ ေျဖေဆးကို ထုတ္ေဖာ္လွ်က္ရွိေသာ ပါရမီရွင္၊ ခ်စ္စရာေကာင္းေသာ မိန္းကေလးဟု အမ်ားက သိထားေပမယ့္ သေဘာမက်သူ ႏွစ္ေယာက္ေတာ့ ရွိသည္။

ေနသန္က အထပ္ျမင့္ တိုက္မ်ားေပၚမွ ကူး၍ ဓာတ္ခြဲခန္းရွိရာ သီးသန္႔ေနရာသို႔ ခိုးဝင္လိုက္သည္။ မိမိကိုယ္ကို ဆရာဝန္တဦးကဲ့သို႔ ႐ုပ္ဖ်က္၍ Lab ခန္းထဲ ဝင္ေရာက္ရန္ ႀကိဳးစားလိုက္ေသာ္လည္း တံခါးက Terminal ID ႏွင့္ ပြင့္ေသာ တံခါးျဖစ္ေနသည္။ ေနသန္က Hack ၍ ဝင္ခြင့္ Access တခုအျမန္ျပဳလုပ္လိုက္သည္။ ေလဆာ Scan ေပၚမွာ Terminal ကို ကပ္ေပးလိုက္သည္ႏွင့္ တံခါးပြင့္သြားၿပီး အထဲတြင္ အလုပ္ရႈပ္ေနေသာ လူတစ္စုကို ေတြ႕ရသည္။

အခ်ိဳ႕က ဖန္ေခ်ာင္းေလးမ်ားထဲရွိ အရည္ေပါင္းမ်ားစြာကို စစ္ေဆးတဲ့စက္ေပါင္းမ်ားစြာႏွင့္ အေျဖရွာေနပုံရၿပီး အခ်ိဳ႕ကေတာ့ တြက္ခ်က္ေနၾကသည္။ အခ်ိဳ႕က ေဆြးေႏြးေနၾကပုံေပၚၿပီး ေၾကလည္မႈလည္း မရသည့္ ပုံစံပင္။ ေနသန္က Lab ခန္းမွာ အသင့္ေတြ႕ရေသာ ပိုးသတ္ထားသည့္ ဂ်ဴတီကုတ္ တခုေကာက္ဝတ္လိုက္ၿပီး mask တပ္လိုက္သည္။ ရွင္းေျပာင္းေပးထားေသာ ႐ုပ္ရည္ ခႏၶာကိုယ္၊ အိန္းဒ႐ူးေျပာင္းေပးထားေသာ ဆံပင္ေကႏွင့္ သူကိုယ္တိုင္၏ ေနထိုင္မႈစ႐ိုက္အရ ဖလဲရာႏွင့္ ေတြ႕လွ်င္ေတာင္ ဖလဲရာက သူ႔ကို မွတ္မိလိမ့္မည္မဟုတ္ဆိုတာ သူေကာင္းေကာင္း ယုံၾကည္သည္။

ေနသန္က ေျဖေဆးေဖာ္ထုတ္ရန္ အဓိကမို႔ အျပင္ကိစၥမ်ားကို ခဏ ေခါင္းထဲမထည့္ပဲ ခဏလႊတ္ထားလိုက္မည္ဟု ေတြးသည္။ ေလာေလာဆယ္ ႐ုပ္ဖ်က္၍ ဒီမွာပဲ ေျဖေဆးၿပီးေအာင္ေဖာ္ဖို႔ ဆုံးျဖတ္လိုက္သည္။ System  Control room ကို သြား၍ Kris Blood ဟူေသာ အမည္ဝွက္ျဖင့္ စာရင္းသြင္း၍ ဝင္ခြင့္ထြက္ခြင့္ အားလုံးကို ရယူလိုက္သည္။ ဤေနရာသို႔ လာရန္ ေထာက္ခံသူေနရာမွာ ေခါင္းေဆာင္ဗိုလ္ခ်ဳပ္နာမည္ကို သူ၏ Database ထဲမွ ရွာ၍ ထည့္လိုက္သည္။ Nathan Clark နာမည္ကိုေတာ့ ေနာက္ေၾကာင္းလိုက္ႏိုင္သြားမွာစိုး၍ မသုံးျဖစ္ေတာ့ေပ။

သူ႔အလုပ္နဲ႔သူရႈပ္၍ အာ႐ုံမရေသာ အုပ္စုကို ေနသန္က စ၍ မိတ္ဆက္လိုက္သည္။ လက္ခုပ္ ႏွစ္ခ်က္တီး၍
"အဟမ္း .. အားလုံးပဲ က်ေနာ္က ခရစ္ဘလတ္ဒ္ ပါ။ ဗိုလ္ခ်ဳပ္ရဲ႕ ေထာက္ခံေပးမႈနဲ႔ ဒီေျဖေဆးေဖာ္ထုတ္ရာမွာ ပါဝင္ပါမယ္။ က်ေနာ့ကို အလုပ္နဲ႔ ပက္သက္ရင္ ပြင့္ပြင့္လင္းလင္းေျပာဆိုႏိုင္ပါတယ္"

ထိုထဲမွ အသက္အႀကီးဆုံး ျဖစ္ပုံရေသာ အမ်ိဳးသမီးတဦးက ေရွ႕ထြက္လာ၍
"ေကာင္းၿပီ ခရစ္။  မင္းက ဘယ္အပိုင္းကြၽမ္းက်င္တာလဲ။ ငါတို႔ ဒီမွာ အခက္အခဲျဖစ္ေနတယ္။ မင္းနည္းနည္း ၾကည့္ေပးႏိုင္မလား။ မိတ္ဆတ္တာက ေနာက္မွလုပ္ေတာ့ မဟုတ္လည္း သိသြားမွာပဲ"

ေနသန္ကို copy တခုေပး၍ ဖတ္ေစသည္။ ထို႔ေနာက္ မွန္မွာ soft pen နဲ႔ ခ်ေရးၿပီး တြက္ခ်ထားတဲ့ ေၾကာင္ျခစ္ကုပ္မ်ားစြာကိုလည္း အနည္းငယ္ ရွင္းျပသည္။ ေနသန္႔အဖို႔ သက္ရွိမ်ား၏ ဇီဝျဖစ္စဥ္ကို အၾကမ္းေလာက္သာ နားလည္ေသာသူအတြက္ ပထမဆုံးစာေၾကာင္းကိုပင္ နားလည္ေအာင္ မနည္း ဖတ္ယူလိုက္ရသည္။ ေနသန္က သူဖတ္ၾကည့္ဦးမည္ဟု ဆိုကာ အခ်ိန္ေတာင္းလိုက္သည္။ ထို႔ေနာက္ ဒီ source ေတြ ဘယ္က ရတာလဲဟု အစ္ေအာက္ၾကည့္ရာ ဖလဲရာ ယူလာသည္ဟုသာ သိရသည္။

ေနသန္က ကြန္ပ်ဴတာသုံးဖို႔ ခြင့္ေတာင္းလိုက္သည္။
'ဟက္ .. ငါ မင္းနဲ႔ ေတြ႕စရာေတာင္ မလိုေလာက္ဖူးထင္တယ္ မယ္လ္ဆင္'

ကြန္ယက္ခ်ိတ္ထားသည့္ ဖလဲရာ၏ ကြန္ပ်ဴတာကို Hack လိုက္ၿပီး သူ႔အေဖ၏ သုေတသနစာတမ္းကို အရင္ဘဝက ယူလာတဲ့ stick ကို သိုေလွာင္အိတ္ထဲမွ ထုတ္၍ ထိုထဲသို႔ ပြါးယူလိုက္သည္။ တလတ္စတည္း ဖလဲရာ၏ ကြန္ပ်ဴတာေပၚမွ ဖိုင္ကို တပတ္ၾကာလွ်င္ပ်က္သြားေစႏိုင္သည့္ trojan virus ကိုပါ ထည့္ေပးလိုက္သည္။

ေနသန္ ထိုစာတမ္းကို စတင္၍ ဖတ္ရႈလိုက္သည္။ ေစာေစာက ရွင္းျပသြားသည့္ မွန္ေပၚက တြက္ခ်က္မႈမ်ားႏွင့္ သီအိုရီ အတူတူပဲ ျဖစ္ေပမယ့္ ခံစားခ်က္ခ်င္းက ကြာဟေနသည္။ သူ႔အေဖ၏လက္ေရးတခ်ိဳ႕ကို အၾကမ္း႐ိုက္ယူထားေသာ ပုံအခ်ိဳ႕၊ စကားလုံးအသုံးအႏႈန္းမ်ားက မွတ္ဥာဏ္အခ်ိဳ႕ကို အစဆြဲထုတ္သလိုျဖစ္ေစၿပီး အျဖစ္အပ်က္ေပါင္းမ်ားစြာကို သတိရေစသည္။

"ကားေပၚမွ အိပ္ၿပီးေနခဲ့" လို႔ ေျပာတာကို မအိပ္ေနပဲ သူ႔အေဖရဲ႕ စာတမ္းဖတ္ပြဲ လိုက္နားေထာင္တာေတြ။ သူ႔တပည့္ေတြနဲ႔ ျငင္းခုံေျပာဆိုၿပီး ဒီေဖာ္ျမဴလာရေအာင္ တြက္ခ်က္အေျဖထုတ္ခဲ့တာေတြ။ သူ႔အယူအဆကို မွားတယ္လို႔ တေခါက္ အျငင္းခံရတိုင္း ေဒါသေပါက္ကြဲၿပီး ငယ္ေသးတဲ့သားျဖစ္သူကို နားမလည္မွန္း သိလွ်က္ အတင္းရွင္းျပၿပီး နားေထာင္ခိုင္းတာေတြ တလႊာခ်င္း တကြက္ခ်င္း အေတြးထဲမွာ ေပၚလာေနသည္။ သို႔ေသာ္ ေနသန္ေလးမွာ ေန႔တိုင္းနီးပါး ကေလးနဲ႔ မတန္တဲ့စာေတြ နားေထာင္ရၿပီး နားရည္ဝေနေပမယ့္ ငယ္ေသးတာေၾကာင့္ ဘယ္ဟာက ဘယ္အဓိပၸါယ္ဆိုတာ မသိခဲ့ေပ။ 

Fortsett å les

You'll Also Like

41.3K 5.8K 96
မပိုင်း၄၅၆ကနေစပြီးဖတ်ပေးကြပါဦး
201K 3.7K 26
"ရွင့္ကိုသိပ္မုန္းတယ္ ေဒၚျမတ္သဒၵါေသြး"
5.4M 719K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
329K 15.1K 39
ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲလို့ မေးရင် ​​​​မြတ်နိုးရသူရဲ့ လက်လေးကို ဆုပ်ကိုင်ထားခြင်းလို့ ကျွန်တော် ဖြေမယ် ဒါပေမယ့် ထိုလူသားရဲ့ လက်ထဲမှာ ဓားတစ်လက်ရှိန...