FOLLOW ME[Complete]

By M-O-N-E

302K 24.2K 2.5K

ZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 Noti:This story is Adultery type. About toxic hearts from love conserv... More

1.Uncle
2.White God
3.Adultery
4.Anyway
5.Daydream
6.Mistake
7.Crazy_Something
9.Fool_with_pain
10.Not_easy
11.Hopeless_Meeting
SORRY
12.They_with_love
13.Start
14.Wrong_way
15.Sky&Sea
16.Following
17.Mine
18.Dear-OoNge
19.Smile&Tear
20.The_whole_tomorrow
21.Missing_long_days
22.Holding_You
23.My_future
24.Candy
25.Should_know
26.Way_back_home
27.Heaven
28.All_of_me
29.Unremarked
30.Side_effect:1
31.Side_effect:2
32.Broken_trust
33.Badly_you
END:The_warm_hands

8.Oasia

7.9K 751 93
By M-O-N-E

❦︎Unicode version❦︎

FOLLOW ME-8
.
.
.
.
"ကျွန်တော်ရောက်ပြီ!..."

"ကျစ်!...ဒီအရှုပ်ထုတ်ကတော့..."

ကားစီအပြေးလေးရောက်လာသည့်ရိပေါ်ကိုတွေ့တော့ဝမ်ချွန်းကစိတ်ပျက်ဟန်စိတ်တချက်သပ်သည့်တိုင်နောက်ခန်းမှာခေါင်းမော့ရင်ကော့ကာထိုင်နေသည့်ဝမ်ရှန့်ကလည်းထို့နည်းတူရိပေါ်ကိုမျက်စောင်းတခဲခဲ။

"ကျောင်းလေးတခါအပ်တာအဲ့လောက်တောင်ကြာရလားဟဲ့!...ငါတို့ပြီးလို့နင့်ထိုင်စောင့်နေတာဖင်တောင်ဂျွတ်တက်တော့မယ်..."

"ကျွန်တော်တောင်းပန်ပါတယ်မငယ်...centerမှာလူအရမ်းကြပ်နေတာနဲ့..."

"တိတ်စိမ်း!...မဆူရဲဘူးဆူလိုက်တာနဲ့အဲ့မျက်ရည်ကတစမ်းစမ်းနဲ့...ဘယ်လိုဟာလေးမှန်းကိုမသိဘူး..."

"အင့်!..."

ဆူရင်းငေါက်ရင်းနားထင်ကိုလက်ညှိုးနဲ့အားပါပါလာထောက်သည့်ဝမ်ရှန့်ကြောင့်ရိပေါ်ကိုယ်လေးယိုင်ခနဲ။ဒါလည်းအထွန့်မတက်သည့်ကောင်လေးခမျာမျက်နှာလေးမဲ့ရှုံ့သွားရုန်ကလွဲကားမှန်တဖက်ကိုတိုးကပ်လို့ငြိမ်ငြိမ်လေးပဲ။

"ဦးလေးကြီး သွားမယ်လေ...အိမ်ကိုမောင်းတော့!..."

ဝမ်ချွန်းအမိန့်ပေးလိုက်သည်နှင့်driverဦးလေးကြီးကရ​ှန်ဟိုင်းတက္ကသိုလ်ရှေ့ကကားလေးမောင်းထွက်လာလိုက်တော့တယ်။ဒီလိုအမတွေနဲ့သာဆိုကျောင်းတက်တဲ့တလျှောက်လုံးကောင်လေးဒုက္ခခံရဦးမယ်ထင်ပါရဲ့။

္ကျွီ!

"ဆင်း!..."

"ဗျာ!...မကြီးကျွန်တော့်ကိုဘာလို့..."

အိမ်မရောက်သေးဘဲတနေရာမှာကားရပ်ခိုင်းပြီးပြီးချင်းဆင်းဆိုကာအမိန့်ပေးလာသည့်ဝမ်ချွန်းကြောင့်ကောင်လေးခမျာကြောင်နန။

"ဟဲ့!...ဘာတွေအဲ့လောက်တောင်ဖြစ်ပျက်ပြနေတာလဲ...နင့်ကိုခိုင်းစရာရှိလို့ဆင်းခိုင်းတာ...ရော့!...ငါတို့ရေခဲမှုန့်စားချင်လို့ သွားဝယ်ပေးချည်..."

ပြောရင်းရိပေါ်လက်ထဲယွမ်ပိုက်ဆံအနည်းငယ်ထည့်ပေးလာသည့်ဝမ်ရှန့်။ညီအမနှစ်​ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့အထာပေါက်နေကျပုံအပြုံးတို့ကအမြင်ကတ်ဖွယ်အတိ။

"အဲ့လိုမလုပ်ပါနဲ့တူမကြီးတို့ရယ်...ရေခဲမှုန့်စားချင်ဦးလေးသွားဝယ်ပေးမယ်...ဝမ်လေးကိုတော့တစ်ယောက်တည်းမလွှတ်လိုက်ပါနဲ့..."

မနေနိုင်ကြားဝင်တားမိသည့်driverဦးလေးကြီးကြောင့်ဝမ်ချွန်းနဲ့ဝမ်ရှန့်မျက်နှာမဲခနဲ။နှစ်ယောက်သားအံတကြိတ်ကြိတ်နဲ့ဓားကြိမ်းကြိမ်းဟန်ပြတာမို့ဦးလေးကြီးခမျာအလုပ်သမားပီပီခေါင်းရှောင်သွားရတယ်။ဒီကလေးမတွေဘယ်လောက်ကောက်ကျစ်မှန်းသူသိသည်လေ။

"ရပါတယ်...ဦးကြီး ကျွန်တော်ပဲသွားဝယ်ပေးလိုက်ပါ့မယ်...မကြာဘူး ခဏပဲစောင့်နော်မကြီးနဲ့မငယ်္..."

"အင်း...မြန်မြန်သွားရိပေါ်..."

စာနာတတ်သည့်ကောင်လေးကdriverဦးလေးကြီးကိုအခက်မတွေ့စေချင်ဟန်ကားထဲကခပ်သုတ်သုတ်ထွက်သွားတာမို့ဝမ်ချွန်းနဲ့ဝမ်ရှန့်တို့ရဲ့မသူတော်အပြုံးတွေပိုမိုပီပြင်လာတော့တယ်။ဒီချစ်စရာကောင်းလွန်းနေတဲ့ဟာလေးကိုသူမတို့ကဘယ်တော့မှကြည့်ရတာမဟုတ်။

ရိပေါ်ကားထဲဆင်းပြီးလက်သေးသေးလေးတစ်ဖက်ကယွမ်ပိုက်ဆံရွက်လေးတွေစုတ်လို့လမ်းတဖက်ကရေခဲမှုန့်ဆိုင်လေးစီကူးသွားလိုက်တယ်။သူ့အမတွေစိတ်ကျေနပ်ဖို့ကောင်လေးကတော့အနိုင်ကျင့်သမျှကိုပေတေလို့ခံဦးမည်။

"စတော်ဘယ်ရီနဲ့ချောကလတ်..."

"ရပြီကောင်လေး..."

"ကျေးဇူးပါ..."

ရေခဲမှုန့်ခွက်လေးနှစ်ခွက်ကိုတဖက်စီကိုင်လို့ရိပေါ်ကားရပ်ထားတဲ့စီခပ်မြန်မြန်ပြန်လျှောက်လာလိုက်တယ်။ဒီထက်ကြာရင်မကြီးနဲ့မငယ်စိတ်ဆိုးဒေါသထွက်နေရဦးမည်။

"ဟင်!..."

ခုနကားရပ်ထားသည့်နေရာအရောက်ရပ်ထားသည့်အတိုင်းရှိမနေတော့ဘဲပျောက်ချင်းမလှပျောက်သွားသည့်ကားကြောင့်ရိပေါ်ရင်ထဲနင့်ခနဲ။အမှတ်သည်းခြေမရှိမကြီးနဲ့မငယ်ကိုသူမေတ္တာထားမိတာ။

အနိုင်ကျင့်ချင်မှန်းသိပေမဲ့ဒီလိုပစ်ထားရက်မယ်လို့ရိပေါ်မတွေးမိရိုးအမှန်။သွေးသားအရင်းမဟုတ်သည့်တိုင်သူတို့ကမောင်နှမတွေပဲမဟုတ်လား။သူ့မှာပိုက်ဆံမကျန်တော့မှန်းသိလို့တမင်ထားခဲ့ကြတာ။

"ဟင့်!..."

လက်ထဲကအရည်ပျော်စပြုလာသည့်ရေခဲမှုန့်ခွက်တွေကိုကြည့်ပြီးရိပေါ်ငိုချင်စိတ်ပေါက်လာရတယ်။တဆက်တည်းတက္ကသိုလ်လမ်းနဲ့အိမ်လမ်းခုမှကူးလူးဖူးသည်မို့ကိုယ့်ဘာသာလည်းမပြန်တတ်။ကြောက်စိတ်ကြောင့်ဟိုဟိုဒီဒီကြည့်ရင်းလက်ထဲကရေခဲမှုန့်ခွက်တွေလည်းဘယ်ပစ်လိုက်မိမှန်းမသိ။

နာရီဝက်သာကုန်သွားတယ်။အိမ်ကကားပြန်ရောက်မလာတာမို့ပုခုံးထက်လွယ်ထားသည့်ဘတ်အိပ်ကြိုးလေးကိုလက်ကလေးနှစ်ဖက်နဲ့ဖြစ်ညှစ်ရင်းငိုမဲ့မဲ့ကောင်လေးခမျာကားလမ်းနဘေးမှာငုတ်တုတ်လေး။

ကျွီ!

"ဝမ်လေး!..."

ကားရပ်သံနဲ့အတူအထိတ်တလန့်ခေါ်သံကြောင့်ရိပေါ်ခေါင်းလေးငုပ်လို့ငိုရှိုက်နေရာမှမော့ကြည့်လိုက်မိတော့ရီလျှမ်းနဲ့အတူdriver seatကနေရီလျှမ်းကိုကျော်ပြီးရိပေါ်ကိုကြည့်နေသည့်ရှောင်းကျန့်။

"တီလေး...အီး...ဟီး...ဟီး...အင့်!..."

သူ့ကိုအသည်းတယားယားကြည့်နေသည့်ဦးငယ်ကိုဂရုမစိုက်အားရိပေါ်မှာကယ်တင်ရှင်ရသွားသည့်နှယ်ကားထဲကဆင်းလာသည့်ရီလျှမ်းရင်ခွင်ထဲကလေးတစ်ယောက်လိုတိုးဝင်ကာငိုချပလိုက်တယ်။

"ဝမ်လေး...ဘာဖြစ်တာလဲ...ဒီမှာတစ်ယောက်တည်းဘာလုပ်နေတာလဲ...တီလေးရင်ပူလိုက်တာကွယ်..."

ရီလျှမ်းကလည်းရိပေါ်ကျောပြင်လေးကိုပွတ်သပ်ချော့မြူးလို့အမှန်တကယ်စိုးရိမ်နေဟန်။သူ့တူလေးမျက်ရည်တွေမြင်ရင်ရီလျှမ်းရင်ထဲသိပ်ကိုစိုးထိတ်ရပါသည်။

ရှောင်းကျန့်ကတော့ကားထဲကမဆင်းပဲရီလျှမ်းရင်ခွင်ထဲငိုရိုနေသည့်ကောင်လေးကိုမျက်တောင်မခတ်တမ်းကြည့်တယ်။သူ့ကြောင့်မဟုတ်သည့်ချာတိတ်မျက်ရည်တွေဆိုသူလည်းသိပ်မုန်းပါသည်။

္္.................

"တီလေး...မလုပ်ပါနဲ့...ကျွန်တော်ဒီမှာနေလို့အဆင်ပြေပါတယ်..."

"တီလေးကိုတားဖို့မကြိုးစားနဲ့ဝမ်လေး...ဝမ်လေးကိုဒီအိမ်မှာတီလေးမထားခဲ့နိုင်ဘူး...သည်းခံတယ်ဆိုတာအတိုင်းအတာရှိတယ်!...ဝမ်လေးသည်းခံနိုင်တောင်တီလေးမကြည့်ရက်နိုင်ဘူး!..."

Luggageထဲအဝတ်တွေအစောတလျင်ထိုးသိပ်ထည့်ရင်းတပြစ်တောက်တောက်ပြောနေသည့်ရီလျှမ်းကအတော်ဒေါသထွက်နေဟန်။

ဝမ်ချွန်းနဲ့ဝမ်ရှန့်၏ရိပေါ်အပေါ်နိုင့်ထက်စီးနင်းအပြုအမူတွေသိပြီးကတည်းကရိပေါ်ကိုခေါ်သွားမယ်ချည်းတကဲကဲဖြစ်နေသည့်ခယ်မဖြစ်သူကိုဝမ်ပါးလည်းမဟန့်တားမိ။သူ့ထက်ရီလျှမ်းစီမှာရိပေါ်ရှိနေတာပိုစိတ်အေးနိုင်သည်လေ။

"ဝမ်လေး လာ...တီလေးအိမ်လိုက်ခဲ့!..."

ရိပေါ်အဝတ်တွေနဲ့luggageအိပ်တဖက်ဆွဲခုနကထိငိုရိုနေရင်းဘတ်အိပ်လေးလွယ်လျှက်ရပ်နေသည့်ရိပေါ်လက်ကိုတဖက်ကဆွဲကာဧည့်ခန်းဘက်ထွက်လာသည့်ရီလျှမ်းကြောင့်ရိပေါ်မှာရီလျှမ်းလက်ထဲတလိမ့်လိမ့်ပါသွားရတယ်။

"ဝမ်လေးကိုကျွန်မခေါ်သွားမယ်..."

"တီလေး!..."

"မင်းတီလေးနဲ့လိုက်သွားလိုက်သားငယ်..."

"ပါးပါး!..."

တီလေးကိုတားမရဆီးမရဖြစ်နေရတဲ့အထဲဝမ်ပါးကပါကြည်ကြည်ဖြူဖြူထည့်ပေးနေသည်မို့ရိပေါ်အကြပ်ရိုက်လာရတယ်။တီလေးအိမ်သွားလိုက်နေတာအရေးမဟုတ် သူကိုယ်တိုင်ကျားလှောင်အိမ်ထဲတိုးဝင်သလိုဖြစ်သွားမှာ။

ဝမ်ချွန်းနဲ့ဝမ်ရှန့်ကတော့ဧည့်ခန်းထဲကsofaမှာခြေချိတ်ထိုင်လို့သူတို့အပြစ်မလုပ်ထားသလိုအေးအေးလူလူပင်။ရိပေါ်မရှိရင်အိမ်မှာအနိုင်ကျင့်ရမယ့်သူမရှိတော့တာကလွဲသူတို့အတွက်စိုပြေနေဆဲမဟုတ်လား။

"သားငယ်...ပါးပါးပြောတာနားထောင်...တီလေးရီလျှမ်းနဲ့ခဏသွားနေနော်...ကျောင်းနဲ့လည်းပိုနီးတော့အဆင်ပြေတယ်မဟုတ်လား...ပါးပါးကသားငယ်ကိုအချိန်တိုင်းကြည့်မနေနိုင်တာသားငယ်လည်းသိရက်နဲ့...သားငယ်တီလေးနဲ့ဆိုဒီအိမ်မှာရှိနေတာထက်သားငယ်ကိုပါးပါးပိုစိတ်ချတယ်..."

ဝမ်ပါး၏အဓိပ္ပါယ်ပါပါအပြော​ကြောင့်ရီလျှမ်းကစိတ်ပျက်ဟန်မျက်နှာလွှဲသွားတယ်။တမျိုးလုံးကသဲသဲလှုပ်ချစ်ရတဲ့သူ့တူလေးကိုနောက်မှရောက်လာတဲ့ကပ်ပါးလိုဟာတွေအနိုင်ကျင့်ရအောင်မျက်နှာလွှဲခဲပစ်ထားသည့်ခဲအိုဖြစ်သူကိုသူမ လုံးဝမကျေနပ်။

"ရီလျှမ်း ငါသားငယ်ကိုစိတ်ချမယ်နော်..."

"အဟက်!...ခဲအိုအိမ်မှာထက်တော့ဝမ်လေးကကျွန်မစီမှာပိုအန္တရာယ်ကင်းတယ်!..."

လက်ပိုက်လျှက်မကျေမချမ်းပြောလာသည့်ရီလျှမ်းကြောင့်ဝမ်ပါးကသက်ပြင်းရှည်ကြီးချတယ်။ရီလျှမ်းစိတ်ဆိုးလည်းဆိုးချင်စရာကောင်းလောက်အောင်သူသားငယ်ကိုစောင့်မှမစောင့်ရှောက်နိုင်ပဲ။ဒီအဖေကအသုံးမကျပါဘူးသားငယ်ရယ်။

"ပါးပါး!...အင့်!..."

ရင်ခွင်ထဲတိုးဝင်လာသည့်ရိပေါ်ခေါင်းလုံးလေးကိုငုပ်နမ်းရင်းဝမ်ပါးကအသံတိတ်မျက်ရည်ကျတယ်။နုနယ်လွန်းသည့်သားငယ်ကသူတို့နဲ့တခါမှခွဲနေဖူးတာမဟုတ်။

"သားငယ်...ပါးပါးကိုသတိရရင်ရုံးကိုလာခဲ့...မုန့်ဖိုးလိုလည်းပါးပါးစီလာတောင်း...သားငယ်ကိုပါးပါးချစ်တယ်နော်..."

"ဟင့်!...ပါးပါးးး..."

ရင်ခွင်ထဲကခေါင်းလေးတဆက်ဆက်ငြိမ့်ပြသည့်ကောင်လေးကြောင့်ဝမ်ပါးကဖွဖွပြုံးတယ်။

"လိမ္မာတယ်...စာကြိုးစားနော်သားငယ်..."

"ပါးပါး...ကျွန်တော့်စီခဏခဏလာလည်ရမယ်နော်..."

ဝမ်ပါးကိုနှုတ်ဆက်မဆဲဖြစ်နေသည့်ရိပေါ်ကြောင့်ဝမ်ချွန်းနဲ့ဝမ်ရှန့်ကအာရုံနောက်လိုက်တာဆိုကာရေရွတ်လို့ဧည့်ခန်းထဲကထထွက်သွားတယ်။

ထောင်းခနဲဒေါသထွက်သွားသည့်ရီလျှမ်းလည်းဝမ်ပါးရင်ခွင်ထဲကရိပေါ်ကိုဆွဲခေါ်ကာခြံရှေ့ရပ်ထားသည့်ကားစီသွပ်သွပ်လျှောက်သွားလိုက်တယ်။မဟုတ်ရင်အဆင့်မရှိတဲ့ဟာတွေနဲ့သူမရန်ဖြစ်မိတော့မည်။

"မ!...ဘယ်လိုဖြစ်လာတာလဲ..."

တီလေးရီလျှမ်းစီကluggageအိပ်လက်လွှဲယူရင်းမသိသလိုမေးလာသည့်ဦးငယ်ကြောင့်ရိပေါ်အငိုမတိတ်သေးဘဲဦးငယ်ကိုဘုကြည့်ကြည့်ပေးလိုက်တယ်။ဦးငယ်ဒီရုံမြင်လို့ဒီချုံထွင်တာမသိရင်ခက်မယ်။

"ဝမ်လေးကိုရီလျှမ်းတို့နဲ့အတူခေါ်ထားမလို့...အလောတကြီးနဲ့မောင့်ကိုတောင်မတိုင်ပင်လိုက်မိဘူး...အဆင်ပြေတယ်မလားမောင်..."

ရီလျှမ်းအမေးကြောင့်ရှောင်းကျန့်ကကားနောက်ခန်းထဲluggageအိပ်ထည့်ရင်းလှစ်ခနဲပြုံးတယ်။ချာတိတ်လေးပဲမို့သူ့အတွက်အဆင်မပြေစရာရှိမလားလေ။

"အင်း...ကျွန်တော်ကကိစ္စမရှိပါဘူး...ချာတိတ်အိမ်မှာလာနေတော့ပိုတောင်ကောင်းသေးတယ်...အဟင်း!..."

စကားအဆုံးရိပေါ်ကိုမျက်လုံးတဖက်မှိတ်ပြလို့driver seatမှာဝင်ထိုင်လိုက်သည့်ဦးငယ်။တီလေးရီလျှမ်းအမြင်မှာတော့ဦးငယ်ကသဘောထားပြည့်ဝသူကြီး။ရိပေါ် အမြင်မှာတော့ဦးငယ်ကသိုးရေခြုံထားတဲ့ကြောက်မက်ဖွယ်ဝံပုလွေကြီးသာ။

တပူပေါ်တပူဆင့်ဆိုသလိုမကြီးနဲ့မငယ်ကအပူတပူဆိုဦးငယ်ကလည်းထို့နည်းတူပင်။ဦးငယ်ရယ် တီလေးရယ် သူရယ် တအိမ်တည်းမှာဘယ်လိုစခန်းသွားရမှာလဲ။

................

ဂျလောက်!

အိပ်ခန်းတံခါးကိုအသံမထွက်အောင်ပိတ်လို့ရိပေါ်ခြေဖော့နင်းကာမီးဖိုဆောင်ဘက်လျှောက်လာလိုက်တယ်။အမှောင်ကြောက်တတ်တဲ့အပြင် ညဥ့်နက်သန်းခေါင်းဗိုက်ဆာတတ်သည့် သူ့အတွက်တီလေးကတညလုံးမီးတွေဖွင့်ထားပေးသည်မို့အဆင်ပြေသည်။

ဦးငယ်တို့အိပ်ခန်းဘက်တချက်လှမ်းကြည့်လိုက်တော့ပကတိဆိတ်ငြိမ်လျှက်။အချိန်ကလည်းမနည်းတော့တာမို့အိပ်နေကြပြီလို့ထင်လိုက်ပေမဲ့

"ဟင်!..."

မီးဖိုဆောင်ထဲဝင်ဝင်ချင်းမြင်လိုက်ရသည့်ကျောပြင်ကျယ်ကြီးကြောင့်ရိပေါ်မှာကြက်သည်းမွှေးညှင်းများပင်ထသွားရတယ်။ဦး ဦးငယ်ကမအိပ်သေးဘဲဒီချိန်ကြီးဘာထိုင်လုပ်နေလဲမသိ။

ရိပေါ်ကိုကျောပေးထိုင်လျှက်ထမင်းစားပွဲမှာယမကာခွက်နဲ့ရစ်မူးနေသည်ကရှောင်းကျန့်။ကြောက်စိတ်ကြောင့်ဗိုက်ဆာတာကိုအသာထကာဦးငယ်မသိဘူးအထင်နဲ့ရိပေါ်အိပ်ခန်းဘက်ပြန်လှည့်လာလိုက်တယ်။အမှောင်ယံကြီးစိုးသည့်ဒီအခြေနေမှာသူနဲ့ဦးငယ်မျက်နှာချင်းဆိုင်တွေ့လို့မဖြစ်။

"အင့်!...ဦး ဦးငယ်..."

အိပ်ခန်းတံခါးပိတ်ဖို့အလုပ်အခန်းရှေ့လာရပ်ရင်းလက်တစ်ဖက်နဲ့တံခါးကိုတွန်းထားသည့်ရှောင်းကျန့်ကြောင့်ရိပေါ်မျက်လုံးလေးတွေပြုးကျယ်သွားတယ်။

ရီဝေဝေဖြစ်နေသည့်ဦးငယ်ပုံစံ နဂိုကတည်းကအစိုးမရသည့်ဦးငယ်အပြုမူတွေ ပိုဆိုးသည်ကတဖက်ခန်းမှာတီလေးရီလျှမ်းရှိနေခြင်း။

"ချာတိတ်...ကိုယ်နဲ့စကားပြောပေး..."

အနည်းငယ်မူးရုန်ကလွဲရှောင်းကျန့်ကအသိစိတ်ကပ်နေသေးသည်။

"ဟအင်း!...ကျွန်တော်အိပ်ချင်ပြီ...ဦးငယ်သွားပါတော့...အင့်!...ဦးငယ်!..."

မပြောမဆိုရုတ်တရက်တကိုယ်လုံးသိုင်းဖက်ခံလိုက်ရတာမို့ရိပေါ်မှာရှောင်းကျန့်ကိုယ်ကြီးနဲ့အတူအိပ်ခန်းထဲလုံးလုံးကျရောက်သွားရတယ်။ရုုန်းလေပိုတိုးဖက်လေ အသံသဲ့သဲ့သာပြုလို့ရုန်းရင်းဆန်ခတ်ဖြစ်နေရာမှရှောင်းကျန့်ပယောဂကြောင့်မွေ့ယာထက်ရိပေါ်ကိုယ်လေးပုံခနဲ။

"ဦးငယ်...ဟင့်!...တောင်းပန်ပါတယ်နော်...ကျွန်တော့်ကိုချမ်းသာပေးပါ...အီး...ဟီး...ဟီး...အဟင့်!...ကျွန်တော်အရမ်းကြောက်လို့ပါ...ဟင့်!..."

အတင်းချုပ်ဖက်ထားသည့်ရှောင်းကျန့်ကြောင့်ရိပေါ်မှာမျက်ရည်နဲ့မျက်ခွပ်အတော်ကြောက်နေလေပြီ။ဒီအချိန်မှာဦးငယ်သူ့ကိုအတင်းယူရင်သူဘာမှမတက်နိုင်တာမို့တဖွဖွတောင်းပန်နေမိတယ်။

"အဟွန်း!...ချာတိတ်ကိုငိုအောင်ကိုယ်လုပ်လိုက်မိတာလား...ရွှတ်!..."

"အင့်!..."

ရီဝေဝေငုပ်ကြည့်ရင်းပါးတဖက်ကိုတိုးနမ်းလာသည့်ဦးငယ်ကြောင့်လှုပ်မရသည့်ရိပေါ်ခန္ဓာလေးပိုသေးကြုံးသွားရတယ်။

နှာခေါင်းထဲတိုးဝင်လာသည့်ပေါင်ဒါနံ့သင်းသင်းကိုသဘောတွေ့တာမို့ရှောင်းကျန့်ကတော့ရိပေါ်ပါးထက်နှာခေါင်းနှစ်ထားရင်းခဏငြိမ်နေလိုက်တယ်။သူ့စီကalcoholနံ့ပျင်းပျင်းကိုတော်ချာတိတ်လေးခံနိုင်ကောင်းပါရဲ့။

"ချာတိတ်ရှိနေတာကိုယ်ဘယ်လိုလုပ်အိပ်လို့ပျော်မှာလဲကွာ!...အဟွန့်!..."

"ဟင့်အင်း!..."

လည်တိုင်လေးကိုနမ်းရှုံ့ရင်းပြောတော့ချာတိတ်ကရုန်းချင်ပုံရသည်။အိပ်ခန်းတွင်းကဝါကျင်ကျင်မီးအိမ်လေးကြောင့်ချာတိတ်ပါးပြင်နဲ့မျက်တောင်လေးတွေမှာရွှေရောင်ဖျော့ဖျော့မျက်ရည်စလေးတွေခိုတွဲနေတာအတိုင်းသားမြင်နေရတယ်။သူလေးကအငိုသန်လေးပဲ။

"လှရက်လွန်းတယ်ချာတိတ်ရာ...ကိုယ်အရမ်း အရမ်းကို...တကယ်ပါကွာ..."

ကြောက်သွားမည်စိုး၍ရူးချင်သည်ဆိုသည့်စကားကိုထိန်ချိန်လို့ရှောင်းကျန့်မှာအသည်းထဲတမြေ့မြေ့။

တရှုံ့ရှုံ့ငိုနေတာမို့ခပ်တင်းတင်းဖက်ထားရုန်ကလွဲရှောင်းကျန့်ရှေ့ဆက်ဖို့မတွေးတော့။ရာဂစိတ်အတွက်နဲ့ချာတိတ်သူ့ကိုမုန်းရွံသွားမှာသူမလိုလား။

"အိပ်ချင်ပြီဆို..."

"ဟင့်!...ဦးငယ်ပြန်..."

ဇွဲမလျော့ပဲနှင်လွှတ်နေသည့်ချာတိတ်ကြောင့်ရှောင်းကျန့်နှုတ်ခမ်းလှုပ်ရုန်လေးပြုံးလိုက်မိတယ်။

"ဘယ်လိုလုပ်မလဲ...ကိုယ်ကချာတိတ်ကိုတညလုံးဖက်အိပ်ချင်တာ..."

"ဦးငယ်မှာတီ တီလေးရှိနေတာပဲ..."

"ဘယ်သူ့ကိုဖက်အိပ်ရအိပ်ရကိုယ်အဆင်ပြေမယ်ထင်လို့လား..."

ငြိမ်ကျသွားသည့်ချာတိတ်ကခဏကြာတော့ရင်ခွင်ထဲကမျက်လုံးလေးလှန်ကြည့်လာတယ်။

"မင်းနဲ့မှဖြစ်မှာ...မင်းကိုပဲလိုအပ်တာချာတိတ်..."

သူ့စကားကြောင့်စိုးရိမ်ရိပ်တွေကြားကဖြတ်ပြေးသွားသည့်ချာတိတ်မျက်နှာထက်ကကြည်နူးရိပ်လေး။စိတ်လိုလက်ရပါးပြင်နုနုပေါ်ကမျက်ရည်တွေကိုသုတ်ပေးရင်းနှဖူးပြေပြေလေးကိုဖိနမ်းလိုက်တယ်။

"မစိုးရိမ်ပါနဲ့...ချာတိတ်အိပ်ပျော်သွားရင်ကိုယ်အခန်းပြင်ထွက်သွားပေးမယ်...အိပ်ပျော်အောင်အိပ်လိုက်..."

"ဦးငယ်!..."

"အိပ်တော့...လိမ္မာတယ်္..."

"အင့်!..."

ခေါင်းလုံးလေးကိုရင်ခွင်ထဲဆွဲသွင်းလိုက်တော့မသက်သာလို့ငြိမ်သွားပုံရသည်။ပြန်မဖက်ထားပဲရင်ဘတ်နားလာတွန်းထားသည့်လက်ကလေးတွေကြောင့်ခပ်လျော့လျော့သာဖက်တွယ်ထားရတယ်။

ဝါကျင်ကျင်မီးအိမ်လေးရယ် ရင်ခွင်ထဲကချစ်သူလေးရယ်။အသက်ရှူသံမျှင်မျှင်လေးကိုနားဆင်ရင်းရှောင်းကျန့်ရင်ထဲအနွေးလှိုင်းလေးဖြတ်စီးတယ်။

ကိုယ်တို့နီးစပ်မှုကမသင့်တော်ခြင်းတွေနဲ့ပူလောင်ကောင်းပူလောင်နိုင်တယ်။ဒါပေမဲ့မင်းစီရောက်ရင်အရာအားလုံးငြိမ်းတယ်။မင်းကကိုယ့်အတွက်တော့Oasiaလေးပဲချာတိတ်။

#Tbc
I need your feedback and voting:

အားလုံးဘေးကင်းကြပါစေနော်❦︎

_____________

❦︎Zawgyi version❦︎

FOLLOW ME-8
.
.
.
.
"ကြၽန္ေတာ္ေရာက္ၿပီ!..."

"က်စ္!...ဒီအရႈပ္ထုတ္ကေတာ့..."

ကားစီအေျပးေလးေရာက္လာသည့္ရိေပၚကိုေတြ႕ေတာ့ဝမ္ခြၽန္းကစိတ္ပ်က္ဟန္စိတ္တခ်က္သပ္သည့္တိုင္ေနာက္ခန္းမွာေခါင္းေမာ့ရင္ေကာ့ကာထိုင္ေနသည့္ဝမ္ရွန့္ကလည္းထို႔နည္းတူရိေပၚကိုမ်က္ေစာင္းတခဲခဲ။

"ေက်ာင္းေလးတခါအပ္တာအဲ့ေလာက္ေတာင္ၾကာရလားဟဲ့!...ငါတို႔ၿပီးလို႔နင့္ထိုင္ေစာင့္ေနတာဖင္ေတာင္ဂြၽတ္တက္ေတာ့မယ္..."

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္မငယ္...centerမွာလူအရမ္းၾကပ္ေနတာနဲ႕..."

"တိတ္စိမ္း!...မဆူရဲဘူးဆူလိုက္တာနဲ႕အဲ့မ်က္ရည္ကတစမ္းစမ္းနဲ႕...ဘယ္လိုဟာေလးမွန္းကိုမသိဘူး..."

"အင့္!..."

ဆူရင္းေငါက္ရင္းနားထင္ကိုလက္ညွိုးနဲ႕အားပါပါလာေထာက္သည့္ဝမ္ရွန့္ေၾကာင့္ရိေပၚကိုယ္ေလးယိုင္ခနဲ။ဒါလည္းအထြန့္မတက္သည့္ေကာင္ေလးခမ်ာမ်က္ႏွာေလးမဲ့ရႈံ႕သြား႐ုန္ကလြဲကားမွန္တဖက္ကိုတိုးကပ္လို႔ၿငိမ္ၿငိမ္ေလးပဲ။

"ဦးေလးႀကီး သြားမယ္ေလ...အိမ္ကိုေမာင္းေတာ့!..."

ဝမ္ခြၽန္းအမိန့္ေပးလိုက္သည္ႏွင့္driverဦးေလးႀကီးကရ​ွန္ဟိုင္းတကၠသိုလ္ေရွ႕ကကားေလးေမာင္းထြက္လာလိုက္ေတာ့တယ္။ဒီလိုအမေတြနဲ႕သာဆိုေက်ာင္းတက္တဲ့တေလွ်ာက္လုံးေကာင္ေလးဒုကၡခံရဦးမယ္ထင္ပါရဲ႕။

ၠြၽီ!

"ဆင္း!..."

"ဗ်ာ!...မႀကီးကြၽန္ေတာ့္ကိုဘာလို႔..."

အိမ္မေရာက္ေသးဘဲတေနရာမွာကားရပ္ခိုင္းၿပီးၿပီးခ်င္းဆင္းဆိုကာအမိန့္ေပးလာသည့္ဝမ္ခြၽန္းေၾကာင့္ေကာင္ေလးခမ်ာေၾကာင္နန။

"ဟဲ့!...ဘာေတြအဲ့ေလာက္ေတာင္ျဖစ္ပ်က္ျပေနတာလဲ...နင့္ကိုခိုင္းစရာရွိလို႔ဆင္းခိုင္းတာ...ေရာ့!...ငါတို႔ေရခဲမႈန့္စားခ်င္လို႔ သြားဝယ္ေပးခ်ည္..."

ေျပာရင္းရိေပၚလက္ထဲယြမ္ပိုက္ဆံအနည္းငယ္ထည့္ေပးလာသည့္ဝမ္ရွန့္။ညီအမႏွစ္​ေယာက္တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လို႔အထာေပါက္ေနက်ပဳံအၿပဳံးတို႔ကအျမင္ကတ္ဖြယ္အတိ။

"အဲ့လိုမလုပ္ပါနဲ႕တူမႀကီးတို႔ရယ္...ေရခဲမႈန့္စားခ်င္ဦးေလးသြားဝယ္ေပးမယ္...ဝမ္ေလးကိုေတာ့တစ္ေယာက္တည္းမလႊတ္လိုက္ပါနဲ႕..."

မေနနိုင္ၾကားဝင္တားမိသည့္driverဦးေလးႀကီးေၾကာင့္ဝမ္ခြၽန္းနဲ႕ဝမ္ရွန့္မ်က္ႏွာမဲခနဲ။ႏွစ္ေယာက္သားအံတႀကိတ္ႀကိတ္နဲ႕ဓားႀကိမ္းႀကိမ္းဟန္ျပတာမို႔ဦးေလးႀကီးခမ်ာအလုပ္သမားပီပီေခါင္းေရွာင္သြားရတယ္။ဒီကေလးမေတြဘယ္ေလာက္ေကာက္က်စ္မွန္းသူသိသည္ေလ။

"ရပါတယ္...ဦးႀကီး ကြၽန္ေတာ္ပဲသြားဝယ္ေပးလိုက္ပါ့မယ္...မၾကာဘူး ခဏပဲေစာင့္ေနာ္မႀကီးနဲ႕မငယ္္..."

"အင္း...ျမန္ျမန္သြားရိေပၚ..."

စာနာတတ္သည့္ေကာင္ေလးကdriverဦးေလးႀကီးကိုအခက္မေတြ႕ေစခ်င္ဟန္ကားထဲကခပ္သုတ္သုတ္ထြက္သြားတာမို႔ဝမ္ခြၽန္းနဲ႕ဝမ္ရွန့္တို႔ရဲ႕မသူေတာ္အၿပဳံးေတြပိုမိုပီျပင္လာေတာ့တယ္။ဒီခ်စ္စရာေကာင္းလြန္းေနတဲ့ဟာေလးကိုသူမတို႔ကဘယ္ေတာ့မွၾကည့္ရတာမဟုတ္။

ရိေပၚကားထဲဆင္းၿပီးလက္ေသးေသးေလးတစ္ဖက္ကယြမ္ပိုက္ဆံ႐ြက္ေလးေတြစုတ္လို႔လမ္းတဖက္ကေရခဲမႈန့္ဆိုင္ေလးစီကူးသြားလိုက္တယ္။သူ႕အမေတြစိတ္ေက်နပ္ဖို႔ေကာင္ေလးကေတာ့အနိုင္က်င့္သမွ်ကိုေပေတလို႔ခံဦးမည္။

"စေတာ္ဘယ္ရီနဲ႕ေခ်ာကလတ္..."

"ရၿပီေကာင္ေလး..."

"ေက်းဇူးပါ..."

ေရခဲမႈန့္ခြက္ေလးႏွစ္ခြက္ကိုတဖက္စီကိုင္လို႔ရိေပၚကားရပ္ထားတဲ့စီခပ္ျမန္ျမန္ျပန္ေလွ်ာက္လာလိုက္တယ္။ဒီထက္ၾကာရင္မႀကီးနဲ႕မငယ္စိတ္ဆိုးေဒါသထြက္ေနရဦးမည္။

"ဟင္!..."

ခုနကားရပ္ထားသည့္ေနရာအေရာက္ရပ္ထားသည့္အတိုင္းရွိမေနေတာ့ဘဲေပ်ာက္ခ်င္းမလွေပ်ာက္သြားသည့္ကားေၾကာင့္ရိေပၚရင္ထဲနင့္ခနဲ။အမွတ္သည္းေျခမရွိမႀကီးနဲ႕မငယ္ကိုသူေမတၱာထားမိတာ။

အနိုင္က်င့္ခ်င္မွန္းသိေပမဲ့ဒီလိုပစ္ထားရက္မယ္လို႔ရိေပၚမေတြးမိရိုးအမွန္။ေသြးသားအရင္းမဟုတ္သည့္တိုင္သူတို႔ကေမာင္ႏွမေတြပဲမဟုတ္လား။သူ႕မွာပိုက္ဆံမက်န္ေတာ့မွန္းသိလို႔တမင္ထားခဲ့ၾကတာ။

"ဟင့္!..."

လက္ထဲကအရည္ေပ်ာ္စျပဳလာသည့္ေရခဲမႈန့္ခြက္ေတြကိုၾကည့္ၿပီးရိေပၚငိုခ်င္စိတ္ေပါက္လာရတယ္။တဆက္တည္းတကၠသိုလ္လမ္းနဲ႕အိမ္လမ္းခုမွကူးလူးဖူးသည္မို႔ကိုယ့္ဘာသာလည္းမျပန္တတ္။ေၾကာက္စိတ္ေၾကာင့္ဟိုဟိုဒီဒီၾကည့္ရင္းလက္ထဲကေရခဲမႈန့္ခြက္ေတြလည္းဘယ္ပစ္လိုက္မိမွန္းမသိ။

နာရီဝက္သာကုန္သြားတယ္။အိမ္ကကားျပန္ေရာက္မလာတာမို႔ပုခုံးထက္လြယ္ထားသည့္ဘတ္အိပ္ႀကိဳးေလးကိုလက္ကေလးႏွစ္ဖက္နဲ႕ျဖစ္ညွစ္ရင္းငိုမဲ့မဲ့ေကာင္ေလးခမ်ာကားလမ္းနေဘးမွာငုတ္တုတ္ေလး။

ကြၽီ!

"ဝမ္ေလး!..."

ကားရပ္သံနဲ႕အတူအထိတ္တလန့္ေခၚသံေၾကာင့္ရိေပၚေခါင္းေလးငုပ္လို႔ငိုရွိုက္ေနရာမွေမာ့ၾကည့္လိုက္မိေတာ့ရီလွ်မ္းနဲ႕အတူdriver seatကေနရီလွ်မ္းကိုေက်ာ္ၿပီးရိေပၚကိုၾကည့္ေနသည့္ေရွာင္းက်န့္။

"တီေလး...အီး...ဟီး...ဟီး...အင့္!..."

သူ႕ကိုအသည္းတယားယားၾကည့္ေနသည့္ဦးငယ္ကိုဂ႐ုမစိုက္အားရိေပၚမွာကယ္တင္ရွင္ရသြားသည့္ႏွယ္ကားထဲကဆင္းလာသည့္ရီလွ်မ္းရင္ခြင္ထဲကေလးတစ္ေယာက္လိုတိုးဝင္ကာငိုခ်ပလိုက္တယ္။

"ဝမ္ေလး...ဘာျဖစ္တာလဲ...ဒီမွာတစ္ေယာက္တည္းဘာလုပ္ေနတာလဲ...တီေလးရင္ပူလိုက္တာကြယ္..."

ရီလွ်မ္းကလည္းရိေပၚေက်ာျပင္ေလးကိုပြတ္သပ္ေခ်ာ့ျမဴးလို႔အမွန္တကယ္စိုးရိမ္ေနဟန္။သူ႕တူေလးမ်က္ရည္ေတြျမင္ရင္ရီလွ်မ္းရင္ထဲသိပ္ကိုစိုးထိတ္ရပါသည္။

ေရွာင္းက်န့္ကေတာ့ကားထဲကမဆင္းပဲရီလွ်မ္းရင္ခြင္ထဲငိုရိုေနသည့္ေကာင္ေလးကိုမ်က္ေတာင္မခတ္တမ္းၾကည့္တယ္။သူ႕ေၾကာင့္မဟုတ္သည့္ခ်ာတိတ္မ်က္ရည္ေတြဆိုသူလည္းသိပ္မုန္းပါသည္။

္္.................

"တီေလး...မလုပ္ပါနဲ႕...ကြၽန္ေတာ္ဒီမွာေနလို႔အဆင္ေျပပါတယ္..."

"တီေလးကိုတားဖို႔မႀကိဳးစားနဲ႕ဝမ္ေလး...ဝမ္ေလးကိုဒီအိမ္မွာတီေလးမထားခဲ့နိုင္ဘူး...သည္းခံတယ္ဆိုတာအတိုင္းအတာရွိတယ္!...ဝမ္ေလးသည္းခံနိုင္ေတာင္တီေလးမၾကည့္ရက္နိုင္ဘူး!..."

Luggageထဲအဝတ္ေတြအေစာတလ်င္ထိုးသိပ္ထည့္ရင္းတျပစ္ေတာက္ေတာက္ေျပာေနသည့္ရီလွ်မ္းကအေတာ္ေဒါသထြက္ေနဟန္။

ဝမ္ခြၽန္းနဲ႕ဝမ္ရွန့္၏ရိေပၚအေပၚနိုင့္ထက္စီးနင္းအျပဳအမူေတြသိၿပီးကတည္းကရိေပၚကိုေခၚသြားမယ္ခ်ည္းတကဲကဲျဖစ္ေနသည့္ခယ္မျဖစ္သူကိုဝမ္ပါးလည္းမဟန့္တားမိ။သူ႕ထက္ရီလွ်မ္းစီမွာရိေပၚရွိေနတာပိုစိတ္ေအးနိုင္သည္ေလ။

"ဝမ္ေလး လာ...တီေလးအိမ္လိုက္ခဲ့!..."

ရိေပၚအဝတ္ေတြနဲ႕luggageအိပ္တဖက္ဆြဲခုနကထိငိုရိုေနရင္းဘတ္အိပ္ေလးလြယ္လွ်က္ရပ္ေနသည့္ရိေပၚလက္ကိုတဖက္ကဆြဲကာဧည့္ခန္းဘက္ထြက္လာသည့္ရီလွ်မ္းေၾကာင့္ရိေပၚမွာရီလွ်မ္းလက္ထဲတလိမ့္လိမ့္ပါသြားရတယ္။

"ဝမ္ေလးကိုကြၽန္မေခၚသြားမယ္..."

"တီေလး!..."

"မင္းတီေလးနဲ႕လိုက္သြားလိုက္သားငယ္..."

"ပါးပါး!..."

တီေလးကိုတားမရဆီးမရျဖစ္ေနရတဲ့အထဲဝမ္ပါးကပါၾကည္ၾကည္ျဖဴျဖဴထည့္ေပးေနသည္မို႔ရိေပၚအၾကပ္ရိုက္လာရတယ္။တီေလးအိမ္သြားလိုက္ေနတာအေရးမဟုတ္ သူကိုယ္တိုင္က်ားေလွာင္အိမ္ထဲတိုးဝင္သလိုျဖစ္သြားမွာ။

ဝမ္ခြၽန္းနဲ႕ဝမ္ရွန့္ကေတာ့ဧည့္ခန္းထဲကsofaမွာေျခခ်ိတ္ထိုင္လို႔သူတို႔အျပစ္မလုပ္ထားသလိုေအးေအးလူလူပင္။ရိေပၚမရွိရင္အိမ္မွာအနိုင္က်င့္ရမယ့္သူမရွိေတာ့တာကလြဲသူတို႔အတြက္စိုေျပေနဆဲမဟုတ္လား။

"သားငယ္...ပါးပါးေျပာတာနားေထာင္...တီေလးရီလွ်မ္းနဲ႕ခဏသြားေနေနာ္...ေက်ာင္းနဲ႕လည္းပိုနီးေတာ့အဆင္ေျပတယ္မဟုတ္လား...ပါးပါးကသားငယ္ကိုအခ်ိန္တိုင္းၾကည့္မေနနိုင္တာသားငယ္လည္းသိရက္နဲ႕...သားငယ္တီေလးနဲ႕ဆိုဒီအိမ္မွာရွိေနတာထက္သားငယ္ကိုပါးပါးပိုစိတ္ခ်တယ္..."

ဝမ္ပါး၏အဓိပၸါယ္ပါပါအေျပာ​ေၾကာင့္ရီလွ်မ္းကစိတ္ပ်က္ဟန္မ်က္ႏွာလႊဲသြားတယ္။တမ်ိဳးလုံးကသဲသဲလႈပ္ခ်စ္ရတဲ့သူ႕တူေလးကိုေနာက္မွေရာက္လာတဲ့ကပ္ပါးလိုဟာေတြအနိုင္က်င့္ရေအာင္မ်က္ႏွာလႊဲခဲပစ္ထားသည့္ခဲအိုျဖစ္သူကိုသူမ လုံးဝမေက်နပ္။

"ရီလွ်မ္း ငါသားငယ္ကိုစိတ္ခ်မယ္ေနာ္..."

"အဟက္!...ခဲအိုအိမ္မွာထက္ေတာ့ဝမ္ေလးကကြၽန္မစီမွာပိုအႏၲရာယ္ကင္းတယ္!..."

လက္ပိုက္လွ်က္မေက်မခ်မ္းေျပာလာသည့္ရီလွ်မ္းေၾကာင့္ဝမ္ပါးကသက္ျပင္းရွည္ႀကီးခ်တယ္။ရီလွ်မ္းစိတ္ဆိုးလည္းဆိုးခ်င္စရာေကာင္းေလာက္ေအာင္သူသားငယ္ကိုေစာင့္မွမေစာင့္ေရွာက္နိုင္ပဲ။ဒီအေဖကအသုံးမက်ပါဘူးသားငယ္ရယ္။

"ပါးပါး!...အင့္!..."

ရင္ခြင္ထဲတိုးဝင္လာသည့္ရိေပၚေခါင္းလုံးေလးကိုငုပ္နမ္းရင္းဝမ္ပါးကအသံတိတ္မ်က္ရည္က်တယ္။ႏုနယ္လြန္းသည့္သားငယ္ကသူတို႔နဲ႕တခါမွခြဲေနဖူးတာမဟုတ္။

"သားငယ္...ပါးပါးကိုသတိရရင္႐ုံးကိုလာခဲ့...မုန့္ဖိုးလိုလည္းပါးပါးစီလာေတာင္း...သားငယ္ကိုပါးပါးခ်စ္တယ္ေနာ္..."

"ဟင့္!...ပါးပါးးး..."

ရင္ခြင္ထဲကေခါင္းေလးတဆက္ဆက္ၿငိမ့္ျပသည့္ေကာင္ေလးေၾကာင့္ဝမ္ပါးကဖြဖြၿပဳံးတယ္။

"လိမၼာတယ္...စာႀကိဳးစားေနာ္သားငယ္..."

"ပါးပါး...ကြၽန္ေတာ့္စီခဏခဏလာလည္ရမယ္ေနာ္..."

ဝမ္ပါးကိုႏႈတ္ဆက္မဆဲျဖစ္ေနသည့္ရိေပၚေၾကာင့္ဝမ္ခြၽန္းနဲ႕ဝမ္ရွန့္ကအာ႐ုံေနာက္လိုက္တာဆိုကာေရ႐ြတ္လို႔ဧည့္ခန္းထဲကထထြက္သြားတယ္။

ေထာင္းခနဲေဒါသထြက္သြားသည့္ရီလွ်မ္းလည္းဝမ္ပါးရင္ခြင္ထဲကရိေပၚကိုဆြဲေခၚကာၿခံေရွ႕ရပ္ထားသည့္ကားစီသြပ္သြပ္ေလွ်ာက္သြားလိုက္တယ္။မဟုတ္ရင္အဆင့္မရွိတဲ့ဟာေတြနဲ႕သူမရန္ျဖစ္မိေတာ့မည္။

"မ!...ဘယ္လိုျဖစ္လာတာလဲ..."

တီေလးရီလွ်မ္းစီကluggageအိပ္လက္လႊဲယူရင္းမသိသလိုေမးလာသည့္ဦးငယ္ေၾကာင့္ရိေပၚအငိုမတိတ္ေသးဘဲဦးငယ္ကိုဘုၾကည့္ၾကည့္ေပးလိုက္တယ္။ဦးငယ္ဒီ႐ုံျမင္လို႔ဒီခ်ဳံထြင္တာမသိရင္ခက္မယ္။

"ဝမ္ေလးကိုရီလွ်မ္းတို႔နဲ႕အတူေခၚထားမလို႔...အေလာတႀကီးနဲ႕ေမာင့္ကိုေတာင္မတိုင္ပင္လိုက္မိဘူး...အဆင္ေျပတယ္မလားေမာင္..."

ရီလွ်မ္းအေမးေၾကာင့္ေရွာင္းက်န့္ကကားေနာက္ခန္းထဲluggageအိပ္ထည့္ရင္းလွစ္ခနဲၿပဳံးတယ္။ခ်ာတိတ္ေလးပဲမို႔သူ႕အတြက္အဆင္မေျပစရာရွိမလားေလ။

"အင္း...ကြၽန္ေတာ္ကကိစၥမရွိပါဘူး...ခ်ာတိတ္အိမ္မွာလာေနေတာ့ပိုေတာင္ေကာင္းေသးတယ္...အဟင္း!..."

စကားအဆုံးရိေပၚကိုမ်က္လုံးတဖက္မွိတ္ျပလို႔driver seatမွာဝင္ထိုင္လိုက္သည့္ဦးငယ္။တီေလးရီလွ်မ္းအျမင္မွာေတာ့ဦးငယ္ကသေဘာထားျပည့္ဝသူႀကီး။ရိေပၚ အျမင္မွာေတာ့ဦးငယ္ကသိုးေရၿခဳံထားတဲ့ေၾကာက္မက္ဖြယ္ဝံပုေလြႀကီးသာ။

တပူေပၚတပူဆင့္ဆိုသလိုမႀကီးနဲ႕မငယ္ကအပူတပူဆိုဦးငယ္ကလည္းထို႔နည္းတူပင္။ဦးငယ္ရယ္ တီေလးရယ္ သူရယ္ တအိမ္တည္းမွာဘယ္လိုစခန္းသြားရမွာလဲ။

................

ဂ်ေလာက္!

အိပ္ခန္းတံခါးကိုအသံမထြက္ေအာင္ပိတ္လို႔ရိေပၚေျခေဖာ့နင္းကာမီးဖိုေဆာင္ဘက္ေလွ်ာက္လာလိုက္တယ္။အေမွာင္ေၾကာက္တတ္တဲ့အျပင္ ညဥ့္နက္သန္းေခါင္းဗိုက္ဆာတတ္သည့္ သူ႕အတြက္တီေလးကတညလုံးမီးေတြဖြင့္ထားေပးသည္မို႔အဆင္ေျပသည္။

ဦးငယ္တို႔အိပ္ခန္းဘက္တခ်က္လွမ္းၾကည့္လိုက္ေတာ့ပကတိဆိတ္ၿငိမ္လွ်က္။အခ်ိန္ကလည္းမနည္းေတာ့တာမို႔အိပ္ေနၾကၿပီလို႔ထင္လိုက္ေပမဲ့

"ဟင္!..."

မီးဖိုေဆာင္ထဲဝင္ဝင္ခ်င္းျမင္လိုက္ရသည့္ေက်ာျပင္က်ယ္ႀကီးေၾကာင့္ရိေပၚမွာၾကက္သည္းေမႊးညွင္းမ်ားပင္ထသြားရတယ္။ဦး ဦးငယ္ကမအိပ္ေသးဘဲဒီခ်ိန္ႀကီးဘာထိုင္လုပ္ေနလဲမသိ။

ရိေပၚကိုေက်ာေပးထိုင္လွ်က္ထမင္းစားပြဲမွာယမကာခြက္နဲ႕ရစ္မူးေနသည္ကေရွာင္းက်န့္။ေၾကာက္စိတ္ေၾကာင့္ဗိုက္ဆာတာကိုအသာထကာဦးငယ္မသိဘူးအထင္နဲ႕ရိေပၚအိပ္ခန္းဘက္ျပန္လွည့္လာလိုက္တယ္။အေမွာင္ယံႀကီးစိုးသည့္ဒီအေျခေနမွာသူနဲ႕ဦးငယ္မ်က္ႏွာခ်င္းဆိုင္ေတြ႕လို႔မျဖစ္။

"အင့္!...ဦး ဦးငယ္..."

အိပ္ခန္းတံခါးပိတ္ဖို႔အလုပ္အခန္းေရွ႕လာရပ္ရင္းလက္တစ္ဖက္နဲ႕တံခါးကိုတြန္းထားသည့္ေရွာင္းက်န့္ေၾကာင့္ရိေပၚမ်က္လုံးေလးေတြျပဳးက်ယ္သြားတယ္။

ရီေဝေဝျဖစ္ေနသည့္ဦးငယ္ပုံစံ နဂိုကတည္းကအစိုးမရသည့္ဦးငယ္အျပဳမူေတြ ပိုဆိုးသည္ကတဖက္ခန္းမွာတီေလးရီလွ်မ္းရွိေနျခင္း။

"ခ်ာတိတ္...ကိုယ္နဲ႕စကားေျပာေပး..."

အနည္းငယ္မူး႐ုန္ကလြဲေရွာင္းက်န့္ကအသိစိတ္ကပ္ေနေသးသည္။

"ဟအင္း!...ကြၽန္ေတာ္အိပ္ခ်င္ၿပီ...ဦးငယ္သြားပါေတာ့...အင့္!...ဦးငယ္!..."

မေျပာမဆို႐ုတ္တရက္တကိုယ္လုံးသိုင္းဖက္ခံလိုက္ရတာမို႔ရိေပၚမွာေရွာင္းက်န့္ကိုယ္ႀကီးနဲ႕အတူအိပ္ခန္းထဲလုံးလုံးက်ေရာက္သြားရတယ္။႐ုုန္းေလပိုတိုးဖက္ေလ အသံသဲ့သဲ့သာျပဳလို႔႐ုန္းရင္းဆန္ခတ္ျဖစ္ေနရာမွေရွာင္းက်န့္ပေယာဂေၾကာင့္ေမြ႕ယာထက္ရိေပၚကိုယ္ေလးပုံခနဲ။

"ဦးငယ္...ဟင့္!...ေတာင္းပန္ပါတယ္ေနာ္...ကြၽန္ေတာ့္ကိုခ်မ္းသာေပးပါ...အီး...ဟီး...ဟီး...အဟင့္!...ကြၽန္ေတာ္အရမ္းေၾကာက္လို႔ပါ...ဟင့္!..."

အတင္းခ်ဳပ္ဖက္ထားသည့္ေရွာင္းက်န့္ေၾကာင့္ရိေပၚမွာမ်က္ရည္နဲ႕မ်က္ခြပ္အေတာ္ေၾကာက္ေနေလၿပီ။ဒီအခ်ိန္မွာဦးငယ္သူ႕ကိုအတင္းယူရင္သူဘာမွမတက္နိုင္တာမို႔တဖြဖြေတာင္းပန္ေနမိတယ္။

"အဟြန္း!...ခ်ာတိတ္ကိုငိုေအာင္ကိုယ္လုပ္လိုက္မိတာလား...႐ႊတ္!..."

"အင့္!..."

ရီေဝေဝငုပ္ၾကည့္ရင္းပါးတဖက္ကိုတိုးနမ္းလာသည့္ဦးငယ္ေၾကာင့္လႈပ္မရသည့္ရိေပၚခႏၶာေလးပိုေသးႀကဳံးသြားရတယ္။

ႏွာေခါင္းထဲတိုးဝင္လာသည့္ေပါင္ဒါနံ႕သင္းသင္းကိုသေဘာေတြ႕တာမို႔ေရွာင္းက်န့္ကေတာ့ရိေပၚပါးထက္ႏွာေခါင္းႏွစ္ထားရင္းခဏၿငိမ္ေနလိုက္တယ္။သူ႕စီကalcoholနံ႕ပ်င္းပ်င္းကိုေတာ္ခ်ာတိတ္ေလးခံနိုင္ေကာင္းပါရဲ႕။

"ခ်ာတိတ္ရွိေနတာကိုယ္ဘယ္လိုလုပ္အိပ္လို႔ေပ်ာ္မွာလဲကြာ!...အဟြန့္!..."

"ဟင့္အင္း!..."

လည္တိုင္ေလးကိုနမ္းရႈံ႕ရင္းေျပာေတာ့ခ်ာတိတ္က႐ုန္းခ်င္ပုံရသည္။အိပ္ခန္းတြင္းကဝါက်င္က်င္မီးအိမ္ေလးေၾကာင့္ခ်ာတိတ္ပါးျပင္နဲ႕မ်က္ေတာင္ေလးေတြမွာေ႐ႊေရာင္ေဖ်ာ့ေဖ်ာ့မ်က္ရည္စေလးေတြခိုတြဲေနတာအတိုင္းသားျမင္ေနရတယ္။သူေလးကအငိုသန်​ေလးပဲ။

"လွရက္လြန္းတယ္ခ်ာတိတ္ရာ...ကိုယ္အရမ္း အရမ္းကို...တကယ္ပါကြာ..."

ေၾကာက္သြားမည္စိုး၍႐ူးခ်င္သည္ဆိုသည့္စကားကိုထိန္ခ်ိန္လို႔ေရွာင္းက်န့္မွာအသည္းထဲတေျမ့ေျမ့။

တရႈံ႕ရႈံ႕ငိုေနတာမို႔ခပ္တင္းတင္းဖက္ထား႐ုန္ကလြဲေရွာင္းက်န့္ေရွ႕ဆက္ဖို႔မေတြးေတာ့။ရာဂစိတ္အတြက္နဲ႕ခ်ာတိတ္သူ႕ကိုမုန္း႐ြံသြားမွာသူမလိုလား။

"အိပ္ခ်င္ၿပီဆို..."

"ဟင့္!...ဦးငယ္ျပန္..."

ဇြဲမေလ်ာ့ပဲႏွင္လႊတ္ေနသည့္ခ်ာတိတ္ေၾကာင့္ေရွာင္းက်န့္ႏႈတ္ခမ္းလႈပ္႐ုန္ေလးၿပဳံးလိုက္မိတယ္။

"ဘယ္လိုလုပ္မလဲ...ကိုယ္ကခ်ာတိတ္ကိုတညလုံးဖက္အိပ္ခ်င္တာ..."

"ဦးငယ္မွာတီ တီေလးရွိေနတာပဲ..."

"ဘယ္သူ႕ကိုဖက္အိပ္ရအိပ္ရကိုယ္အဆင္ေျပမယ္ထင္လို႔လား..."

ၿငိမ္က်သြားသည့္ခ်ာတိတ္ကခဏၾကာေတာ့ရင္ခြင္ထဲကမ်က္လုံးေလးလွန္ၾကည့္လာတယ္။

"မင္းနဲ႕မွျဖစ္မွာ...မင္းကိုပဲလိုအပ္တာခ်ာတိတ္..."

သူ႕စကားေၾကာင့္စိုးရိမ္ရိပ္ေတြၾကားကျဖတ္ေျပးသြားသည့္ခ်ာတိတ္မ်က္ႏွာထက္ကၾကည္ႏူးရိပ္ေလး။စိတ္လိုလက္ရပါးျပင္ႏုႏုေပၚကမ်က္ရည္ေတြကိုသုတ္ေပးရင္းႏွဖူးေျပေျပေလးကိုဖိနမ္းလိုက္တယ္။

"မစိုးရိမ္ပါနဲ႕...ခ်ာတိတ္အိပ္ေပ်ာ္သြားရင္ကိုယ္အခန္းျပင္ထြက္သြားေပးမယ္...အိပ္ေပ်ာ္ေအာင္အိပ္လိုက္..."

"ဦးငယ္!..."

"အိပ္ေတာ့...လိမၼာတယ္္..."

"အင့္!..."

ေခါင္းလုံးေလးကိုရင္ခြင္ထဲဆြဲသြင္းလိုက္ေတာ့မသက္သာလို႔ၿငိမ္သြားပုံရသည္။ျပန္မဖက္ထားပဲရင္ဘတ္နားလာတြန္းထားသည့္လက္ကေလးေတြေၾကာင့္ခပ္ေလ်ာ့ေလ်ာ့သာဖက္တြယ္ထားရတယ္။

ဝါက်င္က်င္မီးအိမ္ေလးရယ္ ရင္ခြင္ထဲကခ်စ္သူေလးရယ္။အသက္ရႉသံမွ်င္မွ်င္ေလးကိုနားဆင္ရင္းေရွာင္းက်န့္ရင္ထဲအေႏြးလွိုင္းေလးျဖတ္စီးတယ္။

ကိုယ္တို႔နီးစပ္မႈကမသင့္ေတာ္ျခင္းေတြနဲ႕ပူေလာင္ေကာင္းပူေလာင္နိုင္တယ္။ဒါေပမဲ့မင္းစီေရာက္ရင္အရာအားလုံးၿငိမ္းတယ္။မင္းကကိုယ့္အတြက္ေတာ့Oasiaေလးပဲခ်ာတိတ္။

#Tbc
I need your feedback and voting:

အားလုံးေဘးကင္းၾကပါေစေနာ္❦︎

Continue Reading

You'll Also Like

1.3M 33.4K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
259K 8.5K 51
~ It's Amour's storm Santana's just passing through it , but then again it's Santana's Rain that caused Amour's storm. Will they ever see the sun shi...
2.5M 146K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
8.7K 1.1K 27
'ချစ်ရသူကို ချစ်တယ်လို့ မပြောရဲတဲ့ကောင် ရာစုနှစ်တစ်ထောင်မှာ နေရစ်ခဲ့' တာရာမင်းဝေ(မီးတောက်ရစ်သမ်ကဗျာမှ)