Love is Blind ( Completed )

Autorstwa November_venus

207K 20.3K 573

Pity is akin to love 💜 Więcej

Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 35 ( Unicode )
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40 ( final )
Extra

Chapter - 5

4.6K 504 10
Autorstwa November_venus

Zawgyi

" သားရယ္ ပါပါးစိတ္မခ်ပါဘူး "

" ကြၽန္ေတာ့ကို ဒီတစ္ခုေတာ့လိုက္ေလ်ာေပးပါ ပါပါး "

" ဟင္း...."!!!

ေ႐ွာင္းပါး သက္ျပင္းအသာခ်လို႔ ေ႐ွ႕မွာထိုင္ေနတဲ့ သားကိုေသခ်ာၾကည့္တယ္။ က်မ္းမာေရးအေျခအေနေၾကာင့္ ေနရထိုင္ရတာ အဆင္ေျပေနပံုမေပၚတဲ့သားက အအိပ္ပ်က္ အစားပ်က္ျဖစ္ကာ အနည္းငယ္ပိန္က်သြားတယ္။ ၿပီးေတာ့ လႈပ္႐ွားမႈမ႐ွိတဲ့ မ်က္ဝန္းညိဳႀကီးတစ္စံုကိုၾကည့္ၿပီး သက္ျပင္းခ်မိျပန္ေရာ။ အင္းေလ ေနာက္ဆံုးမွာေတာ့လည္း....

" သား "!!

" ဗ်ာ ပါပါး "

" သားတစ္ကယ္ပဲ သားမ်က္လံုးေတြကို ႏိုင္ငံျခားမွာ သြားကုခ်င္တားလား "

" ဟုတ္ကဲ့ပါပါး "

" အင္းေလ သားက ႏိုင္ငံျခားမွာသြားကုခ်င္ေတာ့လည္း ပါပါးလိုက္ေလ်ာရမွာေပါ့။ ဒါေပမယ့္သားရယ္ သားတစ္ေယာက္တည္း ႏိုင္ငံျခားမွာသြားကုမွာေတာ့ ပါပါးတစ္ကယ္သေဘာမက်ဘူး "

" ေက်းဇူးျပဳၿပီး ကြၽန္ေတာ့ကို တစ္ေယာက္တည္း လြတ္ေပးလိုက္ပါ ပါပါး။ ႏိုင္ငံျခားဆိုေပမယ့္လည္း ဟိုေရာက္သြားရင္ သားကိုအနီးကပ္ျပဳစုေပးမယ္ သူနာျပဳေတြ ဆရာဝန္ေတြ႐ွိေနတာပဲဟာ "

" ဒါေပမယ့္... "!!

" ကြၽန္ေတာ့ဆႏၵပါ ပါပါး ။ ကြၽန္ေတာ့ကို ဒီတစ္ခါ တစ္ေယာက္တည္း လြတ္ေပးလိုက္မယ္ဆိုရင္ ကြၽန္ေတာ္ျပန္လာရင္ ပါပါးရဲ႕ဒုတိယမိန္းမရဲ႕သားကို အိမ္မွာထားဖို႔ လက္ခံေပးပါမယ္ "

" သားရယ္.... "

ေနာက္ဆံုးေတာ့လည္း ေ႐ွာင္းပါးမွာ သားကိုစိတ္မခ်ေပမယ့္လည္း သားရဲ႕စိတ္ဆႏၵကိုျဖည့္စီးေပးခဲ့သည္။ ဒီသားေလးမ်က္စိျပန္ျမင္ဖို႔အေရး ပါပါးပိုင္ဆိုင္သမ်ွ ပုံေပးရပါေစဦး သားေလးမ်က္စိျပန္ျမင္ဖို႔သာအေရးႀကီးခဲ့သည္။

............

ႏိုင္ငံျခားမွာေဆးသြားကုေနတဲ့ ေ႐ွာင္းက်န္႔ထံမွ ၆ လခန္႔ၾကာသည္အထိ စာမလာ သတင္းမၾကားခဲ့ေပ။ တ႐ုတ္မွာက်န္ေနခဲ့ရတဲ့ မိသားစုဝင္ေတြကေတာ့ ေ႐ွာင္းက်န္႔အဆင္ေျပပါ့မလား ေတြးၾကေပမယ့္ ေ႐ွာင္းက်န္႔ထံမွ တစ္စံုတစ္ရာအေၾကာင္း တစ္ခုမွမၾကားရ...။

" ဦးေလး ကိုကို႔ကိုကြၽန္ေတာ္ လိုက္သြားၾကည့္လိုက္ေတာ့မယ္ေလ..."

ေနာက္ဆံုးမေနႏိုင္ေတာ့တဲ့ ေ႐ွာင္းက်န္႔ရဲ႕ ေျခေထာက္ႏွစ္ေခ်ာင္းေလးအျဖစ္တည္႐ွိေနတဲ့ လူသားေလး ဝမ္ရိေပၚက သူ႔မာမားရဲ႕ဒုတိယအမ်ိဳးသားကိုေတာင္းဆိုတယ္။

" မျဖစ္ဖူး သားရိေပၚ။ သားေ႐ွာင္းက တစ္ေယာက္မွ သူ႔ေနာက္ကိုလိုက္ခြင့္မေပးဘူး။ အဲ့ဒါသူ႔ဆႏၵတဲ့ ဒါေၾကာင့္ ဦးေလးတို႔ အခ်ိန္ခဏေစာင့္ၾကည့္ရေအာင္ေနာ္ "

မာမားရဲ႕ဒုတိယအမ်ိဳးသား စကားေၾကာင့္ ဝမ္ရိေပၚ သက္ျပင္းေလးအသာခ်မိတယ္။

အေဝးတစ္ေနရာမွာ တစ္ေယာက္တည္း အဆင္မွေျပရဲ႕လားကိုကို။ စိတ္ပူတယ္ ကိုကိုအဆင္မေျပမွာကို။ ၿပီးေတာ့ ေဒါသႀကီးလြန္းတဲ့ ကိုကို႔ကို လူေတြစိတ္မ႐ွည္မွာကို အရာရာေတြးၿပီးပူေနတဲ့ ကိုကိုရဲ႕ သက္႐ွိေျခေထာက္ေလးႏွစ္ေခ်ာင္း ဒီမွာက်န္ေနခဲ့ပါတယ္ ကိုကိုရယ္။

ကြၽန္ေတာ့ေၾကာင့္ ျဖစ္ပြားသြားတဲ့ မေတာ္တဆမႈမွာ ဆံုး႐ွဳံးသြားတဲ့ ကိုကို႔ေျခေထာက္ႏွစ္ေခ်ာင္းနဲ႔ အလင္းအာရံုအတြက္ ကြၽန္ေတာ္ကိုကိုနဲ႔အတူ ေသေလာက္ေအာင္ခံစားခဲ့ရပါတယ္။ ဒါေပမယ့္ အဆိုးထဲကအေကာင္းအေနနဲ႔ ျပန္ေကာင္းႏိုင္ေျခ႐ွိတဲ့ အလင္းအာရံုအတြက္ က္ုိကို႔ပါပါးက ကိုကို႔ကို အႀကိမ္ႀကိမ္ေဆးကုသဖို႔ ေတာင္းဆိုေပမယ့္ ေခါင္းမာတဲ့ကိုကိုက ေခါင္းအျမဲခါတယ္။ ဒါေၾကာင့္ ကိုကို႔ရဲ႕ မ်က္စိအလင္းအာရံုျပန္ရေအာင္ ကုသဖို႔အတြက္ ကိုကို႔အားနည္းခ်က္ကို ကိုကိုမခံခ်င္ေအာင္ေထာက္ျပၿပီး ေဆးကုသခ်င္တဲ့စိတ္ေတြ ျဖစ္ေစခဲ့တယ္။ အခုေတာ့ ထင္တဲ့အတိုင္း ကိုကိုေဆးသြားကုေနခဲ့ၿပီေလ။ ဒါေၾကာင့္ ကိုကိုျပန္လာရင္ ျပန္ျမင္ရလာတဲ့ မ်က္စိေတြေၾကာင့္ ကိုကိုသေဘာက်ရင္ ကိုကိုမ်က္စိေတြရဲ႕ ျမင္ကြင္းေတြအေဝးဆံုးမွာပဲ ကြၽန္ေတာ္ေနေပးဖို႔ ဆံုးျဖတ္ထားပါတယ္ကိုကို။

" သား ရိေပၚ "

" ဗ်ာ ဦးေလး "

ရိေပၚအေတြးမ်ားေနစဥ္ ေခၚလာတဲ့ ကိုကိုပါပါးကို ရိေပၚျပန္ထူးလိုက္သည္။ ရိေပၚ ကိုကို႔ပါပါးကိုၾကည့္မိေတာ့ ကိုကို႔ပါပါးဟာ ရိေပၚကို သူ႔လက္ထဲမွာကိုင္ထားတဲ့ ဖုန္းေလးကိုေျမႇာက္ကိုင္ျပၿပီး ဝမ္းသာစြာ စကားဆိုသည္။

" သားရိေပၚ....မနက္ဖန္သားကိုကိုေ႐ွာင္းက်န္႔ ျပန္လာၿပီ..."

............

တ႐ုတ္ႏိုင္ငံရဲ႕ အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ေရာက္႐ွိေနတဲ့ ေ႐ွာင္းပါပါး ၊ လီလီနဲ႔ လီလီရဲ႕ သားေလး ဝမ္ရိေပၚ ။ ဝမ္ရိေပၚဟာ ေလယာဥ္ေရာက္႐ွိလာၿပီး ေလယာဥ္ေပၚကဆင္းလာတဲ့ ခရီးသည္မ်ားကို မ်က္ေတာင္မခက္ စိုက္ၾကည့္ေနခဲ့သည္။ ထိုအခ်ိန္မွာ ရိေပၚျမင္ကြင္းထဲ ဝင္ေရာက္႐ွိလာတဲ့ လႈပ္႐ွားမႈေလးတစ္ခု....

မ်ားျပားလာတဲ့ခရီးသည္ေတြၾကားထဲမွာ ျမင္လိုက္ယံုနဲ သိသာေစသည့္ အဆင့္ျမင့္ၿပီး ေခတ္မွီလွပတဲ့ ဝီခ်ဲႀကီးတစ္ခုေပၚမွာထိုင္ေနတဲ့ကိုကို။ ကိုကိုထိုင္ေနတဲ့ ဝီးခ်ဲေနာက္မွာေတာ့ ဝီးခ်ဲကိုတြန္းေပးေနတဲ့ မမလွလွတစ္ေယာက္။ ကိုကိုဟာ ေလဆိပ္ထဲမွာေတာင္ ေခတ္မွီလွတဲ့ အမဲေရာင္ေနကာမ်က္မွန္ကိုတပ္ထားေသးသည္။ ၿပီးေတာ့ ထိုင္ေနရင္းေတာင္ ၾကည့္ေကာင္းေနတဲ့ အနက္ေရာင္႐ွပ္လက္႐ွည္နဲ႔ စတုိင္က်ေနတဲ့ ေဘာင္းဘီ႐ွည္အျပင္ ေကာ့ေနေအာင္ အေပၚကို ဖီးသင္ထားတဲ့ ဆံပင္ေတြေၾကာင့္ ကိုကိုပံုစံက ေျခေထာက္မေကာင္းတဲ့လူနဲ႔မတူပဲ ခံုေပၚမွာ တိုင္က်စြာထိုင္ေနတဲ့ လူတစ္ေယာက္ႏွင့္ပင္ပိုတူသည္။ ၿပီးေတာ့ ဘီးတြန္းေနတဲ့မမဟာလည္း ကိုကိုနဲ႔အတူ စတိုင္က်စြာဝတ္ဆင္ထားတာေၾကာင့္ မသိရင္ idol ႏွစ္ေယာက္ ေလယာဥ္ကြင္းမွာ ဇာတ္ဝင္ခန္းတစ္ခန္း လာ႐ိုက္ေနသလိုပင္...။

" သားေ႐ွာင္း..."

ရိေပၚျမင္သလို ကိုကို႔ပါပါးကလည္း ကိုကို႔ကိုျမင္သြားသည္ထင္တယ္ ။ ရိေပၚတို႔နားကေန ကိုကို႔နာမည္ေအာ္ၿပီး ေျပးသြားခဲ့သည္။ ကိုကို႔ပါပါးေနာက္မွာ လိုက္ပါသြားတဲ့ ရိေပၚမာမား ။ ရိေပၚကေတာ့ တစ္စံုတစ္ခုကို ေၾကာက္ရြံ႔ရင္း ေနရာမွာပင္ရပ္က က်န္ေနခဲ့ရသည္။

ေ႐ွာင္းပါပါးေခၚသံ႐ွိရာ လွည့္ၾကည့္လာတဲ့ ကိုကို႔ေနာက္ကမမဟာ ခါးကိုကိုင္းၿပီး ကိုကို႔နားနားကပ္ကာ စကားတိုးတိုးေျပာေတာ့ ကိုကိုက ေခါင္းၿငိမ့္ျပသည္။ ၿပီးေတာ့ ကိုကို႔ပါပါးနဲ႔ အဲ့ဒီမမဟာ စကားေတြေျပာေနၾကၿပီး ကိုကို႔ပါပါးမ်က္ႏွာဟာ တစ္ေျဖးေျဖးညိဳးက်လာခဲ့သည္။ ရိေပၚမာမားကေတာ့ အသံတိတ္ မ်က္ရည္မ်ားက်ေနခဲ့သည္။ ဒါေၾကာင့္ ရိေပၚဘာျဖစ္တာလည္းဆိုတဲ့ စိတ္ဝင္စားမႈနဲ႔ ကိုကိုတို႔နားတိုးကပ္လာခဲ့ေတာ့ ရိေပၚကို မာမားေျပာလိုက္တဲ့ စကားတစ္ခြန္းေၾကာင့္ ရိေပၚမ်က္ႏွာေလးမွာလည္း ငိုခ်မိမတက္ျဖစ္မိသြားသည္။

" သားရိေပၚ သားကိုကိုမ်က္လံုးေတြက ကုသမႈမေအာင္ျမင္ခဲ့ဘူးတဲ့ "

ငိုခ်င္တဲ့စိတ္ေတြထိန္းခ်ဳပ္ထားၿပီး ၿငိမ္ေနမိေပမယ့္ ပါးျပင္ေပၚစီးက်လာတဲ့ မ်က္ရည္စေတြကို ရိေပၚမထိန္းခ်ဳပ္ထားႏိုင္ေတာ့ဘူး။ ျဖစ္ႏိုင္ရင္ ကိုကို႔ကို ဖက္ထားၿပီးေအာ္ငိုလိုက္ခ်င္သည္။ ကိုကို႔မ်က္လံုးေတြ လံုးဝ ျပန္မျမင္ရေတာ့ဘူးတဲ့....။

ဒါေပမယ့္ ရိေပၚမသိလိုက္တာက ဝီးခ်ဲေပၚမွာ ႏႈတ္ခမ္းေလးတင္းတင္းေစ့ကာ ေအးေဆးစြာထိုင္ေနတဲ့လူရဲ႕ အေကာင္းစာမ်က္မွန္မဲႀကီးေအာက္ကေန သူ႔ကိုစိုက္ၾကည့္ေနတဲ့ မ်က္ဝန္းညိဳႀကီးတစ္စံုကိုပါ....။

ပါး နဲ႔ အန္တီ သူ႔နားေရာက္လာသည္အထိ ကေလကေခ်ေကာင္ကို ေရွာင္းက်န့္ေတြ႔ရေသး။ ပါမလာဘူးလာဆိုတဲ့အေတြးကလည္း ႐ွိေနျပန္တယ္။ ဒါနဲ႔ သူနဲ႔အတူပါလာတဲ့ ဝမ္ခ်င္းက ပါးနဲ႔အန္တီကို သူ႔ရဲ႕ဟိုမွာကတည္းကတိုက္ထားတဲ့ ဇာတ္အတိုင္း သူခြဲစိတ္မႈမေအာင္ျမင္ဘူးဆိုတာ ေျပာျပေနခ်ိန္ သူတို႔နားေရာက္လာတဲ့ ေကာင္ေလးတစ္ေယာက္။ ဘယ္သူပါလိမ့္လို႔ သူစိတ္ဝင္စားသြားခ်ိန္ ဖ်က္ကနဲ႔ရလိုက္တဲ့ ရနံ႔တစ္မ်ိဳးေၾကာင့္ သူႏႈတ္ခမ္းပါးေလးကမဲ့ျပံဳးျပံဳးသြားသည္။ ကေလကေခ်ေကာင္။ လီလီေျပာျပလိုက္တဲ့ သူမ်က္စိျပန္မျမင္ေတာ့ဘူးဆိုတာ ၾကားလိုက္ရေတာ့ သူ႔မ်က္ႏွာကို အံ့ျသႀကီးစြာ ၾကည့္လာတဲ့ မ်က္လံုးဝိုင္းႀကီးေတြ ။ ၿပီးေတာ့ ရဲတက္လာတဲ့ မ်က္လံုးအိမ္ထဲက မ်က္သားႀကီးမ်ား။ ၿပီးေတာ့ မယံုႏိုင္မွဳေၾကာင့္ တုန္လႈပ္လာတဲ့ ႏႈတ္ခမ္းျပည့္ေဖာင္းေဖာင္းေလးရယ္။ ၿပီးေတာ့ ခ်က္ခ်င္း နီရဲလာတဲ့ ႏွာေခါင္းေလး ။ ဒီကေလကေခ်ေကာင္က ငိုခ်ေတာ့မွာလား။ သူအေတြးအဆံုးခင္မွာပင္ စီးက်လာတဲ့ မ်က္လံုးဝိုင္းႀကီးထဲက မ်က္ရည္စေတြေၾကာင့္ သူမ်က္ေမွာင္ပင္ကုတ္လိုက္မိေသးသည္။

ငါမ်က္စိျပန္မေကာင္းတာ သူ႔အတြက္ဝမ္းသာစရာမဟုတ္ဖူးလား ။ ဒါကိုဘာလို႔ မ်က္ရည္က်ရတာလည္းဆိုတာကလည္း စိတ္ထဲက ဇေဝဇဝါ.... ။

" ပါပါး "

" ဟင္ သားေ႐ွာင္း... "

" ကြၽန္ေတာ္ နားခ်င္ေနၿပီ "

" ေအာ္ေအးေအး ဒါဆို အိမ္ျပန္ၾကတာေပါ့ သားရယ္..."

" ဟုတ္ကဲ့...ပါပါး ။ ေအာ္.. ဒါနဲ႔ခဏေနာ္ ပါပါး...။ ဝမ္ခ်င္း "

" အင္း ေ႐ွာင္းက်န္႔ "

" မင္း ဒီကေန hotelကိုတန္းသြားလိုက္ေတာ့ေနာ္ ။ ငါ ပါပါးတို႔နဲ႔ပဲအတူ ျပန္လိုက္သြားေတာ့မယ္ "

" အင္း နင္အဆင္ေျပရင္ၿပီးတာပဲေလ ေ႐ွာင္းက်န္႔ "

" အင္း...အဲ့ဒါဆို ငါသြားေတာ့မယ္ "

ေ႐ွာင္းက်န္႔သြားေတာ့မယ္လို႔ ဝမ္ခ်င္းကို ႏႈတ္ဆက္လိုက္သည္ႏွင့္ သူ႔ဝီခ်ဲလ္လက္ကိုင္ေတြကို လြတ္လိုက္တဲ့ ဝမ္ခ်င္းေနရာမွာ ခ်က္ခ်င္းေရာက္လာတဲ့ ဝမ္ရိေပၚေၾကာင့္ ေ႐ွာင္းက်န္႔ ႏႈတ္ခမ္းပါးေလးက မဲ့ျပံဳးေလး မသိမသာျပံဳးလိုက္မိသည္။

" လီလီ "

" ဟင္ သားေ႐ွာင္း... "

" ဝမ္ရိေပၚေရာ မပါဘူးလား "

" ကြၽန္ေတာ္ ပါပါတယ္ကိုကို "

ေမးလိုက္တာက လီလီကိုဆိုေပမယ့္ သူ႔ေနာက္ကေနျပန္ေျဖေပးလာတဲ့ ရိေပၚေၾကာင့္ ေ႐ွာင္းက်န္႔ ေခါင္းေလးၿငိမ့္ျပမိသည္။

" ငါက မင္းမပါဘူးထင္ေနတာ "

" ကြၽန္ေတာ္ ကိုကို႔နားအမွာပဲ ႐ွိေနတာပါ..."

" ေအာ္ ဒါနဲ႔ မင္းေပ်ာ္သြားၿပီလား "

" ဘာကိုလည္း ကိုကုိ "

" ငါ့မ်က္စိေတြေလ မင္းထင္ထားတဲ့အတိုင္းပဲ တစ္သက္လံုး ျပန္မေကာင္းႏိုင္ေတာ့ဘူးတဲ့ "

" မ်က္လံုးေတြ တစ္သက္လံုး ျပန္မေကာင္းေတာ့လည္း ဘာျဖစ္လည္းကိုကို.။ ကိုကိုနားမွာ ကိုကို႔ပါပါး႐ွိတယ္။ ၿပီးေတာ့ လီလီ႐ွိတယ္ ။ ၿပီးေတာ့ ကြၽန္ေတာ္လည္း ႐ွိေနပါတယ္ကိုကိုရယ္....."

အဟင္း....!!

ဝမ္ရိေပၚတြန္းယူခဲ့တဲ့ ဝီးခ်ဲေပၚမွာ မဲ့ျပံဳးေလးနဲ႔လိုက္ပါလာတဲ့ေ႐ွာင္းက်န္႔ရဲ႕ မ်က္မွန္အနက္ေရာင္ႀကီးဖံုးကြယ္ထားတဲ့ မ်က္လံုးအိမ္ႀကီးေတြက လႈပ္႐ွားေနတာကိုေတာ့ ေ႐ွာင္းက်န္႔ကလြဲ၍ မည္သူမ်ွ သိလိမ့္ဦးမယ္မထင္။

#Novembervenus



Unicode


" သားရယ် ပါပါးစိတ်မချပါဘူး "

" ကျွန်တော့ကို ဒီတစ်ခုတော့လိုက်လျောပေးပါ ပါပါး "

" ဟင်း...."!!!

ရှောင်းပါး သက်ပြင်းအသာချလို့ ရှေ့မှာထိုင်နေတဲ့ သားကိုသေချာကြည့်တယ်။ ကျမ်းမာရေးအခြေအနေကြောင့် နေရထိုင်ရတာ အဆင်ပြေနေပုံမပေါ်တဲ့သားက အအိပ်ပျက် အစားပျက်ဖြစ်ကာ အနည်းငယ်ပိန်ကျသွားတယ်။ ပြီးတော့ လှုပ်ရှားမှုမရှိတဲ့ မျက်ဝန်းညိုကြီးတစ်စုံကိုကြည့်ပြီး သက်ပြင်းချမိပြန်ရော။ အင်းလေ နောက်ဆုံးမှာတော့လည်း....

" သား "!!

" ဗျာ ပါပါး "

" သားတစ်ကယ်ပဲ သားမျက်လုံးတွေကို နိုင်ငံခြားမှာ သွားကုချင်တားလား "

" ဟုတ်ကဲ့ပါပါး "

" အင်းလေ သားက နိုင်ငံခြားမှာသွားကုချင်တော့လည်း ပါပါးလိုက်လျောရမှာပေါ့။ ဒါပေမယ့်သားရယ် သားတစ်ယောက်တည်း နိုင်ငံခြားမှာသွားကုမှာတော့ ပါပါးတစ်ကယ်သဘောမကျဘူး "

" ကျေးဇူးပြုပြီး ကျွန်တော့ကို တစ်ယောက်တည်း လွတ်ပေးလိုက်ပါ ပါပါး။ နိုင်ငံခြားဆိုပေမယ့်လည်း ဟိုရောက်သွားရင် သားကိုအနီးကပ်ပြုစုပေးမယ် သူနာပြုတွေ ဆရာဝန်တွေရှိနေတာပဲဟာ "

" ဒါပေမယ့်... "!!

" ကျွန်တော့ဆန္ဒပါ ပါပါး ။ ကျွန်တော့ကို ဒီတစ်ခါ တစ်ယောက်တည်း လွတ်ပေးလိုက်မယ်ဆိုရင် ကျွန်တော်ပြန်လာရင် ပါပါးရဲ့ဒုတိယမိန်းမရဲ့သားကို အိမ်မှာထားဖို့ လက်ခံပေးပါမယ် "

" သားရယ်.... "

နောက်ဆုံးတော့လည်း ရှောင်းပါးမှာ သားကိုစိတ်မချပေမယ့်လည်း သားရဲ့စိတ်ဆန္ဒကိုဖြည့်စီးပေးခဲ့သည်။ ဒီသားလေးမျက်စိပြန်မြင်ဖို့အရေး ပါပါးပိုင်ဆိုင်သမျှ ပုံပေးရပါစေဦး သားလေးမျက်စိပြန်မြင်ဖို့သာအရေးကြီးခဲ့သည်။

............

နိုင်ငံခြားမှာဆေးသွားကုနေတဲ့ ရှောင်းကျန့်ထံမှ ၆ လခန့်ကြာသည်အထိ စာမလာ သတင်းမကြားခဲ့ပေ။ တရုတ်မှာကျန်နေခဲ့ရတဲ့ မိသားစုဝင်တွေကတော့ ရှောင်းကျန့်အဆင်ပြေပါ့မလား တွေးကြပေမယ့် ရှောင်းကျန့်ထံမှ တစ်စုံတစ်ရာအကြောင်း တစ်ခုမှမကြားရ...။

" ဦးလေး ကိုကို့ကိုကျွန်တော် လိုက်သွားကြည့်လိုက်တော့မယ်လေ..."

နောက်ဆုံးမနေနိုင်တော့တဲ့ ရှောင်းကျန့်ရဲ့ ခြေထောက်နှစ်ချောင်းလေးအဖြစ်တည်ရှိနေတဲ့ လူသားလေး ဝမ်ရိပေါ်က သူ့မာမားရဲ့ဒုတိယအမျိုးသားကိုတောင်းဆိုတယ်။

" မဖြစ်ဖူး သားရိပေါ်။ သားရှောင်းက တစ်ယောက်မှ သူ့နောက်ကိုလိုက်ခွင့်မပေးဘူး။ အဲ့ဒါသူ့ဆန္ဒတဲ့ ဒါကြောင့် ဦးလေးတို့ အချိန်ခဏစောင့်ကြည့်ရအောင်နော် "

မာမားရဲ့ဒုတိယအမျိုးသား စကားကြောင့် ဝမ်ရိပေါ် သက်ပြင်းလေးအသာချမိတယ်။

အဝေးတစ်နေရာမှာ တစ်ယောက်တည်း အဆင်မှပြေရဲ့လားကိုကို။ စိတ်ပူတယ် ကိုကိုအဆင်မပြေမှာကို။ ပြီးတော့ ဒေါသကြီးလွန်းတဲ့ ကိုကို့ကို လူတွေစိတ်မရှည်မှာကို အရာရာတွေးပြီးပူနေတဲ့ ကိုကိုရဲ့ သက်ရှိခြေထောက်လေးနှစ်ချောင်း ဒီမှာကျန်နေခဲ့ပါတယ် ကိုကိုရယ်။

ကျွန်တော့ကြောင့် ဖြစ်ပွားသွားတဲ့ မတော်တဆမှုမှာ ဆုံးရှုံးသွားတဲ့ ကိုကို့ခြေထောက်နှစ်ချောင်းနဲ့ အလင်းအာရုံအတွက် ကျွန်တော်ကိုကိုနဲ့အတူ သေလောက်အောင်ခံစားခဲ့ရပါတယ်။ ဒါပေမယ့် အဆိုးထဲကအကောင်းအနေနဲ့ ပြန်ကောင်းနိုင်ခြေရှိတဲ့ အလင်းအာရုံအတွက် က်ိုကို့ပါပါးက ကိုကို့ကို အကြိမ်ကြိမ်ဆေးကုသဖို့ တောင်းဆိုပေမယ့် ခေါင်းမာတဲ့ကိုကိုက ခေါင်းအမြဲခါတယ်။ ဒါကြောင့် ကိုကို့ရဲ့ မျက်စိအလင်းအာရုံပြန်ရအောင် ကုသဖို့အတွက် ကိုကို့အားနည်းချက်ကို ကိုကိုမခံချင်အောင်ထောက်ပြပြီး ဆေးကုသချင်တဲ့စိတ်တွေ ဖြစ်စေခဲ့တယ်။ အခုတော့ ထင်တဲ့အတိုင်း ကိုကိုဆေးသွားကုနေခဲ့ပြီလေ။ ဒါကြောင့် ကိုကိုပြန်လာရင် ပြန်မြင်ရလာတဲ့ မျက်စိတွေကြောင့် ကိုကိုသဘောကျရင် ကိုကိုမျက်စိတွေရဲ့ မြင်ကွင်းတွေအဝေးဆုံးမှာပဲ ကျွန်တော်နေပေးဖို့ ဆုံးဖြတ်ထားပါတယ်ကိုကို။

" သား ရိပေါ် "

" ဗျာ ဦးလေး "

ရိပေါ်အတွေးများနေစဉ် ခေါ်လာတဲ့ ကိုကိုပါပါးကို ရိပေါ်ပြန်ထူးလိုက်သည်။ ရိပေါ် ကိုကို့ပါပါးကိုကြည့်မိတော့ ကိုကို့ပါပါးဟာ ရိပေါ်ကို သူ့လက်ထဲမှာကိုင်ထားတဲ့ ဖုန်းလေးကိုမြှောက်ကိုင်ပြပြီး ဝမ်းသာစွာ စကားဆိုသည်။

" သားရိပေါ်....မနက်ဖန်သားကိုကိုရှောင်းကျန့် ပြန်လာပြီ..."

............

တရုတ်နိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ရောက်ရှိနေတဲ့ ရှောင်းပါပါး ၊ လီလီနဲ့ လီလီရဲ့ သားလေး ဝမ်ရိပေါ် ။ ဝမ်ရိပေါ်ဟာ လေယာဉ်ရောက်ရှိလာပြီး လေယာဉ်ပေါ်ကဆင်းလာတဲ့ ခရီးသည်များကို မျက်တောင်မခက် စိုက်ကြည့်နေခဲ့သည်။ ထိုအချိန်မှာ ရိပေါ်မြင်ကွင်းထဲ ဝင်ရောက်ရှိလာတဲ့ လှုပ်ရှားမှုလေးတစ်ခု....

များပြားလာတဲ့ခရီးသည်တွေကြားထဲမှာ မြင်လိုက်ယုံနဲ သိသာစေသည့် အဆင့်မြင့်ပြီး ခေတ်မှီလှပတဲ့ ဝီချဲကြီးတစ်ခုပေါ်မှာထိုင်နေတဲ့ကိုကို။ ကိုကိုထိုင်နေတဲ့ ဝီးချဲနောက်မှာတော့ ဝီးချဲကိုတွန်းပေးနေတဲ့ မမလှလှတစ်ယောက်။ ကိုကိုဟာ လေဆိပ်ထဲမှာတောင် ခေတ်မှီလှတဲ့ အမဲရောင်နေကာမျက်မှန်ကိုတပ်ထားသေးသည်။ ပြီးတော့ ထိုင်နေရင်းတောင် ကြည့်ကောင်းနေတဲ့ အနက်ရောင်ရှပ်လက်ရှည်နဲ့ စတိုင်ကျနေတဲ့ ဘောင်းဘီရှည်အပြင် ကော့နေအောင် အပေါ်ကို ဖီးသင်ထားတဲ့ ဆံပင်တွေကြောင့် ကိုကိုပုံစံက ခြေထောက်မကောင်းတဲ့လူနဲ့မတူပဲ ခုံပေါ်မှာ တိုင်ကျစွာထိုင်နေတဲ့ လူတစ်ယောက်နှင့်ပင်ပိုတူသည်။ ပြီးတော့ ဘီးတွန်းနေတဲ့မမဟာလည်း ကိုကိုနဲ့အတူ စတိုင်ကျစွာဝတ်ဆင်ထားတာကြောင့် မသိရင် idol နှစ်ယောက် လေယာဉ်ကွင်းမှာ ဇာတ်ဝင်ခန်းတစ်ခန်း လာရိုက်နေသလိုပင်...။

" သားရှောင်း..."

ရိပေါ်မြင်သလို ကိုကို့ပါပါးကလည်း ကိုကို့ကိုမြင်သွားသည်ထင်တယ် ။ ရိပေါ်တို့နားကနေ ကိုကို့နာမည်အော်ပြီး ပြေးသွားခဲ့သည်။ ကိုကို့ပါပါးနောက်မှာ လိုက်ပါသွားတဲ့ ရိပေါ်မာမား ။ ရိပေါ်ကတော့ တစ်စုံတစ်ခုကို ကြောက်ရွံ့ရင်း နေရာမှာပင်ရပ်က ကျန်နေခဲ့ရသည်။

ရှောင်းပါပါးခေါ်သံရှိရာ လှည့်ကြည့်လာတဲ့ ကိုကို့နောက်ကမမဟာ ခါးကိုကိုင်းပြီး ကိုကို့နားနားကပ်ကာ စကားတိုးတိုးပြောတော့ ကိုကိုက ခေါင်းငြိမ့်ပြသည်။ ပြီးတော့ ကိုကို့ပါပါးနဲ့ အဲ့ဒီမမဟာ စကားတွေပြောနေကြပြီး ကိုကို့ပါပါးမျက်နှာဟာ တစ်ဖြေးဖြေးညိုးကျလာခဲ့သည်။ ရိပေါ်မာမားကတော့ အသံတိတ် မျက်ရည်များကျနေခဲ့သည်။ ဒါကြောင့် ရိပေါ်ဘာဖြစ်တာလည်းဆိုတဲ့ စိတ်ဝင်စားမှုနဲ့ ကိုကိုတို့နားတိုးကပ်လာခဲ့တော့ ရိပေါ်ကို မာမားပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ရိပေါ်မျက်နှာလေးမှာလည်း ငိုချမိမတက်ဖြစ်မိသွားသည်။

" သားရိပေါ် သားကိုကိုမျက်လုံးတွေက ကုသမှုမအောင်မြင်ခဲ့ဘူးတဲ့ "

ငိုချင်တဲ့စိတ်တွေထိန်းချုပ်ထားပြီး ငြိမ်နေမိပေမယ့် ပါးပြင်ပေါ်စီးကျလာတဲ့ မျက်ရည်စတွေကို ရိပေါ်မထိန်းချုပ်ထားနိုင်တော့ဘူး။ ဖြစ်နိုင်ရင် ကိုကို့ကို ဖက်ထားပြီးအော်ငိုလိုက်ချင်သည်။ ကိုကို့မျက်လုံးတွေ လုံးဝ ပြန်မမြင်ရတော့ဘူးတဲ့....။

ဒါပေမယ့် ရိပေါ်မသိလိုက်တာက ဝီးချဲပေါ်မှာ နှုတ်ခမ်းလေးတင်းတင်းစေ့ကာ အေးဆေးစွာထိုင်နေတဲ့လူရဲ့ အကောင်းစာမျက်မှန်မဲကြီးအောက်ကနေ သူ့ကိုစိုက်ကြည့်နေတဲ့ မျက်ဝန်းညိုကြီးတစ်စုံကိုပါ....။

ပါး နဲ့ အန်တီ သူ့နားရောက်လာသည်အထိ ကလေကချေကောင်ကို ရှောင်းကျန့်တွေ့ရသေး။ ပါမလာဘူးလာဆိုတဲ့အတွေးကလည်း ရှိနေပြန်တယ်။ ဒါနဲ့ သူနဲ့အတူပါလာတဲ့ ဝမ်ချင်းက ပါးနဲ့အန်တီကို သူ့ရဲ့ဟိုမှာကတည်းကတိုက်ထားတဲ့ ဇာတ်အတိုင်း သူခွဲစိတ်မှုမအောင်မြင်ဘူးဆိုတာ ပြောပြနေချိန် သူတို့နားရောက်လာတဲ့ ကောင်လေးတစ်ယောက်။ ဘယ်သူပါလိမ့်လို့ သူစိတ်ဝင်စားသွားချိန် ဖျက်ကနဲ့ရလိုက်တဲ့ ရနံ့တစ်မျိုးကြောင့် သူနှုတ်ခမ်းပါးလေးကမဲ့ပြုံးပြုံးသွားသည်။ ကလေကချေကောင်။ လီလီပြောပြလိုက်တဲ့ သူမျက်စိပြန်မမြင်တော့ဘူးဆိုတာ ကြားလိုက်ရတော့ သူ့မျက်နှာကို အံ့သြကြီးစွာ ကြည့်လာတဲ့ မျက်လုံးဝိုင်းကြီးတွေ ။ ပြီးတော့ ရဲတက်လာတဲ့ မျက်လုံးအိမ်ထဲက မျက်သားကြီးများ။ ပြီးတော့ မယုံနိုင်မှုကြောင့် တုန်လှုပ်လာတဲ့ နှုတ်ခမ်းပြည့်ဖောင်းဖောင်းလေးရယ်။ ပြီးတော့ ချက်ချင်း နီရဲလာတဲ့ နှာခေါင်းလေး ။ ဒီကလေကချေကောင်က ငိုချတော့မှာလား။ သူအတွေးအဆုံးခင်မှာပင် စီးကျလာတဲ့ မျက်လုံးဝိုင်းကြီးထဲက မျက်ရည်စတွေကြောင့် သူမျက်မှောင်ပင်ကုတ်လိုက်မိသေးသည်။

ငါမျက်စိပြန်မကောင်းတာ သူ့အတွက်ဝမ်းသာစရာမဟုတ်ဖူးလား ။ ဒါကိုဘာလို့ မျက်ရည်ကျရတာလည်းဆိုတာကလည်း စိတ်ထဲက ဇဝေဇဝါ.... ။

" ပါပါး "

" ဟင် သားရှောင်း... "

" ကျွန်တော် နားချင်နေပြီ "

" အော်အေးအေး ဒါဆို အိမ်ပြန်ကြတာပေါ့ သားရယ်..."

" ဟုတ်ကဲ့...ပါပါး ။ အော်.. ဒါနဲ့ခဏနော် ပါပါး...။ ဝမ်ချင်း "

" အင်း ရှောင်းကျန့် "

" မင်း ဒီကနေ hotelကိုတန်းသွားလိုက်တော့နော် ။ ငါ ပါပါးတို့နဲ့ပဲအတူ ပြန်လိုက်သွားတော့မယ် "

" အင်း နင်အဆင်ပြေရင်ပြီးတာပဲလေ ရှောင်းကျန့် "

" အင်း...အဲ့ဒါဆို ငါသွားတော့မယ် "

ရှောင်းကျန့်သွားတော့မယ်လို့ ဝမ်ချင်းကို နှုတ်ဆက်လိုက်သည်နှင့် သူ့ဝီချဲလ်လက်ကိုင်တွေကို လွတ်လိုက်တဲ့ ဝမ်ချင်းနေရာမှာ ချက်ချင်းရောက်လာတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် နှုတ်ခမ်းပါးလေးက မဲ့ပြုံးလေး မသိမသာပြုံးလိုက်မိသည်။

" လီလီ "

" ဟင် သားရှောင်း... "

" ဝမ်ရိပေါ်ရော မပါဘူးလား "

" ကျွန်တော် ပါပါတယ်ကိုကို "

မေးလိုက်တာက လီလီကိုဆိုပေမယ့် သူ့နောက်ကနေပြန်ဖြေပေးလာတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် ခေါင်းလေးငြိမ့်ပြမိသည်။

" ငါက မင်းမပါဘူးထင်နေတာ "

" ကျွန်တော် ကိုကို့နားအမှာပဲ ရှိနေတာပါ..."

" အော် ဒါနဲ့ မင်းပျော်သွားပြီလား "

" ဘာကိုလည်း ကိုကို "

" ငါ့မျက်စိတွေလေ မင်းထင်ထားတဲ့အတိုင်းပဲ တစ်သက်လုံး ပြန်မကောင်းနိုင်တော့ဘူးတဲ့ "

" မျက်လုံးတွေ တစ်သက်လုံး ပြန်မကောင်းတော့လည်း ဘာဖြစ်လည်းကိုကို.။ ကိုကိုနားမှာ ကိုကို့ပါပါးရှိတယ်။ ပြီးတော့ လီလီရှိတယ် ။ ပြီးတော့ ကျွန်တော်လည်း ရှိနေပါတယ်ကိုကိုရယ်....."

အဟင်း....!!

ဝမ်ရိပေါ်တွန်းယူခဲ့တဲ့ ဝီးချဲပေါ်မှာ မဲ့ပြုံးလေးနဲ့လိုက်ပါလာတဲ့ရှောင်းကျန့်ရဲ့ မျက်မှန်အနက်ရောင်ကြီးဖုံးကွယ်ထားတဲ့ မျက်လုံးအိမ်ကြီးတွေက လှုပ်ရှားနေတာကိုတော့ ရှောင်းကျန့်ကလွဲ၍ မည်သူမျှ သိလိမ့်ဦးမယ်မထင်။

#Novembervenus












Czytaj Dalej

To Też Polubisz

291K 50.1K 62
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
51.2K 2.2K 23
မင္​းကို ကိုယ္​ ​ေပ်ာ္​ရႊင္​​ေအာင္​ထား​ေပးမွာမို႔ မင္​းမ်က္​ရည္​တစ္​​ေပါက္​မက်​ေစရဘူး ကိုယ္​ရဲ႕ အိန္​ဂ်ယ္​​ေလး Wang yi bo 💚💚 ​ေပ်ာ္​...
364K 33.5K 26
အခ်ိန္ေတြသာ ေက်ာ္ၿပီး မင္းဆီေရာက္လာေပမ့ဲ ငါ့အခ်စ္ေတြကေတာ့ မေက်ာ္လြန္ဘဲ မင္းကိုလြမ္းေနတုန္း အချိန်တွေသာ ကျော်ပြီး မင်းဆီရောက်လာပေမဲ့ ငါ့အချစ်တွေကတော့ ...
83.6K 20.4K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥