FOLLOW ME[Complete]

De M-O-N-E

302K 24.2K 2.5K

ZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 Noti:This story is Adultery type. About toxic hearts from love conserv... Mais

1.Uncle
2.White God
3.Adultery
5.Daydream
6.Mistake
7.Crazy_Something
8.Oasia
9.Fool_with_pain
10.Not_easy
11.Hopeless_Meeting
SORRY
12.They_with_love
13.Start
14.Wrong_way
15.Sky&Sea
16.Following
17.Mine
18.Dear-OoNge
19.Smile&Tear
20.The_whole_tomorrow
21.Missing_long_days
22.Holding_You
23.My_future
24.Candy
25.Should_know
26.Way_back_home
27.Heaven
28.All_of_me
29.Unremarked
30.Side_effect:1
31.Side_effect:2
32.Broken_trust
33.Badly_you
END:The_warm_hands

4.Anyway

9.1K 833 69
De M-O-N-E

❦︎Unicode version❦︎

FOLLOW ME-4
.
.
.
.
.
"မောင်...hotpotဆိုရင်ရောဘယ်လိုလဲ..."

"ချာတိတ်ကိုမေးကြည့်လေ...ကျွန်တော်ကဘာဖြစ်ဖြစ်အဆင်ပြေတာမို့..."

Supermarketထဲစျေးဝယ်တွန်းလှည်းတစ်ခုနဲ့လျှောက်ပတ်ကြည့်နေရင်းနဘေးကမောင့်ကိုမေးမိတော့ရှောင်းကျန့်ပြန်ဖြေပုံကသူ့အမေးကိုစိတ်ဝင်တစားရှိပုံမပေါ်။

ဝမ်လေးကိုသွားကြိုဖို့ပြောတုန်းကတော့မဆိုင်းမတွတက်တက်ကြွကြွချက်ချင်းကားသော့ဆွဲကာထွက်သွားသည့်မောင်။

အိမ်ပြန်ရောက်တော့မျက်နှာလေးညှိုးငယ်စွာပါလာသည့်ရိပေါ်နဲ့ခပ်မြူးမြူးရှောင်းကျန့်ပုံစံကြောင့်ရီလျှမ်းမှာဦးလေးနဲ့တူဆက်ဆံရေးကြားအဆင်မပြေတာများရှိသလားတွေးမိသေး။ဝမ်လေးအတွက်တော့မောင်ကသူစိမ်းပဲမဟုတ်လား။

ခုတော့သူတို့နဲ့ခပ်လှမ်းလှမ်းကနေတလှုပ်လှုပ်လိုက်လာသည့်ဝမ်လေးကိုချာတိတ်ဆိုကာအရေးတယူရှိပုံရသည့်မောင့်ကြောင့်ရီလျှမ်းခပ်ရေးရေးပြုံးလိုက်မိတယ်။

"အဟင်း...ဝမ်လေး တီလေးhotpotလုပ်ကျွေးမယ်လေ...ဝမ်လေးကြိုက်တယ်မလား..."

"ဗျာ!...ဟုတ် ဟုတ်ကဲ့တီလေး...ကျွန်တော်ကြိုက်ပါတယ်..."

ရိပေါ်ကိုနှုတ်ခမ်းတသပ်သပ်နဲ့လှမ်းလှမ်းကြည့်နေသည့်ရှောင်းကျန့်ကြောင့်ရိပေါ်မှာတီလေးအမေးကိုပင်​ဖြောင့်ဖြောင့်ပြန်မဖြေနိုင်သည်အထိ အသိစိတ်နုနုလေးကဦးငယ်ဆိုသည့်ဖြစ်တည်မှုကြောင့်ဂယက်ထလို့နေတယ်။

နုနယ်လွန်းသည့်ချာတိတ်လေးအတွက်ဦးငယ်ကဆိုင်ကလုံးမုန်တိုင်းထက်ပင်အန္တရာယ်ရှိနေလေပြီ။

"ဝမ်လေး...နံနံပင်စားဦးမလား..."

တဖက်အသီးအရွက်တန်းကနေလှမ်းမေးလာသည့်တီလေးကိုရိပေါ်ခေါင်းလေးအသာငြိမ့်ပြလိုက်တယ်။

တီလေးရီလျှမ်းနောက်ကနေဘောင်းဘီအိပ်ကပ်ထဲလက်တစ်ဖက်ထည့်လို့စမတ်ကျကျလိုက်လာသည့်ဦးငယ်ကရိပေါ်ကိုကြည့်ပြီးလက်ညှိုးနဲ့နှာခေါင်းချွန်ချွန်ကိုဖွဖွပွတ်သပ်လို့နှုတ်ခမ်းပါးကမသိမသာမြင့်တက်သွားတယ်။ဦးငယ်ဘာကိုသဘောကျသွားမှန်းရိပေါ်မသိ။

ဦးငယ်အကြည့် ဦးငယ်အပြုံးတွေ သူ့အတွက်အနေခက်စေတာမို့ရိပေါ်စျေးဝယ်တွန်းလှည်းတစ်ခုထပ်ယူပြီးအသင့်စားကုန်တန်းဘက်လျှောက်သွားလိုက်တယ်။ဦးငယ်ဆိုတဲ့လူ့ပြုစားကြီးရဲ့ရန်ကခဏလောက်ကင်းလိုကင်းငှားပေါ့။

တံဆိပ်အမျိုးစုံ သူ့အမျိုးအစားနဲ့သူအစီအရီရှိနေသည့်ခေါက်ဆွဲခြောက်ဗူးတွေကိုငေးရင်းရိပေါ်မှာအောက်နှုတ်ခမ်းလေးဖွဖွဖိကိုက်လို့အရွေးခက်နေဟန်။

ညလယ်လောက်ဆိုဗိုက်ဆာတတ်သည့်သူအကျင့်ကြောင့်မကောင်းမှန်းသိပေမဲ့အလွယ်စားသုံးနိုင်သည့်ဤခေါက်ဆွဲခြောက်ဗူးတွေကိုသာမှီငြမ်းဖြစ်တယ်။

"အဟင်း!..."

"ဦးငယ်!..."

ခေါက်ဆွဲခြောက်လေးငါးဗူးစျေးဝယ်တွန်းလှည်းထဲပစ်ထည့်ပြီးကလေးလေးလိ​ုသရေစာမက်သူမို့အာလူးကြော်ဗူးနဲ့မုန့်ထုပ်တချို့ရွေးယူနေတုန်းကျောချမ်းဖွယ်ရယ်သံနဲ့အတူအနားရောက်လာသည့်ဦးငယ်။

ကြားလျှင်ကြားချင်းလှည့်ကြည့်လိုက်ပေမဲ့လှစ်ခနဲအနားကပ်လာသည့်ဦးငယ်ကြောင့်ရိပေါ်ခန္ဓာလေးကရှောင်းကျန့်ကိုယ်ကြီးနဲ့မုန့်တန်းကြား ညှပ်သိပ်လို့။

တီလေးကိုဘယ်လိုလှည့်ပတ်ပြီးထားခဲ့လည်းမသိပေမဲ့ဦးငယ်ကတကယ်ဉာဏ်နီဉာဏ်နက်များလွန်းသူ။

"ဦး ဦးငယ်..."

ဘေးကိုရှောင်ထွက်ကြည့်ကာမှရိပေါ်နှဖူးပြင်နဲ့ဦးငယ်ရင်ဘတ်ကပ်လျှက်ဖြစ်သွားသည်အထိတိုးကပ်လာတာကြောင့်ရိပေါ်အနေကျပ်စွာဦးငယ်ကိုမော့ကြည့်လိုက်မိတယ်။ပြုံးလို့ပြန်ငုပ်ကြည့်နေသည့်ဦးငယ်ကြောင့်ရိပေါ်ခေါင်းလုံးလေးကဝပ်ခနဲ။

အဲ့အပြုံးတွေရိပေါ်ကြောက်လို့အမြဲရှောင်ကြည်ရခြင်းတွေ။ဘာကိုကြောက်တာလည်း ဦးငယ်ကိုလားမေးရင် ဟအင်း ဦးငယ်ထက် ဦးငယ်စီမှာရိပေါ်ကျရှုံးသွားမှာမလိုလားလို့။မဖြစ်သင့် မဖြစ်ရမယ့်အရာမဟုတ်လား။

"ချာတိတ်ကနံနံပင်ကြိုက်တယ်လား...မမိုက်လိုက်တာကွာ..."

ရိပေါ်မျက်နှာနားငုပ်ချလို့ဦးငယ်နှာခေါင်းချွန်ချွန်ကနေရာမလတ်တရွရွဖြတ်ပြေးတယ်။နီးကပ်လွန်းသည့်အနေအထားမှာဦးငယ်ထွက်သက်တိုင်းကရိပေါ်ကိုအသည်းတအေးအေးနဲ့အသက်ရှူဖို့ပင်မရဲ။

"ဖယ်ပါဦးငယ်...တခြားသူတွေမြင်သွားလိမ့်မယ်..."

"အဟက်!...နံနံပင်ကြိုက်တဲ့ချာတိတ်ရဲ့နှုတ်ခမ်းကို ကိုယ်အရူးအမူးဖြစ်နေတာဘယ်လိုလုပ်ရပါ့..."

ရိပေါ်စကားကိုဂရုပြုဟန်မရှိသည့်ရှောင်းကျန့်။ရိပေါ်နှုတ်သားလေးကိုမက်မောစွာငေးရင်းပြောလာပုံကတခုခုကိုအတင်းထိန်းချုပ်ထားရသည့်လူလိုနင့်နင့်နဲနဲငေးစိုက်ကြည့်လျှက်။

"ဦးငယ်!...ဖယ် ဖယ်ပေးလို့..."

"အား...ဘာလို့အဲ့နှုတ်ခမ်းကထော်ထွက်လာတာလဲကွာ...လူကိုအသည်းယားအောင်လို့..."

တကယ်လည်းရှောင်းကျန့်ပုံစံကရိပေါ်စကားတွေကိုနားစိုက်ဖို့ထက်ရိပေါ်နှုတ်ခမ်းကိုအသည်းယားနေဟန်။လက်နှစ်ဖက်ကရိပေါ်နောက်ကစဥ်ကိုထောင့်ထားရင်းခန္ဓာကိုယ်ကရိပေါ်အနားတိုးကပ်ပြီးရင်းတိုးကပ်လာတယ်။

"ကလေးလား ဒီမုန့်တွေစားရအောင်..."

"အမ့်!..."

ပြောရင်းရိပေါ်လက်ထဲကမုန့်ထုပ်တွေဆွဲယူပြီးတွန်းလှည်းထဲပစ်ထည့်လိုက်သည့်ဦးငယ်။မရမကနောက်ကိုစုတ်နေသည့်ရိပေါ်မျက်နှာလေးကိုလက်တစ်ဖက်နဲ့အုပ်ကိုင်လိုက်တော့ရိပေါ်ပါးပြင်တစ်ဖက်ကရှောင်းကျန့်လက်ဖဝါးထဲမြုပ်ဝင်သွားတယ်။

မျက်နှာလုံးလုံးလေးကရဲတက်လာကာ ချက်ချင်းအရည်လဲ့လာသည့်မျက်လုံးမှေးမှေးလေးတွေကရှောင်းကျန့်အကြည့်တွေကိုတမင်တကာရှောင်ရှောင်သွားတတ်တယ်။

တဆက်ဆက်တုန်ယင်လာသည့်ချာတိတ်နှုတ်ခမ်းဖူးလေးကြောင့်ရိပေါ်ကြောက်နေမှန်းသိလိုက်ပေမဲ့ ရှောင်းကျန့်ကတခုခုမှာပျော်ဝင်နေသလို မေးစေ့လေးကအသာပင့်မော့စေကာနှုတ်ခမ်းသားအိအိလေးကိုဆွဲငုံပလိုက်တယ်။

"အွန့်!...ဟင့်!..."

အိထွေးနေသည့်နှုတ်ခမ်းလေး၏အထိအတွေ့နဲ့တပြိုင်နက်ချာတိတ်ရှိုက်သံ​လေးကရှောင်းကျန့်ရင်ထဲနွေးခနဲဖြတ်စီးတယ်။

အားမရစွာနှုတ်ခမ်းလွှာလေးတွေကိုဆွဲဆွဲငုံတော့မျက်လုံးလေးတွေထောင့်ကတ်လို့ချာတိတ်ကခေါင်းမာစွာနှုတ်ခမ်းတွေစေ့ပိတ်လို့ထားပြန်တယ်။

"နှုတ်ခမ်းတွေ...အွန့်!...ဖွင့်ပေးချာတိတ်..."

"ဟင်းအင်း!..."

အမိန့်ဆန်စွာပြောပြီးရစ်မူးနေသည်ကရှောင်းကျန့်။မနာခံစွာခေါင်းလေးဟိုဟိုဒီဒီခါရမ်းရင်းရှောင်ဖယ်နေသည်ကချာတိတ်လေးပင်။

"အင့်!...ဟင့်!...ဖယ်ပေး!..."

ဘုတ်! ဝေါ!!!

"အာ့!...အဟက်!..."

လူရိပ်တွေ့တာကြောင့် ရိပေါ်ရှောင်းကျန့်ကိုယ်ကြီးကိုအားကုန်သုံးကာတွန်းထုတ်ပလိုက်တယ်။နောက်ကခေါက်ဆွဲဗူးတွေတင်ထားသည့်စဥ်ကြီးနဲ့သွားမိတ်ဆက်သည့်ရှောင်းကျန့်ကြောင့်ခေါက်ဆွဲခြောက်ဗူးတွေကတော့ကြမ်းပြင်ပေါ်ဝေါခနဲပစ်စလက်ခပ်ပြုတ်ကျကုန်တယ်။

မူပျက်နေသည့်သူတို့နှစ်ယောက်ကိုဘာလဲဆိုကာမလှမ်းမကမ်းကလှမ်းကြည့်လာသည့်စျေးဝယ်တွန်းလှည်းနဲ့မိန်းမကြီးတစ်ယောက်ကိုရှောင်းကျန့်ကအေးဆေးဆိုသည့်သဘောပုခုံးပင့်ပြလို့အကြောက်လွန်နေသည့်ရိပေါ်ကိုမထီသလိုပြုံးလို့ကြည့်လာပြန်တယ်။

"အလကားလူကြီး...ဟင့်!..."

မရင်းနှီးသည့်အခြေနေကိုရှက်ကြောက်သွားသည့်ရိပေါ်မှာရှောင်းကျန့်ကိုယ်ကြီးကိုတွန်းတိုက်ကာထိုနေရာကထွက်သွားတော့တယ်။

ခေါက်ဆွဲခြောက်ဗူးတွေကြားစျေးဝယ်တွန်းလှည်းတစ်ခုနဲ့ကျန်ခဲ့သည့်ရှောင်းကျန့်ကတော့ထွက်သွားသည့်ကျောပြင်လေးကိုငေးရင်းနှုတ်ကလည်းဖွဖွရေရွတ်တယ်။

"ဦးငယ် ရူးတော့မလို့ကွာ..."

.................

ဝေါ!

"အင့်!...ချာတိတ်အတွက်မုန့်တွေ..."

ကားတံခါးဖွင့်သံကြောင့်ကြည့်လိုက်မိတော့အထုပ်ကြီးအထုပ်ငယ်ကားနောက်ခန်းထဲထည့်နေသည့်တီလေးရီလျှမ်းနဲ့မျက်နှာပြောင်တိုက်စွာခုနသူဝယ်ဖို့ရွေးထားသည့်မုန့်တွေအထုပ်လိုက်လာကမ်းပေးသည့်ဦးငယ်ရုပ်ကပြီတီတီ။

"ဝမ်လေး နေမကောင်းဘူးလား...ကြည့်ရတာတခုခုအဆင်မပြေသလိုပဲ..."

စျေးဝယ်နေရင်းတန်းလန်းmarketပြင်ပြေးထွက်သွားသည့်ဝမ်လေးကြောင့်ရီလျှမ်းစိုးရိမ်တကြီးမေးမိခြင်း။သူမတူလေးကချုချာတတ်သည်လေ။

"ကျွန်တော်နေကောင်းပါတယ်...ခေါင်းနဲနဲမူးလာလို့ကားထဲလာဝင်နေလိုက်တာ..."

"အာ...ခေါင်းမူးရုန်ပဲဆိုပြီးပေါ့လို့မရဘူးနော်ဝမ်လေး...တီလေးအိမ်ရောက်မှသံပုရာရည်ဖျော်ပေးမယ်...ဟုတ်ပြီလား..."

ရီလျှမ်းအမေးကိုကားနောက်ခန်းမှာငြိမ်ကုတ်လို့ပါလာသည့်ရိပေါ်ကခေါင်းအသာငြိမ့်ပြတယ်။ဦးငယ်နဲ့မျက်နှာချင်းမဆိုင်ချင်တာမို့ရိပေါ်ကားမှန်ကိုမှီအိပ်ရင်းအပြင်ကိုငေးနေလိုက်တယ်။

အခြေနေအရပ်ရပ်ကိုမသိလိုက်သည့်ရီလျှမ်းကတော့ ကားမောင်းနေသည့်ရှောင်းကျန့်ကိုတမောင်တည်းမောင်နေပေမဲ့ရှောင်းကျန့်အကြည့်တို့ကနောက်ကြည့်မှန်ကတဆင့်မြင်နေရသည့်ကားနောက်ခန်းကရူးစေသူချာတိတ်လေးစီသို့သာ။

............

"ဝမ်လေး...တီလေးသံပုရာရည်သွားဖျော်လိုက်ဦးမယ်...မကြာဘူး...ဒီမှာပဲခဏထိုင်စောင့်..."

"ဟုတ် တီလေး..."

အိမ်ထဲဝင်ဝင်ချင်းရိပေါ်ကိုဧည့်ခန်းမှာထိုင်နေနေစေကာမီးဖိုဆောင်ထဲဝင်သွားသည့်ရီလျှမ်း။နောက်ကလက်နှစ်ဖက်လုံးအထုပ်တွေပြည့်ကြပ်အောင်ဆွဲလို့လိုက်ဝင်လာသည့်ဦးငယ်ကိုမမြင်ချင်ယောင်ဆောင်ကာမျက်လွှာလေးချထားမိတော့မီးဖိုဆောင်ထဲဝင်သွားတာမို့ရိပေါ်အနည်းငယ်စိတ်သက်သာရာရသွားသလို။

"တကယ်ခေါင်းမူးနေတာလားချာတိတ်!..."

မကြာလိုက် မျက်လုံးလေးမှိတ်လို့sofaပေါ်မှာမှေးနေတုန်းနှဖူးပေါ်ရောက်လာသည့်လက်တစ်ဖက်နဲ့ဦးငယ်စီကရေမွှေးနံ့ပါနှာခေါင်းထဲတိုးဝင်လာပြန်တယ်။

ငေါက်ခနဲsofaပေါ်ထထိုင်လိုက်မိတော့သူ့ကိုဒူးထောက်လျှက်ကြည့်နေသည့်ဦးငယ်ပုံစံကတကယ်စိတ်ပူနေဟန်။

"အင်း..."

"အကြောက်လွန်ရင်ခေါင်းမူးတတ်တာလားချာတိတ်...အဟင်း!...ကိုယ်ကဒီတိုင်းစလိုက်တာ..."

ရှောင်းကျန့်အပြောကြောင့်မျက်လုံးလေးပြူးကြည့်လာသည့်ချာတိတ်။သဘောတကျရယ်ရင်းရှောင်းကျန့်ကဒူးထောက်ရက်ကနေရိပေါ်ခေါင်းလုံးလေးကိုဖွဖွလှမ်းပုတ်တယ်။

"တီလေးကိုဘာလို့လက်ထပ်ခဲ့တာလဲဟင်!..."

ရုတ်ချည်းနိုင်သည့်ရိပေါ်မေးခွန်းကြောင့်ရှောင်းကျန့်ကမျက်ခုံးတချက်ပင့်တယ်။သူရှင်းပြရင်ရောချာတိတ်ရဲ့ဦးနှောက်ပိစိလေးကနားလည်မှာတဲ့လား။

"ဒီတိုင်း ကိုယ်ကြည်ဖြူခဲ့တယ်ဆိုပေမဲ့ကိုယ့်သဘောမပါခဲ့ဘူး...ရှင်းရှင်းပြောရရင်ချာတိတ်တီလေးကိုကိုယ်မချစ်ဘူး..."

သူ့အဖြေကြားတော့ချာတိတ်ကမျက်လုံးလေးတွေပေကလပ်ပေကလပ်နဲ့သူ့ကိုစူးစူးစိုက်စိုက်ကြည့်နေပုံကဟုတ်လို့လားဆိုသည့်အကြည့်နဲ့အ​ဖြေရှာနေပုံ။

"တီလေးကတော့ဦးငယ်ကိုချစ်တယ်လေ..."

"ကိုယ်က​ချာတိတ်ကိုချစ်​တာလေ..."

ချာတိတ်အပြောကိုမဆိုင်းမတွပြန်ချေပရင်းစိတ်လှုပ်ရှားနေဟန်အချင်းချင်းစုတ်နယ်နေသည့်ချာတိတ်လက်သီးစုတ်လေးကိုအုပ်ကိုင်လိုက်တယ်။ခဏတော့ငြိမ်နေပေမဲ့ချာတိတ်ကလက်တွေအကိုင်မခံပဲချက်ချင်းပြန်ရုန်းတယ်။

"မရဘူး...ဦးငယ် ကျွန်တော့်ကိုချစ်လို့မရဘူးလေ...ကျွန်တော်တို့က..."

"ကိုယ်ကမရရအောင်ချစ်မှာချာတိတ်!..."

"အင့်!...ဦးငယ်!!!..."

ဒူးထောက်နေရာမှsofaပေါ်လက်တွေထောက်ကာအုုံ့မိုးကြည့်လာသည့်ဦးငယ်ကြောင့်ရိပေါ်လန့်ဖြန့်သွားရတယ်။ဦးငယ်နဲ့သူအပြင်မဝေးသည့်နေရာမှာတီလေးလည်းရှိနေသည်မဟုတ်လား။

"ဘယ်လိုနည်းနဲ့မဆို ကိုယ်မင်းကိုရအောင်ချစ်မှာချာတိတ်လေးရ...အွန့်!..."

"ဦးငယ်...မလုပ်နဲ့!...ကျွန်တော်တောင်းပန်...အာ့!...ဟင့်!..."

တားမရစီးမရလည်တိုင်ကိုတိုးနမ်းလာသည့်ဦးငယ်ကြောင့်ရိပေါ်လက်ကလေးတွေကရှောင်းကျန့်ကုဒ်အက်ျီကိုကုတ်ဆွဲရင်းအတင်းဆွဲခွာနေရတယ်။တီလေးသာဦးငယ်နဲ့သူ့ကိုဒီပုံစံတိုင်းမြင်သွားခဲ့ရင်သူရှက်လို့သေမှာပဲ။

"ဟင့်အင်း!...ဦးငယ်...အဟင့်္!...ရပ်ပါတော့!!!..."

ဒုတ်!

"အာ့!...ချာတိတ်!..."

တကိုယ်လုံးကိုသိမ်းကြုံးဖက်လို့အတင်းနမ်းရှိုက်နေသည့်လူရမ်းကားကြီးကိုတွန်းပစ်လိုက်မိတော့sofaပေါ်ကပြုတ်ကျကာဧည့်ခန်းအလည်ကစားပွဲနဲ့သွားပစ်စောင့်တာမို့ဦးငယ်နှဖူးကသွေးတွေဖြာခနဲ။

အရှိန်နှင့်ကျတာမို့ပြန်မထနိုင်သေးသည့်ရှောင်းကျန့်ကိုလက်သီးလေးစုတ်နှုတ်ခမ်းလေးကိုက်လို့ကြည့်နေရာမှသွေးမြင်တော့ချာတိတ်ကအနည်းငယ်လန့်သွားပုံအရည်လဲ့နေသည့်မျက်လုံးအိမ်လေးတွေထဲစိုးရိမ်မှုအရိပ်လေးဖြတ်ပြေးသွားသလားလို့။

"ဦးငယ် အရူးကြီး!...အီး...ဟီး...အင့်!..."

"ချာတိတ်!..."

ငိုရိုကာပြေးထွက်သွားသည့်ချာတိတ်ကြောင့်ရှောင်းကျန့်နောင်တရသလိုလို။တဆင့်ချင်းဆိုတာထက်သူ့ဘက်ကချာတိတ်အပေါ်အတော်လက်လွန်သွားသည်မဟုတ်လား။

ခက်တော့လည်းခက်သည်။ချာတိတ်ကိုမြင်တိုင်းအသည်းတယားယားနဲ့တခုခုလုပ်ပစ်ချင်သည့်သူ့စိတ်ကြောင့်ချာတိတ်လေးခမျာသူအနိုင်ကျင့်သမျှမျက်ရည်နဲ့မျက်ခွပ်။အသည်းယားစရာမင်းလေးနဲ့တော့ဦးငယ်ဘယ်လိုထိန်းချုပ်ရပါ့။

"ဝမ်လေး...ဟင်!...ဝမ်လေးပြန်သွားပြီလား..."

"အင်း..."

သံပုရာရည်ခွက်ကိုင်လို့ဧည့်ခန်းထဲဝင်လာသည့်ရီလျှမ်းကြောင့်ရှောင်းကျန့်ဘာပြောလို့ပြောရမှန်းမသိ။

"ဟယ်...မောင့် နှဖူးမှာသွေးတွေ...ဘယ်လိုဖြစ်ရတာလဲ...ဆေး ဆေးသေတ္တာဘယ်မှာပါလိမ့်...ရီလျှမ်းရင်ထိတ်လိုက်တာမောင်ရယ်..."

ရှောင်းကျန့်နှဖူးကဒဏ်ရာကိုတွေ့သွားသည့်ရီလျှမ်းမှာပြူးပြူးပြာပြာ။ဘာတခွန်းမှခွန်းတုံ့ပြန်မလာသည့်ရှောင်းကျန့်ကတော့အင့်ဆိုသည့်ရှိုက်သံစစလေးနောက်စိတ်ဝိဉာဥ်တို့ကပ်ပါသွားသလားအောင့်မှတ်ရတယ်မျက်ဝန်းအိမ်တို့ကရီဝေဝေ။

ဦးငယ်ကိုပေးချစ်ဖို့အဲ့လောက်တောင်ခက်ခဲရသလားချာတိတ်လေးရယ်။

#Tbc
I need your feelback and voting❦︎

"The one flower of Sean"လေးကိုလက်စသတ်နေရလို့ဒါလေးကိုပစ်ထားသလိုဖြစ်သွားတယ်သွေ့ပုချိ၊နောက်ပိုင်းမှန်မှန်လေးupပေးတော့မှာမို့ရှေ့လျှောက်မုဏ်းရဲ့ကံကောင်းခြင်းနတ်ဖုရားလေးတွေအဖြစ်အတူရှိနေပေးပါဦးလို့☺.

_____________

❦︎Zawgyi version❦︎

FOLLOW ME-4
.
.
.
.
.
"ေမာင္...hotpotဆိုရင္ေရာဘယ္လိုလဲ..."

"ခ်ာတိတ္ကိုေမးၾကည့္ေလ...ကြၽန္ေတာ္ကဘာျဖစ္ျဖစ္အဆင္ေျပတာမို႔..."

Supermarketထဲေစ်းဝယ္တြန္းလွည္းတစ္ခုနဲ႕ေလွ်ာက္ပတ္ၾကည့္ေနရင္းနေဘးကေမာင့္ကိုေမးမိေတာ့ေရွာင္းက်န့္ျပန္ေျဖပုံကသူ႕အေမးကိုစိတ္ဝင္တစားရွိပုံမေပၚ။

ဝမ္ေလးကိုသြားႀကိဳဖို႔ေျပာတုန္းကေတာ့မဆိုင္းမတြတက္တက္ႂကြႂကြခ်က္ခ်င္းကားေသာ့ဆြဲကာထြက္သြားသည့္ေမာင္။

အိမ္ျပန္ေရာက္ေတာ့မ်က္ႏွာေလးညွိုးငယ္စြာပါလာသည့္ရိေပၚနဲ႕ခပ္ျမဴးျမဴးေရွာင္းက်န့္ပုံစံေၾကာင့္ရီလွ်မ္းမွာဦးေလးနဲ႕တူဆက္ဆံေရးၾကားအဆင္မေျပတာမ်ားရွိသလားေတြးမိေသး။ဝမ္ေလးအတြက္ေတာ့ေမာင္ကသူစိမ္းပဲမဟုတ္လား။

ခုေတာ့သူတို႔နဲ႕ခပ္လွမ္းလွမ္းကေနတလႈပ္လႈပ္လိုက္လာသည့္ဝမ္ေလးကိုခ်ာတိတ္ဆိုကာအေရးတယူရွိပုံရသည့္ေမာင့္ေၾကာင့္ရီလွ်မ္းခပ္ေရးေရးၿပဳံးလိုက္မိတယ္။

"အဟင္း...ဝမ္ေလး တီေလးhotpotလုပ္ေကြၽးမယ္ေလ...ဝမ္ေလးႀကိဳက္တယ္မလား..."

"ဗ်ာ!...ဟုတ္ ဟုတ္ကဲ့တီေလး...ကြၽန္ေတာ္ႀကိဳက္ပါတယ္..."

ရိေပၚကိုႏႈတ္ခမ္းတသပ္သပ္နဲ႕လွမ္းလွမ္းၾကည့္ေနသည့္ေရွာင္းက်န့္ေၾကာင့္ရိေပၚမွာတီေလးအေမးကိုပင္​ေျဖာင့္ေျဖာင့္ျပန္မေျဖနိုင္သည္အထိ အသိစိတ္ႏုႏုေလးကဦးငယ္ဆိုသည့္ျဖစ္တည္မႈေၾကာင့္ဂယက္ထလို႔ေနတယ္။

ႏုနယ္လြန္းသည့္ခ်ာတိတ္ေလးအတြက္ဦးငယ္ကဆိုင္ကလုံးမုန္တိုင္းထက္ပင္အႏၲရာယ္ရွိေနေလၿပီ။

"ဝမ္ေလး...နံနံပင္စားဦးမလား..."

တဖက္အသီးအ႐ြက္တန္းကေနလွမ္းေမးလာသည့္တီေလးကိုရိေပၚေခါင္းေလးအသာၿငိမ့္ျပလိုက္တယ္။

တီေလးရီလွ်မ္းေနာက္ကေနေဘာင္းဘီအိပ္ကပ္ထဲလက္တစ္ဖက္ထည့္လို႔စမတ္က်က်လိဳက္လာသည့္ဦးငယ္ကရိေပၚကိုၾကည့္ၿပီးလက္ညွိုးနဲ႕ႏွာေခါင္းခြၽန္ခြၽန္ကိုဖြဖြပြတ္သပ္လို႔ႏႈတ္ခမ္းပါးကမသိမသာျမင့္တက္သြားတယ္။ဦးငယ္ဘာကိုသေဘာက်သြားမွန္းရိေပၚမသိ။

ဦးငယ္အၾကည့္ ဦးငယ္အၿပဳံးေတြ သူ႕အတြက္အေနခက္ေစတာမို႔ရိေပၚေစ်းဝယ္တြန္းလွည္းတစ္ခုထပ္ယူၿပီးအသင့္စားကုန္တန္းဘက္ေလွ်ာက္သြားလိုက္တယ္။ဦးငယ္ဆိုတဲ့လူ႕ျပဳစားႀကီးရဲ႕ရန္ကခဏေလာက္ကင္းလိုကင္းငွားေပါ့။

တံဆိပ္အမ်ိဳးစုံ သူ႕အမ်ိဳးအစားနဲ႕သူအစီအရီရွိေနသည့္ေခါက္ဆြဲေျခာက္ဗူးေတြကိုေငးရင္းရိေပၚမွာေအာက္ႏႈတ္ခမ္းေလးဖြဖြဖိကိုက္လို႔အေ႐ြးခက္ေနဟန္။

ညလယ္ေလာက္ဆိုဗိုက္ဆာတတ္သည့္သူအက်င့္ေၾကာင့္မေကာင္းမွန္းသိေပမဲ့အလြယ္စားသုံးနိုင္သည့္ဤေခါက္ဆြဲေျခာက္ဗူးေတြကိုသာမွီျငမ္းျဖစ္တယ္။

"အဟင္း!..."

"ဦးငယ္!..."

ေခါက္ဆြဲေျခာက္ေလးငါးဗူးေစ်းဝယ္တြန္းလွည္းထဲပစ္ထည့္ၿပီးကေလးေလးလိ​ုသေရစာမက္သူမို႔အာလူးေၾကာ္ဗူးနဲ႕မုန့္ထုပ္တခ်ိဳ႕ေ႐ြးယူေနတုန္းေက်ာခ်မ္းဖြယ္ရယ္သံနဲ႕အတူအနားေရာက္လာသည့္ဦးငယ္။

ၾကားလွ်င္ၾကားခ်င္းလွည့္ၾကည့္လိုက္ေပမဲ့လွစ္ခနဲအနားကပ္လာသည့္ဦးငယ္ေၾကာင့္ရိေပၚခႏၶာေလးကေရွာင္းက်န့္ကိုယ္ႀကီးနဲ႕မုန့္တန္းၾကား ညွပ္သိပ္လို႔။

တီေလးကိုဘယ္လိုလွည့္ပတ္ၿပီးထားခဲ့လည္းမသိေပမဲ့ဦးငယ္ကတကယ္ဉာဏ္နီဉာဏ္နက္မ်ားလြန္းသူ။

"ဦး ဦးငယ္..."

ေဘးကိုေရွာင္ထြက္ၾကည့္ကာမွရိေပၚႏွဖူးျပင္နဲ႕ဦးငယ္ရင္ဘတ္ကပ္လွ်က္ျဖစ္သြားသည္အထိတိုးကပ္လာတာေၾကာင့္ရိေပၚအေနက်ပ္စြာဦးငယ္ကိုေမာ့ၾကည့္လိုက္မိတယ္။ၿပဳံးလို႔ျပန္ငုပ္ၾကည့္ေနသည့္ဦးငယ္ေၾကာင့္ရိေပၚေခါင္းလုံးေလးကဝပ္ခနဲ။

အဲ့အၿပဳံးေတြရိေပၚေၾကာက္လို႔အၿမဲေရွာင္ၾကည္ရျခင္းေတြ။ဘာကိုေၾကာက္တာလည္း ဦးငယ္ကိုလားေမးရင္ ဟအင္း ဦးငယ္ထက္ ဦးငယ္စီမွာရိေပၚက်ရႈံးသြားမွာမလိုလားလို႔။မျဖစ္သင့္ မျဖစ္ရမယ့္အရာမဟုတ္လား။

"ခ်ာတိတ္ကနံနံပင္ႀကိဳက္တယ္လား...မမိုက္လိုက္တာကြာ..."

ရိေပၚမ်က္ႏွာနားငုပ္ခ်လိဳ႕ဦးငယ္ႏွာေခါင္းခြၽန္ခြၽန္ကေနရာမလတ္တ႐ြ႐ြျဖတ္ေျပးတယ္။နီးကပ္လြန္းသည့္အေနအထားမွာဦးငယ္ထြက္သက္တိုင္းကရိေပၚကိုအသည္းတေအးေအးနဲ႕အသက္ရႉဖို႔ပင္မရဲ။

"ဖယ္ပါဦးငယ္...တျခားသူေတြျမင္သြားလိမ့္မယ္..."

"အဟက္!...နံနံပင္ႀကိဳက္တဲ့ခ်ာတိတ္ရဲ႕ႏႈတ္ခမ္းကို ကိုယ္အ႐ူးအမူးျဖစ္ေနတာဘယ္လိုလုပ္ရပါ့..."

ရိေပၚစကားကိုဂ႐ုျပဳဟန္မရွိသည့္ေရွာင္းက်န့္။ရိေပၚႏႈတ္သားေလးကိုမက္ေမာစြာေငးရင္းေျပာလာပုံကတခုခုကိုအတင္းထိန္းခ်ဳပ္ထားရသည့္လူလိုနင့္နင့္နဲနဲေငးစိုက္ၾကည့္လွ်က္။

"ဦးငယ္!...ဖယ္ ဖယ္ေပးလို႔..."

"အား...ဘာလို႔အဲ့ႏႈတ္ခမ္းကေထာ္ထြက္လာတာလဲကြာ...လူကိုအသည္းယားေအာင္လို႔..."

တကယ္လည္းေရွာင္းက်န့္ပုံစံကရိေပၚစကားေတြကိုနားစိုက္ဖို႔ထက္ရိေပၚႏႈတ္ခမ္းကိုအသည္းယားေနဟန္။လက္ႏွစ္ဖက္ကရိေပၚေနာက္ကစဥ္ကိုေထာင့္ထားရင္းခႏၶာကိုယ္ကရိေပၚအနားတိုးကပ္ၿပီးရင္းတိုးကပ္လာတယ္။

"ကေလးလား ဒီမုန့္ေတြစားရေအာင္..."

"အမ့္!..."

ေျပာရင္းရိေပၚလက္ထဲကမုန့္ထုပ္ေတြဆြဲယူၿပီးတြန္းလွည္းထဲပစ္ထည့္လိုက္သည့္ဦးငယ္။မရမကေနာက္ကိုစုတ္ေနသည့္ရိေပၚမ်က္ႏွာေလးကိုလက္တစ္ဖက္နဲ႕အုပ္ကိုင္လိုက္ေတာ့ရိေပၚပါးျပင္တစ္ဖက္ကေရွာင္းက်န့္လက္ဖဝါးထဲျမဳပ္ဝင္သြားတယ္။

မ်က္ႏွာလုံးလုံးေလးကရဲတက္လာကာ ခ်က္ခ်င္းအရည္လဲ့လာသည့္မ်က္လုံးေမွးေမွးေလးေတြကေရွာင္းက်န့္အၾကည့္ေတြကိုတမင္တကာေရွာင္ေရွာင္သြားတတ္တယ္။

တဆက္ဆက္တုန္ယင္လာသည့္ခ်ာတိတ္ႏႈတ္ခမ္းဖူးေလးေၾကာင့္ရိေပၚေၾကာက္ေနမွန္းသိလိုက္ေပမဲ့ ေရွာင္းက်န့္ကတခုခုမွာေပ်ာ္ဝင္ေနသလို ေမးေစ့ေလးကအသာပင့္ေမာ့ေစကာႏႈတ္ခမ္းသားအိအိေလးကိုဆြဲငုံပလိုက္တယ္။

"အြန့္!...ဟင့္!..."

အိေထြးေနသည့္ႏႈတ္ခမ္းေလး၏အထိအေတြ႕နဲ႕တၿပိဳင္နက္ခ်ာတိတ္ရွိုက္သံ​ေလးကေရွာင္းက်န့္ရင္ထဲေႏြးခနဲျဖတ္စီးတယ္။

အားမရစြာႏႈတ္ခမ္းလႊာေလးေတြကိုဆြဲဆြဲငုံေတာ့မ်က္လုံးေလးေတြေထာင့္ကတ္လို႔ခ်ာတိတ္ကေခါင္းမာစြာႏႈတ္ခမ္းေတြေစ့ပိတ္လို႔ထားျပန္တယ္။

"ႏႈတ္ခမ္းေတြ...အြန့္!...ဖြင့္ေပးခ်ာတိတ္..."

"ဟင္းအင္း!..."

အမိန့္ဆန္စြာေျပာၿပီးရစ္မူးေနသည္ကေရွာင္းက်န့္။မနာခံစြာေခါင္းေလးဟိုဟိုဒီဒီခါရမ္းရင္းေရွာင္ဖယ္ေနသည္ကခ်ာတိတ္ေလးပင္။

"အင့္!...ဟင့္!...ဖယ္ေပး!..."

ဘုတ္! ေဝါ!!!

"အာ့!...အဟက္!..."

လူရိပ္ေတြ႕တာေၾကာင့္ ရိေပၚေရွာင္းက်န့္ကိုယ္ႀကီးကိုအားကုန္သုံးကာတြန္းထုတ္ပလိုက္တယ္။ေနာက္ကေခါက္ဆြဲဗူးေတြတင္ထားသည့္စဥ္ႀကီးနဲ႕သြားမိတ္ဆက္သည့္ေရွာင္းက်န့္ေၾကာင့္ေခါက္ဆြဲေျခာက္ဗူးေတြကေတာ့ၾကမ္းျပင္ေပၚေဝါခနဲပစ္စလက္ခပ္ျပဳတ္က်ကဳန္တယ္။

မူပ်က္ေနသည့္သူတို႔ႏွစ္ေယာက္ကိုဘာလဲဆိုကာမလွမ္းမကမ္းကလွမ္းၾကည့္လာသည့္ေစ်းဝယ္တြန္းလွည္းနဲ႕မိန္းမႀကီးတစ္ေယာက္ကိုေရွာင္းက်န့္ကေအးေဆးဆိုသည့္သေဘာပုခုံးပင့္ျပလို႔အေၾကာက္လြန္ေနသည့္ရိေပၚကိုမထီသလိုၿပဳံးလို႔ၾကည့္လာျပန္တယ္။

"အလကားလူႀကီး...ဟင့္!..."

မရင္းႏွီးသည့္အေျခေနကိုရွက္ေၾကာက္သြားသည့္ရိေပၚမွာေရွာင္းက်န့္ကိုယ္ႀကီးကိုတြန္းတိုက္ကာထိုေနရာကထြက္သြားေတာ့တယ္။

ေခါက္ဆြဲေျခာက္ဗူးေတြၾကားေစ်းဝယ္တြန္းလွည္းတစ္ခုနဲ႕က်န္ခဲ့သည့္ေရွာင္းက်န့္ကေတာ့ထြက္သြားသည့္ေက်ာျပင္ေလးကိုေငးရင္းႏႈတ္ကလည္းဖြဖြေရ႐ြတ္တယ္။

"ဦးငယ္ ႐ူးေတာ့မလို႔ကြာ..."

.................

ေဝါ!

"အင့္!...ခ်ာတိတ္အတြက္မုန့္ေတြ..."

ကားတံခါးဖြင့္သံေၾကာင့္ၾကည့္လိုက္မိေတာ့အထုပ္ႀကီးအထုပ္ငယ္ကားေနာက္ခန္းထဲထည့္ေနသည့္တီေလးရီလွ်မ္းနဲ႕မ်က္ႏွာေျပာင္တိုက္စြာခုနသူဝယ္ဖို႔ေ႐ြးထားသည့္မုန့္ေတြအထုပ္လိုက္လာကမ္းေပးသည့္ဦးငယ္႐ုပ္ကၿပီတီတီ။

"ဝမ္ေလး ေနမေကာင္းဘူးလား...ၾကည့္ရတာတခုခုအဆင္မေျပသလိုပဲ..."

ေစ်းဝယ္ေနရင္းတန္းလန္းmarketျပင္ေျပးထြက္သြားသည့္ဝမ္ေလးေၾကာင့္ရီလွ်မ္းစိုးရိမ္တႀကီးေမးမိျခင္း။သူမတူေလးကခ်ဳခ်ာတတ္သည္ေလ။

"ကြၽန္ေတာ္ေနေကာင္းပါတယ္...ေခါင္းနဲနဲမူးလာလို႔ကားထဲလာဝင္ေနလိုက္တာ..."

"အာ...ေခါင္းမူး႐ုန္ပဲဆိုၿပီးေပါ့လို႔မရဘူးေနာ္ဝမ္ေလး...တီေလးအိမ္ေရာက္မွသံပုရာရည္ေဖ်ာ္ေပးမယ္...ဟုတ္ၿပီလား..."

ရီလွ်မ္းအေမးကိုကားေနာက္ခန္းမွာၿငိမ္ကုတ္လို႔ပါလာသည့္ရိေပၚကေခါင္းအသာၿငိမ့္ျပတယ္။ဦးငယ္နဲ႕မ်က္ႏွာခ်င္းမဆိုင္ခ်င္တာမို႔ရိေပၚကားမွန္ကိုမွီအိပ္ရင္းအျပင္ကိုေငးေနလိုက္တယ္။

အေျခေနအရပ္ရပ္ကိုမသိလိုက္သည့္ရီလွ်မ္းကေတာ့ ကားေမာင္းေနသည့္ေရွာင္းက်န့္ကိုတေမာင္တည္းေမာင္ေနေပမဲ့ေရွာင္းက်န့္အၾကည့္တို႔ကေနာက္ၾကည့္မွန္ကတဆင့္ျမင္ေနရသည့္ကားေနာက္ခန္းက႐ူးေစသူခ်ာတိတ္ေလးစီသို႔သာ။

............

"ဝမ္ေလး...တီေလးသံပုရာရည္သြားေဖ်ာ္လိုက္ဦးမယ္...မၾကာဘူး...ဒီမွာပဲခဏထိုင္ေစာင့္..."

"ဟုတ္ တီေလး..."

အိမ္ထဲဝင္ဝင္ခ်င္းရိေပၚကိုဧည့္ခန္းမွာထိုင္ေနေနေစကာမီးဖိုေဆာင္ထဲဝင္သြားသည့္ရီလွ်မ္း။ေနာက္ကလက္ႏွစ္ဖက္လုံးအထုပ္ေတြျပည့္ၾကပ္ေအာင္ဆြဲလို႔လိုက္ဝင္လာသည့္ဦးငယ္ကိုမျမင္ခ်င္ေယာင္ေဆာင္ကာမ်က္လႊာေလးခ်ထားမိေတာ့မီးဖိုေဆာင္ထဲဝင္သြားတာမို႔ရိေပၚအနည္းငယ္စိတ္သက္သာရာရသြားသလို။

"တကယ္ေခါင္းမူးေနတာလားခ်ာတိတ္!..."

မၾကာလိုက္ မ်က္လုံးေလးမွိတ္လို႔sofaေပၚမွာေမွးေနတုန္းႏွဖူးေပၚေရာက္လာသည့္လက္တစ္ဖက္နဲ႕ဦးငယ္စီကေရေမႊးနံ႕ပါႏွာေခါင္းထဲတိုးဝင္လာျပန္တယ္။

ေငါက္ခနဲsofaေပၚထထိုင္လိုက္မိေတာ့သူ႕ကိုဒူးေထာက္လွ်က္ၾကည့္ေနသည့္ဦးငယ္ပုံစံကတကယ္စိတ္ပူေနဟန္။

"အင္း..."

"အေၾကာက္လြန္ရင္ေခါင္းမူးတတ္တာလားခ်ာတိတ္...အဟင္း!...ကိုယ္ကဒီတိုင္းစလိုက္တာ..."

ေရွာင္းက်န့္အေျပာေၾကာင့္မ်က္လုံးေလးျပဴးၾကည့္လာသည့္ခ်ာတိတ္။သေဘာတက်ရယ္ရင္းေရွာင္းက်န့္ကဒူးေထာက္ရက္ကေနရိေပၚေခါင္းလုံးေလးကိုဖြဖြလွမ္းပုတ္တယ္။

"တီေလးကိုဘာလို႔လက္ထပ္ခဲ့တာလဲဟင္!..."

႐ုတ္ခ်ည္းနိုင္သည့္ရိေပၚေမးခြန္းေၾကာင့္ေရွာင္းက်န့္ကမ်က္ခုံးတခ်က္ပင့္တယ္။သူရွင္းျပရင္ေရာခ်ာတိတ္ရဲ႕ဦးေႏွာက္ပိစိေလးကနားလည္မွာတဲ့လား။

"ဒီတိုင္း ကိုယ္ၾကည္ျဖဴခဲ့တယ္ဆိုေပမဲ့ကိုယ့္သေဘာမပါခဲ့ဘူး...ရွင္းရွင္းေျပာရရင္ခ်ာတိတ္တီေလးကိုကိုယ္မခ်စ္ဘူး..."

သူ႕အေျဖၾကားေတာ့ခ်ာတိတ္ကမ်က္လုံးေလးေတြေပကလပ္ေပကလပ္နဲ႕သူ႕ကိုစူးစူးစိုက္စိုက္ၾကည့္ေနပုံကဟုတ္လို႔လားဆိုသည့္အၾကည့္နဲ႕အ​ေျဖရွာေနပုံ။

"တီေလးကေတာ့ဦးငယ္ကိုခ်စ္တယ္ေလ..."

"ကိုယ္က​ခ်ာတိတ္ကိုခ်စ္​တာေလ..."

ခ်ာတိတ္အေျပာကိုမဆိုင္းမတြျပန္ေခ်ပရင္းစိတ္လႈပ္ရွားေနဟန္အခ်င္းခ်င္းစုတ္နယ္ေနသည့္ခ်ာတိတ္လက္သီးစုတ္ေလးကိုအုပ္ကိုင္လိုက္တယ္။ခဏေတာ့ၿငိမ္ေနေပမဲ့ခ်ာတိတ္ကလက္ေတြအကိုင္မခံပဲခ်က္ခ်င္းျပန္႐ုန္းတယ္။

"မရဘူး...ဦးငယ္ ကြၽန္ေတာ့္ကိုခ်စ္လို႔မရဘူးေလ...ကြၽန္ေတာ္တို႔က..."

"ကိုယ္ကမရရေအာင္ခ်စ္မွာခ်ာတိတ္!..."

"အင့္!...ဦးငယ္!!!..."

ဒူးေထာက္ေနရာမွsofaေပၚလက္ေတြေထာက္ကာအုုံ႕မိုးၾကည့္လာသည့္ဦးငယ္ေၾကာင့္ရိေပၚလန့္ျဖန့္သြားရတယ္။ဦးငယ္နဲ႕သူအျပင္မေဝးသည့္ေနရာမွာတီေလးလည္းရွိေနသည္မဟုတ္လား။

"ဘယ္လိုနည္းနဲ႕မဆို ကိုယ္မင္းကိုရေအာင္ခ်စ္မွာခ်ာတိတ္ေလးရ...အြန့္!..."

"ဦးငယ္...မလုပ္နဲ႕!...ကြၽန္ေတာ္ေတာင္းပန္...အာ့!...ဟင့္!..."

တားမရစီးမရလည္တိုင္ကိုတိုးနမ္းလာသည့္ဦးငယ္ေၾကာင့္ရိေပၚလက္ကေလးေတြကေရွာင္းက်န့္ကုဒ္အက္်ီကိုကုတ္ဆြဲရင္းအတင္းဆြဲခြာေနရတယ္။တီေလးသာဦးငယ္နဲ႕သူ႕ကိုဒီပုံစံတိုင္းျမင္သြားခဲ့ရင္သူရွက္လို႔ေသမွာပဲ။

"ဟင့္အင္း!...ဦးငယ္...အဟင့္္!...ရပ္ပါေတာ့!!!..."

ဒုတ္!

"အာ့!...ခ်ာတိတ္!..."

တကိုယ္လုံးကိုသိမ္းႀကဳံးဖက္လို႔အတင္းနမ္းရွိုက္ေနသည့္လူရမ္းကားႀကီးကိုတြန္းပစ္လိုက္မိေတာ့sofaေပၚကျပဳတ္က်ကာဧည့္ခန္းအလည္ကစားပြဲနဲ႕သြားပစ္ေစာင့္တာမို႔ဦးငယ္ႏွဖူးကေသြးေတြျဖာခနဲ။

အရွိန္ႏွင့္က်တာမို႔ျပန္မထနိုင္ေသးသည့္ေရွာင္းက်န့္ကိုလက္သီးေလးစုတ္ႏႈတ္ခမ္းေလးကိုက္လို႔ၾကည့္ေနရာမွေသြးျမင္ေတာ့ခ်ာတိတ္ကအနည္းငယ္လန့္သြားပုံအရည္လဲ့ေနသည့္မ်က္လုံးအိမ္ေလးေတြထဲစိုးရိမ္မႈအရိပ္ေလးျဖတ္ေျပးသြားသလားလို႔။

"ဦးငယ္ အ႐ူးႀကီး!...အီး...ဟီး...အင့္!..."

"ခ်ာတိတ္!..."

ငိုရိုကာေျပးထြက္သြားသည့္ခ်ာတိတ္ေၾကာင့္ေရွာင္းက်န့္ေနာင္တရသလိုလို။တဆင့္ခ်င္းဆိုတာထက္သူ႕ဘက္ကခ်ာတိတ္အေပၚအေတာ္လက္လြန္သြားသည္မဟုတ္လား။

ခက္ေတာ့လည္းခက္သည္။ခ်ာတိတ္ကိုျမင္တိုင္းအသည္းတယားယားနဲ႕တခုခုလုပ္ပစ္ခ်င္သည့္သူ႕စိတ္ေၾကာင့္ခ်ာတိတ္ေလးခမ်ာသူအနိုင္က်င့္သမွ်မ်က္ရည္နဲ႕မ်က္ခြပ္။အသည္းယားစရာမင္းေလးနဲ႕ေတာ့ဦးငယ္ဘယ္လိုထိန္းခ်ဳပ္ရပါ့။

"ဝမ္ေလး...ဟင္!...ဝမ္ေလးျပန္သြားၿပီလား..."

"အင္း..."

သံပုရာရည္ခြက္ကိုင္လို႔ဧည့္ခန္းထဲဝင္လာသည့္ရီလွ်မ္းေၾကာင့္ေရွာင္းက်န့္ဘာေျပာလို႔ေျပာရမွန္းမသိ။

"ဟယ္...ေမာင့္ ႏွဖူးမွာေသြးေတြ...ဘယ္လိုျဖစ္ရတာလဲ...ေဆး ေဆးေသတၱာဘယ္မွာပါလိမ့္...ရီလွ်မ္းရင္ထိတ္လိုက္တာေမာင္ရယ္..."

ေရွာင္းက်န့္ႏွဖူးကဒဏ္ရာကိုေတြ႕သြားသည့္ရီလွ်မ္းမွာျပဴးျပဴးျပာျပာ။ဘာတခြန္းမွခြန္းတုံ႕ျပန္မလာသည့္ေရွာင္းက်န့္ကေတာ့အင့္ဆိုသည့္ရွိုက္သံစစေလးေနာက္စိတ္ဝိဉာဥ္တို႔ကပ္ပါသြားသလားေအာင့္မွတ္ရတယ္မ်က္ဝန္းအိမ္တို႔ကရီေဝေဝ။

ဦးငယ္ကိုေပးခ်စ္ဖို႔အဲ့ေလာက္ေတာင္ခက္ခဲရသလားခ်ာတိတ္ေလးရယ္။

#Tbc
I need your feelback and voting❦︎

"The one flower of Sean"ေလးကိုလက္စသတ္ေနရလို႔ဒါေလးကိုပစ္ထားသလိုျဖစ္သြားတယ္ေသြ႕ပုခ်ိ၊ေနာက္ပိုင္းမွန္မွန္ေလးupေပးေတာ့မွာမို႔ေရွ႕ေလွ်ာက္မုဏ္းရဲ႕ကံေကာင္းျခင္းနတ္ဖုရားေလးေတြအျဖစ္အတူရွိေနေပးပါဦးလို႔☺.

Continue lendo

Você também vai gostar

3.5M 285K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
125K 13.8K 15
ပန်းတစ်ပွင့်ထဲ ပေးတယ်ဆိုတာ မင်းကို မြင်မြင်ချင်း ချစ်မိတယ်လို့ ဆိုလိုတာပါ. . . ဒါဆို ကျွန်တော့်ကို ချစ်တာ လန်ကျန့်လား ၊ ရိပေါ်လား. . . ...
37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...