သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခ...
De moooskyi
408K 12.8K 266
ငါကငါ့တရား၀င်ယောကျာ်းကိုသူ့exလက်ထဲထည့်မှာမဟုတ်ဘူး သူငါ့ကိုအခုမချစ်သေးဘူးဆို တစ်နေ့နေ့တော့ ပြန်ချစ်လာမှာပါ မေပ... Mai multe
သူစိမ်း(part-1)[Zawgyi & Unicode]
သူစိမ်း(part-2)[Zawgyi & Unicode]
သူစိမ်း(part-3)[Zawgyi& Unicode]
သူစိမ်း(part-4)[Zawgyi & Unicode]
သူစိမ်း(part-5)[Zawgyi&Unicode]
သူစိမ်း(part-6)[Zawgyi&Unicode]
သူစိမ်း(part-7)[Zawgyi&Unicode]
သူစိမ်း(part-8)[Zawgyi&Unicode]
သူစိမ်း(part-9)[Zawgyi&Unicode]
သူစိမ်း(Part-10)[Zawgyi&Unicode]
သူစိမ်း(part-12)[Zawgyi&Unicode]
သူစိမ်း(part-13)[Zawgyi&Unicode]
သူစိမ်း(part-14)[Zawgyi&Unicode]
သူစိမ်း(part-15)[Zawgyi&Unicode]
သူစိမ်း(part-16)[Zawgyi&Unicode]
သူစိမ်း(part-17)[Zawgyi&Unicode]
သူစိမ်း(part-18)[Zawgyi&Unicode]
သူစိမ်း(part-19)[Zawgyi&Unicode]
သူစိမ်း(part-20)[Zawgyi&Unicode]
သူစိမ်း(part-21)[Zawgyi&Unicode]
သူစိမ်း(part-22)[Zawgyi&Unicode]
သူစိမ်း(part -23)[Zawgyi&Unicode]
သူစိမ်း(part-24)[Zawgyi&Unicode]
သူစိမ်း(part-25)[Zawgyi&Unicode]
သူစိမ်း(part-26)[Zawgyi&Unicode]
သူစိမ်း(part-27)[Zawgyi&Unicode]
သူစိမ်း(part-28)[Zawgyi& Unicode]
သူစိမ်း(part-29)[Zawgyi&Unicode]
သူစိမ်း(part-30)[Zawgyi &Unicode]
Attention 😃
သူစိမ်း(part-31)[Zawgyi&Unicode]
သူစိမ်း(part-32)[Zawgyi&Unicode]
သူစိမ်း(final)[Zawgyi & Unicode]
သူစိမ်း(part-11)[Zawgyi&Unicode]
11.2K 460 4
De moooskyi
(Unicode)
ဒီရက်ပိုင်း liamကော အကိုကောအလုပ်အရမ်းရှုပ်နေသည် အခြားတော့မဟုတ်ပါ liamတို့ မင်္ဂလာပွဲ အတွက်ပြင်ဆင်နေရလို့ဖြစ်သည် Pre Wedding Photoတွေလည်းရိုက်ရသေးသည် အကိုကအလုပ်တစ်ဖက်နဲ့မို့ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ဖြစ်နေသည် ဒီရက်ပိုင်းအကိုနဲ့ပိုရင်းနှီးလာတယ်လို့ခံစားရတယ်....
ပထမကဒီလောက်မြန်မယ်လို့ မထင်ခဲ့ပေမယ့် နှစ်ဖက်မိဘတွေက လောနေတာနဲ့ဘဲ စီစဉ်ရတော့သည် အန်တီကဘယ်ထဲကကြိုစီစဉ်ထားလည်းမသိပါ တော်တော်များကိုပြီးနေပြီ.....
‌ဒီနေ့ liam နဲ့အကို တို့ရဲ့ Wedding dress အစမ်းသွား၀တ်ကြည့်ဖို့ ဒီဇိုင်နာဆီသွားရမည်... နေ့လည်စာအတူစားပြီးမှ သွားမည်လို့စီစဉ်ထားသည် အကိုကဒီရက်ပိုင်း liamကိုအချိန်ပေးလာသည် သုံးရက်တစ်ခါလောက်ကိုတွေ့ဖြစ်သည် အခုလည်းအိမ်မှာလာခေါ်မယ်ဆိုလို့စောင့်နေရသည်
*တီ... တီ..*
အကိုလာပြီနဲ့တူတယ် liam အပြင်ထွက်ကြည့်တော့အကို့ကားလည်းမဟုတ်ပါ ကားကခြံရှေ့ရပ်ထားတာမို့liam ခြံတံခါးနားသွားတော့ ကားကမောင်းထွက်သွားသည်.. ခြံရှေ့မှာချခဲ့သည့် စာအိတ်အညိုလေးတစ်အိတ်
liam ဖောက်ကြည့်ဖို့လုပ်လိုက်တော့ အကိုကားလေးကရောက်လာပြီဖြစ်သည် liam လည်းစာအိတ်လေးကို လက်ကိုင်အိတ်ထဲသာထည့်လိုက်တော့သည်။
"Laim ထမင်းမစားထားဘူးမလား အကိုတို့ တစ်ခုခုသွားစားရအောင်"
"တစ်ခုခုစားလိုက်ရင် dress ၀တ်တဲ့အခါကျအဆင်ပြေမှာမဟုတ်ဘူးလေ"
"ဟင် အဲ့ဆို ဗိုက်ဆာနေမှာပေါ့"
"အစာပြေ မုန့်ဘဲစားထားမယ်လေ ပြီးမှlunch သွားစားတာပေါ့"
"ဟုတ်ပါပီဗျာ" အကိုသည်liam အားဂရုတစိုက်ရှိလာသည် liam ရဲ့ဒီတစ်ခေါက် ဆုံးဖြတ်ချက်ကမှန်သည်နဲ့တူသည်....
ဆိုင်ရောက်တော့ ကောင်မလေးတွေက liamတို့အကြောင်းတီးတိုးပြောကြသည်.....
*ဟယ် သတို့သားနဲ့သတို့သမီးက လိုက်လိုက်တာ*
*ပွဲအတွက် စုံ‌တွဲတွေလာကြပေမယ့် သူတို့နှစ်ယောက်ကတစ်မျိုးလေးနော်*
*အေးကောင်မလေးက ဘာမှမလိမ်းထားတာတောင်တော်တော်လှတာ ကောင်လေးကလည်းတောင့်တောင့်ဖြောင့်ဖြောင့်နဲ့*
ကြားပါသည် liamကတော့ပြုံးပြလိုက်ပေမယ့် အကိုကတော့မပြုံးပါ ခပ်တည်တည်နဲ့သာ
"အမ dress ၀တ်ဖို့ ဒီဘက်ကိုလာပါနော်"
Liam ဒီဘက်မှာ dress ၀တ်နေတော့အကိုလည်းဟိုဖက်မှာ၀တ်နေသည်
သူမထွက်လာသည် ရှိန်းအားမှင်သက်သွားရသည် သူမကအရမ်း sexy ဆန်နေတာလည်းမဟုတ်သလို cutty ပုံစံမျိုးလည်းမဟုတ် classical ပုံစံရင်ပြတ်၀တ်ဆုံနဲ့မိတ်ကပ်မပါသည့်သူမက ရှိန်းအားဆွဲဆောင်လွန်းသည်
*ဟဲ့ဟိုမှာ သတို့သားကိုကြည့်အုန်း ယင်ကောင်၀င်ဥတော့မယ်*
*ချစ်တတ်ချက်ကြီးနော်ကောင်လေးက*
သူမတို့ရဲ့စကားတွေကိုရှိန်းကြားသည် ဒါပေမယ့်ရှိန်းအရှေ့က သတို့သမီးလောင်းလေးလောက်အရေးမပါနေပါ....
"အမ တို့ညီမတို့ကို photo လေးရိုက်ပေးပါလား"
"ရတာပေါ့ မောင်လေး ညီမလေးဘက်နည်းနည်းတိုးလိုက်နော်"
ဒီလိုနဲ့liam တို့ lunch စားဖို့ထွက်လာလိုက်တော့သည် ဆိုင်ရောက်တော့အကိုက ဘဲမှာပေးသည်
"ညီမ အကိုတို့ပွဲကိုဒီထက်ပိုကြီးချင်သေးလား"
"တော်ပြီ အကို..ဒီလိုအသိုးအဝိုင်းနည်းနည်းနဲ့ကိုဘဲ liam သဘောကျတယ်"
"ဟုတ်ပါပီ ညီမသဘောအတိုင်းဘဲအကိုကလုပ်မှာမို့.. ညီမလိုချင်တာဘာဘဲဖြစ်ဖြစ်ပြောနော်"
"အကိုပြောတဲ့ပုံက မသိရင်အကိုက Sugar Daddy ကြီးကျနေတာဘဲ"
"ဟား..ဟား ဟုတ်ပါပီ အကိုကညီမအတွက်ဘဲ Sugar Daddy"
ရယ်ပြီးပြောနေတဲ့ ဒီလူကြီးတမင်လုပ်ပြောတာလားတောင်ထင်ရသည် စကားတွေတတ်နေတာအကိုက.....
#######
အိမ်ပြန်ရောက်တော့ liam ရေမိုးချိုးပြီး အကိုနဲ့ဖုန်းပြောသေးသည် အကိုနဲ့ liam မနက်ဖြန်ကျ မိဘမဲ့ဂေဟာသွားမယ့်အကြောင်း နဲ့လှူမယ့်အကြောင်းပြောဖြစ်သည်....
မင်္ဂလာမဆောင်ခင်အကိုနဲ့အလှူအတူလုပ်ချင်သေးသည် liam အိပ်ရာပေါ်မှာ wedding day အတွက်စိတ်ကူးယဉ်နေတုန်း မနက်ကစာအိတ်အကြောင်း သတိထားမိလို့ သွားယူကာဖွင့်ကြည့်မိသည် liam ရယ်မိသည် ထင်တဲ့အတိုင်းဘဲ...ဒီလိုတွေဖြစ်လာမယ်ဆိုတာကြိုသိလို့ အကုန်လုံးကိုစုံစမ်းထား‌ပေးတာကို
"Hello အမှုံမလား"
"အေးဟုတ်တယ် liam ဒီချိန်ကြီးဘာကိစ္စရှိလို့လဲ"
"သူပို့လာတယ်သိလား အရင်ကပုံတွေကို"
"ဘယ်သူလဲ... မဒီလား"
"ဟုတ်တယ် သူကပုံလေးတွေနဲ့ငါ့ မဂ်လာဆောင်ကိုဖြတ်လို့ရမယ်ထင်နေတာ"
"ဟယ်တကယ်ကြီး ပို့လာတာလေး"
"အေး အကို့အမေက ငါ့ထက်တောင်လျှင်သေးတယ်တာ သူပို့မယ့်ပုံတွေကို ငါ့ကိုပြပြီးသား"
"ဟယ် နင်ဒီလိုယောက္ခမ ရတာကံကောင်းလိုက်တာငါတောင်အားကျနေပြီ"
"အေးဟယ် အန်တီကဒီပြင့်လူကိုသာမောက်မာတယ်ထင်ရပေမယ့်ငါ့ကိုတော့သူ့သမီးလိုဘဲ အခုလည်းငါနဲ့ အကိုပြသနာမတတ်ခင် ဖြေရှင်းပေးသွားတယ်"
"တော်ပြီ liam နင်ဖယ်လိုက်တော့ငါဘဲ ရှိန်းဇော်ခကိုယူလိုက်တော့မယ်"
"နင့်ကို ဟိုကယူရင်ကံကောင်း"
"အေးပါဟယ် အေးပါ"
အန်တီကတော့တကယ့်စံဘဲ ဆေးရုံကဆင်းပြီး သုံးရက်လောက်နေတော့အန်တီက ထမင်းဖိတ်ကြွေးတာနဲ့သွားဖြစ်တယ် ဟိုရောက်တော့ အကိုနဲ့မဒီဆိုတဲ့အမျိုးသမီးရဲ့ပုံတွေကိုပြပြီး ဒီရက်ပိုင်းပြည်ပက ဝံပုလွေမကထကြွလာရင် သမီးအထင်လွဲမှာဆိုးလို့ကြို‌ထောက်လှမ်း‌ပေးထားတာတဲ့......
Liam မှာဒီသားကိုကော အမေကိုကောအချစ်ပိုရသည်။.....
ရှိန်းကွန်ဒိုမပြန်ဘဲရုံးခန်းမှာဘဲအိပ်တာ သုံးညလောက်ရှိပြီ... မဂ်လောဆောင်က ရှိတာမို့
မာမီကအလုပ်တွေဖြတ်ထားတဲ့လေ မနက်ဖြန်ကိုတော့ liam နဲ့အတူ အလှူသွားလုပ်ရမည်......
ကိုယ်နဲ့သူနဲ့ကတစ်သက်လုံးအတူဖြတ်သန်းရမှာလေ ခုထဲကသူမနဲ့ရသလောက်အတူရှိ‌နေ ရမယ်လေ
ဒီနေ့မနက် အကိုနဲ့မိဘမဲ့ဂေဟာမှာအလှူသွားလုပ်ဖို့ ပြင်ဆင်ထားသည် နီညိုရောင်၀မ်းဆက်လေးသာ၀တ်ထားသည် အကိုကသူရောက်တော့မည်ဟုဖုန်းဆက်ထားသည်
"သမီးရေ သားရှိန်းဇော်ခ ရောက်နေပြီ"
"ဟုတ်မာမီ"
ဆင်းလာတဲ့သူမလေးက တော်တော်လေးကိုလှသည် နီညိုရောင်၀မ်းဆက်က ဗိုလ်ဆန်ဆန်လှတဲ့သူမကို ပိုပေါ်လွင်စေနေသည် ဆံပင်မြင့်မြင့်စီးထားတာမို့ သူမရဲ့မျက်နှာလေးကရှင်းလင်းနေသည်
"သားရေ... သူ့‌အဖေဒီမှာရှိနေတယ် အကြည့်လေးတော့လျော့ပေါ့"
ရှိန်းမှာဦးရဲ့စကားကြောင့်ရှက်ရှက်နဲ့ဂုတ်ကိုသာပွတ်မိနေသည်
"ရှင် ကလည်းကလေးရှက်အောင်လို့"
"အေးပါကွာ ငါ့သမီးလေးကို‌ပေးတောင်မပေးချင်တော့ဘူး"
ဒီလိုနဲ့အလှူလုပ်မည့်နေရာသို့ ထွက်ခဲ့ကြသည် ဂေဟာမှာကလေးတွေမှ အများကြီးအကိုက ကလေးတွေနဲ့ကစားနေတဲ့ပုံရိပ်တစ်ချို့ကို liamမှတ်တမ်းတင်နေမိသည် အကိုကကလေးတွေနဲ့မို့လားမသိ မြင်ရခက်တဲ့အကို့အပြုံးလေးကသိပ်ချိုနေသည်
"အကိုက ကလေးသိပ်ချစ်တတ်တာဘဲနော်"
"အင်းအကို ကတစ်ဦးတည်းသားမို့အဖော်မက်တယ် မာမီကသားအိမ်မကောင်းတော့ထပ်မမွေးပေးနိုင်ဘူးလေ"
"အဲ့ကြောင့်ကိုခန့်တို့က အကို့ကိုသိပ်ချစ်တာကို"
"ကိုယ်ကသူတို့ထက်လပိုင်းငယ်တော့ သူတို့ကညီလေးတစ်ယောက်လိုဘဲဝိုင်းချစ်ကြတာ"
"Liam... အကိုညီမကို အပြန်ကျတစ်နေရာခေါ်သွားဖို့ရှိတယ်"
"ဘယ်ကိုလဲ"
"Suprise လေကွာ"
တဖြည်းဖြည်းနဲ့သိလာရသည်မှာအကိုက နွေးထွေးလိုက်တာဆိုတာဘဲ.... ဒီလိုယောကျာ်းမျိုးကို ဟိုအမျိုးသမီးမို့ထားရက်ခဲ့တယ် အကို့နှလုံးသားက‌အပေါက်လေးတွေကို liamအချစ်တွေနဲ့ဖာပေးမှာပါ.........
ဒီလိုနဲ့ညနေဆောင်းတော့အကို ပြောတဲ့နေရာကိုရောက်လာသည် အဆင့်မြင့်ကွန်ဒိုတိုက်ခန်း‌တွေရှိတဲ့နေရာ မြို့တွင်းဘက်မှဘဲ supermarket နဲ့လည်းနီးသည်
ဒီလိုနဲ့အကိုခေါ်ရာလိုက်လာရတော့သည် ကွန်ဒိုတိုက်ခန်းတစ်ခန်းသို့ဖြစ်သည်
Condo ကအဆင့်တော်တော်မြင့်သည်တော်တော်လည်းကျယ်သည် ဖွဲ့စည်းထားပုံကလည်းတော်တော် ကောင်းသည် ဧည့်ခန်း မီးဖိုချောင် အိပ်ခန်းအကုန်လုံးကပြင်ဆင်ပြီးသားဖြစ်သည် အကိုက liam အနားသို့ကပ်ကာ liam ပခုံးနှစ်ဖက်ကို ကိုင်လာသည် liam ကအရပ်ရှည်ပေမယ့် အကိုနဲ့ယှဉ်ရပ်လိုတာကြောင့်သေးသွားသည် အကိုနဲ့ liam ရဲ့အနေအထားကနီးကပ်လွန်းလှသည်
"ဒီ Condo က ကိုယ်တို့ရဲ့မဂ်လာဦးအိမ်ဘဲ ဒီအိမ်ကို liam နာမည်နဲ့လွှဲပေးထားတယ်"
"အို အကိုရယ်မဟုတ်တာ"
"အကို ပထမဦးဆုံးအနေနဲ့ပေးတဲ့လက်ဆောင် ကို liam လက်ခံပေးနော်"
Liam ခေါင်းညှိတ်ပြလိုက်တော့ အကိုက liam နှာဖူးလေးကိုပထမဆုံးအကြိမ်နမ်းလာသည် ဒီအနမ်းလေးနဲ့တင်ပြည့်စုံနေပါပီ အကိုရယ်.....
Liamအိမ်ရောက်တော့ မာမီနဲ့ဒယ်ဒီကို ကပ်ချွဲနေမိသည် မိဘရင်ခွင်ကနေခွာရမှာမို့ တစ်မျိုးကြီးခံစားနေရသည် မိန်းကလေးဆိုတော့မိဘကိုပိုကပ်တွယ်‌တယ်လေ... ဟိုသူရကတော့ သူများ၀မ်းနည်းတာကိုပျော်နေသည်
"သမီး ကငယ်တယ်ဆိုပေမယ့် မာမီတို့ရွေးချယ်ပေးတဲ့လူက သမီးအပေါ်ကောင်းမှာဆိုတာမာမီတို့သိတယ်"
"ဒီကောင်လေးကံကောင်းတာကွ ငါရဲ့အချစ်ဆုံးလေးကိုရလို့"
ဒယ်ဒီကတော့သူ့သမီးကိုဆို နတ်ဘုရားမလိုကိုထားသည်
######
ရှိန်းရေချိုးပြီးခေါင်းသုတ်နေတုန်းဖုန်း၀င်လာသည်
*Ring Ring*
"Hello ကိုခန့်ပြော"
"ဪ ပြောတော့မယူဘူးဆို အခုတော့မယူတောင်မယူရသေးဘူး ငါတို့ဆီကိုမလာတော့တာ"
"မဟုတ်ပါဘူးကွာ ငါတကယ်မအားလို့"
"ဘယ်အားမလဲ ခယ်မလေးကဒီလောက်လှနေတော့အနား‌ကဘယ်ခွာချင်မလဲ Facebook ပေါ်မှာ ဇနီးလောင်းလေးရဲ့ပုံတွေဘာတွေတင်လို့ပါလား"
"ဪ liam ကငါ့အပေါ်ယုံကြည်ထားတာလေ ငါကလည်းပြန်လုပ်ပေးရမှာပေါ့ ပုံကအရမ်းသိသာလို့လား"
"မသိသာပါဘူး တစောင်းရိုက်ထားတာကို မြတ်ဇင်က မဒီကို ခယ်မလေးပုံအောက်မှာ mentionသွားခေါ်ထားတယ်"
"ဟုတ်လား"
"အေးငါ့ကောင်ကြီးနောက်ဆုံတော့ နွားမဖြစ်တော့ဘူးပေါ့ကွ မင်း ချစ်နေရင်ချစ်တယ်လို့၀န်ခံစမ်းပါကွာ"
"အေးဆေးပေါ့ကွာအခုချိန်သွားပြောရင် သူ့ကိုအပိုင်သိမ်းချင်တယ်လို့ထင်သွားမှာပေါ့ ငါကတစ်ဆင့်ချင်းစီဘဲသွားမှာ"
"အေးပါကွာ ငါတို့ကို Party ပေးဖို့ပြင်ထားနော်"
"ပါတီက မဂ်လာဆောင်ညကျမှဘဲလုပ်တော့အဲ့နေကျပေးမယ်"
"သူတောင်းစား အေးမပေးလို့ကတော့ မင်းမိန်းမ ကိုမင်းပေါင်းရမယ်မမှတ်နဲ့"
‌"အေးပါ သဘက်ခါကို Wedding ရှိတယ်နော်မနံ့နဲ့တော့မင်းတို့ခယ်မလေးကိုတရား၀င်နှုတ်ဆက်ရမယ်လေ"
"အေးပါ မင်းမယူခင်ထဲကငါတို့ကခယ်မတော်ထားတာကွ....."
တစ်ခါတစ်လေတော့လည်းကိုယ့်ဘေးနားကလူတွေကကိုယ်မမြင်နိုင်တဲ့ကိုယ့်အတွက်အကောင်းဆုံးဖြစ်မယ့်‌အရေးကြီးဆုံးအရာတွေကိုသိနေတတ်တယ်......
#########
ကဲကဲ မဂ်လာတော့ဆောင်ပေးတော့မယ် ဘယ်လိုတွေလာမလဲတော့မသိဘူး🌚
#hey guys!!!!
လက်ရာမကောင်းတဲ့ဒီဇာတ်လမ်းလေးကိုဖတ်ပေးကြတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးပါနော် 🥺✌️❤️
............…..............
(Zawgyi)
*တီ... တီ..*
#######
"Hello အမှုံမလား"
"ဘယ်သူလဲ... မဒီလား"
"အေးပါဟယ် အေးပါ"
"ဟုတ်မာမီ"
"ဘယ်ကိုလဲ"
"Suprise လေကွာ"
"အို အကိုရယ်မဟုတ်တာ"
######
*Ring Ring*
"Hello ကိုခန့်ပြော"
"ဟုတ်လား"
#########
#hey guys!!!!
............…..............
Continuă lectura
O să-ți placă și
3M 87.2K 26
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
1.5M 110K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.2M 65.1K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
699K 36.7K 21
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 𝐀𝐧𝐢𝐤𝐚 𝐑𝐚𝐢 𝐱 𝐊𝐚𝐛𝐢𝐫 𝐑𝐚𝐣𝐩𝐮𝐭 ...