"ဒီစာသင်နှစ်မှာ ငါတို့အတန်းထဲကို တစ်ယောက်ယောက်ပြောင်းလာမယ်ကြားတယ်!"
ဘယ်သူကအော်လိုက်တယ်ဆိုတာတော့ ပြောဖို့ခက်သည်။
အသံက သိပ်မကျယ်ဘူးဆိုသော်ငြား ညင်သာနေတာမျိုးလည်းမဟုတ်တာကြောင့် ထိုအသံသည်စာသင်ခန်းထဲကကျောင်းသားတွေရဲ့အာရုံစိုက်မှုကို မဆွဲဆောင်နိုင်လိုက်။
အတန်းသစ်မစခင်တစ်ရက်အလို စာရင်းသွင်းသည့်နေ့ဖြစ်သောကြောင့် လူတိုင်းဟာ textbookစာအုပ်ယူဖို့နဲ့ assignmentထပ်ဖို့ကိုပဲ အာရုံရောက်နေကြသည်။
အသံဟာ အခန်းထဲမှအသံများနှင့် အပြင်မှဆူဆူညံညံအသံများကြားမှာ ဖုံးအုပ်သွားပြီး အရှေ့တန်းကလူအနည်းငယ်လောက်ကသာ ထိုစကားလုံးများကို ကြားနိုင်ပေလိမ့်မည်။
ကျောင်းသူတစ်ယောက်ရောက်လာကာ ခုနစကားပြောလိုက်သောသူ၏ခုံကို သူမ၏စာအုပ်အသစ်နဲ့ရိုက်ချလိုက်လေသည်။
"ကျန်းခဲ့,နင့်သတင်းတွေ ဆယ်ခုမှာခုနစ်ခုလောက်ကအမြဲမှားနေတဲ့ဟာ,မတော်နိုင်သေးဘူးလား?"
ကျန်းခဲ့ဆိုသူက သူ့ရဲ့မျက်လုံးသေးသေးလေးတွေနဲ့ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း,
"ဒီတစ်ခါ,တကယ်အမှန်ပါဆို!"
အရှေ့တန်းမှ အခြားသူများကလည်းစိတ်လှုပ်ရှားစရာကြားတော့ စီနေသိမ်းနေဆဲစာအုပ်အသစ်တွေကိုချခဲ့ပြီး ခေါင်းချင်းထပ်အောင် ပြုံတိုးလာကြတော့သည်။
"ဒီသတင်းကို ဘယ်ကကြားလာလို့လဲ?သေချာလို့လား?"
"အထက်တန်းဒုတိယနှစ်မှာ ကျောင်းပြောင်းလာတာဆိုတော့....တခြားကျောင်းမှာ၀င်ခွင့်မရလို့များလားနော်?"
"နင့်ဟာကဘယ်လိုမေးခွန်းမျိုးလဲ?အဓိကအချက်ကိုပဲအာရုံစိုက်စမ်းပါ,သဘာ၀ကျကျ ငါတို့ပထမဆုံးမေးရမှာ alphaလား omegaလား ဟမ်?"
"Oh please, ငါတို့အတန်းထဲမှာ alphaနဲ့omega ဘယ်လောက်နည်းလဲမမြင်ဘူးလား?ဒီလိုရှားရှားပါးပါး ပိုင်မုန့်မျိုးကို ကောင်းကင်ပေါ်ကကျလာမယ်များထင်နေလား?"
" Hey!အဲ့ဒါပဲ,အဲ့ဒီစကားပဲ,ကွက်တိမှန်တယ်!"
ကျန်းခဲ့ဆိုသူက သူ့ရဲ့မရှိတဲ့မျက်မှန်ကိုထိန်းညှိလိုက်ပြီးဆန်းကြယ်တဲ့လေသံနှင့်ပြောသည်။
"ခုလိုချိန်မှာ ငါတို့အတန်းထဲကိုသေချာပေါက်ပိုင်မုန့်တစ်ခုကျလာလိမ့်မယ်"
[Grade 2ရုံးခန်း]
"ဒါဆိုကောင်းပြီ,စာရင်းသွင်းခြင်းက အားလုံးပြီးသွားပြီဆိုတော့,ခနနေကျစာသင်ခန်းထဲသွားပြီး မင်းရဲ့အတန်းဖော်သစ်တွေနဲ့တွေ့ရအောင် ငါ့နောက်ကလိုက်ခဲ့"
ဝူကောကျုံသည် စားပွဲပေါ်ကဖိုင်များကိုထပ်လိုက်ပြီး ဘေးမှာရပ်နေသော ကျောင်းသားဆီကိုပေးလိုက်သည်။ထိုသို့ပေးလိုက်ပြီး ကျောင်းသားအား အားပေးသည့်အနေဖြင့် ပခုံးကိုပုတ်ဖို့ပြင်လိုက်ပေမယ့်လည်း, သူလက်မြှောက်လိုက်သည့်ချိန်မှာပင် ကျောင်းသားဟာ သူ့ထက်အရပ်ရှည်နေသောကြောင့်, ပခုံးကိုလွယ်လွယ်နဲ့မမှီပုံမရ။
သူ ရှက်ရှက်နှင့်ပဲလက်ကိုပြန်ရုတ်လိုက်ရသည်။
"ကျန့်ယောင်,ခုကစပြီး မင်းက ငါတို့ရဲ့အတန်းသားပဲဆိုတော့ အတန်းဖော်တွေနဲ့သင့်သင့်မြတ်မြတ်နေဖို့တော့ အရေးကြီးတယ်နော်"
ကျောင်းသားက ပြုံးရင်း,
"ဟုတ်ကဲ့ပါ, လောင်ရှီး"
ထိုသို့ပြောလိုက်တဲ့သည့်အချိန်တွင် သွားဖွေးဖွေးလေးတွေကို တောက်ပစွာမြင်လိုက်ရ၏။
ကျောင်းသားက လိမ်လိမ်မာမာရှိတာမြင်၍ ဝူကောကျုံ လည်း အနည်းငယ် သက်သာရာရသွားတော့သည်။
စာသင်နှစ်၏ယခုလိုအချိန်မျိုးမှာ ကျောင်းပြောင်းသည့်သူအများစုမှာ များသောအားဖြင့် ပြဿနာတစ်မျိုးမျိုးရှိကြလို့ပင်,အရင်ကျောင်းမှ ကျောင်းထုတ်လိုက်လို့ဖြစ်ဖြစ်, မိသားစုထဲမှာမမျှော်လင့်ထားသည့် ကိစ္စတစ်ရပ်ရပ်ပေါ်လာလို့ပဲဖြစ်ဖြစ်ပေါ့။
သို့သော် ကျန့်ယောင်ရဲ့မှတ်တမ်းတွေကြည့်ရပုံတော့ ထိုကဲ့သို့သောပြဿနာမျိုးရှိပုံမရ၊
သို့ပေသည့် ထူးဆန်းတာတစ်ခုတော့ရှိသေးသည်....
"မင်းနဲ့အတူ မင်းမိဘတွေပါမလာဘူးလား?"
"Mhm,သူတို့က အလုပ်ရှုပ်နေကြလို့ပါ,ပြီးတော့ ကျနော့်အိမ်ကလည်းအရမ်းဝေးတယ်လေ,အဲ့ဒါကြောင့် ကျနော်သူတို့ကို အဆင်မပြေမဖြစ်စေချင်လို့"
"အော်...မင်းအရင်က Dong Cheng Eighth High Schoolတက်တာလို့ငါတွေ့လိုက်တယ်,အိမ်ကရော Dong Chengမှာပဲလား?"
(Dong Cheng ကမြို့နာမည်ပါ)
"ဟုတ်ပါတယ်, လောင်ရှီး"
"အတော်ဝေးတာပဲ,အဆောင်အတွက်ရော လျှောက်ထားပြီးပြီလား?"
"လျှောက်ပြီး အတန်းသစ်မစခင်ရွေ့လာဖို့တော့လုပ်ထားပါတယ်,စိတ်ချပါ ကျနော်ကိုယ့်ဘာကိုကိုင်တွယ်နိုင်ပါတယ်"
ဝူကောကျုံက တောက်ပစွာပြောလာသည်။
"ငါ့ကို စိတ်ချအောင်ပြောတယ်....ဒီကလေး မင်းတော်တော်တွေးတတ်တာပဲ"
ကျန့်ယောင်က ပြုံးရင်းခေါင်းကို စောင်းလိုက်သေးသည်၊
ကြည့်ရသည်မှာ အနည်းငယ်ရှက်သွားသယောင်။
နဖူးထက်က သူ့၏အနည်းငယ်ရှည်နေသည့်ဆံပင်မှာ ညွတ်ကျနေပြီး မျက်လုံးကိုပင် လုံးလုံးလျားလျားဖုံးအုပ်နေချေပြီ။
အင်္ဂလိပ်ဆရာမ ရွှိပေ့နီသည် assignmentများကောက်လာကာ နောက်မှအိမ်စာစာရွက်ကူသယ်ပေးသည့် ကျောင်းသားသုံးလေးဦးနှင့်အတူ ပြန်လာရင်း လှည့်အကြည့်မှာ ဝူကောကျုံ၏ဘေးကကျောင်းသားသစ်ကိုသတိထားမိသွားတော့ အပြုံးလေးနှင့်မေးလာသည်။
"လောင်ဝူ,ဒါရှင့်အတန်းက ကျောင်းသားလား?အရင်ကမတွေ့ဖူးပါဘူး"
ဝူကောကျုံက ပုံမှန်ပဲ ပြန်ဖြေလိုက်သည်။
"သူက အတန်းကိုပြောင်းလာတဲ့ကျောင်းသားသစ်လေ, alphaတစ်ယောက်ပေါ့ "
ထိုစကားကြားတော့ စာရွက်တွေခုံပေါ်ထပ်နေတဲ့ကျောင်းသားတစ်စုက မျက်၀န်းလက်လက်တွေနဲ့ ချက်ချင်း လှမ်းကြည့်ကာ ဝူကောကျုံရဲ့ဘေးကတစ်ယောက်ကို အကဲခတ်လေသည်။
အတန်းဖော်သစ်ကိုကြည့်ပြီးနောက် သူတို့စိတ်၀င်စားမှုလျော့သွားကာ အကြည့်တွေကိုပြန်သိမ်းလိုက်ရင်း အိမ်စာတွေဆက်စီလေသည်။
alphaတွေဟာ အကောင်းဆုံးအရည်ချင်းတွေကို ပိုင်ဆိုင်ကြသည်တဲ့။
သူတို့ထဲက အများစုဟာ ပုံပန်းသွင်ပြင်မှာသာလွန်ပြီး သိပ်သည်းပေါများတဲ့ pheromoneတွေပိုင်ဆိုင်ကြသည်၊ ထိုအရာတွေထက်အဓိကမှာ အရေအတွက်မှာ အရမ်းရှားပါးတာကြောင့် သူတို့တွေဟာပုံမှန်အားဖြင့် အရမ်းကျော်ကြားကြသည်။
သို့သော်လည်း သာမညောင်ညအရည်ချင်းနှင့်အချို့ alphaများလည်းရှိသည်၊
သာမန် betaတစ်ယောက်နှင့် ဘာမှသိပ်မကွာလှတာမျိုးပေါ့။
ရုပ်ရည်သွင်ပြင်အရတော့ ကျန့်ယောင်ဟာ နောက်ကတစ်ခုလိုမျိုးဆိုတာ ရှင်းနေတာပဲပေါ့၊။
"ဝါး,ကျောင်းပြောင်းလာတဲ့ကျောင်းသားသစ်လား?"
ရွှိပေ့နီသည် စာသင်လာတာ ငါးနှစ်ခြောက်နှစ်လောက်ပဲရှိသေးတာဖြစ်ပြီး ခုထိပြောင်းလာတဲ့ကျောင်းသားကိုမမြင်ဖူးသေးတာကြောင့် သိချင်စွာနဲ့မေးကြည့်မိသည်။
"အရင်က ဘယ်ကျောင်းကလဲ?"
"Dong Cheng Eighth High Schoolကတဲ့"
ဝူကောကျုံ ပြန်ဖြေလိုက်သည်။
"ကျန့်ယောင် ,ဒါက အင်္ဂလိပ်ဆရာမ,ရွှိလောင်ရှီး"
ကျန့်ယောင် ကိုယ်ကိုကိုင်းလိုက်ပြီး,
"မင်္ဂလာပါ,ရွှိလောင်ရှီး"
"အိုင်း,မင်္ဂလာပါကွယ်"
ရွှိပေနီက ပြုံးရင်း
"Eighth High Schoolက တစ်မြို့လုံးမှာအကောင်းဆုံးကျောင်းတစ်ကျောင်းပဲကို ဘာလို့ပြောင်းလာရတာလဲ?"
"လောင်ရှီး အရမ်းယဥ်ကျေးလွန်းနေပါပြီ,First Highကလည်း အကောင်းဆုံးကျောင်းတစ်ကျောင်းပါ"
ကျန့်ယောင်က အပြုံးလေးနဲ့ပြန်ဖြေသည်။
Xi Cheng First Highနှင့် Dong Cheng Eighth Highဟာ တစ်မြို့လုံးကကျောင်းတွေအားလုံးထဲမှာ 'နံပါတ်တစ်'နဲ့ 'နံပါတ်နှစ်'ကျောင်းတွေပင်။
နှစ်တိုင်းနှစ်တိုင်း ကောလိပ်၀င်ခွင့်စာမေးပွဲတွေမှာဆိုလည်း ရလဒ်တွေကသိပ်မကွာလှ။
'နံပါတ်တစ်ကျောင်း'ဆိုသည့်အရိုက်အရာကိုတစ်လှည့်စီယူနေကြပြီး 'ညီအကို'ကျောင်းများဟုတောင်ဂုဏ်သတင်းရှိသေးသည်။
ဒီနှစ်တော့ အရှုံးကိုငါလက်ခံလိုက်မယ်,နောက်နှစ်ကျ မင်းကိုငါ့ခြေထောက်အောက်မှာ ချနင်းပြမယ်ဆိုတာမျိုး - ဒီလို 'ညီအကိုကောင်း'တွေဟာ ဒီလိုမျိုးပဲ နှစ်တိုင်း အချင်းချင်းသတ်ချင်နေကြတာမျိုးပင်။
ဒီနေ့ထိ ကျောင်းနှစ်ကျောင်းကြားမှာ ရှင်းရှင်းလင်းလင်း မည်သူကအောင်မြင်တယ်ဆိုတာမျိုးမရှိသေးပေ။
ကျန့်ယောင်ကား Eighth Highကနေပြောင်းလာသည်ဆိုကတည်းက သူ့အဆင့်တွေမှာ သူတို့ထက်တော့ဆိုးမှာမဟုတ်ချေ။
သူမ၏ အမေးကို ရှောင်တိမ်းလိုက်တာမြင်တော့ ရွှိပေ့နီဟာလည်း ထပ်မေးဖို့အစီစဉ်မရှိတော့။
သာမန်စကားနည်းနည်းလောက်ပြောကာ အိမ်စာတွေစစ်ဖို့ကျောင်းသားတွေဆီ ဦးတည်သွားတော့သည်။
ဝူကောကျုံ နာရီကိုကြည့်လိုက်တော့ အချိန်ကကျတော့မည်။
"textbookတွေအကုန်ရပြီးကုန်လောက်ပြီ,အတန်းဆီကိုသွားကြရအောင်"
"ဟုတ်ကဲ့"
ကျန့်ယောင် လွယ်အိတ်(ကျောပိုးအိတ်)ကိုကောက်လွယ်ကာ သိုင်းကြိုးကိုညှိလိုက်သည်။
သူခေါင်းငုံ့လိုက်ချိန်တွက် ကိုင်းအနက်ရောင်မျက်မှန်လေးက လျှောကျသွားကာ နှာတံရဲ့အလယ်ကိုတင်သွား၏။
"ကျစ်..''
သူ လက်ခလယ်နဲ့ မျက်မှန်ကိုပြန်တင်လိုက်သည်။
ခုနကထက်စာရင် ရှေ့တန်းမှာလူတွေပိုများနေသည်။
ကျန်းခဲ့က ခြေတစ်ဖက်ပေါ်တစ်ဖက်ချိတ်ထိုင်ထားရင်း အားလုံးဆီကအာရုံစိုက်မှုတွေကို ခံယူနေလေသည် ။
သူ့၏ပိန်းပိန်းပါးပါးကိုယ်ဟာ ဖြောင့်မတ်နေပြီး လက်ထဲမှာလည်းစာအုပ်တစ်အုပ်ကိုလိပ်ကိုင်ထားကာ,စကားတစ်ခွန်းပြောလိုက်လက်ဖဝါးကိုရိုက်လိုက်နှင့်လုပ်နေသည်မှာ ရှေးတုန်းကပုံပြင်ပြောသူအတိုင်းပင်။
"သတင်းက တကယ်အမှန်နော်!ငါခုနမှ chemistryဆရာဆီ assignment သွားထပ်တုန်းက လောင်ဝူက သူ့ဘေးကခပ်ထွားထွားခပ်ရှည်ရှည် အိုးအိုး အရပ်ကလည်း အနည်းဆုံးတော့ 185cm လောက်ရှိတယ်,လောင်ဝူက သူ့ကိုပုတ်နေတာတွေ့လိုက်တယ် ,သူနဲ့ယှဥ်တော့ လောင်ဝူကမူလတန်းကျောင်းသားလေးကျနေတာပဲ ဟားဟားဟားဟား...."
သူ့ရဲ့ဘေးမှာတော့ class 1ရဲ့အတန်းမော်နီတာ ချန်ရင်းရင်းက ခြေထောက်ကိုမြှောက်ပြီး သူ့စားပွဲကိုကန်ကာ,
"သောက်ရေးမပါတာတွေတော်လိုက်တော့,သူက alpha ဟုတ်လားမဟုတ်ဘူးလား ချောလားမချောဘူးလားပဲပြော"
"အိုက်ယိုး!ဒီမှာ အဒေါ်ကြီး, အရမ်းဖြစ်ပျက်မနေပါနဲ့ ,ဒီလိုအရပ်ရှည်ကြီးနဲ့ alphaမဟုတ်လို့ ဘာဖြစ်နိုင်မှာတုန်း?သူ့မျက်နှာကို ရှေ့ကနေတော့မမြင်လိုက်ရဘူး,ဒါမယ့်နောက်ကကြည့်ရသလောက်တော့ အဲ့လိုကိုယ်ထည်မျိုးနဲ့ဆို .....အပြင်းစား Aပဲဖြစ်ရမယ်!"
(A-alphaဖြစ်မယ်)
"အိုး,အဲ့လိုဆို မင်းကနောက်ကနေပဲမြင်လိုက်ရတာပေ့ါ?"
Class 1မှ နောက်ထပ် alphaတစ်ယောက်ဖြစ်သည့် ဟန်မုန့်က သရော်လိုက်ပြီး, သူ့ရဲ့ဆံပင်ကိုသပ်ကာ,
"ငါ့လိုချောမောတဲ့သူတစ်ယောက်......ထားလိုက်တော့,သူချောသည်ဖြစ်စေ မချောသည်ဖြစ်စေ အထက်တန်းကျောင်းရဲ့ Number One Handsome Guyဆိုတဲ့ဂုဏ်ပုဒ်ကိုတော့ ငါ့ဆီကဘယ်သူမှယူနိုင်မှာမဟုတ်ဘူး"
ချန်ရင်းရင်း မျက်လုံးလှန်လိုက်ပြီး,
"နင်တစ်ယောက်ပဲနင့်ကိုယ်နင်လှတယ်ထင်နေတာ,ဘယ် omegaကများ အဲ့လိုတွေးလို့လဲ?"
ဟန်မုန့် ဒေါသတကြီးနဲ့ သူမကို lanhuazhiနဲ့ထိုးရင်း,
"ချန်ရင်းရင်း လွန်မလာနဲ့နော်!"
(lanhuazhi ဆိုတာ လက်မနဲ့လက်ခလယ်ကိုထိပြီး ကျန်သုံးချောင်းက ဆန့်ထားတာကိုပြောတာပါ၊ယဉ်ကျေးပြီး မိန်းမဆန်တဲ့ပုံစံမျိူးပါ)
အတန်းထဲက လူတော်တော်များများဟာ textbookတွေဝေပြီးတာကြောင့် ဆရာအချိန်မရွေး၀င်လာနိုင်တယ်ဆိုတာသိကြတယ်။
ဒါ့ကြောင့်ပဲ အတန်းထဲက စကားပြောသံတွေကတိုးသထက်တိုးလာတာကြောင့်,ဟန်မုန့်ရဲ့အော်သံကြီးက ကျန်းခဲ့ရဲ့စကားသံတွေထက် အဆပေါင်းများစွာကျယ်သွားကာ,အတန်းထဲကသူအားလုံးပင်ကြားရသည်။
အတန်းထဲမှနောက်ဆုံးတန်း,ပြတင်းပေါက်ရဲ့ဘေးတစ်နေရာမှာတော့ လက်ပေါ်မှောက်အိပ်နေတဲ့ကောင်လေးတစ်ယောက် အနည်းငယ်လှုပ်ရွလာသည်။
"အသံကိုတိုးတိုးပြောကွ!"
ကျန်းခဲ့က သူ့အသံကိုနှိမ့်လိုက်ပြီး,
"တစ်စုံတစ်ယောက်ကို သွားမနှိုးမိစေနဲ့!"
"ငါသိတယ်,ငါသိပါတယ်,ခုနလေးကသတိမထားမိလိုက်လို့ပါ...."
အားလုံးက စက္ကန့်အနည်းငယ် ငြိမ်သက်တိတ်ဆိတ်သွားသည်။
"လောင်ဝူရောက်လာသင့်ပြီမဟုတ်ဘူးလား?"
ချန်ရင်းရင်းမေးသည်။
သူမပြောပြီးပြီးချင်းပဲ တံခါးကနေ အသံထွက်လာသည်။
"ကျောင်းသားတို့ရေ! မတွေ့ရတာကြာပြီ!"
ဝူကောကျုံဟာ ပုံမှန်ဆို ညင်သာအေးဆေးတဲ့အသံလေးနဲ့ပြောပေမယ့် စင်မြင့်ပေါ်ရောက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း တက်ကြွထက်သန်လာပြီး, အသံဟာလည်းခေါင်းလောင်းတစ်လုံးလိုပဲ, နားကန်းလောက်တဲ့အထိကိုကျယ်လေသည်။
ချန်ရင်းရင်း သူမရဲ့လန့်ဖျပ်သွားတဲ့နှလုံးသားလေးကို ရင်ဘတ်ပေါ်ကနေ တဖျတ်ဖျတ်ပုတ်ရင်း ကိုယ့်နေရာကိုပြန်ထိုင်လိုက်သည်။
"ဒီရက်တွေမှာ ငါတော့လောင်ဝူကြောင့်လန့်လို့သေတော့မယ်ထင်တယ်..."
ကျန်တဲ့ကျောင်းသားတွေလည်း တစ်ယောက်ပြီးတစ်ယောက်ထိုင်သွားကြပြီး စာသင်ခန်းလေးက ချက်ချင်းပဲ ငြိမ်သက်အေးချမ်းသွားတယ်။
ဝူကောကျုံရဲ့နောက်ကလိုက်လာသူကတော့ အရပ်ရှည်ကြီးနှင့်ကျောင်းသားတစ်ယောက်။
ကျောင်းသားဟာ ခေါင်းကိုငုံ့ထားလေသည်။
သူ့၏ရှေ့ဆံမြိတ်မှာရှည်လွန်းတာကြောင့် မျက်လုံးကိုတောင်ထောက်နေပြီး ရုပ်ကိုသေချာတော့မမြင်ရ။
သူ့၏ကိုင်းအနက်နှင့်ပုံတုံးတုံးမျက်မှန်ဟာ မွဲတဲတဲနဲ့ထူထူကြီးဖြစ်နေကာ,မျက်နှာတစ်ဝက်လောက်ကိုဖုံးနေလေသည်။
alphaတစ်ယောက်၏ စိတ်ဝိဉာဥ်မျိုးနည်းနည်းမှကို မတွေ့ရ။
ကျောင်းသားများ၏ သိချင်စိတ်တစ်ဝက် စိတ်လှုပ်ရှားမှုတစ်ဝက်ဟာ ချက်ချင်း ပျောက်ကွယ်သွားသည်။
ဒီလိုကြီးလား?
"ကျောင်းသားအားလုံး ပျော်ရွှင်စရာစာသင်နှစ်သစ်ပါ"
ဝူကောကျုံက ရယ်ရင်းပြောသည်။
"တခြားကိစ္စတွေကတော့ နောက်မှပြောကြတာပေါ့,ပထမဆုံးတော့ မိတ်ဆက်ကြရအောင်,ဒီမှာ ငါတို့အတန်းအတွက် အတန်းဖော်အသစ်တစ်ယောက်ရှိတယ်,အားလုံးခုလို အတူဆုံရတာရေစက်ပေါ့,လာ အားလုံးအတန်းဖော်သစ်ကို နွေးနွေးထွေးထွေးကြိုဆိုလိုက်ကြရအောင်"
ပူးပေါင်းပါ၀င်စွာပဲ စင်မြင့်ရှေ့မှ တစ်ယောက်က လက်ခုပ်တီးလာသည်။
"ကျန့်ယောင်,ကိုယ့်ကိုယ်ကိုမိတ်ဆက်လိုက်ပါဦး"
''ဟုတ်ကဲ့ပါ, laoshi"
ကျန့်ယောင် ပြုံးလိုက်ပြီး,
"အားလုံးပဲ,ကျနော်နာမည်က ကျန့်ယောင်ပါ"
သူကား လှည့်ကာ ကျောက်သင်ပုန်းခွက်ထဲက မြေဖြူတစ်ချောင်းယူလိုက်ကာ,ကျောက်သင်ပုန်းပေါ်မှာ စာလုံးနှစ်လုံး ပေ့ါပေ့ါပါးပါးလွယ်လွယ်ကူကူ သဘာ၀ကျတဲ့စာလုံးဆက်ပုံစံနှင့် ချရေးလိုက်သည်.....
စာလုံးတွေဟာတော့ တကယ့်ကို စိတ်ပျက်ဖွယ်လိလိမြင်ကွင်း။
ကျန်းခဲ့ ပါးစပ်ကိုအုပ်ရင်း အသံထွက်လာသည်၊
"သောက်ကျိုးနည်း....ဒီသောက်ကျိုးနည်းလက်ရေးနဲ့တော့ ငါ့ထက်တောင်ဆိုးသေးတယ်..."
''အဟမ်း အဟမ်း"
ချန်ရင်းရင်း နှစ်ခါချောင်းဟန့်လိုက်၏။
ကျန့်ယောင်ကတော့ ဒါကိုကြားပုံမရ,ဆက်ပြောလေသည်။
''မင်းတို့အားလုံးလည်း မြင်တဲ့အတိုင်း ကျနော်က alphaတစ်ယောက်ပါ"
အနောက်တန်းက ဟန်မုန့်က နှာခေါင်းရှုံ့လိုက်ပြီး,
"ငါတော့ မမြင်ပေါင်"
သူက ညင်ညင်သာသာလေးပြောလိုက်တာကြောင့် သူ့ဘေးကအတူထိုင်တဲ့သူကပဲ ကြားနိုင်တယ်။
ထိုသူက ရယ်ရင်းသူ့ကို တိတ်တိတ်လေးလက်မထောင်ပြကာ,
"တကယ် သူကမင်းနဲ့နည်းနည်းလေးမှကိုမတူဘူး"
"အနှောင့်ယှက်ကောင်,ထွက်သွားစမ်း"
"ကျနော်သဘောကျတဲ့အရာတွေကတော့ ကျယ်ပြန့်ပါတယ်,ဥပမာ,donghuaကြည့်တာမျိုးတို့,ဇာတ်ကားတွေကြည့်တာမျိုး, novelတွေဖတ်တာမျိုး.....အများနဲ့အနည်းတော့ ဒီလိုအရာမျိုးတွေပါပဲ"
ဝူကောကျုံ ၀င်ပြောလိုက်သည်။
"မင်းကြိုက်နှစ်သက်တဲ့အားကစားမျိုးရော?"
ထုံးစံအတိုင်းဆို များသောအားဖြင့်alphaတွေဟာ အားကစားတွေကိုသဘောကျကြသည်လေ၊
ထို့ကြောင့်လည်း ကျန့်ယောင်ကို အတန်းထဲက alphaအုပ်စုနှင့်ပူးပေါင်းပါဝင်စေချင်တာကြောင့် မေးလိုက်ခြင်းပင်။
''မကြိုက်ဘူး,ကျနော်အဲ့လိုအားကစားတွေတော့ သိပ်မကြိုက်ဘူး"
ကျန့်ယောင် ပြန်ပြောသည်။
"အဲ့ဒါထက် အိမ်မှာပဲ ထိုင်နေရတာပိုကြိုက်တယ်"
ဝူကောကျုံမှာ ကူကယ်ရာမဲ့စွာ အခြေနေတွေကိုတိုးတက်စေဖို့ရာ မစွမ်းသာတော့၊။
"ဟုတ်ပြီ,ဒါဆိုလည်း ကျန့်ယောင်ကို ဆရာတို့ Class 1မိသားစုကနေ ထပ်ပြီးနွေးထွေးစွာကြိုဆိုပါတယ်,အားလုံး သူ့ကိုဂရုစိုက်ပေးကြပါဦးနော်"
လက်ခုပ်တီးသံတွေဟာ မတိုင်ခင်ကလောက်တော့ စိတ်အားထက်သန်မနေတော့ပေ။
ဝူကောကျုံ ထိုင်ခုံဇယားကိငုံ့ကြည့်လိုက်ကာ,
"အတန်းထဲမှာ တစ်နေရာပဲ အလွတ်ကျန်တော့တာလား?အဲ့လိုဆိုလည်း ကျန့်ယောင်, ပြတင်းပေါက်ဘေးကနောက်ဆုံးတန်းမှာပဲသွားထိုင်လိုက်တော့,ဘာပဲဖြစ်ဖြစ် မင်းကအရပ်ရှည်တာဆိုတော့.....ဟေး! ရင်းချယ် မင်းကဘာကိစ္စအိပ်နေရတာလဲ?ထစမ်း!''
ကျန်းခဲ့က ချန်ရင်းရင်းဆီကို ပါးစပ်လှုပ်ပြတယ်: fuck?
အားလုံးရဲ့အကြည့်ဦးတည်ရာအတိုင်း ကျန့်ယောင်လိုက်ကြည့်လိုက်တော့ ထောင့်နားမှာ, သူ၀င်လာကတည်းက မှောက်အိပ်နေတဲ့တစ်ယောက်ဟာ နောက်ဆုံးတော့ လှုပ်လာချေပြီ။
ကောင်လေးက အဖြူရောင် hoodieလေး၀တ်ထားပြီး ခေါင်းကိုလည်းခေါင်းစွပ်နဲ့အုပ်ထားသေးသည်။
သူက လက်ကိုခေါင်းအုံးပြီးအိပ်နေတာပင်။
ဝူကောကျုံရဲ့ကျယ်လောင်စူးရှသည့်အသံနှင့် သူ့ကိုခေါ်လိူက်သံကြားတော့ ဖြည်းဖြည်းချင်းခေါင်းထောင်လာလေသည်။
ခေါင်းစွပ်ကိုချွတ်လိုက်သည့်အခိုက် ဖွာလန်ရှုပ်ပွနေသည့်ဆံပင်လေးတွေပေါ်လာလေသည်၊
အချို့ဆံနွယ်လေးတွေမှာ အထက်ကိုထိုးထိုးထောင်ထောင်နဲ့ antenna(ဦးမှင်)လေးတွေနှင့်ပင် အလားတူနေသည်။
ပုံစံလေးက ကြည့်ရတာကလေးကလားနဲ့ ချစ်စရာလေး။
သို့ပေသည့် အကြောင်းရင်းတစ်ချို့ကြောင့် ထင်,ဘေးနားကမည်သူကမှ သူ၏ပုံစံကိုပျက်ရယ်မပြုကြပေ။
ဒီအတန်းက တော်တော်ဖော်ရွေပြီး ကြင်နာသဘောကောင်းတာပဲ
ကျန့်ယောင်တွေးလိုက်မိသည်။
"Um...."
ခုမှနိုးလာသူရဲ့အသံဟာ တိုးဖျော့ဖျော့လေးဖြစ်ပြီးလေယူလေသိမ်းဟာလည်း ညင်ညင်သာသာလေး။
သူ၏မျက်နှာအမူအရာမှာတော့ အိပ်ချင်မူးတူးဖြစ်နေပုံ။
မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လာချိန် မျက်၀န်းတွေဟာ ရဲရဲနီနေသည်။
သူက ယုန်ပေါက်လေးတစ်ကောင်နဲ့တူလေတယ်
မြင်ကွင်းက လူကိုအလိုလိုက်ပေးချင်အောင် ချစ်ပေးချင်အောင် တောင်းခံနေသလိုပင်။
"တက်တက်ကြွကြွနေစမ်းပါ,စာသင်နှစ်အစကတည်းက နုံးခွေမနေနဲ့လေ,လူငယ်လေးရဲ့!အားနဲ့မာန်နဲ့နေလိုက်စမ်းပါ!"
"Hmm....."
ရင်းချယ်ဟာ ခေါင်းငုံ့ထားပြီး နောင်တရနေသယောင်။
ဝူကောကျုံ သက်ပြင်းချလိုက်ပြီး,
"ကျန့်ယောင်,သွား အရင်သွားထိုင်ချေ"
"ဟုတ်ကဲ့ပါ, လောင်ရှီး"
ကျန့်ယောင် နောက်ဆုံးတန်းရောက်တော့ ဝူကောကျုံက စာသင်နှစ်အသစ်ရဲ့ပထမဆုံးမိန့်ခွန်းကိုစပြောနေပြီဖြစ်သည်။
"အထက်တန်းဒုတိယနှစ်ကအရမ်းအရေးကြီးတဲ့နှစ်ပဲ, မင်းတို့ကျောင်းသားတွေ သတိထားပြီးအာရုံစိုက်မှဖြစ်မယ်"
ထိုစကားတွေဟာ ပထမနှစ်တုန်းကလည်း ကြိုးစားချင်စိတ်ရှိအောင်သူပြောပြခဲ့သည့် စကားတွေနှင့်တစ်ထေရာတည်း၊
ဘာသာရပ်နဲ့ရသစာပေဆရာတစ်ယောက်၏ လိုတာထက်ပိုတဲ့နေသည့် ဖော်ပြချက်တွေနှင့်အတူ, သူ့၏
အသံနေအသံထားမှာ နိမ့်လိုက်မြင့်လိုက်နှင့်, ဇောတွေမာန်တွေအပြည့်,သူ၏အသံကျယ်ကျယ်မှာ အခန်းတစ်ခုလုံးပြည့်နေပြီး အသံတိုးလေးတွေအားလုံးကို လွှမ်းခြုံပစ်လေသည်။
ကျန့်ယောင် လွယ်အိတ်ကိုဘေးချလိုက်ကာ သူ့စားပွဲမှာဘာမှမရှိတာတွေ့တော့, ဘေးခုံကသူကို စာအုပ်ဘယ်မှာသွားယူရမလဲလို့မေးလိုက်ချင်ပေမယ့်, သူလှည့်ကြည့်ချိန်မှာ ထိုသူဟာ ထပ်ပြီးအိပ်ပျော်နေပြီဖြစ်ကြောင်းတွေ့လိုက်ရသည်။
အအိပ်မက်တဲ့ယုန်ပေါက်လေးလား
နောက်ဆုံးတန်းမှာ နေရာတော်တော်ကျယ်တော့ သူ့လိုအရပ်ရှည်တဲ့သူအတွက်အကြိုက်ပဲပေါ့။
ခြေထောက်ကိုဆန့်ထုတ်ပြီး စားပွဲခုံတန်းပေါ်တင်လိုက်လို့ရသလို အောက်မှာလျှောက်လှုပ်ရှားနေလို့လဲရတယ်၊တအားသက်သောင့်သက်တာရှိတာပဲ။
ဒါပေမယ့် ခုလောလောဆယ်တော့ ကျန့်ယောင်နေရာမှာပဲ သင့်တော်စွာထိုင်လိုက်သည်။
သူ့ခုံပေါ်မှာ ဘာမှကြည့်စရာမရှိတာကြောင့် ဘေးကခုံကိုလှမ်းကြည့်လိုက်သည်။
ခုံပေါ်မှာ textbook အသစ်တွေအများကြီး ပျံ့ကျဲနေကာ,လှန်လောထားတဲ့ အရာအနည်းငယ်ရှိသည်။
textbookတစ်အုပ်စီ၏အဖုံးမှာ လှပသေသပ်တဲ့လက်ရေးလေးဟာ ရှင်းလင်းစွာ ;
ရင်းချယ်
Grade Two Class (1)
ဝိုက်ကွင်းတွေရဲ့အကွေးတွေကအစ ဖြောင့်ဖြောင့်ဖြူးဖြူးနဲ့ လှပသေသပ်နေတာပင်။
ကျန့်ယောင် မနေနိုင်ပဲ မျက်ဝန်းတွေကို ဘေးခုံကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူဆီ အကြည့်ပို့မိ၏။
ရင်းချယ်က ဒီတစ်ခါတော့ ခေါင်းစွပ်မ၀တ်ပဲအိပ်နေတာပင်၊ ဒါကြောင့် သူ၏ခေါင်းဖွာဖွာလေးနှင့် သူ့ဘက်ကိုမျက်နှာချင်းဆိုင်အိပ်နေလေသည်။
ကြည့်ရတာ ပြတင်းပေါက်ဘက်က အလင်းရောင်စူးလို့ဖြစ်မည်။
သူ့အသားရေဟာ တောက်ပနေကာ နေရောင်ထဲမှာ ကြည်လင်နေသည်။
မျက်တောင်တွေကလည်း အရမ်းပင်ရှည်၏။
ကျန့်ယောင်တစ်ယောက် ညှို့ယူဖမ်းစားခံလိုက်ရသည်။
နူးနူးညံ့ညံ့နဲ့ omegaလေးတစ်ယောက်လိုပဲ
သူသာ လက်ချောင်းလေးနဲ့ တို့ကြည့်လိုက်လျှင် တစ်ဖက်လူမှာယုန်ပေါက်လေးတစ်ကောင်လို ညည်းသံလေးထွက်လာလိမ့်မလားလို့ တွေးနေမိသည်။
ထိုသူ့ကိုကြည့်နေမိသည်မှာ, စင်မြင့်ပေါ်ကဝူကောကျုံကမိန့်ခွန်းပြောပြီး စာရင်းသွင်းခြင်းလည်း ပြီးသွားပြီဖြစ်တာကြောင့် အားလုံးအိမ်ပြန်လို့ရပြီဖြစ်ကြောင်းတောင် ကြေငြာနေပြီ။
စာသင်ခန်းဟာ ဘက်ပေါင်းစုံမှလာသည့် လွယ်အိတ်သိမ်းသံ,နေ့လည်စာသွားစားဖို့တိုင်ပင်နေသံတွေ,ခုနကနားကွဲလောက်တဲ့အသံအပေါ်မကျေမနပ်ညည်းညူနေသံတွေနဲ့ တစ်ဖန်ပြန်လည်တက်ကြွဆူညံလာပြန်သည်။
ဤထောင့်တစ်နေရာလေးကပဲ ငြိမ်သက်နေကာ, အိပ်ပျော်နေသောကောင်လေးကတော့ အနှောင့်အယှက်မရှိပုံ။
အတန်းဖော်အသစ်တွေနဲ့ ရင်းရင်းနှီးနှီးခင်ခင်မင်မင်ဖြစ်ချင်တဲ့ အတွေးသန့်သန့်လေးနှင့်အတူ ကျန့်ယောင်အသာအယာချောင်းဟန့်လိုက်ပြီး လက်ကိုဆန့်ကာ,ယုန်ပေါက်လေးရဲ့ပါးကိုအသာလေးတို့ကြည့်လိုက်သည်။
ထင်ထားတဲ့အတိုင်းနူးညံ့နေတာပဲ
"အတန်းဖော်ရေ,အတန်းဆင်းချိန်ရောက်နေပြီ,မင်းထလို့ရ---"
စကားဆုံးအောင်မပြောလိုက်နိုင်ခင်မှာ သူထိုင်နေတဲ့ခုံဟာ ပြင်းပြင်းထန်ထန်လှုပ်ခါသွားပြီး,ခနအကြာမှာတော့,သူ့မျက်လုံးရှေ့မှာ မျက်နှာကျက်ကြီးလည်ထွက်သွားတာ တွေ့လိုက်ရသည်။
သူ့ခုံက အကန်ခံလိုက်ရပြီး သူဟာလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခြင်းပင်။
တစ်စက္ကန့်လောက် ကျန့်ယောင် ကြောင်အသွားသည်။
သူဆိုတဲ့သူကလေ,ကျန့်ယောင်ဆိုတဲ့သူကလေ,အကန်ခံလိုက်ရတာလား?
သူ့ကိုကြမ်းပြင်ပေါ်ကျအောင် ကန်ချလိုက်သည့် ဘေးခုံကသူငယ်ချင်းမှာတော့ ခုနကအနေအထားအတိုင်းပင်။
မျက်လုံးကိုအပြည့်အဝဖွင့်လာကာ,မျက်ဝန်းများက ခုနကလိုရဲနေတုန်း, သို့သော်လည်း ခုချိန်မှာတော့ အေးစက်တဲ့အမူရာတွေလည်းထင်ဟပ်နေပြန်သည်။
"မင်း သေချင်တာလား?"
--------------------------------------------------------------
The author has something to say :
ရင်းချယ် : မင်းဘာကြည့်နေတာလဲ?
ကျန့်ယောင် : မင်းကိုကြည့်နေတာ?
--------------------------------------------------------------
[Zawgyi]
"ခုစာသင္ႏွစ္မွာ ငါတို႔အတန္းထဲကို တစ္ေယာက္ေယာက္ေျပာင္းလာမယ္ၾကားတယ္!"
ဘယ္သူကေအာ္လိုက္တယ္ဆိုတာေတာ့ ေျပာဖို႔ခက္သည္။
အသံက သိပ္မက်ယ္ဘူးဆိုေသာ္ျငား ညင္သာေနတာမ်ိဳးလည္းမဟုတ္တာေၾကာင့္ ထိုအသံသည္စာသင္ခန္းထဲကေက်ာင္းသားေတြရဲ့အာ႐ုံစိုက္မွုကို မဆြဲေဆာင္နိုင္လိုက္။
အတန္းသစ္မစခင္တစ္ရက္အလို စာရင္းသြင္းသည့္ေန႔ျဖစ္ေသာေၾကာင့္ လူတိုင္းဟာ textbookစာအုပ္ယူဖို႔နဲ႔ assignmentထပ္ဖို႔ကိုပဲ အာ႐ုံေရာက္ေနၾကသည္။
အသံဟာ အခန္းထဲမွအသံမ်ားႏွင့္ အျပင္မွဆူဆူညံညံအသံမ်ားၾကားမွာ ဖုံးအုပ္သြားၿပီး အေရွ႕တန္းကလူအနည္းငယ္ေလာက္ကသာ ထိုစကားလုံးမ်ားကို ၾကားနိုင္ေပလိမ့္မည္။
ေက်ာင္းသူတစ္ေယာက္ေရာက္လာကာ ခုနစကားေျပာလိုက္ေသာသူ၏ခုံကို သူမ၏စာအုပ္အသစ္နဲ႔ရိုက္ခ်လိုက္ေလသည္။
"က်န္းခဲ့,နင့္သတင္းေတြ ဆယ္ခုမွာခုနစ္ခုေလာက္ကအျမဲမွားေနတဲ့ဟာ,မေတာ္နိုင္ေသးဘူးလား?"
က်န္းခဲ့ဆိုသူက သူ႔ရဲ့မ်က္လုံးေသးေသးေလးေတြနဲ႔ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း,
"ဒီတစ္ခါ,တကယ္အမွန္ပါဆို!"
အေရွ႕တန္းမွ အျခားသူမ်ားကလည္းစိတ္လွုပ္ရွားစရာၾကားေတာ့ စီေနသိမ္းေနဆဲစာအုပ္အသစ္ေတြကိုခ်ခဲ့ၿပီး ေခါင္းခ်င္းထပ္ေအာင္ ျပဳံတိုးလာၾကေတာ့သည္။
"ဒီသတင္းကို ဘယ္ကၾကားလာလို႔လဲ?ေသခ်ာလို႔လား?"
"အထက္တန္းဒုတိယႏွစ္မွာ ေက်ာင္းေျပာင္းလာတာဆိုေတာ့....တျခားေက်ာင္းမွာ၀င္ခြင့္မရလို႔မ်ားလားေနာ္?"
"နင့္ဟာကဘယ္လိုေမးခြန္းမ်ိဳးလဲ?အဓိကအခ်က္ကိုပဲအာ႐ုံစိုက္စမ္းပါ,သဘာ၀က်က် ငါတို႔ပထမဆုံးေမးရမွာ alphaလား omegaလား ဟမ္?"
"Oh please, ငါတို႔အတန္းထဲမွာ alphaနဲ႔omega ဘယ္ေလာက္နည္းလဲမျမင္ဘူးလား?ဒီလိုရွားရွားပါးပါး ပိုင္မုန႔္မ်ိဳးကို ေကာင္းကင္ေပၚကက်လာမယ္မ်ားထင္ေနလား?"
" Hey!အဲ့ဒါပဲ,အဲ့ဒီစကားပဲ,ကြက္တိမွန္တယ္!"
က်န္းခဲ့ဆိုသူက သူ႔ရဲ့မရွိတဲ့မ်က္မွန္ကိုထိန္းညႇိလိုက္ၿပီးဆန္းၾကယ္တဲ့ေလသံႏွင့္ေျပာသည္။
"ခုလိုခ်ိန္မွာ ငါတို႔အတန္းထဲကိုေသခ်ာေပါက္ပိုင္မုန္႔တစ္ခုက်လာလိမ့္မယ္"
[Grade 2႐ုံးခန္း]
"ဒါဆိုေကာင္းၿပီ,စာရင္းသြင္းျခင္းက အားလုံးၿပီးသြားၿပီဆိုေတာ့,ခနေနက်စာသင္ခန္းထဲသြားၿပီး မင္းရဲ့အတန္းေဖာ္သစ္ေတြနဲ႔ေတြ႕ရေအာင္ ငါ့ေနာက္ကလိုက္ခဲ့"
ဝူေကာက်ဳံသည္ စားပြဲေပၚကဖိုင္မ်ားကိုထပ္လိုက္ၿပီး ေဘးမွာရပ္ေနေသာ ေက်ာင္းသားဆီကိုေပးလိုက္သည္။ထိုသို႔ေပးလိုက္ၿပီး ေက်ာင္းသားအား အားေပးသည့္အေနျဖင့္ ပခုံးကိုပုတ္ဖို႔ျပင္လိုက္ေပမယ့္လည္း, သူလက္ေျမႇာက္လိုက္သည့္ခ်ိန္မွာပင္ ေက်ာင္းသားဟာ သူ႔ထက္အရပ္ရွည္ေနေသာေၾကာင့္, ပခုံးကိုလြယ္လြယ္နဲ႔မမွီပုံမရ။
သူ ရွက္ရွက္ႏွင့္ပဲလက္ကိုျပန္႐ုတ္လိုက္ရသည္။
"က်န႔္ေယာင္,ခုကစၿပီး မင္းက ငါတို႔ရဲ့အတန္းသားပဲဆိုေတာ့ အတန္းေဖာ္ေတြနဲ႔သင့္သင့္ျမတ္ျမတ္ေနဖို႔ေတာ့ အေရးႀကီးတယ္ေနာ္"
ေက်ာင္းသားက ျပဳံးရင္း,
"ဟုတ္ကဲ့ပါ,laoshi"
(laoshi-ဆရာ)
ထိုသို႔ေျပာလိုက္တဲ့သည့္အခ်ိန္တြင္ သြားေဖြးေဖြးေလးေတြကို ေတာက္ပစြာျမင္လိုက္ရ၏။
ေက်ာင္းသားက လိမ္လိမ္မာမာရွိတာျမင္၍ ဝူေကာက်ဳံ လည္း အနည္းငယ္ သက္သာရာရသြားေတာ့သည္။
စာသင္ႏွစ္၏ယခုလိုအခ်ိန္မ်ိဳးမွာ ေက်ာင္းေျပာင္းသည့္သူအမ်ားစုမွာ မ်ားေသာအားျဖင့္ ျပႆနာတစ္မ်ိဳးမ်ိဳးရွိၾကလို႔ပင္,အရင္ေက်ာင္းမွ ေက်ာင္းထုတ္လိုက္လို႔ျဖစ္ျဖစ္, မိသားစုထဲမွာမေမၽွာ္လင့္ထားသည့္ ကိစၥတစ္ရပ္ရပ္ေပၚလာလို႔ပဲျဖစ္ျဖစ္ေပါ့။
သို႔ေသာ္ က်န႔္ေယာင္ရဲ့မွတ္တမ္းေတြၾကည့္ရပုံေတာ့ ထိုကဲ့သို႔ေသာျပႆနာမ်ိဳးရွိပုံမရ၊
သို႔ေပသည့္ ထူးဆန္းတာတစ္ခုေတာ့ရွိေသးသည္....
"မင္းနဲ႔အတူ မင္းမိဘေတြပါမလာဘူးလား?"
"Mhm,သူတို႔က အလုပ္ရွုပ္ေနၾကလို႔ပါ,ၿပီးေတာ့ က်ေနာ့္အိမ္ကလည္းအရမ္းေဝးတယ္ေလ,အဲ့ဒါေၾကာင့္ က်ေနာ္သူတို႔ကို အဆင္မေျပမျဖစ္ေစခ်င္လို႔"
"ေအာ္...မင္းအရင္က Dong Cheng Eighth High Schoolတက္တာလို႔ငါေတြ႕လိုက္တယ္,အိမ္ကေရာ Dong Chengမွာပဲလား?"
(Dong Cheng ကၿမိဳ႕နာမည္ပါ)
"ဟုတ္ပါတယ္, laoshi"
"အေတာ္ေဝးတာပဲ,အေဆာင္အတြက္ေရာ ေလၽွာက္ထားၿပီးၿပီလား?"
"ေလၽွာက္ၿပီး အတန္းသစ္မစခင္ေရြ႕လာဖို႔ေတာ့လုပ္ထားပါတယ္,စိတ္ခ်ပါ က်ေနာ္ကိုယ့္ဘာကိုကိုင္တြယ္နိုင္ပါတယ္"
ဝူေကာက်ဳံက ေတာက္ပစြာေျပာလာသည္။
"ငါ့ကို စိတ္ခ်ေအာင္ေျပာတယ္....ဒီကေလး မင္းေတာ္ေတာ္ေတြးတတ္တာပဲ"
က်န႔္ေယာင္က ျပဳံးရင္းေခါင္းကို ေစာင္းလိုက္ေသးသည္၊
ၾကည့္ရသည္မွာ အနည္းငယ္ရွက္သြားသေယာင္။
နဖူးထက္က သူ႔၏အနည္းငယ္ရွည္ေနသည့္ဆံပင္မွာ ညြတ္က်ေနၿပီး မ်က္လုံးကိုပင္ လုံးလုံးလ်ားလ်ားဖုံးအုပ္ေနေခ်ၿပီ။
အဂၤလိပ္ဆရာမ ရႊိေပ့နီသည္ assignmentမ်ားေကာက္လာကာ ေနာက္မွအိမ္စာစာရြက္ကူသယ္ေပးသည့္ ေက်ာင္းသားသုံးေလးဦးႏွင့္အတူ ျပန္လာရင္း လွည့္အၾကည့္မွာ ဝူေကာက်ဳံ၏ေဘးကေက်ာင္းသားသစ္ကိုသတိထားမိသြားေတာ့ အျပဳံးေလးႏွင့္ေမးလာသည္။
"ေလာင္ဝူ,ဒါရွင့္အတန္းက ေက်ာင္းသားလား?အရင္ကမေတြ႕ဖူးပါဘူး"
ဝူေကာက်ဳံက ပုံမွန္ပဲ ျပန္ေျဖလိုက္သည္။
"သူက အတန္းကိုေျပာင္းလာတဲ့ေက်ာင္းသားသစ္ေလ, alphaတစ္ေယာက္ေပါ့ "
ထိုစကားၾကားေတာ့ စာရြက္ေတြခုံေပၚထပ္ေနတဲ့ေက်ာင္းသားတစ္စုက မ်က္၀န္းလက္လက္ေတြနဲ႔ ခ်က္ခ်င္း လွမ္းၾကည့္ကာ ဝူေကာက်ဳံရဲ့ေဘးကတစ္ေယာက္ကို အကဲခတ္ေလသည္။
အတန္းေဖာ္သစ္ကိုၾကည့္ၿပီးေနာက္ သူတို႔စိတ္၀င္စားမွုေလ်ာ့သြားကာ အၾကည့္ေတြကိုျပန္သိမ္းလိုက္ရင္း အိမ္စာေတြဆက္စီေလသည္။
alphaေတြဟာ အေကာင္းဆုံးအရည္ခ်င္းေတြကို ပိုင္ဆိုင္ၾကသည္တဲ့။
သူတို႔ထဲက အမ်ားစုဟာ ပုံပန္းသြင္ျပင္မွာသာလြန္ၿပီး သိပ္သည္းေပါမ်ားတဲ့ pheromoneေတြပိုင္ဆိုင္ၾကသည္၊ ထိုအရာေတြထက္အဓိကမွာ အေရအတြက္မွာ အရမ္းရွားပါးတာေၾကာင့္ သူတို႔ေတြဟာပုံမွန္အားျဖင့္ အရမ္းေက်ာ္ၾကားၾကသည္။
သို႔ေသာ္လည္း သာမေညာင္ညအရည္ခ်င္းႏွင့္အခ်ိဳ႕ alphaမ်ားလည္းရွိသည္၊
သာမန္ betaတစ္ေယာက္ႏွင့္ ဘာမွသိပ္မကြာလွတာမ်ိဳးေပါ့။
႐ုပ္ရည္သြင္ျပင္အရေတာ့ က်န႔္ေယာင္ဟာ ေနာက္ကတစ္ခုလိုမ်ိဳးဆိုတာ ရွင္းေနတာပဲေပါ့၊။
"ဝါး,ေက်ာင္းေျပာင္းလာတဲ့ေက်ာင္းသားသစ္လား?"
ရႊိေပ့နီသည္ စာသင္လာတာ ငါးႏွစ္ေျခာက္ႏွစ္ေလာက္ပဲရွိေသးတာျဖစ္ၿပီး ခုထိေျပာင္းလာတဲ့ေက်ာင္းသားကိုမျမင္ဖူးေသးတာေၾကာင့္ သိခ်င္စြာနဲ႔ေမးၾကည့္မိသည္။
"အရင္က ဘယ္ေက်ာင္းကလဲ?"
"Dong Cheng Eighth High Schoolကတဲ့"
ဝူေကာက်ဳံ ျပန္ေျဖလိုက္သည္။
"က်န္႔ေယာင္ ,ဒါက အဂၤလိပ္ဆရာမ,ရႊိ laoshi"
က်န္႔ေယာင္ ကိုယ္ကိုကိုင္းလိုက္ၿပီး,
"မဂၤလာပါ,ရႊိ laoshi"
"အိုင္း,မဂၤလာပါကြယ္"
ရႊိေပနီက ျပဳံးရင္း
"Eighth High Schoolက တစ္ၿမိဳ႕လုံးမွာအေကာင္းဆုံးေက်ာင္းတစ္ေက်ာင္းပဲကို ဘာလို႔ေျပာင္းလာရတာလဲ?"
"laoshi,အရမ္းယဥ္ေက်းလြန္းေနပါၿပီ,First Highကလည္း အေကာင္းဆုံးေက်ာင္းတစ္ေက်ာင္းပါ"
က်န္႔ေယာင္က အျပဳံးေလးနဲ႔ျပန္ေျဖသည္။
Xi Cheng First Highႏွင့္ Dong Cheng Eighth Highဟာ တစ္ၿမိဳ႕လုံးကေက်ာင္းေတြအားလုံးထဲမွာ 'နံပါတ္တစ္'နဲ႔ 'နံပါတ္ႏွစ္'ေက်ာင္းေတြပင္။
ႏွစ္တိုင္းႏွစ္တိုင္း ေကာလိပ္၀င္ခြင့္စာေမးပြဲေတြမွာဆိုလည္း ရလဒ္ေတြကသိပ္မကြာလွ။
'နံပါတ္တစ္ေက်ာင္း'ဆိုသည့္အရိုက္အရာကိုတစ္လွည့္စီယူေနၾကၿပီး 'ညီအကို'ေက်ာင္းမ်ားဟုေတာင္ဂုဏ္သတင္းရွိေသးသည္။
ဒီႏွစ္ေတာ့ အရွုံးကိုငါလက္ခံလိုက္မယ္,ေနာက္ႏွစ္က် မင္းကိုငါ့ေျခေထာက္ေအာက္မွာ ခ်နင္းျပမယ္ဆိုတာမ်ိဳး - ဒီလို 'ညီအကိုေကာင္း'ေတြဟာ ဒီလိုမ်ိဳးပဲ ႏွစ္တိုင္း အခ်င္းခ်င္းသတ္ခ်င္ေနၾကတာမ်ိဳးပင္။
ဒီေန႔ထိ ေက်ာင္းႏွစ္ေက်ာင္းၾကားမွာ ရွင္းရွင္းလင္းလင္း မည္သူကေအာင္ျမင္တယ္ဆိုတာမ်ိဳးမရွိေသးေပ။
က်န္႔ေယာင္ကား Eighth Highကေနေျပာင္းလာသည္ဆိုကတည္းက သူ႔အဆင့္ေတြမွာ သူတို႔ထက္ေတာ့ဆိုးမွာမဟုတ္ေခ်။
သူမ၏ အေမးကို ေရွာင္တိမ္းလိုက္တာျမင္ေတာ့ ရႊိေပ့နီဟာလည္း ထပ္ေမးဖို႔အစီစဥ္မရွိေတာ့။
သာမန္စကားနည္းနည္းေလာက္ေျပာကာ အိမ္စာေတြစစ္ဖို႔ေက်ာင္းသားေတြဆီ ဦးတည္သြားေတာ့သည္။
ဝူေကာက်ဳံ နာရီကိုၾကည့္လိုက္ေတာ့ အခ်ိန္ကက်ေတာ့မည္။
"textbookေတြအကုန္ရၿပီးကုန္ေလာက္ၿပီ,အတန္းဆီကိုသြားၾကရေအာင္"
"ဟုတ္ကဲ့"
က်န္႔ေယာင္ လြယ္အိတ္(ေက်ာပိုးအိတ္)ကိုေကာက္လြယ္ကာ သိုင္းႀကိဳးကိုညႇိလိုက္သည္။
သူေခါင္းငုံ႔လိုက္ခ်ိန္တြက္ ကိုင္းအနက္ေရာင္မ်က္မွန္ေလးက ေလၽွာက်သြားကာ ႏွာတံရဲ့အလယ္ကိုတင္သြား၏။
"က်စ္..''
သူ လက္ခလယ္နဲ႔ မ်က္မွန္ကိုျပန္တင္လိုက္သည္။
ခုနကထက္စာရင္ ေရွ႕တန္းမွာလူေတြပိုမ်ားေနသည္။
က်န္းခဲ့က ေျခတစ္ဖက္ေပၚတစ္ဖက္ခ်ိတ္ထိုင္ထားရင္း အားလုံးဆီကအာ႐ုံစိုက္မွုေတြကို ခံယူေနေလသည္ ။
သူ႔၏ပိန္းပိန္းပါးပါးကိုယ္ဟာ ေျဖာင့္မတ္ေနၿပီး လက္ထဲမွာလည္းစာအုပ္တစ္အုပ္ကိုလိပ္ကိုင္ထားကာ,စကားတစ္ခြန္းေျပာလိုက္လက္ဖဝါးကိုရိုက္လိုက္ႏွင့္လုပ္ေနသည္မွာ ေရွးတုန္းကပုံျပင္ေျပာသူအတိုင္းပင္။
"သတင္းက တကယ္အမွန္ေနာ္!ငါခုနမွ chemistryဆရာဆီ assignment သြားထပ္တုန္းက ေလာင္ဝူက သူ႔ေဘးကခပ္ထြားထြားခပ္ရွည္ရွည္ အိုးအိုး အရပ္ကလည္း အနည္းဆုံးေတာ့ 185cm ေလာက္ရွိတယ္,ေလာင္ဝူက သူ႔ကိုပုတ္ေနတာေတြ႕လိုက္တယ္ ,သူနဲ႔ယွဥ္ေတာ့ ေလာင္ဝူကမူလတန္းေက်ာင္းသားေလးက်ေနတာပဲ ဟားဟားဟားဟား...."
သူ႔ရဲ့ေဘးမွာေတာ့ class 1ရဲ့အတန္းေမာ္နီတာ ခ်န္ရင္းရင္းက ေျခေထာက္ကိုေျမႇာက္ၿပီး သူ႔စားပြဲကိုကန္ကာ,
"ေသာက္ေရးမပါတာေတြေတာ္လိုက္ေတာ့,သူက alpha ဟုတ္လားမဟုတ္ဘူးလား ေခ်ာလားမေခ်ာဘူးလားပဲေျပာ"
"အိုက္ယိုး!ဒီမွာ အေဒၚႀကီး, အရမ္းျဖစ္ပ်က္မေနပါနဲ႔ ,ဒီလိုအရပ္ရွည္ႀကီးနဲ႔ alphaမဟုတ္လို႔ ဘာျဖစ္နိုင္မွာတုန္း?သူ႔မ်က္ႏွာကို ေရွ႕ကေနေတာ့မျမင္လိုက္ရဘူး,ဒါမယ့္ေနာက္ကၾကည့္ရသေလာက္ေတာ့ အဲ့လိုကိုယ္ထည္မ်ိဳးနဲ႔ဆို .....အျပင္းစား Aပဲျဖစ္ရမယ္!"
(A-alphaျဖစ္မယ္)
"အိုး,အဲ့လိုဆို မင္းကေနာက္ကေနပဲျမင္လိုက္ရတာေပ့ါ?"
Class 1မွ ေနာက္ထပ္ alphaတစ္ေယာက္ျဖစ္သည့္ ဟန္မုန႔္က သေရာ္လိုက္ၿပီး, သူ႔ရဲ့ဆံပင္ကိုသပ္ကာ,
"ငါ့လိုေခ်ာေမာတဲ့သူတစ္ေယာက္......ထားလိုက္ေတာ့,သူေခ်ာသည္ျဖစ္ေစ မေခ်ာသည္ျဖစ္ေစ အထက္တန္းေက်ာင္းရဲ့ Number One Handsome Guyဆိုတဲ့ဂုဏ္ပုဒ္ကိုေတာ့ ငါ့ဆီကဘယ္သူမွယူနိုင္မွာမဟုတ္ဘူး"
ခ်န္ရင္းရင္း မ်က္လုံးလွန္လိုက္ၿပီး,
"နင္တစ္ေယာက္ပဲနင့္ကိုယ္နင္လွတယ္ထင္ေနတာ,ဘယ္ omegaကမ်ား အဲ့လိုေတြးလို႔လဲ?"
ဟန္မုန႔္ ေဒါသတႀကီးနဲ႔ သူမကို lanhuazhiနဲ႔ထိုးရင္း,
"ခ်န္ရင္းရင္း လြန္မလာနဲ႔ေနာ္!"
(lanhuazhi ဆိုတာ လက္မနဲ႔လက္ခလယ္ကိုထိၿပီး က်န္သုံးေခ်ာင္းက ဆန႔္ထားတာကိုေျပာတာပါ၊ယဥ္ေက်းၿပီး မိန္းမဆန္တဲ့ပုံစံမ်ိဴးပါ)
အတန္းထဲက လူေတာ္ေတာ္မ်ားမ်ားဟာ textbookေတြေဝၿပီးတာေၾကာင့္ ဆရာအခ်ိန္မေရြး၀င္လာနိုင္တယ္ဆိုတာသိၾကတယ္။
ဒါ့ေၾကာင့္ပဲ အတန္းထဲက စကားေျပာသံေတြကတိုးသထက္တိုးလာတာေၾကာင့္,ဟန္မုန္႔ရဲ့ေအာ္သံႀကီးက က်န္းခဲ့ရဲ့စကားသံေတြထက္ အဆေပါင္းမ်ားစြာက်ယ္သြားကာ,အတန္းထဲကသူအားလုံးပင္ၾကားရသည္။
အတန္းထဲမွေနာက္ဆုံးတန္း,ျပတင္းေပါက္ရဲ့ေဘးတစ္ေနရာမွာေတာ့ လက္ေပၚေမွာက္အိပ္ေနတဲ့ေကာင္ေလးတစ္ေယာက္ အနည္းငယ္လွုပ္ရြလာသည္။
"အသံကိုတိုးတိုးေျပာကြ!"
က်န္းခဲ့က သူ႔အသံကိုႏွိမ့္လိုက္ၿပီး,
"တစ္စုံတစ္ေယာက္ကို သြားမႏွိုးမိေစနဲ႔!"
"ငါသိတယ္,ငါသိပါတယ္,ခုနေလးကသတိမထားမိလိုက္လို႔ပါ...."
အားလုံးက စကၠန္႔အနည္းငယ္ ၿငိမ္သက္တိတ္ဆိတ္သြားသည္။
"ေလာင္ဝူေရာက္လာသင့္ၿပီမဟုတ္ဘူးလား?"
ခ်န္ရင္းရင္းေမးသည္။
သူမေျပာၿပီးၿပီးခ်င္းပဲ တံခါးကေန အသံထြက္လာသည္။
"ေက်ာင္းသားတို႔ေရ! မေတြ႕ရတာၾကာၿပီ!"
ဝူေကာက်ဳံဟာ ပုံမွန္ဆို ညင္သာေအးေဆးတဲ့အသံေလးနဲ႔ေျပာေပမယ့္ စင္ျမင့္ေပၚေရာက္သည္ႏွင့္တစ္ၿပိဳင္နက္ ခ်က္ခ်င္း တက္ႂကြထက္သန္လာၿပီး, အသံဟာလည္းေခါင္းေလာင္းတစ္လုံးလိုပဲ, နားကန္းေလာက္တဲ့အထိကိုက်ယ္ေလသည္။
ခ်န္ရင္းရင္း သူမရဲ့လန္႔ဖ်ပ္သြားတဲ့ႏွလုံးသားေလးကို ရင္ဘတ္ေပၚကေန တဖ်တ္ဖ်တ္ပုတ္ရင္း ကိုယ့္ေနရာကိုျပန္ထိုင္လိုက္သည္။
"ဒီရက္ေတြမွာ ငါေတာ့ေလာင္ဝူေၾကာင့္လန္႔လို႔ေသေတာ့မယ္ထင္တယ္..."
က်န္တဲ့ေက်ာင္းသားေတြလည္း တစ္ေယာက္ၿပီးတစ္ေယာက္ထိုင္သြားၾကၿပီး စာသင္ခန္းေလးက ခ်က္ခ်င္းပဲ ၿငိမ္သက္ေအးခ်မ္းသြားတယ္။
ဝူေကာက်ဳံရဲ့ေနာက္ကလိုက္လာသူကေတာ့ အရပ္ရွည္ႀကီးႏွင့္ေက်ာင္းသားတစ္ေယာက္။
ေက်ာင္းသားဟာ ေခါင္းကိုငုံ႔ထားေလသည္။
သူ႔၏ေရွ႕ဆံၿမိတ္မွာရွည္လြန္းတာေၾကာင့္ မ်က္လုံးကိုေတာင္ေထာက္ေနၿပီး ႐ုပ္ကိုေသခ်ာေတာ့မျမင္ရ။
သူ႔၏ကိုင္းအနက္ႏွင့္ပုံတုံးတုံးမ်က္မွန္ဟာ မြဲတဲတဲနဲ႔ထူထူႀကီးျဖစ္ေနကာ,မ်က္ႏွာတစ္ဝက္ေလာက္ကိုဖုံးေနေလသည္။
alphaတစ္ေယာက္၏ စိတ္ဝိဉာဥ္မ်ိဳးနည္းနည္းမွကို မေတြ႕ရ။
ေက်ာင္းသားမ်ား၏ သိခ်င္စိတ္တစ္ဝက္ စိတ္လွုပ္ရွားမွုတစ္ဝက္ဟာ ခ်က္ခ်င္း ေပ်ာက္ကြယ္သြားသည္။
ဒီလိုႀကီးလား?
"ေက်ာင္းသားအားလုံး ေပ်ာ္ရႊင္စရာစာသင္ႏွစ္သစ္ပါ"
ဝူေကာက်ဳံက ရယ္ရင္းေျပာသည္။
"တျခားကိစၥေတြကေတာ့ ေနာက္မွေျပာၾကတာေပါ့,ပထမဆုံးေတာ့ မိတ္ဆက္ၾကရေအာင္,ဒီမွာ ငါတို႔အတန္းအတြက္ အတန္းေဖာ္အသစ္တစ္ေယာက္ရွိတယ္,အားလုံးခုလို အတူဆုံရတာေရစက္ေပါ့,လာ အားလုံးအတန္းေဖာ္သစ္ကို ေႏြးေႏြးေထြးေထြးႀကိဳဆိုလိုက္ၾကရေအာင္"
ပူးေပါင္းပါ၀င္စြာပဲ စင္ျမင့္ေရွ႕မွ တစ္ေယာက္က လက္ခုပ္တီးလာသည္။
"က်န္႔ေယာင္,ကိုယ့္ကိုယ္ကိုမိတ္ဆက္လိုက္ပါဦး"
''ဟုတ္ကဲ့ပါ, laoshi"
က်န႔္ေယာင္ ျပဳံးလိုက္ၿပီး,
"အားလုံးပဲ,က်ေနာ္နာမည္က က်န႔္ေယာင္ပါ"
သူကား လွည့္ကာ ေက်ာက္သင္ပုန္းခြက္ထဲက ေျမျဖဴတစ္ေခ်ာင္းယူလိုက္ကာ,ေက်ာက္သင္ပုန္းေပၚမွာ စာလုံးႏွစ္လုံး ေပ့ါေပ့ါပါးပါးလြယ္လြယ္ကူကူ သဘာ၀က်တဲ့စာလုံးဆက္ပုံစံႏွင့္ ခ်ေရးလိုက္သည္.....
စာလုံးေတြဟာေတာ့ တကယ့္ကို စိတ္ပ်က္ဖြယ္လိလိျမင္ကြင္း။
က်န္းခဲ့ ပါးစပ္ကိုအုပ္ရင္း အသံထြက္လာသည္၊
"ေသာက္က်ိဳးနည္း....ဒီေသာက္က်ိဳးနည္းလက္ေရးနဲ႔ေတာ့ ငါ့ထက္ေတာင္ဆိုးေသးတယ္..."
''အဟမ္း အဟမ္း"
ခ်န္ရင္းရင္း ႏွစ္ခါေခ်ာင္းဟန္႔လိုက္၏။
က်န္႔ေယာင္ကေတာ့ ဒါကိုၾကားပုံမရ,ဆက္ေျပာေလသည္။
''မင္းတို႔အားလုံးလည္း ျမင္တဲ့အတိုင္း က်ေနာ္က alphaတစ္ေယာက္ပါ"
အေနာက္တန္းက ဟန္မုန္႔က ႏွာေခါင္းရွုံ႔လိုက္ၿပီး,
"ငါေတာ့ မျမင္ေပါင္"
သူက ညင္ညင္သာသာေလးေျပာလိုက္တာေၾကာင့္ သူ႔ေဘးကအတူထိုင္တဲ့သူကပဲ ၾကားနိုင္တယ္။
ထိုသူက ရယ္ရင္းသူ႔ကို တိတ္တိတ္ေလးလက္မေထာင္ျပကာ,
"တကယ္ သူကမင္းနဲ႔နည္းနည္းေလးမွကိုမတူဘူး"
"အေႏွာင့္ယွက္ေကာင္,ထြက္သြားစမ္း"
"က်ေနာ္သေဘာက်တဲ့အရာေတြကေတာ့ က်ယ္ျပန႔္ပါတယ္,ဥပမာ,donghuaၾကည့္တာမ်ိဳးတို႔,ဇာတ္ကားေတြၾကည့္တာမ်ိဳး, novelေတြဖတ္တာမ်ိဳး.....အမ်ားနဲ႔အနည္းေတာ့ ဒီလိုအရာမ်ိဳးေတြပါပဲ"
ဝူေကာက်ဳံ ၀င္ေျပာလိုက္သည္။
"မင္းႀကိဳက္ႏွစ္သက္တဲ့အားကစားမ်ိဳးေရာ?"
ထုံးစံအတိုင္းဆို မ်ားေသာအားျဖင့္alphaေတြဟာ အားကစားေတြကိုသေဘာက်ၾကသည္ေလ၊
ထို႔ေၾကာင့္လည္း က်န႔္ေယာင္ကို အတန္းထဲက alphaအုပ္စုႏွင့္ပူးေပါင္းပါဝင္ေစခ်င္တာေၾကာင့္ ေမးလိုက္ျခင္းပင္။
''မႀကိဳက္ဘူး,က်ေနာ္အဲ့လိုအားကစားေတြေတာ့ သိပ္မႀကိဳက္ဘူး"
က်န႔္ေယာင္ ျပန္ေျပာသည္။
"အဲ့ဒါထက္ အိမ္မွာပဲ ထိုင္ေနရတာပိုႀကိဳက္တယ္"
ဝူေကာက်ဳံမွာ ကူကယ္ရာမဲ့စြာ အေျခေနေတြကိုတိုးတက္ေစဖို႔ရာ မစြမ္းသာေတာ့၊။
"ဟုတ္ၿပီ,ဒါဆိုလည္း က်န႔္ေယာင္ကို ဆရာတို႔ Class 1မိသားစုကေန ထပ္ၿပီးေႏြးေထြးစြာႀကိဳဆိုပါတယ္,အားလုံး သူ႔ကိုဂ႐ုစိုက္ေပးၾကပါဦးေနာ္"
လက္ခုပ္တီးသံေတြဟာ မတိုင္ခင္ကေလာက္ေတာ့ စိတ္အားထက္သန္မေနေတာ့ေပ။
ဝူေကာက်ဳံ ထိုင္ခုံဇယားကိငုံ႔ၾကည့္လိုက္ကာ,
"အတန္းထဲမွာ တစ္ေနရာပဲ အလြတ္က်န္ေတာ့တာလား?အဲ့လိုဆိုလည္း က်န႔္ေယာင္, ျပတင္းေပါက္ေဘးကေနာက္ဆုံးတန္းမွာပဲသြားထိုင္လိုက္ေတာ့,ဘာပဲျဖစ္ျဖစ္ မင္းကအရပ္ရွည္တာဆိုေတာ့.....ေဟး!ရင္းခ်ယ္ မင္းကဘာကိစၥအိပ္ေနရတာလဲ?ထစမ္း!''
က်န္းခဲ့က ခ်န္ရင္းရင္းဆီကို ပါးစပ္လွုပ္ျပတယ္: fuck?
အားလုံးရဲ့အၾကည့္ဦးတည္ရာအတိုင္း က်န္႔ေယာင္လိုက္ၾကည့္လိုက္ေတာ့ ေထာင့္နားမွာ, သူ၀င္လာကတည္းက ေမွာက္အိပ္ေနတဲ့တစ္ေယာက္ဟာ ေနာက္ဆုံးေတာ့ လွုပ္လာေခ်ၿပီ။
ေကာင္ေလးက အျဖဴေရာင္ hoodieေလး၀တ္ထားၿပီး ေခါင္းကိုလည္းေခါင္းစြပ္နဲ႔အုပ္ထားေသးသည္။
သူက လက္ကိုေခါင္းအုံးၿပီးအိပ္ေနတာပင္။
ဝူေကာက်ဳံရဲ့က်ယ္ေလာင္စူးရွသည့္အသံႏွင့္ သူ႔ကိုေခၚလိူက္သံၾကားေတာ့ ျဖည္းျဖည္းခ်င္းေခါင္းေထာင္လာေလသည္။
ေခါင္းစြပ္ကိုခၽြတ္လိုက္သည့္အခိုက္ ဖြာလန္ရွုပ္ပြေနသည့္ဆံပင္ေလးေတြေပၚလာေလသည္၊
အခ်ိဳ႕ဆံႏြယ္ေလးေတြမွာ အထက္ကိုထိုးထိုးေထာင္ေထာင္နဲ႔ antenna(ဦးမွင္)ေလးေတြႏွင့္ပင္ အလားတူေနသည္။
ပုံစံေလးက ၾကည့္ရတာကေလးကလားနဲ႔ ခ်စ္စရာေလး။
သို႔ေပသည့္ အေၾကာင္းရင္းတစ္ခ်ိဳ႕ေၾကာင့္ ထင္,ေဘးနားကမည္သူကမွ သူ၏ပုံစံကိုပ်က္ရယ္မျပဳၾကေပ။
ဒီအတန္းက ေတာ္ေတာ္ေဖာ္ေရြၿပီး ၾကင္နာသေဘာေကာင္းတာပဲ
က်န႔္ေယာင္ေတြးလိုက္မိသည္။
"Um...."
ခုမွနိုးလာသူရဲ့အသံဟာ တိုးေဖ်ာ့ေဖ်ာ့ေလးျဖစ္ၿပီးေလယူေလသိမ္းဟာလည္း ညင္ညင္သာသာေလး။
သူ၏မ်က္ႏွာအမူအရာမွာေတာ့ အိပ္ခ်င္မူးတူးျဖစ္ေနပုံ။
မ်က္လုံးကိုျဖည္းျဖည္းခ်င္းဖြင့္လာခ်ိန္ မ်က္၀န္းေတြဟာ ရဲရဲနီေနသည္။
သူက ယုန္ေပါက္ေလးတစ္ေကာင္နဲ႔တူေလတယ္
ျမင္ကြင္းက လူကိုအလိုလိုက္ေပးခ်င္ေအာင္ ခ်စ္ေပးခ်င္ေအာင္ ေတာင္းခံေနသလိုပင္။
"တက္တက္ႂကြႂကြေနစမ္းပါ,စာသင္ႏွစ္အစကတည္းက ႏုံးေခြမေနနဲ႔ေလ,လူငယ္ေလးရဲ့!အားနဲ႔မာန္နဲ႔ေနလိုက္စမ္းပါ!"
"Hmm....."
ရင္းခ်ယ္ဟာ ေခါင္းငုံ႔ထားၿပီး ေနာင္တရေနသေယာင္။
ဝူေကာက်ဳံ သက္ျပင္းခ်လိုက္ၿပီး,
"က်န႔္ေယာင္,သြား အရင္သြားထိုင္ေခ်"
"ဟုတ္ကဲ့ပါ, laoshi"
က်န႔္ေယာင္ ေနာက္ဆုံးတန္းေရာက္ေတာ့ ဝူေကာက်ဳံက စာသင္ႏွစ္အသစ္စရဲ့ပထမဆုံးမိန႔္ခြန္းကိုစေျပာေနၿပီျဖစ္သည္။
"အထက္တန္းဒုတိယႏွစ္ကအရမ္းအေရးႀကီးတဲ့ႏွစ္ပဲ, မင္းတို႔ေက်ာင္းသားေတြ သတိထားၿပီးအာ႐ုံစိုက္မွျဖစ္မယ္"
ထိုစကားေတြဟာ ပထမႏွစ္တုန္းကလည္း ႀကိဳးစားခ်င္စိတ္ရွိေအာင္သူေျပာျပခဲ့သည့္ စကားေတြႏွင့္တစ္ေထရာတည္း၊
ဘာသာရပ္နဲ႔ရသစာေပဆရာတစ္ေယာက္၏ လိုတာထက္ပိုတဲ့ေနသည့္ ေဖာ္ျပခ်က္ေတြႏွင့္အတူ, သူ႔၏
အသံေနအသံထားမွာ နိမ့္လိုက္ျမင့္လိုက္ႏွင့္, ေဇာေတြမာန္ေတြအျပည့္,သူ၏အသံက်ယ္က်ယ္မွာ အခန္းတစ္ခုလုံးျပည့္ေနၿပီး အသံတိုးေလးေတြအားလုံးကို လႊမ္းျခဳံပစ္ေလသည္။
က်န႔္ေယာင္ လြယ္အိတ္ကိုေဘးခ်လိုက္ကာ သူ႔စားပြဲမွာဘာမွမရွိတာေတြ႕ေတာ့, ေဘးခုံကသူကို စာအုပ္ဘယ္မွာသြားယူရမလဲလို႔ေမးလိုက္ခ်င္ေပမယ့္, သူလွည့္ၾကည့္ခ်ိန္မွာ ထိုသူဟာ ထပ္ၿပီးအိပ္ေပ်ာ္ေနၿပီျဖစ္ေၾကာင္းေတြ႕လိုက္ရသည္။
အအိပ္မက္တဲ့ယုန္ေပါက္ေလးလား
ေနာက္ဆုံးတန္းမွာ ေနရာေတာ္ေတာ္က်ယ္ေတာ့ သူ႔လိုအရပ္ရွည္တဲ့သူအတြက္အႀကိဳက္ပဲေပါ့။
ေျခေထာက္ကိုဆန႔္ထုတ္ၿပီး စားပြဲခုံတန္းေပၚတင္လိုက္လို႔ရသလို ေအာက္မွာေလၽွာက္လွုပ္ရွားေနလို႔လဲရတယ္၊တအားသက္ေသာင့္သက္တာရွိတာပဲ။
ဒါေပမယ့္ ခုေလာေလာဆယ္ေတာ့ က်န႔္ေယာင္ေနရာမွာပဲ သင့္ေတာ္စြာထိုင္လိုက္သည္။
သူ႔ခုံေပၚမွာ ဘာမွၾကည့္စရာမရွိတာေၾကာင့္ ေဘးကခုံကိုလွမ္းၾကည့္လိုက္သည္။
ခုံေပၚမွာ textbook အသစ္ေတြအမ်ားႀကီး ပ်ံ႕က်ဲေနကာ,လွန္ေလာထားတဲ့ အရာအနည္းငယ္ရွိသည္။
textbookတစ္အုပ္စီ၏အဖုံးမွာ လွပေသသပ္တဲ့လက္ေရးေလးဟာ ရွင္းလင္းစြာ ;
ရင္းခ်ယ္
Grade Two Class (1)
ဝိုက္ကြင္းေတြရဲ့အေကြးေတြကအစ ေျဖာင့္ေျဖာင့္ျဖဴးျဖဴးနဲ႔ လွပေသသပ္ေနတာပင္။
က်န႔္ေယာင္ မေနနိုင္ပဲ မ်က္ဝန္းေတြကို ေဘးခုံကႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနသူဆီ အၾကည့္ပို႔မိ၏။
ရင္းခ်ယ္က ဒီတစ္ခါေတာ့ ေခါင္းစြပ္မ၀တ္ပဲအိပ္ေနတာပင္၊ ဒါေၾကာင့္ သူ၏ေခါင္းဖြာဖြာေလးႏွင့္ သူ႔ဘက္ကိုမ်က္ႏွာခ်င္းဆိုင္အိပ္ေနေလသည္။
ၾကည့္ရတာ ျပတင္းေပါက္ဘက္က အလင္းေရာင္စူးလို႔ျဖစ္မည္။
သူ႔အသားေရဟာ ေတာက္ပေနကာ ေနေရာင္ထဲမွာ ၾကည္လင္ေနသည္။
မ်က္ေတာင္ေတြကလည္း အရမ္းပင္ရွည္၏။
က်န႔္ေယာင္တစ္ေယာက္ ညႇို႔ယူဖမ္းစားခံလိုက္ရသည္။
ႏူးႏူးညံ့ညံ့နဲ႔ omegaေလးတစ္ေယာက္လိုပဲ
သူသာ လက္ေခ်ာင္းေလးနဲ႔ တို႔ၾကည့္လိုက္လၽွင္ တစ္ဖက္လူမွာယုန္ေပါက္ေလးတစ္ေကာင္လို ညည္းသံေလးထြက္လာလိမ့္မလားလို႔ ေတြးေနမိသည္။
ထိုသူ႔ကိုၾကည့္ေနမိသည္မွာ, စင္ျမင့္ေပၚကဝူေကာက်ဳံကမိန႔္ခြန္းေျပာၿပီး စာရင္းသြင္းျခင္းလည္း ၿပီးသြားၿပီျဖစ္တာေၾကာင့္ အားလုံးအိမ္ျပန္လို႔ရၿပီျဖစ္ေၾကာင္းေတာင္ ေၾကျငာေနၿပီ။
စာသင္ခန္းဟာ ဘက္ေပါင္းစုံမွလာသည့္ လြယ္အိတ္သိမ္းသံ,ေန႔လည္စာသြားစားဖို႔တိုင္ပင္ေနသံေတြ,ခုနကနားကြဲေလာက္တဲ့အသံအေပၚမေက်မနပ္ညည္းညဴေနသံေတြနဲ႔ တစ္ဖန္ျပန္လည္တက္ႂကြဆူညံလာျပန္သည္။
ဤေထာင့္တစ္ေနရာေလးကပဲ ၿငိမ္သက္ေနကာ, အိပ္ေပ်ာ္ေနေသာေကာင္ေလးကေတာ့ အေႏွာင့္အယွက္မရွိပုံ။
အတန္းေဖာ္အသစ္ေတြနဲ႔ ရင္းရင္းႏွီးႏွီးခင္ခင္မင္မင္ျဖစ္ခ်င္တဲ့ အေတြးသန႔္သန႔္ေလးႏွင့္အတူ က်န႔္ေယာင္အသာအယာေခ်ာင္းဟန႔္လိုက္ၿပီး လက္ကိုဆန႔္ကာ,ယုန္ေပါက္ေလးရဲ့ပါးကိုအသာေလးတို႔ၾကည့္လိုက္သည္။
ထင္ထားတဲ့အတိုင္းႏူးညံ့ေနတာပဲ
"အတန္းေဖာ္ေရ,အတန္းဆင္းခ်ိန္ေရာက္ေနၿပီ,မင္းထလို႔ရ---"
စကားဆုံးေအာင္မေျပာလိုက္နိုင္ခင္မွာ သူထိုင္ေနတဲ့ခုံဟာ ျပင္းျပင္းထန္ထန္လွုပ္ခါသြားၿပီး,ခနအၾကာမွာေတာ့,သူ႔မ်က္လုံးေရွ႕မွာ မ်က္ႏွာက်က္ႀကီးလည္ထြက္သြားတာ ေတြ႕လိုက္ရသည္။
သူ႔ခုံက အကန္ခံလိုက္ရၿပီး သူဟာလည္း ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်သြားျခင္းပင္။
တစ္စကၠန႔္ေလာက္ က်န႔္ေယာင္ ေၾကာင္အသြားသည္။
သူဆိုတဲ့သူကေလ,က်န႔္ေယာင္ဆိုတဲ့သူကေလ,အခုအကန္ခံလိုက္ရတာလား?
သူ႔ကိုၾကမ္းျပင္ေပၚက်ေအာင္ ကန္ခ်လိုက္သည့္ ေဘးခုံကသူငယ္ခ်င္းမွာေတာ့ ခုနကအေနအထားအတိုင္းပင္။
မ်က္လုံးကိုအျပည့္အဝဖြင့္လာကာ,မ်က္ဝန္းမ်ားက ခုနကလိုရဲေနတုန္း, သို႔ေသာ္လည္း ခုခ်ိန္မွာေတာ့ ေအးစက္တဲ့အမူရာေတြလည္းထင္ဟပ္ေနျပန္သည္။
"မင္း ေသခ်င္တာလား?"
--------------------------------------------------------------
The author has something to say :
ရင္းခ်ယ္ : မင္းဘာၾကည့္ေနတာလဲ?
က်န႔္ေယာင္ : မင္းကိုၾကည့္ေနတာ?
--------------------------------------------------------------