Chapter - 4

4.5K 503 5
                                    

Zawgyi

အမှောင်ထဲမှာအနေကြာလာတာ ရက်မှလသို့ ပြောင်းလဲလာသည်နှင့်အမျှ အရာရာကို အနည်းငယ်အသားကျလာတဲ့ ရှောင်းကျန့်။ လုံးဝအသာကျသွားတာမဟုတ်ပေမယ့် စဖြစ်ကာစကလောက် အထီးမကျန်တော့ဘူး။ လှုပ်ရှားမရနိုင်တဲ့ခြေထောက်နှစ်ဖက်နဲ့ ဝီးချဲပေါ်ထိုင်နေရင်းက ဝီးချဲဘီးကို ကိုယ်တိုင်လိမ့်ရင်းသွားလာတက်နေပြီ။ ပြီးတော့ မမြင်ရပေမယ့် အသံကြားယုံနဲ့ အနံ့ရယုံနဲ့ မည်သူမည်ဝါ ခွဲခြားတက်နေခဲ့ပြီ။

ပြတင်းပေါက်နားမှာထိုင်နေရင်း သူ့နားတိုးကပ်လာတဲ့ ခြေသံတိုးတိုးကြောင့် ရှောင်းကျန့် မသိမသာနားစွန့်လိုက်သည်။ မကြာခင် သူနားရောက်လာတဲ့ ကိုယ်သင့်ရနံ့တစ်မျိုးကြောင့် ရှောင်းကျန့်နှုတ်ခမ်းပါးလေးသည် အပေါ်အနည်းငယ် ကော့တက်လာခဲ့သည်။ ကျေနပ်ပြုံးမဟုတ်သည့် မဲ့ပြုံး။

ဒီကလေကချေကောင် သူ့အခန်းထဲဘာလာခိုးလုပ်ပြန်ပြီလည်းမသိဘူး။ အသံကြာသည်အထိ သူ့ကိုအသံမပေးတဲ့ သင်းရနံ့သည် ခဏအကြာ သူ့နားက တစ်ဖြေးဖြေး ကွယ်ပြောက်သွားသည်။ ထိုမှရှောင်းကျန့်သည် ဝီးချဲဘီးကိုလိမ့်ပြီး ကုတင်နားတိုးကပ်လာခဲ့လိုက်သည်။ ခြေထောက်တွေက လှုပ်ရှားမရတာကြောင့် ဝီးချဲလက်ကိုင်နှစ်ဖက်ကို လက်နှစ်ဖက်နဲ့အားပြုကာ ရှောင်းကျန့်ကုတင်ပေါ်တက်ထိုင်လိုက်သည်။ ပြီးမှတစ်ဆင့် ကုတင်အောက် တွဲလားကျနေတဲ့ ခြေထောက်နှစ်ဖက်ကို ကုတင်ပေါ်တင်ယူလိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံး ကုတင်ပေါ်ရောက်နေချိန်မှာတော့ နဖူးမှာ ချွေးစို့နေတဲ့ရှောင်းကျန့်။

မောပန်းသွားတဲ့ ခန္ဓာကိုယ်ကြောင့် ရှောင်းကျန့်ရေကဆာလာသည်။ ရှောင်းကျန့် ခါးကိုကိုင်းကာ ကုတင်ဘေးရှိစာပွဲခုံပေါ် လက်လေးလှမ်းစမ်းလိုက်သည်။ သူတင်ထားတဲ့နေရာမှာရှိမနေတဲ့ ဖန်ခွက်လေးကြောင့် ရှောင်းကျန့် အလိုမကျစွာ မျက်မှောင်လေးကုတ်လိုက်သည်။

အိမ်ဖော်တွေကိုမှာထားရမယ် နောက်ခါအခန်းရှင်းပြီးရင် ပစ္စည်းတွေ နေရာတစ်ကျပြန်ထားလို့။

ရှောင်းကျန့်ခါးကို အားများစွာထည့်ကာကုန်းပြီး ရေဖန်ခွက်ကို လှမ်းစမ်းတော့ သူထားတဲ့နေရာမှာရှိမနေတဲ့ ရေဖန်ခွက်ကို အခြားနေရာကနေ သူ့လက်နဲ့ပြန်တိုက်ချမိသလိုဖြစ်သွားသည်။

Love is Blind ( Completed  )Where stories live. Discover now