Chapter - 30

4.1K 480 13
                                    

Zawgyi

" သားတို့ ဘယ်တော့လောက် လက်ထပ်ကြမလဲ..."

" ဗျာ ပါပါး "

ဧည့်ခန်းထဲမှာထိုင်ရင်း မေးလာတဲ့ ရှောင်းပါးအသံကြောင့် ရှောင်းကျန့်ကြောင်အသွားမိသည်။ လီလီကတော့ ပြုံးစိစိ။ ဝမ်ချင်းကတော့ ခေါင်းလေးငုံ့ပြီး ရှက်သွေးဖျာနေခဲ့သည်။

ဝမ်ရိပေါ် ဧည့်ခန်းထဲ ဝင်လာလာချင်း ကြားလိုက်ရတဲ့ ရှောင်းပါပါးအသံကြောင့် ခြေလှမ်းတွေ အေးစက်သွားရသလို ဘာဆက်ဖြစ်လာမလဲဆိုတာလည်း သိချင်စိတ်ပြင်းပြနေခဲ့သည်။ ဒါကြောင့် ခြေလှမ်းတွေကို ဖြေးဖြေးလှမ်းလာရင်း လီလီဘေးနား ဝင်ထိုင်လိုက်သည်။

" ဝမ်ချင်းကပြောတယ် သားတို့ နိုင်ငံခြားမှာ အတူနေခဲ့ကြတာဆို ...."

ရှောင်းပါပါးစကားကြောင့် ရှောင်းကျန့်မျက်ဝန်းအကြည့်တွေဟာ ဝမ်ချင်းနားရောက်သွားခဲ့သည်။ နိုင်ငံခြားမှာ သူဆေးသွားကုခဲ့တုန်းက တစ်အိမ်တည်း အတူနေခဲ့ကြပေမယ့် ခန္ဓာကိုယ်ချင်း နီးစပ်မှုမှမရှိပဲ။ ဒါကိုအတူနေ ချစ်သူလိုမျိုးဖြစ်အောင် ဝမ်ချင်းက ရှောင်းပါပါးတို့ကိုပြောပြထားပုံပဲ။ ရှောင်းကျန့် တည်ငြိမ်စွာ ပြုံးလိုက်မိသည်။

" ပါပါး "

" အင်း သားရှောင်း..."

" ကျွန်တော်လို အောက်ပိုင်းသေနေတဲ့ ဒုက္ခတ လူတစ်ယောက်က လက်ထပ်ဖို့ ဖြစ်နိုင်မှာလား "

" သားရဲ့ အောက်ပိုင်းက သေသွားတာမှမဟုတ်တာ သားရယ် ။ ဒူးခေါင်းနားကနေ ကြေသွားခဲ့လို့ မလှုပ်ရှားနိုင်တာပဲရှိတယ် ။ ကျန်တာ အကောင်းတိုင်းပဲဟာ ။ အိမ်ထောင်ပြုပြီး အိမ်ထောင်ရေးသုခ ခံစားပြီး သား ၊ သမီး ရတနာလေးတွေ မွေးဖွားလို့ ရပါသေးတယ် သားရယ်... "

ရှောင်းကျန့်အမေးစကားကို ပြန်ဖြေတဲ့ ပါပါး စကားအဆုံး ဝမ်ချင်းက ခေါင်းလေးငုံ့ရှက်ပြုံးပြုံးသည်။ လီလီကတော့ ခေါင်းလေးတစ်ငြိမ့်ငြိမ့်။ ဝမ်ရိပေါ်ကတော့ အခုချိန်မှာ ဘေးလူတစ်ယောက်ပါ ။

ရှောင်းကျန့် နင် ငါ့ကို ငြင်းလို့ရရင် ငြင်းစမ်း ။ နင့် မိဘတွေ လိုချင်တာ နင့်ရဲ့ သွေးသား ၊ နင့်ရဲ့ မျိုးဆက် ၊ နင်တာ ခုချိန်မှာ နင်နဲ့ ဝမ်ရိပေါ်ဟာ ဇာတ်တူသားစားနေတဲ့ မျိုးတူအခြောက်တွေဆိုတာ နင် ဝန်ခံရဲရင် ဝန်ခံလိုက်စမ်းပါ ။ ခေါင်းလေးငုံ့ ရှက်သွေးဖျာနေပေမယ့် ဝမ်ချင်းရင်ထဲက ရင်တွင်းစကားတွေ မည်သူကြားနိုင်ပါမလဲ...။

Love is Blind ( Completed  )Where stories live. Discover now