သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခ...

By moooskyi

408K 12.8K 266

ငါကငါ့တရား၀င်ယောကျာ်းကိုသူ့exလက်ထဲထည့်မှာမဟုတ်ဘူး သူငါ့ကိုအခုမချစ်သေးဘူးဆို တစ်နေ့နေ့တော့ ပြန်ချစ်လာမှာပါ မေပ... More

သူစိမ်း(part-1)[Zawgyi & Unicode]
သူစိမ်း(part-2)[Zawgyi & Unicode]
သူစိမ်း(part-3)[Zawgyi& Unicode]
သူစိမ်း(part-4)[Zawgyi & Unicode]
သူစိမ်း(part-5)[Zawgyi&Unicode]
သူစိမ်း(part-6)[Zawgyi&Unicode]
သူစိမ်း(part-7)[Zawgyi&Unicode]
သူစိမ်း(part-8)[Zawgyi&Unicode]
သူစိမ်း(Part-10)[Zawgyi&Unicode]
သူစိမ်း(part-11)[Zawgyi&Unicode]
သူစိမ်း(part-12)[Zawgyi&Unicode]
သူစိမ်း(part-13)[Zawgyi&Unicode]
သူစိမ်း(part-14)[Zawgyi&Unicode]
သူစိမ်း(part-15)[Zawgyi&Unicode]
သူစိမ်း(part-16)[Zawgyi&Unicode]
သူစိမ်း(part-17)[Zawgyi&Unicode]
သူစိမ်း(part-18)[Zawgyi&Unicode]
သူစိမ်း(part-19)[Zawgyi&Unicode]
သူစိမ်း(part-20)[Zawgyi&Unicode]
သူစိမ်း(part-21)[Zawgyi&Unicode]
သူစိမ်း(part-22)[Zawgyi&Unicode]
သူစိမ်း(part -23)[Zawgyi&Unicode]
သူစိမ်း(part-24)[Zawgyi&Unicode]
သူစိမ်း(part-25)[Zawgyi&Unicode]
သူစိမ်း(part-26)[Zawgyi&Unicode]
သူစိမ်း(part-27)[Zawgyi&Unicode]
သူစိမ်း(part-28)[Zawgyi& Unicode]
သူစိမ်း(part-29)[Zawgyi&Unicode]
သူစိမ်း(part-30)[Zawgyi &Unicode]
Attention 😃
သူစိမ်း(part-31)[Zawgyi&Unicode]
သူစိမ်း(part-32)[Zawgyi&Unicode]
သူစိမ်း(final)[Zawgyi & Unicode]

သူစိမ်း(part-9)[Zawgyi&Unicode]

11.1K 478 4
By moooskyi

(Unicode)

အသိုင်းအဝိုင်းတစ်ခုရဲ့ပါတီမို့ ဒီပါတီဟာထူးကဲနေသည် မြတ်ဇင်ဆိုသည်မှာလည်းနယ်နယ်ရရမဟုတ်သည့်အတွက် ဒီပါတီဟာ‌လည်းပေါပေါပဲပဲပါတီမဟုတ်နိုင်ပါ
ရှိန်းတို့ကားလေးကို မြတ်ဇင်ရဲ့ခြံထဲမှာထိုးရပ်လိုက်သည်ကားပေါ်မှဆင်းဆင်းချင်းဘဲရှိန်းရဲ့ဖုန်း၀င်လာ‌တော့သည် အလုပ်ဖုန်းနဲ့တူတယ်ရှိန်းက liamအားပြောလာသည်

"မေပိုးဦး ညီမအထဲအရင်၀င်သွားလိုက်ပါလား အကိုဖုန်းပြောပြီးလာခဲ့မယ်"

"အော်ဟုတ် အဲ့ဆိုညီမအရင်သွားလိုက်မယ်နော်"

"ရရဲ့လား မရရင်ခဏစောင့်မလား"

"ရတယ် အဲ့ဆိုညီမသွားနှင့်ပြီ"
အမှန်ပြောရရင်ဒီလို လူများတဲ့နေရာမှာသူနဲ့တွဲသွားရတာအဆင်‌မပြေဘူးရယ် သူကနာမည်ကြီးတဲ့သူမို့သူ့ကိုလူတွေကစိတ်၀င်စားတာမစမ်းပေမယ့်သူနဲ့တွဲသွားရင်းကိုယ်ပါစိတ်၀င်စားခံနေရမယ်လေ ဘယ်သူမှမသိအောင်နေတတ်သူမို့ လူများလှသည့်ပါတီထဲ ခေါင်းလေးငုံ့ကာ ကွယ်ပြီးသွားနေမိသည်

"အာ!! ဘုတ်"

လူတစ်ယောက်နဲ့တိုက်မိသွားမှန်းသိလို့ခေါင်းလေးထောင်ကကြည့်မိတော့ ကောင်လေးတစ်ယောက်ဖြစ်နေတယ် အရပ်က liamထက်တော့ရှည်သည် ကိုရှိန်းနီးပါးလောက်ရှည်သည် ချောတာတော့ချောသည် ဒါပေမယ့်လည်းကိုယ်က၀င်တိုက်မိတဲ့သူမို့တောင်းပန်ရမည်

"ဟယ် အကိုsry နော်ညီမ မတွေ့လို့"

တောင်းပန်စကားပြောပြီးသည်နဲ့‌ပြေးဖို့လုပ်နေသည့်မိန်းမချောလေး ရုပ်လှတဲ့အမျိုးသမီးများစွာ မြင်ဖူးခဲ့ပေမယ့်သူမလိုလှတဲ့အလှမျိုးကတော့အခုမှ မြင်ဖူးချင်းဖြစ်သည် နေပိုင်စိတ်တို့လွတ်သွားကာ သူမလက်အားဆွဲထားမိလိုက်သည်

"အကို ဘာဖြစ်လို့လဲ" လှည့်ထွက်တော့မည့်အလုပ်လက်ဆွဲခံလိုက်ရတာကြောင့် liamလန့်သွားရသည်

"အာ sryနော်ညီမ ပွဲလာတာလား"

"ဟုတ် ခွင့်ပြုပါဦးနော်"

"အကို့နာမည်က နေပိုင်ပါ ညီမက"

နေပိုင်တဲ့လားဒီအသိုင်းအဝိုင်းမှာနေပိုင်ဆိုတာတစ်ယောက်ဘဲရှိတာမလား ဒါဆိုသူက သူရကို ဝိုင်းထိုးခိုင်းလိုက်တဲ့လူပေါ့ liamဒေါသတို့ထွက်သွားပေမယ့်သူများမွေးနေ့ပွဲကိုမဖျက်စီးချင်ပါ liamလက်တို့ကိုသူ့လက်ထဲမှရုန်းလိုက်ပြီးနော်
"သွားခွင့်ပြုပါဦး" အုန်းလို့ဟုဆိုကာထိုအနားမှထွက်ခဲ့လိုက်သည်

နေပိုင့်ဘ၀မှာ ဘယ်မိန်းမမှချေတာမခံခဲ့ရဘူး အကုန်လုံးကနေပိုင့်လက်ထဲသို့ရောက်လာကြသည်ရှိန်းရဲ့မဒီတောင် နေပိုင့်လက်ကလွှတ်တာမဟုတ် ဒါပေမယ့်ဒီမိန်းကလေးကတွေ့ထဲကကိုချေသွားသည် သည်လိုမျိုးချေလို့ကို
နေပိုင် စိတ်၀င်စားမိသည်

Liam သူရကိုတွေ့တာနဲ့ထုမိသည်

"ကဲပြောပါအုန်း ငါ့ကိုဘာလို့လာမကြိုတာလဲ"

"အယ် ကိုရှိန်းလာကြိုတယ်မလား"

"ဟဲ့သူများကိုလာကြိုခိုင်းတာအားနာစရာကြီးလေ"

"အော် နင်နဲ့ငါကဆိုင်ဘဲဆိုင်တော့တာလေ မပိုင်တော့ဘူးဟ အဲ့ကြောင့်နင့်ကိုပိုင်တဲ့လူကိုလာကြိုခိုင်းလိုက်တာ"

"တော်ပြီ မပြောနဲ့တော့ဒီနားမှာရပ်လိုက်တော့"

"ကဲ မပြောနဲ့တော့သူရ ငါတို့သတို့သမီးလောင်းလေး ရှက်သွားပြီ"

အမှုံမကပါ၀င်ပြောပြန်သည်ခနနေတော့သုံးယောက်ထိုင်နေသည့် ဒီဝိုင်းတွင် liamတစ်ယောက်သာကျန်တော့သည် ဟိုနှစ်ယောက်ကသူတို့ရဲ့ပိုးတွေကထိန်းထားလို့မရတော့လို့သွားကပြရ‌စေတဲ့ တကယ်ပါအဲ့နှစ်ယောက်ပေါင်းလိုက်ရင် မလွယ်ဆုံးနံ့ဖော်နံ့ဖက်တွေလေ liamလည်းအမှုံထည့်ပေးသွားတဲ့ ဝိုင်လေးကိုသောက်နေမိတယ် liam ကဝိုင်ဘဲသောက်တတ်တယ် ကျန်တာကမကြိုက်တော့မသောက်ဖြစ်ဘူးဝိုင်တောင်ကြုံတောင့်ကြုံခဲမျိုးမှသာသောက်ဖြစ်သည်

မီးရောင်စုံအောက်မှာမြင်နေရတဲ့သူ့မျက်နှခပ်ချောချော ‌တ‌ဖြည်းဖြည်းနဲ့နီးလာလေဖြစ်နေသည် အော်ကြည့်နေရင်းနဲ့ကို အနားရောက်လာပြီ liamနဲ့ မနီးမဝေးမှာသူထိုင်လာသည် သူထိုင်သည်နဲ့လူတစ်ချို့ကလည်းကြည့်လာသည် liamတို့ဝိုင်းကနည်းနည်းချောင်ကျပြီး နည်းနည်းမှောင်သောကြောင့် သူတို့liam အားသိပ်မမြင်ရပါ

"မေပိုးဦး sry နော်ကျွန်တော်ကြာသွားလို့"

"အော် မဟုတ်တာရပါတယ်"

"တစ်ယောက်ထဲလား ကျန်တဲ့လူတွေကော"

"သူတို့လားပိုးကမနေိုင်ဘူးလေ သွားကနေတယ်"
ရယ်ပြီးပြောလိုက်သည့်သူမ သူမရှေ့ကဝိုင်ခွက်ကြောင့်ထင်သည် မိတ်ကပ်ပါးပါးနဲ့သူ့မျက်နှာလေးရဲတက်လာသည် ချစ်စရာကောင်းသည် ဒီပုံလေးကချစ်ဖို့တော်တော်ကောင်းသည် ဘာ‌ကြောင့်မှန်းမသိ  ပထမဆုံးအကြိမ် သူမအတွက်ရှိန်းရင်ခုန်ခြင်း သူဒီလိုရင်မခုန်ရသည်မှာကြာပြီ

"မေပိုးဦးကော ကဦးမလား"

"No မကတော့ဘူး လူအရမ်းများတယ်"

"ဟုတ်ပါပီ စားချင်တာရှိရင်ပြောနော် ကျွန်တော်မှာပေးမယ်"

ခဏအကြာ ကိုခန့်နဲ့မြတ်ဇင် ရောဟိုနှစ်ယောက်ပါရောက်လာကြသည် ကပြီးလို့နဲ့တူသည် သူတို့ကအတင်းတိုးကာထိုင်လာသောကြောင့် liam ရှိန်း‌ဇော်ခ နား‌သို့ကပ်လာရသည်
ရှိန်းသိသည် ဒီကောင်တွေတမင်လုပ်နေတာ အဲ့တာကို မေပိုးဦးက မရိပ်မိဘဲ တိုးပေးနေသည် နောက်ဆုံးတွင် ရှိန်းကိုယ်နဲ့မေပိုးဦးကိုယ် 5cm လောက်တောင်မကွာတော့သည့်အ‌ခြေနေဖြစ်သွားသည်

Liam သည်အလွန်နီးကပ်နေသည့် သည်အခြေအနေအတွက်မှတ်ချက်ပေးစရာကိုမလိုရင်တုန်လို့‌သေတော့မည် 'အမလေးငါသေတော့မှာဘဲ သူတို့ငါ့ကိုသတ်နေကြတာလား ငါစိတ်နဲ့တော့မဖြစ်ပါဘူး ဒါနဲ့ ဒီအနံ့က ကိုရှိန်းကိုယ်သင်းနံ့လား မွှေးလိုက်တာ နောက်ကျမှတ၀ကြီးရှူအုန်းမယ်' လို့စိတ်ထဲကနေသာပစ်မှားနေတော့သည်

ပြန်တွေ့လိုက်သည် အခုနကဆုံခဲ့တဲ့နတ်ဘုရားမလေး ရှာနေတာကိုချောင်လေးထဲမှာမို့အခုမှတွေ့ရတော့သည်နေပိုင်ဘေးသို့အကြည့်တို့ရောက်သွားတာကြောင့်တွေ့လိုက်ရသည်မှာယောကျာ်းတစ်ယောက် သေချာကြည့်မှ ဟိုကောင်ငရှိန်း ထိုင်နေတာကလည်းကပ်ပြီး ပြီးတော့ဒီကောင့်ကိုဒီလိုမိန်းကလေးနဲ့တွဲပြီးမတွေ့ရသည်မှာကြာပြီ နေပိုင့်စိတ်တို့လေးလာရသည်။

Birthday song လည်းဆိုပြီးပြီ cakeလည်းခွဲပြီးပြီ ပါတီကတော့မပြီးသေး အခုဆို 11တောင်ခွဲပြီးမို့ liamတို့လည်းပြန်သင့်ပြီ သူရ‌ကတော့မပြန်ဘူးတဲ့ မနက်ကျမှပြန်လာမယ်တဲ့ liam ရိုက်ပြီးပြန်ခေါ်သွားရအောင်လည်း သူရက ကလေးမဟုတ် အမှုံနဲ့ liam သာပြန်ဖို့ဖြစ်လာသည် ကိုရှိန်းက သူလိုက်ပို့မယ်ဟုဆိုလာသည်

ကားပေါ်တတ်ခါနီးတွေ့လိုက်ရသည်မှာနေပိုင်
"ငရှိန်း ‌သူလေးကဘယ်သူလဲ"
နေပိုင့်ကိုရှောင်ကာကားထဲဝင်ဖို့လုပ်တော့ ကားတံခါးကိုလက်နဲ့ကိုင်ကာ ရှိန်းရှေ့ရပ်လာပြီး ဟိုဖက်မှရပ်နေသည့် liam အားမေးဆက်ပြသည်

"မေးနေတယ်လေ မင်းကလူကြီးလူကောင်းပီသတယ်မလား ဖြေလေ"

"မင်းကဘယ်လိုထင်လို့လဲ"

"မင်းရဲ့ကားကိုမဒီဘဲစီးဖူးတာလေ ဘယ်မိန်းကလေးမှစီးဖူးတာ မဟုတ်"

"အေးအဲ့ဆို မင်းဘာသာမင်းခန့်မှန်းပေါ့"

"ဘာလဲ ဒီအလှလေးက one night stand လား"
ရှိန်းကြားလိုက်ရတဲ့စကားကြောင့်ဒေါသများထွက်လာရသည်ဒီကောင်မေပိုးဦးနဲ့ရှိန်းအကြောင်းကိုရိပ်မိရက်နဲ့တမင်စွနေခြင်းဖြစ်သည် ဘယ်ချိန်ထဲကမှန်းမသိကိုင်ဆွဲမိလိုက်သည့် နေပိုင့်ကော်လံ သူမကိုကြည့်တော့ ကြားလိုက်တဲ့စကားကြောင့် အံ့ဩသလိုသာကြည့်နေသည် ဒီလိုအချိန်တောင်သူမကိုကာကွယ်မပေးရင် ရှိန်းဟာလူပီသတော့မှာမဟုတ်

"မင်း ခယ်မလောင်းလေ.... တရား၀င်ဖြစ်တဲ့နေ့ကျသေချာနှုတ်ဆက်တာပေါ့"

ခက်ထန်နေတဲ့သူ့မျက်နှာနဲ့ထွက်လာတဲ့စကားလုံးများကလိုက်ဖက်လွန်းသည် liam နဲ့အမှုံမှာကြောင်နေရသည် နေပိုင်ကိုကြည့်လိုက်တော့ မဲ့ပြုံးပြုံးနေသည် တကယ်ပါဒီတစ်ခွန်းနဲ့တင် liam တို့သေလို့ရပြီ

"အခုတော့တရားမ၀င်သေးဘူးမလား ငါ့အတွက်အခွင့်ရေးရှိသေးတာပေါ့"

ဒီတစ်ခါမျက်လုံးပြူးရသူမှာ liam  ဒီလူက‌တော်တော်ရဲတာဘဲ ဟိုက"ပိုင်ရှင်ရှိသည်မကျူးကျော်ရ" လို့ပြောနေတာကို ပိုင်ရှင်ဖြစ်ကြောင်းသက်သေပြခိုင်းနေသည်
ဒီပွဲကို liam ၀င်ဖျက်ဖို့ပါရတော့မည် မဟုတ်ရင်ရန်ပွဲကဆက်သွားလိမ့်မည်

"အကို liam တို့သွားရအောင် ညဉ့်နက်နေပြီ"

ရှိန်းလည်း နေပိုင့်ကော်လံ ကိုလွှတ်ချလိုက်ပြီးစောင့်တွန်းကာ ကားမောင်းထွက်လာလိုက်တော့သည်
အမှုံ့ကိုအိမ်ပို့ပြီးသည်ထိ ရှိန်းဘက်ကဘာမှမပြောသလို liamဘက်ကလည်း ဘာမှမပြော လေစိမ်းတို့ကနေရာ၀င်ယူထားဆဲ liam မှာမေးခွန်းများစွာရှိနေပေမယ့် အခုကအချိန်ကောင်းမဖြစ်နိုင်ဘူးဆိုတာသိလို့ ဘာမှမပြောဖြစ် သူ့ဘက်မသိမသာကြည့်တော့လည်းဒေါသများမကုန်သေးသည့်‌ အနေအထား
မောင်းနေသည့်ကားကိုရပ်ကာစကားဆိုလာသည့်အကို
"အခုနက နေပိုင်ပြောလိုက်တဲ့စကားတွေကိုစိတ်ထဲမထားနဲ့"

နားသာထောင်သည် ရှိန်းပြောတာကိုသူမကပြန်မပြော စိတ်ဆိုးနေတာလားတော့မသိ

"မေပိုးဦး အကိုပြောတာကြားလား"

Liamစိတ်တို့ထိန်းထားဖို့မဖြစ်နိုင်တော့ပါ liam မေးခွန်းများစွာထဲကတစ်ခုရဲ့အဖြေကိုလို‌ချင်နေသည်

"အကို ‌သူ့ကိုမေ့သွားပြီလား"

ရှိန်းမှာဖြေစရာစကားတို့ရှိမနေ ခေတ္တဆွံ့အသွားရသည်

"ညီမအဆင်ပြေတာမို့ အကိုသာအမှန်တိုင်းပြောပါ"

"လွန်ခဲ့တဲ့ လပိုင်းလောက်တွေထိ မဒီကကျွန်တော့်အပေါ်လွှမ်းမိုးမှုရှိခဲ့ပေမယ့် ကျွန်တော် လက်ထပ်ရမယ့်အမျိုးသမီး ရှိလာတဲ့အချိန်မှာ ကျွန်တော့်အပေါ်ဘယ်သူမှ လွှမ်းမိုးမှုမရှိတော့ဘူး ကျွန်တော်က မေပိုးဦးကိုအလုပ်နဲ့သာ သက်သေပြမှာပါ"

"ဒီအဖြေက ညီမမေးခွန်းရဲ့ဆိုလိုရင်းအဖြေမဟုတ်ဘူးအကို"

"ကျွန်တော်သိပါတယ် ကျွန်တော့်ဘက်က သူမနဲ့ပတ်သက်ပြီးခံစားချက် မရှိတော့ဘူးဆိုတာ ညီမကိုယုံစေချင်တယ်"

"ကျွန်တော့်နောက်ကို တစ်ခါလောက်ယုံကြည်ပြီးလိုက်စေချင်တယ်"

မေပိုးဦမှာ သူပြောသည်များကိုနားထောင်သာနေလိုက်သည်

"ကျွန်တော် မေပိုးဦးပေါ် ကျွန်တော့်ခံစားချက်တွေအသက်ရှိကြောင်း အတည်ပြုတော့မှာမို့ မေပိုးဦးက ဒီတိုင်းဘဲကျွန်တော့်ဘေးနားရှိပေး"

Liam လိုချင်တဲ့အဖြေမဟုတ်ခဲ့ပေမယ့် အကိုသူ့စိတ်ရဲ့အလိုကိုသူကိုယ်တိုင်သိဖို့အတွက်အချိန်တစ်ခုတော့လိုမယ်ဆိုတာ liamသိသည် အကိုတောင်းဆိုတဲ့အတိုင်း အကိုရဲ့ညီမ‌အပေါ်မသေချာသေးတဲ့ အချစ်ကိုစောင့်မနေဘဲ အကိုပေါ်ယုံကြည်လိုက်သင့်လား

########

#hey guys!!!!
လက်ရာမကောင်းတဲ့ဒီဇာတ်လမ်းလေးကိုဖတ်ပေးကြတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးပါနော် 🥺✌️❤️
.............................

(Zawgyi)






"အာ!! ဘုတ်"




















"အော် မဟုတ်တာရပါတယ်"



"မေပိုးဦးကော ကဦးမလား"
































########

#hey guys!!!!
.............................

Continue Reading

You'll Also Like

701K 37.2K 21
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 𝐀𝐧𝐢𝐤𝐚 𝐑𝐚𝐢 𝐱 𝐊𝐚𝐛𝐢𝐫 𝐑𝐚𝐣𝐩𝐮𝐭 ...
2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
263K 30.2K 77
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
563K 19.5K 93
"Leave, you're free. Don't ever come back here again." She said, hoping he wouldn't return and she'll get to live Hael was shocked, "Are you abandon...