Chapter - 22

4.7K 529 31
                                    

ရုတ်တရက်ထွက်ပေါ်လာတဲ့ CEO ရှောင်းရဲ့ ရုံးခန်းတံခါးဖွင့်လိုက်သံနှင့်အတူ ပျက်သားစွာ ထွက်ပေါ်လာတဲ့ " ဝမ်ရိပေါ် ချက်ချင်းလာခဲ့စမ်း.." ဆိုတဲ့ လေသံအေးစက်စက်ကြီးကြောင့် ရုံးခန်းနားရှိ ကုမ္ပဏီဝန်ထမ်းများသည် ဝမ်ရိပေါ်ဘက် လှည့်ကြည့်လာကြသည်။

ဝမ်ရိပေါ်သည် အေးစက်စွာထွက်လာတဲ့ ကိုကို့လေးသံကြီးကြောင့် လက်ထဲက ကိုင်ထားတဲ့ tissue စကို မိန်းကလေးလက်ထဲ အမြန်ပြန်ထည့်ပေးလိုက်မိသည်။

" ခဏနော် ကိုကိုခေါ်နေတယ် "

ဝမ်ရိပေါ်သည် ရှောင်းကျန့်ရုံးခန်းရှိရာဘက် ပြေးလာခဲ့လျှင် ရုံးခန်းအဝကနေ စိုက်ကြည့်နေတဲ့ ရှောင်းကျန့်ကြောင့် ခြေလှမ်းတွေပင် မှားမိမတက်။

မသိရင် ရိပေါ်ကပဲ အပြစ်ကြီးကြစ်တစ်ခုလုပ်ထားသလို ကိုကိုက ဒေါသတွေ ထွက်နေတာလေ။

ဝမ်ရိပေါ်ပြေးလာသည်ကို မြင်သည်နှင့် ရှောင်းကျန့်သည် ဝီးချဲကို နောက်ပြန်လိမ့်ပြီး အလုပ်စားပွဲနား သွားထိုင်သည်။

" တံခါး lock ချခဲ့ "

ဝမ်ရိပေါ် ရုံးခန်းထဲ ရောက်ရောက်ခြင်းပင် ရှောင်းကျန့်က အကြည့်တစ်ချက်ပင် ပြန်မပေးပဲ အခန်းတံခါးကို lock ချခဲ့ခိုင်တာကြောင့် ဝမ်ရိပေါ်ကြောက်ကြောက်နှင့်ပင် တံခါး lock ချလိုက်သည်။

" ကိုကို "

ရှောင်းကျန့်ရှေ့မှာ အပြစ်လုပ်ထားတဲ့ ကြောင်ပေါက်လေးလို ကိုကိုလို့ ညှောင်နာနာခေါ်ပြီး လာရပ်နေတဲ့ ကောင်လေးငယ်ငယ်။

ရှောင်းကျန့် အာရုံမရှိတဲ့ စာရင်းကိုကြည့်နေရာမှ မော့ကြည့်လိုက်သည်။

" ထိုင် "

" ဟုတ်ကဲ့ ကိုကို "

ရှောင်းကျန့် စာပွဲခုံရှေ့ရှိ ထိုင်ခုံလေးမှာ ဝင်ထိုင်လာတဲ့ ဝမ်ရိပေါ်ကို ဝီးချဲနောက်မှီပေါ် ခေါင်းလေးမှီထိုင်ပြီး လက်ပိုက်ကြည့်လာသည့် ရှောင်းကျန့်မျက်ဝန်းညိုညိုကြီးများသည် အရိုင်းဆန်နေသည်။

ဝမ်ရိပေါ်ရဲ့ ပြူကျယ်ကျယ် မျက်ဝန်းလေးကတော့ အပြစ်လုပ်ထားမိတဲ့ ကြောင်ပေါက်လေးလို ဖြူဖြူစင်စင်နဲ့ ကြောက်ရွံမှုတွေအပြည့်။

Love is Blind ( Completed  )Kde žijí příběhy. Začni objevovat