အခန္း(၂၇)ညစာ
ရွန္႔အာ့ထင္ႏွင့္သူ႔အဖြဲ႔သည္ အနီးအနား႐ွိ
စြန္႔ပစ္ထားေသာယာေတာအိမ္ထဲတြင္
ပုန္းခိုေနၾကသည္။ထိုအခ်ိန္ ကားသုံးစီးသည္
အ႐ွိန္ျပင္းစြာေမာင္းႏွင္ျဖတ္သန္းသြားကာ
ေသနတ္သံမ်ားပါၾကားရသျဖင့္ တစ္စုံတစ္ရာ
ျဖစ္ပြားေနၿပီျဖစ္ေၾကာင္း
သေဘာေပါက္လိုက္သည္။အျပင္ဘက္႐ွိ
အေျခအေနမ်ားကို သြားေရာက္ၾကည့္႐ႈရန္
ျပင္စဥ္မွာပဲ ႐ွီက်င္းဆီမွ စာအား လက္ခံရ႐ွိေလသည္။
႐ွန္႔အာ့ထင္၏အမူအရာမွာ ခ်က္ခ်င္း
ေျပာင္းလဲသြားၿပီး ေျခရာခံစက္ကိုထုတ္ကာ
႐ွီက်င္း၏တည္ေနရာကို စစ္ေဆးလိုက္သည္။
သကၤေတေလး လ်င္ျမန္စြာေရြ႔လ်ားေနသည္ကို
အတည္ျပဳမိသည္ႏွင့့္တျခားအဖြဲ႔သားမ်ားကို
လႈပ္႐ွားရန္ အမိန္႔ေပးၿပီး ထင္းပုံေနာက္တြင္
ကြယ္ရပ္ထားေသာ ကားဆီသို႔ေျပးေတာ့သည္။
ေကာင္းကင္ႀကီးမွာ ေမွာင္မိုက္ေနၿပီျဖစ္ၿပီး
ရြာတြင္ လမ္းမီးမ႐ွိသည့္အျပင္ လမ္းမ်ားက
က်ဥ္းေျမာင္းေသးသည့္အတြက္ ညအခ်ိန္
ကားေမာင္းရျခင္းမွာ အလြန္အရဲစြန္႔ရေပသည္။
ေက်ာက္ေပါက္ယြမ္ေမာင္းေနေသာ
Vanကားမွာ ကိုယ္ထည္ႀကီးၿပီး
ေႏွးေကြးေလးလံလွသျဖင့္ လြယ္ကူေသာပစ္မွတ္
တစ္ခုလိုပင္။လူႀကီးမွာေဒါသႀကီးလ်က္
စိုးရိမ္ေၾကာင့္ၾကျဖစ္ေနရသည္။သူတို႔၏
ပတ္ပတ္လည္တြင္ ႐ွင္းလင္းေနေသာ
ယာခင္းမ်ားသာ႐ွိေလရာ ပုန္းစရာေနရာဟူ၍
မ႐ွိေပ။သူသည္ ႐ွီက်င္းအား
အေဆာတလ်င္အသံျဖင့္ ေအာ္ေျပာသည္။
"ျမန္ျမန္ ! သူတို႔ကိုပစ္လိုက္ ! ရေအာင္တား ! "
႐ွီက်င္းသည္ စိတ္အတြင္းက်ိန္ဆဲလိုက္ကာ
လူကုန္ကူးသမားအတြက္ ကိစၥမ်ား
အဆင္ေခ်ာေအာင္လုပ္ေပးမည္မဟုတ္ေခ်။
ထို႔ေၾကာင့္ သူသည္ ေၾကာက္လန္႔ေနေသာ
အမူအရာျဖင့္ညည္းညဴသည္။
"အကိုလ်ိဳ. . က်ေနာ္မလုပ္ႏိုင္ဘူး !
ခုေလးတင္ က်ည္က က်ေနာ့္ဆံပင္ေဘးက
ျဖတ္သြားတာ. . .
ေၾကာက္တယ္..! က်ေနာ္ဆက္မလုပ္ႏိုင္ေတာ့ဘူး
အိမ္ျပန္မယ္! မားကိုေတြ႔ခ်င္တယ္ . . ! "
" ခ်ီးပဲ ! ေစာက္သုံးမက်လိုက္တာ ! "
ေက်ာက္ေပါက္ယြမ္သည္ ေဒါသေၾကာင့္
ပါးစပ္ပင္ရြဲ႔ခ်င္လာသလိုျဖစ္ကာ
ႀကိမ္းေမာင္းလိုက္သည္။သူသည္
စတီယာတိုင္အား ေဒါသူပုန္ထစြာထု႐ိုက္ၿပီး
အံႀကိတ္ကာ အ႐ွိန္ျမႇင့္႐ုံမွတစ္ပါး
ေရြးခ်ယ္စရာမ႐ွိေတာ့ေပ။ရြာ၏
လူေနထူထပ္ေသာေနရာသို႔
အျမန္ေရာက္မွ ေနထိုင္သူမ်ားကို ကာဗာအျဖစ္
အသုံးျပဳရႏိုင္မည္ျဖစ္သည္။
႐ွီက်င္းလည္း ေနာက္ခုံတြင္ ေကြးေကြးေလးေန
ေနေတာ့သည္။ေက်ာက္ေပါက္ယြမ္က သူ
႔အားအာ႐ုံမထားသည္ကိုျမင္ေသာ္
ဖုန္းအေသးေလးကိုထုတ္ကာ ႐ွန္႔အာ့ထင္ဆီသို႔
ေခၚဆိုလိုက္သည္။
အစ္ကိုျဖစ္သူမွာ ခ်က္ခ်င္းဖုန္းကိုင္လိုက္ၿပီး
{အဆင္ေျပရဲ႕လား ? ငါအခုခ်က္ခ်င္း
မင္းဆီလာေနၿပီ၊ ငါတို႔မေရာက္မခ်င္း
ကိုယ့္ကိုယ္ကို ေသခ်ာဂ႐ုစိုက္ေနာ္}
"မား... က်ေနာ္ အိမ္ျပန္ခ်င္တယ္.. ဝူး ...ဝူး .. "
ေက်ာက္ေပါက္ယြမ္ဆီသို႔ ျဖတ္ကနဲ
တစ္ခ်က္လွမ္းၾကည့္ၿပီးမွ သူ၏မ်က္ႏွာကို
ဆားရည္စိမ္ဘူးႏွင့္ကြယ္ကာ ငိုယိုေနေသာ
အသံျဖင့္ ႐ိႈက္ငင္သည္။
"မား. . .က်ေနာ္ အကို႔မဂၤလာေဆာင္တြက္
ေငြရၿပီမို႔ အိမ္ျပန္ခ်င္တယ္. . .
သေဘာေကာင္းတဲ့ဦးေလးႀကီးနဲ႔တူတူ ကားေပၚမွာ၊
က်ေနာ္ကို ျမန္ျမန္လာေခၚပါ ! ဒီမွာက
ဆိုးဝါးလြန္းတယ္ ! "
႐ွန္႔အာ့ထင္သည္ ႏွစ္စကၠန္႔ေလာက္
ထူးဆန္းစြာတိတ္ဆိတ္သြားၿပီးမွ လီဗာကို
ဖိနင္းကာ ေျပာသည္။
"မေၾကာက္နဲ႔ေနာ္ ၊ အစ္ကိုေရာက္ေတာ့မယ္...
ေက်ာက္ေပါက္ယြမ္ကိုလည္း မတိုက္ခိုက္နဲ႔
ကိုယ့္ကိုယ္ကိုသာ ကာကြယ္ေန "
႐ွီက်င္းမွာ ဆက္လက္ေအာ္ငိုေနသည္။
အေနာက္မွလိုက္ေနသူမ်ားႏွင့္ အကြာအေဝး
အနည္းငယ္ျခားသြားခ်ိန္တြင္
ေက်ာက္ေပါက္ယြမ္သည္ အေနာက္ဘက္သို႔
လွမ္းၾကည့္လိုက္ရာ ႐ွီက်င္း
တစ္ေယာက္ေယာက္ႏွင့္စကားေျပာေနေၾကာင္း
သတိျပဳမိသြားသည္။သူသည္ ေဒါသတႀကီး
ေအာ္ဟစ္ေတာ့သည္။
"မင္းဘယ္သူနဲ႔စကားေျပာေနတာလဲ ?
အဲ့ဖုန္းကိုဘယ္ကရတာလဲ ? "
႐ွီက်င္းသည္ အထိတ္တလန္႔ျဖစ္သြားမည့္အစား
ဆားရည္စိမ္ဘူးကို ေျမႇာက္ျပကာ
မတရားခံရသလို အမူအရာျဖင့္
"က်ေနာ္ ဒါနဲ႔စကားေျပာလို႔ မရဘူးလား ?
ဒါက မားရဲ႕အေကာင္းဆုံးဆားရည္စိမ္ !
က်ေနာ္ ေသေတာ့မွာမို႔ ဒါနဲ႔ က်ေနာ့မားကို
ႏႈတ္ဆက္ေနတာ! "
ဘန္း !
ထိုအခ်ိန္မွာပဲ က်ည္ဆံသည္ ေနာက္မွန္မွ
ေဖာက္ထြင္းလာကာ ဆားရည္စိမ္ဘူး၏
အလယ္ဗဟိုသို႔ထိမွန္ၿပီး ဘူးသည္လည္း
ခ်က္ခ်င္းကြဲထြက္သြားေတာ့သည္။
ထိုအျခင္းအရာေၾကာင့္ ႐ွီက်င္းမွာ
အမွန္တကယ္ပင္ ေအာ္ငိုလုမတတ္
ထိတ္လန္႔သြား ရသည္။ထို႔ေၾကာင့္ သူ႔ကိုယ္ကို
လက္ေမာင္းႏွင့္ တင္းတင္းၾကပ္ၾကပ္ဖက္ကာ
ေပါက္တတ္ကရေလ်ွာက္မလုပ္ေတာ့ဘဲ
အငိုသန္ေသာကေလး တစ္ေယာက္လို
လာေရာက္ကယ္ဆယ္မည္ကို ၿငိမ္ၿငိမ္ေလး
ေစာင့္ေနလိုက္ေတာ့သည္။
ဖန္ကြဲစမ်ားႏွင့္ခ်ဥ္ဖတ္စိမ္မ်ား တစ္ၿပိဳင္နက္
ျပန္႔က်ဲသြားေသာေၾကာင့္ ေက်ာက္ေပါက္ယြမ္မွာ
ေျမာင္းထဲသို႔ ထပ္မံထိုးေမာင္းမတတ္
ျဖစ္သြားရသည္။သူ၏ေနာက္ဆုံး
စဥ္းစားဆင္ျခင္ဥာဏ္မွာ ပ်က္ဆီးသြားၿပီျဖစ္သျဖင့္
႐ွီက်င္းအား ဂ႐ုမထားႏိုင္ေတာ့ဘဲ
သူတို႔အေနာက္႐ွိကားမ်ားဆီသို႔
တစ္ခ်က္ၾကည့္လိုက္သည္။ထို႔ေနာက္
ကုတ္အကၤ်ီအတြင္း ေမႊေႏွာက္႐ွာေဖြလိုက္ကာ
ဘဲဥပုံ ေသးငယ္ေသာပစၥည္းေလးကို
ဆြဲထုတ္လိုက္သည္။ျပီးေနာက္ သူ၏သြားျဖင့္
စနက္တံကိုဆြဲျဖဳတ္ၿပီး ကားျပတင္းေပါက္ကို
ဖြင့္ကာ အေနာက္သို႔ လွမ္းပစ္လိုက္ေလသည္။
ေခြးမသား !
႐ွီက်င္းသည္ ထိုျပန္ေပးဆြဲသမား လက္ပစ္ဗုံး
ထုတ္ယူလိုက္သည္ကိုျမင္ေသာအခါ
အလြန္အမင္း စြံ႔အသြားရသည္။
ေက်ာက္ေပါက္ယြမ္၏တစ္ကိုယ္လုံးကို
အေပၚေအာက္တိတ္တဆိတ္အကဲခတ္
ၾကည့္မိသည္။
ဒီလူဆီမွာ ဗီလိန္တစ္ေယာက္ရဲ႕
လိုအပ္ပစၥည္းေတြျပည့္ေနတဲ့
လွိ်ဳ႕ဝွက္အိတ္ေထာင္မ်ား႐ွိေနလား ?
ဘုန္း ! !
အေနာက္ဘက္တြင္ ေပါက္ကြဲမႈျဖစ္သြားၿပီး
က်ည္ဆံမိုးမ်ားလည္း ေလ်ာ့နည္းသြားသည္။
လ်ဳ္ယြမ္သည္ ရြာတစ္ဖက္စြန္း႐ွိ အပြင့္လမ္းမ
ဆီသို႔ တည့္တည့္မတ္မတ္ ေမာင္းႏွင္လိုက္သည္။
သူသည္ ဟိုင္းေဝးလမ္းမေပၚတက္ရန္
ျပင္ဆင္ေနစဥ္တြင္ပဲ အေ႐ွ႕ဘက္ဧရိယာမွ
မီးလုံးႏွစ္လုံး ေတာက္ပလာသည္။
အနက္ေရာင္SUVသည္ လမ္းေဘးမွ
ထြက္ေပၚလာကာ ကားလမ္းမအား
ျဖတ္ပိတ္လိုက္ေတာ့သည္။
"ခ်ီးပဲ ! ကားကိုဘယ္လိုေမာင္းေနတာလဲ
ေသာက္႐ူးရ ! "
ေ႐ွ႕မီးမ်ားေၾကာင့္ မ်က္စိျပာသြားေသာ
ေက်ာက္ေပါက္ယြမ္သည္ ေ႐ွ႕မွကားအား
မတိုက္မိရန္ ဘရိတ္ကို ဖိနင္းလိုက္ၿပီး
ကားအတြင္းမွေခါင္းထြက္ကာ ဆဲဆိုသည္။
" မ်က္စိကန္းေနတဲ့မအလေလး ! ငါ့ေ႐ွ႕ကေန
ဖယ္စမ္း မဟုတ္ရင္ ငါ့အေၾကာင္းသိမယ္ေနာ္ ! "
႐ွန္႔အာ့ထင္သည္ ကားတံခါးကိုဖြင့္ကာ ထြက္လာၿပီး Vanကားဆီသို႔ ေျခလွမ္းၾကဲၾကဲျဖင့္
လွမ္းေလ်ွာက္လာသည္။
ေက်ာက္ေပါက္ယြမ္သည္ ကားမီးနွင့္ဆန္႔က်င္၍
ေရြ႔လ်ားလာေသာ ႐ွန္႔အာ့ထင္၏
အနက္ေရာင္ပုံရိပ္အား ၾကည့္ရင္း
သူ႔မ်က္ႏွာထက္မွာခက္ထန္မႈမ်ားက
တျဖည္းျဖည္း ေလ်ာ့ပါးသြားသည္။
တစ္ဖက္လူသည္ တစ္ခုခု မူမမွန္ေၾကာင္း
သတိထားမိကာ ေခါင္းကိုျပန္သြင္းၿပီး
ေမာင္းေျပးရန္ျပင္လိုက္သည္။ထိုစဥ္
တစ္စုံတစ္ရာသည္ အေနာက္ဖက္မွ သူ႔အား
႐ိုက္ခတ္လိုက္ၿပီး လက္တစ္စုံသည္ အင္ဂ်င္မွ
ေသာ့အား လ်င္ျမန္စြာဆြဲထုတ္ယူလိုက္သည္။
လ်ိဳယြမ္သည္ လက္ပိုင္႐ွင္အား မယုံႏိုင္စြာ
လွည့္ၾကည့္လိုက္ၿပီး
"မင္း__"
"ဘာ 'မင္း' လဲ , ႏွာဘူးေကာင္ ? ခင္ဗ်ားေတာ့
ေထာင္ထဲမွာ အ႐ိုးေဆြးရေတာ့မွာ ! "
႐ွီက်င္းႏႈတ္ခမ္းဖ်ားမွထြက္လာေသာ
စကားတစ္လုံးခ်င္းစီတိုင္းမွာ ျပည္မႀကီးသံ
ပီပီသသျဖစ္ၿပီး ေၾကာက္ရြံ႔ေနျခင္းအလ်င္း
မ႐ွိေတာ့ေပ။သူ၏လက္ကို
လူကုန္ကူးသမား၏ပခုံးထက္တြင္
တင္ကာ ေမာင္းသူခုံႏွင့္ဟန္႔တားလ်က္ ဖိခ်ဳပ္ထားၿပီး လက္မ်ားကိုခ်ည္ေႏွာင္ရန္ ျပင္လိုက္သည္။
ေက်ာက္ေပါက္ယြမ္မွာ အံ့ျသနပန္းႀကီးသြား၍
႐ုန္းကန္ဖို႔ပင္ သတိမရကာ
"မင္းက ဘယ္လို. . .မင္းကသူလ်ိဳလား ?!
မင္းငါ့ကိုလွည့္စားတယ္. . .ေစာက္ေတာသား!
မင္းေနဦး. . .ငါမင္းကို
မုဒိမ္းက်င့္ၿပီးသတ္ပစ္မယ္! ၿပီးရင္
ခႏၶာကိုယ္ကို ခုတ္__ "
ဒုန္း !
႐ွန္႔အာ့ထင္သည္ ကားဆီသို႔ေလ်ွာက္လာစဥ္
ေက်ာက္ေပါက္ယြမ္၏ၿခိမ္းေျခာက္စကားမ်ားကို
ျကားေသာအခါ မ်က္ႏွာမွာ အ႐ုပ္ဆိုးသြားၿပီး
ကားတံခါးကိုဆြဲဖြင့္ကာ လ်ိဳယြမ္၏ရင္ဘတ္ကို
တံေတာင္ျဖင့္ ျပင္းထန္တိက်စြာ
ေဆာင့္ထိုးလိုက္သည္။ထို႔ေနာက္ ထိုသူအား
ေခြးေသတစ္ေကာင္လို ကားေပၚမွ ဆြဲခ်လာရင္း
ႀကိမ္းဝါးေတာ့သည္။
"ေစာက္ပါးစပ္ကို ပိတ္ထားစမ္း !
စကားေနာက္တစ္လုံးထပ္ထြက္ရဲထြက္ၾကည့္
ေနာင္ဘယ္ေတာ့မွ စကားမေျပာႏိုင္ေအာင္
လုပ္ေပးမယ္ ! "
ရက္စက္ျပင္းထန္စြာ ခံရၿပီးနာက်င္ေနေသာ္လည္း
ေက်ာက္ေပါက္ယြမ္သည္ လက္မေလ်ာ့ဘဲ
လူးလိမ့္ကာ သူတို႔အား
ဆဲေရးတိုင္ထြာေနေတာ့သည္။သူ၏စကားမ်ားမွာ
သာမန္ထက္လြန္ကဲစြာ ေအာ့ရြံစရာေကာင္းလွသည္။
႐ွီက်င္းလည္း ၿငိမ္မေနႏိုင္ေတာ့ေအာင္
ေဒါသထြက္လာသျဖင့္ ကားေပၚမွဆင္းကာ
ပိတ္ကန္လိုက္သည္။ထို႔ေနာက္
သူ႔အစ္ကိုတစ္ေယာက္တည္းျဖစ္ေၾကာင္း
သတိထားမိသျဖင့္ေမးလိုက္သည္။
"တျခားသူေတြေရာ ? "
"မင္းအေနာက္ကလိုက္လာတဲ့ကားေတြနဲ႔
အိမ္မွာက်န္ခဲ့တဲ့လူေတြကို ေျဖ႐ွင္းေနတယ္ "
႐ွန္႔အာ့ထင္သည္ လ်ိဳယြမ္အား လက္ထိပ္ခတ္ရင္း
႐ွင္းျပလိုက္သည္။ကားအတြင္း
အဝတ္စုတ္တစ္ခုကို႐ွာေတြ႔ေတာ့ ထိုသူပါးစပ္ထဲ
ထိုးထည့္လိုက္သည္။
ထို႔ေနာက္ ႐ွီက်င္းဘက္သို႔လွည့္ၾကည့္ကာ
"ထိခိုက္သြားေသးလား ? ေသနတ္သံေတြနဲ႔
ေပါက္ကြဲသံကို ဖုန္းထဲကတဆင့္ ၾကားလိုက္တယ္ "
႐ွီက်င္းသည္ ေခါင္းခါၿပီး
" ကြၽန္ေတာ္ အဆင္ေျပတယ္ "
ထို႔ေနာက္ သူ႔အစ္ကိုမွာ ေက်ာက္ေပါက္ယြမ္အား SUVကားထဲေရြ႔ေနသည္ကို သတိထားမိရာ
လက္ေျမႇာက္တားလိုက္ၿပီး ထိုင္ခ်ကာ
ထိုလူကုန္ကူးသမား၏ကိုယ္ကို
ပုတ္သပ္စမ္းၾကည့္သည္။
႐ွန္႔အာ့ထင္၏မ်က္ခုံးမ်ား ျမင့္တက္သြားကာ
"ဘာလုပ္ေနတာလဲ ? "
"သူက ကြၽန္ေတာ့္တစ္ကိုယ္လုံးကို ကိုင္ထားေတာ့
ကြၽန္ေတာ္လည္း အတုံ႔အလွည့္ျပန္လုပ္တာေပါ့
မဟုတ္ဘူးလား ? "
႐ွီက်င္းသည္ ေပါ့ေပါ့ပါးပါး ေျဖလိုက္ေသာ္လည္း
သူ႔လႈပ္႐ွားမႈမ်ားမွာ ရည္ရြက္ခ်က္႐ွိ႐ွိျဖစ္သည္။
သူသည္ ေက်ာက္ေပါက္ယြမ္၏အမူအရာကို
ေစာင့္ၾကည့္ရင္း_
ရၿပီ ဒီေနရာပဲ!
ေနရာအား ခန္႔မွန္းမိေသာအခါ
႐ွန္႔အာ့ထင္ဆီမွဓားေျမႇာင္ငွါးၿပီး ထိုသူ၏
အဝတ္အစားကို တစ္လႊာၿပီးတစ္လႊာ
ျဖတ္ေတာက္ကာ ေနာက္ဆုံး၌ ခါးတြင္
စည္းေႏွာင္ဝတ္ဆင္ထားေသာအိတ္ေထာင္
အပိတ္တစ္လုံးကို ျဖဳတ္ယူလိုက္ေတာ့သည္။
ေက်ာက္ေပါက္ယြမ္သည္ ေဒါသျဖစ္လြန္း၍
သူ၏မ်က္လုံးမ်ားမွာ ျပဴးကာ အျပင္သို႔ပင္
ထြက္က်မတတ္ပင္။သူသည္ ေခါင္းကို
ယမ္းကာ တစ္ခုခုေျပာရန္ ႀကိဳးစားေသာ္လည္း
'အြန္း. . .အြန္း. . .အြန္းးး. .!' ဟူသည့္
အသံမ်ားသာၾကားရသည္။
"အဲ့တာက ဘာလဲ ? "
႐ွန္႔အာ့ထင္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"သူ႔လွ်ိဳ႕ဝွက္အိတ္ေထာင္"
သူသည္ အိတ္ကိုဖြင့္ဟကာ
အထဲတြင္ပါသည္မ်ားကို အစ္ကိုအား ျပလိုက္သည္။
မူးယစ္ေဆး၊လက္ပစ္ဗုံးမ်ား၊ေသနတ္၊
က်ည္ေတာင့္၊ထူးဆန္းေသာပုလင္းငယ္တစ္ခ်ိဳ႕၊
ေငြသားႏွင့္flash driveတစ္ခု စေသာ
ပစၥည္းအေျမာက္အမ်ား ျပည့္ႏွက္ေနေလသည္။
႐ွီက်င္းေပးလိုက္ေသာ ေသတၱာေလးလည္း
ထိုထဲတြင္ ႐ွိေနသည္။
သူ၏အေရးအႀကီးဆုံးလိွ်ဳ႕ဝွက္ခ်က္အား
႐ွာေဖြသြားသျဖင့္ အ႐ူးတစ္ေယာက္အလား
႐ုန္းကန္ေတာ့သည္။အမုန္းတရားမ်ား
ျပည့္ႏွက္ေနေသာမ်က္လုံးမ်ားျဖင့္ ႐ွီက်င္းအား
အသက္ႏုတ္ယူမတတ္ စူးစိုက္ၾကည့္ေနသည္။
လ်ိဳယြမ္သည္ အၾကည့္ျဖင့္ေစာ္ကားေနသည္ဟု
႐ွန္႔အာ့ထင္ ေတြးျမင္မိသျဖင့္ သတိလစ္ေအာင္
လုပ္လိုက္ၿပီး ကိုယ္ကိုလွည့္ကာ ေခါင္းကို္
အိတ္စြပ္လိုက္သည္။
ထိုအခါ ႐ွီက်င္းသည္ အိတ္ကိုျပန္ဆြဲခြၽတ္ကာ
သူ႔အစ္ကိုအား သတိေပးသည္။
"သူ႔လိုလူမ်ိဳးေတြက ဉာဏ္နီဉာဏ္နက္မ်ားၿပီး
စိတ္မခ်ရဘူး၊ သူ႔ကိုဖမ္းမိၿပီးရင္ေတာင္
သတိလက္လြတ္ျဖစ္လို႔မရဘူး_
တျခားဘာလွည့္ကြက္ေတြဝွက္ထားလဲ
မသိႏိုင္ဘူးေလ"
႐ွီက်င္းသည္ သူ႔အား အေလးအနက္
လမ္းၫႊန္သင္ျပေနေသာအခါ ႐ွန္႔အာ့ထင္လည္း
မေနႏိုင္စြာ ႐ွီက်င္း၏ေခါင္းအား ပြတ္ေပးရင္း
ခ်ီးက်ဴးလိုက္သည္။
"ဒီမစ္႐ွင္က မင္းအတြက္ခက္ခဲခဲ့ပင္မဲ့
မင္းေကာင္းေကာင္းလုပ္ႏိုင္ခဲ့တယ္ "
ေ႐ွာင္စစ္သည္ ေပ်ာ္ရႊင္စြာဆိုသည္။
<၈၀၀ ! က်င္းက်င္း ယူနစ္ဘားက
၈၀၀ကို က်သြားၿပီ ! >
႐ွီက်င္းလည္း ၾကားၾကားခ်င္း
အံ့အားသင့္သြားၿပီးေနာက္ အလြန္ေက်နပ္အားရစြာ
႐ွန္႔အာ့ထင္အား ျပဳံးျပလ်က္
"ေထြေထြထူးထူး မဟုတ္ပါဘူး၊
ျပည္သူေတြကိုကယ္တင္ဖို႔ အမႈထမ္းရြက္ရတာက
ကြၽန္ေတာ္တို႔တာဝန္ပဲေလ"
ဟူ၍ ေျဖာင့္မတ္စြာ ေျဖလိုက္သည္။
႐ွန္႔အာ့ထင္ : "..."
မစ္႐ွင္၏အရင္းခံအဆင့္ ၿပီးေျမာက္သြားၿပီဟု
ဆိုႏိုင္သျဖင့္ ႐ွန္႔အာ့ထင္ႏွင့္သူ႔အဖြဲ႔သားမ်ားက
က်န္႐ွိေနေသာ လူဆိုးဂိုဏ္းဝင္မ်ားကို
ကိုင္တြယ္ေျဖ႐ွင္းသည္။အျပင္လူျဖစ္ေသာ
႐ွီက်င္းအဖို႔ တာဝန္ၿပီးဆုံးသြားၿပီျဖစ္ရာ
ေစာစီးစြာ အနားယူခြင့္ရ႐ွိသည္။
သူသည္ ကားထဲတြင္တစ္ေယာက္တည္းေနရန္
အေၾကာင္းျပခ်က္႐ွာၿပီး အစ္ကိုwolfဆီမွ
ခိုးယူလာေသာmemory cardမ်ားႏွင့္
flash driveကိုထုတ္ကာ ေ႐ွာင္စစ္အား
ေမးလိုက္သည္။
"ငါ ဒါေတြကို မျဖစ္မေနလက္လႊဲေပးရမွာ ၊
ဒါေၾကာင့္ အခုငါ့ဆီမွာ႐ွိတုန္း
အထဲမွာပါတာေတြကို ေကာ္ပီကူးထားလို႔ရႏိုင္မလား ? "
ပါ႐ွိေနေသာအခ်က္အလက္မ်ားမွာ
အလြန္အေရးပါေၾကာင္း ေ႐ွာင္စစ္လည္း
နားလည္၍ တေအာင့္ စဥ္းစားခ်င့္ခ်ိန္ၿပီးေနာက္
ေျဖသည္။
< ကူးလို႔ရတယ္ ၊ဒါပင္မဲ့ အထဲကဟာေတြကို
ဖတ္ယူဖို႔deviceအတိအက်မ႐ွိလို႔
အခ်ိန္ေတာ့ယူရမယ္ >
" ဘယ္ေလာက္ၾကာမွာလဲ ? "
<ႏွစ္နာရီဝန္းက်င္ေလာက္ ?>
ေ႐ွာင္စစ္လည္း ခန္းမွန္းေခ်ကို ေျပာျပသည္။
" ႐ွန္႔အာ့ထင္တို႔အဖြဲ႔ အားလုံးၿပီးစီးေအာင္
ေျဖ႐ွင္းေနတဲ့တေလ်ွာက္ ငါတို႔မွာ
အခ်ိန္အလုံအေလာက္႐ွိပါတယ္၊
ေက်ာက္ေပါက္ယြမ္မွာ႐ွိတဲ့flash driveကိုလည္း
ငါငွါးလိုက္မွာမို္႔ အဲ့တာပါကူးေပး"
႐ွီက်င္း စဥ္းစားဆုံးျဖတ္လိုက္သည္ကို
ေ႐ွာင္စစ္ အတည္ျပဳၿပီးေနာက္
စကားအပိုမဆိုေတာ့ဘဲ အလုပ္စလုပ္ေတာ့သည္။
လက္ထဲတြင္ကိုင္ထားေသာ
memory cardမ်ားႏွင့္flash driveတို႔
ပူေႏြးလာသည္ကို ႐ွီက်င္း ခံစားလိုက္ရၿပီး
သူ႔လက္ေမာင္းမွတဆင့္ ေခါင္းအတြင္းသို႔
လ်ွပ္စစ္စီးေၾကာင္းတစ္ခု စီးဝင္ေရာက္သြားသည္။
ထိုခံစားခ်က္ႀကီးမွာ
မသက္မသာျဖစ္ရတာမ်ိဳး မဟုတ္ေသာ္ျငား
အလြန္ထူးဆန္းလွသျဖင့္ ေတာင့္တင္းမိ
သြားသည္။ထိုခံစားမႈကို သက္ေတာင့္သက္သာ
ေနသားက်ဖို႔ အခ်ိန္အေတာ္ယူလိုက္ရသည္။
ေက်ာက္ေပါက္ယြမ္၏အိတ္မွာ ႐ွန္႔အာ့ထင္၏
SUVကားေပၚတြင္႐ွိေနသျဖင့္
႐ွီက်င္းလည္း သူ႔ကိုယ္ေရးကိုယ္တာ
အခ်က္အလက္ကို အသုံးခ်ကာ
'အစ္ကိုျဖစ္သူကားထဲမေနရင္
မလုံျခံဳသလိုခံစားရသည္'ဟု ဆင္ေျခေပးလ်က္
ေျဗာင္က်က် ေလ်ွာက္သြားလိုက္သည္။
ကားထဲဝင္ၿပီးေနာက္ အိတ္ကိုေကာက္ယူကာ
အထဲမွ pen driveကို႐ွာယူလိုက္သည္။
သံသယအဝင္ခံရမည္ကို စိုးရိမ္သျဖင့္
ထိုပစၥည္းကို မခိုးေတာ့ဘဲ ထိုအစား အိတ္ကို
သူ႔လက္ေမာင္းၾကားထဲဖက္ကာ
မသိမသာအနည္းငယ္ေဖာက္လိုက္သည္။
ထို႔ေနာက္ ထိုင္ခုံတြင္ ေနာက္သို႔မွီကာ
အိပ္ေပ်ာ္ေနသလိုဟန္ေဆာင္ၿပီး
ထိုအေပါက္ေသးေသးေလးမွတဆင့္
flash driveကို ထိထားလိုက္သည္။
ထို႔ေနာက္ အမွန္တကယ္ပင္
အိပ္ေပ်ာ္သြားေလေတာ့သည္။လက္႐ွိ
ေဒတာမ်ားကိုကူးယူရန္
ေ႐ွာင္စစ္ထုတ္လႊတ္ေနေသာလ်ွပ္စစ္လိႈင္းမ်ားမွာ
'အႏိွပ္ဓာတ္ကုထုံး'ကဲ့သို႔ သက္ေတာင့္သက္သာ
ျဖစ္ေနရာ လြန္ခဲ့ေသာရက္မ်ားအတြင္း
ေကာင္းေကာင္းအနားမယူရပဲ
စိတ္လႈပ္႐ွားေနခဲ့ေသာ ႐ွီက်င္းမွာ
သတိလက္လြတ္ျဖင့္ အိပ္ေမာက်သြားေတာ့သည္။
ေ႐ွာင္စစ္သည္လည္း မႏိႈးယူေတာ့ဘဲ
႐ွီက်င္း အိတ္ကိုကိုင္ဆုပ္ထားပုံကို
ညိွ႔ယူျပဳျပင္ေပးၿပီး ခႏၶာကိုယ္ကို
ထိန္းခ်ဳပ္ကာ ကူးယူသည့္အ႐ွိန္ကို
ျမႇင့္တင္လိုက္သည္။
႐ွန္႔အာ့ထင္ ျပန္ေရာက္လာေသာအခါ သူ႔ကားထဲ
လုံးလုံးေလးအိပ္ေပ်ာ္ေနေသာ ႐ွီက်င္းအား
ျမင္လိုက္ရသည္။
အိပ္ေရးမ်ားပ်က္ခဲ့ျခင္းေၾကာင့္ ႐ွီက်င္း၏
မ်က္လုံးမ်ားမွာ မ်က္ကြင္းမ်ားညိဳမဲေနကာ
ညအလင္းေရာင္မိွန္မွိန္ေအာက္တြင္ သူ၏
ပုံပန္းသဏၭာန္မွာ အားနည္းပိန္ပါးလ်က္ရွိသည္။
သူ၏အသားအရည္ႏွင့္ခ်ည္အကႌ်ဟာင္းေလးမွာ
ထြက္ေျပးလာစဥ္က ေပခဲ့ေသာဖုန္အလိမ္းလိမ္းႏွင့္
ေပါက္ထြက္လာေသာခ်ဥ္ဖတ္မ်ားေၾကာင့္
ညစ္ပတ္ေပရည္ေနေလသည္။
ဆားရည္စိမ္ဘူးကြဲထြက္လာစဥ္က
စင္ခဲ့ေသာဖန္စမ်ားေၾကာင့္ သူ၏
လက္ေခ်ာင္းထိပ္မ်ားမွာ ျခစ္႐ွရာမ်ား႐ွိေနသည္။
႐ွန္႔အာ့ထင္သည္ ကားတံခါးကိုဖြင့္ကာ
႐ွီက်င္းအား အခ်ိန္အေတာ္ၾကာၾကာ
ေငးၾကည့္ေနမိသည္။ေလေျပတစ္ခ်က္
တိုက္ခတ္လိုက္ခ်ိန္တြင္ သူ႔ညီေလးမွာ
ညခ်မ္း၏ေအးစိမ့္မႈေၾကာင့္တုန္ရီကာ
ကိုယ္ကိုက်ံဳ႕လိုက္ေလသည္။ထိုအခါမွ
႐ွန္႔အာ့ထင္လည္း သတိျပန္ဝင္ကာ
ကားတံခါးကို တိုးတိုးတိတ္တိတ္ပိတ္ၿပီး
အထဲသို႔ဝင္လိုက္သည္။ထို႔ေနာက္ သူ၏
ကုတ္အကၤ်ီကိုခြၽတ္ကာ ႐ွီက်င္းအေပၚသို႔
လႊားျခံဳေပးလိုက္သည္။
႐ွန္႔အာ့ထင္မွာ အရပ္႐ွည္႐ွည္ ၊ခႏၶာကိုယ္မွာ
ေတာင့္တင္းခိုင္မာတာေၾကာင့္ သူ႔အဝတ္ေအာက္႐ွိ
ဆယ္ေက်ာ္သက္ေလးမွာ ပို၍ပင္
ေသးငယ္သြားသေယာင္႐ွိသည္။
ညဥ့္သန္းေခါင္ယံအခ်ိန္မ်ားသည္
လူတစ္ေယာက္၏ခံစားခ်က္စိတ္အစဥ္မ်ားကို
လိႈင္းထန္ေအာင္ လုပ္ေပးေလ့႐ွိသျဖင့္
႐ွီက်င္း၏လက္႐ွိအေနအထားပုံစံေလးသည္
႐ွန္႔အာ့ထင္၏ခံစားခ်က္မ်ားကို
ကေသာင္းကနင္းျဖစ္ေစသည္။သူသည္
လက္ကိုင္ဖုန္းကိုထုတ္ကာ ႐ွီေဝခ်ဳံးဆီသို႔
စာတစ္ေစာင္ပို႔လိုက္ေလသည္။
[အစ္ကိုႀကီး ၊ ကြၽန္ေတာ္တို႔
အမွားလုပ္ခဲ့မိတယ္ထင္တယ္]
႐ွီေဝခ်ဳံးမွ စာျပန္မလာေပ။ၾကည့္ရတာ
အိပ္ယာဝင္သြားၿပီျဖစ္ေကာင္းျဖစ္ႏိုင္သည္။
ႏွစ္အေတာ္ၾကာ ကိုယ္စည္းကိုယ္ကမ္းႏွင့္
ေနထိုင္လာေသာေၾကာင့္ ဤေဖာ္ျပ၍မရႏိုင္ေသာ
ခံစားခ်က္လိႈင္းတံပိုးမွာ ျမန္ျမန္ဆန္ဆန္ပင္
တည္ၿငိမ္သြားခဲ့သည္။သူ ႐ွီေဝခ်ဳံးဆီ
ပို႔လိုက္ေသာစာအား ျပန္ၾကည့္တာ
အခ်ိန္ခဏတုံ႔ဆိုင္းသြားမိပင္မဲ့
ျပန္ေတာ့မဖ်က္လိုက္ေပ။
ထိုအစား ႐ွီက်င္းအားဓာတ္ပုံ႐ိုက္လိုက္ၿပီး
႐ွီေဝခ်ဳံးဆီသို႔ပင္ ထပ္မံပို႔ေပးလိုက္သည္။
ထို႔ေနာက္ ဖုန္းကိုခ်ၿပီး ႐ွီက်င္းဆီသို႔ကုန္းကာ
ခါးပတ္ပတ္ေပးလိုက္သည္။ၿပီးေသာ္
သူ႔အဖြဲ႔သားမ်ားဆီသို႔ဆက္သြယ္ကာ မစ္႐ွင္
ေအာင္ျမင္ေၾကာင္းေၾကညာၿပီး အျပန္ခရီးကို
စတင္ေတာ့သည္။
ေ႐ွာင္စစ္၏စီကနဲေအာ္ျမည္သံေၾကာင့္
႐ွီက်င္းႏိုးသြားရသည္။အိပ္မႈန္စုံဝါး
မ်က္လုံးဖြင့္ၾကည့္ေသာအခါ ေကာင္းကင္ႀကီးမွာ
လင္းထိန္ေနၿပီျဖစ္သည္။သူသည္လည္း
သူ႔ကိုယ္ပိုင္ဟုတ္မည္မထင္ေသာ
အလြန္ႀကီးမားလွသည့္ ညဝတ္အကၤ်ီတစ္စုံကို
ဝတ္ဆင္ထားၿပီး မရင္းႏွီးလွေသာ
ဟိုတယ္ခန္းတစ္ခုထဲသို႔ ေရာက္ေနသည္ကို
ေတြ႔လိုက္ရသည္။သူမွတျခား မည္သူမွမ႐ွိေခ်။
"ဘာျဖစ္တာလဲ ? "
႐ွီက်င္းသည္ သမ္းေဝလ်က္
ေကာင္းေကာင္းအိပ္ေပ်ာ္သြားျခင္းေၾကာင့္
ေ႐ွာင္စစ္အား ေနာင္အားသည့္အခ်ိန္မ်ားတြင္
ထိုလ်ွပ္စစ္အႏိွပ္ကုထုံးမ်ိဳး ထပ္လုပ္ခိုင္းရမည္ဟု
စဥ္းစားမိသည္။
ေ႐ွာင္စစ္၏အသံမွာ အထိတ္တလန္႔ျဖင့္
<က်င္းက်င္း! ဒါလင္ရဲ႕ဘားတန္းက
စတက္ေနၿပီ. . .အခု၆၀၀ကို ေရာက္ေနၿပီ!>
"ေအာ္.."
႐ွီက်င္းသည္ ေစာင္ကိုစိတ္ေက်နပ္သည္အထိ
ေခါက္ခတ္ၿပီး မ်က္လုံးျပန္ပိတ္လိုက္သည္။
ႏွစ္စကၠန္႔ေလာက္အၾကာက် အလန္႔တၾကား
ထထိုင္ကာ ေအာ္ေတာ့သည္။
" ဘာ ! ? ဘယ္သူ႔ယူနစ္ဘား ?
ထပ္ေျပာစမ္း ! "
ေ႐ွာင္စစ္မွာ ငိုေတာ့မည့္အသံႏွင့္
<ဒါလင္ ၊ ဒါလင့္ယူနစ္ဘား !
ထပ္တက္သြားျပန္ၿပီ...အခု ၆၁၀မွာ ! >
႐ွီက်င္း အခ်ိန္တစ္ေအာင့္ၾကာသည္အထိ
ေအးခဲသြားမိသည္။ထို႔ေနာက္ ခုတင္ေပၚမွ
ဝ႐ုန္းသုန္းကား ဆင္းကာ သူ႔ဖုန္းႏွင့္အိတ္ကို
႐ွာေသာ္လည္း မေတြ႔ေပ။သူ႔အား ဒီေနရာသို႔
႐ွန္႔အာ့ထင္ေခၚလာေၾကာင္း
ေ႐ွာင္စစ္ေျပာေသာအခါ သူ႔ပစၥည္းအားလုံး
ေဘးကပ္ရပ္႐ွိ ႐ွန္႔အာ့ထင္အခန္းတြင္ ႐ွိႏိုင္သည္။
ထို႔ေၾကာင့္ အေလာတႀကီးေျပးသြားကာ
တံခါးေခါက္လိုက္သည္။
ခဏအၾကာတြင္ ႐ွန္႔အာ့ထင္သည္ ပဝါျဖင့္
သူ၏ေခါင္းစိုစိုကိုသုတ္ရင္း တံခါးဖြင့္လာသည္။
သူသည္ ေရခ်ိဳးဝတ္႐ုံကို ဝတ္ဆင္ထားၿပီး
သူ၏အသားအရည္တြင္ ေရစက္ေလးမ်ား
တြဲခိုေနသည္မွာ မၾကာေသးခင္ကမွ ၊
ေရခ်ိဳးခန္းအတြင္းမွ ထြက္လာပုံရသည္။
႐ွီက်င္း၏ ပ်ာယာခတ္ေနေသာအမူအရာေၾကာင့္
မ်က္ေမွာင္ၾကဳတ္ကာ ေမးသည္။
"ဘာျဖစ္လို႔လဲ ? "
႐ွီက်င္းသည္ သာမန္ကာလွ်ံကာ
"အိပ္မက္ဆိုးမက္လို႔ " ဟုဆိုၿပီး
႐ွန္႔အာ့ထင္အား အေနာက္သို႔တြန္းကာ
သူ႔အိတ္ကို ႐ွာေတာ့သည္။
ေတြ႔သည္ႏွင့္ ဖုန္းကိုေမႊေႏွာက္႐ွာယူကာ
စက္ဖြင့္ၿပီး ခ်က္ခ်င္း လ်န္ကြြၽင္းကို
ေခၚဆိုေတာ့သည္။
ဖုန္းဝင္သြားၿပီးလ်ွင္ၿပီးခ်င္းပဲ လ်န္ကြၽင္းမွ
ကိုင္လိုက္သည္။
{႐ွီက်င္း? }
ေလသံအသြားအလာအရ မည္သည္မွ
မျဖစ္ေသးေၾကာင္းသိလိုက္ရ၍ သက္ျပင္းခ်ကာ
ၾကမ္းျပင္ေပၚစိတ္သက္သာစြာ ထိုင္ခ်လိုက္သည္။
"ကြၽန္ေတာ္ပါ ၊ ကြၽင္းေ႐ွာက္တို႔ဘက္မွာေရာ
အေျခအေနေတြဘယ္လို႐ွိလဲ ? "
လ်န္ကြၽင္းသည္ ႐ွီက်င္းအေမးကို
ေျဖမည့္အစား သူမွ ထပ္ေမးလိုက္သည္။
{႐ွီက်င္း.. မင္း ျပန္မလာေသးဘူးလား ? "
႐ွီက်င္း ေၾကာင္ေတာင္ေတာင္ျဖစ္သြားကာ
"ဟင္ ? ဘာေျပာလိုက္တာ ? "
လ်န္ကြၽင္း ေခတၱခဏ တိတ္ဆိတ္သြားၿပီးမွ
အေသးစိတ္ေျပာျပသည္။
{မင္းတာဝန္ၿပီးဆုံးသြားၿပီလို႔ ဒီမနက္ပဲ
အစိုးရဘက္က တင္ျပလာတယ္၊
စစ္အမႈထမ္းေတြအားလုံးလည္း Bၿမိဳ႕ကို
ျပန္ေရာက္ေနၿပီ. . .႐ွီက်င္း မင္းဘာလို႔
ကလပ္ကို ျပန္မေရာက္ေသးတာလဲ ?
မဟုတ္မွလြဲေကာ . . .
မင္းျပန္မလာေတာ့ဘူးလား ? }
"ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ ! "
႐ွီက်င္း က်ယ္ေလာင္စြာ ေခ်ပလိုက္သည္။
ထို႔ေနာက္ သူအနည္းငယ္စိတ္အလႈပ္႐ွား
လြန္သြားမွန္း သတိျပဳမိရာ အသံကိုေလ်ာ့ခ်ၿပီး
႐ွင္းျပသည္။
"ကြၽန္ေတာ့္အလုပ္ၿပီးၿပီးခ်င္း အိပ္ေပ်ာ္သြားတာ
အခုမွႏိုးတယ္၊ အခုကြၽန္ေတာ္ ဟိုတယ္မွာ...
ကြၽန္ေတာ္ျပန္လာခဲ့မယ္၊ကြၽင္းေ႐ွာက္ေရာ
အခုကလပ္မွာပဲလား ? "
ေက်းဇူးျပဳၿပီး...ေက်းဇူးျပဳ၍ ကလပ္မွာပဲလို႔
ေျပာပါ !!
လ်န္ကြၽင္း၏အသံမွာ ပုံမွန္ျပန္ျဖစ္သြားကာ ဆိုသည္။
{ဟင့္အင္း}
"ေအာ္ မဟုတ္ဘူးလား . . .ဟမ္?
မဟုတ္ဘူးလား ! ? ဘယ္မွာလဲ? ကြၽင္းေ႐ွာက္
ဘာလုပ္ဖို႔စီစဥ္ေနတာလဲ. . .ဟို. . ."
ခင္ဗ်ားရဲ႕ယူနစ္ဘားက ကမူး႐ူးထိုး
ထိုးတက္ေနတာ သိရဲ႕လား ? !
လ်န္ကြၽင္း၏အသံအား ၾကားစဥ္က
ေနရာတက် ျပန္လည္တည္ၿငိမ္သြားေသာ
႐ွီက်င္း၏ ႏွလုံးသားေလးမွာ အခုေတာ့
လည္ေခ်ာင္းအတြင္းမွ ထပ္မံခုန္ထြက္ေတာ့မလိုပင္။
သူသည္ ဘားတန္းအား အာ႐ုံစိုက္ၾကည့္ရင္း
တစ္ဖက္လူ၏တုံ႔ျပန္မႈကိုပင္ မေစာင့္ဘဲ
မအီမသာေမးလိုက္သည္။
"အခုကားထဲမွာလား? ဘယ္သြားေနတာလဲ ? "
အခုေလးတင္ ကားေပၚတက္လိုက္ေသာ
လ်န္ကြြၽင္းသည္ ႐ွီက်င္း၏တိက်လွေသာ
ခန္႔မွန္းေခ်ေၾကာင့္ အနည္းငယ္အံ့အား
သင့္သြားကာ ျပန္ေျဖရန္ပင္
ေႏွာင့္ေႏွးသြားသည္။သက္ေတာင့္သက္သာ
ျဖစ္မည့္အေနအထားကို ထိုင္ၿပီးမွ ေျဖလိုက္သည္။
"သူငယ္ခ်င္းေဟာင္းတစ္ေယာက္နဲ႔
ေန႔လည္စာသြားစားမလို႔။ ဟိုတယ္မွာ
မင္းကိုလာႀကိဳဖို႔ Gua Yiကို
ဖုန္းဆက္ေမးလိုက္၊ ၿပီးေတာ့. . .
မစ္႐ွင္မွာ မင္းေကာင္းေကာင္းလုပ္ႏိုင္ခဲ့တယ္။
ငါဖုန္းခ်လိုက္ေတာ့မယ္..ညစာစားခ်ိန္က်
ေတြ႔ၾကတာေပါ့ "
ထိုသို႔ျဖင့္ ဖုန္းေခၚဆိုမႈအဆုံးသတ္သြားသည္။
႐ွီက်င္းမွာ သီးမတတ္ျဖစ္သြားရသည္။
ဖုန္းတစ္ဖက္မွ မအားလပ္ေသာ
အေျခအေနကိုနားေထာင္အၿပီး
သူ၏ႏွလုံးသားမွာ ေအးစက္သြားသည္။
၇၅၀သို႔ေရာက္ေနၿပီျဖစ္ေသာ
လ်န္ကြၽင္း၏ယူနစ္ဘားကို ၾကည့္ကာ
ေနာက္မတြန္႔ေနေတာ့ဘဲ ထိုလူအား
ထပ္ဖုန္းေခၚလိုက္သည္။
ပထမအႀကိမ္ကဲ့သို႔ လ်န္ကြၽင္းသည္
ျမန္ျမန္ဆန္ဆန္ပင္ ဖုန္းကိုင္လာၿပီး
{ဘာျဖစ္လို႔လဲ? }
"ကြၽင္းေ႐ွာက္, အဲ့သူငယ္ခ်င္းနဲ႔မေတြ႔လို႔
မရဘူးလား ? "
႐ွီက်င္းသည္ တည့္တိုးသာေမးလိုက္သည္။
လ်န္ကြၽင္းသည္ ျပန္ေျဖဖို႔ အခ်ိန္ခဏယူလိုက္ရၿပီး သူ၏အသံမွာ ပို၍ ေအးေဆးသြားသလိုပင္။
{စိတ္မပူပါနဲ ့ ၊ ငါဘာစားရမလဲ
ေသခ်ာဂ႐ုစိုက္မွာပါ၊ ကလပ္ကိုသာ ျပန္လိုက္...
ညစာစားခ်ိန္ မတိုင္မီ ငါျပန္လာခဲ့မယ္}
ဘားတန္းက ေသာက္ရမ္းျမန္ေနတာ. . .
ညစာကို ေမ့လိုက္ဦး..
ေန႔လည္စာစားၿပီးခ်ိန္ထိ ခင္ဗ်ားအသက္႐ွင္ေနရင္
ထူးဆန္းအံ့ျသဖြယ္ ျဖစ္ေနဦးမယ္ !
႐ွီက်င္းမွာ စိုးရိမ္တႀကီးျဖစ္ေနရေသာ္ျငား
ထိုဦးတည္ရာတြင္ အႏၱရာယ္႐ွိေၾကာင္းလည္း
တိုက္႐ိုက္ေျပာဆို၍ မရႏိုင္ေပ။
ပိုမို စိတ္ေလာလာေလ လ်န္ကြၽင္းအား
မည္သို႔ေျဖာင္းဖ်ရမွန္း မသိေလျဖစ္ရာ
ပူပန္ေသာကမ်ားလြန္း၍ ဆံပင္မ်ားပင္
ကြၽတ္ေတာ့မလိုခံစားလာရသည္။
လ်န္ကြၽင္းဘက္မွ ဖုန္းခ်ေတာ့မည့္
အရိပ္အေယာင္ျပေသာအခါ ႐ွီက်င္း၏
စိတ္တို႔မွာ တစ္စကၠန္႔ေလာက္ ဗလာက်င္းသြားကာ
ေအာ္ေျပာေတာ့သည္။
"ကြၽင္းေ႐ွာက္ကို တျခားသူေတြနဲ႔
ထမင္းအတူ စားခြင့္မျပဳႏိုင္ဘူး!
ကြၽန္ေတာ္တစ္ေယာက္တည္းနဲ႔ပဲ စားရမယ္ ! "
မ်က္စိတစ္မိွတ္အတြင္းမွာ ေလထုဟာ
ၿငိမ္သက္သြားၿပီး ဖုန္းတစ္ဘက္ျခမ္းမွလည္း
တိတ္ဆိတ္သြားသည္။
႐ွီက်င္း၏ေဘးတြင္ မတ္တပ္ရပ္ေနေသာ
႐ွန္႔အာ့ထင္၏လက္မွာ ပဝါကို
တင္းတင္းက်ပ္က်ပ္ဖိကိုင္ကာ
သူ႔ႂကြက္သားမ်ားႏွင့္ေသြးေၾကာတို႔
ေပါက္ထြက္မတတ္ လက္သီးဆုပ္လိုက္မိသည္။
သူ၏မ်က္ႏွာမွာ မာထန္ေနၿပီး စိတ္တို႔မွာလည္း
ကေယာက္ကယက္ျဖစ္လာသည္။
{ ႐ွီက်င္း }
လ်န္ကြြၽင္းဘက္မွ တိတ္ဆိတ္မႈကို
အရင္ၿဖိဳခြဲလိုက္ေသာ္လည္း စိတ္တိုေဒါသျဖစ္ျခင္း
အလ်င္းမ႐ွိေပ။သူ၏အသံမွာ ျပတ္သားေသာ္လည္း
စကားလုံးမ်ားက ေခ်ာ့ေခ်ာ့ေမာ့ေမာ့ျဖစ္သည္။
{ေခါင္းမမာစမ္းနဲ႔ ၊ စားၿပီးတာနဲ႔ခ်က္ခ်င္း
ျပန္လာခဲ့မွာပါ။ အဲ့သူငယ္ခ်င္းက ငါ့အသက္ကို
တစ္ခါကယ္ဖူးတယ္...ဒါေၾကာင့္ သူ႔အေပၚ
ေလာကဝတ္အရ အေလးထားသင့္တယ္ေလ}
ေသစမ္း. . .
လက္စသတ္ေတာ့ အဲ့လိုဆက္ဆံေရးမ်ိဳး
ျဖစ္ေနတာကိုး ...လ်န္ကြၽင္းရဲ႕အက်င့္အရဆို
သူ႔အသက္သခင္ေက်းဇူး႐ွိဖူးသူကို
ေပါ့ေပါ့တန္တန္ သေဘာထားမွာ
မဟုတ္ေတာ့ဘူး. . .
ၾကည့္ရတာ ဒီေတြ႔ဆုံမႈကို တားဖို႔
မျဖစ္ႏိုင္ေတာ့ဘူးပဲ
႐ွီက်င္းသည္ သူ႔နဖူးသူ ဖိႏိွပ္ကာ
စိတ္ၿငိမ္ေအာင္ လုပ္လိုက္သည္။
ေလာေလာဆယ္ ျမင့္တက္ေနေသာဘားတန္းကို
ဆက္မၾကည့္ေတာ့ဘဲ ဘားတန္းသည္
အျမင့္ဆုံးအမွတ္သို႔ မေရာက္မခ်င္း
အႏၱရာယ္က်ေရာက္မည္ မဟုတ္ေသးေၾကာင္း
ကိုယ့္ကိုယ္ကို ႏွစ္သိမ့္လိုက္သည္။
သူ၏ႏွလုံးခုန္သံ ပုံမွန္ျဖစ္သြားမွာ
အသိေပးေလသည္။
"ဒါဆို ကြၽန္ေတာ္ အခုခ်က္ခ်င္း
ကြြၽင္းေ႐ွာက္ဆီလာခဲ့မယ္. . .
ကြၽင္းေ႐ွာက္တစ္ေယာက္တည္းဆို
ဘယ္လိုေတြစားမလဲ မယုံလို႔ ၊ ကြၽန္ေတာ္
ကြၽင္းေ႐ွာက္နဲ႔အတူ စားခ်င္တယ္"
{႐ွီက်င္း. . }
"ကြၽင္းေ႐ွာက္နဲ႔တူတူ စားခ်င္တယ္လို႔"
႐ွီက်င္း အေလးအနက္တိုက္တြန္းသည္။
တျခားသူ၏႐ႈေထာင့္မွၾကည့္လ်ွင္ ႐ွီက်င္း၏
အမူအက်င့္မ်ားမွာ တစ္ကိုယ္ေကာင္းဆန္သလို
အနည္းလည္း အလိုလိုက္ခံထားရသကဲ့သို႔ပင္။
သူသည္ မိမိကိုယ္ကို တရားမ်ွတမႈ႐ွိသကဲ့သို႔
"ကြၽန္ေတာ္က ကြၽင္းေ႐ွာက္နဲ႔အတူတူ
လိုက္ပါၿပီးစားေသာက္ရမယ္လို႔
ကြၽင္းေ႐ွာက္ပဲေျပာထားတာမလား။ အခု
ကြၽန္ေတာ္Bၿမိဳ႕ကို ျပန္ေရာက္ၿပီမို႔ ကြၽန္ေတာ့္ကို
ခ်န္ထားခဲ့စရာ အေၾကာင္းကိုမ႐ွိဘူး"
တစ္ေအာင့္မ်ွ တိတ္ဆိတ္သြားၿပီးေနာက္
လ်န္ကြၽင္းသာ လက္နက္ခ်အညံ့ခံလိုက္ရသည္။
သူသည္ လိပ္စာကိုေျပာျပလိုက္ၿပီး
{အဲ့ေနရာကိုလာခဲ့ ၊ မင္းကိုႀကိဳဖို႔ Gua Erကို
လႊတ္လိုက္မယ္ }
"ဟင့္အင္း! Gua Erက ကြၽင္းေ႐ွာက္နဲ႔ပဲ
တူတူ႐ွိသင့္တာ...ကြၽန္ေတာ့္ဘာသာပဲ လာခဲ့မယ္ "
႐ွီက်င္း ကတိုက္က႐ိုက္တားၿပီး သက္ျပင္းခ်
လိုက္သည္။ဖုန္းခ်ကာ အိတ္ထဲမွာ
ကုတ္အက်ႌတစ္ထည္ကိုဆြဲထုတ္ ဝတ္ဆင္ၿပီး
မတ္တပ္ရပ္လိုက္သည္။ညဝတ္အကၤ်ီအား
လဲရန္ပင္ စိတ္ကူးမ႐ွိဘဲ လွည့္ထြက္ကာ
လ်န္ကြၽင္းဆီသြားရန္ျပင္လိုက္သည္။
႐ွန္႔အာ့ထင္သည္ လက္လွမ္းကာ ႐ွီက်င္း၏
ပုခုံးအား ဆုပ္ကိုင္လိုက္သည္။သူ႔အမူအရာမွာ
စကားေျပာခ်င္သလို ေနမထိထိုင္မထိ
ျဖစ္ေနေသာ္လည္း သူ႔စိတ္သူထိန္းခ်ဳပ္ကာ
အဆုံး၌ ဘာမွမဆိုႏိုင္ေပ။
သူ႔အမူအရာမွာ ႐ွီက်င္းကို စဥ္းစားရခက္ေစသလို
အနည္းငယ္စိုးရိမ္ေစသည္။သူသည္
႐ွန္႔အာ့ထင္၏လက္ကိုဖယ္ထုတ္ကာ ေျပာသည္။
"စတုတၳအစ္ကို, ကြၽန္ေတာ့္အိတ္ကို
ကလပ္ဆီပို႔ေပးပါ၊ ကြၽင္းေ႐ွာက္ဆီအမွီသြားရမွာမို႔
ကြၽန္ေတာ္အရင္ျပန္ႏွင့္မယ္ "
"ငါသိပါတယ္ ၊ မင္းေျပာတာေတြ ငါၾကားတယ္"
႐ွန္႔အာ့ထင္ေလသံမွာ မာေၾကာေနၿပီး
တစ္ခုခုေမးခ်င္သလို ႐ွီက်င္း၏ပုခုံးကို
ဖိဆုပ္ထားဆဲျဖစ္သည္။သို႔ေသာ္ ႐ွီက်င္း၏
အမူအရာမွာ ပို၍ပို၍ စိတ္မ႐ွည္ျဖစ္လာၿပီး
ပုခုံးေပၚမွသူ႔လက္အား တြန္းဖယ္ရန္
အားသန္လာသည္။႐ွန္႔အာ့ထင္လည္း
ေျပာခ်င္သည့္စကားမ်ားကိုျပန္ၿမိဳခ်ကာ
လက္လႊတ္ေပးလိုက္သည္။ထို႔ေနာက္
ကိုယ္ကိုကိုင္းကာ ႐ူးဖိနပ္တစ္စုံကို
႐ွီက်င္းအေ႐ွ႕သို႔ ခ်ေပးရင္း
ေျပာလိုက္သည္။
"ဘာေတြအလ်င္လိုေနတာလဲ? အရင္ဆုံး
အဝတ္လဲသန္႔စင္လိုက္ဦး. . .ၿပီးရင္
ငါကားေမာင္းၿပီးလိုက္ပို႔ေပးမယ္၊ မင္းဘာသာ
သြားတာထက္ ပိုျမန္တာေပါ့"
႐ွီက်င္း ႐ုန္းကန္ေနသည္ကိုရပ္လိုက္သည္။
သူသည္ အက်ိဳးအေၾကာင္းကိုခ်င့္ခ်ိန္လိုက္ၿပီး
အဝတ္အစားမ်ားေကာက္ယူကာ
ေရခ်ိဳးခန္းထဲအေျပးဝင္ရင္း ေအာ္ေျပာသည္။
"ခဏေလးပဲေစာင့္ စတုတၳအစ္ကို! ငါးမိနစ္..
မဟုတ္ဘူး..ႏွစ္မိနစ္ပဲေစာင့္! ကြၽင္းေ႐ွာက္
ေစာင့္ေနလို႔ ျမန္ျမန္သြားရမယ္ "
႐ွန္႔အာ့ထင္ခဗ်ာ တံခါးကို အလ်င္အျမန္
ေဆာင့္ပိတ္ကာ ရွီက်င္းကိုျပန္ဆြဲခ်ဳပ္ၿပီး
ဆုံးမေျပာဆိုခ်င္ေသာဆႏၵမ်ားကို
အေတာ္ဖိႏိွပ္ထားရသည္။သူ႔ကိုယ္သူ
စိတ္႐ွည္ရန္ေျပာၾကားၿပီး ကိုယ္ကိုလွည့္ကာ
႐ွီေဝခ်ဳံးဆီဖုန္းဆက္ရန္ လက္ကိုင္ဖုန္းအား
ေကာက္ယူလိုက္သည္။
၁၅မိနစ္ခန္႔ၾကာၿပီးေနာက္
ညီအစ္ကိုႏွစ္ေယာက္ ကားေပၚတက္ကာ
ဟိုဟယ္မွထြက္ခြာလာခဲ့ၾကသည္။
ကားတံခါးပိတ္ၿပီးသည္ႏွင့္
႐ွီက်င္းသည္ လ်န္ကြၽင္းအား ဖုန္းေခၚသည္။
ယူနစ္ဘားအား ေစာင့္ၾကည့္ထားလ်က္
အေၾကာင္းအရာတစ္ခုၿပီးတစ္ခု ကူးေျပာင္း
ေျပာဆိုရင္း လ်န္ကြၽင္း၏ထိုသူငယ္ခ်င္းေဟာင္း
အေၾကာင္းကို သိရေအာင္ ကေလာ္ဆြဖို႔
ႀကိဳးစားသည္။
လ်န္ကြၽင္း၏စိတ္မွာ ခန္႔မွန္းရခက္ေသာ္လည္း
မထင္မွတ္စြာ ႐ွီက်င္းႏွင့္စကားေဖာင္ဖြဲ႔ေနသည္။
ထို႔အျပင္ သူ၏သေဘာထားမွာ စိတ္႐ွည္ကာ
အလိုလိုက္ထားေလသည္။
႐ွန္႔အာ့ထင္မွာ နားေထာင္ေလေလ
စတီယာတိုင္အား ဆုပ္ကိုင္ထားေသာလက္မ်ားမွာ
လက္ဆစ္မ်ားျဖဴလာသည္အထိ
ပိုမိုတင္းက်ပ္လာသည္။ဆက္လက္
သည္းညည္းမခံႏိုင္ေတာ့သည့္အေလ်ာက္
႐ုန္က်ိဳးက်ံဳး၏ဖုန္းနံပါတ္အား ႏိွပ္လိုက္ေလသည္။
ဖုန္းဝင္သြားေသာအခါ ေမးျမန္းလိုက္သည္။
"အစ္ကို Bၿမိဳ႕မွာလား ? "
{ဟုတ္တယ္ေလ ၊ အခုနားရက္ရလို႔. . .
ဘာလို႔လဲ ?}
႐ုန္က်ိဳးက်ံဳး၏အသံမွာ အနည္းငယ္
ဗလုံးဗေထြးျဖစ္ေနေလရာ
တစ္ခုခုစားေသာက္ေနပုံရသည္။
႐ွန္႔အာ့ထင္သည္ မိမိပတ္ဝန္းက်င္
အေျခအေနအား လုံးလုံးလ်ားလ်ားလ်စ္လ်ဴရႈၿပီး
စကားေလ႐ွည္ေနေသာ ေဘးခုံတြင္
ထိုင္ေနသည့္႐ွီက်င္းအား ၾကည့္ကာ
အံႀကိတ္လိုက္သည္။သူသည္ လ်န္ကြၽင္းႏွင့္
ထိုသူမိတ္ေဆြတို႔ ေတြ႔မည့္စားေသာက္ဆိုင္
လိပ္စာအား ေျပာျပလိုက္ၿပီးဆိုသည္။
"အဲ့ကို အခုခ်က္ခ်င္းသြားလိုက္. .
အစ္ကိုႀကီးလည္း လာလိမ့္မယ္ "
{ဘာေတြျဖစ္ကုန္ ? ငါတို႔ ညစာတူတူ
စားၾကမလို႔လား ?}
႐ုန္က်ိဳးက်ံဳး အံျသတႀကီး ေမးလိုက္သည္။
"မဟုတ္ဘူး"
႐ွန္႔အာ့ထင္၏ႏႈတ္ခမ္းပါးမ်ားမွာတင္းတင္းစိလ်က္
အသံမွာ သံမဏိအလားမာေၾကာေနသည္။
"ကြၽန္ေတာ္တို႔ က်င္းေလးရဲ႕သူေဌးနဲ႔
စကားေျပာၾကမလို႔"
===========================
အခန်း(၂၇)ညစာ
ရှန့်အာ့ထင်နှင့်သူ့အဖွဲ့သည်အနီးအနားရှိ
စွန့်ပစ်ထားသောယာတောအိမ်ထဲတွင်
ပုန်းခိုနေကြသည်။ထိုအချိန်ကားသုံးစီးသည်
အရှိန်ပြင်းစွာမောင်းနှင်ဖြတ်သန်းသွားကာ
သေနတ်သံများပါကြားရသဖြင့်တစ်စုံတစ်ရာ
ဖြစ်ပွားနေပြီဖြစ်ကြောင်း
သဘောပေါက်လိုက်သည်။အပြင်ဘက်ရှိ
အခြေအနေများကို သွားရောက်ကြည့်ရှုရန်
ပြင်စဉ်မှာပဲ ရှီကျင်းဆီမှ စာအား လက်ခံရရှိလေသည်။
ရှန့်အာ့ထင်၏အမူအရာမှာ ချက်ချင်း
ပြောင်းလဲသွားပြီးေခြရာခံစက်ကိုထုတ်ကာ
ရှီကျင်း၏တည်နေရာကို စစ်ဆေးလိုက်သည်။
သင်္ကတေလေး လျင်မြန်စွာရွေ့လျားနေသည်ကို
အတည်ပြုမိသည်နှင့့်တခြားအဖွဲ့သားများကို
လှုပ်ရှားရန်အမိန့်ပေးပြီး ထင်းပုံနောက်တွင်
ကွယ်ရပ်ထားသော ကားဆီသို့ပြေးတော့သည်။
ကောင်းကင်ကြီးမှာမှောင်မိုက်နေပြီဖြစ်ပြီး
ရွာတွင်လမ်းမီးမရှိသည့်အပြင်လမ်းများက
ကျဉ်းမြောင်းသေးသည့်အတွက်ညအချိန်
ကားမောင်းရခြင်းမှာ အလွန်အရဲစွန့်ရပေသည်။
ကျောက်ပေါက်ယွမ်မောင်းနေသော
Vanကားမှာ ကိုယ်ထည်ကြီးပြီး
နှေးကွေးလေးလံလှသဖြင့်လွယ်ကူသောပစ်မှတ်
တစ်ခုလိုပင်။လူကြီးမှာဒေါသကြီးလျက်
စိုးရိမ်ကြောင့်ကြဖြစ်နေရသည်။သူတို့၏
ပတ်ပတ်လည်တွင်ရှင်းလင်းနေသော
ယာခင်းများသာရှိလေရာ ပုန်းစရာနေရာဟူ၍
မရှိပေ။သူသည်ရှီကျင်းအား
အဆောတလျင်အသံဖြင့်အော်ပြောသည်။
"မြန်မြန်! သူတို့ကိုပစ်လိုက်! ရအောင်တား ! "
ရှီကျင်းသည်စိတ်အတွင်းကျိန်ဆဲလိုက်ကာ
လူကုန်ကူးသမားအတွက်ကိစ္စများ
အဆင်ချောအောင်လုပ်ပေးမည်မဟုတ်ချေ။
ထို့ကြောင့်သူသည်ကြောက်လန့်နေသော
အမူအရာဖြင့်ညည်းညူသည်။
"အကိုလျို. . ကျနော်မလုပ်နိုင်ဘူး !
ခုလေးတင်ကျည်က ကျနော့်ဆံပင်ဘေးက
ဖြတ်သွားတာ. . .
ကြောက်တယ်..! ကျနော်ဆက်မလုပ်နိုင်တော့ဘူး
အိမ်ပြန်မယ်! မားကိုတွေ့ချင်တယ်. . ! "
" ချီးပဲ !စောက်သုံးမကျလိုက်တာ ! "
ကျောက်ပေါက်ယွမ်သည်ဒေါသကြောင့်
ပါးစပ်ပင်ရွဲ့ချင်လာသလိုဖြစ်ကာ
ကြိမ်းမောင်းလိုက်သည်။သူသည်
စတီယာတိုင်အားဒေါသူပုန်ထစွာထုရိုက်ပြီး
အံကြိတ်ကာ အရှိန်မြှင့်ရုံမှတစ်ပါး
ရွေးချယ်စရာမရှိတော့ပေ။ရွာ၏
လူနေထူထပ်သောနေရာသို့
အမြန်ရောက်မှနေထိုင်သူများကို ကာဗာအဖြစ်
အသုံးပြုရနိုင်မည်ဖြစ်သည်။
ရှီကျင်းလည်းနောက်ခုံတွင်ကွေးကွေးလေးနေ
နေတော့သည်။ကျောက်ပေါက်ယွမ်က သူ
့အားအာရုံမထားသည်ကိုမြင်သော်
ဖုန်းအသေးလေးကိုထုတ်ကာ ရှန့်အာ့ထင်ဆီသို့
ခေါ်ဆိုလိုက်သည်။
အစ်ကိုဖြစ်သူမှာ ချက်ချင်းဖုန်းကိုင်လိုက်ပြီး
{အဆင်ပြေရဲ့လား ? ငါအခုချက်ချင်း
မင်းဆီလာနေပြီ၊ ငါတို့မရောက်မချင်း
ကိုယ့်ကိုယ်ကိုသေချာဂရုစိုက်နော်}
"မား... ကျနော်အိမ်ပြန်ချင်တယ်.. ဝူး ...ဝူး .. "
ကျောက်ပေါက်ယွမ်ဆီသို့ ဖြတ်ကနဲ
တစ်ချက်လှမ်းကြည့်ပြီးမှ သူ၏မျက်နှာကို
ဆားရည်စိမ်ဘူးနှင့်ကွယ်ကာ ငိုယိုနေသော
အသံဖြင့်ရှိုက်ငင်သည်။
"မား. . .ကျနော်အကို့မင်္ဂလာဆောင်တွက်
ငွေရပြီမို့ အိမ်ပြန်ချင်တယ်. . .
သဘောကောင်းတဲ့ဦးလေးကြီးနဲ့တူတူ ကားပေါ်မှာ၊
ကျနော်ကို မြန်မြန်လာခေါ်ပါ ! ဒီမှာက
ဆိုးဝါးလွန်းတယ်! "
ရှန့်အာ့ထင်သည်နှစ်စက္ကန့်လောက်
ထူးဆန်းစွာတိတ်ဆိတ်သွားပြီးမှ လီဗာကို
ဖိနင်းကာပြောသည်။
"မကြောက်နဲ့နော်၊ အစ်ကိုရောက်တော့မယ်...
ကျောက်ပေါက်ယွမ်ကိုလည်း မတိုက်ခိုက်နဲ့
ကိုယ့်ကိုယ်ကိုသာ ကာကွယ်နေ "
ရှီကျင်းမှာ ဆက်လက်အော်ငိုနေသည်။
အနောက်မှလိုက်နေသူများနှင့်အကွာအဝေး
အနည်းငယ်ခြားသွားချိန်တွင်
ကျောက်ပေါက်ယွမ်သည်အနောက်ဘက်သို့
လှမ်းကြည့်လိုက်ရာ ရှီကျင်း
တစ်ယောက်ယောက်နှင့်စကားပြောနေကြောင်း
သတိပြုမိသွားသည်။သူသည်ဒေါသတကြီး
အော်ဟစ်တော့သည်။
"မင်းဘယ်သူနဲ့စကားပြောနေတာလဲ ?
အဲ့ဖုန်းကိုဘယ်ကရတာလဲ ? "
ရှီကျင်းသည်အထိတ်တလန့်ဖြစ်သွားမည့်အစား
ဆားရည်စိမ်ဘူးကိုမြှောက်ပြကာ
မတရားခံရသလို အမူအရာဖြင့်
"ကျနော်ဒါနဲ့စကားပြောလို့ မရဘူးလား ?
ဒါက မားရဲ့အကောင်းဆုံးဆားရည်စိမ်!
ကျနော်သေတော့မှာမို့ ဒါနဲ့ ကျနော့မားကို
နှုတ်ဆက်နေတာ! "
ဘန်း !
ထိုအချိန်မှာပဲ ကျည်ဆံသည်နောက်မှန်မှ
ဖောက်ထွင်းလာကာ ဆားရည်စိမ်ဘူး၏
အလယ်ဗဟိုသို့ထိမှန်ပြီး ဘူးသည်လည်း
ချက်ချင်းကွဲထွက်သွားတော့သည်။
ထိုအခြင်းအရာကြောင့်ရှီကျင်းမှာ
အမှန်တကယ်ပင်အော်ငိုလုမတတ်
ထိတ်လန့်သွား ရသည်။ထို့ကြောင့်သူ့ကိုယ်ကို
လက်မောင်းနှင့်တင်းတင်းကြပ်ကြပ်ဖက်ကာ
ပေါက်တတ်ကရလျှောက်မလုပ်တော့ဘဲ
အငိုသန်သောကလေး တစ်ယောက်လို
လာရောက်ကယ်ဆယ်မည်ကို ငြိမ်ငြိမ်လေး
စောင့်နေလိုက်တော့သည်။
ဖန်ကွဲစများနှင့်ချဉ်ဖတ်စိမ်များ တစ်ပြိုင်နက်
ပြန့်ကျဲသွားသောကြောင့်ကျောက်ပေါက်ယွမ်မှာ
မြောင်းထဲသို့ ထပ်မံထိုးမောင်းမတတ်
ဖြစ်သွားရသည်။သူ၏နောက်ဆုံး
စဉ်းစားဆင်ခြင်ဥာဏ်မှာ ပျက်ဆီးသွားပြီဖြစ်သဖြင့်
ရှီကျင်းအား ဂရုမထားနိုင်တော့ဘဲ
သူတို့အနောက်ရှိကားများဆီသို့
တစ်ချက်ကြည့်လိုက်သည်။ထို့နောက်
ကုတ်အင်္ကျီအတွင်းမွှေနှောက်ရှာဖွေလိုက်ကာ
ဘဲဥပုံသေးငယ်သောပစ္စည်းလေးကို
ဆွဲထုတ်လိုက်သည်။ပြီးနောက်သူ၏သွားဖြင့်
စနက်တံကိုဆွဲဖြုတ်ပြီး ကားပြတင်းပေါက်ကို
ဖွင့်ကာ အနောက်သို့ လှမ်းပစ်လိုက်လေသည်။
ခွေးမသား !
ရှီကျင်းသည်ထိုပြန်ပေးဆွဲသမား လက်ပစ်ဗုံး
ထုတ်ယူလိုက်သည်ကိုမြင်သောအခါ
အလွန်အမင်း စွံ့အသွားရသည်။
ကျောက်ပေါက်ယွမ်၏တစ်ကိုယ်လုံးကို
အပေါ်အောက်တိတ်တဆိတ်အကဲခတ်
ကြည့်မိသည်။
ဒီလူဆီမှာ ဗီလိန်တစ်ယောက်ရဲ့
လိုအပ်ပစ္စည်းတွေပြည့်နေတဲ့
လျှို့ဝှက်အိတ်ထောင်များရှိနေလား ?
ဘုန်း ! !
အနောက်ဘက်တွင်ပေါက်ကွဲမှုဖြစ်သွားပြီး
ကျည်ဆံမိုးများလည်းလျော့နည်းသွားသည်။
လျုယွမ်သည်ရွာတစ်ဖက်စွန်းရှိ အပွင့်လမ်းမ
ဆီသို့ တည့်တည့်မတ်မတ်မောင်းနှင်လိုက်သည်။
သူသည်ဟိုင်းဝေးလမ်းမပေါ်တက်ရန်
ပြင်ဆင်နေစဉ်တွင်ပဲ အရှေ့ဘက်ဧရိယာမှ
မီးလုံးနှစ်လုံးတောက်ပလာသည်။
အနက်ရောင်SUVသည်လမ်းဘေးမှ
ထွက်ပေါ်လာကာ ကားလမ်းမအား
ဖြတ်ပိတ်လိုက်တော့သည်။
"ချီးပဲ ! ကားကိုဘယ်လိုမောင်းနေတာလဲ
သောက်ရူးရ ! "
ရှေ့မီးများကြောင့်မျက်စိပြာသွားသော
ကျောက်ပေါက်ယွမ်သည်ရှေ့မှကားအား
မတိုက်မိရန်ဘရိတ်ကို ဖိနင်းလိုက်ပြီး
ကားအတွင်းမှခေါင်းထွက်ကာ ဆဲဆိုသည်။
" မျက်စိကန်းနေတဲ့မအလလေး ! ငါ့ရှေ့ကနေ
ဖယ်စမ်း မဟုတ်ရင်ငါ့အကြောင်းသိမယ်နော်! "
ရှန့်အာ့ထင်သည်ကားတံခါးကိုဖွင့်ကာ ထွက်လာပြီး Vanကားဆီသို့ခြေလှမ်းကြဲကြဲဖြင့်
လှမ်းလျှောက်လာသည်။
ကျောက်ပေါက်ယွမ်သည်ကားမီးနှင့်ဆန့်ကျင်၍
ရွေ့လျားလာသော ရှန့်အာ့ထင်၏
အနက်ရောင်ပုံရိပ်အား ကြည့်ရင်း
သူ့မျက်နှာထက်မှာခက်ထန်မှုများက
တဖြည်းဖြည်းလျော့ပါးသွားသည်။
တစ်ဖက်လူသည်တစ်ခုခု မူမမှန်ကြောင်း
သတိထားမိကာခေါင်းကိုပြန်သွင်းပြီး
မောင်းပြေးရန်ပြင်လိုက်သည်။ထိုစဉ်
တစ်စုံတစ်ရာသည်အနောက်ဖက်မှ သူ့အား
ရိုက်ခတ်လိုက်ပြီး လက်တစ်စုံသည်အင်ဂျင်မှ
သော့အား လျင်မြန်စွာဆွဲထုတ်ယူလိုက်သည်။
လျိုယွမ်သည်လက်ပိုင်ရှင်အား မယုံနိုင်စွာ
လှည့်ကြည့်လိုက်ပြီး
"မင်း__"
"ဘာ 'မင်း' လဲ , နှာဘူးကောင်? ခင်ဗျားတော့
ထောင်ထဲမှာ အရိုးဆွေးရတော့မှာ ! "
ရှီကျင်းနှုတ်ခမ်းဖျားမှထွက်လာသော
စကားတစ်လုံးချင်းစီတိုင်းမှာ ပြည်မကြီးသံ
ပီပီသသဖြစ်ပြီးကြောက်ရွံ့နေခြင်းအလျင်း
မရှိတော့ပေ။သူ၏လက်ကို
လူကုန်ကူးသမား၏ပခုံးထက်တွင်
တင်ကာမောင်းသူခုံနှင့်ဟန့်တားလျက်ဖိချုပ်ထားပြီး လက်များကိုချည်နှောင်ရန်ပြင်လိုက်သည်။
ကျောက်ပေါက်ယွမ်မှာ အံ့သြနပန်းကြီးသွား၍
ရုန်းကန်ဖို့ပင်သတိမရကာ
"မင်းက ဘယ်လို. . .မင်းကသူလျိုလား ?!
မင်းငါ့ကိုလှည့်စားတယ်. . .စောက်တောသား!
မင်းနေဦး. . .ငါမင်းကို
မုဒိမ်းကျင့်ပြီးသတ်ပစ်မယ်! ပြီးရင်
ခန္ဓာကိုယ်ကို ခုတ်__ "
ဒုန်း !
ရှန့်အာ့ထင်သည်ကားဆီသို့လျှောက်လာစဉ်
ကျောက်ပေါက်ယွမ်၏ခြိမ်းခြောက်စကားများကို
ကြားသောအခါ မျက်နှာမှာ အရုပ်ဆိုးသွားပြီး
ကားတံခါးကိုဆွဲဖွင့်ကာ လျိုယွမ်၏ရင်ဘတ်ကို
တံတောင်ဖြင့်ပြင်းထန်တိကျစွာ
ဆောင့်ထိုးလိုက်သည်။ထို့နောက်ထိုသူအား
ခွေးသေတစ်ကောင်လို ကားပေါ်မှ ဆွဲချလာရင်း
ကြိမ်းဝါးတော့သည်။
"စောက်ပါးစပ်ကို ပိတ်ထားစမ်း !
စကားနောက်တစ်လုံးထပ်ထွက်ရဲထွက်ကြည့်
နောင်ဘယ်တော့မှ စကားမပြောနိုင်အောင်
လုပ်ပေးမယ်! "
ရက်စက်ပြင်းထန်စွာ ခံရပြီးနာကျင်နေသော်လည်း
ကျောက်ပေါက်ယွမ်သည်လက်မလျော့ဘဲ
လူးလိမ့်ကာ သူတို့အား
ဆဲရေးတိုင်ထွာနေတော့သည်။သူ၏စကားများမှာ
သာမန်ထက်လွန်ကဲစွာအော့ရွံစရာကောင်းလှသည်။
ရှီကျင်းလည်း ငြိမ်မနေနိုင်တော့အောင်
ဒေါသထွက်လာသဖြင့်ကားပေါ်မှဆင်းကာ
ပိတ်ကန်လိုက်သည်။ထို့နောက်
သူ့အစ်ကိုတစ်ယောက်တည်းဖြစ်ကြောင်း
သတိထားမိသဖြင့်မေးလိုက်သည်။
"တခြားသူတွေရော ? "
"မင်းအနောက်ကလိုက်လာတဲ့ကားတွေနဲ့
အိမ်မှာကျန်ခဲ့တဲ့လူတွေကိုဖြေရှင်းနေတယ်"
ရှန့်အာ့ထင်သည်လျိုယွမ်အား လက်ထိပ်ခတ်ရင်း
ရှင်းပြလိုက်သည်။ကားအတွင်း
အဝတ်စုတ်တစ်ခုကိုရှာတွေ့တော့ ထိုသူပါးစပ်ထဲ
ထိုးထည့်လိုက်သည်။
ထို့နောက်ရှီကျင်းဘက်သို့လှည့်ကြည့်ကာ
"ထိခိုက်သွားသေးလား ?သေနတ်သံတွေနဲ့
ပေါက်ကွဲသံကို ဖုန်းထဲကတဆင့်ကြားလိုက်တယ်"
ရှီကျင်းသည်ခေါင်းခါပြီး
" ကျွန်တော်အဆင်ပြေတယ်"
ထို့နောက်သူ့အစ်ကိုမှာကျောက်ပေါက်ယွမ်အား SUVကားထဲရွေ့နေသည်ကို သတိထားမိရာ
လက်မြှောက်တားလိုက်ပြီး ထိုင်ချကာ
ထိုလူကုန်ကူးသမား၏ကိုယ်ကို
ပုတ်သပ်စမ်းကြည့်သည်။
ရှန့်အာ့ထင်၏မျက်ခုံးများ မြင့်တက်သွားကာ
"ဘာလုပ်နေတာလဲ ? "
"သူက ကျွန်တော့်တစ်ကိုယ်လုံးကို ကိုင်ထားတော့
ကျွန်တော်လည်း အတုံ့အလှည့်ပြန်လုပ်တာပေါ့
မဟုတ်ဘူးလား ? "
ရှီကျင်းသည်ပေါ့ပေါ့ပါးပါးဖြေလိုက်သော်လည်း
သူ့လှုပ်ရှားမှုများမှာ ရည်ရွက်ချက်ရှိရှိဖြစ်သည်။
သူသည်ကျောက်ပေါက်ယွမ်၏အမူအရာကို
စောင့်ကြည့်ရင်း_
ရပြီ ဒီနေရာပဲ!
နေရာအား ခန့်မှန်းမိသောအခါ
ရှန့်အာ့ထင်ဆီမှဓားမြှောင်ငှါးပြီး ထိုသူ၏
အဝတ်အစားကို တစ်လွှာပြီးတစ်လွှာ
ဖြတ်တောက်ကာနောက်ဆုံး၌ ခါးတွင်
စည်းနှောင်ဝတ်ဆင်ထားသောအိတ်ထောင်
အပိတ်တစ်လုံးကို ဖြုတ်ယူလိုက်တော့သည်။
ကျောက်ပေါက်ယွမ်သည်ဒေါသဖြစ်လွန်း၍
သူ၏မျက်လုံးများမှာ ပြူးကာ အပြင်သို့ပင်
ထွက်ကျမတတ်ပင်။သူသည်ခေါင်းကို
ယမ်းကာ တစ်ခုခုပြောရန်ကြိုးစားသော်လည်း
'အွန်း. . .အွန်း. . .အွန်းးး. .!' ဟူသည့်
အသံများသာကြားရသည်။
"အဲ့တာက ဘာလဲ ? "
ရှန့်အာ့ထင်မျက်မှောင်ကြုတ်လိုက်သည်။
"သူ့လျှို့ဝှက်အိတ်ထောင်"
သူသည်အိတ်ကိုဖွင့်ဟကာ
အထဲတွင်ပါသည်များကို အစ်ကိုအား ပြလိုက်သည်။
မူးယစ်ဆေး၊လက်ပစ်ဗုံးများ၊သေနတ်၊
ကျည်တောင့်၊ထူးဆန်းသောပုလင်းငယ်တစ်ချို့၊
ငွေသားနှင့်flash driveတစ်ခု စသော
ပစ္စည်းအမြောက်အများ ပြည့်နှက်နေလေသည်။
ရှီကျင်းပေးလိုက်သောသေတ္တာလေးလည်း
ထိုထဲတွင်ရှိနေသည်။
သူ၏အရေးအကြီးဆုံးလျှို့ဝှက်ချက်အား
ရှာဖွေသွားသဖြင့်အရူးတစ်ယောက်အလား
ရုန်းကန်တော့သည်။အမုန်းတရားများ
ပြည့်နှက်နေသောမျက်လုံးများဖြင့်ရှီကျင်းအား
အသက်နုတ်ယူမတတ်စူးစိုက်ကြည့်နေသည်။
လျိုယွမ်သည်အကြည့်ဖြင့်စော်ကားနေသည်ဟု
ရှန့်အာ့ထင်တွေးမြင်မိသဖြင့်သတိလစ်အောင်
လုပ်လိုက်ပြီး ကိုယ်ကိုလှည့်ကာခေါင်းကို
အိတ်စွပ်လိုက်သည်။
ထိုအခါ ရှီကျင်းသည်အိတ်ကိုပြန်ဆွဲချွတ်ကာ
သူ့အစ်ကိုအား သတိပေးသည်။
"သူ့လိုလူမျိုးတွေက ဉာဏ်နီဉာဏ်နက်များပြီး
စိတ်မချရဘူး၊ သူ့ကိုဖမ်းမိပြီးရင်တောင်
သတိလက်လွတ်ဖြစ်လို့မရဘူး_
တခြားဘာလှည့်ကွက်တွေဝှက်ထားလဲ
မသိနိုင်ဘူးလေ"
ရှီကျင်းသည်သူ့အား အလေးအနက်
လမ်းညွှန်သင်ပြနေသောအခါ ရှန့်အာ့ထင်လည်း
မနေနိုင်စွာ ရှီကျင်း၏ခေါင်းအား ပွတ်ပေးရင်း
ချီးကျူးလိုက်သည်။
"ဒီမစ်ရှင်က မင်းအတွက်ခက်ခဲခဲ့ပင်မဲ့
မင်းကောင်းကောင်းလုပ်နိုင်ခဲ့တယ်"
ရှောင်စစ်သည်ပျော်ရွှင်စွာဆိုသည်။
<၈၀၀ ! ကျင်းကျင်း ယူနစ်ဘားက
၈၀၀ကို ကျသွားပြီ ! >
ရှီကျင်းလည်း ကြားကြားချင်း
အံ့အားသင့်သွားပြီးနောက်အလွန်ကျေနပ်အားရစွာ
ရှန့်အာ့ထင်အား ပြုံးပြလျက်
"ထွေထွေထူးထူး မဟုတ်ပါဘူး၊
ပြည်သူတွေကိုကယ်တင်ဖို့ အမှုထမ်းရွက်ရတာက
ကျွန်တော်တို့တာဝန်ပဲလေ"
ဟူ၍ဖြောင့်မတ်စွာဖြေလိုက်သည်။
ရှန့်အာ့ထင်: "..."
မစ်ရှင်၏အရင်းခံအဆင့်ပြီးမြောက်သွားပြီဟု
ဆိုနိုင်သဖြင့်ရှန့်အာ့ထင်နှင့်သူ့အဖွဲ့သားများက
ကျန်ရှိနေသော လူဆိုးဂိုဏ်းဝင်များကို
ကိုင်တွယ်ဖြေရှင်းသည်။အပြင်လူဖြစ်သော
ရှီကျင်းအဖို့ တာဝန်ပြီးဆုံးသွားပြီဖြစ်ရာ
စောစီးစွာ အနားယူခွင့်ရရှိသည်။
သူသည်ကားထဲတွင်တစ်ယောက်တည်းနေရန်
အကြောင်းပြချက်ရှာပြီး အစ်ကိုwolfဆီမှ
ခိုးယူလာသောmemory cardများနှင့်
flash driveကိုထုတ်ကာရှောင်စစ်အား
မေးလိုက်သည်။
"ငါ ဒါတွေကို မဖြစ်မေနလက်လွှဲပေးရမှာ ၊
ဒါကြောင့်အခုငါ့ဆီမှာရှိတုန်း
အထဲမှာပါတာတွေကိုကော်ပီကူးထားလို့ရနိုင်မလား ? "
ပါရှိနေသောအချက်အလက်များမှာ
အလွန်အရေးပါကြောင်းရှောင်စစ်လည်း
နားလည်၍ တအောင့်စဉ်းစားချင့်ချိန်ပြီးနောက်
ဖြေသည်။
< ကူးလို့ရတယ်၊ဒါပင်မဲ့ အထဲကဟာတွေကို
ဖတ်ယူဖို့deviceအတိအကျမရှိလို့
အချိန်တော့ယူရမယ်>
" ဘယ်လောက်ကြာမှာလဲ ? "
<နှစ်နာရီဝန်းကျင်လောက်?>
ရှောင်စစ်လည်း ခန်းမှန်းချေကိုပြောပြသည်။
" ရှန့်အာ့ထင်တို့အဖွဲ့ အားလုံးပြီးစီးအောင်
ဖြေရှင်းနေတဲ့တလျှောက်ငါတို့မှာ
အချိန်အလုံအလောက်ရှိပါတယ်၊
ကျောက်ပေါက်ယွမ်မှာရှိတဲ့flash driveကိုလည်း
ငါငှါးလိုက်မှာမို့် အဲ့တာပါကူးပေး"
ရှီကျင်း စဉ်းစားဆုံးဖြတ်လိုက်သည်ကို
ရှောင်စစ်အတည်ပြုပြီးနောက်
စကားအပိုမဆိုတော့ဘဲ အလုပ်စလုပ်တော့သည်။
လက်ထဲတွင်ကိုင်ထားသော
memory cardများနှင့်flash driveတို့
ပူနွေးလာသည်ကို ရှီကျင်း ခံစားလိုက်ရပြီး
သူ့လက်မောင်းမှတဆင့်ခေါင်းအတွင်းသို့
လျှပ်စစ်စီးကြောင်းတစ်ခု စီးဝင်ရောက်သွားသည်။
ထိုခံစားချက်ကြီးမှာ
မသက်မသာဖြစ်ရတာမျိုး မဟုတ်သော်ငြား
အလွန်ထူးဆန်းလှသဖြင့်တောင့်တင်းမိ
သွားသည်။ထိုခံစားမှုကို သက်တောင့်သက်သာ
နေသားကျဖို့ အချိန်အတော်ယူလိုက်ရသည်။
ကျောက်ပေါက်ယွမ်၏အိတ်မှာ ရှန့်အာ့ထင်၏
SUVကားပေါ်တွင်ရှိနေသဖြင့်
ရှီကျင်းလည်း သူ့ကိုယ်ရေးကိုယ်တာ
အချက်အလက်ကို အသုံးချကာ
'အစ်ကိုဖြစ်သူကားထဲမနေရင်
မလုံခြုံသလိုခံစားရသည်'ဟု ဆင်ခြေပေးလျက်
ဗြောင်ကျကျလျှောက်သွားလိုက်သည်။
ကားထဲဝင်ပြီးနောက်အိတ်ကိုကောက်ယူကာ
အထဲမှ pen driveကိုရှာယူလိုက်သည်။
သံသယအဝင်ခံရမည်ကို စိုးရိမ်သဖြင့်
ထိုပစ္စည်းကို မခိုးတော့ဘဲ ထိုအစား အိတ်ကို
သူ့လက်မောင်းကြားထဲဖက်ကာ
မသိမသာအနည်းငယ်ဖောက်လိုက်သည်။
ထို့နောက်ထိုင်ခုံတွင်နောက်သို့မှီကာ
အိပ်ပျော်နေသလိုဟန်ဆောင်ပြီး
ထိုအပေါက်သေးသေးလေးမှတဆင့်
flash driveကို ထိထားလိုက်သည်။
ထို့နောက်အမှန်တကယ်ပင်
အိပ်ပျော်သွားလေတော့သည်။လက်ရှိ
ဒေတာများကိုကူးယူရန်
ရှောင်စစ်ထုတ်လွှတ်နေသောလျှပ်စစ်လှိုင်းများမှာ
'အနှိပ်ဓာတ်ကုထုံး'ကဲ့သို့ သက်တောင့်သက်သာ
ဖြစ်နေရာ လွန်ခဲ့သောရက်များအတွင်း
ကောင်းကောင်းအနားမယူရပဲ
စိတ်လှုပ်ရှားနေခဲ့သော ရှီကျင်းမှာ
သတိလက်လွတ်ဖြင့်အိပ်မောကျသွားတော့သည်။
ရှောင်စစ်သည်လည်း မနှိုးယူတော့ဘဲ
ရှီကျင်း အိတ်ကိုကိုင်ဆုပ်ထားပုံကို
ညှိ့ယူပြုပြင်ပေးပြီး ခန္ဓာကိုယ်ကို
ထိန်းချုပ်ကာ ကူးယူသည့်အရှိန်ကို
မြှင့်တင်လိုက်သည်။
ရှန့်အာ့ထင်ပြန်ရောက်လာသောအခါ သူ့ကားထဲ
လုံးလုံးလေးအိပ်ပျော်နေသော ရှီကျင်းအား
မြင်လိုက်ရသည်။
အိပ်ရေးများပျက်ခဲ့ခြင်းကြောင့်ရှီကျင်း၏
မျက်လုံးများမှာ မျက်ကွင်းများညိုမဲနေကာ
ညအလင်းရောင်မှိန်မှိန်အောက်တွင်သူ၏
ပုံပန်းသဏ္ဌာန်မှာ အားနည်းပိန်ပါးလျက်ရှိသည်။
သူ၏အသားအရည်နှင့်ချည်အင်္ကျီဟာင်းလေးမှာ
ထွက်ပြေးလာစဉ်ကပေခဲ့သောဖုန်အလိမ်းလိမ်းနှင့်
ပေါက်ထွက်လာသောချဉ်ဖတ်များကြောင့်
ညစ်ပတ်ပေရည်နေလေသည်။
ဆားရည်စိမ်ဘူးကွဲထွက်လာစဉ်က
စင်ခဲ့သောဖန်စများကြောင့်သူ၏
လက်ချောင်းထိပ်များမှာ ခြစ်ရှရာများရှိနေသည်။
ရှန့်အာ့ထင်သည်ကားတံခါးကိုဖွင့်ကာ
ရှီကျင်းအား အချိန်အတော်ကြာကြာ
ငေးကြည့်နေမိသည်။လေပြေတစ်ချက်
တိုက်ခတ်လိုက်ချိန်တွင်သူ့ညီလေးမှာ
ညချမ်း၏အေးစိမ့်မှုကြောင့်တုန်ရီကာ
ကိုယ်ကိုကျုံ့လိုက်လေသည်။ထိုအခါမှ
ရှန့်အာ့ထင်လည်း သတိပြန်ဝင်ကာ
ကားတံခါးကို တိုးတိုးတိတ်တိတ်ပိတ်ပြီး
အထဲသို့ဝင်လိုက်သည်။ထို့နောက်သူ၏
ကုတ်အင်္ကျီကိုချွတ်ကာ ရှီကျင်းအပေါ်သို့
လွှားခြုံပေးလိုက်သည်။
ရှန့်အာ့ထင်မှာ အရပ်ရှည်ရှည်၊ခန္ဓာကိုယ်မှာ
တောင့်တင်းခိုင်မာတာကြောင့်သူ့အဝတ်အောက်ရှိ
ဆယ်ကျော်သက်လေးမှာ ပို၍ပင်
သေးငယ်သွားသယောင်ရှိသည်။
ညဉ့်သန်းခေါင်ယံအချိန်များသည်
လူတစ်ယောက်၏ခံစားချက်စိတ်အစဉ်များကို
လှိုင်းထန်အောင်လုပ်ပေးလေ့ရှိသဖြင့်
ရှီကျင်း၏လက်ရှိအနေအထားပုံစံလေးသည်
ရှန့်အာ့ထင်၏ခံစားချက်များကို
ကသောင်းကနင်းဖြစ်စေသည်။သူသည်
လက်ကိုင်ဖုန်းကိုထုတ်ကာ ရှီဝေချုံးဆီသို့
စာတစ်စောင်ပို့လိုက်လေသည်။
[အစ်ကိုကြီး ၊ ကျွန်တော်တို့
အမှားလုပ်ခဲ့မိတယ်ထင်တယ်]
ရှီဝေချုံးမှ စာပြန်မလာပေ။ကြည့်ရတာ
အိပ်ယာဝင်သွားပြီဖြစ်ကောင်းဖြစ်နိုင်သည်။
နှစ်အတော်ကြာ ကိုယ်စည်းကိုယ်ကမ်းနှင့်
နေထိုင်လာသောကြောင့်ဤဖော်ပြ၍မရနိုင်သော
ခံစားချက်လှိုင်းတံပိုးမှာ မြန်မြန်ဆန်ဆန်ပင်
တည်ငြိမ်သွားခဲ့သည်။သူ ရှီဝေချုံးဆီ
ပို့လိုက်သောစာအား ပြန်ကြည့်တာ
အချိန်ခဏတုံ့ဆိုင်းသွားမိပင်မဲ့
ပြန်တော့မဖျက်လိုက်ပေ။
ထိုအစား ရှီကျင်းအားဓာတ်ပုံရိုက်လိုက်ပြီး
ရှီဝေချုံးဆီသို့ပင်ထပ်မံပို့ပေးလိုက်သည်။
ထို့နောက်ဖုန်းကိုချပြီး ရှီကျင်းဆီသို့ကုန်းကာ
ခါးပတ်ပတ်ပေးလိုက်သည်။ပြီးသော်
သူ့အဖွဲ့သားများဆီသို့ဆက်သွယ်ကာ မစ်ရှင်
အောင်မြင်ကြောင်းကြေညာပြီး အပြန်ခရီးကို
စတင်တော့သည်။
ရှောင်စစ်၏စီကနဲအော်မြည်သံကြောင့်
ရှီကျင်းနိုးသွားရသည်။အိပ်မှုန်စုံဝါး
မျက်လုံးဖွင့်ကြည့်သောအခါကောင်းကင်ကြီးမှာ
လင်းထိန်နေပြီဖြစ်သည်။သူသည်လည်း
သူ့ကိုယ်ပိုင်ဟုတ်မည်မထင်သော
အလွန်ကြီးမားလှသည့်ညဝတ်အင်္ကျီတစ်စုံကို
ဝတ်ဆင်ထားပြီး မရင်းနှီးလှသော
ဟိုတယ်ခန်းတစ်ခုထဲသို့ရောက်နေသည်ကို
တွေ့လိုက်ရသည်။သူမှတခြား မည်သူမှမရှိချေ။
"ဘာဖြစ်တာလဲ ? "
ရှီကျင်းသည်သမ်းဝေလျက်
ကောင်းကောင်းအိပ်ပျော်သွားခြင်းကြောင့်
ရှောင်စစ်အားနောင်အားသည့်အချိန်များတွင်
ထိုလျှပ်စစ်အနှိပ်ကုထုံးမျိုး ထပ်လုပ်ခိုင်းရမည်ဟု
စဉ်းစားမိသည်။
ရှောင်စစ်၏အသံမှာ အထိတ်တလန့်ဖြင့်
<ကျင်းကျင်း! ဒါလင်ရဲ့ဘားတန်းက
စတက်နေပြီ. . .အခု၆၀၀ကိုရောက်နေပြီ!>
"အော်.."
ရှီကျင်းသည်စောင်ကိုစိတ်ကျေနပ်သည်အထိ
ခေါက်ခတ်ပြီး မျက်လုံးပြန်ပိတ်လိုက်သည်။
နှစ်စက္ကန့်လောက်အကြာကျ အလန့်တကြား
ထထိုင်ကာအော်တော့သည်။
" ဘာ ! ? ဘယ်သူ့ယူနစ်ဘား ?
ထပ်ပြောစမ်း ! "
ရှောင်စစ်မှာ ငိုတော့မည့်အသံနှင့်
<ဒါလင်၊ ဒါလင့်ယူနစ်ဘား !
ထပ်တက်သွားပြန်ပြီ...အခု ၆၁၀မှာ ! >
ရှီကျင်း အချိန်တစ်အောင့်ကြာသည်အထိ
အေးခဲသွားမိသည်။ထို့နောက်ခုတင်ပေါ်မှ
ဝရုန်းသုန်းကား ဆင်းကာ သူ့ဖုန်းနှင့်အိတ်ကို
ရှာသော်လည်းမတွေ့ပေ။သူ့အား ဒီနေရာသို့
ရှန့်အာ့ထင်ခေါ်လာကြောင်း
ရှောင်စစ်ပြောသောအခါ သူ့ပစ္စည်းအားလုံး
ဘေးကပ်ရပ်ရှိ ရှန့်အာ့ထင်အခန်းတွင်ရှိနိုင်သည်။
ထို့ကြောင့်အလောတကြီးပြေးသွားကာ
တံခါးခေါက်လိုက်သည်။
ခဏအကြာတွင်ရှန့်အာ့ထင်သည်ပဝါဖြင့်
သူ၏ခေါင်းစိုစိုကိုသုတ်ရင်း တံခါးဖွင့်လာသည်။
သူသည်ရေချိုးဝတ်ရုံကို ဝတ်ဆင်ထားပြီး
သူ၏အသားအရည်တွင်ရေစက်လေးများ
တွဲခိုနေသည်မှာ မကြာသေးခင်ကမှ ၊
ရေချိုးခန်းအတွင်းမှ ထွက်လာပုံရသည်။
ရှီကျင်း၏ ပျာယာခတ်နေသောအမူအရာကြောင့်
မျက်မှောင်ကြုတ်ကာမေးသည်။
"ဘာဖြစ်လို့လဲ ? "
ရှီကျင်းသည်သာမန်ကာလျှံကာ
"အိပ်မက်ဆိုးမက်လို့ " ဟုဆိုပြီး
ရှန့်အာ့ထင်အား အနောက်သို့တွန်းကာ
သူ့အိတ်ကို ရှာတော့သည်။
တွေ့သည်နှင့်ဖုန်းကိုမွှေနှောက်ရှာယူကာ
စက်ဖွင့်ပြီး ချက်ချင်း လျန်ကျွင်းကို
ခေါ်ဆိုတော့သည်။
ဖုန်းဝင်သွားပြီးလျှင်ပြီးချင်းပဲ လျန်ကျွင်းမှ
ကိုင်လိုက်သည်။
{ရှီကျင်း? }
လေသံအသွားအလာအရ မည်သည်မှ
မဖြစ်သေးကြောင်းသိလိုက်ရ၍ သက်ပြင်းချကာ
ကြမ်းပြင်ပေါ်စိတ်သက်သာစွာ ထိုင်ချလိုက်သည်။
"ကျွန်တော်ပါ ၊ ကျွင်းရှောက်တို့ဘက်မှာရော
အခြေအနေတွေဘယ်လိုရှိလဲ ? "
လျန်ကျွင်းသည်ရှီကျင်းအမေးကို
ဖြေမည့်အစား သူမှ ထပ်မေးလိုက်သည်။
{ရှီကျင်း.. မင်း ပြန်မလာသေးဘူးလား ? "
ရှီကျင်းကြောင်တောင်တောင်ဖြစ်သွားကာ
"ဟင်? ဘာပြောလိုက်တာ ? "
လျန်ကျွင်းခေတ္တခဏ တိတ်ဆိတ်သွားပြီးမှ
အသေးစိတ်ပြောပြသည်။
{မင်းတာဝန်ပြီးဆုံးသွားပြီလို့ ဒီမနက်ပဲ
အစိုးရဘက်က တင်ပြလာတယ်၊
စစ်အမှုထမ်းတွေအားလုံးလည်း Bမြို့ကို
ပြန်ရောက်နေပြီ. . .ရှီကျင်း မင်းဘာလို့
ကလပ်ကို ပြန်မရောက်သေးတာလဲ ?
မဟုတ်မှလွဲကော . . .
မင်းပြန်မလာတော့ဘူးလား ? }
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ! "
ရှီကျင်း ကျယ်လောင်စွာချေပလိုက်သည်။
ထို့နောက်သူအနည်းငယ်စိတ်အလှုပ်ရှား
လွန်သွားမှန်း သတိပြုမိရာ အသံကိုလျော့ချပြီး
ရှင်းပြသည်။
"ကျွန်တော့်အလုပ်ပြီးပြီးချင်း အိပ်ပျော်သွားတာ
အခုမှနိုးတယ်၊ အခုကျွန်တော်ဟိုတယ်မှာ...
ကျွန်တော်ပြန်လာခဲ့မယ်၊ကျွင်းရှောက်ရော
အခုကလပ်မှာပဲလား ? "
ကျေးဇူးပြုပြီး...ကျေးဇူးပြု၍ ကလပ်မှာပဲလို့
ပြောပါ !!
လျန်ကျွင်း၏အသံမှာ ပုံမှန်ပြန်ဖြစ်သွားကာ ဆိုသည်။
{ဟင့်အင်း}
"အော်မဟုတ်ဘူးလား . . .ဟမ်?
မဟုတ်ဘူးလား ! ? ဘယ်မှာလဲ? ကျွင်းရှောက်
ဘာလုပ်ဖို့စီစဉ်နေတာလဲ. . .ဟို. . ."
ခင်ဗျားရဲ့ယူနစ်ဘားက ကမူးရူးထိုး
ထိုးတက်နေတာ သိရဲ့လား ? !
လျန်ကျွင်း၏အသံအား ကြားစဉ်က
နေရာတကျ ပြန်လည်တည်ငြိမ်သွားသော
ရှီကျင်း၏ နှလုံးသားလေးမှာ အခုတော့
လည်ချောင်းအတွင်းမှ ထပ်မံခုန်ထွက်တော့မလိုပင်။
သူသည်ဘားတန်းအား အာရုံစိုက်ကြည့်ရင်း
တစ်ဖက်လူ၏တုံ့ပြန်မှုကိုပင်မစောင့်ဘဲ
မအီမသာမေးလိုက်သည်။
"အခုကားထဲမှာလား? ဘယ်သွားနေတာလဲ ? "
အခုလေးတင်ကားပေါ်တက်လိုက်သော
လျန်ကျွင်းသည်ရှီကျင်း၏တိကျလှသော
ခန့်မှန်းချေကြောင့်အနည်းငယ်အံ့အား
သင့်သွားကာ ပြန်ဖြေရန်ပင်
နှောင့်နှေးသွားသည်။သက်တောင့်သက်သာ
ဖြစ်မည့်အနေအထားကို ထိုင်ပြီးမှဖြေလိုက်သည်။
"သူငယ်ချင်းဟောင်းတစ်ယောက်နဲ့
နေ့လည်စာသွားစားမလို့။ ဟိုတယ်မှာ
မင်းကိုလာကြိုဖို့ Gua Yiကို
ဖုန်းဆက်မေးလိုက်၊ ပြီးတော့. . .
မစ်ရှင်မှာ မင်းကောင်းကောင်းလုပ်နိုင်ခဲ့တယ်။
ငါဖုန်းချလိုက်တော့မယ်..ညစာစားချိန်ကျ
တွေ့ကြတာပေါ့ "
ထိုသို့ဖြင့်ဖုန်းခေါ်ဆိုမှုအဆုံးသတ်သွားသည်။
ရှီကျင်းမှာ သီးမတတ်ဖြစ်သွားရသည်။
ဖုန်းတစ်ဖက်မှ မအားလပ်သော
အခြေအနေကိုနားထောင်အပြီး
သူ၏နှလုံးသားမှာအေးစက်သွားသည်။
၇၅၀သို့ရောက်နေပြီဖြစ်သော
လျန်ကျွင်း၏ယူနစ်ဘားကို ကြည့်ကာ
နောက်မတွန့်နေတော့ဘဲ ထိုလူအား
ထပ်ဖုန်းခေါ်လိုက်သည်။
ပထမအကြိမ်ကဲ့သို့ လျန်ကျွင်းသည်
မြန်မြန်ဆန်ဆန်ပင်ဖုန်းကိုင်လာပြီး
{ဘာဖြစ်လို့လဲ? }
"ကျွင်းရှောက်, အဲ့သူငယ်ချင်းနဲ့မတွေ့လို့
မရဘူးလား ? "
ရှီကျင်းသည်တည့်တိုးသာမေးလိုက်သည်။
လျန်ကျွင်းသည်ပြန်ဖြေဖို့ အချိန်ခဏယူလိုက်ရပြီး သူ၏အသံမှာ ပို၍အေးဆေးသွားသလိုပင်။
{စိတ်မပူပါနဲ့ ၊ ငါဘာစားရမလဲ
သေချာဂရုစိုက်မှာပါ၊ ကလပ်ကိုသာ ပြန်လိုက်...
ညစာစားချိန်မတိုင်မီ ငါပြန်လာခဲ့မယ်}
ဘားတန်းကသောက်ရမ်းမြန်နေတာ. . .
ညစာကိုမေ့လိုက်ဦး..
နေ့လည်စာစားပြီးချိန်ထိ ခင်ဗျားအသက်ရှင်နေရင်
ထူးဆန်းအံ့သြဖွယ်ဖြစ်နေဦးမယ်!
ရှီကျင်းမှာ စိုးရိမ်တကြီးဖြစ်နေရသော်ငြား
ထိုဦးတည်ရာတွင်အန္တရာယ်ရှိကြောင်းလည်း
တိုက်ရိုက်ပြောဆို၍ မရနိုင်ပေ။
ပိုမို စိတ်လောလာလေ လျန်ကျွင်းအား
မည်သို့ဖြောင်းဖျရမှန်း မသိလေဖြစ်ရာ
ပူပန်သောကများလွန်း၍ ဆံပင်များပင်
ကျွတ်တော့မလိုခံစားလာရသည်။
လျန်ကျွင်းဘက်မှ ဖုန်းချတော့မည့်
အရိပ်အယောင်ပြသောအခါ ရှီကျင်း၏
စိတ်တို့မှာ တစ်စက္ကန့်လောက်ဗလာကျင်းသွားကာ
အော်ပြောတော့သည်။
"ကျွင်းရှောက်ကို တခြားသူတွေနဲ့
ထမင်းအတူ စားခွင့်မပြုနိုင်ဘူး!
ကျွန်တော်တစ်ယောက်တည်းနဲ့ပဲ စားရမယ်! "
မျက်စိတစ်မှိတ်အတွင်းမှာလေထုဟာ
ငြိမ်သက်သွားပြီး ဖုန်းတစ်ဘက်ခြမ်းမှလည်း
တိတ်ဆိတ်သွားသည်။
ရှီကျင်း၏ဘေးတွင်မတ်တပ်ရပ်နေသော
ရှန့်အာ့ထင်၏လက်မှာ ပဝါကို
တင်းတင်းကျပ်ကျပ်ဖိကိုင်ကာ
သူ့ကြွက်သားများနှင့်သွေးကြောတို့
ပေါက်ထွက်မတတ်လက်သီးဆုပ်လိုက်မိသည်။
သူ၏မျက်နှာမှာ မာထန်နေပြီး စိတ်တို့မှာလည်း
ကယောက်ကယက်ဖြစ်လာသည်။
{ ရှီကျင်း }
လျန်ကျွင်းဘက်မှ တိတ်ဆိတ်မှုကို
အရင်ဖြိုခွဲလိုက်သော်လည်း စိတ်တိုဒေါသဖြစ်ခြင်း
အလျင်းမရှိပေ။သူ၏အသံမှာ ပြတ်သားသော်လည်း
စကားလုံးများကချော့ချော့မော့မော့ဖြစ်သည်။
{ခေါင်းမမာစမ်းနဲ့ ၊ စားပြီးတာနဲ့ချက်ချင်း
ပြန်လာခဲ့မှာပါ။ အဲ့သူငယ်ချင်းက ငါ့အသက်ကို
တစ်ခါကယ်ဖူးတယ်...ဒါကြောင့်သူ့အပေါ်
လောကဝတ်အရ အလေးထားသင့်တယ်လေ}
သေစမ်း. . .
လက်စသတ်တော့ အဲ့လိုဆက်ဆံရေးမျိုး
ဖြစ်နေတာကိုး ...လျန်ကျွင်းရဲ့အကျင့်အရဆို
သူ့အသက်သခင်ကျေးဇူးရှိဖူးသူကို
ပေါ့ပေါ့တန်တန်သဘောထားမှာ
မဟုတ်တော့ဘူး. . .
ကြည့်ရတာ ဒီတွေ့ဆုံမှုကို တားဖို့
မဖြစ်နိုင်တော့ဘူးပဲ
ရှီကျင်းသည်သူ့နဖူးသူ ဖိနှိပ်ကာ
စိတ်ငြိမ်အောင်လုပ်လိုက်သည်။
လောလောဆယ်မြင့်တက်နေသောဘားတန်းကို
ဆက်မကြည့်တော့ဘဲ ဘားတန်းသည်
အမြင့်ဆုံးအမှတ်သို့ မရောက်မချင်း
အန္တရာယ်ကျရောက်မည်မဟုတ်သေးကြောင်း
ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်သည်။
သူ၏နှလုံးခုန်သံ ပုံမှန်ဖြစ်သွားမှာ
အသိပေးလေသည်။
"ဒါဆို ကျွန်တော်အခုချက်ချင်း
ကျွင်းရှောက်ဆီလာခဲ့မယ်. . .
ကျွင်းရှောက်တစ်ယောက်တည်းဆို
ဘယ်လိုတွေစားမလဲ မယုံလို့ ၊ ကျွန်တော်
ကျွင်းရှောက်နဲ့အတူ စားချင်တယ်"
{ရှီကျင်း. . }
"ကျွင်းရှောက်နဲ့တူတူ စားချင်တယ်လို့"
ရှီကျင်း အလေးအနက်တိုက်တွန်းသည်။
တခြားသူ၏ရှုထောင့်မှကြည့်လျှင်ရှီကျင်း၏
အမူအကျင့်များမှာ တစ်ကိုယ်ကောင်းဆန်သလို
အနည်းလည်း အလိုလိုက်ခံထားရသကဲ့သို့ပင်။
သူသည်မိမိကိုယ်ကို တရားမျှတမှုရှိသကဲ့သို့
"ကျွန်တော်က ကျွင်းရှောက်နဲ့အတူတူ
လိုက်ပါပြီးစားသောက်ရမယ်လို့
ကျွင်းရှောက်ပဲပြောထားတာမလား။ အခု
ကျွန်တော်Bမြို့ကို ပြန်ရောက်ပြီမို့ ကျွန်တော့်ကို
ချန်ထားခဲ့စရာ အကြောင်းကိုမရှိဘူး"
တစ်အောင့်မျှ တိတ်ဆိတ်သွားပြီးနောက်
လျန်ကျွင်းသာ လက်နက်ချအညံ့ခံလိုက်ရသည်။
သူသည်လိပ်စာကိုပြောပြလိုက်ပြီး
{အဲ့နေရာကိုလာခဲ့ ၊ မင်းကိုကြိုဖို့ Gua Erကို
လွှတ်လိုက်မယ်}
"ဟင့်အင်း! Gua Erက ကျွင်းရှောက်နဲ့ပဲ
တူတူရှိသင့်တာ...ကျွန်တော့်ဘာသာပဲ လာခဲ့မယ်"
ရှီကျင်း ကတိုက်ကရိုက်တားပြီး သက်ပြင်းချ
လိုက်သည်။ဖုန်းချကာ အိတ်ထဲမှာ
ကုတ်အင်္ကျီတစ်ထည်ကိုဆွဲထုတ်ဝတ်ဆင်ပြီး
မတ်တပ်ရပ်လိုက်သည်။ညဝတ်အင်္ကျီအား
လဲရန်ပင်စိတ်ကူးမရှိဘဲ လှည့်ထွက်ကာ
လျန်ကျွင်းဆီသွားရန်ပြင်လိုက်သည်။
ရှန့်အာ့ထင်သည်လက်လှမ်းကာ ရှီကျင်း၏
ပုခုံးအား ဆုပ်ကိုင်လိုက်သည်။သူ့အမူအရာမှာ
စကားပြောချင်သလိုနေမထိထိုင်မထိ
ဖြစ်နေသော်လည်း သူ့စိတ်သူထိန်းချုပ်ကာ
အဆုံး၌ ဘာမှမဆိုနိုင်ပေ။
သူ့အမူအရာမှာ ရှီကျင်းကို စဉ်းစားရခက်စေသလို
အနည်းငယ်စိုးရိမ်စေသည်။သူသည်
ရှန့်အာ့ထင်၏လက်ကိုဖယ်ထုတ်ကာပြောသည်။
"စတုတ္ထအစ်ကို, ကျွန်တော့်အိတ်ကို
ကလပ်ဆီပို့ပေးပါ၊ ကျွင်းရှောက်ဆီအမှီသွားရမှာမို့
ကျွန်တော်အရင်ပြန်နှင့်မယ်"
"ငါသိပါတယ်၊ မင်းပြောတာတွေ ငါကြားတယ်"
ရှန့်အာ့ထင်လေသံမှာ မာကြောနေပြီး
တစ်ခုခုမေးချင်သလို ရှီကျင်း၏ပုခုံးကို
ဖိဆုပ်ထားဆဲဖြစ်သည်။သို့သော်ရှီကျင်း၏
အမူအရာမှာ ပို၍ပို၍ စိတ်မရှည်ဖြစ်လာပြီး
ပုခုံးပေါ်မှသူ့လက်အား တွန်းဖယ်ရန်
အားသန်လာသည်။ရှန့်အာ့ထင်လည်း
ပြောချင်သည့်စကားများကိုပြန်မြိုချကာ
လက်လွှတ်ပေးလိုက်သည်။ထို့နောက်
ကိုယ်ကိုကိုင်းကာ ရူးဖိနပ်တစ်စုံကို
ရှီကျင်းအရှေ့သို့ ချပေးရင်း
ပြောလိုက်သည်။
"ဘာတွေအလျင်လိုနေတာလဲ? အရင်ဆုံး
အဝတ်လဲသန့်စင်လိုက်ဦး. . .ပြီးရင်
ငါကားမောင်းပြီးလိုက်ပို့ပေးမယ်၊ မင်းဘာသာ
သွားတာထက်ပိုမြန်တာပေါ့"
ရှီကျင်း ရုန်းကန်နေသည်ကိုရပ်လိုက်သည်။
သူသည်အကျိုးအကြောင်းကိုချင့်ချိန်လိုက်ပြီး
အဝတ်အစားများကောက်ယူကာ
ရေချိုးခန်းထဲအပြေးဝင်ရင်းအော်ပြောသည်။
"ခဏလေးပဲစောင့်စတုတ္ထအစ်ကို! ငါးမိနစ်..
မဟုတ်ဘူး..နှစ်မိနစ်ပဲစောင့်!ကျွင်းရှောက်
စောင့်နေလို့ မြန်မြန်သွားရမယ်"
ရှန့်အာ့ထင်ခဗျာ တံခါးကို အလျင်အမြန်
ဆောင့်ပိတ်ကာ ရှီကျင်းကိုပြန်ဆွဲချုပ်ပြီး
ဆုံးမပြောဆိုချင်သောဆန္ဒများကို
အတော်ဖိနှိပ်ထားရသည်။သူ့ကိုယ်သူ
စိတ်ရှည်ရန်ပြောကြားပြီး ကိုယ်ကိုလှည့်ကာ
ရှီဝေချုံးဆီဖုန်းဆက်ရန်လက်ကိုင်ဖုန်းအား
ကောက်ယူလိုက်သည်။
၁၅မိနစ်ခန့်ကြာပြီးနောက်
ညီအစ်ကိုနှစ်ယောက်ကားပေါ်တက်ကာ
ဟိုဟယ်မှထွက်ခွာလာခဲ့ကြသည်။
ကားတံခါးပိတ်ပြီးသည်နှင့်
ရှီကျင်းသည်လျန်ကျွင်းအား ဖုန်းခေါ်သည်။
ယူနစ်ဘားအားစောင့်ကြည့်ထားလျက်
အကြောင်းအရာတစ်ခုပြီးတစ်ခု ကူးပြောင်း
ပြောဆိုရင်း လျန်ကျွင်း၏ထိုသူငယ်ချင်းဟောင်း
အကြောင်းကို သိရအောင်ကလော်ဆွဖို့
ကြိုးစားသည်။
လျန်ကျွင်း၏စိတ်မှာ ခန့်မှန်းရခက်သော်လည်း
မထင်မှတ်စွာ ရှီကျင်းနှင့်စကားဖောင်ဖွဲ့နေသည်။
ထို့အပြင်သူ၏သဘောထားမှာ စိတ်ရှည်ကာ
အလိုလိုက်ထားလေသည်။
ရှန့်အာ့ထင်မှာ နားထောင်လေလေ
စတီယာတိုင်အား ဆုပ်ကိုင်ထားသောလက်များမှာ
လက်ဆစ်များဖြူလာသည်အထိ
ပိုမိုတင်းကျပ်လာသည်။ဆက်လက်
သည်းညည်းမခံနိုင်တော့သည့်အလျောက်
ရုန်ကျိုးကျုံး၏ဖုန်းနံပါတ်အား နှိပ်လိုက်လေသည်။
ဖုန်းဝင်သွားသောအခါမေးမြန်းလိုက်သည်။
"အစ်ကို Bမြို့မှာလား ? "
{ဟုတ်တယ်လေ ၊ အခုနားရက်ရလို့. . .
ဘာလို့လဲ ?}
ရုန်ကျိုးကျုံး၏အသံမှာ အနည်းငယ်
ဗလုံးဗထွေးဖြစ်နေလေရာ
တစ်ခုခုစားသောက်နေပုံရသည်။
ရှန့်အာ့ထင်သည်မိမိပတ်ဝန်းကျင်
အခြေအနေအား လုံးလုံးလျားလျားလျစ်လျူရှုပြီး
စကားလေရှည်နေသောဘေးခုံတွင်
ထိုင်နေသည့်ရှီကျင်းအား ကြည့်ကာ
အံကြိတ်လိုက်သည်။သူသည်လျန်ကျွင်းနှင့်
ထိုသူမိတ်ဆွေတို့တွေ့မည့်စားသောက်ဆိုင်
လိပ်စာအားပြောပြလိုက်ပြီးဆိုသည်။
"အဲ့ကို အခုချက်ချင်းသွားလိုက်. .
အစ်ကိုကြီးလည်း လာလိမ့်မယ်"
{ဘာတွေဖြစ်ကုန်? ငါတို့ ညစာတူတူ
စားကြမလို့လား ?}
ရုန်ကျိုးကျုံး အံသြတကြီးမေးလိုက်သည်။
"မဟုတ်ဘူး"
ရှန့်အာ့ထင်၏နှုတ်ခမ်းပါးများမှာတင်းတင်းစိလျက်
အသံမှာ သံမဏိအလားမာကြောနေသည်။
"ကျွန်တော်တို့ ကျင်းလေးရဲ့သူဌေးနဲ့
စကားပြောကြမလို့"
===========================