သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခ...

By moooskyi

451K 13.4K 267

ငါကငါ့တရား၀င်ယောကျာ်းကိုသူ့exလက်ထဲထည့်မှာမဟုတ်ဘူး သူငါ့ကိုအခုမချစ်သေးဘူးဆို တစ်နေ့နေ့တော့ ပြန်ချစ်လာမှာပါ မေပ... More

သူစိမ်း(part-1)[Zawgyi & Unicode]
သူစိမ်း(part-2)[Zawgyi & Unicode]
သူစိမ်း(part-3)[Zawgyi& Unicode]
သူစိမ်း(part-4)[Zawgyi & Unicode]
သူစိမ်း(part-5)[Zawgyi&Unicode]
သူစိမ်း(part-6)[Zawgyi&Unicode]
သူစိမ်း(part-7)[Zawgyi&Unicode]
သူစိမ်း(part-8)[Zawgyi&Unicode]
သူစိမ်း(part-9)[Zawgyi&Unicode]
သူစိမ်း(Part-10)[Zawgyi&Unicode]
သူစိမ်း(part-11)[Zawgyi&Unicode]
သူစိမ်း(part-12)[Zawgyi&Unicode]
သူစိမ်း(part-13)[Zawgyi&Unicode]
သူစိမ်း(part-14)[Zawgyi&Unicode]
သူစိမ်း(part-15)[Zawgyi&Unicode]
သူစိမ်း(part-17)[Zawgyi&Unicode]
သူစိမ်း(part-18)[Zawgyi&Unicode]
သူစိမ်း(part-19)[Zawgyi&Unicode]
သူစိမ်း(part-20)[Zawgyi&Unicode]
သူစိမ်း(part-21)[Zawgyi&Unicode]
သူစိမ်း(part-22)[Zawgyi&Unicode]
သူစိမ်း(part -23)[Zawgyi&Unicode]
သူစိမ်း(part-24)[Zawgyi&Unicode]
သူစိမ်း(part-25)[Zawgyi&Unicode]
သူစိမ်း(part-26)[Zawgyi&Unicode]
သူစိမ်း(part-27)[Zawgyi&Unicode]
သူစိမ်း(part-28)[Zawgyi& Unicode]
သူစိမ်း(part-29)[Zawgyi&Unicode]
သူစိမ်း(part-30)[Zawgyi &Unicode]
Attention 😃
သူစိမ်း(part-31)[Zawgyi&Unicode]
သူစိမ်း(part-32)[Zawgyi&Unicode]
သူစိမ်း(final)[Zawgyi & Unicode]

သူစိမ်း(part-16)[Zawgyi&Unicode]

11.8K 395 9
By moooskyi

(Unicode)

Liam ဒီနေ့ Uni ပြန်တတ်ရမည် အကိုကသူလိုက်ပို့မည်ပြောသောကြောင့် ပျော်ရသည် ကိုယ့်ယောက်ျားကျောင်းလိုက်ပို့တာမပျော်တဲ့လူရှိမလားလေ...

"ဒီ‌နေ့ ကိုယ့်ဇနီးက မြန်မာ၀တ်စုံလေးနဲ့လှနေတာ ကျောင်းမသွားပါနဲ့တော့"

"ဟာ..အပိုတွေပြောပြန်ပြီအကိုကလည်း ကျောင်းမသွားလို့ရမလား"

အကိုက‌ ကားမောင်နေရင်းနဲ့ကိုလာလာကြည့်နေလို့ liam မှာအရှက်ပိုရသည် liam အကို့ကိုကျောင်းနဲ့နည်းနည်းလှမ်းတဲ့နေရာမှာဘဲရပ်ခိုင်းလိုက်တယ် liam ကလူတွေအာရုံစိုက်ခံရတာကိုမကြိုက်ပါ အေးဆေးသမားမို့ လူတွေပြောမှာလည်းမခံနိုင်သလို လူတွေနဲ့လည်းသိပ်မပတ်သတ်တတ်ပါ....

"Liam ကအပျိုလုပ်ချင်လို့လား"

ရစ်စိန်ကတော့စ၍စပါတော့မည် liamတို့လင်မယားကပြောင်းပြန် ကိုယ်ကသိပ်မရစ်ဘဲသူဘဲရစ်နေလို့ liam မှာလိုက်ရှင်းပြနေရသည် အကို့ကိုမရှင်းပြနိုင်တဲ့အခါကျ liam ကပြန်စိတ်ကောက်လိုက်သည် အဲ့လိုဆိုလည်း အကို့မှာပြာပြာသလဲလိုက်ချော့ပေးပြန်သည်.......

"ဒီလောက် လင်ငုတ်တုတ်ရှိနေတာကို ဘာကိစ္စအပျိုလုပ်ချင်ရမှာတုန်း"

"အဲ့ဆိုဘာလို့ကျောင်းရှေ့ထိမပို့ခိုင်းတာလဲ"

"အကိုလည်း သိရက်နဲ့ liamကိုလူတွေလိုက်စပ်စုမှာမကြိုက်ဘူး"

"အဲ့တာကအဲ့တာလေကွာ... အခုကကိုယ်ကမင်းယောကျာ်လေ နောက်လည်းသိရမှာကို"

"အော် အကိုရေ liamကိုနားလည်ပေးပါလားဟင်"

"နားလည်ပေးတယ်လေကွာ"

Liam လည်းအကို့မျက်နှာကို liam လက်ကလေးနဲ့ယူကာမျက်လုံးချင်းဆိုင်လိုက်သည်

"ဒီလိုအေးဆေးနေရတာ liam ပုံစံဖြစ်နေလို့ liam ပုံစံလေးကိုဒီတိုင်းထားပေးပါနော်"

အဲ့လိုချော့ပြီးပြောတာတောင်မှ သူ့မှာသိပ်မကျေနပ်သေးချည် liam လည်းအကို့နှဖူးလေးကိုလှမ်းကာနမ်းလိုက်မိသည်.. အကိုက
ခါးတို၀တ်ထားလို့ ပေါ်သွားတဲ့ ခါးနေရာလေးကိုသူ့လက်ကြီးကြီးနဲ့တင်း‌တင်းလေးဖတ်လာသည် ရင်ခုန်ရပါသည် အကိုရဲ့ဒီလိုအပြုအမူသေးသေးလေးကတောင် liamကိုရင်ခုန်ရအောင်လုပ်နိုင်သည်...နည်းနည်းကြာအောင် အနမ်းချင်းဖလှယ်ပြီးတဲ့နောက်မှတော့ liam လည်းကားတံခါးဖွင့်ကာ ကျောင်းထဲသို့မြန်မြန်သွား ရသည် နို့မို့ဆိုသူ့နဲ့ဖြစ်မှာမဟုတ်ပါ....

"Liam ဒီမှာလာထိုင်လေ"

"အေး..."
ဘုန်းသိုက်ကသူ့ဘေးနားကိုပုတ်ပြခါခေါ်သောကြောင့်သွားထိုင်မိသည်အကိုပြောထားသည်ကိုသိသော်လည်း 3နှစ်လောက်တွဲ လာတဲ့ သူငယ်ချင်း‌ကောင်း ကိုချက်ချင်းဖြတ်တောက်ပေးဖို့တော့ မဖြစ်နိုင်ဘူးလေ....

"ဘုန်းသိုက်...အထွန်းက ငါတို့နဲ့အတူတူဘဲမလား "

"အေး အဲ့မသာက သူ့ကောင်မလေးကိုအရင်သွားပို့နေလို့တဲ့"

"ဖြစ်ရမယ်.."
အထွန်းရယ် ဘုန်းသိုက်ရယ် liam ရယ်က မေဂျာတူတယ်
ဟိန်းထက်နဲ့ အမှုံကတော့တစ်မေဂျာလေ အားလုံးစုံတဲ့အချိန်ကတော့ကန်တင်းထိုင်တဲ့အချိန်နဲ့ အပြင်သွားတဲ့အချိန်ဘဲ....

"Liam...နင်ဘာနဲ့လာတာလဲ"

"အကို လာပို့တာ"

"အပြန်ကောသူလာကြိုမှာလား"

"အေး သူဘဲလာကြိုမယ်တဲ့"

သူကခေါင်းညှိတ်ကာသာပြန်ဖြေသည် ဘာဘဲပြောပြော ဘုန်းသိုက်ကစည်းစောင့်တော့ စကားပြောရတာကအဆင်တော့ပြေ‌သည် တစ်ခါတစ်လေတော့ သနားမိတဲ့အခိုက်အတန့်တွေလည်းရှိသည်....

ရှိန်း ဒီနေ့အလုပ်မှာ နေပိုင်နဲ့အတူတွဲလုပ်ရမယ့်အလုပ်တစ်ခုရှိလာတယ် သူ့အဖေနဲ့ကိုယ့်အဖေက ရင်းနှီးပေမယ့် နေပိုင်နဲ့ ရှိန်းဇော်ခ တို့ကတော့အပူမီးတွေလိုဘဲ တစ်ယောက်မျက်နှာတစ်ယောက်မမြင်ချင်ကြဘူး

"MD ကိုနေပိုင်တို့ကသူတို့အ‌ဖွဲ့ လာနေပြီတဲ့"

"အေး အဆင်သင့်‌ပြင်းထားတစ်ခုခုမလွဲစေနဲ့ လွဲရင်လည်း ကျွန့်တော့်အဆိုးမဆိုနဲ့"

"ဟုတ်ကဲ့ MD... project ထဲပါတဲ့လူတွေအားလုံးကိုသေချာရွေးချယ်ထားပြီး ရှင်းပြထားပါတယ်..."

ရှိန်းလည်း အတွင်းရေးမှူးပြောတာကိုခေါင်းသာညှိတ်ပြီး အလုပ်ဆက်လုပ်နေလိုက်သည်

*ဒေါက် ဒေါက်*

"ပြောပါ..."

"MD..သူတို့ရောက်ပြီ အဆင့်သင့်လည်းဖြစ်ပြီ"

"ဟုတ်ကဲ့ ကျွန်တော်လာခဲ့မယ်"
ရှိန်းအတွက် project တိုင်းကအရေးကြီးပေမယ့် နေပိုင်ပါ၀င်တဲ့ဒီproject ကိုပိုအရေးစိုက်ရမည်....

ရှိန်းတံခါးဖွင့်ကာ အစည်းအဝေးခန်းထဲ၀င်သွားလိုက်သည် ကြည့်လို့မရတဲ့လူနှစ်ယောက်ကိုတစ်ချိန်ထဲတစ်နေရာထဲတွေ့လိုက်ရ‌တာကြောင့်  ရှိန်းမဲ့ပြုံးတစ်ချက်ကိုနှုတ်ခမ်းတွင်တပ်ဆင်မိသည်... နေပိုင်ကတော့အနိုင်ရတဲ့မျက်နှာမျိုးနဲ့နှုတ်ဆက်လာသည်

"ရှိန်းဇော်ခ ‌မတွေ့တာကြာပြီနော် မင်းဇနီးကောနေကောင်းရဲ့လား"

"ဟုတ်တယ်...ငါ့ဇနီလား ‌ပျော်ရွှင်နေလို့လားမသိတော်တော်ကျန်းမာရေးကောင်းတယ်"

"သူကျန်းမာတယ်ဆိုရင် ငါ့အတွက်ရပြီ"
နေပိုင်ပြောတဲ့စကားကြောင့် ရှိန်းရဲ့မဲမှောင်နေသည့်မျက်ခုံးတစ်စုံ တွန့်ချိုးသွားရသည် ထထိုးပလိုက်ချင်ပေမယ့် ဒီခွေးကထိုးတာတောင်စောက်ဂရုစိုက်မယ့်ပုံမပေါ်ပါ....

"ဒီမှာ မင်းနဲ့မိတ်ဆတ်ပေးရမယ့် လူတစ်ယောက်ပါတယ်"
ရှိန်းလည်းဒီကောင့်အားစကားမပြောချင်တာနဲ့မေးဆက်ပြလိုက်သည်

"ဒီမှာလေ မဒီလွင်က ငါ့အဖွဲ့ထဲကလူသစ်အနေနဲ့ပါမယ်"

"အဲ့တော့.."

"မင်းနဲ့လည်း နောက်ကျတွေ့ဖြစ်ရမှာဆိုတော့လေ"

"အော်...နေပိုင်ရယ်  မလိုပါဘူးမင်းအဖွဲ့ထဲကို မင်းဘာသာမင်းကြိုက်တဲ့လူကိုထည့်လို့ရတယ် မင်းကောင်မလေး‌လည်း မင်းထည့်လို့ရတာဘဲ"

"အော် ရှိန်းကလည်း မဒီနဲ့နေပိုင်နဲ့က ဘာမှမဆိုင်ဘူး ‌မဒီ ဒီအတိုင်းစီးပွားရေးလုပ်ချင်လို့" သူ့ကိုယ်သူမလုံသောကြောငိ့ရှိန်းကိုဖြေရှင်းချက်ပေးနေသည်

"အဲ့တာ ခင်ဗျားတို့ကိစ္စ မို့ကျွန်တော်နဲ့မဆိုင်ဘူးလို့ထင်ပါတယ်"

၀န်ထမ်းတွေလည်း ရှိနေတာမို့ မဒီရှက်သွားရသည် မောင်ကအဲ့လို့ မဒီကိုတွန်းထုတ်လေ မဒီကတိုးချင်လေဘဲမောင် မဒီ မှားခဲ့တာသိပေမယ့် အချစ်မှာနောက်ကျတာမရှိဘူးလို့ထင်တယ်....

အစည်းအဝေးပြီးတာနဲ့ ရှိန်းလည်း Companyရဲ့အပေါ်ဆုံးထပ်မှာရှိတဲ့ အလုပ်ခန်းကိုပြန်သွားဖို့ထွက်လာလိုက်သည် ရှိန်းရဲ့နောက်ကိုတစ်ယောက်ယောက်က လိုက်လာသလိုခံစားရလို့ကြည့်လိုက်တော့ မဒီဖြစ်နေတယ်

"မောင်....‌မဒီ မောင်နဲ့စကားလေးပြောချင်လို့ ခဏလောက်ပြောရအောင်"

"ကျွန်တော် မအားလို့ခွင့်ပြုပေးပါအုန်း"

"မောင်....မဒီမှားခဲ့မှန်းသိပေမယ့် ရှိခဲ့တဲ့သံယောဇဉ် ကြိုးလေးကိုထောက်ပြီးတော့ဖြစ်ဖြစ်လေ..."

ရှိန်းခဏလောက်တွေဝေကာ စဉ်းစားပြီးတော့ စကားပြောဖို့သဘောတူလိုက်တယ် နံရံတွေမှာနားတွေရှိတာကြောင့် အလုပ်ခန်းကိုသာခေါ်လာလိုက်သည်.....

"မောင့် အလုပ့်ခန်းကတောင်ခမ်းနားနေတယ်နော်"

"မောင်လို့ မခေါ်နဲ့"

"Sry ပါမောင်... အဲ Sry ပါနော် ရှိန်း"

"ပြောစရာရှိတာသာပြောပါ"

"မဒီ တောင်းပန်ပါတယ် မဒီအမှားအတွက်"

"ရပါတယ် လွန်ခဲ့တဲ့သုံးနှစ်လောက်ထဲက မင်းနဲ့ နေပိုင် နမ်းနေတာကိုတွေ့လိုက်ထဲက ငါအားလုံးကိုလက်လျော့လိုက်တာ"

"ရှိန်း... မဒီအဲ့တစ်ခါလေးသာမှားခဲ့တာမို့"

"အဲ့တာ ကျွန်တော်နဲ့မဆိုင်ဘူးလို့ထင်တယ် အခုလည်းကျွန်တော့်မှာ ဇနီးရှိနေပြီမို့ ရန်တွေမရှိခြင်တော့ဘူး"

ရှပ်ကော်လံကိုဆွဲကာ အနားတိုးလာသည့် မဒီ
ရှိန်းကြောင်အမ်းအမ်းနေလိုက်သည် ပိုတိုးကာ ရှိန်းအားနမ်းဖို့လာလုပ်နေသည့်သူမ  ရှိန်းတွန်းတာခံလိုက်ရတာကြောင့် မနမ်းမိခင်မှဘဲ ဖင်ထိုင်ရက်လေးကျသွားရသည်...ရှိန်းလည်းနှာခေါင်းတစ်ချက်ရှုံ့ကာ

"မင်းဒီတိုင်းလာရာလမ်းအတိုင်းပြန်ရင် ကိစ္စမရှိပေမယ့် ပိုတိုးမယ်‌ဆိုရင်တော့ ကျွန်တော် လုံခြုံရေးသမားတွေခေါ်ရလိမ့်မယ်"

သူမသည်ဒေါသတို့ထွက်နေသောအမူအရာဖြင့်ထွက်သွားဖို့ လုပ်ပေမယ့်ပြန်လှည့်လာကာ
‌"မောင်က ကျွန်မနဲ့ပြန်တွေ့ရမှာမို့ စောင့်နေပါ မောင်ရဲ့ပိုင်ရှင်က ဘယ်သူဆိုတာမောင်တွေ့ရမှာပါ"

သူမပြောသွားတာကို ရှိန်းလည်းပြန်မပြောချင်တော့ပါ ဖောက်ပြန်တုန်းကဖောက်ပြန်ပြီးထားသွားခဲ့သေးတာ အခုမှဘာတွေရှုပ်နေချင်လဲမသိ ခေါင်းထဲ၀င်လာသော liam အကြောင်းတို့ liam သာဒီကိစ္စကိုသိသွားရင်Companyကိုသူမလာတာ liam လက်ခံမှာမဟုတ် ရှိန်းခေါင်းတို့လည်သွားရသည်
Liam သူ့ကိုတစ်မျိုးမြင်သွားရင် ဆိုသည့်‌အတွေးက တစ်နေ့လုံးကိုနှိပ်ဆက်နေသည် သူမသွားကြိုသည်အထိ ထိုအတွေးမှာ မပျောက်

သူမ ကိုအမှုံကစောင့်ပေးနေသည်နဲ့တူသည် ရှိန်းကားလာတာကိုမြင်တော့ အနားကိုပြေးလာကာ ကားပေါ်အမြန်တတ်လာသည်

"ဟယ်အကို ကားမောင်းတာကလည်း လေးတွဲနေတာဘဲ"

"အကို့....အတွေးတွေဘယ်ရောက်နေတာလဲလို့"

"ဟို မဟုတ်ပါဘူး အလုပ်ထဲအာရုံ၀င်သွားလို့ပါ"

"ပြီးရော..."

"Liam ညစာဘာစားမလဲ"

"ညကျမှliam ချက်ကြွေးမယ်လေ"

"ဟုတ်ပါပီ‌ဗျာ"

Liam ကိုနေ့လည်ကအကြောင်းဘယ်လိုအစဖော်ရမလဲမသိ ရှိန်း အခုပြောပြလိုက်ချင်ပေမယ့် ကိုယ်ချစ်တဲ့မိန်းကလေးရှေ့ ရည်းစားဟောင်းကနမ်းဖို့ကြိုးစားခဲ့သည်သည် ဆိုသည်မှာ ပြောပြဖို့ခက်ခဲနေသည်
ဒီတိုင်းလေးဆို အဆင်ပြေသွားမှာပါ တကယ်နမ်းခဲ့တာမှမဟုတ်ဘဲ ရှိန်းနဲ့ liam ကြားအဲ့ပြသာနာနဲ့ပတ်သတ်ပြီး တစ်ခုခုဖြစ်လို့ကတော့အဲ့အမျိုးသမီးကိုတစ်စစီလုပ်ပစ်မည်လို့သာစဉ်းစားထားလိုက်သည်

"အကို liam ဒီနှစ်ပြီးရင် England မှာကျောင်းဆက်တတ်ရင်ကောင်းမလား"

"ဘာ!!!!"သောက်လက်စ ဝိုင်ခွက်ကို စားပွဲဝိုင်းပေါ်တင်လိုက်ကာ သူမကိုယ်လေးကို ရှိန်းပေါင်ပေါ်ထိုင်စေလိုက်သည်

"ပြန်ပြောလိုက်စမ်းပါ.... ဒေါ်မေပိုးဦး"

"Scholarship ရအောင်လျှောက်ပြီးသွားရင်ကောင်းမလားလို့ပါ"

"မသွားရပါဘူး အကို့စိတ်မချဘူး"

"ဟာ အကိုကလည်းအခုမှ liam က 21 ဘဲရှိသေးတာလေ ပညာ‌တွေတတ်ထားရမှာပေါ့"

"ကိုယ်သဘောမတူဘူးလို့ပြောပြီးပြီလေ"

"အကိုကအမြဲအကို့ဘက်ဘဲကြည့်တယ်"

ပေါင်ပေါ်ကထဖို့လုပ်နေသည့် liam... သူမခါးလေးကိုလွတ်ထွက်မသွားအောင် ရှိန်းချုပ်တည်းထားမိသည်

"Liam ဘဲအကို့ကိုချစ်တာဆို ထားမသွားဘူးဆို"

"အကိုရေ liam ကနှစ်နှစ်လောက်ဘဲကို ပြီးတော့အကိုနဲ့ကလက်ထက်ပြီးနေပြီလေ ဘာကိုစိတ်မချတာလည်း"

"အကိုလွမ်းမနေချင်ဘူး liam ရယ်...အကိုနောက်ဆုံးအကြိမ်တောင်းဆိုတာမို့ အနားမှာဘဲနေပေးနော်..."

"ဟင်" liam သက်ပြင်းချမိသည် အကိုက သိပ်ကလေးဆန်တာဘဲ ဒီလိုတွေချစ်ဖို့‌ကောင်းနေတာအကို့ကို liam ဘယ်လိုလက်လွှတ်မိမလဲ အကို့ကပိုတိုးကာ liam ရင်ခွင်ထဲတိုး၀င်နေသည်

"အကို.. အခုဖယ်လိုက်နော် အကို့ဟာကြီးကို"

သူ့ပေါင်ပေါ်ထိုင်နေသည့် liamကို သူ့လက်နက်ကြီးကအောက်ကနေ စ လို့နေသည်

"ဒီညတော့ အကိုမရတော့ဘူးနော်"

"အကိုကလေ တကယ်ကိုဘဲနော်"

"ဒီ ခါးသေးသေးလေးကသိပ်လှနေတာကို‌‌ ဒီဟာကြီးကဘယ်လိုငြိမ်တော့မလဲ"

"ရွ ချက်က ကမ်းကုန်လွန်းလို့ ဒီမိန်းမသေတော့မယ်သိလား"

"အသေမခံနိုင်ဘူးနော် ကလေးတွေအများကြီးမွေးပေးပါအုန်းလေ"

"ဟား....ဟား... အကိုကလည်း liamက ကလေးကိုကလေးထိန်းနေရမှာပေါ့ "

"ကိုယ်က ထိန်းပေးမှာပါ ကလေးကြီးကိုကောကလေးလေးကိုကော"

အကိုပြောတဲ့အတိုင်း ကလေးလေးတွေနဲ့ဆို liam တို့ပျော်ဖို့ကောင်းမှာဘဲ အကို့ကလေးတွေကအကိုနဲ့တူရင် အကို့လိုသိပ်ချောနေမှာ အတွေးနဲ့တင်ပျော်ရသည်။

##########

#hey guys!!!!
လက်ရာမကောင်းတဲ့ဒီဇာတ်လမ်းလေးကိုဖတ်ပေးကြတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးပါနော် 🥺✌️❤️
............................

(Zawgyi)











"နားလည်ပေးတယ်လေကွာ"




"Liam ဒီမှာလာထိုင်လေ"

"အေး..."



"ဖြစ်ရမယ်.."

"Liam...နင်ဘာနဲ့လာတာလဲ"

"အကို လာပို့တာ"


"အေး သူဘဲလာကြိုမယ်တဲ့"







*ဒေါက် ဒေါက်*

"ပြောပါ..."









"အဲ့တော့.."












"မောင်လို့ မခေါ်နဲ့"















"ပြီးရော..."

"Liam ညစာဘာစားမလဲ"


"ဟုတ်ပါပီ‌ဗျာ"

























##########

#hey guys!!!!
............................

Continue Reading

You'll Also Like

5.2M 465K 96
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
4.3M 285K 61
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
4.3M 236K 49
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
796K 34.7K 57
"Mujhe jhelna mushkil hai nader," she said with a smile while her gaze was fixed on the table. ("It's difficult to tolerate me, Nader") "Main jhel l...