FOLLOW ME[Complete]

By M-O-N-E

303K 24.2K 2.5K

ZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 Noti:This story is Adultery type. About toxic hearts from love conserv... More

1.Uncle
2.White God
3.Adultery
4.Anyway
5.Daydream
7.Crazy_Something
8.Oasia
9.Fool_with_pain
10.Not_easy
11.Hopeless_Meeting
SORRY
12.They_with_love
13.Start
14.Wrong_way
15.Sky&Sea
16.Following
17.Mine
18.Dear-OoNge
19.Smile&Tear
20.The_whole_tomorrow
21.Missing_long_days
22.Holding_You
23.My_future
24.Candy
25.Should_know
26.Way_back_home
27.Heaven
28.All_of_me
29.Unremarked
30.Side_effect:1
31.Side_effect:2
32.Broken_trust
33.Badly_you
END:The_warm_hands

6.Mistake

8.5K 738 82
By M-O-N-E

❦︎Unicode version❦︎

FOLLOW ME-6
.
.
.
.
.
ဘုတ်!

"အာ့!..."

ခေါင်းလုံးလုံးလေးကိုကြက်တောင်နဲ့လာမိတ်ဆပ်တာမို့ရိပေါ်မှာအာ့ခနဲ။အရှိန်ဘယ်လောက်ပြင်းလဲတော့မပြောတတ်ချက်ချင်းမျက်ခမ်းဆက်မှာမျက်ရည်စတွေဝေ့သီးလာသည်အထိနာကျင်သွားရတာတော့အမှန်။

ဒီနေ့သင်တန်းပိတ်ရက်မို့ဲခြံထဲကဒန်းလေးမှာရိပေါ်ပန်းချီထိုင်ဆွဲနေမိခြင်း။ဝမ်ချွန်းနဲ့ဝမ်ရှန့်ကရိပေါ်ရှေ့ကမြက်ခင်းပြင်မှာကြက်တောင်ရိုက်နေကြခြင်း။ရိပေါ်ခေါင်းကိုအရှိန်ပြင်းစွာကြက်တောင်လာထိမှန်သည့်ဖြစ်စဥ်မှာဝမ်ချွန်းနဲ့ဝမ်ရှန့်တမင်တကာလုပ်မှန်းရိပေါ်သိသည်။

"ဟဲ့!...ယောက်ျားလေးဖြစ်ပြီးအဲ့လောက်လေးနဲ့ငိုစရာလား...ဘာကြောင်ကြည့်နေတာလဲ...အဲ့ကကြက်တောင်ကောက်လာပေးချည်..."

နေရာကမရွေ့ပဲအမိန့်လ​ှမ်းပေးလာသည့်မငယ်ကြောင့်ရိပေါ်ခေါင်းလုံးလေးကိုပွတ်သပ်လို့ငိုမဲ့မဲ့ဖြစ်နေရာမှပန်းချီဆွဲစာအုပ်လေးဒန်းပေါ်တင်ကာမြက်ခင်းပေါ်ကကြက်တောင်လေးကောက်ပြီးသွားပေးလိုက်တယ်။

ရိပေါ်ကိုအနာတရပေးရလို့ဝမ်ချွန်းနဲ့ဝမ်ရှန့်ကတော့ကျေနပ်နေဟန်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ပြုံးစိစိ။

"ဟဲ့!...ရိပေါ်!..."

"ဗျာ..."

ရိပေါ်ဒန်းမှာထိုင်ပြီးပန်းချီပြန်ဆွဲဖို့ပြင်ရုန်ရှိသေးစူးစူးဝါးဝါးမကြီးခေါ်သံကြောင့်ခန္ဓာသေးသေးလေးကမတ်ခနဲ။

"အဲ့မှာပန်းချီဆက်ဆွဲချင်လည်းဆွဲ...မဟုတ်လို့ငါတို့ကြက်တောင်နဲ့ရိုက်မိမှ ဒယ်ဒီ့ကိုသွားတိုင်ကြည့်...ငါတို့အကြောင်းနင်ကောင်းကောင်းသိတယ်ဟုတ် ရိပေါ်!..."

ခြိမ်းခြောက်သလိုသူ့ကိုထိုနေရာမှာမရှိစေချင်ဟန်ပြတာမို့ရိပေါ်ခေါင်းလေးငြိမ့်ပြပြီးပန်းချီစာအုပ်နဲ့ခဲတံဗူးလေးသိမ်းကာအိမ်ဘက်ပြန်လျှောက်သွားလိုက်တယ်။

မကြီးနဲ့မငယ်သူ့ကိုအနိုင်ကျင့်တာခုမှမဟုတ်။ပြောရရင်ရိပေါ်အလယ်တန်းနှစ် ပါးပါးမကြီးတို့အမေနဲ့လက်ထပ်လိုက်ကတည်းက။

အိမ်မှာပါမက ကျောင်းမှာထိရိပေါ်ကိုမကြီးနဲ့မငယ်ကကြုံရင်ကြုံသလိုအနိုင်ကျင့်တာထက်လွန်စွာအရှက်ခွဲသည်အထိရှိခဲ့သည်။

ကျောင်းသွားကျောင်းပြန်မှာရိပေါ်ကိုအိမ်ကလာကြိုသည့်ကားနဲ့မခေါ်ပဲတစ်ယောက်တည်းလမ်းလျှောက်ပြန်ခိုင်းတာမျိုး။

ရိပေါ်ပြီးစီးအောင်လုပ်ပြီးသည့်ကိစ္စတခုခု ဥပမာအိမ်စာတွေကိုခိုးပြီးဖျက်စီးပစ်တာမျိုးတွေ။

စီနီယာအကိုကြီးတစ်ယောက်ကိုညီမနှစ်ယောက်အပြိုင်ပိုးပမ်းရာမှရိပေါ်ကိုမစီမဆိုင်အသုံးချခဲ့တာတွေ။

နောက်ဆုံး အဲ့စီနီယာကဝမ်ချွန်းနဲ့ဝမ်ရှန့်ထက်ရိပေါ်ကိုမျက်စိကျလာတော့ နှစ်ယောက်သားပေါင်းပြီးလူမမြင်ကွယ်ရာ toiletလိုနေရာမျိုးမှာရိပေါ်ကိုအနိုင်ကျင့်ခဲ့ကြတာတွေ။

ပါးပါးကိုပြန်တိုင်ပြန်ရင်လည်း မကြီးနဲ့မငယ်ရဲ့ဗ​ေလာင်းဗလဲဆင်ခြင်တွေကြားပါးပါးစီကအဆူခံထိလို့ရိပေါ်မျက်ရည်ကျခဲ့ရပေါင်းမနည်းတော့။

ခုနောက်ပိုင်းရိပေါ်ကြိတ်မှိတ်သည်းခံနေသည့်အခြေနေမှာမကြီးမငယ်ကပိုတိုးအနိုင်ယူချင်ပုံရသည်။သူ့အတွက်နဲ့မလိုလားအပ်တာတွေ​ကြောင့်အိမ်မှာပူညံပူညံဖြစ်မှာရိပေါ်မလိုလား။

"ရိပေါ်!...နေဦး..."

"ဘာကျန်သေးလို့လဲမကြီး..."

အိမ်ထဲလှမ်းဝင်ဖို့ပြင်တုန်းဟန့်တားလာသည့်မကြီးကြောင့်ရိပေါ်နားမလည်စွာလှည့်မေးလိုက်မိတယ်။ရိုးရိုးတန်းတန်းခေါ်ခြင်းမဟုတ်လို့ရိပေါ်ဘုရားတမိတာတော့အမှန်။

"ငါတို့ကြက်တောင်ချည်းလိုက်ကောက်ရတာညောင်းလာလို့...အဲ့ဒါ နင်လိုက်ကောက်ပေးပါလား..."

"မကြီး ကျွန်တော်...အာ့!..."

"ဒီကိုကောက်လာခဲ့ရိပေါ်!..."

ငြင်းချိန်မရလိုက်နှဖူးကိုလာမှန်သည့်ကြက်တောင်ကိုကောက်လာပေးဖို့အမိန့်ပေးလာသည့်ဝမ်ရှန့်။ရိပေါ်လည်းမကြီးနဲ့မငယ်ကိုတွန်းလှန်နိုင်ခြင်းမရှိတာမို့အနိုင်ကျင့်သမျှခံရပေဦးမည်။

"ဟာ...ခြံပြင်ရောက်သွားပြန်ပြီ...သွားကောက်စမ်းရိပေါ်..."

"ဟုတ် မကြီး..."

"ရိပေါ်...ဟိုမှာလေ သွားကောက်လာခဲ့!..."

"ဟုတ် မငယ်..."

ဝမ်ချွန်းနဲ့ဝမ်ရှန့်၏ညှင်းပမ်းမှုကြောင့်ရိပေါ်အတော်မောနေလေပြီ။ပြေးသွားနေရလို့​ခြေ ထောက်ညောင်းတာထက်ရိပေါ်ကအမောမခံနိုင်သည့်ကောင်လေး။

ရိပေါ်ကိုအကွက်ကျကျအနိုင်ကျင့်နေကြသည့်ဝမ်ချွန်းနဲ့ဝမ်ရှန့်ကတော့ပြေးရင်းလွှားရင်းမောဟိုက်နေသည့်ကောင်လေးကိုကြည့်ပြီးလက်ဝါးချင်းရိုက်လို့အတော်ပျော်နေကြပုံ။

"အယ်...ရိပေါ် ဘာရပ်လုပ်နေတာတုန်း...အမြန်သွားကောက်ချည်...ဒီမှာအရှိန်ပြတ်တယ်..."

ဝမ်ချွန်း၏စိတ်မရှည်ဟန်အပြောကြောင့်အမောဖြေနေသည့်ကောင်လေးခမျာခြံဝနားကျသွားသည့်ကြက်တောင်ဖြူလေးစီအပြေးသွားတော့တယ်။

ကျွီ!

"အဲ!..."

"ဟယ်!...သွားပါပြီ..."

ရိပေါ်ခြံဝနားမရောက်ခင်ခြံထဲမောင်းဝင်လာသည့်မာစီးဒီးကားနက်ကြီးတစ်စီး။ကွန်ကရတ်အခင်းပေါ်ပြုတ်ကျနေသည့်ကြက်တောင်လေးမှာထိုကားဘီးရာကြီးကြောင့်ပြားချပ်သွားလေပြီ။

ဒါကိုမြင်တော့ဝမ်ချွန်းနဲ့ဝမ်ရှန့်ကနှမျောတသသကိုယ်စီရေရွတ်လို့ရိပေါ်ကတော့နေရာမှာတင်တောင့်တောင့်လေး။ဒါဘယ်သူ့ကားလဲရိပေါ်သိပ်မှတ်မိတာပေါ့။

"ချာတိတ်!..."

"ဦး ဦးငယ်!..."

ရံုးပိတ်ရက်ဖြစ်တာကြောင့်ခါတိုင်းဝတ်နေကျsuiteဝတ်စုံနဲ့မဟုတ်ပဲရှပ်အပြာလေးနဲ့ရှင်းသန့်နေသည့်ရှောင်းကျန့်ကကားထဲကဆင်းဆင်းချင်းရိပေါ်အနားလျှောက်လာကာချာတိတ်ဟုခေါ်ပုံကကြက်သီးထဖွယ်အတိ။

ဦးငယ်နဲ့မျက်နှာချင်းဆိုင်မိတော့ညကအကြောင်းတွေခေါင်းထဲရောက်လာတာမို့ရိပေါ်မျက်နှာလည်းပူသည်ရှက်လည်းရှက်သည်။ဦးငယ်ကတော့ထွေးထွေးဘာမှမဖြစ်ထားသလိုထုံးစံအတိုင်းရိပေါ်ကိုကြည့်ပုံကမထီတရီ။

ဝမ်ချွန်းနဲ့ဝမ်ရှန့်ကတော့ရှောင်းကျန့်ကိုငမ်းရင်းခုနကြက်တောင်ကိုဖျက်စီးလိုက်မှုအတွက်ဒေါသထွက်နေတာတွေတောင်ကြက်ပျောက်ငှက်ပျောက်။သူတို့မြင်နေရသည့်ယောက်ျားသား၏ခန့်ညားကြည့်ကောင်းမှုကအရာအားလုံးကိုမေ့ပျောက်သွားစေသည်အထိညှို့အားပြင်းသည်လေ။

"ချာတိတ်လေး ဘာလို့ဒီလောက်ချွေးတွေအများကြီးထွက်နေရတာလဲကွာ...အဟင်း..."

ပြောရင်းရိပေါ်ဆံဆက်နားကချွေးစတွေကိုလက်ဖမိုးနဲ့ဖွဖွလှမ်းသုတ်ပေးသည့်ရှောင်းကျန့်။ခပ်မြန်မြန်ခေါင်းလေးရို့လိုက်သည့်ရိပေါ်ကြောင့်ရှောင်းကျန့်သဘောတကျရယ်ရင်းလက်ပြန်ရုတ်လိုက်ရတယ်။

အဖြစ်သည်းလိုက်တာချာတိတ်လေးရာဆိုတာကိုနှုတ်ကထုတ်မပြောဘဲအောက်နှုတ်ခမ်းကိုဖိကိုက် မခို့တရို့မျက်ခုံးပင့်ကြည့်တော့ ချာတိတ်ကခေါင်းလေးငုပ်ချလိုက်တယ်။ချစ်ဖို့ကောင်းလိုက်တာကွာ။

"ဒီကဘယ်သူလဲမသိဘူးရှင့်..."

ရိပေါ်အနားလျှောက်လာကာရှောင်းကျန့်ကိုလာဝင်ရောသည့်ဝမ်ချွန်းနဲ့ဝမ်ရှန့်။ရီလျှမ်းနဲ့ရှောင်းကျန့်တို့ရဲ့wedding night partyကိုလာတာမှန်ပေမဲ့သူတို့လည်းရှောင်းကျန့်ကိုမမြင်ဖူးခဲ့ကြ။သူ့အတွက်စိတ်မပျော်စရာရပ်ဝန်းဆိုရှောင်းကျန့်ကကြာကြာခြေမချတတ်ဘူးလေ။

"အာ...မင်းတို့ကချာတိတ်ရဲ့အမတွေဆိုတာလား...ကိုယ်ကရီလျှမ်းအမျိုးသားရှောင်းကျန့်လေ...သိတယ်ဟုတ်...တနည်းပြောပြရရင်ဒီကချာတိတ်လေးရဲ့ဦးငယ်...ဟုတ်တယ်မလားချာတိတ်..."

ကိုယ့်ကိုယ်ကိုမိတ်ဆပ်သလိုရိပေါ်နဲ့ဘယ်လိုဘယ်ပုံတော်စပ်ကြောင်းပြောရင်းအနားတိုးကပ်သွားသည့်ရှောင်းကျန့်။မရိုးမသားမျက်ဝန်းအစုံတို့မှာဦးလေးတစ်ယောက်ကကိုယ့်တူလေးကိုကြည့်တဲ့အကြည့်ထက်ပိုကာရိပေါ်မျက်နှာလေးကိုနင့်နင့်နဲနဲငေးစိုက်ကြည့်လျှက်။

ရှောင်းကျန့်ကိုရီလျှမ်းအမျိုးသားမှန်းသိသွားသည်နှင့်တပြိုင်နက်အလိုမကျ ဖြစ်သွားသည့်ဝမ်ချွန်းနဲ့ဝမ်ရှန့်မှာတမူထူးဆန်းနေသည့်ရှောင်းကျန့်အမူအရာကြောင့်ရိပေါ်ကိုအကဲခတ်သလိုစောင်းငဲ့ကြည့်လာကြတယ်။

"ဦးငယ်...ဘာ ဘာလာလုပ်တာလဲဟင်!..."

အခြေနေကိုထိန်းသိမ်းဖို့ရာရိပေါ်နောက်ကိုခြေနှစ်လှမ်းလောက်ဆုတ်ပြီးဦးငယ်နဲ့ခပ်ခွာခွာမှာရပ်လို့မေးလိုက်တယ်။

"ချာတိတ်လေးစီလာတာလေကွာ..."

္"ဟင်!..."

ရှောင်းကျန့်အဖြေကြောင့်ဟင်ခနဲရေရွတ်လိုက်သည်ကတအံ့တသြဖြစ်နေသည့်ဝမ်ချွန်းနဲ့ဝမ်ရှန့်။လက်သီးလေးစုတ်လို့မလှုပ်မလျှက်ရပ်နေသည့်ရိပေါ်မှာဦးငယ်၏အထင်လွဲဖွယ်ရာစကားကြောင့်နဘေးကဝမ်ချွန်းနဲ့ဝမ်ရှန့်ကိုကြည့်ပြီးချွေးပြန်လာရတယ်။ဦးလေးတစ်ယောက်ကတူဖြစ်သူစီတကုတကလာစရာအကြောင်းမှမရှိဘဲ။

္"အဟက်!...မကချာတိတ်အတွက်hotpotပို့ခိုင်းလိုက်လို့ကိုယ်လည်းအားနေတာနဲ့လာပို့ပေးတာ..."

ထိုအခါမှအနည်းငယ်စိတ်အေးသွားသူကရိပေါ်။သံသယအကြည့်တွေပြန်ရုတ်သိမ်းလို့ဝမ်ချွန်းနဲ့ဝမ်ရှန့်ကတော့ရှောင်းကျန့်ပြောသည့်hotpotဆိုတာကိုပိုစိတ်ဝင်စားသွားကြဟန်တက်တက်ကြွကြွဖြစ်လာကြတယ်။

"ကျေးဇူး...ဦးငယ်..."

"လိုလို့လားကွာ...အာ ခဏ ကိုယ်ကားထဲမှာhotpotချိုင့်သွားယူပေးမယ်..."

ပြောပြီးရှောင်းကျန့်ကကားစီပြန်လျှောက်သွားလို့ရိပေါ်စီချိုင့်တလုံးပြန်သယ်လာပေးတယ်။

"တနေ့ကချာတိတ်ပြန်သွားတော့မချက်ကျွေးလိုက်ရလိ​ု့တဲ့လေ...ပြီးတော့ကိုယ်ကြောင့်ချာတိတ်ငိုသွားရတယ်...အဲ့အတွက်ကိုယ်တကယ်စိတ်မကောင်ဘူးချာတိတ်..."

မမြင်တွေ့စဖူးမျက်နှာနွမ်းနွမ်းဖြင့်တောင်းပန်လာသည့်ရှောင်းကျန့်။ပီပြင်လှသည့်ဦးငယ်သရုပ်ဆောင်ချက်တွေမှာရိပေါ်တကယ်မျောသွားမိတော့မလို့။

ဝမ်ချွန်းနဲ့ဝမ်ရှန့်ကတော့hoypotချိုင့်ကိုချက်ချင်းလက်လွှဲယူကာအိမ်ထဲဝင်သွားကြလို့သာတော်တော့သည်။ခုခြံထဲမှာဦးငယ်နဲ့ရိပေါ်နှစ်ယောက်တည်းရှိနေခြင်း။

ထို့ကြောင့်ပဲလားမပြောတတ် ဦးငယ်နဲ့နှစ်ယောက်တည်းရှိနေတယ်ဆိုတဲ့စိတ်ကြောင့်ရိပေါ်ကြောက်စိတ်ဝင်လာကာဦးငယ်ကိုပင်စေ့စေ့မကြည့်ရဲ။ဦးငယ်ကလူမမြင်ကွယ်ရာမပြောနဲ့ဒီလိုလင်းထင်းနေသည့်နေရာမှာတောင်နှစ်ယောက်တည်းရှိရင်စိတ်ချရတာမဟုတ်မှန်းရိပေါ်သိသည်လေ။

"ချာတိတ်!..."

ရှောင်းကျန့်ခေါ်သံကြောင့်ရုတ်တရက်မို့ကြောက်စိတ်လွမ်းနေသည့်ရိပေါ်ကိုယ်လေးတုန်တက်သွားရတယ်။

"ကိုယ့်ကိုကြောက်နေတာလားချာတိတ်...တခြားသူလည်းမဟုတ်ပဲနဲ့ကွာ...ချာတိတ်လေးကအတွေးလွန်တက်ရန်ကော..."

လက်ပိုက်လို့ပြုံးစစဟန်ဖြင့်ပြောလာပေမဲ့ဦးငယ်ကိုရိပေါ်ကြောက်နေတုန်းပဲ။ဦးငယ်ကဦးငယ်နဲ့တူအောင်မှမနေပဲလေ။

"တခြားသူမဟုတ်လို့ပဲ ကျွန်တော်ဦးငယ်နဲ့မငြိစွန်းချင်တာ...ဦးငယ်လည်းပညာတတ်တစ်ယောက်ပဲ...ကျွန်တော့်ထက်ပိုပြီးဦးငယ်ကဆင်ခြင်သင့်တာပေါ့...ပြီးတော့ ညကလည်းဦးငယ်အရမ်းလွန်တယ်..."

ရိပေါ်အကောင်းပြောတာဖြစ်ပေမဲ့ရှောင်းကျန့်ကရိပေါ်ကိုလူကြီးလုပ်နေသည့်ကလေးလေးတစ်ယောက်လိုကြည့်ကာမျက်လုံးတွေတမင်တကာမှေးချလို့ပြုံးပြန်တယ်။သူသိ သူတတ် ကလေးကြီးလေးနားချနေတာကိုရှောင်းကျန့်တို့နားမဝင်ပေ။

"ဆိုတော့...ကိုယ်သာချာတိတ်တီလေးနဲ့လက်မထပ်ထားရင်ချာတိတ်ကိုယ့်ကိုလက်ခံမယ်ဆိုတဲ့သဘောလား...ပြန်ချစ်မယ်လို့ပြောချင်တာမဟုတ်လား..."

ရှောင်းကျန့်၏ချည်ပြီးတုပ်ပြီးသားမေးခွန်းကိုရိပေါ်ပြန်မဖြေနိုင်။အင်းလို့ဖြေလိုက်ပြန်ရင်လည်း တီလေးရှိနေလို့သာ လွတ်လွတ်လပ်လပ်သာဆိုဦးငယ်ကိုကျွန်တော်ချစ်နေပါပြီလို့ဝန်ခံလိုက်သလိုပဲ။

"ကျွန်တော်ပြောချင်တာက ဦးငယ်လုပ်ရပ်တွေမှားနေတယ်လို့..."

ခေါင်းလေးငုပ်တိုးသဲ့သဲ့ရိပေါ်စကားကြောင့်ရှောင်းကျန့်အလိုမကျဟန်မျက်ခုံးတန်းနက်နက်တွေတွန့်ချိုးကုန်တယ်။

"ပြောပါဦး...ကိုယ်ဘာအမှားတွေလုပ်မိလို့လဲချာတိတ်...ချာတိတ်ကိုချစ်မိတာကိုယ်မှားလား!...ချစ်လို့လိုချင်မိတာကရောမှားတာပဲလား!...ဖြေလေချာတိတ်!...ကိုယ့်အမှားကဘာလဲ!..."

"ဦး ဦးငယ်!..."

အမှန်တကယ်စိတ်တိုနေဟန် အနားတိုးကပ်လို့လက်မောင်းနှစ်ဖက်ကိုဖြစ်ညှစ်ကာမေးနေသည့်ရှောင်းကျန့်ကြောင့်ရိပေါ်ကြောက်အားလန့်အားဘေးဘီကိုဝေ့ကြည့်လိုက်မိတယ်။

အတော်လှမ်းလှမ်းမှာမို့အိမ်ထဲကမကြားနိုင်ပေမဲ့လူခြေတိတ်သည့်ရပ်ကွက်ဖြစ်တာကြောင့်အပြင်ထွက်လာရင်တော့အတိုင်းသားကြားသွားနိုင်သည့်အခြေနေ။

ခုမှမော့ကြည့်မိတယ်ဦးငယ်နှဖူးကသူကြောင့်ရသည့်ဒဏ်ရာကအရှင်းမပျောက်သေးဘူးပဲ။

"ဖြေပါ ကိုယ့်ကိုဖြေပေးပါချာတိတ်လေးရာ..."

"ဦးငယ်!..."

ဆွေးဆွေးမြေ့မြေ့ရှောင်းကျန့်မျက်ဝန်းတွေဒီတခါတော့လှည့်စားမှုကင်း၏။ရိပေါ်ကိုယ်လေးကိုလှုပ်မရအောင်ချုပ်ဖက်လိုက်မိတော့ချာတိတ်ကလူမြင်မှာစိုးလို့ထင်မျက်လုံးအိမ်လေးတွေဂနာမငြိမ်စွာရုန်းကန်လာတယ်။

"လွှတ် လွှတ်ပါဦးငယ်!...မသင့်တော်ပါဘူး...အင့်!..."

"သင့်တော်တယ်ဆိုတာကရောဘယ်လိုမျိုးလဲချာတိတ်...ချစ်ပါတယ်ဆို သင့်သည်မသင့်သည်ချင့်ချိန်နေရဦးမှာလားကွာ..."

"အင့်!...ဦးငယ်...လွှတ်လို့!..."

တိုးရုန်းနေသည့်ကောင်လေးကိုပိုတိုးဖက်ရင်းရှောင်းကျန့်ကတော့စိတ်ထဲရှိသမျှဖွင့်ချဆဲ။နှလုံးသားကို ဒါကမသင့်တော်ဘူး မချစ်သင့်ဘူးလို့အမိန့်ပေးလို့မှမရပဲလေ။စိတ်စေရာအတိုင်းစီးမျောတတ်သည့်သူ့အတွက်ချစ်တဲ့သူကိုချစ်တဲ့အကြောင်းပြချက်နဲ့ပြစ်မှားမိတာမှားတယ်လို့သူမထင်မိ။ဒါကိုချာတိတ်လေးကသာ...

"မှားပါစေ...ချာတိတ်အပေါ်ကိုယ့်ချစ်ခြင်းကအမှားတခုဖြစ်နေရင်တောင် ထပ်ခါထပ်ခါမှားဖို့ကိုယ်ဝန်လေးနေမှာမဟုတ်ဘူးချာတိတ်..."

"ဟင့်အင်း!..."

သူ့ရင်ဘတ်ကိုလက်ကလေးနှစ်ဖက်နဲ့တွန်းထိုးရင်းချာတိတ်လေးကတချက်မှမငြိမ်။

"ချာတိတ်သိထား ဘယ်နည်းနဲ့ဖြစ်ဖြစ်ကိုယ်ချာတိတ်ကိုရအောင်ယူမှာ...တနေ့ကျရင် ချာတိတ် ​ကိုယ့်ကိုသေချာပေါက်ပြန်ချစ်လာစေရမယ်..."

"အင့်!..."

ပြောချင်ရာပြောပြီးမှချုပ်ဖက်ထားတာကိုလွှတ်ပေးသည့်ဦးငယ်။မျက်ရည်စတွေစို့နေသည့်ရိပေါ်မျက်ဝန်းတွေကိုတချက်မျှကြည့်ပြီးကားထဲဝင်ကာအရှိန်ပြင်းပြင်းနဲ့မောင်းထွက်သွားတော့တယ်။

နားလည်ရခက်စေသည့်ဦးငယ်စကားလုံးတွေကြားရိပေါ်နှလုံးသားထဲစွဲကျန်ခဲ့သည်ကဦးငယ်နှုတ်ဖျားမှ​ပြောသည့်ချစ်ခြင်းဆိုသည့်အရာ။

မဖြစ်နိုင်တဲ့အရာနှစ်ခုပေါင်းစပ်ဖို့ဦးငယ်ဘာတွေများအပင်ပမ်းခံပြီးကြိုးစားဦးမှာပါလိမ့်။ဘယ်လိုပင်ချစ်တယ်ပြောပြော အမှားကအမှားပဲမို့ကျွန်တော်တို့မနီးစပ်အောင်နေကြရမယ်ဦးငယ်။

#Tbc
I need your feelback and voting❦︎

FicလေးကAdultery typeဆိုတဲ့အတိုင်းကျန့်ကောကရီလျှမ်းနဲ့ကွာရှင်းဦးမှာမဟုတ်ပါဘူး။အဲ့ကြားထဲမှာပဲရိပေါ်လေးကိုလဲကောကရအောင်ချစ်မှာပဲ။အစကတည်းကကျန့်ကောcharacterကပွေရှုပ်တတ်တဲ့စားဘဲကြီးမို့အိမ်ထောင်ရေးဖောက်ပြန်ခြင်းကိုကိစ္စအကြီးကြီးလို့မမြင်တာပါ။

စိတ်ကူးနဲ့ဖန်တီးတာမို့တစုံတရာမှားရင်ကျန့်ကောနဲ့ရိပေါ်လေးကလွဲလို့ မုဏ်းအပါအဝင်ကျန်တဲ့ဇာတ်ကောင်တွေကိုကြိုက်သလိုပြောပါနော်။ရှင်လေးတို့ကိုမုဏ်းကအမြဲအလေးထားနေမှာပါ။

_____________

❦︎Zawgyi version❦︎

FOLLOW ME-6
.
.
.
.
.
ဘုတ္!

"အာ့!..."

ေခါင္းလုံးလုံးေလးကိုၾကက္ေတာင္နဲ႕လာမိတ္ဆပ္တာမို႔ရိေပၚမွာအာ့ခနဲ။အရွိန္ဘယ္ေလာက္ျပင္းလဲေတာ့မေျပာတတ္ခ်က္ခ်င္းမ်က္ခမ္းဆက္မွာမ်က္ရည္စေတြေဝ့သီးလာသည္အထိနာက်င္သြားရတာေတာ့အမွန္။

ဒီေန႕သင္တန္းပိတ္ရက္မို႔ဲၿခံထဲကဒန္းေလးမွာရိေပၚပန္းခ်ီထိုင္ဆြဲေနမိျခင္း။ဝမ္ခြၽန္းနဲ႕ဝမ္ရွန့္ကရိေပၚေရွ႕ကျမက္ခင္းျပင္မွာၾကက္ေတာင္ရိုက္ေနၾကျခင္း။ရိေပၚေခါင္းကိုအရွိန္ျပင္းစြာၾကက္ေတာင္လာထိမွန္သည့္ျဖစ္စဥ္မွာဝမ္ခြၽန္းနဲ႕ဝမ္ရွန့္တမင္တကာလုပ္မွန္းရိေပၚသိသည္။

"ဟဲ့!...ေယာက္်ားေလးျဖစ္ၿပီးအဲ့ေလာက္ေလးနဲ႕ငိုစရာလား...ဘာေၾကာင္ၾကည့္ေနတာလဲ...အဲ့ကၾကက္ေတာင္ေကာက္လာေပးခ်ည္..."

ေနရာကမေ႐ြ႕ပဲအမိန့္လ​ွမ္းေပးလာသည့္မငယ္ေၾကာင့္ရိေပၚေခါင္းလုံးေလးကိုပြတ္သပ္လို႔ငိုမဲ့မဲ့ျဖစ္ေနရာမွပန္းခ်ီဆြဲစာအုပ္ေလးဒန္းေပၚတင္ကာျမက္ခင္းေပၚကၾကက္ေတာင္ေလးေကာက္ၿပီးသြားေပးလိုက္တယ္။

ရိေပၚကိုအနာတရေပးရလို႔ဝမ္ခြၽန္းနဲ႕ဝမ္ရွန့္ကေတာ့ေက်နပ္ေနဟန္တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လို႔ၿပဳံးစိစိ။

"ဟဲ့!...ရိေပၚ!..."

"ဗ်ာ..."

ရိေပၚဒန္းမွာထိုင္ၿပီးပန္းခ်ီျပန္ဆြဲဖို႔ျပင္႐ုန္ရွိေသးစူးစူးဝါးဝါးမႀကီးေခၚသံေၾကာင့္ခႏၶာေသးေသးေလးကမတ္ခနဲ။

"အဲ့မွာပန္းခ်ီဆက္ဆြဲခ်င္လည္းဆြဲ...မဟုတ္လို႔ငါတို႔ၾကက္ေတာင္နဲ႕ရိုက္မိမွ ဒယ္ဒီ့ကိုသြားတိုင္ၾကည့္...ငါတို႔အေၾကာင္းနင္ေကာင္းေကာင္းသိတယ္ဟုတ္ ရိေပၚ!..."

ၿခိမ္းေျခာက္သလိုသူ႕ကိုထိုေနရာမွာမရွိေစခ်င္ဟန္ျပတာမို႔ရိေပၚေခါင္းေလးၿငိမ့္ျပၿပီးပန္းခ်ီစာအုပ္နဲ႕ခဲတံဗူးေလးသိမ္းကာအိမ္ဘက္ျပန္ေလွ်ာက္သြားလိုက္တယ္။

မႀကီးနဲ႕မငယ္သူ႕ကိုအနိုင္က်င့္တာခုမွမဟုတ္။ေျပာရရင္ရိေပၚအလယ္တန္းႏွစ္ ပါးပါးမႀကီးတို႔အေမနဲ႕လက္ထပ္လိုက္ကတည္းက။

အိမ္မွာပါမက ေက်ာင္းမွာထိရိေပၚကိုမႀကီးနဲ႕မငယ္ကႀကဳံရင္ႀကဳံသလိုအနိုင္က်င့္တာထက္လြန္စြာအရွက္ခြဲသည္အထိရွိခဲ့သည္။

ေက်ာင္းသြားေက်ာင္းျပန္မွာရိေပၚကိုအိမ္ကလာႀကိဳသည့္ကားနဲ႕မေခၚပဲတစ္ေယာက္တည္းလမ္းေလွ်ာက္ျပန္ခိုင္းတာမ်ိဳး။

ရိေပၚၿပီးစီးေအာင္လုပ္ၿပီးသည့္ကိစၥတခုခု ဥပမာအိမ္စာေတြကိုခိုးၿပီးဖ်က္စီးပစ္တာမ်ိဳးေတြ။

စီနီယာအကိုႀကီးတစ္ေယာက္ကိုညီမႏွစ္ေယာက္အၿပိဳင္ပိုးပမ္းရာမွရိေပၚကိုမစီမဆိုင္အသုံးခ်ခဲ့တာေတြ။

ေနာက္ဆုံး အဲ့စီနီယာကဝမ္ခြၽန္းနဲ႕ဝမ္ရွန့္ထက္ရိေပၚကိုမ်က္စိက်လာေတာ့ ႏွစ္ေယာက္သားေပါင္းၿပီးလူမျမင္ကြယ္ရာ toiletလိုေနရာမ်ိဳးမွာရိေပၚကိုအနိုင္က်င့္ခဲ့ၾကတာေတြ။

ပါးပါးကိုျပန္တိုင္ျပန္ရင္လည္း မႀကီးနဲ႕မငယ္ရဲ႕ဗ​ေလာင္းဗလဲဆင္ျခင္ေတြၾကားပါးပါးစီကအဆူခံထိလို႔ရိေပၚမ်က္ရည္က်ခဲ့ရေပါင္းမနည္းေတာ့။

ခုေနာက္ပိုင္းရိေပၚႀကိတ္မွိတ္သည္းခံေနသည့္အေျခေနမွာမႀကီးမငယ္ကပိုတိုးအနိုင္ယူခ်င္ပုံရသည္။သူ႕အတြက္နဲ႕မလိုလားအပ္တာေတြ​ေၾကာင့္အိမ္မွာပူညံပူညံျဖစ္မွာရိေပၚမလိုလား။

"ရိေပၚ!...ေနဦး..."

"ဘာက်န္ေသးလို႔လဲမႀကီး..."

အိမ္ထဲလွမ္းဝင္ဖို႔ျပင္တုန္းဟန့္တားလာသည့္မႀကီးေၾကာင့္ရိေပၚနားမလည္စြာလွည့္ေမးလိုက္မိတယ္။ရိုးရိုးတန္းတန္းေခၚျခင္းမဟုတ္လို႔ရိေပၚဘုရားတမိတာေတာ့အမွန္။

"ငါတို႔ၾကက္ေတာင္ခ်ည္းလိုက္ေကာက္ရတာေညာင္းလာလို႔...အဲ့ဒါ နင္လိုက္ေကာက္ေပးပါလား..."

"မႀကီး ကြၽန္ေတာ္...အာ့!..."

"ဒီကိုေကာက္လာခဲ့ရိေပၚ!..."

ျငင္းခ်ိန္မရလိုက္ႏွဖူးကိုလာမွန္သည့္ၾကက္ေတာင္ကိုေကာက္လာေပးဖို႔အမိန့္ေပးလာသည့္ဝမ္ရွန့္။ရိေပၚလည္းမႀကီးနဲ႕မငယ္ကိုတြန္းလွန္နိုင္ျခင္းမရွိတာမို႔အနိုင္က်င့္သမွ်ခံရေပဦးမည္။

"ဟာ...ၿခံျပင္ေရာက္သြားျပန္ၿပီ...သြားေကာက္စမ္းရိေပၚ..."

"ဟုတ္ မႀကီး..."

"ရိေပၚ...ဟိုမွာေလ သြားေကာက္လာခဲ့!..."

"ဟုတ္ မငယ္..."

ဝမ္ခြၽန္းနဲ႕ဝမ္ရွန့္၏ညွင္းပမ္းမႈေၾကာင့္ရိေပၚအေတာ္ေမာေနေလၿပီ။ေျပးသြားေနရလို႔​ေျခ ေထာက္ေညာင္းတာထက္ရိေပၚကအေမာမခံနိုင္သည့္ေကာင္ေလး။

ရိေပၚကိုအကြက္က်က်အနိုင္က်င့္ေနၾကသည့္ဝမ္ခြၽန္းနဲ႕ဝမ္ရွန့္ကေတာ့ေျပးရင္းလႊားရင္းေမာဟိုက္ေနသည့္ေကာင္ေလးကိုၾကည့္ၿပီးလက္ဝါးခ်င္းရိုက္လို႔အေတာ္ေပ်ာ္ေနၾကပုံ။

"အယ္...ရိေပၚ ဘာရပ္လုပ္ေနတာတုန္း...အျမန္သြားေကာက္ခ်ည္...ဒီမွာအရွိန္ျပတ္တယ္..."

ဝမ္ခြၽန္း၏စိတ္မရွည္ဟန္အေျပာေၾကာင့္အေမာေျဖေနသည့္ေကာင္ေလးခမ်ာၿခံဝနားက်သြားသည့္ၾကက္ေတာင္ျဖဴေလးစီအေျပးသြားေတာ့တယ္။

ကြၽီ!

"အဲ!..."

"ဟယ္!...သြားပါၿပီ..."

ရိေပၚၿခံဝနားမေရာက္ခင္ၿခံထဲေမာင္းဝင္လာသည့္မာစီးဒီးကားနက္ႀကီးတစ္စီး။ကြန္ကရတ္အခင္းေပၚျပဳတ္က်ေနသည့္ၾကက္ေတာင္ေလးမွာထိုကားဘီးရာႀကီးေၾကာင့္ျပားခ်ပ္သြားေလၿပီ။

ဒါကိုျမင္ေတာ့ဝမ္ခြၽန္းနဲ႕ဝမ္ရွန့္ကႏွေမ်ာတသသကိုယ္စီေရ႐ြတ္လို႔ရိေပၚကေတာ့ေနရာမွာတင္ေတာင့္ေတာင့္ေလး။ဒါဘယ္သူ႕ကားလဲရိေပၚသိပ္မွတ္မိတာေပါ့။

"ခ်ာတိတ္!..."

"ဦး ဦးငယ္!..."

ရံုးပိတ္ရက္ျဖစ္တာေၾကာင့္ခါတိုင္းဝတ္ေနက်suiteဝတ္စုံနဲ႕မဟုတ္ပဲရွပ္အျပာေလးနဲ႕ရွင္းသန့္ေနသည့္ေရွာင္းက်န့္ကကားထဲကဆင္းဆင္းခ်င္းရိေပၚအနားေလွ်ာက္လာကာခ်ာတိတ္ဟုေခၚပုံကၾကက္သီးထဖြယ္အတိ။

ဦးငယ္နဲ႕မ်က္ႏွာခ်င္းဆိုင္မိေတာ့ညကအေၾကာင္းေတြေခါင္းထဲေရာက္လာတာမို႔ရိေပၚမ်က္ႏွာလည္းပူသည္ရွက္လည္းရွက္သည္။ဦးငယ္ကေတာ့ေထြးေထြးဘာမွမျဖစ္ထားသလိုထုံးစံအတိုင္းရိေပၚကိုၾကည့္ပုံကမထီတရီ။

ဝမ္ခြၽန္းနဲ႕ဝမ္ရွန့္ကေတာ့ေရွာင္းက်န့္ကိုငမ္းရင္းခုနၾကက္ေတာင္ကိုဖ်က္စီးလိုက္မႈအတြက္ေဒါသထြက္ေနတာေတြေတာင္ၾကက္ေပ်ာက္ငွက္ေပ်ာက္။သူတို႔ျမင္ေနရသည့္ေယာက္်ားသား၏ခန့္ညားၾကည့္ေကာင္းမႈကအရာအားလုံးကိုေမ့ေပ်ာက္သြားေစသည္အထိညွို႔အားျပင္းသည္ေလ။

"ခ်ာတိတ္ေလး ဘာလို႔ဒီေလာက္ေခြၽးေတြအမ်ားႀကီးထြက္ေနရတာလဲကြာ...အဟင္း..."

ေျပာရင္းရိေပၚဆံဆက္နားကေခြၽးစေတြကိုလက္ဖမိုးနဲ႕ဖြဖြလွမ္းသုတ္ေပးသည့္ေရွာင္းက်န့္။ခပ္ျမန္ျမန္ေခါင္းေလးရို႔လိုက္သည့္ရိေပၚေၾကာင့္ေရွာင္းက်န့္သေဘာတက်ရယ္ရင္းလက္ျပန္႐ုတ္လိုက္ရတယ္။

အျဖစ္သည္းလိုက္တာခ်ာတိတ္ေလးရာဆိုတာကိုႏႈတ္ကထုတ္မေျပာဘဲေအာက္ႏႈတ္ခမ္းကိုဖိကိုက္ မခို႔တရို႔မ်က္ခုံးပင့္ၾကည့္ေတာ့ ခ်ာတိတ္ကေခါင္းေလးငုပ္ခ်လိဳက္တယ္။ခ်စ္ဖို႔ေကာင္းလိုက္တာကြာ။

"ဒီကဘယ္သူလဲမသိဘူးရွင့္..."

ရိေပၚအနားေလွ်ာက္လာကာေရွာင္းက်န့္ကိုလာဝင္ေရာသည့္ဝမ္ခြၽန္းနဲ႕ဝမ္ရွန့္။ရီလွ်မ္းနဲ႕ေရွာင္းက်န့္တို႔ရဲ႕wedding night partyကိုလာတာမွန္ေပမဲ့သူတို႔လည္းေရွာင္းက်န့္ကိုမျမင္ဖူးခဲ့ၾက။သူ႕အတြက္စိတ္မေပ်ာ္စရာရပ္ဝန္းဆိုေရွာင္းက်န့္ကၾကာၾကာေျခမခ်တတ္ဘူးေလ။

"အာ...မင္းတို႔ကခ်ာတိတ္ရဲ႕အမေတြဆိုတာလား...ကိုယ္ကရီလွ်မ္းအမ်ိဳးသားေရွာင္းက်န့္ေလ...သိတယ္ဟုတ္...တနည္းေျပာျပရရင္ဒီကခ်ာတိတ္ေလးရဲ႕ဦးငယ္...ဟုတ္တယ္မလားခ်ာတိတ္..."

ကိုယ့္ကိုယ္ကိုမိတ္ဆပ္သလိုရိေပၚနဲ႕ဘယ္လိုဘယ္ပုံေတာ္စပ္ေၾကာင္းေျပာရင္းအနားတိုးကပ္သြားသည့္ေရွာင္းက်န့္။မရိုးမသားမ်က္ဝန္းအစုံတို႔မွာဦးေလးတစ္ေယာက္ကကိုယ့္တူေလးကိုၾကည့္တဲ့အၾကည့္ထက္ပိုကာရိေပၚမ်က္ႏွာေလးကိုနင့္နင့္နဲနဲေငးစိုက္ၾကည့္လွ်က္။

ေရွာင္းက်န့္ကိုရီလွ်မ္းအမ်ိဳးသားမွန္းသိသြားသည္ႏွင့္တၿပိဳင္နက္အလိုမက် ျဖစ္သြားသည့္ဝမ္ခြၽန္းနဲ႕ဝမ္ရွန့္မွာတမူထူးဆန္းေနသည့္ေရွာင္းက်န့္အမူအရာေၾကာင့္ရိေပၚကိုအကဲခတ္သလိုေစာင္းငဲ့ၾကည့္လာၾကတယ္။

"ဦးငယ္...ဘာ ဘာလာလုပ္တာလဲဟင္!..."

အေျခေနကိုထိန္းသိမ္းဖို႔ရာရိေပၚေနာက္ကိုေျခႏွစ္လွမ္းေလာက္ဆုတ္ၿပီးဦးငယ္နဲ႕ခပ္ခြာခြာမွာရပ္လို႔ေမးလိုက္တယ္။

"ခ်ာတိတ္ေလးစီလာတာေလကြာ..."

္"ဟင္!..."

ေရွာင္းက်န့္အေျဖေၾကာင့္ဟင္ခနဲေရ႐ြတ္လိုက္သည္ကတအံ့တၾသျဖစ္ေနသည့္ဝမ္ခြၽန္းနဲ႕ဝမ္ရွန့္။လက္သီးေလးစုတ္လို႔မလႈပ္မလွ်က္ရပ္ေနသည့္ရိေပၚမွာဦးငယ္၏အထင္လြဲဖြယ္ရာစကားေၾကာင့္နေဘးကဝမ္ခြၽန္းနဲ႕ဝမ္ရွန့္ကိုၾကည့္ၿပီးေခြၽးျပန္လာရတယ္။ဦးေလးတစ္ေယာက္ကတူျဖစ္သူစီတကုတကလာစရာအေၾကာင္းမွမရွိဘဲ။

္"အဟက္!...မကခ်ာတိတ္အတြက္hotpotပို႔ခိုင္းလိုက္လို႔ကိုယ္လည္းအားေနတာနဲ႕လာပို႔ေပးတာ..."

ထိုအခါမွအနည္းငယ္စိတ္ေအးသြားသူကရိေပၚ။သံသယအၾကည့္ေတြျပန္႐ုတ္သိမ္းလို႔ဝမ္ခြၽန္းနဲ႕ဝမ္ရွန့္ကေတာ့ေရွာင္းက်န့္ေျပာသည့္hotpotဆိုတာကိုပိုစိတ္ဝင္စားသြားၾကဟန္တက္တက္ႂကြႂကြျဖစ္လာၾကတယ္။

"ေက်းဇူး...ဦးငယ္..."

"လိုလို႔လားကြာ...အာ ခဏ ကိုယ္ကားထဲမွာhotpotခ်ိဳင့္သြားယူေပးမယ္..."

ေျပာၿပီးေရွာင္းက်န့္ကကားစီျပန္ေလွ်ာက္သြားလို႔ရိေပၚစီခ်ိဳင့္တလုံးျပန္သယ္လာေပးတယ္။

"တေန႕ကခ်ာတိတ္ျပန္သြားေတာ့မခ်က္ေကြၽးလိုက္ရလိ​ု႔တဲ့ေလ...ၿပီးေတာ့ကိုယ္ေၾကာင့္ခ်ာတိတ္ငိုသြားရတယ္...အဲ့အတြက္ကိုယ္တကယ္စိတ္မေကာင္ဘူးခ်ာတိတ္..."

မျမင္ေတြ႕စဖူးမ်က္ႏွာႏြမ္းႏြမ္းျဖင့္ေတာင္းပန္လာသည့္ေရွာင္းက်န့္။ပီျပင္လွသည့္ဦးငယ္သ႐ုပ္ေဆာင္ခ်က္ေတြမွာရိေပၚတကယ္ေမ်ာသြားမိေတာ့မလို႔။

ဝမ္ခြၽန္းနဲ႕ဝမ္ရွန့္ကေတာ့hoypotခ်ိဳင့္ကိုခ်က္ခ်င္းလက္လႊဲယူကာအိမ္ထဲဝင္သြားၾကလို႔သာေတာ္ေတာ့သည္။ခုၿခံထဲမွာဦးငယ္နဲ႕ရိေပၚႏွစ္ေယာက္တည္းရွိေနျခင္း။

ထို႔ေၾကာင့္ပဲလားမေျပာတတ္ ဦးငယ္နဲ႕ႏွစ္ေယာက္တည္းရွိေနတယ္ဆိုတဲ့စိတ္ေၾကာင့္ရိေပၚေၾကာက္စိတ္ဝင္လာကာဦးငယ္ကိုပင္ေစ့ေစ့မၾကည့္ရဲ။ဦးငယ္ကလူမျမင္ကြယ္ရာမေျပာနဲ႕ဒီလိုလင္းထင္းေနသည့္ေနရာမွာေတာင္ႏွစ္ေယာက္တည္းရွိရင္စိတ္ခ်ရတာမဟုတ္မွန္းရိေပၚသိသည္ေလ။

"ခ်ာတိတ္!..."

ေရွာင္းက်န့္ေခၚသံေၾကာင့္႐ုတ္တရက္မို႔ေၾကာက္စိတ္လြမ္းေနသည့္ရိေပၚကိုယ္ေလးတုန္တက္သြားရတယ္။

"ကိုယ့္ကိုေၾကာက္ေနတာလားခ်ာတိတ္...တျခားသူလည္းမဟုတ္ပဲနဲ႕ကြာ...ခ်ာတိတ္ေလးကအေတြးလြန္တက္ရန္ေကာ..."

လက္ပိုက္လို႔ၿပဳံးစစဟန္ျဖင့္ေျပာလာေပမဲ့ဦးငယ္ကိုရိေပၚေၾကာက္ေနတုန္းပဲ။ဦးငယ္ကဦးငယ္နဲ႕တူေအာင္မွမေနပဲေလ။

"တျခားသူမဟုတ္လို႔ပဲ ကြၽန္ေတာ္ဦးငယ္နဲ႕မၿငိစြန္းခ်င္တာ...ဦးငယ္လည္းပညာတတ္တစ္ေယာက္ပဲ...ကြၽန္ေတာ့္ထက္ပိုၿပီးဦးငယ္ကဆင္ျခင္သင့္တာေပါ့...ၿပီးေတာ့ ညကလည္းဦးငယ္အရမ္းလြန္တယ္..."

ရိေပၚအေကာင္းေျပာတာျဖစ္ေပမဲ့ေရွာင္းက်န့္ကရိေပၚကိုလူႀကီးလုပ္ေနသည့္ကေလးေလးတစ္ေယာက္လိုၾကည့္ကာမ်က္လုံးေတြတမင္တကာေမွးခ်လိဳ႕ၿပဳံးျပန္တယ္။သူသိ သူတတ္ ကေလးႀကီးေလးနားခ်ေနတာကိုေရွာင္းက်န့္တို႔နားမဝင္ေပ။

"ဆိုေတာ့...ကိုယ္သာခ်ာတိတ္တီေလးနဲ႕လက္မထပ္ထားရင္ခ်ာတိတ္ကိုယ့္ကိုလက္ခံမယ္ဆိုတဲ့သေဘာလား...ျပန္ခ်စ္မယ္လို႔ေျပာခ်င္တာမဟုတ္လား..."

ေရွာင္းက်န့္၏ခ်ည္ၿပီးတုပ္ၿပီးသားေမးခြန္းကိုရိေပၚျပန္မေျဖနိုင္။အင္းလို႔ေျဖလိုက္ျပန္ရင္လည္း တီေလးရွိေနလို႔သာ လြတ္လြတ္လပ္လပ္သာဆိုဦးငယ္ကိုကြၽန္ေတာ္ခ်စ္ေနပါၿပီလို႔ဝန္ခံလိုက္သလိုပဲ။

"ကြၽန္ေတာ္ေျပာခ်င္တာက ဦးငယ္လုပ္ရပ္ေတြမွားေနတယ္လို႔..."

ေခါင္းေလးငုပ္တိုးသဲ့သဲ့ရိေပၚစကားေၾကာင့္ေရွာင္းက်န့္အလိုမက်ဟန္မ်က္ခုံးတန္းနက္နက္ေတြတြန့္ခ်ိဳးကုန္တယ္။

"ေျပာပါဦး...ကိုယ္ဘာအမွားေတြလုပ္မိလို႔လဲခ်ာတိတ္...ခ်ာတိတ္ကိုခ်စ္မိတာကိုယ္မွားလား!...ခ်စ္လို႔လိုခ်င္မိတာကေရာမွားတာပဲလား!...ေျဖေလခ်ာတိတ္!...ကိုယ့္အမွားကဘာလဲ!..."

"ဦး ဦးငယ္!..."

အမွန္တကယ္စိတ္တိုေနဟန္ အနားတိုးကပ္လို႔လက္ေမာင္းႏွစ္ဖက္ကိုျဖစ္ညွစ္ကာေမးေနသည့္ေရွာင္းက်န့္ေၾကာင့္ရိေပၚေၾကာက္အားလန့္အားေဘးဘီကိုေဝ့ၾကည့္လိုက္မိတယ္။

အေတာ္လွမ္းလွမ္းမွာမို႔အိမ္ထဲကမၾကားနိုင္ေပမဲ့လူေျခတိတ္သည့္ရပ္ကြက္ျဖစ္တာေၾကာင့္အျပင္ထြက္လာရင္ေတာ့အတိုင္းသားၾကားသြားနိုင္သည့္အေျခေန။

ခုမွေမာ့ၾကည့္မိတယ္ဦးငယ္ႏွဖူးကသူေၾကာင့္ရသည့္ဒဏ္ရာကအရွင္းမေပ်ာက္ေသးဘူးပဲ။

"ေျဖပါ ကိုယ့္ကိုေျဖေပးပါခ်ာတိတ္ေလးရာ..."

"ဦးငယ္!..."

ေဆြးေဆြးေျမ့ေျမ့ေရွာင္းက်န့္မ်က္ဝန္းေတြဒီတခါေတာ့လွည့္စားမႈကင္း၏။ရိေပၚကိုယ္ေလးကိုလႈပ္မရေအာင္ခ်ဳပ္ဖက္လိုက္မိေတာ့ခ်ာတိတ္ကလူျမင္မွာစိုးလို႔ထင္မ်က္လုံးအိမ္ေလးေတြဂနာမၿငိမ္စြာ႐ုန္းကန္လာတယ္။

"လႊတ္ လႊတ္ပါဦးငယ္!...မသင့္ေတာ္ပါဘူး...အင့္!..."

"သင့္ေတာ္တယ္ဆိုတာကေရာဘယ္လိုမ်ိဳးလဲခ်ာတိတ္...ခ်စ္ပါတယ္ဆို သင့္သည္မသင့္သည္ခ်င့္ခ်ိန္ေနရဦးမွာလားကြာ..."

"အင့္!...ဦးငယ္...လႊတ္လို႔!..."

တိုး႐ုန္းေနသည့္ေကာင္ေလးကိုပိုတိုးဖက္ရင္းေရွာင္းက်န့္ကေတာ့စိတ္ထဲရွိသမွ်ဖြင့္ခ်ဆဲ။ႏွလုံးသားကို ဒါကမသင့္ေတာ္ဘူး မခ်စ္သင့္ဘူးလို႔အမိန့္ေပးလို႔မွမရပဲေလ။စိတ္ေစရာအတိုင္းစီးေမ်ာတတ္သည့္သူ႕အတြက္ခ်စ္တဲ့သူကိုခ်စ္တဲ့အေၾကာင္းျပခ်က္နဲ႕ျပစ္မွားမိတာမွားတယ္လို႔သူမထင္မိ။ဒါကိုခ်ာတိတ္ေလးကသာ...

"မွားပါေစ...ခ်ာတိတ္အေပၚကိုယ့္ခ်စ္ျခင္းကအမွားတခုျဖစ္ေနရင္ေတာင္ ထပ္ခါထပ္ခါမွားဖို႔ကိုယ္ဝန္ေလးေနမွာမဟုတ္ဘူးခ်ာတိတ္..."

"ဟင့္အင္း!..."

သူ႕ရင္ဘတ္ကိုလက္ကေလးႏွစ္ဖက္နဲ႕တြန္းထိုးရင္းခ်ာတိတ္ေလးကတခ်က္မွမၿငိမ္။

"ခ်ာတိတ္သိထား ဘယ္နည္းနဲ႕ျဖစ္ျဖစ္ကိုယ္ခ်ာတိတ္ကိုရေအာင္ယူမွာ...တေန႕က်ရင္ ခ်ာတိတ္ ​ကိုယ့္ကိုေသခ်ာေပါက္ျပန္ခ်စ္လာေစရမယ္..."

"အင့္!..."

ေျပာခ်င္ရာေျပာၿပီးမွခ်ဳပ္ဖက္ထားတာကိုလႊတ္ေပးသည့္ဦးငယ္။မ်က္ရည္စေတြစို႔ေနသည့္ရိေပၚမ်က္ဝန္းေတြကိုတခ်က္မွ်ၾကည့္ၿပီးကားထဲဝင္ကာအရွိန္ျပင္းျပင္းနဲ႕ေမာင္းထြက္သြားေတာ့တယ္။

နားလည္ရခက္ေစသည့္ဦးငယ္စကားလုံးေတြၾကားရိေပၚႏွလုံးသားထဲစြဲက်န္ခဲ့သည္ကဦးငယ္ႏႈတ္ဖ်ားမွ​ေျပာသည့္ခ်စ္ျခင္းဆိုသည့္အရာ။

မျဖစ္နိုင္တဲ့အရာႏွစ္ခုေပါင္းစပ္ဖို႔ဦးငယ္ဘာေတြမ်ားအပင္ပမ္းခံၿပီးႀကိဳးစားဦးမွာပါလိမ့္။ဘယ္လိုပင္ခ်စ္တယ္ေျပာေျပာ အမွားကအမွားပဲမို႔ကြၽန္ေတာ္တို႔မနီးစပ္ေအာင္ေနၾကရမယ္ဦးငယ္။

#Tbc
I need your feelback and voting❦︎

FicေလးကAdultery typeဆိုတဲ့အတိုင္းက်န့္ေကာကရီလွ်မ္းနဲ႕ကြာရွင္းဦးမွာမဟုတ္ပါဘူး။အဲ့ၾကားထဲမွာပဲရိေပၚေလးကိုလဲေကာကရေအာင္ခ်စ္မွာပဲ။အစကတည္းကက်န့္ေကာcharacterကေပြရႈပ္တတ္တဲ့စားဘဲႀကီးမို႔အိမ္ေထာင္ေရးေဖာက္ျပန္ျခင္းကိုကိစၥအႀကီးႀကီးလို႔မျမင္တာပါ။

စိတ္ကူးနဲ႕ဖန္တီးတာမို႔တစုံတရာမွားရင္က်န့္ေကာနဲ႕ရိေပၚေလးကလြဲလို႔ မုဏ္းအပါအဝင္က်န္တဲ့ဇာတ္ေကာင္ေတြကိုႀကိဳက္သလိုေျပာပါေနာ္။ရွင္ေလးတို႔ကိုမုဏ္းကအၿမဲအေလးထားေနမွာပါ။

Continue Reading

You'll Also Like

129K 3.1K 34
"chaeyoung ah.. What is our relationship?" she ask me "friends with benefits" i said and she laughed.. I kiss her lips again Mina is wife of bambam...
Melvaazhkai By AllDonuts2006

Historical Fiction

2.8K 71 8
Amidst the echoing thunder, the sothidare, startled from his slumber, jolted awake. A sense of anticipation gripped him as he paced the room, whisper...
3.6M 290K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
752K 57.6K 41
(Eighteen plus alert ⚠) Zawgyi +Unicode "မင်းကို...ငါသတ်ပစ်မယ်...ခွေးကောင်" "Babyလို့ခေါ်ပါဦး... Zhanရဲ့" "မင္းကို...ငါသတ္ပစ္မယ္...ေခြးေကာင္" "Babyလ...