❦︎Unicode version❦︎
FOLLOW ME-10
.
.
.
.
.
တနေ့ကစလို့အပြောင်းလဲကြီးပြောင်းလဲသွားသည့်ဦးငယ်။ရိပေါ်ကိုတီလေးရီလျှမ်းရှေ့မှာမို့ဝတ်ကျေတမ်းကျေမေးထူးခေါ်ပြောလုပ်ရုန်ကလွဲအရင်ချိန်တွေလိုတဖက်သတ်ဆန်သည့်ထိကပါးရိကပါးအပြုအမူတွေလုပ်မလာတော့တဲ့အပြင်နှစ်ယောက်မျက်နှာချင်းဆိုင်တွေ့မိရင်တောင်အပြုံးတို့ကမတူညီစွာလှောင်ပြောင်ရိပ်တွေဖြည့်စွက်ထားလေသလားပဲ။
ရိပေါ်ရှေ့မှာဆိုရီလျှမ်းကိုအကဲပိုစွာချစ်ပြတတ်သည့်ရှောင်းကျန့်။တမင်တကာလုပ်ပြနေမှန်းသိသည့်အလျှောက်ရိပေါ်နာကျင်မှုကနဲနဲလေးမှလျော့မသွား။ဦးငယ်ဘာကိုဦးတည်နေလဲရိပေါ်ရေရေရာရာမသိသလို ဦးငယ်ကိုလည်းရိပေါ်စိုးစဥ်မျှမငြိုငြင်မိပါလေ။
ဒါဟာလူမှန် နေရာမှန်ဆိုသည့်စိတ်တို့နဲ့ရိပေါ်နှလုံးသားအလိုကိုခုချိန်ထိမျက်ကွယ်ပြုတုန်း။နာကျင်ပေမဲ့လည်းချစ်ရတဲ့တီလေးပျော်တာမို့ရိပေါ်ကျေနပ်ပါသည်။သူ့အပေါ်ခဏမျှစိတ်လေလာသသည့်ဦးငယ်ကိုသူဘက်ကတခဏတာသာယာမိခြင်းတော့မဟုတ်။
ထားပါလေ ခုတော့အကယ်ဒမီရှော့သရုပ်ဆောင်ချက်တွေနဲ့ဦးငယ်၏ဟန်ဆောင်ချစ်ခြင်းstoryမှာရိပေါ်ကအနာကျင်ခံလို့မျက်ရည်တွေနဲ့ပြုံးရပါဦးမည်။ဦးငယ်သိပ်တော်ပါသည်။
"မ!..."
ခေါ်သံနဲ့အတူခါးထက်ရစ်နှောင်လာသည့်လက်ကြောင့်တီလေးရီလျှမ်းကကြည်ကြည်နူးနူးပြုံးကာစိမ်းမြမြသွေးကြောတို့နဲ့ထိုလက်ကိုအုပ်ကိုင်လိုက်သေးသည်။
"မောင့်!...ဘယ်ကဘယ်လိုရောက်လာတာလဲ...ရီလျှမ်းစီမလာစဖူးအလာထူးလို့...အဟင်း..."
ဒီနေ့မှထူးထူးဆန်းဆန်းfashion shopကိုလိုက်လာသည့်ရှောင်းကျန့်ကြောင့်ရီလျှမ်းထိုသို့မေးမိခြင်း။အကြောင်းမရှိအကြောင်းရှာရိပေါ် ရီလျှမ်းနဲ့ရှိနေမှန်းသိ၍တကုတကဒဏ်ရာလာပေးသူကရှောင်းကျန့်ရယ်ပါ။
"မ ကလည်းကိုယ့်မိန်းမစီကိုယ်လာတာအဆန်းလုပ်လို့...ရုံးဆင်းပြီလေ...မကိုအရမ်းအရမ်းလွမ်းတာနဲ့...ရွှတ်!..."
"အွန့်!...မောင့် ဝမ်လေးရှိတယ်လေ...ကလေးရှေ့မှာတကယ်တည်း..."
ပါးပြင်ကိုမထိတထိလာနမ်းသည့်ရှောင်းကျန့်ကြောင့်ရီလျှမ်းကမလှမ်းမကမ်းကခုံပုလေးမှာထိုင်နေသည့်ရိပေါ်ကိုမေးငေါ့ပြရင်းရှက်ရမ်းရမ်းလို့ရှောင်းကျန့်ကိုယ်ကြီးကိုအားမပါစွာတွန်းထုတ်လာတယ်။
"ဘာမှမဖြစ်ပါဘူး...ချာတိတ်လည်းအရွယ်ရောက်နေပြီပဲဟာ...ကျွန်တော့်မိန်းမကအရှက်ပိုလိုက်တာ..."
Fashion shopလိုနေရာမျိုးမှာတောင်ရီလျှမ်းကိုပိုတိုးထိတွေ့ပြနေသည့်ရှောင်းကျန့်ကြောင့်ရိပေါ်လက်သီးလေးစုတ်လို့ခေါင်းလေးစောင်းချလိုက်မိတယ်။
မြင်ရက်နဲ့တမင်မမြင်ဟန်ဆောင်ထားသည့်ရှောင်းကျန့်ကမျက်နှာမကောင်းစွာအကြည့်လွှဲသည့်ရိပေါ်ကိုမြင်တော့ကျေကျေနပ်နပ်ပြုံးလို့အကြည့်စူးစူးတို့မှာအဓိပ္ပါယ်တချို့ကပ်ငြိလျှက်။မင်းဖြစ်စေချင်သလိုဖြစ်နေတာမို့ပျော်လားချာတိတ်တဲ့။
စူးခနဲအောင့်တက်လာသည့်ဝဲဘက်ရင်အုံကြောင့်ရိပေါ်မှာအယောင်ယောင်အမှားမှားစားပွဲပေါ်ကနွားနို့ဘူးလေးစုတ်သောက်လိုက်မိတော့တဟွတ်ဟွတ်နဲ့ချောင်းထဆိုးပါလေရော။
"အဟွတ်!...အဟွတ်!...အဟွတ်!..."
"အယ်!...ဝမ်လေး အဆင်ပြေရဲ့လား ဖြေးဖြေးသောက်မှပေါ့ကွယ်...ဒီကောင်လေးနဲ့တော့..."
ရှောင်းကျန့်လက်ထဲကရုန်းထွက်လို့ရိပေါ်စီစိုးရိမ်တကြီးလျှောက်လာရင်းရီလျှမ်းမှာရေတစ်ခွက်ငှဲ့ပေးရင်းတစ်ရှူးစလေးထုတ်ပေးတယ်။ရှောင်းကျန့်ကတော့ခပ်လှမ်းလှမ်းကနေရိပေါ်ကိုစူးစူးရဲရဲစိုက်ကြည့်လို့သူ့ရိုက်ချက်ဘယ်လောက်နက်ကြောင်းတိုင်းတာနေပုံရသည်။
"ရတယ်တီလေး...အဟွတ်!...ကျွန်တော်သတိမထားမိလိုက်လို့..."
ချောင်းဆိုးတာရောဝမ်းနည်းတာရောပေါင်းပြီးရိပေါ်မျက်လုံးမှေးမှေးလေးတွေကမျက်ရည်တွေညှစ်ချပလိုက်တယ်။တီလေးမရိပ်မိရင်တောင်ဦးငယ်ကတော့ကြိမ်းသေအဓိပ္ပါယ်ကောက်နိုင်ပေလိမ့်မည်။ဒီနေရာကနာနေတယ်လို့မပြောပေမဲ့ရိပေါ်နှလုံးသားလေးကခံနိုင်ရည်အားလျော့ပါးလာချေ ပြီ။ပညာသားပါပါဦးငယ်ရဲ့ထိုးနှက်ချက်မှာရိပေါ်ကတော့အလူးအလိမ့်ပါပဲ။
သူ့ကိုနဘေးမှာထားပြီးတီလေးရီလျှမ်းကိုတမတည်းမနေကာအချစ်ပိုပြနေသည့်ဦးငယ်ကြောင့်ရိပေါ်မငိုမိဖို့ရာထိန်းချုပ်လို့စိတ်အားငယ်စွာလက်ကလေးတွေကအချင်းချင်းပွတ်သပ်နေမိတယ်။ထင်ထားတာထက်ဒီအခြေနေကပိုခံရခက်မှန်းရိပေါ်နားလည်လာလေပြီ။
"တီလေး...ကျွန်တော် toiletသွားလိုက်ဦးမယ်နော်..."
ရီလျှမ်းနဘေးတောင့်တဲ့လိုကပ်တွယ်လို့လိုတာထက်ပိုပြနေသည့်ဦးငယ်ကိုတချက်မကြည့်ပဲတုန်ယင်နေသည့်အသံကိုထိန်းပြောပြီးရိပေါ်ဆိုင်နောက်ဘက်ကtoiletထဲဝင်သွားလိုက်တယ်။ဦးငယ်လည်းပျော်တယ် တီလေးလည်းပျော်နေတယ် ရိပေါ်ငိုရကျိုးနပ်ပါတယ်။
"အွန့်!...အွတ်!..."
"ဟင်!...ဦး ဦးငယ်..."
ပါးပြင်ပေါ်ကမျက်ရည်တွေခြောက်ခမ်းစToiletထဲကထွက်ထွက်ချင်းနားထဲတိုးဝင်လာသည့်အသံတချို့။ရုတ်တရက်မို့လန့်သွားမိသည့်ရိပေါ်မှာရှေ့ကမြင်လိုက်ရသည့်မြင်ကွင်းကြောင့်နံရံကိုကျောကပ်လိုက်မိသည်အထိအံ့သြမယုံကြည်နိုင်ခြင်းကြောင့်လူကခြေထောက်တွေပင်မခိုင်ချင်တော့။
toiletစကြ် ံလမ်းမှာတင်အရှက်မရှိအနမ်းခန်းဖွင့်နေကြသည့်ယောက်ျားနှစ်ယောက်။တစ်ယောက်ကရိပေါ်သိပ်ချစ်ရတဲ့တီလေးရီလျှမ်းအမျိုးသားဦးငယ်။မျက်နှာပြောင်တိုက်စွာဦးငယ်လည်တိုင်ကိုသိုင်းဖက်လို့အငမ်းမရလိုက်နေသည်ကတီလေးရီလျှမ်းနဲ့အလုပ်တွဲလုပ်နေသည့်ဖြူဖြူချောချောမော်ဒယ်ကောင်လေး။
ဒါဘာအခြေနေကြီးလဲ။သူ့ဦးငယ်ကဒီလောက်တောင်ဆင်ခြင်တုံတရားကင်းမဲ့သူလား။ဒီနေရာမှာတီလေးရီလျှမ်းသာဆိုရိပေါ်ဖြေသာနိုင်ပေမဲ့ဒါကြီးကတော့ရိပေါ်လုံးဝလက်မခံနိုင်။ဦးငယ်ဒီလိုလုပ်လို့မရဘူး။
"ဦးငယ်!..."
သူ့ခေါ်သံကြားမှမော်ဒယ်ကောင်လေးကိုရင်ခွင်ထဲထည့်နမ်းရှုံ့နေသည့်ဦးငယ်ကကျောပေးထားရာမှမထီသလိုလှည့်ုကြည့်လာတယ်။
"အဟက်!..."
လက်သီးလေးစုတ် အသားတွေတဆက်ဆက်တုန်နေသည့်သူ့ကိုကြည့်ပြီးဦးငယ်ကဟက်ခနဲလှောင်ရယ်တယ်။ဘာလဲ သူ့ပုံစံကဦးငယ်ရယ်ဖို့ရာဟာသတစ်ခုလိုဖြစ်နေလို့လား။
"ဒါဘာသဘောလဲဦးငယ်...တီလေးနဲ့တင်မလုံလောက်ဘူးလား..."
မေးရင်းရိပေါ်ပါးပြင်ထက်မျက်ရည်ဥတွေတလိမ့်လိမ့်။တီလေးအတွက်ခံပြင်းတဲ့အပြင်ရိပေါ်နှလုံးသားကဦးငယ်ကြောင့်နှစ်ဆတိုးလို့နာကျင်နေလေပြီ။သူ့နှလုံးသားနဲ့ရင်းပြီးစွန့်လွှတ်ပေးခဲ့သည့်တိုင်တီလေးအပေါ်သစ္စာမစောင့်သိတတ်သည့်ဦးငယ်။လုပ်ရပ်လိုက်လေခြင်းဆိုသည့်ဝမ်းနည်းစိတ်ကြောင့်ရိပေါ်မှာမျက်ရည်တွေအတောမသတ်နိုင်တော့။
"See U Baby...Calling!..."
ရိပေါ်အမေးကိုပြန်မဖြေသေးပဲခုနကမော်ဒယ်ကောင်လေးကိုဖုန်းဆက်လိုက်မယ်ဆိုကာလက်ဟန်ခြေဟန်ဖြင့်လုပ်ပြနေသည့်ရှောင်းကျန့်။
မခေလှသည့်ကောင်လေးကလည်းရှောင်းကျန့်အက်ျီကော်လံစကိုဆွဲလို့ပါးတစ်ဖက်ကိုအနမ်းပေးပြီးမှထွက်သွားတယ်။
ထွက်သွားသည့်ကောင်လေးကိုမျက်လုံးတဖက်မှိတ်ပြ အနည်းငယ်ပုံပျက်နေသည့်ကုဒ်အက်ျီကိုပြင်ဝတ်လိုက်ပြီးမှရှောင်းကျန့်ကရိပေါ်ကိုဘာလဲဆိုသည့်သဘောပုခုံးပင့်ပြတယ်။
"ကျွန်တော်မေးနေတယ်!..."
"ကိုယ်မကြားလိုက်လို့ ပြန်မေးပေးပါလားချာတိတ်!..."
အေးအေးလူလူတုံ့ပြန်လာသည့်ဦးငယ်ကြောင့်ရိပေါ်မျက်ရည်တွေနဲ့ဦးငယ်စီကမျက်နှာလွှဲလိုက်မိတယ်။သူတကယ်ပဲဒီလူကိုချစ်ခဲ့မိတာလား။
"ဦးငယ်...ခများ ခများမို့လို့...တီလေးကခများကိုသိပ်ချစ်တာ...အဟင့်!..."
ကြိတ်မနိုင်ခဲမရရိပေါ်အသံလေးကပြောနေရာမှာတိမ်ဝင်သွားတယ်။ခပ်ပြုံးပြုံးပင်အနားတိုးကပ်လာသည့်ဦးငယ်ကဘောင်းဘီအိပ်ကပ်ထဲလက်နှစ်ဖက်ထည့်လို့မျက်နှာချင်းထိလုမတတ်အနေအထားမှာတလုံးချင်းပြောလာတယ်။
"ရတယ်လေ ချာတိတ်တီလေးကိုလည်းပြန်ချစ်ပေးလိုက်မှာပေါ့..."
"ဦးငယ်!!!..."
ဖြန်း!!!
ဒီတခါတော့ဦးငယ်ထံချာတိတ်ရိုက်ချက်ကအတော်ပြင်းသည်။ပါးတစ်ဖက်ကရဲခနဲ မျက်နှာပင်တဖက်ကိုလည်စေသည်အထိပြင်းထန်ပေမဲ့လို့အပြုံးမပျက်သည့်ဦးငယ်ကရိပေါ်ကိုမခို့တရို့နဲ့ပြန်ကြည့်လာပုံကမုန်းချင်စရာ။
"အဟက်!...ဒါကရော ဘာအတွက်လဲချာတိတ်...ထပ်ရိုက်ချင်သေးလား...ကိုယ်ခွင့်ပြုတယ်နော်...တခုတော့မှတ်ထား...ပါးတချက်အနမ်းတပွင့်ပဲ...ဘယ်အရာမှအလကားမရဘူးချာတိတ်!...အွန့်!..."
ပြောပြီးတာနဲ့ရိပေါ်ခေါင်းလုံးလေးကိုလက်နှစ်ဖက်စလုံးနဲ့ထိန်းကိုင်ကာအတင်းအကြပ်နမ်းရှိုက်လာသည့်ဦးငယ်။နောက်ကနံရံနဲ့ကျောပြင်မိတ်ဆက်မိတာမို့ရိပေါ်မှာအင့်ခနဲ။
တသွင်သွင်စီးကျနေသည့်မျက်ရည်တွေကြားငံကျိကျိအရသာနဲ့အနမ်းကြမ်းတွေ။လက်ကလေးနှစ်ဖက်ကကူရာကယ်ရာမဲ့ကာဦးငယ်လက်မောင်းတွေကိုအားရှိသလောက်ထုရိိုက်ပစ်တော့အောက်နှူတ်ခမ်းကိုတတိတိကိုက်လို့ပါးနှစ်ဖက်ကိုဖြစ်ညစ်ကာခံတွင်းထဲထိကျူးကျော်လာသည့်ဦးငယ်လျှာဖျား။
မရမကထွေးလျှက်လိမ်ပတ်နမ်းရှိုက်နေကာရိပေါ်နှုတ်ခမ်းတခုလုံးဦးငယ်ခံတွင်းထဲခြယ်လှယ်ခံနေရခြင်းမှာရွံရှာမှုနဲ့အတူရိပေါ်အတွင်းစိတ်တို့ကထိုလူသားကိုမသတီတော့။မချစ်တာမဟုတ်ပေမဲ့မျက်နှာများသည့်ဦးငယ်ကိုရိပေါ်ရွံမုန်းစပြုလာပြီ။အကြမ်းပတမ်းနိုင်လှသည့်အပြုအမူတွေမှာရိပေါ်ကိုယ်လေးကရှောင်းကျန့်လက်ထဲနုံးချည့်လာရတယ်။
"အင့်!...ပြွစ်!...လွှတ်!...အွန်း!!!..."
မပီဝိုးတဝါးငြင်းဆန်သံတွေဦးငယ်ကမမှု။လက်မောင်းကိုထုရိုက်နေသည့်လက်ကလေးတွေကအင်အားကုန်ခမ်းကာတဖြည်းဖြည်းလျော့ရဲလာကြတယ်။တအင့်အင့်တွန်းလှဲသံသဲ့သဲ့လေးနောက်ချာတိတ်ပါးပြင်ပေါ်မှာတော့မျက်ရည်မပြတ်လတ်သေး။
"ဟာ့!..."
ကိုယ်တိုင်မောဟိုက်လို့သာလွှတ်ပေးလိုက်ပေမဲ့ရှောင်းကျန့်ချာတိတ်ကိုနမ်းမဝသေး။
"ချာတိတ်!..."
ဖြစ်ညှစ်ထားမိသည့်မျက်နှာဥဥလေးကိုကြည့်မိတော့တကြိမ်တခါမှမရဖူးသည့်ချာတိတ်စီကရွံရှာဖွယ်အကြည့်စူးစူးကဒိုင်းခနဲ။
ဖူးယောင်နေသည့်အောက်နှုတ်ခမ်းလေးကိုပြတ်ထွက်မတက်ကိုက်လို့မုန်းရိပ်သမ်းသည့်ချာတိတ်အကြည့်တွေမှာရှောင်းကျန့်အကြိမ်ကြိမ်သေရပါသည်။
"အင့်!... ရွံ ဖို့ ကောင်းလိုက်တာ..."
တလုံးချင်းပြတ်ပြတ်သားသားကြားလိုက်ရသည့်ထိုစကား။သူ့ကိုယ်ကြီးကိုတွန်းဖယ်ကာပြေးထွက်သွားသည့်ကျောပြင်ငယ်လေးကြောင့်ရှောင်းကျန့်မှာသတိလက်လွတ်လူကနောက်ကိုယိုင်ခနဲ။
အလဲလဲအကွဲကွဲခံစားချက်အပိုင်းအစတချို့ကိုအံကြိတ်သည်းခံရင်းမပြိုလဲဖို့ရာနံရံကိုလက်တစ်ဖက်ထောင့်ထားလိုက်မိတယ်။ဦးငယ်ကိုရွံတယ်တဲ့လားချာတိတ်လေးရာ။
သူ့လုပ်ရပ်တွေမှားယွင်းနေသည့်တိုင် ဒါဘယ်သူ့ကြောင့်လဲ သိသင့်တယ်ချာတိတ်။မင်းမဟုတ်တဲ့တခြားသူတွေနဲ့အလွယ်လေးဖောက်ပြန်လို့ရပေမဲ့ မင်းမှမဟုတ်ရင်ဦးငယ်နှလုံးသားကချစ်မရဘူးချာတိတ်ရ။
လူကျင့်ဝတ်စည်းမျဥ်းကိုဖောက်ဖျက်ပြီးမိုက်ကန်းစွာဖောက်ပြန်ဖို့ဝန်မလေးမိတာ မင်းမို့လို့ မင်းဖြစ်နေလို့ကို ကိုယ်ရူးချင်တာချာတိတ်။
......................
"မောင့်!..."
"မကလည်းကွာ!..."
ညဥ့်နက်သန်းခေါင်းကြီးပြတ်ပြတ်သားသားကြားနိုင်လောက်သည်အထိပျံ့လွင်လာသည့်မျက်နှာချင်းဆိုင်အိပ်ခန်းမှညုတုတုအသံတချို့။
တရေးနိုးလို့ထိုအိပ်ခန်းရှေ့ဖြတ်လျှောက်မိသည့်ရိပေါ်မှာချက်ချင်းမျက်ရည်စတွေဝေ့သီးလာသည်အထိဝမ်းနည်းမှုကလှိုက်ခနဲ။
ဦးငယ်ကသိပ်ကိုမာယာများတာပဲ။လူတိုင်းကိုခြေဖဝါးအောက်ဝတ်ဆင်းအောင်တခဏလေးနဲ့စွမ်းနိုင်တဲ့အပြင်သူ့ကိုမျက်ရည်ခြူသည့်နေရာမှာလဲတဖက်ကမ်းခတ်လို့ပရိုဆန်စွာကျွမ်းကျင်ပြန်သေးသည်။
ဂျလောက်!
ပါးထက်ကမျက်ရည်တွေဆွဲသုတ်လို့အခန်းစီပြန်လှည့်ဖို့အလုပ်ဦးစွာပွင့်ဟလာသည့်ဦးငယ်တို့အိပ်ခန်းတံခါး။
နှဖူးထက်ချွေးစို့နေသည့်ဦးငယ်ကအခန်းထဲကထွက်ထွက်ချင်းရိပေါ်ကိုမြင်တာနဲ့တခုခုကိုစိုးထိတ်သွားဟန်မျက်နှာတချက်ပျက်ရုန်မျှသာ။
ညဝတ်အက်ျီဖရိုဖရဲနဲ့ဦးငယ်ပုံစံကိုဂရုမစိုက်စွာရိပေါ်မဆိုင်သလိုလှည့်ထွက်ဖို့အလုပ်
"ချာတိတ်!...ကိုယ်ရှင်းပြပါရစေ..."
"အင့်!..."
တကိုယ်လုံးကိုနောက်ကသိမ်းကြုံးဖက်လိုက်တာမို့ရိပေါ်မှာဦးငယ်ရင်ခွင်ကျယ်ကြီးထဲမြုပ်ဝင်လျှက်နဲနဲလေးမှလှုပ်မရတော့။
"လွှတ်!...လွှတ်ပေး တီလေးစီပြန်သွား...အီး...ဟီး...ဟီး...မလာနဲ့!...ဦးငယ် လူယုတ်မာကြီး!...အဟင့်!..."
"မငိုနဲ့ မငိုပါနဲ့ကွာ!..."
ချုပ်ဖက်ထားလျှက်ရိပေါ်နားသယ်စလေးကိုတရှုံ့ရှုံ့နမ်းရင်းရှောင်းကျန့်မှာရိပေါ်မျက်ရည်တွေကိုမကြည့်ရက်နိုင်စွာမချိတင်ကဲရေရွတ်တယ်။
္"မျက်နှာများတဲ့ခများကြီး...တီလေးနဲ့တိုင်မယ်...အင့်!...တီလေးနဲ့တိုင်ပစ်မယ်...ဟင့်!..."
"ကိုယ်ပြောတာနားထောင်ချာတိတ်...မင်းတီလေးနိုးသွားလည်းကိုယ်ဂရုမစိုက်ဘူးနော်..."
"အဟင့်!...လူညစ်ကြီး..."
အပြစ်ဖို့တမ်းချင်းလေးအဆုံးငြိမ်ကျသွားသည့်ချာတိတ်။ရင်ခွင်ထဲကျောကပ်နေသည့်ကိုယ်လေးကိုထိန်းဖက်ထားရင်းကြမ်းပြင်ပေါ်ဖြေးဖြေးချင်းထိုင်ချလိုက်တယ်။
မျက်နှာချင်းဆိုင်အိပ်ခန်းနှစ်ခန်းအလယ်ကစကြ် ံလမ်းကျဥ်းလေးမှာမို့ရှောင်းကျန့်ကအိပ်ခန်းတံခါးကိုကျောမှီရက်သား။ရိပေါ်ကတော့ရှောင်းကျန့်ရင်ခွင်ထဲကျောပေးရပ်ပုံပုံလေးပဲ။
"ကိုယ်မအိပ်ဘူးနော်...ချာတိတ်ကိုချစ်မိကတည်းကချာတိတ်တီးလေးအပါအဝင်ဘယ်သူနဲ့မှကိုယ်မအိပ်ပါဘူးကွာ..."
"ဟင်!...ဟုတ် ဟုတ်လို့လား...အင့်!..."
တသိမ့်သိမ့်တုန်နေသည့်ပုခုံးလေးထက်ခေါင်းမှောက်ရင်းပြောတော့အနည်းငယ်စိတ်ပြေသွားဟန်ရှိသည့်ချာတိတ်ကမယုံတယုံပြန်မေးလာတာမို့ရှောင်းကျန့်ကြိတ်ပြုံးလိုက်မိတယ်။
ရီလျှမ်းအပေါ်မတရားရာကျမှန်းသိပေမဲ့ နှလုံးသားလိုအင်ကိုဆန့်ကျင်ပြီးခင်ပွန်းတာဝန်သူမကျေပွန်နိုင်။ချာတိတ်လေးနဲ့မှလို့စိတ်ဆုံးဖြတ်ပြီးကတည်းကသူတော်စင်မဟုတ်သည့်တိုင်ရာဂစိတ်အမှောင်တို့ကိုရှောင်းကျန့်ထိန်းချုပ်နိုင်ခဲ့သည်။ဒါဟာအချစ်စွမ်းအားဆိုတာထက် ချာတိတ်ကလွဲရင်ဘယ်သူ့ကိုမှလက်သင့်မခံသည့်သူစိတ်သဘောကြောင့်သာဖြစ်မည်။သူဆာလောင်တောင်းတတာချာတိတ်တစ်ယောက်တည်း။
"တကယ် ချာတိတ်ကိုယ့်ကိုမယုံဘူးလား..."
"အဲ့ဲဒါဘာကိစ္စကျွန်တော့်လာရှင်းပြနေတာလဲ...ဦးငယ်ဘာသာတီလေးနဲ့အိပ်ချင်အိပ်..."
"ရှူး!!!...ကိုယ်ပြောပြီးပြီလေ...ချာတိတ်ကိုပဲလိုချင်တာလို့..."
"လိမ်တာ!...နေ့လည်ကကျတခြားတစ်ယောက်နဲ့နမ်းနေပြီးတော့...ခုမှ...အင့်!..."
ပြောရင်းငြူစူရင်းကလေးလေးလိုမျက်ရည်တွေဆွဲဆွဲသုတ်သည့်ချာတိတ်။လှုပ်ရွနေသည့်လက်ကလေးနှစ်ဖက်ကိုအသာဆွဲချုပ်လို့ပါးပြင်နုနုပေါ်ကမျက်ရည်တွေဖယ်ရှားပေးမိတယ်။
"အဟက်...ကိုယ်အဲ့လိုလုပ်တာမကြိုက်ဘူးမလား...အဲ့လိုဆိုချာတိတ်ကိုယ့်ကိုပြန်ချစ်လေ...ချာတိတ်ကလွဲပြီးကိုယ်ဘယ်သူနဲ့မှမဖောက်ပြန်တော့ဘူးလို့ပြောရဲတယ်...မဟုတ်ရင်တော့ကိုယ်တွဲချင်တဲ့သူနဲ့တွဲမှာပဲ..."
ဘာကိုအကြပ်ကိုင်လို့ခြိမ်းခြောက်နေမှန်းမသိပေမဲ့ဦးငယ်စကားတို့ကဖောက်ပြန်ခြင်းကိုဦးတည်နေသည့်အလျှောက်ရိပေါ်လက်ခံဖို့ခက်ခဲနေဦးမှာပဲ။သူ တီလေးကိုဘယ်လိုစိတ်နဲ့သစ္စာဖောက်ဝံ့မှာတဲ့လဲ။နောက်ကျောကိုဓားနဲ့ထိုးတဲ့လုပ်ရပ်မျိုး ဦးငယ်ကိုမချစ်ရလို့သေသွားပါစေ ဘယ်တော့မှရိပေါ်မလုပ်ဘူး။
"ဟင့်အင်း!...ကျွန်တော်တီလေးအပေါ်အဲ့လိုမလုပ်နိုင်ဘူး..."
"ကိုယ့်အပေါ်တော့ရက်စက်ရက်တယ်ပေါ့...ဟင်!...ဟုတ်လားချာတိတ်..."
ရိပေါ်လည်တိုင်လေးကိုနှာခေါင်းနဲ့တိုးနမ်းရင်းရှောင်းကျန့်အမေးတို့ကဆွေးဆွေးမြေ့မြေ့။ဦးငယ်ကသူ့ကိုဘယ်အတိုင်းအတာထိခက်ခဲစေချင်တာလဲ။ရိပေါ်ရူးချင်လာတယ်။ချစ်ရတဲ့လူနှစ်ယောက်ကြားမှာတစ်ယောက်ကိုပိုင်ရဖို့နောက်တစ်ယောက်ရင်ကိုခြေစုံကန်ရမည်လား။သူ့အပေါ်မှာမှအချစ်ကမတရားလိုက်တာ။
"ကျွန်တော်တောင်းပန်ပါတယ် ဦးငယ်...ဟင့်!..."
"ချာတိတ်!..."
ဒုန်း!
တောင်းပန်စကားဆိုကာရင်ခွင်ထဲကရုန်းထွက်လို့အိပ်ခန်းထဲလှစ်ခနဲပြေးဝင်သွားသည့်ချာတိတ်။လူခြေတိတ်ချိန်မို့ဒုန်းခနဲတံခါးပိတ်သံကခပ်ကျယ်ကျယ်ပြန့်လွင့်တယ်။ဟင့်ခနဲရှိုက်သံလေးကြောင့်နင့်ခနဲကြမ်းပြင်ထက်ရုပ်ကြိုးပြတ်ကျန်ခဲ့ရသူကရှောင်းကျန့်။အော် သိပ်သိပ်ခက်ပါလားချာတိတ်လေးရာ။
"မလွယ်ကူပေမဲ့ မင်းကိုကိုယ်ဘယ်တော့မှလက်မလျော့ဘူးချာတိတ်..."
#Tbc
I need your feedback and voting:
ဦးငယ်ကလည်းဇွဲမလျော့သလို ချာတိတ်ကလည်းအလွယ်နဲ့ရနိုင်တာမျိုးမဟုတ်ပါဘူးနော်။
_________________
❦︎Zawgyi version❦︎
FOLLOW ME-10
.
.
.
.
.
"မ!..."
"အဟွတ်!...အဟွတ်!...အဟွတ်!..."
"အွန့်!...အွတ်!..."
"ဟင်!...ဦး ဦးငယ်..."
"ဦးငယ်!..."
"အဟက်!..."
"See U Baby...Calling!..."
"ကျွန်တော်မေးနေတယ်!..."
"ဦးငယ်!!!..."
ဖြန်း!!!
"အင့်!...ပြွစ်!...လွှတ်!...အွန်း!!!..."
"ဟာ့!..."
"ချာတိတ်!..."
......................
"မောင့်!..."
"မကလည်းကွာ!..."
ဂျလောက်!
"အင့်!..."
"မငိုနဲ့ မငိုပါနဲ့ကွာ!..."
်"မျက်နှာများတဲ့ခများကြီး...တီလေးနဲ့တိုင်မယ်...အင့်!...တီလေးနဲ့တိုင်ပစ်မယ်...ဟင့်!..."
"အဟင့်!...လူညစ်ကြီး..."
"အဲ့ဒါဘာကိစ္စကျွန်တော့်လာရှင်းပြနေတာလဲ...ဦးငယ်ဘာသာတီလေးနဲ့အိပ်ချင်အိပ်..."
"ချာတိတ်!..."
ဒုန်း!
#Tbc