Chapter - 8

4.5K 509 10
                                    

Zawgyi



ကိုကိုက ကိုကို့ပါပါးပိုင်ဆိုင်တဲ့ ကုမ္ပဏီကို ဦးစီးတော့မယ်တဲ့။ ဒီကိစ္စကမထူးခြားပေမယ့် ဝမ်ရိပေါ်စိတ်ပူမိတယ်။ ကိုကို လုပ်ပါ့လုပ်နိုင်ပါ့မလားဆိုတဲ့အတွေးတွေနဲ့ ဝမ်ရိပေါ် ဧည့်ခန်းထဲကိုချောင်းကြည့်မိတယ်။ ဝီးချဲပေါ်မှာ တည်ငြိမ်စွာထိုင်နေတဲ့ကိုကို ။ ကိုကို့ဘေးနားက ဆိုဖာခုံပေါ်မှာထိုင်နေတာက ကိုကိုနဲ့အတူ နိုင်ငံခြားကနေလိုက်ပါလာတဲ့ မမဝမ်ချင်း။ မမဝမ်ချင်းက ကိုကို့အတွက် များစွာအထောက်အကူဖြစ်တယ်ထင်တယ်။ ကုမ္ပဏီကိစ္စတွေကို ကိုကို့ပါပါးနဲ့ တိုင်ပင်နေပုံများ လုံးဝ တိတိကျကျသေသေချာချာ။ ကိုကိုပါပါးကလည်း သေချာနားထောင်ပြီး ခေါင်းလေးတစ်ငြိမ့်ငြိမ့်နဲ့။

ဝမ်ရိပေါ်သက်ပြင်းအသာချမိသည် ကိုကိုက မိမိကိုမလိုတော့အောင် အရာရာပြည့်စုံသွားပြီ။ မျက်စိမမြင်ပေမယ့် မျက်စိမမြင်တာ သိသာစေတဲ့ အကောင်းစားမျက်မှန်နက်ကြီးရယ် ၊ ပြီးတော့ မလှုပ်ရှားနိုင်တဲ့ခြေထောက်တွေအစား သွားလာလှုပ်ရှားဖို့လွယ်ကူစေတဲ့ အဆင့်မြင့်ဝီးချဲကြီးတစ်ခု ။ ပြီးတော့ ဘေးနားကနေ အပြုံးလှလှလေးနဲ့ ကိုကို့အတွက် အရာအားလုံး အဆင်သင့်ရှိနေပေးတဲ့ မမဝမ်ချင်း။ ကိုကိုဟာ သူ့ချောင်းကြည့်နေတဲ့ နေရာလေးရဲ့ ရှေ့တည့်တည့်မှာထိုင်နေပြီး မျက်နှာလေးတည်တန့်စွာ ကိုကို့ပါပါးနဲ့ မမဝမ်ချင်းတို့ရဲ့ စကားဝိုင်းကိုနားထောင်နေသည်။

" သား...လာလေ မာမားနဲ့အတူလိုက်ခဲ့ "

ထိုအချိန်မှာ ရိပေါ်နောက်မှာရောက်လာသည့် မာမားသည် ရိပေါ်ကို ဧည့်ခန်းအတွင်းဝင်ရောက်စေခဲ့သည်။ မာမားလက်ထဲမှာတော့ ပူနွေးနွေးဖျော်ထားတဲ့ ကော်ဖီဗန်းလေး။

ဝမ်ရိပေါ်ကိုကိုထိုင်နေတဲ့ ဝီးချဲရှေ့တည့်တည့်ရှိ ဆိုဖာလေးမှာဝင်ထိုင်လိုက်သည်။ ထိုအချိန်မှာ သူ့ဘက်ကို အံ့သြစွာကြည့်လာတဲ့ ဝမ်ချင်းသည်...

" အိုးးးသူကရော ဘယ်သူလဲဟင်... ရှောင်းကျန့်ကတော့ သူက တစ်ဦးတည်းသားလို့ပြောထားတော့လေ။ ပြီးတော့အခုမှ ရှောင်းကျန့်ထက် ငယ်တဲ့ကောင်လေးကို ဒီအိမ်မှာတွေ့တာ ထူးဆန်းသွားလို့ပါ....အဟင်း..ဟင်း တစ်မျိုးတော့ မထင်ပါနဲ့နော် "

Love is Blind ( Completed  )Where stories live. Discover now