❦︎Unicode version❦︎
FOLLOW ME - 22
.
.
.
.
.
"လျှမ်းငယ်...စိတ်လျော့ ရိပေါ်ပြန်ရောက်နေတယ်ဆိုကိုယ်တို့တွေ့မှာပါ..."
နော်ဝေးမှာကျောင်းသွားတက်တာလပိုင်းသာရှိသေးသည့်ရိပေါ်စီကရှန်ဟိုင်းပြန်ရောက်လာပြီဆိုတဲ့ဖုန်းရုတ်တရက်ကြီးလက်ခံလိုက်တာမို့ရီလျှမ်းမှာair portထဲပျာယာခတ်နေရတယ်။
ပိုင်ရန်ကတော့ရီလျှမ်းနဘေးတကောက်ကောက်လိုက်ရင်းခရီးသည်centerနဲ့receptionတွေမှာရိပေါ်ကိုကူရှာပေးနေတယ်။
ရိပေါ်ပြောတာသာအမှန်ဆိုရီလျှမ်းရှောင်းကျန့်ကိုစိတ်ရှိတိုင်းထုရိုက်ပလိုက်မိမလားပဲ။သူမထင်တာရှောင်းကျန့်နဲ့ဝမ်လေးနီးစပ်ခဲ့သည့်တိုင်မမှားခဲ့ကြဘူးပေါ့။ခုတော့...
"လျှမ်းငယ်...ရိပေါ်ကဟိုဘက်မှာထင်တယ်..."
တူဇောကတ်နေသည့်ရီလျှမ်းလည်းပိုင်ရန်ညွှတ်ပြရာအလျင်အမြန်လိုက်ကြည့်လိုက်မိတယ်။ခရီးသည်တွေထိုင်သည့်ထိုင်ခုံတန်းတွေနားဆက်လျှောက်သွားကြည့်တော့သူမတူလေးဝမ်လေးမှဝမ်လေးစစ်စစ်။
ကော်ဖီရောင်ကုဒ်အကြီးကြီးထဲကိုယ်လုံးသေးသေးလေးကမြုပ်ဝင်နေပြီးလည်တိုင်ကမာဖလာကြောင့်မျက်နှာလုံးလုံးလေးကတဝက်လောက်သာမြင်ရတော့သည်။ရှေ့ဆုံးကရေရင်သုံးခုံမြောက်ထိုင်ခုံလေးမှာluggageပန်းရောင်လေးဆွဲရင်းကုတ်ကုတ်လေးထိုင်နေတာ။
"ဝမ်လေး!!!..."
"တီလေး!...အင့်!..."
သူမခေါ်သံကြားမှဝမ်းသာအားရလှည့်ကြည့်လာသည့်ကောင်လေး။ရိပေါ်ထမလာခင်အရင်အနားသွားထိုင်လိုက်တော့ရင်ခွင်ထဲအင့်ခနဲနေအောင်တိုးဝင်လာတယ်။သူမတူလေးဟိုမှာတစ်ယောက်တည်းဘယ်လောက်တောင်အားငယ်ခဲ့ရမလဲနော်။
"ဝမ်လေး အဲ့ဒါတကယ်ပဲလား!..."
"အင့်!...အင်း!..."
ပုခုံးလေးနှစ်ဖက်ကိုကိုင်လို့ရင်ခွင်ထဲကဆွဲထုတ်လိုက်ရင်းလေးလေးနက်နက်မေးတော့မျက်ရည်တွေနဲ့ခေါင်းတွင်တွင်ငြိမ့်ပြလာတယ်။တောင်းပန်တိုးလျှိုးသလိုအကြည့်တွေထဲဝမ်းနည်းအားငယ်နေသည့်အရိပ်တွေရောပြွန်နေလိုက်တာများရီလျှမ်းယူကြုံးရလို့မဆုံး။သူမသာသေချာစောင့်ရှောက်နိုင်ခဲ့ရင်ဝမ်လေးဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး။
.......................
"ပါးပါး...အီး...ဟီး...ဟီး...ဟင့်!..."
"မငိုနဲ့တော့သားငယ် ပါးပါးတို့ရှိတယ်..."
ဝမ်ပါးရင်ခွင်ထဲကလေးလေးတစ်ယောက်လိုငိုရိုနေသည့်ရိပေါ်ကိုကြည့်ပြီးရီလျှမ်းဒေါသကအုံတငွေ့ငွေ့။ဝမ်ပါးကတော့ရိပေါ်ကျောပြင်လေးကိုပွတ်ပေးရင်းအံတကြိတ်ကြိတ်နဲ့ရီလျှမ်းကိုမျက်လွှာချလို့ကြည့်တယ်။ဖြစ်သွားပြီးမှတော့ဘယ်တတ်နိုင်မလဲ။
"ရှောင်းကျန့်ကိုပြောပြသင့်တယ်လို့ထင်တယ်ရီလျှမ်း...ဒီကိစ္စကသူနဲ့တိုက်ရိုက်ပတ်သပ်နေတာဆိုတော့..."
"ပါးပါး!..."
ဝမ်ပါးစကားကြားမှအလန့်တကြားခေါင်းထောင်ကြည့်လာသည့်ကောင်လေး။သူတောင်စသိသိချင်းအရမ်းလန့်သွားခဲ့ရတာဆိုတော့ဦးငယ်လက်မခံမှာရိပေါ်တကယ်စိုးရိမ်သည်။နော်ဝေးရောက်ပြီးလပိုင်းလောက်မှာပဲသူ့မှာဦးငယ်နဲ့ရတဲ့ရင်သွေးလေးရှိနေကြောင်းရိပေါ်သိလိုက်ရတာ။
ပါးပါးတို့ပြောပြထားလို့သူကယောက်ျားလေးပေမဲ့သန္ဓေသားဆောင်နိုင်သည့်သားအိမ်ပါလာမှန်းရိပေါ်ငယ်ငယ်ကတည်းကသိထားပေမဲ့ဦးငယ်နဲ့တခါလောက်အတူနေမိရုန်နဲ့ဒီအခြေနေရောက်လိမ့်မယ်လို့မတွေးမိရိုးအမှန်။ဒါကြောင့်လည်းရိပေါ်ဦးငယ်ကိုဘယ်လောက်ချစ်ချစ်အနေအထိုင်ဆင်ခြင်ခဲ့တာပင်။
"ဝမ်လေးတားလို့မရဘူးနော်...ယောက်ျားဆိုတာလုပ်ရဲရင်ခံရဲရတယ်...တီလေးခုပဲရှောင်းကျန့်စီသွားမယ်!..."
"တီလေး!...မဟုတ် တီလေး!!!..."
ခပ်ပြတ်ပြတ်ပြောပြီးကားသော့ဆွဲကာလှည့်မကြည့်တမ်းထွက်သွားသည့်ရီလျှမ်းကြောင့်ရိပေါ်ရင်တွေပူလာသည်။ပထမအချက်ကဦးငယ်မယုံမှာ နောက်တစ်ခုကဦးငယ်ယုံရင်တောင်ဦးငယ်အသိုင်းအဝိုင်းကပေးလာမည့်ထင်ကြေးအမျိုးမျိုး ရိပေါ်ခံနိုင်ရည်မရှိပါ။သူ့ကိုသိပ်ချစ်ပါတယ်ဆိုသည့်ဦးငယ်ကနှုတ်မဆက်ပဲထွက်သွားပြီးမှပြန်လာသည့်သူ့ဗိုက်ထဲကကလေးလေးကိုလက်ခံနိုင်မှာလား။
....................
"မင်းတို့ရဲ့CEOရှောင်းနဲ့တွေ့ဖို့လာတာ!..."
ဧည့်ကြိုကောင်တာရှေ့ရပ်ရင်းရီလျှမ်းကခပ်ပြတ်ပြတ်ပင်။ဟုတ်သည် သူမစိတ်မရှည်တော့။ဝမ်လေးခံစားနေရတာတွေသူမမကြည့်ရက်နိုင်။နောက်ပြီးဝမ်လေးဗိုက်ထဲကကလေးလေးကိုလဲမိဘအစုံအလင်မရှိသည့်ဘဝမျိုးမရောက်စေချင်ပါ။
ဧည့်ကြိုကောင်တာကဝန်ထမ်းမလေးတွေကတော့CEO၏ဇနီးဟောင်းဖြစ်သည့်ရီလျှမ်းကိုကြည့်ပြီးခပ်လန့်လန့်။ရီလျှမ်းပုံစံကလည်းဒီထက်ကြာရင်ပေါက်ကွဲထွက်တော့မည့်အတိုင်း။CEOကလည်းအစည်းအဝေးခန်းထဲကထွက်ဖို့လိုသေးသည်။
"Mrs.ကြိုချိန်းထားတာလားမသိဘူးရှင့်!..."
"ငါ့မှာအဲ့လောက်ထိအချိန်တွေပေါမနေဘူး...မင်းတိုရဲ့CEOဒီကိစ္စကိုခုချိန်မှမသိရင်နောင်တရရလိမ့်မယ်..."
"ရှင်!..."
မဝံ့မရဲမေးလာသည့်ဝန်ထမ်းမလေးမှာရီလျှမ်းစကားကြောင့်ပါးစပ်အဟောင်းသား။personal caseမို့CEOထံခွင့်တောင်းဖို့သာတက်နိုင်တော့သည်။မဟုတ်ရင် ကိစ္စတွေပိုရှုပ်ထွေးသွားမှ CEOစီကပါတခါထက်ဟောက်ခံရကိန်းစိုက်လိမ့်မည်။
........................
"Sir...ဆရာ့ဇနီးဟောင်းကခုတွေ့ချင်လို့တဲ့..."
အစည်းအဝေးပြီးခါနီးမှအနားတိုးတိုးလာကပ်ပြောသည့်အတွင်းရေမှူးမလေးစကားကြောင့်ရှောင်းကျန့်ကမျက်ခုံးတချက်ပင့်လိုက်မိတယ်။ရီလျှမ်းနဲ့သူ့ကြားပြောစရာစကားဆိုလို့ချာတိတ်ကိစ္စသာရှိသည်မို့ရှောင်းကျန့်ရင်ထဲဒိန်းခနဲ။ချာတိတ်တခုခုဖြစ်လို့များလား။
"Mrs.အပြင်မှာစောင့်ပေးပါ!...Mrs.!!!..."
ဝန်ထမ်းမလေးတားနေသည့်ကြားမှအစည်းအဝေးခန်းထဲရောက်လာသည့်ရီလျှမ်းကြောင့်အားလုံးကသို့လောသို့လောနဲ့လှုပ်လှုပ်ရွရွဖြစ်ကုန်တယ်။
္"ကျွန်တော်ဒီနေ့ဒီမှာတင်ပဲmeetingရပ်ပါ့မယ်...ကျေးဇူးတင်ပါတယ်..."
ဘာမှမပြောသေးပဲရှယ်ယာရှင်တွေကိုတချက်ဝေ့ကြည့်ကာသူ့ကိုစူးစိုက်ကြည့်လာသည့်ရီလျှမ်းကြောင့်ရှောင်းကျန့်အစည်းအဝေးကိုမြန်မြန်အဆုံးသတ်လိုက်ရတယ်။မမှန်းဆတတ်ပေမဲ့သူလည်းရီလျှမ်းပြောလာမှာကိုစောင့်ဆိုင်းနေရခြင်း။
အစည်းဝေးခန်းထဲကအားလုံးတဖွဲဖဲွထွက်သွကြမှရှောင်းကျန့်အတွေးရေးမှူးကိုပါအပြင်ထွက်ခိုင်းလိုက်ပြီးသူနဲ့ရီလျှမ်းသာကျန်နေခဲ့စေလိုက်တယ်။ရီလျှမ်းပုံစံကပြောလာမည့်ကိစ္စကိုသူတစ်ယောက်တည်းအပြင်မသိစေချင်ပုံပေါ်တာမို့။
"ဝမ်လေးဒီပြန်ရောက်နေပြီရှောင်းကျန့်!..."
"ချာတိတ်!...ချာတိတ်ပြန်ရောက်နေပြီ!..."
ပြောရင်းမတ်တပ်ထရပ်လိုက်မိသည့်ရှောင်းကျန့်မှာမျက်နှာထက်အပျော်လှိုင်းတွေဖြတ်စီးသွားတယ်။လပိုင်းသာဆိုပေမဲ့ချာတိတ်နဲ့ဝေးနေရတာကိုကရှောင်းကျန့်အတွက်နှစ်ရှည်လများကြာသလိုလို။
"ဟုတ်တယ်...ပြီးတော့ ဝမ်လေးမှာနင်နဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီရှောင်းကျန့်!..."
"ဘာ!...ချာတိတ်ကဘယ်လို!..."
ဝမ်းသာနေရာမှရှောင်းကျန့်မှတအံ့တသြ။ချာတိတ်အကြောင်းမဲ့သပ်သပ်ပြန်လာတာမဟုတ်မှန်းတွေးမိပေမဲ့ဒီကိစ္စဖြစ်နေလိမ့်မယ်လို့ရှောင်းကျန့်အမှန်တကယ်မစဥ်းစားမိ။
ချာတိတ်ကယောက်ျားလေးလေ။ပြီးတော့သူနဲ့ကချာတိတ်ထွက်မသွားခင်တရက်ကမှတကြိမ်သာမှားခဲ့ကြတာမလား။ချာတိတ်ကိုမယုံကြည်တာမဟုတ်ပေမဲ့ခုဟာကရှောင်းကျန့်ကိုတော်တော်ထူပူသွားစေသည်။
"ဘာလဲ ရှောင်းကျန့်...နင်ကငါပြောတာကိုမယုံချင်တာလား!...နင့်စီတကုတကလာပြီးငါလာလိမ်ပြောလိမ့်မယ်ထင်လို့လား!..."
"မဟုတ်...ကျွန်တော်ကအဲ့သဘောမဟုတ်ဘူး..."
စဥ်းစားနေဟန်ရှိသည့်ရှောင်းကျန့်ကြောင့်ရီလျှမ်းစိတ်မရှည်စွာထပြောလိုက်ခြင်း။ရှောင်းကျန့်ကတော့ဦးနှောက်ကိုအလျင်မြန်အလုပ်ပေးရင်းစိတ်တွေလည်းကယောက်ကယက်။တကယ်သာအဲ့လိုဆိုသူချာတိတ်အနားမှာရှိမနေခဲ့သည့်အချိန်ခဏအတွက်နောင်တရမိမှာပင်။
"ဝမ်လေးကမွေးကတည်းကသားအိမ်ပါလာတာ...သူလည်းနင့်လိုပဲဒီကိစ္စသိသိချင်းအရမ်းရှော့ရသွားတာပဲ...နင်မယုံမှာစိုးလို့ပြောပြတာရှောင်းကျန့်...ဝမ်လေးခုချိန်အရမ်းအားငယ်နေရှာတာငါမကြည့်ရက်ဘူးဟာ..."
ပြောရင်းစိတ်မာသယောင်နဲ့ရီလျှမ်းမှာမျက်ရည်တွေရစ်ဝိုင်းလို့အသံပင်အက်ကွဲလာတယ်။
"အခု...ချာ ချာတိတ်ဘယ်မှာလဲ!..."
"သူ့ပါးပါးအိမ်မှာ!...အင့်!..."
ရီလျှမ်းစီကတဆင့်ချာတိတ်ရှိသည့်နေရာသိရတာနဲ့ရှောင်းကျန့်မှာဟန်မဆောင်နိုင်စွာအပြေးအလွှားထွက်သွားတော့တယ်။မျက်ရည်တွေဆွဲသုတ်ရင်းကျန်ခဲ့သည့်ရီလျှမ်းလည်းခုမှအနည်းငယ်ပေါ့ပါးသွားဟန်ခေါင်းမော့လို့လေပူတချို့မှုတ်ထုတ်လိုက်တယ်။ဒီတကြိမ်ပဲအခွင့်ရေးရှိတော့တာမလို့သေချာပေါက်ဖမ်းဆုတ်ထားပေးပါရှောင်းကျန့်။
.....................
"ချာတိတ်!..."
"မင်းရောက်လာပြီပေါ့...သားငယ်ကခရီးပမ်းလို့သူ့အိပ်ခန်းထဲမှာအိပ်ပျော်သွားပြီ...မင်းတွေ့ချင်တယ်ဆိုဝင်သွားလို့ရတယ်..."
အမောတကောရောက်လာသည့်ရှောင်းကျန့်ကိုဝမ်ပါးကဖြစ်လာမည့်အခြေနေကိုကြိုတွေးထားတယ်ထင်လေသံအေးအေးနဲ့ပဲအိမ်ဝကစီးကြိုတယ်။တဆက်တည်းချာတိတ်ကိုပါတွေ့ခွင့်ပေးတာမို့ရှောင်းကျန့်မှာဝမ်ပါးကိုကျေးဇူးတင်လို့မဆုံး။
"ကျေးဇူးပါအန်ကယ်..."
"တက်သွားလိုက် သားငယ်မင်းကိုလိုအပ်နေတယ်..."
သဘောထားပြည့်ဝလှသည့်ဝမ်ပါးကိုရှောင်းကျန့်မလေးစားပဲမနေနိုင်။ကျေးဇူးအထပ်ထပ်တင်ပြီးအပေါ်ထပ်ခပ်မြန်မြန်တက်သွားသည့်ရှောင်းကျန့်မှာတော့ချာတိတ်ကိုတွေ့ရဖို့မစောင့်နိုင်တော့သယောင်။အဖြစ်ပျက်တွေကမယုံကြည်နိုင်ဖွယ်ဖြစ်ချင်ဖြစ်နေနိုင်ပေမဲ့သူ့အတွက်တော့ချာတိတ်ဆိုတဲ့ဖြစ်တည်မှုလေးကြောင့်တခဏလေးအတွင်းမှာပင်ယုံကြည်မှုတို့ကိန်းဝပ်သွားစေသည်။ကျန်တာဘာမှမလို ချာတိတ်ကိုပြန်ရရင်ပဲသူကျေနပ်ပြီ။
"ချာတိတ်..."
အသံတိုးတိုးဖြင့်သာခေါ်ရင်းအခန်းထဲဝင်သွားလိုက်တော့ချာတိတ်ကမွေ့ယာထက်ကွေးကွေးလေးနဲ့သေးသေးလေးမြုပ်လို့။
ပင်ပမ်းနေသည့်ကောင်လေးကိုနှိုးလိုက်မိမှာစိုးတာကြောင့်ခြေဖော့နင်းပြီးအနားလျှောက်သွားလိုက်တယ်။ချာတိတ်နဘေးအိပ်ရာပေါ်တခြမ်းစောင်းဝင်ထိုင်လိုက်ရင်းမမြင်ရတာကြာပြီဖြစ်တဲ့မျက်နှာလေးကိုတမေ့တမောငေးမိတယ်။ဒီကောင်လေးကိုသူဘယ်လောက်တောက်လွမ်းနေခဲ့ရတာလဲ။
္ဒီကလေးလေးကသူ့ကြောင့်ပါးပါးပေါက်စလေးဖြစ်တော့မှာတဲ့လား။လက်ချောင်းသွယ်သွယ်တွေနဲ့ဝါနုနုဆံဆက်နားလေးတွေကိုမထိတထိတို့ကိုင်ရင်းရှောင်းကျန့်မှာအပျော်တွေဖုံးဖိမရစွာနှုတ်ခမ်းပါးကကွေးညွတ်လို့။နောက်ဆုံးတော့လည်းကိုယ့်စီပဲဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရတာပဲချာတိတ်လေးရာ။
ရုတ်တရက်ကြီးရှောင်ပြေးသွားပြီးမှအပိုဆုလေးနဲ့ပြန်လာသည့်ကောင်လေးကိုဖြစ်ညှစ်ပလိုက်ချင်ပေမဲ့နိုးသွားမှာလည်းစိုးသည်။ချာတိတ်သိပ်ကိုပင်ပမ်းခဲ့ရရှာမှာရှောင်းကျန့်သိသည်။
ပါးပြင်နုနုလေးကိုလက်ဖဝါးနဲ့အုပ်ကိုင်ရင်းလက်မလေးနဲ့ဖွဖွပွတ်သပ်မိတော့မပြောင်းမလဲအိထွေးနေဆဲချာတိတ်ပါးပြင်လေးကဖိနမ်းချင်စရာအတိ။
ရှည်ကော့နေသည့်မျက်တောင်စိပ်စိပ်လေးတွေနဲ့လုံးလုံးလေးဖြစ်နေသည့်နှာထိပ်လေး နီဆွေးနေတာမျိုးမဟုတ်ပဲချယ်ရီရောင်သမ်းနေသည့်နှုတ်ခမ်းလေး။ချာတိတ်ကအိပ်နေတာတောင်ရှောင်းကျန့်ကိုလွှတ်ဆွဲဆောင်လွန်းနေသည်။
"အင်းးး...ဟင်းးး..."
"အဟက်...အသည်းယားစရာလေးချာတိတ်ရာ..."
မနေနိုင်မထိုင်နိုင်ပါးအိအိလေးကိုနှာခေါင်းချွန်ချွန်နဲ့တိုးနမ်းလိုက်တော့အသံပိစိလေးတွေထွက်လာရင်းမျက်လုံးတဖက်တည်းဖွင့်ကြည့်လာတာမို့ရှောင်းကျန့်မှာအသဲတယားယား။
"ဦး ဦးငယ်!..."
"အင်း...ကိုယ်ပဲချာတိတ်!...လာပါဦးကိုယ်ဖက်ထားပါရစေလား..."
"အင့်!...ဦးငယ်...အဟင့်!..."
ရှောင်းကျန့်ကိုမြင်တာနဲ့မျက်လုံးလေးတွေပြူးကျယ်သွားသည့်ချာတိတ်။ပါးပြင်ပေါ်ကသူ့လက်ကိုပြန်စုတ်ကိုင်လိုက်ရင်းဖက်ထားပါရစေခွင့်တောင်းမိတော့ဟန်ဆောင်မူပိုခြင်းမရှိချက်ချင်းမွေ့ယာပေါ်ထထိုင်ပြီးရင်ခွင်ထဲတိုးဝင်လာတယ်။
ရှိုက်သံစစလေးနဲ့သူ့ကိုဘယ်လောက်လွမ်းကြောင်းပြောနေစရာမလိုအောင်ချာတိတ်ကလက်ကလေးနှစ်ဖက်နဲ့သူ့ကိုယ်ကြီးကိုတင်းတင်းကြပ်ကြပ်ဖက်တွယ်လာတယ်။ဒါနဲ့များကိုယ့်ကိုထားသွားရက်တယ်ချာတိတ်ရာ။အသေးလေးရှိလာလို့သာ မဟုတ်ရင်ချာတိတ်ကိုသူဘယ်အချိန်ထိလွှတ်ထားပေးရမလဲမပြောတတ်။
"လွမ်းလိုက်ရတာချာတိတ်ရာ..."
ဆွဲဆွဲငင်ငင်ပြောရင်းရှောင်းကျန့်ကရိပေါ်ပုခုံးနဲ့လည်တိုင်ကြားခေါင်းနှစ်လို့ရိပေါ်ကိုယ်လေးလွှတ်ထွက်သွားမှာစိုးသည့်အလားတင်းနေအောင်ဖက်ပြီးသိပ်သိပ်သည်းသည်းတိုးနမ်းတယ်။
"ဟင့်!...ဦး ဦးငယ် ကျွန်တော့်ဗိုက်ထဲပိစိရောက်နေပြီ..."
"အင်း...ကိုယ်သိတယ် ကိုယ်ရှိတာမလို့ချာတိတ်အားမငယ်ရတော့ဘူးနော်..."
မဝံ့မရဲအသိပေးလာသည့်ချာတိတ်ကသူမယုံမှာလည်းကြောက်သည်ထင်။ရင်ခွင်ထဲကေနမျက်လုံးလေးလှန်ကြည့်လို့မျှော်လင့်တကြီးသူ့အဖြေကိုစောင့်စားနေပုံ။ပိုလို့တိုးဖက်ရင်းအားမငယ်ဖို့ပြောလိုက်မှစိတ်အေးသွားဟန်ခေါင်းလေးငြိမ့်လို့ သူ့ရင်ခွင်ထဲခေါင်းလေးတိုးဝှက်လိုက်တယ်။မင်းတွေးပူခဲ့တာတွေကိုယ်ဘယ်လိုလုပ်ဖြစ်ခွင့်ပေးရမှာလဲချာတိတ်ရာ။ကိုယ်ကမင်းကိုသိပ်ချစ်တာ သိပ်ချစ်ရသူမို့ပါချာတိတ်လေးရာ။
"ကိုယ့်အနားကထွက်မပြေးနဲ့တော့ချာတိတ်..."
"ဟင့်အင်း!..."
"ချစ်တယ်နော်..."
"အွန်း!..."
မျက်ခွံလေးကိုဖိနမ်းရင်းပြောတော့အွန်းဆိုကာမျက်လုံးလေးမှိတ်လို့ခံယူတယ်။သူ့ချစ်ရခြင်းတွေမှာဒီကောင်လေးကအကြီးမားဆုံးမြတ်နိုးမှုဖြစ်နေခဲ့တာ။ချာတိတ်ကိုချစ်မှန်းသိပေမဲ့သိပ်သိပ်ချစ်တယ်ဆိုတာကိုတော့ဝေးသွားမှရှောင်းကျန့်သိလိုက်ရတာ။ခုချိန်ကစပြီးမင်းကိုကိုယ်မလွှတ်တမ်းစုတ်ကိုင်ထားတော့မှာမို့ကိုယ့်တစ်ယောက်တည်းအတွက်ပဲဖြစ်တည်ပေးပါချာတိတ်။
#Tbc
I need your feedback and voting: Thank for your reading:
အစစအရာရာဂရုစိုက်ကြပါအသည်းတွေ...
____________
❦︎Zawgyi version❦︎
FOLLOW ME - 22
.
.
.
.
.
"ဝမ်လေး!!!..."
"တီလေး!...အင့်!..."
"အင့်!...အင်း!..."
.......................
"ပါးပါး...အီး...ဟီး...ဟီး...ဟင့်!..."
"ပါးပါး!..."
"တီလေး!...မဟုတ် တီလေး!!!..."
....................
"ရှင်!..."
........................
်"ကျွန်တော်ဒီနေ့ဒီမှာတင်ပဲmeetingရပ်ပါ့မယ်...ကျေးဇူးတင်ပါတယ်..."
"ဘာ!...ချာတိတ်ကဘယ်လို!..."
.....................
"ချာတိတ်!..."
"ကျေးဇူးပါအန်ကယ်..."
"ချာတိတ်..."
"အင်းးး...ဟင်းးး..."
"ဦး ဦးငယ်!..."
"အင့်!...ဦးငယ်...အဟင့်!..."
"ဟင့်အင်း!..."
"ချစ်တယ်နော်..."
"အွန်း!..."
#Tbc