ချစ်တဲ့အကြောင်းလေးတွေကို စီကာပတ်ကုံးပြောရမယ်ဆိုရင် ကျွန်တော်ကတော့ "လင်းဝေဟန်" ဆိုတဲ့ကောင်လေးရဲ့အကြောင်းအရာတွေနဲ့ အစချီပြီး အဲဒီအကြောင်းအရာတွေနဲ့ပဲ အဆုံးသတ်ချင်တယ်။
တက္ကသိုလ်၀င်တန်းမှာ အမှတ်မြင့်မြင့်နဲ့အောင်ခဲ့တာတောင်မှ အဝေးသင်ပဲတက်ပြီး လူမှုဖောင်ဒေးရှင်းတစ်ခုမှာ အလုပ်အားပေးကျောင်းဆရာတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒီကောင်လေးကို ကျွန်တော်အလွန်အမင်းမြတ်နိုးမိတာတော့ သိပ်ဆန်းမယ်မထင်။
"ကိုယ့်အနားမှာအမြဲရှိနေပေးတတ်တာဆိုလို့ အားလျှံ နဲ့ ကိုယ်စာသင်ပေးနေတဲ့ ကလေးတွေပဲရှိတာ" ဆိုပြီးမျက်နှာငယ်လေးနဲ့ပြောလာတဲ့အချိန်တိုင်းကျွန်တော်သူ့အတွက်စိတ်မကောင်းဖြစ်မိတယ်။
အငယ်နှောင်းက မွေးလိုက်တဲ့သားဖြစ်လေတော့ မိသားစုမှာမျက်နှာမရ။ အဖေဖြစ်သူကလည်း မကွာရှင်းရသေးတဲ့ ဇနီးသည်ရဲ့စကားကိုမလွန်ဆန်နိုင်၊ အဖေဖြစ်သူရဲ့အမေ တစ်နည်းအားဖြင့် အဖွားဖြစ်သူကလည်း မြေးတစ်ယောက်လိုတနွေးတထွေးနဲ့မဆက်ဆံပေးတဲ့အပြင် ဖအေတူမအေကွဲအကိုရဲ့အနိုင်ယူမှုအပေါင်းကိုလူမှန်းသိတတ်စအရွယ်ကတည်းကကြိတ်မှိတ်ခံခဲ့ရတယ်။
အမေကလည်းမီးတွင်းထဲဆုံးခဲ့လေတော့ ဒီလောကကြီးက ဒီကောင်လေးအတွက် ကံကောင်းခြင်းတွေဘယ်တော့များမှာမှ ယူဆောင်လာပေးမှာလဲဆိုပြီးကံတရားကိုပဲကျွန်တော် အပြစ်ပုံချချင်မိတယ်။
"ကိုယ်ကအဆင်ပြေပါတယ်။ အားလျှံရှိနေရင်ပေါ့"
ကျွန်တော့်လက်ကိုခပ်ဖွဖွဆုပ်ကိုင်ပြီးအမြဲပြောတတ်တဲ့စကားလေးတစ်ခွန်းပါပဲ။
ကျွန်တော်နဲ့သူက ဖောင်ဒေးရှင်းပွဲတစ်ခုကနေစပြီးရင်းနှီးခဲ့တယ်။ နောက်ပိုင်းအခုလို တစ်ယောက်က တစ်ယောက်ရဲ့အရေးကြီးတဲ့တစ်စိတ်တစ်ဒေသကနေ ပါရမီဖြည့်နိုင်လောက်တဲ့အခြေအနေကို ရောက်တဲ့အထိပါပဲ။
ကျွန်တော်ကတော့ ဖောင်ဒေးရှင်းရဲ့ဆေးဝါးနှင့်ကျန်းမာရေးဌာနမှာ စေတနာ့ဝန်ထမ်းတစ်ယောက်အဖြစ်လတိုင်းဆေးခန်းထိုင်ပေးဖြစ်တယ်။
သူကကျွန်တော့်ထက် တစ်နှစ်ကြီးပေမယ့် အခုထိ ဘွဲ့မရသေးပါဘူး။ ကျောင်းနားပြီး အလုပ်လုပ်လိုက်၊ Guide လိုက်သင်လိုက်၊ နယ်ဖက်တွေမှာစာလိုက်သင်လိုက်နဲ့ သူ့ဘဝရဲ့ အခက်ခဲတွေအများကြီးကိုကိုယ့်အားကိုယ်ကိုးပြီး ဖြေရှင်းနေခဲ့ရရှာတယ်။
သူ့အဖေက မြန်မာနိုင်ငံမှာနာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဆိုပေမယ့် အဖေရဲ့အထောက်အပံ့ကိုယူပြီး ကျောင်းမတက်ချင်ဘူးတဲ့လေ။
သူ့ကိုကျွန်တော်အများကြီးနားလည်နိုင်ပါတယ်။
သူကတကယ်ကို လူကြီးဆန်ပြီး ရင့်ကျက်တဲ့အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်ပါ။
ကျွန်တော်ရဲ့ဒိုင်ယာရီစာအုပ်တစ်အုပ်လုံးက သူ့အကြောင်းတွေနဲ့ ပြည့်နေလေတော့ ပြန်ဖတ်တိုင်း ကျွန်တော်ပြုံးမိတယ်။
ဒီနေ့တစ်နေ့တာအတွက် ကျွန်တော့်ရဲ့ဒိုင်ယာရီစာအုပ်ထဲ သူ့အကြောင်းလေးတွေအနည်းအကျဉ်းရေးပြီးတဲ့အဆုံးမှာတော့
"Happy One Year Anniversary "
လို့ကျွန်တော်ရေးလိုက်တယ်။
ဒီနေ့က သူနဲ့ကျွန်တော်ရဲ့တစ်နှစ်ပြည့်တဲ့နေ့လေ။
စာအုပ်ကိုပိတ်ကာအံဆွဲထဲကျွန်တော်သိမ်းထားလိုက်ပြီးနောက် ဖုန်းကိုယူပြီး နယ်ရောက်နေတဲ့ ကျွန်တော့် ရဲ့ အလင်းရောင်လေးဆီကို ဖုန်းလှမ်းဆက်လိုက်တယ်။
"အားလျှံ ...."
သူကဖုန်းကိုင်တာနဲ့ ကျွန်တော့်နာမည်ကိုလှမ်းခေါ်တယ်။
"Happy One Year Anniversary ပါ အကို"
"ကို အားလျှံနဲ့အတူရှိမနေပေးနိုင်လို့တောင်းပန်ပါတယ်နော်" တဲ့
ခါတိုင်းလိုပဲ သူပြောနေကျ တောင်းပန်တဲ့လေသံနဲ့ ပြောလာတဲ့သူ့အသံကြောင့် ကျွန်တော်ပြုံးလိုက်မိတယ်။
"ရပါတယ် အစ်ကိုမှမအားတာ"
"အင်း ကလေးတွေရဲ့စာမေးပွဲတွေနဲ့ ကိုယ်အလုပ်ရှုပ်နေလို့"
သူ့ကလေးတွေကိုဆိုတကယ်ဂရုစိုက်ပေးတဲ့လူကြီး။
"အင်းပါ သိပါတယ် ခင်ဗျာ့"
"ကိုယ်ပြန်လာရင်တွေ့ရအောင်နော် .."
ဒါကတော့သူပြောနေကျ ကျွန်တော်အလွတ်ရနေပြီဖြစ်တဲ့ စကားလေးတစ်ခွန်းပါပဲ။
"အဲလိုပြောပြီး အစ်ကိုမအားတာဘယ်နှစ်ခါလဲ"
"ဒီတစ်ခါတော့ ကိုယ်အားအောင်လုပ်ပါ့မယ်နော်"
"ရပါတယ် ကျွန်တော်ကစတာပါ ..အစ်ကို့ကိုခွင့်တောင်းစရာရှိလို့"
"ပြောလေ ..."
"ညကျရင် Bar တစ်ခုမှာ ဆေးကျောင်းကသူငယ်ချင်းတွေနဲ့ တွေ့ကြမလို့။အကုန်လာကြမှာဆိုတော့"
ကျွန်တော့်စကားပင်မဆုံးသေး
"အင်း သွားလေ အများကြီးတော့မသောက်ခဲ့နဲ့နော်"
"ဟုတ်ကဲ့ ..."
ဒီလိုကိစ္စက အရွယ်ရောက်ပြီးသားယောက်ျားလေးတစ်ယောက်အတွက်သာမန်ကိစ္စဆိုပေမယ့် အစ်ကို့ကိုခွင့်မတောင်းဘဲ ကျွန်တော်ဘာမှမလုပ်ချင်ဘူး။
အတူရှိမနေပေမယ့် ကျွန်တော်ဘာလုပ်လုပ်အမြဲတမ်း သူ့ဆီမှာခွင့်တောင်းဖြစ်သည်။
ဒါကကျွန်တော်တို့နှစ်ယောက်ကြားကစည်းကမ်းလေးတစ်ခုပါပဲ။
ညရှစ်နာရီခွဲလောက်မှာတော့ ကျွန်တော်တို့အုပ်စု Zwan Bar ( ဈာန် ) မှာလူစုံတက်စုံရောက်နေပါပြီ။
ပထမနှစ်ကတည်းကပေါင်းလာခဲ့တဲ့သူငယ်ချင်းတွေကို အကုန်ပြန်တွေ့ရတဲ့ခံစားချက်ကဘာနဲ့မှမတူပါဘူး။
ကျွန်တော်တို့သူငယ်ချင်းငါးယောက် ရှေးဖြစ်နှောင်းဖြစ်တွေပြောရင်းအချိန်ကုန်လာခဲ့တာ ညသန်ခေါင်တောင်ရောက်ခဲ့ပါပြီ။
ညနက်လာလေလေ Bar ထဲမှာလူစည်လာလေလေဖြစ်သလိုအသောက်များလာတဲ့ကျွန်တော့်သူငယ်ချင်းတွေကလည်းရီဝေဝေဖြစ်လာကြပါပြီ။
ကျွန်တော်တို့အုပ်စုထဲမှာ ဝေယံ ဆိုတဲ့ကောင်ကမူးပြီဆိုတလောကလုံးကိုပတ်ရမ်းတတ်ပါသေးတယ်။သူ့အကြောင်းသိလို့ကျွန်တော်အရက်မသောက်ပဲသူ့ကိုထိန်းဖို့စောင့်နေရတာပါ။
"ဘယ်ကောင်မှကြောက်စရာမလိုဘူး"
ကျန်တဲ့နှစ်ကောင်ကစားပွဲပေါ်မှာခေါင်းစိုက်နေကြတော့နောက်တစ်ယောက်က Toilet သွားမယ်ဆိုပြီးထွက်သွားတယ်။
ကျွန်တော်တစ်ယောက်ကပဲပြဿနာရှာနေတဲ့ဝေယံကိုလိုက်ဆွဲနေရပါတော့တယ်။
"ဟေ့ကောင် ပြန်မယ်"
"ဘာလဲမင်းကကြောက်လို့လား"
စကားတွေကမပီမသ ဗလုံးဗထွေးဖြင့်။
ပြောလည်းပြော သူ့အရှေ့ကခုံကိုမပြီး ဝိုင်ပုလင်းတန်းကြီးကိုရိုက်ခွဲလိုက်ပြီး သူ့လက်ထဲကအရက်ခွက်နဲ့တစ်ဖက်ဝိုင်းကလူကိုလှမ်းပက်လေတယ်။
ဘုရားရေ ...ဒီကောင့်ကိုဘယ်လိုလုပ်မှအေးချမ်းမှာလဲ။
ချက်ချင်းပဲ အရက်နဲ့အပက်ခံလိုက်ရတဲ့သူကထိုင်ရာမှထလာပြီး ကျွန်တော့်လက်ထဲကဝေယံကိုဆွဲယူကာမျက်နှာကိုအားပြင်းပြင်းနှင့်တစ်ချက်ထိုးလေသည်။
"ခွပ် ..."
"မင်းဘာလုပ်တာလဲ ...."
မျက်လုံးပင်မဖွင့်နိုင်တဲ့ကျွန်တော့်သူငယ်ချင်းဝေယံကသူ့ကိုထိုးလာသူရဲ့ကော်လံကိုရမ်းသမ်းဆွဲကာအော်လေသည်။
တစ်ဖက်ကနေရင်းထိုင်ရင်းနှင့်ပြဿနာအရှာခံရတဲ့လူကလည်း
"ဘောမို့ အရက်နဲ့ပက်တာလား"
ဟုဆိုကာထပ်ထိုးရန်လုပ်လာသည်။
"တောင်းပန်ပါတယ် ဗျာ့ ကျွန်တော့်သူငယ်ချင်းကလေအရက်မူးလာရင်သွေးဆိုးတတ်လို့ပါ။ကျွန်တော်တောင်းပန်ပါတယ်"
အကုန်လုံးရဲ့အကြည့်တွေကကျွန်တော်တို့ဆီရောက်နေပြီဆိုတော့ကျွန်တော်လည်းရှက်ရှက်နဲ့တောင်းပန်လိုက်ရတယ်။
အပက်ခံရတဲ့သူကမျက်ထောင့်နီကြီးနဲ့။
တကယ်ဝါးစားတော့မလိုကြည့်နေတာ။
"တောင်းပန်ပါတယ် ..."
ကျွန်တော်ထပ်ပြီးတောင်းပန်တော့မှ သူကဝေယံ့ကိုလွှတ်ပေးလိုက်တယ်။
"ဒီကအစ်ကိုနှစ်ယောက်စလုံးကို တောင်းပန်ပါတယ် ဗျာ ..ကျွန်တော်က Bar မန်နေဂျာပါ"
ကျွန်တော့်မှာဟိုလူ့တောင်းပန်ဒီလူ့တောင်းပန်နဲ့။ ငမူးကိုလည်းလက်ကဆွဲထားရသေး။
တကယ်ပါ အဲလိုမှန်းသိရင်လိုက်တောင်လိုက်မလာဘူး။
"ဟေ့ကောင်တွေထဦး"
ကျွန်တော်အော်ကာလှုပ်နှိုးမှဒီကောင်တွေထလာတယ်။ဘာတွေဘယ်လိုဖြစ်သွားမှန်းတစ်ယောက်မှမသိကြဘူးတဲ့လေ။
"ဝေယံ့ကိုမင်းပဲခေါ်သွားလိုက်တော့"
အခုမှ Toilet ကပြန်လာတဲ့ သူရိန်လက်ထဲ ဝေယံကိုအပ်လိုက်တယ်။
"အစ်ကို ဆိုင်ရှင်နဲ့ကျွန်တော်တွေ့လို့ရမလား"
ဒီကောင်ရိုက်ခွဲထားတဲ့ဝိုင်ပုလင်းကိစ္စကျန်သေးတာမို့ဖြေရှင်းဖို့အတွက်ကျွန်တော်တွေ့ခွင့်တောင်းတော့ Bar မန်နေဂျာကတော့ခေါင်းတငြိမ့်ငြိမ့်နဲ့သဘောတူရှာသည်။
ကျွန်တော်လည်းမန်နေဂျာအနောက် လိုက်လာလိုက်မိတယ်။ Bar က အတော်လေးသားနားပြီးတော်တော်လေးကျယ်တယ်။
လှေကားအတိုင်းကျွန်တော်တက်လာတော့အပေါ်မှာကွန်ဒိုတစ်ခန်းစာလောက်ကျယ်၀န်းတဲ့အခန်းကြီးတစ်ခန်း။
အိမ်တစ်အိမ်လောက်စာရှိလေတော့ဧည့်ခန်းဟုထင်ရတဲ့အခန်းမှာ TV ရောတစ်အိမ်ထောင်စာပရိဘောဂတွေအပြည့်။
ကျွန်တော့်အထင် ဒါဆိုင်ရှင်ရဲ့ အိမ်များလား။
ကျွန်တော်ဟိုကြည့်ဒီကြည့်နဲ့အကဲခတ်နေတုန်း
"အစ်ကိုဒီမှာထိုင်စောင့်နေပါဦးနော်။ ကျွန်တော် ကိုဈာန့် ကိုသွားခေါ်လိုက်ပါဦးမယ်"
ဆိုဖာကိုညွှန်ပြကာ ကျွန်တော့်ကိုထိုင်စေခဲ့တယ်။
ကျွန်တော်လည်း ခေါင်းငြိမ့်ပြကာ သူညွှန်တဲ့နေရာမှာ၀င်ထိုင်လိုက်ပြီး Bar ရဲ့ ပိုင်ရှင်ကိုစောင့်နေမိတယ်။
"ကိုဈာန် ...."
တံခါးကိုခေါက်ကာ မန်နေဂျာကခေါ်လေတော့
"ပြော ..."
အသံက ခပ်ပြတ်ပြတ် ...
ကြည်ကြည်လင်လင်နှင့်။
ကျွန်တော်အနောက်ကိုလှည့်မကြည့်ပဲထိုလူရဲ့အသံကိုအကူအညီယူကာထိုလူရဲ့ရုပ်ရည်ကိုခန့်မှန်းနေမိတယ်။
တစ်ခဏမျှတိတ်ဆိတ်ပြီးသွားချိန်မှာတော့
"ပြဿနာဖြစ်တယ်ဆို ..."
လက်ကနာရီကိုသေချာအောင်ပတ်ရင်း ကျွန်တော့်အရှေ့ကဆိုဖာမှာထိုင်ကာမေးလာတယ်။
ဒီလောက်အသက်ငယ်တဲ့လူဒီလိုနာမည်ကြီးBar တခုကိုဦးစီးနေတဲ့သူတဲ့လား ....
ကျွန်တော် ခဏတာစိုက်ကြည့်ရင်းငေးငိုင်ကာတွေးတောမိသည်။
မျက်ခုံးတစ်ဖက်ကအပေါ်ကိုမြှောက်လျက် မေးလာတဲ့ဒီလူက မေးရိုးကားကားဖြင့် ယောက်ျာပီသလွန်းသည်။
ကျွန်တော်ကြည့်နေမိစဉ်အတွင်းမှာပဲ ထိုလူကနှုတ်ခမ်းထောင့်ချိုးလေးများကွေးနေအောင်ပြုံးလိုက်ပြီး
"နာမည် က ..."
ကျွန်တော့်နာမည်ကိုမေးလာတော့သည်။
"ကျွန်တော့်နာမည် နွေဦးလျှံပါ"
ကျွန်တော့်အဖြေလည်းဆုံးတော့ဒီလူကခေါင်းကိုခပ်ဖြေးဖြေးလှုပ်ခါရင်းတခုခုကိုတွေးနေဟန်ပုံဖော်နေသည်။
"ကိုယ်က ဈာန်လင်းထက်"
အော် ဒါကြောင့်မို့လို့ Bar နာမည်က ဈာန် ဖြစ်နေတာကို။
"ခုနက ကျွန်တော့်သူငယ်ချင်းမူးပြီး ဝိုင်ပုလင်းတွေကိုရိုက်ခွဲလိုက်တယ်။ အဲတာ တောင်းပန်မလို့ပါ။နောက်ပြီးဝိုင်ပုလင်းဖိုးတွေအကုန်ကျွန်တော်ရှင်းပါ့မယ်"
"ဖြစ်တတ်ပါတယ်"
ခပ်တိုးတိုးရေရွတ်ပြီးနောက်မှာတော့
"သီဟ ....ဝိုင်ပုလင်းဖိုးဘယ်လောက်ကျလဲ"
မန်နေဂျာအားမေးငေါ့ကာမေးလေသည်။
"ငါးသိန်း ခွဲ ပါ ကိုဈာန်"
မန်နေဂျာစကားဆုံးတော့ ကိုဈာန် ဆိုတဲ့လူကကျွန်တော့်ကိုမေးငေါ့ပြလိုက်တယ်။
ဒီလောက်များတဲ့ငွေပမာဏ ကျွန်တော့်လက်ထဲပါမလာခဲ့ဘူး။
"အာ ...ကျွန်တော် မနက်ဖြန်မှလာပေးလို့ရမလား။ အခုလောလောဆယ် ငါးသိန်းလောက်ပါမလာလို့ပါ"
"မင်းသဘောပဲ။ ပေးချင်တဲ့နေ့လာပေး"
ဒီလူက ဒီလိုပဲယုံတတ်တာပဲလား။
ကျွန်တော် အတွေးခေါင်နေမိတယ်။
မနက်ဖြန်မှဆိုတာ မသေချာတဲ့အရာတခုလေ။
ကျွန်တော်မနက်ဖြန်မှ ငွေငါးသိန်းပေးမယ့်ကိစ္စက ဘာမှအာမခံချက်မရှိတာတောင် ချက်ချင်းခေါင်းငြိမ့်တယ်။
"ကျွန်တော် ..."
ကျွန်တော်ခေါင်းကိုအသာကုတ်ရင်းတွေးနေတုန်း
"ပြောလေ ...."
"ဒါက ကျွန်တော့် ဆေးခန်းလိပ်စာကဒ်ပါ။ဒါကကျွန်တော့်မှတ်ပုံတင်။ အကို့ဆီမှာအပေါင်ပစ္စည်းအနေနဲ့ထားခဲ့မယ်။ မနက်ဖြန်ကျွန်တော့်မှတ်ပုံတင်ကိုလာရွေးတာပေါ့"
"ကောင်းပြီလေ မင်းသဘောပဲ"
ဆံပင်ကိုသတ်တင်ကာဆိုလိုက်သည်။
မျက်ခုံးထင်းထင်းနဲ့မေးရိုးရဲ့အကျအနသေချာမှုတို့က ဒီလူကိုပိုကြည့်ကောင်းနေအောင်တန်ဆာဆင်ပေးနေသယောင်။
"ဒါဆိုကျွန်တော် ပြန်လိုက်ပါဦးမယ်"
ထိုင်ရာမှထရပ်ကာတံခါးအနားလျှောက်ရန်ခြေလှမ်းပြင်လုဆဲမှာပဲ
"ဒေါက်တာနွေဦးလျှံကို တရင်းတနှီးနဲ့သူငယ်ချင်းတစ်ယောက်လိုခေါ်မယ်ဆိုရင် ကျွန်တော်ဘယ်လိုခေါ်သင့်လဲ"
စကားစုကိုအဖြတ်အတောက်မှန်မှန်ဖြင့်မေးလာသည်။
"အားလျှံလို့ခေါ်လို့ရပါတယ်"
ကျွန်တော်ပြုံးပြကာဖြေပြီးအခန်းထဲမှထွက်ခွာလာလိုက်တော့တယ်။
ဆရာ၀န်တစ်ယောက်ဆိုပေမယ့် ကျွန်တော့်လက်ထဲငွေငါးသိန်းကတော့ တကယ်ကိုမရှိတာအမှန်ပဲ။
အဲဒီတော့ဒီကိစ္စရဲ့တရားခံ ဝေယံကိုပဲ ပေးခိုင်းရုံပဲရှိတော့တာပေါ့။
ကျွန်တော်ကားပါကင်ကိုလျှောက်လာပြီး ကျွန်တော့်ကားအနားဦးတည်လာလိုက်တယ်။
ကားထဲ၀င်ထိုင်လိုက်ချိန်မှာတော့ ညနှစ်နာရီတောင်ကျော်နေပြီလေ။
ကျွန်တော်ဒီအချိန်မှပြန်တာကို ကျွန်တော့်ကောင်လေးသာသိရင် ဆူနေတော့မှာပဲ။
ဆူတယ်ဆိုတာထက် စိတ်ပူတယ်ဆိုတာ ပိုပြီးမှန်မယ်ထင်တယ်။
ဘာပဲဖြစ်ဖြစ် သူစိတ်မပူရလေအောင် ကျွန်တော်ဖုံးဖိကာလိမ်မှပဲအဆင်ပြေမှာလေ။
အခုလောလောဆယ်တော့ အိမ်ကိုခပ်မြန်မြန်ပဲမောင်းကာ ခရီးနှင်လာလိုက်မိတော့တယ်။
~ဆက်ရန်~
Zawgyi
ခ်စ္တဲ့အေၾကာင္းေလးေတြကို စီကာပတ္ကံုးေျပာရမယ္ဆိုရင္ ကြၽန္ေတာ္ကေတာ့ "လင္းေဝဟန္" ဆိုတဲ့ေကာင္ေလးရဲ့အေၾကာင္းအရာေတြနဲ႔ အစခ်ီၿပီး အဲဒီအေၾကာင္းအရာေတြနဲ႔ပဲ အဆံုးသတ္ခ်င္တယ္။
တကၠသိုလ္၀င္တန္းမွာ အမွတ္ျမင့္ျမင့္နဲ႔ေအာင္ခဲ့တာေတာင္မွ အေဝးသင္ပဲတက္ၿပီး လူမႈေဖာင္ေဒးရွင္းတစ္ခုမွာ အလုပ္အားေပးေက်ာင္းဆရာတစ္ေယာက္အျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ ဒီေကာင္ေလးကို ကြၽန္ေတာ္အလြန္အမင္းျမတ္ႏိုးမိတာေတာ့ သိပ္ဆန္းမယ္မထင္။
"ကိုယ့္အနားမွာအၿမဲရိွေနေပးတတ္တာဆိုလို႔ အားလ်ွံ နဲ႔ ကိုယ္စာသင္ေပးေနတဲ့ ကေလးေတြပဲရိွတာ" ဆိုၿပီးမ်က္ႏွာငယ္ေလးနဲ႔ေျပာလာတဲ့အခ်ိန္တိုင္းကြၽန္ေတာ္သူ႔အတြက္စိတ္မေကာင္းျဖစ္မိတယ္။
အငယ္ေနွာင္းက ေမြးလိုက္တဲ့သားျဖစ္ေလေတာ့ မိသားစုမွာမ်က္ႏွာမရ။ အေဖျဖစ္သူကလည္း မကြာရွင္းရေသးတဲ့ ဇနီးသည္ရဲ့စကားကိုမလြန္ဆန္ႏိုင္၊ အေဖျဖစ္သူရဲ့အေမ တစ္နည္းအားျဖင့္ အဖြားျဖစ္သူကလည္း ေျမးတစ္ေယာက္လိုတေနြးတေထြးနဲ႔မဆက္ဆံေပးတဲ့အျပင္ ဖေအတူမေအကြဲအကိုရဲ့အႏိုင္ယူမႈအေပါင္းကိုလူမွန္းသိတတ္စအရြယ္ကတည္းကႀကိတ္မိွတ္ခံခဲ့ရတယ္။
အေမကလည္းမီးတြင္းထဲဆံုးခဲ့ေလေတာ့ ဒီေလာကႀကီးက ဒီေကာင္ေလးအတြက္ ကံေကာင္းျခင္းေတြဘယ္ေတာ့မ်ားမွာမွ ယူေဆာင္လာေပးမွာလဲဆိုၿပီးကံတရားကိုပဲကြၽန္ေတာ္ အျပစ္ပံုခ်ခ်င္မိတယ္။
"ကိုယ္ကအဆင္ေျပပါတယ္။ အားလ်ွံရိွေနရင္ေပါ့"
ကြၽန္ေတာ့္လက္ကိုခပ္ဖြဖြဆုပ္ကိုင္ၿပီးအၿမဲေျပာတတ္တဲ့စကားေလးတစ္ခြန္းပါပဲ။
ကြၽန္ေတာ္နဲ႔သူက ေဖာင္ေဒးရွင္းပြဲတစ္ခုကေနစၿပီးရင္းႏွီးခဲ့တယ္။ ေနာက္ပိုင္းအခုလို တစ္ေယာက္က တစ္ေယာက္ရဲ့အေရးႀကီးတဲ့တစ္စိတ္တစ္ေဒသကေန ပါရမီျဖၫ့္ႏိုင္ေလာက္တဲ့အေျခအေနကို ေရာက္တဲ့အထိပါပဲ။
ကြၽန္ေတာ္ကေတာ့ ေဖာင္ေဒးရွင္းရဲ့ေဆးဝါးႏွင့္က်န္းမာေရးဌာနမွာ ေစတနာ့ဝန္ထမ္းတစ္ေယာက္အျဖစ္လတိုင္းေဆးခန္းထိုင္ေပးျဖစ္တယ္။
သူကကြၽန္ေတာ့္ထက္ တစ္ႏွစ္ႀကီးေပမယ့္ အခုထိ ဘြဲ႔မရေသးပါဘူး။ ေက်ာင္းနားၿပီး အလုပ္လုပ္လိုက္၊ Guide လိုက္သင္လိုက္၊ နယ္ဖက္ေတြမွာစာလိုက္သင္လိုက္နဲ႔ သူ႔ဘဝရဲ့ အခက္ခဲေတြအမ်ားႀကီးကိုကိုယ့္အားကိုယ္ကိုးၿပီး ေျဖရွင္းေနခဲ့ရရွာတယ္။
သူ႔အေဖက ျမန္မာႏိုင္ငံမွာနာမည္ႀကီး စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ဆိုေပမယ့္ အေဖရဲ့အေထာက္အပံ့ကိုယူၿပီး ေက်ာင္းမတက္ခ်င္ဘူးတဲ့ေလ။
သူ႔ကိုကြၽန္ေတာ္အမ်ားႀကီးနားလည္ႏိုင္ပါတယ္။
သူကတကယ္ကို လူႀကီးဆန္ၿပီး ရင့္က်က္တဲ့အသက္ႏွစ္ဆယ္ေက်ာ္ လူငယ္တစ္ေယာက္ပါ။
ကြၽန္ေတာ္ရဲ့ဒိုင္ယာရီစာအုပ္တစ္အုပ္လံုးက သူ႔အေၾကာင္းေတြနဲ႔ ျပၫ့္ေနေလေတာ့ ျပန္ဖတ္တိုင္း ကြၽန္ေတာ္ၿပံဳးမိတယ္။
ဒီေန့တစ္ေန့တာအတြက္ ကြၽန္ေတာ့္ရဲ့ဒိုင္ယာရီစာအုပ္ထဲ သူ႔အေၾကာင္းေလးေတြအနည္းအက်ဉ္းေရးၿပီးတဲ့အဆံုးမွာေတာ့
"Happy One Year Anniversary "
လို႔ကြၽန္ေတာ္ေရးလိုက္တယ္။
ဒီေန့က သူနဲ႔ကြၽန္ေတာ္ရဲ့တစ္ႏွစ္ျပၫ့္တဲ့ေန့ေလ။
စာအုပ္ကိုပိတ္ကာအံဆြဲထဲကြၽန္ေတာ္သိမ္းထားလိုက္ၿပီးေနာက္ ဖုန္းကိုယူၿပီး နယ္ေရာက္ေနတဲ့ ကြၽန္ေတာ့္ ရဲ့ အလင္းေရာင္ေလးဆီကို ဖုန္းလွမ္းဆက္လိုက္တယ္။
"အားလ်ွံ ...."
သူကဖုန္းကိုင္တာနဲ႔ ကြၽန္ေတာ့္နာမည္ကိုလွမ္းေခၚတယ္။
"Happy One Year Anniversary ပါ အကို"
"ကို အားလ်ွံနဲ႔အတူရိွမေနေပးႏိုင္လို႔ေတာင္းပန္ပါတယ္ေနာ္" တဲ့
ခါတိုင္းလိုပဲ သူေျပာေနက် ေတာင္းပန္တဲ့ေလသံနဲ႔ ေျပာလာတဲ့သူ႔အသံေၾကာင့္ ကြၽန္ေတာ္ၿပံဳးလိုက္မိတယ္။
"ရပါတယ္ အစ္ကိုမွမအားတာ"
"အင္း ကေလးေတြရဲ့စာေမးပြဲေတြနဲ႔ ကိုယ္အလုပ္ရႈပ္ေနလို႔"
သူ႔ကေလးေတြကိုဆိုတကယ္ဂရုစိုက္ေပးတဲ့လူႀကီး။
"အင္းပါ သိပါတယ္ ခင္ဗ်ာ့"
"ကိုယ္ျပန္လာရင္ေတြ့ရေအာင္ေနာ္ .."
ဒါကေတာ့သူေျပာေနက် ကြၽန္ေတာ္အလြတ္ရေနၿပီျဖစ္တဲ့ စကားေလးတစ္ခြန္းပါပဲ။
"အဲလိုေျပာၿပီး အစ္ကိုမအားတာဘယ္ႏွစ္ခါလဲ"
"ဒီတစ္ခါေတာ့ ကိုယ္အားေအာင္လုပ္ပါ့မယ္ေနာ္"
"ရပါတယ္ ကြၽန္ေတာ္ကစတာပါ ..အစ္ကို႔ကိုခြင့္ေတာင္းစရာရိွလို႔"
"ေျပာေလ ..."
"ညက်ရင္ Bar တစ္ခုမွာ ေဆးေက်ာင္းကသူငယ္ခ်င္းေတြနဲ႔ ေတြ့ၾကမလို႔။အကုန္လာၾကမွာဆိုေတာ့"
ကြၽန္ေတာ့္စကားပင္မဆံုးေသး
"အင္း သြားေလ အမ်ားႀကီးေတာ့မေသာက္ခဲ့နဲ႔ေနာ္"
"ဟုတ္ကဲ့ ..."
ဒီလိုကိစၥက အရြယ္ေရာက္ၿပီးသားေယာက္်ားေလးတစ္ေယာက္အတြက္သာမန္ကိစၥဆိုေပမယ့္ အစ္ကို႔ကိုခြင့္မေတာင္းဘဲ ကြၽန္ေတာ္ဘာမွမလုပ္ခ်င္ဘူး။
အတူရိွမေနေပမယ့္ ကြၽန္ေတာ္ဘာလုပ္လုပ္အၿမဲတမ္း သူ႔ဆီမွာခြင့္ေတာင္းျဖစ္သည္။
ဒါကကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကားကစည္းကမ္းေလးတစ္ခုပါပဲ။
ညရွစ္နာရီခြဲေလာက္မွာေတာ့ ကြၽန္ေတာ္တို႔အုပ္စု Zwan Bar ( ဈာန္ ) မွာလူစံုတက္စံုေရာက္ေနပါၿပီ။
ပထမႏွစ္ကတည္းကေပါင္းလာခဲ့တဲ့သူငယ္ခ်င္းေတြကို အကုန္ျပန္ေတြ့ရတဲ့ခံစားခ်က္ကဘာနဲ႔မွမတူပါဘူး။
ကြၽန္ေတာ္တို႔သူငယ္ခ်င္းငါးေယာက္ ေရွးျဖစ္ေနွာင္းျဖစ္ေတြေျပာရင္းအခ်ိန္ကုန္လာခဲ့တာ ညသန္ေခါင္ေတာင္ေရာက္ခဲ့ပါၿပီ။
ညနက္လာေလေလ Bar ထဲမွာလူစည္လာေလေလျဖစ္သလိုအေသာက္မ်ားလာတဲ့ကြၽန္ေတာ့္သူငယ္ခ်င္းေတြကလည္းရီေဝေဝျဖစ္လာၾကပါၿပီ။
ကြၽန္ေတာ္တို႔အုပ္စုထဲမွာ ေဝယံ ဆိုတဲ့ေကာင္ကမူးၿပီဆိုတေလာကလံုးကိုပတ္ရမ္းတတ္ပါေသးတယ္။သူ႔အေၾကာင္းသိလို႔ကြၽန္ေတာ္အရက္မေသာက္ပဲသူ႔ကိုထိန္းဖို႔ေစာင့္ေနရတာပါ။
"ဘယ္ေကာင္မွေၾကာက္စရာမလိုဘူး"
က်န္တဲ့ႏွစ္ေကာင္ကစားပြဲေပၚမွာေခါင္းစိုက္ေနၾကေတာ့ေနာက္တစ္ေယာက္က Toilet သြားမယ္ဆိုၿပီးထြက္သြားတယ္။
ကြၽန္ေတာ္တစ္ေယာက္ကပဲျပႆနာရွာေနတဲ့ေဝယံကိုလိုက္ဆြဲေနရပါေတာ့တယ္။
"ေဟ့ေကာင္ ျပန္မယ္"
"ဘာလဲမင္းကေၾကာက္လို႔လား"
စကားေတြကမပီမသ ဗလံုးဗေထြးျဖင့္။
ေျပာလည္းေျပာ သူ႔အေရ႔ွကခံုကိုမၿပီး ဝိုင္ပုလင္းတန္းႀကီးကိုရိုက္ခြဲလိုက္ၿပီး သူ႔လက္ထဲကအရက္ခြက္နဲ႔တစ္ဖက္ဝိုင္းကလူကိုလွမ္းပက္ေလတယ္။
ဘုရားေရ ...ဒီေကာင့္ကိုဘယ္လိုလုပ္မွေအးခ်မ္းမွာလဲ။
ခ်က္ခ်င္းပဲ အရက္နဲ႔အပက္ခံလိုက္ရတဲ့သူကထိုင္ရာမွထလာၿပီး ကြၽန္ေတာ့္လက္ထဲကေဝယံကိုဆြဲယူကာမ်က္ႏွာကိုအားျပင္းျပင္းႏွင့္တစ္ခ်က္ထိုးေလသည္။
"ခြပ္ ..."
"မင္းဘာလုပ္တာလဲ ...."
မ်က္လံုးပင္မဖြင့္ႏိုင္တဲ့ကြၽန္ေတာ့္သူငယ္ခ်င္းေဝယံကသူ႔ကိုထိုးလာသူရဲ့ေကာ္လံကိုရမ္းသမ္းဆြဲကာေအာ္ေလသည္။
တစ္ဖက္ကေနရင္းထိုင္ရင္းႏွင့္ျပႆနာအရွာခံရတဲ့လူကလည္း
"ေဘာမို႔ အရက္နဲ႔ပက္တာလား"
ဟုဆိုကာထပ္ထိုးရန္လုပ္လာသည္။
"ေတာင္းပန္ပါတယ္ ဗ်ာ့ ကြၽန္ေတာ့္သူငယ္ခ်င္းကေလအရက္မူးလာရင္ေသြးဆိုးတတ္လို႔ပါ။ကြၽန္ေတာ္ေတာင္းပန္ပါတယ္"
အကုန္လံုးရဲ့အၾကၫ့္ေတြကကြၽန္ေတာ္တို႔ဆီေရာက္ေနၿပီဆိုေတာ့ကြၽန္ေတာ္လည္းရွက္ရွက္နဲ႔ေတာင္းပန္လိုက္ရတယ္။
အပက္ခံရတဲ့သူကမ်က္ေထာင့္နီႀကီးနဲ႔။
တကယ္ဝါးစားေတာ့မလိုၾကၫ့္ေနတာ။
"ေတာင္းပန္ပါတယ္ ..."
ကြၽန္ေတာ္ထပ္ၿပီးေတာင္းပန္ေတာ့မွ သူကေဝယံ့ကိုလႊတ္ေပးလိုက္တယ္။
"ဒီကအစ္ကိုႏွစ္ေယာက္စလံုးကို ေတာင္းပန္ပါတယ္ ဗ်ာ ..ကြၽန္ေတာ္က Bar မန္ေနဂ်ာပါ"
ကြၽန္ေတာ့္မွာဟိုလူ႔ေတာင္းပန္ဒီလူ႔ေတာင္းပန္နဲ႔။ ငမူးကိုလည္းလက္ကဆြဲထားရေသး။
တကယ္ပါ အဲလိုမွန္းသိရင္လိုက္ေတာင္လိုက္မလာဘူး။
"ေဟ့ေကာင္ေတြထဦး"
ကြၽန္ေတာ္ေအာ္ကာလႈပ္ႏိႈးမွဒီေကာင္ေတြထလာတယ္။ဘာေတြဘယ္လိုျဖစ္သြားမွန္းတစ္ေယာက္မွမသိၾကဘူးတဲ့ေလ။
"ေဝယံ့ကိုမင္းပဲေခၚသြားလိုက္ေတာ့"
အခုမွ Toilet ကျပန္လာတဲ့ သူရိန္လက္ထဲ ေဝယံကိုအပ္လိုက္တယ္။
"အစ္ကို ဆိုင္ရွင္နဲ႔ကြၽန္ေတာ္ေတြ့လို႔ရမလား"
ဒီေကာင္ရိုက္ခြဲထားတဲ့ဝိုင္ပုလင္းကိစၥက်န္ေသးတာမို႔ေျဖရွင္းဖို႔အတြက္ကြၽန္ေတာ္ေတြ့ခြင့္ေတာင္းေတာ့ Bar မန္ေနဂ်ာကေတာ့ေခါင္းတၿငိမ့္ၿငိမ့္နဲ႔သေဘာတူရွာသည္။
ကြၽန္ေတာ္လည္းမန္ေနဂ်ာအေနာက္ လိုက္လာလိုက္မိတယ္။ Bar က အေတာ္ေလးသားနားၿပီးေတာ္ေတာ္ေလးက်ယ္တယ္။
ေလွကားအတိုင္းကြၽန္ေတာ္တက္လာေတာ့အေပၚမွာကြန္ဒိုတစ္ခန္းစာေလာက္က်ယ္၀န္းတဲ့အခန္းႀကီးတစ္ခန္း။
အိမ္တစ္အိမ္ေလာက္စာရိွေလေတာ့ဧၫ့္ခန္းဟုထင္ရတဲ့အခန္းမွာ TV ေရာတစ္အိမ္ေထာင္စာပရိေဘာဂေတြအျပၫ့္။
ကြၽန္ေတာ့္အထင္ ဒါဆိုင္ရွင္ရဲ့ အိမ္မ်ားလား။
ကြၽန္ေတာ္ဟိုၾကၫ့္ဒီၾကၫ့္နဲ႔အကဲခတ္ေနတုန္း
"အစ္ကိုဒီမွာထိုင္ေစာင့္ေနပါၪီးေနာ္။ ကြၽန္ေတာ္ ကိုဈာန႔္ ကိုသြားေခၚလိုက္ပါၪီးမယ္"
ဆိုဖာကိုၫႊန္ျပကာ ကြၽန္ေတာ့္ကိုထိုင္ေစခဲ့တယ္။
ကြၽန္ေတာ္လည္း ေခါင္းၿငိမ့္ျပကာ သူၫႊန္တဲ့ေနရာမွာ၀င္ထိုင္လိုက္ၿပီး Bar ရဲ့ ပိုင္ရွင္ကိုေစာင့္ေနမိတယ္။
"ကိုဈာန္ ...."
တံခါးကိုေခါက္ကာ မန္ေနဂ်ာကေခၚေလေတာ့
"ေျပာ ..."
အသံက ခပ္ျပတ္ျပတ္ ...
ၾကည္ၾကည္လင္လင္ႏွင့္။
ကြၽန္ေတာ္အေနာက္ကိုလွၫ့္မၾကၫ့္ပဲထိုလူရဲ့အသံကိုအကူအညီယူကာထိုလူရဲ့ရုပ္ရည္ကိုခန႔္မွန္းေနမိတယ္။
တစ္ခဏမ်ွတိတ္ဆိတ္ၿပီးသြားခ်ိန္မွာေတာ့
"ျပႆနာျဖစ္တယ္ဆို ..."
လက္ကနာရီကိုေသခ်ာေအာင္ပတ္ရင္း ကြၽန္ေတာ့္အေရ႔ွကဆိုဖာမွာထိုင္ကာေမးလာတယ္။
ဒီေလာက္အသက္ငယ္တဲ့လူဒီလိုနာမည္ႀကီးBar တခုကိုဦးစီးေနတဲ့သူတဲ့လား ....
ကြၽန္ေတာ္ ခဏတာစိုက္ၾကၫ့္ရင္းေငးငိုင္ကာေတြးေတာမိသည္။
မ်က္ခံုးတစ္ဖက္ကအေပၚကိုေျမႇာက္လ်က္ ေမးလာတဲ့ဒီလူက ေမးရိုးကားကားျဖင့္ ေယာက္်ာပီသလြန္းသည္။
ကြၽန္ေတာ္ၾကၫ့္ေနမိစဉ္အတြင္းမွာပဲ ထိုလူကႏႈတ္ခမ္းေထာင့္ခ်ိဳးေလးမ်ားေကြးေနေအာင္ၿပံဳးလိုက္ၿပီး
"နာမည္ က ..."
ကြၽန္ေတာ့္နာမည္ကိုေမးလာေတာ့သည္။
"ကြၽန္ေတာ့္နာမည္ ေနြဦးလ်ွံပါ"
ကြၽန္ေတာ့္အေျဖလည္းဆံုးေတာ့ဒီလူကေခါင္းကိုခပ္ေျဖးေျဖးလႈပ္ခါရင္းတခုခုကိုေတြးေနဟန္ပံုေဖာ္ေနသည္။
"ကိုယ္က ဈာန္လင္းထက္"
ေအာ္ ဒါေၾကာင့္မို႔လို႔ Bar နာမည္က ဈာန္ ျဖစ္ေနတာကို။
"ခုနက ကြၽန္ေတာ့္သူငယ္ခ်င္းမူးၿပီး ဝိုင္ပုလင္းေတြကိုရိုက္ခြဲလိုက္တယ္။ အဲတာ ေတာင္းပန္မလို႔ပါ။ေနာက္ၿပီးဝိုင္ပုလင္းဖိုးေတြအကုန္ကြၽန္ေတာ္ရွင္းပါ့မယ္"
"ျဖစ္တတ္ပါတယ္"
ခပ္တိုးတိုးေရရြတ္ၿပီးေနာက္မွာေတာ့
"သီဟ ....ဝိုင္ပုလင္းဖိုးဘယ္ေလာက္က်လဲ"
မန္ေနဂ်ာအားေမးေငါ့ကာေမးေလသည္။
"ငါးသိန္း ခြဲ ပါ ကိုဈာန္"
မန္ေနဂ်ာစကားဆံုးေတာ့ ကိုဈာန္ ဆိုတဲ့လူကကြၽန္ေတာ့္ကိုေမးေငါ့ျပလိုက္တယ္။
ဒီေလာက္မ်ားတဲ့ေငြပမာဏ ကြၽန္ေတာ့္လက္ထဲပါမလာခဲ့ဘူး။
"အာ ...ကြၽန္ေတာ္ မနက္ျဖန္မွလာေပးလို႔ရမလား။ အခုေလာေလာဆယ္ ငါးသိန္းေလာက္ပါမလာလို႔ပါ"
"မင္းသေဘာပဲ။ ေပးခ်င္တဲ့ေန့လာေပး"
ဒီလူက ဒီလိုပဲယံုတတ္တာပဲလား။
ကြၽန္ေတာ္ အေတြးေခါင္ေနမိတယ္။
မနက္ျဖန္မွဆိုတာ မေသခ်ာတဲ့အရာတခုေလ။
ကြၽန္ေတာ္မနက္ျဖန္မွ ေငြငါးသိန္းေပးမယ့္ကိစၥက ဘာမွအာမခံခ်က္မရိွတာေတာင္ ခ်က္ခ်င္းေခါင္းၿငိမ့္တယ္။
"ကြၽန္ေတာ္ ..."
ကြၽန္ေတာ္ေခါင္းကိုအသာကုတ္ရင္းေတြးေနတုန္း
"ေျပာေလ ...."
"ဒါက ကြၽန္ေတာ့္ ေဆးခန္းလိပ္စာကဒ္ပါ။ဒါကကြၽန္ေတာ့္မွတ္ပံုတင္။ အကို႔ဆီမွာအေပါင္ပစၥည္းအေနနဲ႔ထားခဲ့မယ္။ မနက္ျဖန္ကြၽန္ေတာ့္မွတ္ပံုတင္ကိုလာေရြးတာေပါ့"
"ေကာင္းၿပီေလ မင္းသေဘာပဲ"
ဆံပင္ကိုသတ္တင္ကာဆိုလိုက္သည္။
မ်က္ခံုးထင္းထင္းနဲ႔ေမးရိုးရဲ့အက်အနေသခ်ာမႈတို႔က ဒီလူကိုပိုၾကၫ့္ေကာင္းေနေအာင္တန္ဆာဆင္ေပးေနသေယာင္။
"ဒါဆိုကြၽန္ေတာ္ ျပန္လိုက္ပါဦးမယ္"
ထိုင္ရာမွထရပ္ကာတံခါးအနားေလ်ွာက္ရန္ေျခလွမ္းျပင္လုဆဲမွာပဲ
"ေဒါက္တာေနြဦးလ်ွံကို တရင္းတႏွီးနဲ႔သူငယ္ခ်င္းတစ္ေယာက္လိုေခၚမယ္ဆိုရင္ ကြၽန္ေတာ္ဘယ္လိုေခၚသင့္လဲ"
စကားစုကိုအျဖတ္အေတာက္မွန္မွန္ျဖင့္ေမးလာသည္။
"အားလ်ွံလို႔ေခၚလို႔ရပါတယ္"
ကြၽန္ေတာ္ၿပံဳးျပကာေျဖၿပီးအခန္းထဲမွထြက္ခြာလာလိုက္ေတာ့တယ္။
ဆရာ၀န္တစ္ေယာက္ဆိုေပမယ့္ ကြၽန္ေတာ့္လက္ထဲေငြငါးသိန္းကေတာ့ တကယ္ကိုမရိွတာအမွန္ပဲ။
အဲဒီေတာ့ဒီကိစၥရဲ့တရားခံ ေဝယံကိုပဲ ေပးခိုင္းရံုပဲရိွေတာ့တာေပါ့။
ကြၽန္ေတာ္ကားပါကင္ကိုေလ်ွာက္လာၿပီး ကြၽန္ေတာ့္ကားအနားဦးတည္လာလိုက္တယ္။
ကားထဲ၀င္ထိုင္လိုက္ခ်ိန္မွာေတာ့ ညႏွစ္နာရီေတာင္ေက်ာ္ေနၿပီေလ။
ကြၽန္ေတာ္ဒီအခ်ိန္မျွပန္တာကို ကြၽန္ေတာ့္ေကာင္ေလးသာသိရင္ ဆူေနေတာ့မွာပဲ။
ဆူတယ္ဆိုတာထက္ စိတ္ပူတယ္ဆိုတာ ပိုၿပီးမွန္မယ္ထင္တယ္။
ဘာပဲျဖစ္ျဖစ္ သူစိတ္မပူရေလေအာင္ ကြၽန္ေတာ္ဖံုးဖိကာလိမ္မွပဲအဆင္ေျပမွာေလ။
အခုေလာေလာဆယ္ေတာ့ အိမ္ကိုခပ္ျမန္ျမန္ပဲေမာင္းကာ ခရီးႏွင္လာလိုက္မိေတာ့တယ္။
~ဆက္ရန္~