ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ...

By LuciousKim

554K 72.3K 1.9K

This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引 More

Description
Chapter (1.1)
Chapter (1.2)
Chapter (2)
Chapter (3)
chapter (4)
chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58.1)
Chapter (58.2)
Chapter (59)
Chapter (60)
Chapter (61)
Chapter (61.2)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Chapter (70 )
Chapter (71.1)
Chapter(71.2)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (79) Zawgyi
Chapter (80)
Chapter (81)
chapter (82)
Chapter (83)
Chapter (84)
Chapter (85).
Chapter (86).
Chapter (87)
chapter (88)
Chapter (89)
90
about paid
(acc ရှာမရတဲ့သူတွေအတွက်)
Chapter (91)
Chapter(92)

Chapter (16)

7K 1K 27
By LuciousKim

Zawgyi

လက္ေထာက္ဒါရိုက္တာက အေလးအနက္ထားျပီးတိုက္တြန္းေျပာဆိုလိုက္တယ္။

"ငါအဲဒါကိုလုပ္ဖို႕အတြက္ ေလေကာင္းေလသန္႕ေတြကိုေျပာင္းလဲလိုက္ရတယ္ (1) ဒါေပမယ့္ မင္းက .. မင္းဘာေတြလုပ္ေနတာလဲ အဲဒါကိုမဝယ္နဲ႕ မဝယ္နဲ႕လို႕ .. ဒီလိုရွယ္ယာေတြသိန္းခ်ီျပီဝယ္ရေအာင္ မင္းက ပထမ ဒါမွမဟုတ္ဒုတိယအဆင့္ေလာက္မွာရိွေနတဲ့ အနုပညာရွင္လဲမဟုတ္ဘူးေလ "

( E trans note - ေလကာင္းေလသန္႕ေတြကိုေျပာင္းလဲလိုက္ရတယ္ ဆိုတာက တစ္စံုတစ္ေယာက္က ကြဲျပားျခားနားျပီးစိတ္လႈပ္ရွားစရာအေျခအေနအသစ္ကို ဖန္တီးခ်င္တယ္ဆိုတဲ့သေဘာပါ တဲ့ )

Shen Yan က သူမေရွ႕ကအေဆာက္အံုကိုၾကည့္ေနရင္းကေနျပန္ေျပာတယ္ ။

" က်ြန္မသိတယ္ ဒါေပမယ့္ က်ြန္မက ပထမ ၊ဒုတိယအဆင့္ရိွတဲ့အနုပညာရွင္မဟုတ္တဲ့အတြက္ ပိုက္ဆံလိုတယ္ေလ "

" မင္းဘာလို႕ ငါ့စကားကိုနားမေထာင္ရတာလဲ မင္းရဲ႕အနားမွာငါရိွတယ္ေလ ခ်န္လုပ္ငန္းစုက အျမတ္အစြန္းေတြရလာမယ္လို႕ ငါေတာ့မထင္ဘူးေနာ္ ငါျမင္တာေတာ့ အဲဒီရွယ္ယာေတြက အရံႈးေပၚေနတာလားလို႕ .. အဲဒီလုပ္ငန္းက မေန႕တုန္းက နွင္းဆီပန္းေလးတစ္ပြင့္လို အစြန္းကုန္ပြင့္လန္းေနေပမယ့္လည္း ခ်က္ခ်င္းပဲညိဳးနြမ္းသြားခဲ့တာပဲေလ ၾကည့္ရသေလာက္ကေတာ့ ထပ္ျပီးအရံႈးေပၚေနဦးမွာ "

သူတို႕နွစ္ေယာက္စကားေျပာေနတုန္းမွာပဲ ခ်န္ေဖးကုမၸဏီရဲ႕ သရုပ္ေဆာင္ေတြဟာ Yuran မွရွယ္ယာေတြကိုဝယ္ဖို႕ရန္အတြက္အေျပးအလႊားထြက္လာၾကတယ္။

" ျမန္ျမန္လာၾက ငါတို႕လည္းYuranရဲ႕ရွယ္ယာေတြဝယ္ရမယ္ အဲဒီရွယ္ယာေတြသာဝယ္ထားရင္အျမတ္ေတြအမ်ားၾကီးရလာမွာ He Han ရဲ႕ရည္းစားကိုပဲၾကည့္ေလ သူက ဒီရွယ္ယာေတြေစ်းတက္မယ္ဆိုတာသိလို႕ ရင္းနီးျမွပ္နွံတာပဲ"

"ဟုတ္တယ္ ငါပိုက္ဆံရွာရမယ္ ငါကဒီထက္ပိုျပီးအရံဇာတ္ေကာင္မလုပ္ခ်င္ေတာ့ဘူး "

အဲဒီလူေတြေျပာတာကိုနားေထာင္ၾကည့္လိုက္ေတာ့ ေနာက္ထပ္ရက္အနည္းငယ္အတြင္းမွာ He Han တစ္ေယာက္ hotelခန္းထဲမွာလူအမ်ားရဲ႕ပိတ္ဆို႕မႈကိုခံရေတာ့မယ္ဆိုတ ျမင္ေယာင္မိတယ္ ။ ေနာက္ထပ္ရက္အနည္းငယ္အတြင္းမွာ Yuran ရဲ႕ရွယ္ယာေတြက လံုးဝကိုထိုးက်သြားလိမ့္မယ္ဆိုတာသူမအေသအခ်ာသိေနတယ္ေလ။

Shen Yan ကအဲဒီလူေတြကိုေျပာျပခဲ့ေပမယ့္ သူတို႕ကမွသူမကိုမယံုၾကည္ခဲ့တာ။ ဒီေတာ့ သူမအေနနဲ႕ထပ္ျပီးကူညီေပးစရာမလိုေတာ့ဘူးေလ။ သူမသာထပ္ျပီးေတာ့ သူတို႕အနားကိုသြားျပီးေျပာခဲ့မယ္ဆိုရင္လည္း အဲဒီလူေတြက 'သူမက He Han ကိုမနာလိုျဖစ္ေနတာ' လို႔စြပ္စြဲၾကမွာပဲ။

"လက္ေထာက္ဒါရိုက္တာ ခ်န္လုပ္ငန္းစုက ေသခ်ာေပါက္ကိုျမင့္တက္လာမွာပဲ ဒီေတာ့ က်ြန္မမွာရိွသမ်ွပိုက္ဆံေတြအားလံုးကို သူတို႕ရဲ႕ရွယ္ယာေတြကိုဝယ္ျပီး ပံုအပ္ဖို႕အထိလုပ္ရဲတယ္"

ေျပာျပီးျပီးခ်င္းပဲ Shen Yan ကအထဲကိုဝင္သြားကာ ရွယ္ယာေတြကိုစတင္ဝယ္ယူလိုက္တယ္။

လက္ေထာက္ဒါရိုက္တာကေတာ့ စိုးရိမ္ပူပန္ေနတုန္းပဲ

"ငါတို႕ေတြ ခုနတုန္းက အြန္လိုင္းေပၚမွာေတြ႕ခဲ့တယ္ေလ မင္းဘာလို႕မ်ား ေျပာတဲ့အတိုင္းလုပ္ျပရေလာက္ေအာင္ရိုးအေနရတာလဲ ငါဝယ္ထားရတဲ့ရွယ္ယာေတြကိုျပန္ေရာင္းမယ္ဆိုရင္ ငါဘယ္လိုခံစားရမလဲဆိုတာမင္းမေတြးမိဘူးလား "

Shen Yan က Chenလုပ္ငန္းစုရဲ႕ရွယ္ယာ100ခန္႔ကိုဝယ္ျပီးျပန္ထြက္လာခဲ့တယ္။ လက္ေထာက္ဒါရိုက္တာက သူမနဲ႕အထဲကိုလိုက္ဝင္ျခင္းမရိွပဲ Shen Yanကိုေစာင့္ေနတဲ့ကားအနီးမွာပဲမတ္တပ္ရပ္ေနခဲ့ျပီး သူမကိုေျပာလိုက္တယ္။

"အားလံုးေပါင္း သံုးဆယ္"

"ဟမ္ ?"

" ငါတို႕ရဲ႕ရိုက္ကြင္းကေန Yuran ရဲ႕ရွယ္ယာေတြဝယ္ဖို႕သြားတဲ့လူေတြက အေယာက္30ေတာင္ "

ရွယ္ယာကိစၥေတြက ခ်န္ေဖးကုမၸဏီမွာရိွတဲ့ လူေတြကို စိတ္ဓာတ္တက္ၾကြေအာင္လုပ္ေပးလိုက္နိုင္တယ္။ သူတို႕ကရိုက္ကြင္းနားတဲ့အခ်ိန္မွာ ရွယ္ယာကိစၥကိုေဆြးေႏြးလာၾကျပီး သူတို႕သာမဝယ္ခဲ့ရင္ ေအာင္ျမင္မႈကိုသူတို႕ပိုင္ဆိုင္နိုင္မွာမဟုတ္ဘူးလို့ေတြးခဲ့ၾကတယ္။

Shen Yan ရိုက္ကြင္းဆီကိုျပန္ေရာက္လာခ်ိန္မွာေတာ့ He Hanက ဒါရိုက္တာျဖစ္တဲ့ Li Jun ထက္ေတာင္ပိုျပီးစိတ္ဝင္စားခံေနရျပီ ။ သူမက ေအာင္ျမင္ေက်ာ္ၾကားတဲ့အနုပညာရွင္တစ္ေယာက္လိုျပဳမူေနခဲ့ျပီး လူစုလူေဝးၾကီးကလည္း သူမဆီမွမ်က္နွာသာေပးခံရဖို႕အတြက္ အျပိဳင္အဆိုင္ခ်ီးမြန္းေနခဲ့ၾကတယ္။

He Han ရဲ႕ဝတ္စံုကေတာ့ အေစခံဝတ္စံုမွ ကိုယ္လုပ္ေတာ္ တစ္ေယာက္ရဲ႕ဝတ္စံုအျဖစ္ေျပာင္းလဲေနခဲ့တာေၾကာင့္ လက္ေထာက္ဒါရိုက္တာက Shen Yanကိုေတာင္မေစာင့္ဘဲေမးျမန္းခဲ့တယ္။

"ဘာေတြျဖစ္ေနၾကတာလဲ "

ထိုလူစုထဲမွ Shen Yanကိုသေဘာမက်တဲ့ Li San ဆိုတဲ့တစ္ေယာက္ကျပန္ေျဖလာတယ္။

"ဘာျဖစ္ရမွာလဲ ဇာတ္ေကာင္ေနရာေတြေျပာင္းသြားတာေလ ဧကရာဇ္က သူမကိုအရမ္းသေဘာက်ခဲ့တဲ့အတြက္ သူမကိုကိုယ္လုပ္ေတာ္အျဖစ္ေျမွာက္စားခဲ့တယ္ .. He Han ရဲ႕ရည္းစားက ရင္းနီးျမွပ္နွံသူေလ သူမကရိုက္ကူးေရးအတြက္ေငြေတြထုတ္ေပးထားတာ ငါတို႔ကသူမကို ရွယ္ယာအေၾကာင္းေတြေမးေတာ့လည္း သူမကအမွန္အတိုင္းေျဖေပးတယ္ေလ camera man နဲ႕ မီးအလင္းထိုးသူကလည္း သူမအခန္းေတြကိုလွေအာင္ရိုက္ေပးဖို႕ငါတို႕ကိုကတိေပးထားတယ္ "

Li Sanကေျပာျပီးတာနဲ႕ Shen Yanဘက္ကိုလွည့္ျပီးေလွာင္ေျပာင္သေရာ္လိုက္တယ္။

" ငါရွယ္ယာေတြအားလံုးဝယ္ျပီးသြားျပီ ငါသာပိုက္ဆံေတြရလာရင္ ရင္းနီးျမွပ္နွံလိုက္ျပီး အြန္လိုင္းဒရမ္မာဇာတ္လမ္းကို ကိုယ္တိုင္ထုတ္ေဝသူလုပ္ျပီး ေခါင္းေဆာင္မင္းသားလုပ္လိုက္ဦးမွာ "

Shen Yanက ရိုက္ကြင္းမွာရိွေနတဲ့လူေတြကိုေဝ့ဝိုက္ျပီးျကည့္လိုက္ျပီးေနာက္ နႈတ္ခမ္းေထာင့္ေတြကိုေကြးညႊတ္လိုက္တယ္။

"လွေအာင္ရိုက္မယ္ ဟမ့္ .. ငါ့အတြက္ကေတာ့ အလင္းထိုးတာမ်ိဳးလည္းမလိုသလို ေထာင့္ေကာင္းေကာင္းေလးေရြးစရာလည္းမလိုဘူးေလ ငါကနဂိုကတည္းက လွျပီးသားျဖစ္ေနတာကိုး သူမနဲ႕ေတာ့ ဘယ္တူပါ့မလဲ "

Li San ကျပန္လည္ခြန္းတံု႔ျပန္ခ်င္ေပမယ့္လည္း ဘာဆက္ေျပာရမွန္းမသိေတာ့တာေၾကာင့္ ထပ္မံေျပာလိုက္တယ္။

"ငါ လူတိုင္းကိုရွယ္ယာဝယ္ဖို႕ေျပာျပီးသြားျပီ ဒီေတာ့ သူတို႕လည္းငါ့လိုမ်ိဳးပဲေတြးေနမွာပဲ "

Shen Yan: “….”

သူတို႕ေတြက မၾကာခင္မွာနင့္ကိုမရိုက္ဘူးဆိုရင္ေတာ့ နင္ကံေကာင္းတာပဲ။

ထိုသို႕ ဘာတစ္ခုမွသိရိွျခင္းမရိွေသးတဲ့လူေတြကိုေတြးလိုက္ျပီး Shen Yanေျပာလိုက္တယ္။

" တစ္ေနရာရာမွာရင္းနီးျမွပ္နွံမယ္ဆိုရင္ သတိထားဖို႕ကလိုအပ္တာပဲ ေနာက္ျပီးနင္တို႕ေတြက He Han နဲ႕လည္းမရင္းနီးၾကဘူးေလ "

"မင္းက မနာလိုျဖစ္ေနတာပဲ မင္းက He Hanကိုမနာလိုျဖစ္ေနတာ မင္းဘယ္လိုမ်ားလုပ္နိုင္တာလဲ အာ .. He Hanရဲ႕ရည္းစားကရင္းနီးျမွပ္နွံခဲ့ျပီးလို႕ သူကငါတို႔နဲ႕ေတာင္နႈတ္ဆက္သြားေသးတယ္ မင္းဘာသာ He Hanကိုမနာလိုျဖစ္တိုင္း ငါတို႕ကိုပါဆြဲမေခၚပါနဲ႕ ငါတို႕ကေတာ့ အျမတ္ေငြယူဖို႕မေစာင့္နိုင္ေတာ့ဘူး "

Li Sanရဲ႕သေဘာထားက က်န္တဲ့သူေတြနဲ႕လည္းအတူတူပဲ ။ဘာပဲျဖစ္ျဖစ္ Shen Yanကသူတို႕ကိုအၾကံေပးခဲ့ျပီး သူတို႕ကသာသူမကိုမယံုၾကည္ခဲ့တာေလ

Shen Yanကလက္ေထာက္ဒါရိုက္တာကို ၾကည့္ျပီးေျပာလိုက္တယ္။

" လက္ေထာက္ဒါရိုက္တာ ရွင္က က်ြန္မဘက္ကပဲ ဟုတ္တယ္မလား "

"ဒါေပါ့ဒါေပါ့ ငါကမင္းဘက္ကပဲ "

"ဒါဆို ရွယ္ယာေတြထပ္ျပီးဝယ္လိုက္ပါ "

“ငါ….”

လက္ေထာက္ဒါရိုက္တာက ျငင္းဆန္ခ်င္ေပမယ့္လည္း Li Sanရဲ႕ေရွ႕မွာပဲ ဖုန္းကိုထုတ္လိုက္ျပီးမ်က္ရည္ဝဲစြာနဲ႕ရွယ္ယာေတြကိုဝယ္လိုက္တယ္။ သူ႕ရဲ႕ခႏၶာကိုယ္ကတုန္ယင္ေနေပမယ့္လည္း ထပ္ေျပာလိုပ္တယ္။

"ငါ Shen Yanကိုယံုတယ္! "

( T/ N - Ah.. ဒီလက္ေထာက္ဒါရိုက္တာက တကယ္ေကာင္းတာပဲ နိုဗယ္ထဲဝင္ျပီး သူ႕ကိုတာဝန္ယူခ်င္တဲ့စိတ္ေတြေပါက္လာျပီ XD)

He Hanကလက္ေထာက္ဒါရိုက္တာကိုလွမ္းေျပာလာတယ္။
"လက္ေထာက္ဒါရိုက္တာ ရွင္က ဒါရိုက္တာၾကီးကိုစိတ္ပူရေအာက္တကယ္လုပ္တာပဲ ရွင္ Shen Yanနဲ႕ထြက္သြားတုန္းက ဒါရိုက္တာက ေျပာခဲ့ေသးတယ္ Shen Yan ကရွင့္ကိုအခုလိုလုပ္လိမ့္မယ္ဆိုျပီးေတာ့ေပါ့ သူက ရွင့္ကို သူမအနီးမွာမေနေစခ်င္ဘူးလို့ေတာင္ေျပာခဲ့ေသးတာ "

ဘယ္သူက သူတို႕နဲ႕စကားေျပာခ်င္ေနလို႕လဲ။ Shen Yanက ထိုေနရာကေနလွည့္ထြက္ျပီးအေဝးကိုေလ်ွာက္သြားခဲ့တယ္။ သူမက လူေရြးစစ္ေဆးမႈတြအေၾကာင္းကိုလိုက္ရွာၾကည့္ရဦးမယ္။ အဲလိုလူေတြနဲ႕စကားမ်ားေနရမယ့္အစားေပါ့။

လက္ေထာက္ဒါရိုက္တာကေတာ့ Shen Yanကစိတ္ဆိုးသြားခဲ့တယ္လို့ထင္ခဲ့တာေၾကာင့္ သူမကိုစကားနည္နည္းေလာက္ေျပာျပီးေျဖာင့္ျဖခ်င္ခဲ့ေပမယ့္ Li Junကသူ႕ထံသို႕ဖုန္းဆက္ကာ သူ႕ရဲ႕လုပ္ရပ္ေတြကိုဆူပူဆဲဆိုခဲ့တယ္။

" Shen Yanကဘာသိမွာလဲ He Hanရဲ႕ရည္းစားကပဲ ငါတို့ကိုဝင္ေငြရေအာင္လုပ္ေပးေနတာေလ ah..! မင္ဘာလို႕သူမေနာက္ကိုအျမဲလိုက္ေနရတာလဲ ?"

"က်ြန္ေတာ္ထင္တာက .."

"မင္းကဘာကိုထင္ေနတာလဲ? မင္း အခုေန့လည္စာဘူးေတြသြားေဝေပးလိုက္စမ္း"

“……”

“……”

Li Jun က Shen Yanကိုမေက်နပ္ေတာ့ဘူး ။ ထုတ္လုပ္ေရးတစ္ခုလံုးကလည္းအဲဒါကိုသိေနျပီး သူတို႕က သူတို႕ကိုအျမတ္ေငြရရိွေအာင္ကူညီးေပးတဲ့ He Hanဘက္ကရပ္တည္ကာအာရံုစိုက္ကိုရဖို႕ၾကိဳးစားလာၾကတယ္။

Shen Yanကိုအျမဲတမ္းကူညီေပးခဲ့တဲ့ လက္ေထာက္ဒါရိုက္တာကေတာ့ ဘာမွေျပာခြင့္မရလိုက္ေတာ့ဘူး ။ဒါရိုက္တာက သူ႕ကိုေန႕လည္စာဘူးဝယ္ရန္နဲ႕တျခားကစၥေတြအတြက္အျပင္ဘက္သို႕ေစလႊတ္ထားခဲ့တယ္ေလ ။

***

Unicode

လက်ထောက်ဒါရိုက်တာက အလေးအနက်ထားပြီးတိုက်တွန်းပြောဆိုလိုက်တယ်။

"ငါအဲဒါကိုလုပ်ဖို့အတွက် လေကောင်းလေသန့်တွေကိုပြောင်းလဲလိုက်ရတယ် (1) ဒါပေမယ့် မင်းက .. မင်းဘာတွေလုပ်နေတာလဲ အဲဒါကိုမဝယ်နဲ့ မဝယ်နဲ့လို့ .. ဒီလိုရှယ်ယာတွေသိန်းချီပြီဝယ်ရအောင် မင်းက ပထမ ဒါမှမဟုတ်ဒုတိယအဆင့်လောက်မှာရှိနေတဲ့ အနုပညာရှင်လဲမဟုတ်ဘူးလေ "

( E trans note - လေကာင်းလေသန့်တွေကိုပြောင်းလဲလိုက်ရတယ် ဆိုတာက တစ်စုံတစ်ယောက်က ကွဲပြားခြားနားပြီးစိတ်လှုပ်ရှားစရာအခြေအနေအသစ်ကို ဖန်တီးချင်တယ်ဆိုတဲ့သဘောပါ တဲ့ )

Shen Yan က သူမရှေ့ကအဆောက်အုံကိုကြည့်နေရင်းကနေပြန်ပြောတယ် ။

" ကျွန်မသိတယ် ဒါပေမယ့် ကျွန်မက ပထမ ၊ဒုတိယအဆင့်ရှိတဲ့အနုပညာရှင်မဟုတ်တဲ့အတွက် ပိုက်ဆံလိုတယ်လေ "

" မင်းဘာလို့ ငါ့စကားကိုနားမထောင်ရတာလဲ မင်းရဲ့အနားမှာငါရှိတယ်လေ ချန်လုပ်ငန်းစုက အမြတ်အစွန်းတွေရလာမယ်လို့ ငါတော့မထင်ဘူးနော် ငါမြင်တာတော့ အဲဒီရှယ်ယာတွေက အရှုံးပေါ်နေတာလားလို့ .. အဲဒီလုပ်ငန်းက မနေ့တုန်းက နှင်းဆီပန်းလေးတစ်ပွင့်လို အစွန်းကုန်ပွင့်လန်းနေပေမယ့်လည်း ချက်ချင်းပဲညိုးနွမ်းသွားခဲ့တာပဲလေ ကြည့်ရသလောက်ကတော့ ထပ်ပြီးအရှုံးပေါ်နေဦးမှာ "

သူတို့နှစ်ယောက်စကားပြောနေတုန်းမှာပဲ ချန်ဖေးကုမ္ပဏီရဲ့ သရုပ်ဆောင်တွေဟာ Yuran မှရှယ်ယာတွေကိုဝယ်ဖို့ရန်အတွက်အပြေးအလွှားထွက်လာကြတယ်။

" မြန်မြန်လာကြ ငါတို့လည်းYuranရဲ့ရှယ်ယာတွေဝယ်ရမယ် အဲဒီရှယ်ယာတွေသာဝယ်ထားရင်အမြတ်တွေအများကြီးရလာမှာ He Han ရဲ့ရည်းစားကိုပဲကြည့်လေ သူက ဒီရှယ်ယာတွေဈေးတက်မယ်ဆိုတာသိလို့ ရင်းနီးမြှပ်နှံတာပဲ"

"ဟုတ်တယ် ငါပိုက်ဆံရှာရမယ် ငါကဒီထက်ပိုပြီးအရံဇာတ်ကောင်မလုပ်ချင်တော့ဘူး "

အဲဒီလူတွေပြောတာကိုနားထောင်ကြည့်လိုက်တော့ နောက်ထပ်ရက်အနည်းငယ်အတွင်းမှာ He Han တစ်ယောက် hotelခန်းထဲမှာလူအများရဲ့ပိတ်ဆို့မှုကိုခံရတော့မယ်ဆိုတ မြင်ယောင်မိတယ် ။ နောက်ထပ်ရက်အနည်းငယ်အတွင်းမှာ Yuran ရဲ့ရှယ်ယာတွေက လုံးဝကိုထိုးကျသွားလိမ့်မယ်ဆိုတာသူမအသေအချာသိနေတယ်လေ။

Shen Yan ကအဲဒီလူတွေကိုပြောပြခဲ့ပေမယ့် သူတို့ကမှသူမကိုမယုံကြည်ခဲ့တာ။ ဒီတော့ သူမအနေနဲ့ထပ်ပြီးကူညီပေးစရာမလိုတော့ဘူးလေ။ သူမသာထပ်ပြီးတော့ သူတို့အနားကိုသွားပြီးပြောခဲ့မယ်ဆိုရင်လည်း အဲဒီလူတွေက 'သူမက He Han ကိုမနာလိုဖြစ်နေတာ' လို့စွပ်စွဲကြမှာပဲ။

"လက်ထောက်ဒါရိုက်တာ ချန်လုပ်ငန်းစုက သေချာပေါက်ကိုမြင့်တက်လာမှာပဲ ဒီတော့ ကျွန်မမှာရှိသမျှပိုက်ဆံတွေအားလုံးကို သူတို့ရဲ့ရှယ်ယာတွေကိုဝယ်ပြီး ပုံအပ်ဖို့အထိလုပ်ရဲတယ်"

ပြောပြီးပြီးချင်းပဲ Shen Yan ကအထဲကိုဝင်သွားကာ ရှယ်ယာတွေကိုစတင်ဝယ်ယူလိုက်တယ်။

လက်ထောက်ဒါရိုက်တာကတော့ စိုးရိမ်ပူပန်နေတုန်းပဲ

"ငါတို့တွေ ခုနတုန်းက အွန်လိုင်းပေါ်မှာတွေ့ခဲ့တယ်လေ မင်းဘာလို့များ ပြောတဲ့အတိုင်းလုပ်ပြရလောက်အောင်ရိုးအနေရတာလဲ ငါဝယ်ထားရတဲ့ရှယ်ယာတွေကိုပြန်ရောင်းမယ်ဆိုရင် ငါဘယ်လိုခံစားရမလဲဆိုတာမင်းမတွေးမိဘူးလား "

Shen Yan က Chenလုပ်ငန်းစုရဲ့ရှယ်ယာ100ခန့်ကိုဝယ်ပြီးပြန်ထွက်လာခဲ့တယ်။ လက်ထောက်ဒါရိုက်တာက သူမနဲ့အထဲကိုလိုက်ဝင်ခြင်းမရှိပဲ Shen Yanကိုစောင့်နေတဲ့ကားအနီးမှာပဲမတ်တပ်ရပ်နေခဲ့ပြီး သူမကိုပြောလိုက်တယ်။

"အားလုံးပေါင်း သုံးဆယ်"

"ဟမ် ?"

" ငါတို့ရဲ့ရိုက်ကွင်းကနေ Yuran ရဲ့ရှယ်ယာတွေဝယ်ဖို့သွားတဲ့လူတွေက အယောက်30တောင် "

ရှယ်ယာကိစ္စတွေက ချန်ဖေးကုမ္ပဏီမှာရှိတဲ့ လူတွေကို စိတ်ဓာတ်တက်ကြွအောင်လုပ်ပေးလိုက်နိုင်တယ်။ သူတို့ကရိုက်ကွင်းနားတဲ့အချိန်မှာ ရှယ်ယာကိစ္စကိုဆွေးနွေးလာကြပြီး သူတို့သာမဝယ်ခဲ့ရင် အောင်မြင်မှုကိုသူတို့ပိုင်ဆိုင်နိုင်မှာမဟုတ်ဘူးလို့တွေးခဲ့ကြတယ်။

Shen Yan ရိုက်ကွင်းဆီကိုပြန်ရောက်လာချိန်မှာတော့ He Hanက ဒါရိုက်တာဖြစ်တဲ့ Li Jun ထက်တောင်ပိုပြီးစိတ်ဝင်စားခံနေရပြီ ။ သူမက အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်လိုပြုမူနေခဲ့ပြီး လူစုလူဝေးကြီးကလည်း သူမဆီမှမျက်နှာသာပေးခံရဖို့အတွက် အပြိုင်အဆိုင်ချီးမွန်းနေခဲ့ကြတယ်။

He Han ရဲ့ဝတ်စုံကတော့ အစေခံဝတ်စုံမှ ကိုယ်လုပ်တော် တစ်ယောက်ရဲ့ဝတ်စုံအဖြစ်ပြောင်းလဲနေခဲ့တာကြောင့် လက်ထောက်ဒါရိုက်တာက Shen Yanကိုတောင်မစောင့်ဘဲမေးမြန်းခဲ့တယ်။

"ဘာတွေဖြစ်နေကြတာလဲ "

ထိုလူစုထဲမှ Shen Yanကိုသဘောမကျတဲ့ Li San ဆိုတဲ့တစ်ယောက်ကပြန်ဖြေလာတယ်။

"ဘာဖြစ်ရမှာလဲ ဇာတ်ကောင်နေရာတွေပြောင်းသွားတာလေ ဧကရာဇ်က သူမကိုအရမ်းသဘောကျခဲ့တဲ့အတွက် သူမကိုကိုယ်လုပ်တော်အဖြစ်မြှောက်စားခဲ့တယ် .. He Han ရဲ့ရည်းစားက ရင်းနီးမြှပ်နှံသူလေ သူမကရိုက်ကူးရေးအတွက်ငွေတွေထုတ်ပေးထားတာ ငါတို့ကသူမကို ရှယ်ယာအကြောင်းတွေမေးတော့လည်း သူမကအမှန်အတိုင်းဖြေပေးတယ်လေ camera man နဲ့ မီးအလင်းထိုးသူကလည်း သူမအခန်းတွေကိုလှအောင်ရိုက်ပေးဖို့ငါတို့ကိုကတိပေးထားတယ် "

Li Sanကပြောပြီးတာနဲ့ Shen Yanဘက်ကိုလှည့်ပြီးလှောင်ပြောင်သရော်လိုက်တယ်။

" ငါရှယ်ယာတွေအားလုံးဝယ်ပြီးသွားပြီ ငါသာပိုက်ဆံတွေရလာရင် ရင်းနီးမြှပ်နှံလိုက်ပြီး အွန်လိုင်းဒရမ်မာဇာတ်လမ်းကို ကိုယ်တိုင်ထုတ်ဝေသူလုပ်ပြီး ခေါင်းဆောင်မင်းသားလုပ်လိုက်ဦးမှာ "

Shen Yanက ရိုက်ကွင်းမှာရှိနေတဲ့လူတွေကိုဝေ့ဝိုက်ပြီးကြည့်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်တွေကိုကွေးညွှတ်လိုက်တယ်။

"လှအောင်ရိုက်မယ် ဟမ့် .. ငါ့အတွက်ကတော့ အလင်းထိုးတာမျိုးလည်းမလိုသလို ထောင့်ကောင်းကောင်းလေးရွေးစရာလည်းမလိုဘူးလေ ငါကနဂိုကတည်းက လှပြီးသားဖြစ်နေတာကိုး သူမနဲ့တော့ ဘယ်တူပါ့မလဲ "

Li San ကပြန်လည်ခွန်းတုံ့ပြန်ချင်ပေမယ့်လည်း ဘာဆက်ပြောရမှန်းမသိတော့တာကြောင့် ထပ်မံပြောလိုက်တယ်။

"ငါ လူတိုင်းကိုရှယ်ယာဝယ်ဖို့ပြောပြီးသွားပြီ ဒီတော့ သူတို့လည်းငါ့လိုမျိုးပဲတွေးနေမှာပဲ "

Shen Yan: “….”

သူတို့တွေက မကြာခင်မှာနင့်ကိုမရိုက်ဘူးဆိုရင်တော့ နင်ကံကောင်းတာပဲ။

ထိုသို့ ဘာတစ်ခုမှသိရှိခြင်းမရှိသေးတဲ့လူတွေကိုတွေးလိုက်ပြီး Shen Yanပြောလိုက်တယ်။

" တစ်နေရာရာမှာရင်းနီးမြှပ်နှံမယ်ဆိုရင် သတိထားဖို့ကလိုအပ်တာပဲ နောက်ပြီးနင်တို့တွေက He Han နဲ့လည်းမရင်းနီးကြဘူးလေ "

"မင်းက မနာလိုဖြစ်နေတာပဲ မင်းက He Hanကိုမနာလိုဖြစ်နေတာ မင်းဘယ်လိုများလုပ်နိုင်တာလဲ အာ .. He Hanရဲ့ရည်းစားကရင်းနီးမြှပ်နှံခဲ့ပြီးလို့ သူကငါတို့နဲ့တောင်နှုတ်ဆက်သွားသေးတယ် မင်းဘာသာ He Hanကိုမနာလိုဖြစ်တိုင်း ငါတို့ကိုပါဆွဲမခေါ်ပါနဲ့ ငါတို့ကတော့ အမြတ်ငွေယူဖို့မစောင့်နိုင်တော့ဘူး "

Li Sanရဲ့သဘောထားက ကျန်တဲ့သူတွေနဲ့လည်းအတူတူပဲ ။ဘာပဲဖြစ်ဖြစ် Shen Yanကသူတို့ကိုအကြံပေးခဲ့ပြီး သူတို့ကသာသူမကိုမယုံကြည်ခဲ့တာလေ

Shen Yanကလက်ထောက်ဒါရိုက်တာကို ကြည့်ပြီးပြောလိုက်တယ်။

" လက်ထောက်ဒါရိုက်တာ ရှင်က ကျွန်မဘက်ကပဲ ဟုတ်တယ်မလား "

"ဒါပေါ့ဒါပေါ့ ငါကမင်းဘက်ကပဲ "

"ဒါဆို ရှယ်ယာတွေထပ်ပြီးဝယ်လိုက်ပါ "

“ငါ….”

လက်ထောက်ဒါရိုက်တာက ငြင်းဆန်ချင်ပေမယ့်လည်း Li Sanရဲ့ရှေ့မှာပဲ ဖုန်းကိုထုတ်လိုက်ပြီးမျက်ရည်ဝဲစွာနဲ့ရှယ်ယာတွေကိုဝယ်လိုက်တယ်။ သူ့ရဲ့ခန္ဓာကိုယ်ကတုန်ယင်နေပေမယ့်လည်း ထပ်ပြောလိုပ်တယ်။

"ငါ Shen Yanကိုယုံတယ်! "

( T/ N - Ah.. ဒီလက်ထောက်ဒါရိုက်တာက တကယ်ကောင်းတာပဲ နိုဗယ်ထဲဝင်ပြီး သူ့ကိုတာဝန်ယူချင်တဲ့စိတ်တွေပေါက်လာပြီ XD)

He Hanကလက်ထောက်ဒါရိုက်တာကိုလှမ်းပြောလာတယ်။
"လက်ထောက်ဒါရိုက်တာ ရှင်က ဒါရိုက်တာကြီးကိုစိတ်ပူရအောက်တကယ်လုပ်တာပဲ ရှင် Shen Yanနဲ့ထွက်သွားတုန်းက ဒါရိုက်တာက ပြောခဲ့သေးတယ် Shen Yan ကရှင့်ကိုအခုလိုလုပ်လိမ့်မယ်ဆိုပြီးတော့ပေါ့ သူက ရှင့်ကို သူမအနီးမှာမနေစေချင်ဘူးလို့တောင်ပြောခဲ့သေးတာ "

ဘယ်သူက သူတို့နဲ့စကားပြောချင်နေလို့လဲ။ Shen Yanက ထိုနေရာကနေလှည့်ထွက်ပြီးအဝေးကိုလျှောက်သွားခဲ့တယ်။ သူမက လူရွေးစစ်ဆေးမှုတွအကြောင်းကိုလိုက်ရှာကြည့်ရဦးမယ်။ အဲလိုလူတွေနဲ့စကားများနေရမယ့်အစားပေါ့။

လက်ထောက်ဒါရိုက်တာကတော့ Shen Yanကစိတ်ဆိုးသွားခဲ့တယ်လို့ထင်ခဲ့တာကြောင့် သူမကိုစကားနည်နည်းလောက်ပြောပြီးဖြောင့်ဖြချင်ခဲ့ပေမယ့် Li Junကသူ့ထံသို့ဖုန်းဆက်ကာ သူ့ရဲ့လုပ်ရပ်တွေကိုဆူပူဆဲဆိုခဲ့တယ်။

" Shen Yanကဘာသိမှာလဲ He Hanရဲ့ရည်းစားကပဲ ငါတို့ကိုဝင်ငွေရအောင်လုပ်ပေးနေတာလေ ah..! မင်ဘာလို့သူမနောက်ကိုအမြဲလိုက်နေရတာလဲ ?"

"ကျွန်တော်ထင်တာက .."

"မင်းကဘာကိုထင်နေတာလဲ? မင်း အခုနေ့လည်စာဘူးတွေသွားဝေပေးလိုက်စမ်း"

“……”

“……”

Li Jun က Shen Yanကိုမကျေနပ်တော့ဘူး ။ ထုတ်လုပ်ရေးတစ်ခုလုံးကလည်းအဲဒါကိုသိနေပြီး သူတို့က သူတို့ကိုအမြတ်ငွေရရှိအောင်ကူညီးပေးတဲ့ He Hanဘက်ကရပ်တည်ကာအာရုံစိုက်ကိုရဖို့ကြိုးစားလာကြတယ်။

Shen Yanကိုအမြဲတမ်းကူညီပေးခဲ့တဲ့ လက်ထောက်ဒါရိုက်တာကတော့ ဘာမှပြောခွင့်မရလိုက်တော့ဘူး ။ဒါရိုက်တာက သူ့ကိုနေ့လည်စာဘူးဝယ်ရန်နဲ့တခြားကစ္စတွေအတွက်အပြင်ဘက်သို့စေလွှတ်ထားခဲ့တယ်လေ ။

***

Continue Reading

You'll Also Like

388K 60.3K 70
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...
838K 90K 167
summary အခ်ိန္​ခရီးသြားပုံျပင္​တစ္​ပုဒ္​ ဉာဏ္​နီဉာဏ္​နက္​မ်ားၿပီး ​ေကာက္​က်စ္​တ့ဲသူမဟာ အဆင္​့အတန္​းျမင္​့မ်ိဳး႐ိုးမွ လူမမာသည္​မမ​ေလး လာျဖစ္​တယ္​ ​ေစ့...
681 61 8
Original Name: Princess Wei Yang/Concubine's daughter is Poisonous Original Author : Qin Jian Genre : Drama, Mature, Josei, Romance This is not my ow...
254K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...