(Unicode)
သူမဆေးရုံရောက်နေသည်ဆို့တဲ့ သတင်းကရှိန်းဇော်ခ အားတုန်လှုပ်သွားစေသည် သူမထိုအချိန်မှာဘယ်လောက်ကြောက်နေလိမ့်မလဲ သူဘာလို့ထိုနေရာမှာမရှိခဲ့တာလဲ သူတို့သားလေးရော အဆင်ပြေပါ့မလား တစ်ယောက်ထဲ Operation ခန်းရှေ့ ခေါက်တုံ့ ခေါက်ပြန်လျှောက်မိရင်းရောက်ယက်ခပ်နေသည်
Operation ခန်းထဲမှဆရာ၀န်တစ်ယောက်ထွက်လာကာ မေးခွန်းတစ်ချို့အားမေးလာသည်
"လူနာရှင်လား"
"ဟုတ်...ဟုတ်ပါတယ် လူနာရဲ့အမျိုးသားပါ"
"ကျွန်တော်တို့ခွဲစိတ်တော့မှာမို့ ဒီမှာလက်မှတ်ထိုးပေးပါ...."
"ဒေါက်တာ လူနာအခြေအနေကကော"
"အမှန်တိုင်းပြောရရင် နှစ်ယောက်လုံးရရှိနိုင်ဖို့က 50% ရှိတယ် ဒါပေမယ့်ကျွန်တော်တို့အစွမ်းကုန်ကြိုးစားသွားမှာပါ"
"ကျွန်တော့် ဇနီးနဲ့ကလေးကို ကယ်ပေးပါ ကျွန်တော်အနူးညွှတ်တောင်းဆိုပါတယ်"
ဆရာ၀န်အထဲပြန်၀င်သွားသည် ဒါပေမယ့်ရှိန်းရဲ့စိုးရိမ်မှုတို့က ပိုမိုကြီးထွားလာသည် 50% ရာခိုင်နှုန်းဆိုတာ လူ့အသက်တစ်ချောင်းကိုသယ်ထားတဲ့ မိခင်အတွက် လုံလောက်မှုတို့ရှိမနေပါ ဒီလူသားနှစ်ယောက်သာရှင်သန်ခွင့်ရမယ်ဆို ရှိန်းသူ့ကိုယ်သူ ပြာဖြစ်ခွင့်ပေးနိုင်တယ်
ဆောင်းကုန်ခါနီးပြီမို့ ရာသီဥတုတို့အေးစိမ့်နေသော်လည်း ရှိန်းဇော်ခ ရင်ဘတ်ထဲကအပူဟာမငြိမ်းသွားပါ မီးတောက်တစ်ခုလို ပို၍ပင်တောက်လောင်နေသည်
"သား... ရှိန်းဇော်ခ မာ့မီသမီးလေးဘယ်လိုလဲဟင် ဗိုက်ထဲက အသက်လေးရော"
Liam မာမီသည် သူထိုင်ရာဆေးရုံကနေအခုဆေးရုံကိုပြေးလာပုံဘဲ မျက်လုံးထဲမြင်နေရသည့် သမီးအတွက်စိုးရိမ်နေမှုတို့မှာ အထင်းသားဖြစ်နေသည် ဒီချိန် အန်တီအတွက် ဘယ်ဖြေသိမ့် မှုကအကျိုးရှိမလဲမသိနိုင်တော့ပါ
"liamကပေါင်ရိုးကျိုးသွားတယ် liam ကသတိမေ့နေတော့ သားကိုပါ ခွဲပြီးမွေးရမယ်"
"အို...မသေကောင်းမပျောက်ကောင်း ငါ့ကလေးနှစ်ယောက်ကိုမှ"
ဘုရားစာတွေရွတ်ကာ ရင်တမမနဲ့ နေမိတယ် သူမလေးကောသားလေးကောပြန်လာဖို့ကသူ့အတွက်အရေးကြီးဆုံးသာဖြစ်သည်
သူမခွဲခန်းထဲရောက်သွားသည်မှာ 1 နာရီလောက်ရှိပြီ ခုထိဘာမှမသိရသေးပါ အဆင်ပြေရဲ့လား နာနေမလား
စိတ်ဝိဉာဉ်ထဲလွင့်မြောခါကြောက်နေမလား ကျိုးအက်သွားတဲ့ အရိုးအတွက် သူမ
မနာကျင်ရအောင်သူဘာနဲ့ဖာထေးနိုင်မလဲ ခွဲစိတ်ခန်းရဲ့တံခါးလေးရဲ့ရှေ့မှာ မိသားစု၀င်တွေရှိတာကြောင့် ရှိန်းဇော်ခအနေနဲ့ ငိုချင်သော်လည်းထိန်းထားရသည်....
ကောင်လေးတစ်ယောက်ဟာမှောင်ညို့ကာအေးစိမ့်နေတဲ့ ခွဲစိတ်ခန်းတွေရဲ့အစွန်းက မှနပြတင်းပေါက်နားရပ်ကာအမှောင်ကိုအဖော်ပြု၍ ကျလာသောမျက်ရည်တို့အားလက်ဖနောင့်နှင့် လက်လိုအားရ ဖိတ်သုတ်နေမိသည် မျက်ရည်တို့ကလည်း သုတ်လေကျလေဖြစ်နေသည်ကို
"သား အဆင်ပြေရဲ့လား"
အနောက်ကနေပခုံးကို လက်ဖြင့် ပုတ်ကာမေးလာသည့် ကျွန်တော့်အဖေ
"ဒယ်ဒီ ကျွန်တော်....ကျွန်တော်လေ"
ငိုသံများရယ်စွတ်ကာ ပြောလာသည့်သူရဲ့သားငယ် ဒီလိုငိုတာမမြင်ဖူးသည်မှာကြာလှပြီ နောက်ဆုံးတစ်ခေါက်မြင်ရတုန်းက နှင်းခကော ကိုယ်ကောအရေးကြီး case တစ်ခုကြောင့် နိုင်ငံခြားရောက်နေတဲ့ချိန် သားကို သူ့အဖွားအိမ်မှာထားခဲ့ရသည် သားကမိဘနှစ်ယောက်လုံးကိုမတွေ့ရတာကြောင့် အကြီးအကျယ်ဖျားကာ သတိပါလစ်ရသည် ငယ်သေးသည်ကြောင့်လည်းပါမည် မိဘနှစ်ယောက်လုံး ရန်ကုန်အိမ်ပြန်ရောက်တဲ့နေ့က သားမှာရှိုက်ကြီးတငင်ငိုပါလေရော အဲ့ထဲက ခုထိသားငယ်ဒီလိုငိုတာ မတွေ့မိတော့ပါ နောက်ဆုံးတော့ ဦးဇော်ခ ရဲ့သားဟာ သူ့အတွက်အစစ်အမှန်ဘ၀ကိုတွေ့ရှိခဲ့ပြီလေ
"သားရယ် ဒယ်ဒီ နားလည်တယ် သမီးကော မြေးလေးကောက သားငယ်ကို သိပ်ချစ်တာမို့သူတို့တောင့်ခံနိုင်မှာပါ"
"ဒယ်ဒီ သူတို့သားဘ၀ထဲကထွက်သွားရင် သားလည်းလိုက်သွားဖို့အဆင့်သင့်ဘဲ"
"အဲ့လိုမပြောရဘူးလေ သားရဲ့မိန်းမကောသားရဲ့အသက်ကလေးကောက ကျိန်းသေပေါက်ပြန်လာမှာ"
ဦးဇော်ခ သူ့သားအားနှစ်သိမ့်ပေးမိသည် သူ့သားဒီမိန်းကလေးကိုဘယ်လောက်မြတ်နိုးလည်းဆိုတာသူအသိသည် ဒီမိန်းကလေးကလည်း သူ့သားအသက်လောက်မြတ်နိုးရအောင်ကို တန်ဖိုးရှိနေတာမျိုးဖြစ်သည်
ခဏအကြာ ခွဲစိတ်ခန်းထဲမှ nurse လို့ထင်ရသည့်အမျိုးသမီးငယ်တစ်ဦးထွက်လာသည် မိသားစု၀င်တွေအားလုံးရဲ့ အာရုံဟာထိုအမျိုးသမီးပေါ်ရောက်ရှိသွားသည် ရှိန်းဇော်ခရဲ့ မိန်းမနဲ့သားလေးရဲ့ အကြောင်းဟာ သူမပါးစပ်ဖျားပေါ်တွင်တည်ရှိနေသည်
"သားလေးပါ...ကျွန်မတို့ခက်ခက်ခဲခဲနဲ့ ကလေးကိုအပြင်ထုတ်နိုင်ခဲ့တယ်"
"သား....သားလေးရောက်ပြီတဲ့လား"
ရှိန်းဇော်ခ အသံတို့တုန်ရီစွာမေးလိုက်မိသည်
"ဟုတ်ပါတယ် မိခင်ကသူ့ကလေးကို အပြင်ထုတ်နိုင်ဖို့အဆုံးထိတင်ပေးခဲ့တယ်"
"အဆုံးထိ... အဆုံးထိဟုတ်လားဘာကိုဆိုလိုတာလဲ"
ရှိန်းမထင်မှတ်ထားတာအတွက်အဖြေမရှိပါ သူမကအဆုံးထိရောက်စရာမလိုပါ သူမကသူ့ဆီပြန်လာမှာမို့.....
"ဒီကြားထဲ သတိတစ်ချက်ရလာသေးတယ်အခုတော့ ဆရာ၀န်တွေကမေ့ဆေးပေးလိုက်တာမို့ ပြန်မေ့သွားပြီ အခုသူမအတွက် ဆရာ၀န်တွေကအကြောင်းဆုံးကြိုးစားပေးနေတယ်"
"ဒီမှာရော့ ရှင့်သားလေး"
ခွဲစိတ်ခန်းထဲက အနှီးပိုက်ကာထွက်လာသည့် အမျိုးသမီးက ရှိန်းဇော်ခ ရဲ့လက်ထဲ အနှီးထုပ်ထားသည့် နီတာရဲလေးအားထည့်ပေးလာသည် အိုသူ့အသက်လေးက သိပ်ချစ်ဖို့ကောင်းတာဘဲ ၀၀ဖြိုးဖြိးနဲ့ နှုတ်ခမ်းလေးကရဲတွတ်နေသည် လျှာလေးအားပြူတစ် ပြူတစ် လုပ်နေပုံကအရုပ်ကလေးနှင့်တူလှသည် သူ့အမေတွေ့ရင် သူ့သားအားဘယ်လောက်တောင်အသည်းယားမလဲဟုတွေးကာ ရှိန်းဇော်ခမျက်ရည်များဝဲလျက် နှာခေါင်းလေးဖြင့် သားလေးပါးအားအနမ်းတို့တဖွဖွပေးနေမိသည်.....
Babe ခွဲစိတ်ပြီးထဲအခုထိသတိမရသေးမှာ 3 ရက်တိတိရှိပြီ ဆေးရုံကုတင်ဘေး သူမအနားထိုင်ကာ မျက်နှာလေးအားတစိမ့်စိမ့်ကြည့်နေမိသည် သူမလေးက တစိမ့်စိမ့်ထိုင်ကြည့်နေရင်တောင် အမြင် မ၀တဲ့သူမျိုး လက်ကလေးအားဖွဖွးလေးနမ်းမိပြန်သည် ဒီလက်ကလေးကလည်းဆေးရုံရောက်သည်ထိသူ့ဗိုက်လေးကို ထိန်းကာကိုင်ထားသည့်လက်ကလေး မိခင်မေတ္တာဘယ်လောက်ကြီးတယ်ဆိုတာ ရှိန်းဇော်ခ ယုံပါပြီ အခုတော့နိုးထသင့်ပေမယ့် သူမအိပ်ရေးပျက်တာများနေ၍ အခုမှအတိုးချအိပ်ကာ နေသည်ဟုတဖက်ကတွေးထားလိုက်ရသည်
ဘေးက ကလေးမွှေ့ယာသေးလေးပေါ်မှာတော့ သူ့သားငယ်က ပြူးကြောင်ကြောင်လေးဖြင့် ပတ်၀န်းကျင်အားစူးစမ်းနေသည် ဒီကောင်သေးသေးလေးအား ရှိန်းဇော်ခရဲ့ မြိုချချင်တဲ့စိတ်တို့ မနည်းထိန်းထားရသည်
ဆေးရုံနံ့က liam နဲ့ရင်းနှီးနေသလို မလင်းမထိန်း မီးရောင်လေး ကကြိုဆိုနေသယောင် မျက်ခွံတို့ကလေးလံကာနေပေမယ့် ပွင့်ချင်စိတ်တို့ကြောင့် အားကုန်သုံးကာ ဖွင့်လိုက်မိသည် ပတ်၀န်းကျင်ကိုမျက်လုံးဝေ့ကာစူးစမ်းမိတော့ ဒီခန်းထဲ liam ကလွဲ၍မည်သူမှ ရှိမနေပါ ဆေးရုံဆိုတာတန်းသိလိုက်ပေမယ့် မည်သူမှရှိမနေတာကြောင့်တမျိုးကြီးခံစားလိုက်ရသည်
လက်တို့ကခံစားချက်အတိုင်း ဗိုက်ကလေးပေါ်ရောက်သွားမိတယ် liam ဗိုက်လေးကအရင်လိုဖောင်းမနေပါ ထဖို့ကြံလိုက်ပေမယ့် ခန္နာကိုယ်အောက်ဘက် ဘယ်ခြမ်းကထုံသလိုဖြစ်ကာလှုပ်မရဖြစ်နေသောကြောင့် ကြောက်စိတ်တို့စိုးမိုးလာသည် liam လှုပ်လို့ရတာဘာမှမဖြစ်ပေမယ့် သားကော သူ့သားလေးကော သူ့သားလေးက ပိုအရေးကြီးသည်
နောက်ဆုံးငိုချမိတော့သည် နာရီ၀က်နီးပါးငိုပြီးသွားတဲ့အခါအားအင်ကုန်ခမ်းလာသည် ထိုအချိန် အခန်းတံခါးဖွင့်သံကြားလိုက်ရသည် မြင်လိုက်ရသည့် အခန်းထဲ၀င်လာသူမှာအကိုဖြစ်နေသည် အကိုကသူ့အား ကြောင်ကာရပ်ကြည့်နေသည်
"အကို....."
တိုးတိုးလေးထွက်လာသည့် သည်နာမ်စား ထိုနာမ်စားကိုခေါ်တိုင်း liam အရမ်းနွေးထွေးရသည် အကိုရဲ့ နာမ်စားလေးတွေကအစ liam အားနွေးထွေးစေနေသည်
ရှိန်းဇော်ခ သားငယ်အား ဆရာ၀န်ဆီ ခဏတဖြုတ်ခေါ်သွားမိသည် သားကဘာမှမဖြစ်သော်လည်း သူကစိုးရိမ်မိနေသည်
သားကို nurse ကပြန်ခေါ်လာပေးမိဟုဆိုသောကြောင့် သူမလေးဆီအမြန်ပြန်လာမိသည် အခန်း၀ရောက်တော့မြင်လိုက်ရသည့်..... သူမကမျက်လုံးများနီရဲသည်ထိ ငိုထားလေသည် အိပ်မက်ဟုထင်ကာ ကြောင်ကြည့်နေမိသည် သူမအနားအားဖြေးဖြေးချင်းတိုးသွားကာ သူမကိုယ်လေးအား ဆွဲဖတ်ထားမိသည် နောက်ဆုံးတော့သူမက သူ့ဆီပြန်လာပြီ သူလွမ်းနေရသည့် ဒီအဖိုးတန်လေးကိုနောက်ဆုံးတော့ သူ့ရင်ခွင်ထဲထည့်ထားလို့ရပြီ
"အကို.....ကလေးကော ဗိုက်ထဲကအသက်လေးကော...."
"ဟင် အကို.. liam မေးနေတယ်လေ သားကောလို့"
"ဪ... သားရှိတယ် သားကိုခေါ်ထားနိုင်ခဲ့ပြီ သားက သိပ်ချစ်ဖို့ကောင်းတယ်သိလား"
"ပြပါအုန်း liam ကို"
"ခဏလေးနော် အကိုအခုသွားခေါ်ပေးမယ်"
အနှီးအဖြူလေးကို ပခုံးမှာလွှမ်းမိုးကာ liam အနားလာနေသည့်အကို ဒီအနှီးထုပ်ထဲ laim သားလေးရှိနေတယ်တဲ့လား ဘယ်လောက်တောင်လန့်သွားရလဲ သားသူ့အနားမရှိတော့ဘူးထင်နေတာ ဒီဖြူဖြူဖွေးဖွေးအနှီးထုပ်ထဲက သားငယ်ကိုသူကြည့်ချင်လှပြီ
အကိုက သားငယ်ကိုချီထားလျက် ကိုယ်ကိုကိုင်းကာ သူ့အားသားငယ်ကိုပြသည် သူကြောင်ကာငေးကြည့်မိသည် အဖြူထုပ်ထဲက အသက်လေးကသိပ်ကိုချစ်စရာကောင်းသည် ဖောင်းကားနေသည့်ပါးနှစ်ဖက်နဲ့ နီတွတ်နေသည့်နှုတ်ခမ်းတစ်စုံ မသိမသာထွက်နေသည့် မျက်ခုံးမွှေးတစ်စုံနဲ့ မျက်တောင်ရေးရေးတစ်စုံတို့က သားကိုချစ်စရာကောင်းအောင် ထောက်ပံ့နေသည်
"ဘယ်လိုလဲ babe ကိုယ်တို့ကလေးကချစ်ဖို့ကောင်းရဲ့လား"
မျက်ရည်များကြားပြုံး၍ သူ့ကိုခေါင်းတဆတ်ဆတ်ညှိတ်ပြလာသည့် သူ့ဇနီးငယ် ဒီလောက်မေ့မျောပြီး ဒဏ်ရာတွေရနေတာတောင် သားသမီးကို ပထမဆုံးသတိရတဲ့သူ့ဇနီးက သိပ်တန်ဖိုးရှိလွန်းသည် ရှိန်းဇော်ခ သူမနှာဖူးအားအကြိမ်များစွာ ဖွဖွလေးနမ်းမိသည် သူ့ဇနီးလေး နာသွားမည်ကိုသူစိုးထိတ်မိပါရဲ့......
"အခုထိုင်နိုင်တယ်ဆိုတော့ လူနာ အားရှိအောင် တစ်ခုခုစားလိုက်ပါလား ကလေးနို့တိုက်ရအောင်လေ"
"ဟင်.... အရင်နေ့တွေက သားကို ဘာတိုက်တာလဲဟင်"
သူမကြည့်ရတာကြောင်နေသည် ကလေးမွေးထားပါတယ်ဆိုမှ နို့တိုက်ရမယ်ဆိုတာ သူမ
မသိတာများလားလို့ ရှိန်းဇော်ခတွေးမိသည် အရင်နှစ်ရက်လောက်က ကလေးမွေးထားပေမယ့် နို့တိုက်မရတာကြောင့် သူမလူနာ၀တ်စုံရဲ့ရင်ဘတ်နားမှာ မိခင်နို့တွေဟာပေပွနေသည် နောက်ဆုံးဆရာ၀န်နဲ့တိုင်ပင် ပြီး သူမရဲ့မိခင်နို့တို့ကို ရှိန်းဇော်ခကိုယ်တိုင် စက်နဲ့ထုတ်ပေးကာ သားငယ်အားတိုက်ရသေးသည်
"လူနာရှင်က ညီမနို့ကိုစက်လေး နဲ့ထုတ်ပေးတာလေ သားကိုအဲ့တာတိုက်တာ" Nurse ပြောပြီးတာနဲ့မျက်နှာရဲကာ တတ်လာသည့် သူ့အမျိုးသမီး အခုထိကိုအရှက်အကြောက်ကကြီးသေး
မိသားစုတွေနဲ့စကားပြောပြီး အကိုကျွေးတာတွေလည်းစားရသေးသည် ပြီးတော့နားချင်တာနဲ့တမှေးလောက်နားပြီး သားငယ်အားနို့ချိုကျွေးဖို့ nuser လုပ်ပြတဲ့အတိုင်းလိုက်လုပ်ကာချီထားသည် liamချီတော့ သားငယ်ကသူ့အားပြူးကြောင်ကြောင်လေးနဲ့ကြည့်နေပြန်သည်
"ကျွတ် ကျွတ်....."
"Liam ဘာဖြစ်တာလဲ"
"နို့က တော်တော်နာတယ် အမ မရလောက်ဘူး"
"ဒီလောက် အကိုကစက်နဲ့ထုတ်ပေးနေတာတောင် နို့ခဲသွားတာနဲ့တူတယ် ကဲကဲ သားကိုအရင်သိပ်လိုက်မယ် ပြီးရင် ကျွန်မ မှာခဲ့တဲ့အတိုင်း အကို ကလူနာကိုလုပ်ပေးလိုက်"
Nurse ကသားလေးကိုသိပ်ကာဘေးနားချသွားပြီ ရှက်ပြုံးလေးနဲ့ထွက်သွားသည်ထိ အကို့ကိုဘာမှာခဲ့လဲliam မသိပါ ရင်ဘတ်ကတော်တော်ကိုသိသိသာသာနာလာသည် မခံနိုင်တော့လို့မျက်ရည်တွေဝဲတက်လာတော့ အကိုကချက်ချင်းထကာရေနွေးဇလုံကိုင်၍ အနားတိုးလာသည် တာဝါတစ်ထည်ကို ဇံလုံထဲထည့်ညှစ်ပြန်သည်
"Liam အင်္ကျီ လှန်လိုက် အကိုနို့ညှစ်ဖို့"
"ဟင်နို့ညှစ်ခံရအောင် liam ကနွားမမှမဟုတ်တာ"
"မဟုတ်ဘူးလေ နို့ခဲနေတယ်ဆို ဒီလိုရေနွေးစွတ်ထားတဲ့တာဝါလေးနဲ့ နို့ကိုအုပ်ထားရတယ် ပြီးရင်....."
သူ့အားကြောင်ကာ ကြည့်ပြီးရှက်သွားသည့်ပုံပင် ဒါပေမယ့်ထိုရှက်နေတဲ့မျက်နှာလေးနဲ့ သူ မထင်တဲ့စကားဆိုလာပြန်သည် သူမကအခုထိကိုတည့်တိုးသမားဖြစ်နေတုန်းဘဲ
"ပြီးရင် အကိုနို့ဆို့ပေးရမှာမလား"
"ဟား ဟား... ဟုတ်တယ် အရင်ကအတိုင်းဘဲအကိုဆို့ပေးရမှာ"
ဒီတစ်ခါရှိန်းဇော်ခ ပြောလိုက်သည့်စကားတို့ကိုတော့သူမ ရှက်သွေးဖျာကာလန့်သွားပုံရသည်သူမခေါင်းလေးအားမဖော်တော့ပါ........
##########
#hey guys!!!!
လက်ရာမကောင်းတဲ့ဒီဇာတ်လမ်းလေးကိုဖတ်ပေးကြတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးပါနော် 🥺✌️❤️
.............................
(Zawgyi)
"လူနာရှင်လား"
"သား အဆင်ပြေရဲ့လား"
"အကို....."
"ပြပါအုန်း liam ကို"
"ကျွတ် ကျွတ်....."
"Liam ဘာဖြစ်တာလဲ"
##########
#hey guys!!!!
.............................