သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခ...

By moooskyi

451K 13.4K 267

ငါကငါ့တရား၀င်ယောကျာ်းကိုသူ့exလက်ထဲထည့်မှာမဟုတ်ဘူး သူငါ့ကိုအခုမချစ်သေးဘူးဆို တစ်နေ့နေ့တော့ ပြန်ချစ်လာမှာပါ မေပ... More

သူစိမ်း(part-1)[Zawgyi & Unicode]
သူစိမ်း(part-2)[Zawgyi & Unicode]
သူစိမ်း(part-3)[Zawgyi& Unicode]
သူစိမ်း(part-4)[Zawgyi & Unicode]
သူစိမ်း(part-5)[Zawgyi&Unicode]
သူစိမ်း(part-6)[Zawgyi&Unicode]
သူစိမ်း(part-7)[Zawgyi&Unicode]
သူစိမ်း(part-8)[Zawgyi&Unicode]
သူစိမ်း(part-9)[Zawgyi&Unicode]
သူစိမ်း(Part-10)[Zawgyi&Unicode]
သူစိမ်း(part-11)[Zawgyi&Unicode]
သူစိမ်း(part-12)[Zawgyi&Unicode]
သူစိမ်း(part-13)[Zawgyi&Unicode]
သူစိမ်း(part-14)[Zawgyi&Unicode]
သူစိမ်း(part-15)[Zawgyi&Unicode]
သူစိမ်း(part-16)[Zawgyi&Unicode]
သူစိမ်း(part-18)[Zawgyi&Unicode]
သူစိမ်း(part-19)[Zawgyi&Unicode]
သူစိမ်း(part-20)[Zawgyi&Unicode]
သူစိမ်း(part-21)[Zawgyi&Unicode]
သူစိမ်း(part-22)[Zawgyi&Unicode]
သူစိမ်း(part -23)[Zawgyi&Unicode]
သူစိမ်း(part-24)[Zawgyi&Unicode]
သူစိမ်း(part-25)[Zawgyi&Unicode]
သူစိမ်း(part-26)[Zawgyi&Unicode]
သူစိမ်း(part-27)[Zawgyi&Unicode]
သူစိမ်း(part-28)[Zawgyi& Unicode]
သူစိမ်း(part-29)[Zawgyi&Unicode]
သူစိမ်း(part-30)[Zawgyi &Unicode]
Attention 😃
သူစိမ်း(part-31)[Zawgyi&Unicode]
သူစိမ်း(part-32)[Zawgyi&Unicode]
သူစိမ်း(final)[Zawgyi & Unicode]

သူစိမ်း(part-17)[Zawgyi&Unicode]

10.8K 353 10
By moooskyi

(Unicode)

"အကိုရေ ညကျ movie date လေးလုပ်ရအောင်"
နှုတ်ခမ်းလေးထော်ကာပြောနေသောကျွန်‌တော့်အမျိုးသမီးကြောင့် အစိတ်စိတ် အမွှာမွှာ ကြွေနေရပါသည်

" ဒီနေ့အတန်းမရှိဘူးလား"

"အတန်းမရှိလို့ သွားမယ်လေနော်.."

"အကို အိမ်မှာ၀င်ခေါ်ရမလား"

"အကို လာခေါ်လိုက်လေ"

"အဲ့ဆိုဟုတ်ပြီလေ..."

"မွ" အကို့ရဲ့အလုပ်သွားခါနီးတိုင်း ဒီနှာဖူးလေးကိုနမ်းတဲ့အနမ်းတို့က ကဗျာဆန်လှသည်

ရှိန်းမှာ ဒီ project ကြီးပြီးပါစေလို့ဆုတောင်းနေရတယ် liam ကို ဟိုအမျိုးသမီးနဲ့အလုပ်အတူတွဲလုပ်တဲ့အကြောင်းတော့မပြောထားပါ သိရင် စိတ်ပူနေရမည်လေ သူမလေးကို သူနဲ့ပတ်သည်ပြီး စိတ်အနှောင့်ယှက်အဖြစ်မခံနိုင်ပါ

ဒီနေ့အစည်း‌အဝေးမှာ ၀န်ထမ်းတွေကိုကြည့်ရတာပင်ပန်းနေကြသလိုဘဲ Project ကကြီးတာမို့ ရှိန်းလည်းမနားရပါ ပင်ပန်းသည်ဆိုပေမယ့် liam မျက်နှာလေးတွေ့ရင် ငြိမ်းချမ်းတာကြောင့်ဒီရက်ပိုင်း ကိုယ်ပင်ပန်းတာကို ‌ပင်ပန်းတယ်မှန်းသိမနေပါ အချစ်စွမ်းအားကကြီးမားသည်လေ

ရှိန်း ရုံးခန်းထဲ ၀န်ထမ်းတွေပင်ပန်း‌နေတာကိုရိပ်မိလို့ တစ်ခုခုလောက်လုပ်ပေးဖို့စဉ်းစားမိသည် သေချာအောင်စည်သူကိုခေါ်မေးရသည်

"စည်သူ ခဏ၀င်ခဲ့အုန်း"

"ဟုတ် MD ဘာများရှိလို့လဲမသိဘူး"

"စည်သူ အစည်းဝေးတုန်းက၀န်ထမ်းတွေကြည့်ရတာပင်ပန်းနေသလိုဘဲ"

"ဟို..ဟို.."

"ဘာတ ဟို.. ဟို လုပ်နေတာလဲ ပြောစရာရှိတာပြော"

"အခုရက်ပိုင်း ဟိုဖက်ကအဖွဲ့က သူတို့ boss ကသူတို့ကိုဘယ်လိုဂရုစိုက်ကြောင်း စားသောက်ဝိုင်း‌တွေလည်းလုပ်ပေးကြောင်း ကိုကျွန်တော်တို့ Company ကလူတွေနဲ့တွေ့ရင် ဖောက်သည်ချကြတယ်....."

"ဘာလို့ ရပ်လိုက်တာလဲ ဆက်ပြောလေ"

"အဲ့တာ ဒီဘက်ကလူတွေကလည်း အားကျပြီး မရွှင်လန်းဖြစ်နေကြတာ"

"အဲ့တာ ငါ့ကိုဘာလို့မပြောလဲ"

"ဟို...ကြောက်လို့ပါ"

"ထားလိုက်တော့ ငါဒီရက်ပိုင်းတစ်ခုခုစီစဉ်ပေးမှာမို့ ၀န်ထမ်းတွေကိုသေချာဂရုစိုက်ပေးလိုက်"

"ဟုတ်ကဲ့ MD စိတ်ချပါ"

"မင်းရဲ့အသံတွေက တတ်ကြွသွားသလိုဘဲနော်.. ငါအရင်သွားနှင့်မယ်"

"ဟုတ်ကဲ့ MD"
ရှိန်းလည်း စည်သူ့အားမနိုင်ဘူးဟူသောအကြည့်ဖြင့်သာကြည့်လိုက်တော့သည်

အိမ်မှာမိန်းမ ကစောင့်နေသည်မို့မြန်မြန်ပြန်ကာ Date ဖို့လုပ်ရသည် ရာသီကမိုးဦးတောင်ရောက်နေပြီဆိုတော့မိုးအေးအေးလေးနဲ့အေးဆပြုနေပြီ အကိုက hoddie အမဲကို jeans အမဲနဲ့၀တ်ထားတာကြောင့် ဆယ်ကျော်သက်လေးလိုကိုဖြစ်နေသည် liam ကတော့ အပြာနုရောင်ဂါ၀န်အရှည်လေးပေါ်ကို Hoodie အစိမ်းနုလေး၀တ်ထားလိုက်သည် date ဆိုတော့လည်း ပေါ့ပေါ့ပါးပါးသာ၀တ်လိုက်တော့သည်

"Liam ပြီးပြီလား သွားမယ်လေ"

"အင်းပြီးပြီ လောနေရောဘဲ"

"ဟုတ်ပါပီဗျာမလောတော့ဘူးလာသွားမယ်"

အကိုနဲ့အတူ ဓာတ်လှေကားစီးနေတုန်း ဖုန်းထဲသို့ message ၀င်လာသည်ထင်ပါသည် ဒါပေမယ့် liam လည်းအကို့ကိုသာအာရုံရောက်နေတာကြောင့် message ကိုမကြည့်မိလိုက်ပါ

"Liam ဘာကားကြည့်မလဲ"

"အဆင်ပြေတဲ့ကားကြည့်မယ်လေ"

"ပေါက်ပေါက်နဲ့ အအေး၀ယ်လိုက်မယ် ဘာစားချင်သေးလဲ"

"ရပြီ အဲ့လောက်ဆို"

Liam လည်းအကိုလက်မှတ်သွားဖြတ်တာကိုစောင့်နေလိုက်သည် ခဏကြာတော့ လာပါပြီ ချောလိုက်တာကိုယ့်လင်ကိုယ်ကြည့်ပြီးပြန်ကြွေနေရသည်.....ကြည့်မ၀လေးကိုကြောင်ကြည့်နေတုန်း

*ဟယ်ချောလိုက်တာ ဟို hoodie အမဲနဲ့ကာင်လေးက*

*အေးဟယ် လုံး၀ gentleman style နဲ့အရပ်ကြီးကလည်းရှည်လိုက်တာ*

*ဒီလိုကောင်လေးမျိုးရရင် ငါဘဲရှာကြွေးထားလိုက်မယ်*

"အကို ကြာလိုက်တာ မိန်းမကစောင့်နေရတာတစ်ယောက်ထဲမို့ပျင်းနေပြီ"

Liam လည်းနှုတ်ခမ်းလေးဆူကာချွဲသလိုပြောလိုက်တော့ အကိုကဆံပင်လေးတွေကို ဖွကာ
ပြုံးပြသည် ဘေးကအမိတို့ကတော့အားကျသလိုကြီးကြည့်ကာကျန်နေခဲ့တော့သည်

"အကို့ကို နောက်နေ့ကျအိမ်မှာဘဲ ထားမယ်"

"ဟော ဗျာ ဘာလို့လဲ"

"သူများတွေလိုက်ကြည့်နေတာမကြိုက်ဘူး"

"ဟား ဟား ဖြစ်ရမယ် ငါ့မိန်းမကတော့"

"ဟွန့်"
liam လည်းမျက်စောင်းလေးသာထိုးလိုက်တော့သည်......
အမလေးကိုယ့်မိန်းမလေးက သ၀န်တိုသည်ပြောသောကြောင့် ရှိန်းမှာအချစ်ပိုရပြန်သည်

စုံတွဲခုံမှာထားသောကြောင့် အကိုရဲ့ရင်ခွင်ထဲတိုးကကြည့်မိသည် အကိုကအအေးဘူးကို‌ ကိုင်ပေးထားတာကြောင့် liam ကပိုက်လေးဆုပ်သောက်ရုံဘဲ အမလေး ဒေါ်မေပိုးဦးတို့သာယာနေချက်က စံထားလောက်တယ် ရုပ်ရှင်ကြည့်ရင်းပြီးခါနီးကျ မင်းသားနဲ့ မင်းသမီးက ကွဲဖို့ဖြစ်လာတော့သည် liam လည်းဘာဖြစ်မှန်းမသိ ခံစားချက်တို့ကအောင့်တက်လာသလိုခံစားလိုက်ရသည်
အကို့အားမော့ကာ liam ဘက်မှာ အနမ်းစတင်ပေးမိနေသည် liam ကြောက်လာသည်
တကယ်လို့များအကိုက liamကိုထားသွားရင် ဟူသောအတွေးကြီးနဲ့တင်ကိုကြောက်ဖို့ကောင်းနေသည် အကိုကလည်း liam ၀မ်းနည်းနေမှန်းသိလို့ပိုလို့တိုးကာဖတ်ပေးထားသည်

ရုပ်ရှင်ပြီးလို့ကားပေါ်ရောက်တဲ့ထိ liam တို့မျက်နှာမကောင်းပါ လက်ဖျားတွေအေးစက်နေသလို တစ်ခုခုကိုလည်းစိုးရိမ်နေမိသည်

"Liam ကြည့်ပါအုန်းမျက်နှာလည်း မကောင်းပါလား အကို Coffee အေးလေးသွား၀ယ်ပေးရမလား"

Liam လည်းခေါင်းလေးသာညှိတ်ပြလိုက်သည် အကိုသွားတုန်းဖုန်းလေးဖွင့်ကြည့်တော့ အခုနက စာတစ်စောင်၀င်ထားသည် ၀င်ကြည့်လိုက်တော့ အကို့ Company မှာ ဟိုအမျိုးသမီးက အကို့နားမှာရောက်နေတဲ့ပုံတွေ liamရဲ့ဒေါသတို့ငယ်ထိပ်တတ်စောင့်သွားသည် သူကတော့လူ‌ကိုဟိုလူနဲ့စာပို့တာ ဒီလူနဲ့ စာပို့တာတောင်မကြိုက်ဘူးဆိုလို့ ကိုယ့်မှာအချစ်ပိုနေရတာ သူကတော့

Coffee ဘူးလေးကိုင်ကာကားထဲ၀င်လာသောအကို

"Liam ရော့ယူလေ" ရှိန်းသူ့အားလှည့်မကြည့်သောကြောင့် liam တစ်ခုခု‌ဖြစ်နေမှန်းရိပ်မိလိုက်သည်

"Liam ဘာဖြစ်တာလဲ"

"အကို့ကိုပြောမှ အကိုကသိမှာပေါ့"

"အကို ဘာလို့လိမ်ထားတာလဲ"

"ဘာကိုဘည်း"

"ဟိုအမျိုးသမီးနဲ့ အလုပ်အတူတွဲလုပ်နေတာကိုလေ"

"ကိုယ် ပြောပြဖို့ဘဲ ဒါပေမယ့် liam သိရင်စိတ်ညစ်နေရမှာဆိုးလို့"

"အကိုတို့အလုပ်အတူလုပ်နေတာဘယ်လောက်ကြာပြီလဲဟင် "

"တစ်ပတ်တော့ကျော်ပြီ သူကနှစ်ရက်တစ်ခါ အစည်းအဝေးလုပ်မှတွေ့ရတာ"

"အင်းပြီးရောလေ"

"Liam အကို့ကိုပြောချင်တာရှိရင်ပြောလိုက်ပါကွာ ဒီလိုကြီးမဖြတ်ချလိုက်ပါနဲ့"

"ဟင် liam အကိုတောင်းပန်ပါတယ်...."

"အကို သူနဲ့ရောရောထွေးထွေးမနေပါနဲ့"

"Liam အမှန်တိုင်းပြောရရင် အကို့ကိုစိတ်ပါလိုက်ရထုပလိုက်ချင်ပေမယ့် အကို့ကို ဘာအမှားမှမလုပ်တာကို တရားခံလိုမဆက်ဆံနိုင်ဘူး"

"အကိုလည်း နေပိုင့်အဖွဲ့ထဲသူပါမယ်မထင်ထားခဲ့ဘူး အကို project မြန်မြန်ပြီးအောင်လုပ်ပြီး သူနဲ့ကင်းအောင်နေမှာပါ"

"အကို့ ကတိ အကိုတည်မယ်ဆိုတာ liam ယုံချင်တယ်"

"စိတ်ချပါ အကို့မှာ မင်းတစ်ယောက်ဘဲရှိတာမို့ မင်းကိုဘဲကြည့်နေမှာဆိုတာ ယုံပေးပါ.."

"ဒါနဲ့ အဲ့မိန်းမက ဘယ်လိုအကို့အလုပ်ခန်းထဲရောက်နေတာလဲ"

"အဲ့နေ့က သူကစကားပြောစရာရှိတယ်ဆိုလို့ပါ"

"အင်းဘာ"

"အကိုနောက်တစ်ခါ သူမနဲ့မပတ်သတ်တော့မှာမို့ ကိုယ်တောင်းပန်ပါတယ်နော်..."

liam လည်းဒေါသတွေကိုလျော့ချလိုက်ကာခေါင်းလေးသာညှိတ်ပြလိုက်သည် စိတ်ပင်ပန်းသွားတာကြောင့်လားမသိ အိပ်ပျော်သွားသည် ပြန်ရောက်တာတောင်မသိပါ အကိုချီလာသည်နှင့်တူသည်ခုတင်ပေါ်တောင်ရောက်နေပြီ အကို့ကြည့်တော့လည်း liam ကိုသူ့ရင်ခွင်ထဲကပျောက်သွားမှာကြောက်လို့နဲ့တူသည် အတင်းဖတ်ကာထားသည်.....
အကို့ရင်ခွင်ကနွေးထွေးလွန်းတာကြောင့် liam လောဘကြီးမိတာပါအကိုရေ......

Liam ဒီနေ့‌ကျောင်းမှာအတန်း တတ်ဖို့မရှိတော့တာကြောင့် အိမ်ပြန်ဖို့ ဖြစ်လာတော့သည် ဒီနေ့စောတာကြောင့်အကို့ကိုလာမခေါ်စေချင်ပါ... အကို့အလုပ်ကအရေးကြီးတဲ့အချိန်ရောက်နေပြီမို့ liam ကြောင့်နဲ့အကို့ အလုပ်တွေနောက်မကျစေချင်ပါ

Liamလမ်းလျှောက်နေတုန်း  အနားမှာထိုးကာရပ်လာသော ဘုန်းသိုက်ရဲ့ကား မှန်တံခါးချကာမေးလာသည်

"Liam နင်ပြန်တော့ဖို့လား"

"အေး နင်ကော ပြန်တော့ဖို့လား"

"အေး အတန်းမှမရှိတော့တာ"

"လာတက်...ငါလိုက်ပို့မယ်လေ"

"နေပါ....ငါ taxiငှားသွားလိုက်မယ်"

"အို..မဟုတ်တာ တက်စမ်းပါ မေပိုးဦးကလည်း"

Liamလည်း မငြင်းချင်တော့တာနဲ့ဘုန်းသိုက်ကားနဲ့လိုက်ပို့မှာကို လက်ခံလိုက်ရတော့သည်....

"Liam ငြိမ်နေပါ့လား"

"မဟုတ်ပါဘူး"
ဘုန်းသိုက်သိသည် liam အမူအရာကပြောင်းလဲနေတာမို့ တစ်ခုခုဖြစ်နေတယ်ဆိုတာ ခန့်မှန်းမိသည်.....
သူမကကိုယ့်အပေါ်အရိုးသားဆုံးဖြူ‌စင်ပေးနေပါလျက် ထိုအဖြူရောင်‌ကြိုးလေးကိုသာမက်မောနေရတဲ့ ကိုယ့်ကိုမကျေနပ်ပါ ဒီအဖြူကြိုးလေးကိုသာ ကိုင်စွဲထားချင်နေမိတယ်.......

Liam အတွေးထဲမျောနေကာကားမှန် အပြင်ဘက်ကလူနေမှုဘ၀တွေကိုမော့မောစွာကြည့်နေမိသည်

"Liam ...ဟဲ့ liam...."

"ဟင်..ဘာလဲ"

"ဟိုမှာ ice cream စားမလား ငါ၀ယ်ကြွေးပါ့မယ့်"
Liam လည်း ဘုန်းသိုက်ရှေ့မှာစိတ်မညစ်ပြချင်တာနဲ့ ခေါင်းသာညှိတ်ပြလိုက်သည် တိုက်ကြီးတွေ စားသောက်ဆိုင်တွေ့ရှေ့ ကားလေးနဲ့ရောင်းနေတဲ့အဲ့ရေခဲမုန့်ဆိုင်လေးမှာကောင်းလို့နဲ့တူသည် လူတွေမှအုံလို့နေသည် နောက်နေ့ကျမှ အကို့နဲ့လာစားရမယ် ဪliam အတွေးတွေထဲအသေးဖွားလေးကစအကိုကပါတတ်နေသည်... ခဏကြာတော့ဘုန်းသိုက်ပြန်ရောက် လာသည် လူများလို့စောင့်လိုက်ရသည် ထင်သည်

"ရော့ ဒီမှာနင်ကြိုက်တဲ့ avocado ice-cream"

"နင်က ငါကြိုက်တာမှတ်မိသားဘဲ"

"အင်း"
မှတ်မိတာပေါ့ နင့်အတွက်ဆိုအသေးအဖွယ်ကစမှတ်မိတာပါ အစွဲအလမ်းကြီးတာကောင်းတဲ့အရာ မဟုတ်ပေမယ့် နင်မို့လို့ကို အစွဲအလမ်းကြီးနေတာပါ liam ရယ်....

"ဟဲ့ ဘုန်းသိုက် အေးဆေးစားစမ်းပါ... နင်ကုန်မှသွားလေ"

"အေး အေးပါ...."

ရေခဲမုန့်စားနေတုန်း မြင်လိုက်ရသည့် မြင်ကွင်းက liam ကိုကြောက်ရွံ့စေသည် အကိုက ဟိုအမျိုးသမီးနဲ့တူ ရေခဲ့မုန့်ကားလေးအနောက်က စားသောက်ဆိုင်မှထွက်လာခြင်း ဖြစ်သည် Liam သေချာအောင်ကြည့်မိတော့လည်း အကိုနဲ့ ထိုအမျိုးသမီး နှစ်ယောက်ထဲသာထင်သည် အခြား၀န်ထမ်းများလည်း မတွေ့ရပါ အကိုကတော့တည်တည်တံ့တံ့ရှိနေပေမယ့် ထိုအမျိုးသမီးကတော့ ပျော်နေပုံရသည် မျက်နှာကိုဖြီးလို့ အကိုတို့ကဒီတိုင်း အလုပ်နဲ့လာတယ်ဆိုရင်တောင် liam ရင်ထဲပူလောင်နေသည်

"Liam အဆင်ပြေရဲ့လား"

"အင်း‌ ပြေပါတယ်"

"နင့်မှာ ရင်ဖွင့်စရာရှိရင် ငါတစ်ယောက်လုံးရှိတယ်နော် သိတယ်မလား"

"အင်း...." အင်းတစ်လုံးသာဖြေနိုင်တော့တဲ့ထိ liam စိတ်ဓာတ်ကျနေသည် အကိုသာ သူမဆီပြန်သွားရင်ဆိုသည့်အတွေးက ကြောက်ဖို့ကောင်းလှသည်.....

Liam ငေးကြည့်နေလို့ကိုယ်လည်းကြည့်လိုက်မိတော့ ကိုရှိန်းဇော်ခက ဘေးမှာအမျိုးသမီးတစ်ယောက်နဲ့ ဆိုင်ထဲမှထွက်လာနေသည် သူမကိုကြည့်တော့လည်း အံ့ဩနေသရောင်....liam ငါကနင်.. အဆင်ပြေဖို့ဘဲမျှော်လင့်ထားတာ တကယ်လို့သူကငါရဲ့အဖိုးတန်လေးကို ဂရုမစိုက်ဘူးဆိုငါလည်း‌နယ်မြေမရွေးဘူးရင်ဆိုင်မှာဘဲ liam......

##########

#hey guys!!!!
လက်ရာမကောင်းတဲ့ဒီဇာတ်လမ်းလေးကိုဖတ်ပေးကြတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးပါနော် 🥺✌️❤️
.............................

(Zawgyi)





"အကို လာခေါ်လိုက်လေ"

"အဲ့ဆိုဟုတ်ပြီလေ..."





"စည်သူ ခဏ၀င်ခဲ့အုန်း"



"ဟို..ဟို.."






"ဟို...ကြောက်လို့ပါ"


"ဟုတ်ကဲ့ MD စိတ်ချပါ"


"ဟုတ်ကဲ့ MD"






"Liam ဘာကားကြည့်မလဲ"



"ရပြီ အဲ့လောက်ဆို"








"ဟော ဗျာ ဘာလို့လဲ"



"ဟွန့်"







"Liam ဘာဖြစ်တာလဲ"



"ဘာကိုဘည်း"





"အင်းပြီးရောလေ"










"အင်းဘာ"












"Liam ငြိမ်နေပါ့လား"

"မဟုတ်ပါဘူး"


"Liam ...ဟဲ့ liam...."

"ဟင်..ဘာလဲ"




"အင်း"


"အေး အေးပါ...."


"Liam အဆင်ပြေရဲ့လား"

"အင်း‌ ပြေပါတယ်"




##########

#hey guys!!!!
.............................

Continue Reading

You'll Also Like

250K 7.3K 44
စဝ်ခွန်နောင်= မင်းလူသတ်ရင် ကိုယ်ကအလောင်းဖျောက်ပေးမယ့်မဲ့ကောင်ပါ baby Gumkino =ကျွန်မက ပန်းကိုင်ရတာထပ် gunကိုင်ရတာပိုသဘောကျတဲ့မိန်းကလေးတစ်ယောက်မို့ ရှ...
4.3M 236K 49
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
111K 14.8K 32
#Book-3 Last book of Hidden Marriage Series. 🔥❤️ This book is the continuation of the first and second book "Hidden Marriage - Amazing Husband." If...
3M 118K 75
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...