The Stranger I love (System)

By khunsin

402K 43.4K 1.3K

လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... More

မိတ်ဆက်
Arc 1.1 Modern World (Hong Lei)
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Musical Instruments
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.14
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.2
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14

Arc 4.3

2.5K 395 35
By khunsin

Disclaimer - photos does not belongs to me. I random saved from Pinterest . Credit to original Owner.

အိန်းဒရူးက အခန်းထဲ ရောက်သည်နှင့် ရေတခွက် ငှဲ့ပြီး နေသန့်ကို တိုက်သည်။
"အကို ဗိုက်ဆာပြီလား"
"အွန်း ဆာပြီ"
"ဒီနေ့တော့ အခန်းထဲမှာပဲ စားဖို့ပြင်ခိုင်းလိုက်မယ်။ ရေချိုးချင်သေးလား"
"ချိုးချင်တယ်။ အဓိက က အဝတ်လဲချင်တယ်"

ဇက်ခရွန်အညစ်အကြေးတွေ ပေးနေသော အဝတ်တွေကို ဆပ်ပြာမပါပဲ ဒီတိုင်း လျှော်လာတာကြောင့် သန့်ရှင်းသည်ဟု မခံစားရပေ။

အိန်းဒရူးက နေသန့်ကို အနက်ပေါ်မှာ ခရမ်းရောင် logo ပိစိလေးပါသည့် တီရှပ်တထည်နှင့် ဘောင်းဘီအတို အနက်တထည် ထုတ်ပေးပြီး
"ကျနော်နဲ့ အကို့ခန္ဓာကိုယ်က တူတူလောက်ပဲ ဆိုတော့ တော်လောက်ပါတယ်"

"အွန်း လက်ကို ကြိုးဖြေပေးဦး"
"ခဏလေးနေရင် ဖြေပေးမယ်"
"ဒီတိုင်း ရေချိုးလို့မှ မရတာ"
နေသန် အတွန့်တက်သည်ကို အိန်းဒရူးက ပြောင်ချော်ချော်ပင်
"မရရင် ကျနော် ချိုးပေးမယ်လေ"
"..."

ခဏအကြာမှာ အခန်းထဲသို့ စားစရာများ လာပို့ပေးသည်။ ထို့နောက် အိန်းဒရူးက အခန်းတံခါးကို ပိတ်လိုက်ပြီး တံခါး၊ ပြတင်းပေါက်နဲ့ မှန်များပါမကျန် အပင်များ နွယ်ခက်များနှင့် ကာပစ်လိုက်သည်။ နေသန်က မထူးဆန်းတော့ပါဘူးဆိုတဲ့ အရိပ်အယောင်မျိုးပြပြီး "ဩော" ဟု တလုံးတည်းသာ မှတ်ချက် ပြုသည်။

"ဆောရီး အကို .. "
"ရပါတယ်။ ဒါမင်းအလုပ်ပဲလေ"
"ဟက် .. အဲ့တာအတွက် ပြောတာ မဟုတ်ဖူး"
"ဘာကိုလဲ"
"အကို စောစောက သောက်တဲ့ ရေထဲမှာ ကျနော် အစွမ်းပြယ်ဆေး ခတ်လိုက်တယ်"
"ဘာ!"
"ခဏပါပဲ တပတ်လောက်ပဲ"
"မင်း !.. "

"အခုနောက်ပိုင်းက အကျဉ်းသားတွေ ထိန်းရင် အဲ့လိုပဲ ထိန်းရတယ်လေ။ စွမ်းအားတွေ ရှိနေတော့ ထောင်တွေလည်း အဆင်မပြေဘူး။ ခုလောက်ဆို  ဆေးစွမ်းပြလောက်ပါပြီ။ ကျနော် ကြိုးဖြည်ပေးမယ်လေ"
"What the f*ck"

"အကိုက အရမ်းတော်လွန်းတယ်။ ကျနော်ထိန်းလို့ မနိုင်ဘူး။ အဲ့တော့ ကျနော်နဲ့ အကို သဘောတူညီမှု တခု မရခင်ထိ ထွက်ပြေးမသွားအောင် ဒီနည်းကလွဲလို့ တခြား မရှိဘူး။ ခွင့်လွှတ်ပါ"

ဒီကောင် အတော်ရူးနေတာပဲ။ ကြားဖူးသမျှ ဆဲနည်းပေါင်းစုံနှင့် ဆဲရေးပစ်လိုက်ရင်း အိန်းဒရူးကို ခြေထောက်နဲ့ လိုက်ကန်သည်။ အိန်းဒရူးက ပြုံးရင်း ရှောင်ရင်း အသာအယာ လက်ဖြင့် ကာသင့်တဲ့အခါ ကာသည်။ မထိလေ နေသန်က ပို၍စိတ်တိုလာလေသည်။ နောက်ဆုံးနေသန်က စိတ်ပြေမည့်ပုံ မပေါ်တာကြောင့် အိန်းဒရူးက ခြေထောက်တဖက်ကို ပုခုံးပေါ် ထမ်းတင်ထားလိုက်သည်။ ဒါတောင် နေသန်က ကိုယ်ကို တပတ်လည်ကာ ကန်သေးသည်။

"အကို ရေချိုးမှာဆို? အကို ဆက်တိုက်ကန်နေရင် လက်ကြိုးဖြည်ပေးဖို့ တော်တော် စဉ်းစားရတော့မယ်။ အကိုက အစွမ်းတွေ မရှိ၊ လက်ပြန်ချုပ်ခံထားရတာတောင် ထိန်းသိမ်းရခက်နေတုန်းပဲ"

ခြေထောက်တဖက်ကို ထမ်းတင်ထား၍ ကို့ရို့ကားယားဖြစ်နေသည်ကို သဘောကျနေသော သောက်ကလေးကို နေသန် မျက်စောင်းထိုးပစ်လိုက်သည်။ သူလုပ်နိုင်တာ လောလောဆယ် စိတ်တို၍ ဂျိုကြည့်ကြည့်တာကလွဲ၍ မတတ်နိုင်တော့။

ဒီကမ္ဘာက အရံ ဇာတ်ကောင်လေး တစ်ကောင်လောက်က ဘာလို့ အဲ့လောက် အစွမ်းကြီးမားနေရတာလဲ။ သူ ဇာတ်လိုက် ဖြစ်မှများ ဒီအရံဇာတ်ကောင်ကို မနိုင်တော့ဘူးလား။ နေသန်လုံးဝ မကျေနပ်ချေ။ သို့သော် မနိုင်သည့် အခြေအနေမို့ ငြိမ်ပေးလိုက်သည်။ အိန်းဒရူးက ခြေထောက်ကို ပြန်ချပေးလိုက်သည်။

"အိုကေ။ အဲ့ဆို ကျနော်တို့ အဆင်ပြေပြီလို့ သတ်မှတ်လိုက်ပြီနော်။ ကြိုးဖြည်ပေးမယ်။ နောက်လှည့်"

နောက်ကျောပေး၍ ရပ်နေသော နေသန်ကို အိန်းဒရူးက တချက် ပြုံးလိုက်သည်။ လက်ကို ကြိုးဖြည်ပေးပြီး နောက်မှ သိုင်းဖက်လိုက်သည်။ ရှောင်နေသော နေသန့်ကို လက်မောင်းနှစ်ဖက်ကြား အတင်းဖိညှစ်ထားသည်။ ကြိုးများကြောင့် နာကျင်တောင့်တင်းနေသော လက်ကောက်ဝတ်များကို ဆွဲယူကာ နှိပ်နယ် ပေးရင်း မျက်နှာပိုးသပ်လျှက် ပါးစပ်ကလည်း ဆက်တိုက် ပြောလိုက်သည်။

"ကိုကို အရမ်း လက်နာနေပြီလား။ ခွင့်လွှတ်ပါ"
"ကိုကို? ... ဘာကိုကိုလဲ"

နေသန်ရုန်းလိုက်ပေမယ့် အိန်းဒရူး၏ရင်ခွင်ထဲ လုံးလုံးရောက်သွားတဲ့အခါမှာတော့ ထူးဆန်းသော ရင်းနှီးမှု တခုကို ခံစားမိလာသဖြင့် တောင့်တင်းသွားသည်။

ထိုအငွေ့အသက်။
နှစ်ပေါင်းများစွာ ရင်းနှီးကျွမ်းဝင်ခဲ့သော။ မေ့မရသော။ လိုလားတောင့်တနေသော ထိုအငွေ့အသက်။

သူလား။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ နေသန်သိထားတဲ့သူက လူကြီးဆန်တယ်။ သူ့ကို အလိုလိုက်တယ်။ သူ့ကို ထိခိုက်အောင် ဘယ်တုန်းကမှ မလုပ်ဖူးဘူး။ အရယ်အပြုံးနည်းတယ်။ အိန်းဒရူးက ကလေးဆန်တယ်။ နေသန့်ဆန္ဒထက် သူကိုယ်တိုင်ရဲ့ဆန္ဒကို ပိုဂရုစိုက်တယ်။ သူလိုချင်တာရဖို့ တော်ရုံ ထိခိုက်မှုမျိုးကို စဉ်းစားနေတဲ့ကောင်မဟုတ်ဘူး။ ပြီးတော့ ပြောင်စပ်စပ်နိုင်တယ်။

သို့သော်အိန်းဒရူး၏ စကားသံချိုချိုက စောစောကအလိုမကျသော စိတ်ကိုပင် ထိုးဖောက်လျှက် ချောမွေ့စွာပင် နားထဲဝင်ရောက်လာသည်။

"ကျနော်က နည်းနည်းတော့ အတ္တကြီးတယ်။ ငယ်ငယ်ကတည်းက တကောင်ကြွက်ဆိုတော့ ချစ်ခင်ရတဲ့သူတွေကို ဘယ်လို ဆက်ဆံရလဲဆိုတာ မသိဘူး။ ကျနော် အပြုအမူတွေ ကိုကို စိတ်တိုင်းမကျရင် တောင်းပန်ပါတယ်။ ကျနော်ပြင်ပါ့မယ်"

ဟုတ်တာပဲ။ ပျက်တော့မယ့် ကမ္ဘာမှာ လူတွေက ကိုယ့်ဖို့ကိုယ်သာ ကြည့်တယ်။ ပြီးတော့ အိန်းဒရူးလို မိဘ မရှိ နွေးထွေးမှု မခံခဲ့ရတဲ့သူ၊ ဆိုဆုံးမမှုအစား လက်နက်လို အသုံးချဖို့ပဲ သိတဲ့အဖွဲ့အစည်းမှာ ဘယ်လိုလုပ်ပြီး လိမ္မာယဉ်ကျေးတဲ့သူ ဖြစ်နိုင်မှာလဲ။ သူ ပြောင်းလဲပေးနိုင်တယ်။ အိန်းဒရူးကလည်း ပြောင်းလဲချင်စိတ်ရှိတယ်လို့ ပြောတယ်မဟုတ်လား။

"ကိုကို ကျနော့ကို ထားခဲ့ပြီး ထွက်မပြေးလို့ ရမလား။ ကိုကိုက ကျနော့်ဘဝမှာ စိတ်ဝင်စားပြီး သံယောဇဉ်တွယ်ဖူးတဲ့သူပါ။ ကျနော် ဒီလို တခါမှ မဖြစ်ဖူးဘူး"

အိန်းဒရူးက အစွန့်ပစ်ခံရတော့မယ်ဆိုတာ သိတဲ့ ကြောင်လေးလို အနားမှာ ရစ်သီရစ်သီနဲ့ ထွက်မသွားဖို့ သခင်ကို လှည့်ပတ်ပွတ်သပ်ပြီး တိုးလျှိုးနေသကဲ့သို့ မျက်နှာငယ်လေးဖြင့် လေသံပျောပျော့လေးနှင့် တောင်းပန်သည်။

နေသန် နူးညံ့သွားသည်။ သို့ပေမယ့် သူ့အနေနဲ့ ဒီထက်လည်း ပိုသေချာချင်သေးတာကြောင့် ဘာမှမပြောရန်သာ ရွေးချယ်လိုက်သည်။ အိန်းဒရူးကို ဘယ်လို ကိုင်တွယ်ရမှန်းမသိ။ ခုတော့.. ခပ်တန်းတန်းနေရန်သာ ဆုံးဖြတ်လိုက်သည်။

"ရေချိုးမလို့ လွှတ်ဦး"
နေသန် တချက်ရုန်းလိုက်သည်။ အိန်းဒရူး လွှတ်ပေးလိုက်သည်။

"ကိုကို ကျနော် ချေးတွန်းပေးမယ်လေ"
"မလိုဘူး။ မလိုက်လာနဲ့"
"ကိုကိုကလည်း မရှက်ပါနဲ့။ ယောကျာ်းလေးချင်းပဲဟာ"
"ပြောပြန်ပြီ ယောကျာ်းလေးချင်းပဲ။ ငါက မရှက်တတ်ဘူး။ မင်းမို့လို့ အဝင်မခံတာ"
"ကျနော်က ဘာဖြစ်နေလို့လဲ"

တံခါးပိတ်သွားချေပြီ။ အိန်းဒရူးက ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။ ကိုကိုက စိတ်သဘောထား နူးညံ့ပုံရသည်။ ဒီလိုနဲ့ တခြားသူတွေက သူ့လိုပဲ ကိုကို့အပေါ် အနိုင်ကျင့်နေရင် ဘယ်လိုလုပ်မလဲ။ မဖြစ်ဖူး ကိုကို့နားက ခွါလို့ မဖြစ်ဖူး။

အိန်းဒရူးရဲ့ ရေချိုးခန်းမှာ ပစ္စည်းများများစားစားမရှိပေမယ့် မုတ်ဆိတ်ရိတ်တံ တချောင်း တွေ့တာကြောင့် လက်ဖြင့် ပါးနှင့် နှုတ်ခမ်းကို စမ်းလိုက်သည်။ သူ့နှုတ်ခမ်းမွှေးများရှည်နေလေပြီ။ လည်ဂုတ်ပေါ်ကျလာသော အထိအတွေ့များအရလည်း ဆံပင်အနည်းငယ် ရှည်နေသလို ခံစားရသည်။ နေသန်က မုတ်ဆိတ်ရိတ် ဓားအပိုရှိနိုင်မလား ကြည့်လိုက်သည်။ မတွေ့ပေ။ မည်သို့ပင် ဖြစ်စေ တကိုယ်ရည်သုံးပစ္စည်းကျ ခွင့်တောင်းသင့်သည်ဟု ထင်သောကြောင့်

"မင်းမုတ်ဆိတ်ရိတ်ဦးမှာလား။ ဓားအပိုရှိလား။ မရှိရင် ငါသုံးလိုက်လို့ရလား"
ခေတ်ပျက်ကြီးထဲ များများစားစား ရွေးစရာမရှိကြောင်း နားလည်သည်မို့ ရှိတာသုံးရန်သာ။

"မရိတ်သေးဖူး။ ဓားက အသစ်ပဲ ကိုကိုသုံးလိုက်လို့ ရတယ်။ ကျနော်နောက်နေ့မှ လိုအပ်တာတွေ စခန်းမှာ သွားတောင်းပေးမယ်"
"ကတ်ကြေးရော ရှိလား"
"ဘာလုပ်မို့လဲ .. ဆံပင်ညှပ်မလို့လား"
"အွန်း နည်းနည်း ရှည်နေလို့"
"ကျနော်ညှပ်ပေးမယ်"
နေသန်က တံခါးဖွင့်ပေးလိုက်သည်မို့ အိန်းဒရူးက ကတ်ကြေးတလက်ယူပြီး ဝင်လာသည်။

အင်္ကျီ ချွတ်ထားသော နေသန်က တကယ့်ကို ဖြောင့်ပြီး ကြည့်ကောင်းသည်မို့ အိန်းဒရူး ခဏ တုံ့ဆိုင်းသွားသည်။ နေသန်က ကြွက်သားအနည်းငယ်သာ ရှိပေမယ့် အသားအရည်ရော အချိုးအစားရောက အပြစ်ပြောစရာ မရှိ။ ဆံပင်ရှည်များက ကပိုကရိုကျနေပြီး နှုတ်ခမ်းမွှေးအနည်းငယ်နှင့် ကိုကိုက Sexy ကျလွန်းသည်။

ညှပ်ထားတဲ့ဆံပင်တွေ ကျလာမှ ဒီကမ္ဘာမှာလည်း နေသန့်ဆံပင်က အဖြူမှန်း သိသည်။ နေသန်က ဆံပင်များကို ကိုင်ကြည့်၍
"အဖြူပဲ .. ကောင်းလိုက်တာ"
"အွန် .. ကိုကိုက ကိုယ့် ဆံပင်အရောင်တောင် မမှတ်မိဘူးလား"
"...."

မမှတ်မိဆို ကြည့်ကို မကြည့်ဖူးဘူး။ စမ်းချောင်းမှာ ရေချိုးတုန်းကလည်း မေ့ပြီး မကြည့်ခဲ့ရဘူး။

"ကျနော် နှုတ်ခမ်းမွှေးပါ ရိတ်ပေးမယ်"
"ရပါတယ် အဲ့တာတော့ ငါ့ဘာသာ ရိတ်လိုက်ပါမယ်"
"မှန်လည်း မရှိဘူး .. ကျနော်လည်း ရိတ်ပေးချင်လို့"
ကတ်ကြေးနဲ့ ဓားတကားကားနဲ့ ထပ်ငြင်းနေရင် ထိခိုက်မိမှာ စိုးသောကြောင့် နေသန် ငြိမ်ပေးလိုက်သည်။ အိန်းဒရူးက ရှိတဲ့ဆပ်ပြာအနည်းငယ်ကို အမြှုပ်ထအောင်လုပ်၍ ဖြည်းဖြည်းချင်းဆွဲချ၍ ရိတ်ပေးသည်။ တစ်ယောက်၏အသက်ရှုသံများကို တယောက်ကြားနေရပြီး မျက်နှာချင်း နီးနီးကပ်ကပ်မြင်နေရသည်မို့ နေသန်ကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေသည်။

မျက်နှာဆေးပြီးတာနဲ့ မေးကို ကိုင်ကာ ဟိုဘက်ဒီဘက် ကြည့်နေရင်းက
"ဝါး ကိုကိုက သောက်ရမ်းချောတာ.. " ဟု အပြောခံရကာ ပါးကို နှစ်ခါလောက် အနမ်းခံလိုက်ရသည်။ ထိုအနမ်းအတွက် ရွံရှာခြင်းမျိုး နေသန် မဖြစ်မိပေမယ့် တုန့်ဆိုင်းသွားသည်။

"အအေးပတ်တော့မယ်။ မြန်မြန်လုပ် ကျနော်လည်း ဗိုက်ဆာပြီ"
"မင်းရော ရေမချိုးဘူးလား"
"တူတူချိုးရမလား"
"နောက်မှ ချိုးတော့"
"ဟား ဟား ကိုကိုရာ ။ မြန်မြန်လုပ် ကျနော် မှန်ရှာထားပေးမယ်"
နေသန် ရေမြန်မြန် ချိုးပြီး ခေါင်းလျှော်လိုက်သည်။ သူ့အဝတ်တွေကိုတော့ လျှော်ဖို့ထက် လွှင့်ပစ်ရမည့်အနေအထားဖြစ်နေတာကြောင့် အလုပ်ရှုပ် မခံတော့ပေ။

နေသန် ရေချိုးခန်းထဲထွက်လာတော့မှ အိန်းဒရူးပေးသောမှန်သေးသေးလေးဖြင့် သေချာကြည့်မိသည်။ 'ဟိုက် သောက်ရမ်းချောတာပါလား။ အိန်းဒရူးကြွေရင် ကြွေလောက်စရာပဲ။ ကိုယ်တိုင်တောင် ကိုယ့်ဘာသာ ကြွေတယ်'

ပြန်စဉ်းစားကြည့်တော့လည်း မြို့ထဲဝင်ကတည်းက အားလုံးအကြည့်တွေက ငယ်ရွယ်ပြီး ချောမောခန့်ညားသော အိန်းဒရူးကို ကျော်၍ သူ့အပေါ်မှာပဲ ရှိနေခဲ့သည်။ ဒါတောင် အိန်းဒရူးက သစ်ရွက်တွေနဲ့ အုပ်ထားခဲ့လို့။ ခေါင်းဆောင် ဆိုသူကလည်း သူ့ကို အကြည့်တမျိုးနဲ့ ကြည့်သည့်အခါ အိန်းဒရူးက ကာလိုက်သည်ကိုလည်း အခုမှ သဘောပေါက်သည်။ သောက်ရမ်းချောနေတာ အဆင်မပြေဘူး။ နောက်ကမ္ဘာတွေကျ ရှင်းကို နည်းနည်း လျှော့ခိုင်းမှပဲလို့ စဉ်းစားမိလိုက်သည်။

အိန်းဒရူးက ခေါင်းသုတ်ပြီး ထွက်လာတဲ့ နေသန်ကို ကြည့်၍ တောင့်တောင့်ကြီး ရပ်နေသည်။ ဘယ်လိုလုပ်မလဲကိုကို။ ကျနော် စိတ်မချတော့ဘူး။ အခန်းထဲမှာပဲ ပိတ်ထားရတော့မလား။

"ရေသွားချိုးလေ"
"ဪ .. အင်း .. ဟုတ်။ ဟိုဟာ .. ထမင်း တူတူစားမယ်နော် ကျနော့်ကို စောင့်ဦး"
"အွန်း"

နေသန် ရှင်းကို ခေါ်လိုက်သည်။
'ရှင်း ဒီနားမှာ ဓာတ်ခွဲခန်း ဘယ်နားရှိလဲ။ ဇက်ခရွန်တွေ lvl ဘယ်အထိ ရောက်ပြီလဲ'
'ဓာတ်ခွဲခန်းက ဒီမြို့ရဲ့ မြောက်ဘက်မှာ ရှိတယ်။ ဖလဲရာလည်း အဲ့မှာ ရောက်နေတယ်။ ဇက်ခရွန်တွေက Lvl 3 ထိ ရှိလာပြီ သူတို့ဆီမှာ စဉ်းစားတတ်တဲ့ ဦးနှောက်တွေ ဖွံ့ဖြိုးလာနေတယ်။ တဖြည်းဖြည်းနဲ့ နာဒါဆီဟာမြို့ Nadasiha ဘက်က လူတွေဟာ အခုမင်းနေတဲ့ ကာစီအိုဖီးရား Cassiofia မြို့ကို ဆုတ်ခွါပြေးနေလာတယ်။ သိပ်မကြာခင် တော်တော်များများရောက်လာမယ်'
'အဲ့မြို့က ဇက်ခရွန်တွေ ဒီကို စရောက်ဖို့ အချိန် ဘယ်လောက်ရမလဲ'
'တပတ်ဝန်းကျင်'
'အိုခေ ဓာတ်ခွဲခန်း လိပ်စာ ပို့ပေးထားဦး'
'Sent'

'ငါ့ရဲ့ သိုင်းပညာက ဒီမှာ အကျုံးမဝင်ဘူးလား။ ငါဘာလို့ အိန်းဒရူးကို မနိုင်တာလဲ'
'အကျုံးဝင်တယ်။ ဒါပေမယ့် အိန်းဒရူးက တိုက်ခိုက်ရေးမှာရော စွမ်းအားရှင်အဆင့်မှာပါ အတော်ဆုံးလူဖြစ်တယ်။ ပြီးတော့ မင်းက အစွမ်းပျောက်နေပြီး လက်တွေ့အသုံးချရတဲ့ အတွေ့အကြုံနည်းနေသေးတယ်။ ဂိမ်း character နဲ့ လက်နက်က ကူးပြောင်းလာတဲ့ စွမ်းအင်တွေဖြစ်လို့ မင်းကိုယ်ပိုင် ကျွမ်းကျင်ဖို့ဆို အများကြီး လေ့ကျင့်ယူရဦးမယ်'

'အွန်း နားလည်ပြီ။ skill point နဲ့ မြှင့်လို့ ရလား'
'ရတယ်။ ဒါပေမယ့် မင်းကိုယ့်ဘာသာကို လေ့ကျင့်ယူဖို့ အကြံပေးတယ်။ မဟုတ်ရင် အလကားရတဲ့ skill ကို skill point သုံးပြီး မြှင့်သလို ဖြစ်နေမယ်'
'ငါလည်း မသုံးပါဘူး လိုရမယ်ရ မေးကြည့်တာ။ တခြားအပိုင်းတွေမှာ skill point လိုလိမ့်မယ် ဆိုတာလည်း ခန့်မှန်းမိပါတယ်။ မင်းလည်း တော်လာသလိုပဲ ရှင်း'
'သေပါ့လား။ ငါက အစကတည်းကတော်တယ်'
'Haha'

အိန်းဒရူးက သဘက်ကို ခါးမှာစည်းလျှက် ထွက်လာသည်။ အဝင်တုန်းက ကမန်းကတန်း ဝင်သွားတာမို့ အဝတ်ပါသွားပုံမရချေ။ အိန်းဒရူးက အနည်းငယ် ပိန်ပါးပုံရပေမယ့် ဗိုက်မှာ ကြွက်သား အမြောင်းလိုက် ခြောက်ခု ရှိနေပြီး ရေစက်လက်ကျနေသော ဆံနွယ်များက အရိုင်းဆန်နေသည်။ အိန်းဒရူးသည်လည်း နေသန့်ကို မမှီလျှင်တောင် နေသန့်ထက် မနိမ့်သော ရုပ်ရည်မျိုးနှင့် တမျိုး ကြည့်ကောင်းပြီး နက်ရှိုင်းသော မျက်ဝန်းတို့က အဆိပ်ပြင်း၍ ထက်မြက်သည့်ပုံပေါ်သည်။ အသက်အရွယ်အရ ငယ်ပေမယ့် ရင့်ကျက်သော၊ ဆုံဖြတ်ချက်ပြတ်သားသော၊ မထီမဲ့မြင်နိုင်သော၊ တဇွတ်ထိုးဆန်သောစရိုက်များက မျက်နှာမှာ ထင်ဟပ်နေသည်။

အိန်းဒရူးက နေသန်ကြည့်နေတာမြင်သောအခါ ပြုံးပြလိုက်သည်။ နေသန်က ပုံမှန်ဆို ငေးနေတာ ရပ်ပြီး မျက်နှာလွှဲပေးလိုက်မည် ဖြစ်သော်လည်း အိန်းဒရူးရဲ့ အပြုံးက ရန်စနေသည်မို့ ဆက်ကြည့်ပေးလိုက်သည်။

အိန်းဒရူးက နေသန်ကြည့်နေတာ သိလျှက်နှင့်ပင် သဘက်ကို ချွတ်ချပြီး အဝတ်အစားလဲလိုက်သည်။ ထို့နောက် ရေစိုသော ဆံပင်နှင့်ပင် စားပွဲမှာ ခပ်တည်တည်ပင် လာထိုင်သည်။
"ကြည့်ကောင်းလား"
နေသန်ကလည်း ခပ်ရွတ်ရွတ်ပင်
"ကြည့်ကောင်းတယ်"
"ဟက် .. ကိုကိုက တကယ် မရှက်တတ်တာပဲ"
"မင်းထက်အသက်အများကြီး ကြီးတယ်။ မင်းလို ကလေးကို ငါက ရှက်နေစရာလား"

"ကြိုက်ပြီ။ ဒါပေမယ့် ကိုကို သိထားဖို့က ကျနော် ကလေးလည်း မဟုတ်သလို သူများရှေ့မှာ ကိုကို အဲ့လို ပြုမူလို့လည်း မရဘူး"
"ငါ့စိတ်နဲ့ ငါ့ကိုယ်ပဲလေ"
အိန်းဒရူးက လှစ်ခနဲရယ်လျှက်
"အွန်း လုပ်ကြည့်ပေါ့"

အိန်းဒရူးက နေသန့်အတွက် ရေတခွက် ငှဲ့ပေး၍ သူကိုယ်တိုင်လည်း အားရပါးရ စားလိုက်သည်။ ခေတ်ပျက် ကာလမို့ ရိက္ခာ အခက်အခဲရှိသော်လည်း စခန်းတခုလုံး၏ အတော်ဆုံး စွမ်းအားရှင် ဂုဏ်ပုဒ်နှင့် အိန်းဒရူး၏ အသုံးအဆောင် ပစ္စည်းများက အကောင်းဆုံး ဖြစ်နေသေးသည်။

"ကိုကို မနက်ဖြန်ဘယ်လိုလုပ်မှာလဲ"
"ဘာကိုလဲ"
"ကိုကို့မှာ ဆွေးနွေးပြီး လဲလှယ်စရာ ပစ္စည်းမရှိဘူးလို့ ကျနော်သိထားတယ်"
"ဝိုး .. မင်း တော်သားပဲ"
"အဲ့တော့ ကိုကို ဘယ်လိုလုပ်မလဲ"
"ဘယ်လိုလုပ်မယ်ထင်လဲ"
"ကိုကို့မှာ အစက နှစ်လမ်းရှိတယ်။ ထွက်ပြေးဖို့နဲ့ ပစ္စည်းရှိအောင်လုပ်ဖို့။ အခု စွမ်းအားမရှိတော့ဘူးဆိုတော့ ကျနော်တို့ စခန်းမှာပဲနေပြီး ပစ္စည်းရှိအောင် လုပ်ရမယ့် တလမ်းပဲ ကျန်တော့တယ်။ အဲ့တာအတွက် လျှို့ဝှက်ထားဖို့ရော အကူအညီရော ကိုကို ကျနော့ကို လိုအပ်တယ်"

"ဝိုး အပိုင်တွက်ထားတာပဲ"
"ကျနော်က အလကားတော့ ကူပေးမှာ မဟုတ်ဖူးဆိုတာ ကိုကို သိတယ်မလား"
"ဟက် .. မင်းက ဘာလိုချင်တာလဲ"
"ကိုကို သိပါတယ်"
"မင်းမှားတယ်။ ငါ့မှာ သုံးလမ်းရှိတယ်"
"ကိုကို ပြောကြည့်"

"ထွက်ပြေးဖို့"
"အင်း"
"မင်းကို အလိုလိုက်ဖို့နဲ့"
"အင်း"
"မင်းခေါင်းဆောင်ကို အလိုလိုက်ဖို့"
"ဘာ!"

"ဟက် ကလေးစုတ်လေး
မင်းငါ့ကို အထင်သေးလွန်းတယ်"

🟥🟥🟥🟥🟥

Disclaimer - photos does not belongs to me. I random saved from Pinterest . Credit to original Owner.

အိန္းဒ႐ူးက အခန္းထဲ ေရာက္သည္ႏွင့္ ေရတခြက္ ငွဲ႔ၿပီး ေနသန္႔ကို တိုက္သည္။
"အကို ဗိုက္ဆာၿပီလား"
"အြန္း ဆာၿပီ"
"ဒီေန႔ေတာ့ အခန္းထဲမွာပဲ စားဖို႔ျပင္ခိုင္းလိုက္မယ္။ ေရခ်ိဳးခ်င္ေသးလား"
"ခ်ိဳးခ်င္တယ္။ အဓိက က အဝတ္လဲခ်င္တယ္"

ဇက္ခ႐ြန္အညစ္အေၾကးေတြ ေပးေနေသာ အဝတ္ေတြကို ဆပ္ျပာမပါပဲ ဒီတိုင္း ေလွ်ာ္လာတာေၾကာင့္ သန္႔ရွင္းသည္ဟု မခံစားရေပ။

အိန္းဒ႐ူးက ေနသန္႔ကို အနက္ေပၚမွာ ခရမ္းေရာင္ logo ပိစိေလးပါသည့္ တီရွပ္တထည္ႏွင့္ ေဘာင္းဘီအတို အနက္တထည္ ထုတ္ေပးၿပီး
"က်ေနာ္နဲ႔ အကို႔ခႏၶာကိုယ္က တူတူေလာက္ပဲ ဆိုေတာ့ ေတာ္ေလာက္ပါတယ္"

"အြန္း လက္ကို ႀကိဳးေျဖေပးဦး"
"ခဏေလးေနရင္ ေျဖေပးမယ္"
"ဒီတိုင္း ေရခ်ိဳးလို႔မွ မရတာ"
ေနသန္ အတြန္႔တက္သည္ကို အိန္းဒ႐ူးက ေျပာင္ေခ်ာ္ေခ်ာ္ပင္
"မရရင္ က်ေနာ္ ခ်ိဳးေပးမယ္ေလ"
"..."

ခဏအၾကာမွာ အခန္းထဲသို႔ စားစရာမ်ား လာပို႔ေပးသည္။ ထို႔ေနာက္ အိန္းဒ႐ူးက အခန္းတံခါးကို ပိတ္လိုက္ၿပီး တံခါး၊ ျပတင္းေပါက္နဲ႔ မွန္မ်ားပါမက်န္ အပင္မ်ား ႏြယ္ခက္မ်ားႏွင့္ ကာပစ္လိုက္သည္။ ေနသန္က မထူးဆန္းေတာ့ပါဘူးဆိုတဲ့ အရိပ္အေယာင္မ်ိဳးျပၿပီး "ေဩာ" ဟု တလုံးတည္းသာ မွတ္ခ်က္ ျပဳသည္။

"ေဆာရီး အကို .. "
"ရပါတယ္။ ဒါမင္းအလုပ္ပဲေလ"
"ဟက္ .. အဲ့တာအတြက္ ေျပာတာ မဟုတ္ဖူး"
"ဘာကိုလဲ"
"အကို ေစာေစာက ေသာက္တဲ့ ေရထဲမွာ က်ေနာ္ အစြမ္းျပယ္ေဆး ခတ္လိုက္တယ္"
"ဘာ!"
"ခဏပါပဲ တပတ္ေလာက္ပဲ"
"မင္း !.. "

"အခုေနာက္ပိုင္းက အက်ဥ္းသားေတြ ထိန္းရင္ အဲ့လိုပဲ ထိန္းရတယ္ေလ။ စြမ္းအားေတြ ရွိေနေတာ့ ေထာင္ေတြလည္း အဆင္မေျပဘူး။ ခုေလာက္ဆို ေဆးစြမ္းျပေလာက္ပါၿပီ။ က်ေနာ္ ႀကိဳးျဖည္ေပးမယ္ေလ"
"What the f*ck"

"အကိုက အရမ္းေတာ္လြန္းတယ္။ က်ေနာ္ထိန္းလို႔ မႏိုင္ဘူး။ အဲ့ေတာ့ က်ေနာ္နဲ႔ အကို သေဘာတူညီမႈ တခု မရခင္ထိ ထြက္ေျပးမသြားေအာင္ ဒီနည္းကလြဲလို႔ တျခား မရွိဘူး။ ခြင့္လႊတ္ပါ"

ဒီေကာင္ အေတာ္႐ူးေနတာပဲ။ ၾကားဖူးသမွ် ဆဲနည္းေပါင္းစုံႏွင့္ ဆဲေရးပစ္လိုက္ရင္း အိန္းဒ႐ူးကို ေျခေထာက္နဲ႔ လိုက္ကန္သည္။ အိန္းဒ႐ူးက ၿပဳံးရင္း ေရွာင္ရင္း အသာအယာ လက္ျဖင့္ ကာသင့္တဲ့အခါ ကာသည္။ မထိေလ ေနသန္က ပို၍စိတ္တိုလာေလသည္။ ေနာက္ဆုံးေနသန္က စိတ္ေျပမည့္ပုံ မေပၚတာေၾကာင့္ အိန္းဒ႐ူးက ေျခေထာက္တဖက္ကို ပုခုံးေပၚ ထမ္းတင္ထားလိုက္သည္။ ဒါေတာင္ ေနသန္က ကိုယ္ကို တပတ္လည္ကာ ကန္ေသးသည္။

"အကို ေရခ်ိဳးမွာဆို? အကို ဆက္တိုက္ကန္ေနရင္ လက္ႀကိဳးျဖည္ေပးဖို႔ ေတာ္ေတာ္ စဥ္းစားရေတာ့မယ္။ အကိုက အစြမ္းေတြ မရွိ၊ လက္ျပန္ခ်ဳပ္ခံထားရတာေတာင္ ထိန္းသိမ္းရခက္ေနတုန္းပဲ"

ေျခေထာက္တဖက္ကို ထမ္းတင္ထား၍ ကို႔႐ို႕ကားယားျဖစ္ေနသည္ကို သေဘာက်ေနေသာ ေသာက္ကေလးကို ေနသန္ မ်က္ေစာင္းထိုးပစ္လိုက္သည္။ သူလုပ္ႏိုင္တာ ေလာေလာဆယ္ စိတ္တို၍ ဂ်ိဳၾကည့္ၾကည့္တာကလြဲ၍ မတတ္ႏိုင္ေတာ့။

ဒီကမာၻက အရံ ဇာတ္ေကာင္ေလး တစ္ေကာင္ေလာက္က ဘာလို႔ အဲ့ေလာက္ အစြမ္းႀကီးမားေနရတာလဲ။ သူ ဇာတ္လိုက္ ျဖစ္မွမ်ား ဒီအရံဇာတ္ေကာင္ကို မႏိုင္ေတာ့ဘူးလား။ ေနသန္လုံးဝ မေက်နပ္ေခ်။ သို႔ေသာ္ မႏိုင္သည့္ အေျခအေနမို႔ ၿငိမ္ေပးလိုက္သည္။ အိန္းဒ႐ူးက ေျခေထာက္ကို ျပန္ခ်ေပးလိုက္သည္။

"အိုေက။ အဲ့ဆို က်ေနာ္တို႔ အဆင္ေျပၿပီလို႔ သတ္မွတ္လိုက္ၿပီေနာ္။ ႀကိဳးျဖည္ေပးမယ္။ ေနာက္လွည့္"

ေနာက္ေက်ာေပး၍ ရပ္ေနေသာ ေနသန္ကို အိန္းဒ႐ူးက တခ်က္ ၿပဳံးလိုက္သည္။ လက္ကို ႀကိဳးျဖည္ေပးၿပီး ေနာက္မွ သိုင္းဖက္လိုက္သည္။ ေရွာင္ေနေသာ ေနသန္႔ကို လက္ေမာင္းႏွစ္ဖက္ၾကား အတင္းဖိညႇစ္ထားသည္။ ႀကိဳးမ်ားေၾကာင့္ နာက်င္ေတာင့္တင္းေနေသာ လက္ေကာက္ဝတ္မ်ားကို ဆြဲယူကာ ႏွိပ္နယ္ ေပးရင္း မ်က္ႏွာပိုးသပ္လွ်က္ ပါးစပ္ကလည္း ဆက္တိုက္ ေျပာလိုက္သည္။

"ကိုကို အရမ္း လက္နာေနၿပီလား။ ခြင့္လႊတ္ပါ"
"ကိုကို? ... ဘာကိုကိုလဲ"

ေနသန္႐ုန္းလိုက္ေပမယ့္ အိန္းဒ႐ူး၏ရင္ခြင္ထဲ လုံးလုံးေရာက္သြားတဲ့အခါမွာေတာ့ ထူးဆန္းေသာ ရင္းႏွီးမႈ တခုကို ခံစားမိလာသျဖင့္ ေတာင့္တင္းသြားသည္။

ထိုအေငြ႕အသက္။
ႏွစ္ေပါင္းမ်ားစြာ ရင္းႏွီးကြၽမ္းဝင္ခဲ့ေသာ။ ေမ့မရေသာ။ လိုလားေတာင့္တေနေသာ ထိုအေငြ႕အသက္။

သူလား။
ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ။ ေနသန္သိထားတဲ့သူက လူႀကီးဆန္တယ္။ သူ႔ကို အလိုလိုက္တယ္။ သူ႔ကို ထိခိုက္ေအာင္ ဘယ္တုန္းကမွ မလုပ္ဖူးဘူး။ အရယ္အၿပဳံးနည္းတယ္။ အိန္းဒ႐ူးက ကေလးဆန္တယ္။ ေနသန္႔ဆႏၵထက္ သူကိုယ္တိုင္ရဲ႕ဆႏၵကို ပိုဂ႐ုစိုက္တယ္။ သူလိုခ်င္တာရဖို႔ ေတာ္႐ုံ ထိခိုက္မႈမ်ိဳးကို စဥ္းစားေနတဲ့ေကာင္မဟုတ္ဘူး။ ၿပီးေတာ့ ေျပာင္စပ္စပ္ႏိုင္တယ္။

သို႔ေသာ္အိန္းဒ႐ူး၏ စကားသံခ်ိဳခ်ိဳက ေစာေစာကအလိုမက်ေသာ စိတ္ကိုပင္ ထိုးေဖာက္လွ်က္ ေခ်ာေမြ႕စြာပင္ နားထဲဝင္ေရာက္လာသည္။

"က်ေနာ္က နည္းနည္းေတာ့ အတၱႀကီးတယ္။ ငယ္ငယ္ကတည္းက တေကာင္ႂကြက္ဆိုေတာ့ ခ်စ္ခင္ရတဲ့သူေတြကို ဘယ္လို ဆက္ဆံရလဲဆိုတာ မသိဘူး။ က်ေနာ္ အျပဳအမူေတြ ကိုကို စိတ္တိုင္းမက်ရင္ ေတာင္းပန္ပါတယ္။ က်ေနာ္ျပင္ပါ့မယ္"

ဟုတ္တာပဲ။ ပ်က္ေတာ့မယ့္ ကမာၻမွာ လူေတြက ကိုယ့္ဖို႔ကိုယ္သာ ၾကည့္တယ္။ ၿပီးေတာ့ အိန္းဒ႐ူးလို မိဘ မရွိ ေႏြးေထြးမႈ မခံခဲ့ရတဲ့သူ၊ ဆိုဆုံးမမႈအစား လက္နက္လို အသုံးခ်ဖို႔ပဲ သိတဲ့အဖြဲ႕အစည္းမွာ ဘယ္လိုလုပ္ၿပီး လိမၼာယဥ္ေက်းတဲ့သူ ျဖစ္ႏိုင္မွာလဲ။ သူ ေျပာင္းလဲေပးႏိုင္တယ္။ အိန္းဒ႐ူးကလည္း ေျပာင္းလဲခ်င္စိတ္ရွိတယ္လို႔ ေျပာတယ္မဟုတ္လား။

"ကိုကို က်ေနာ့ကို ထားခဲ့ၿပီး ထြက္မေျပးလို႔ ရမလား။ ကိုကိုက က်ေနာ့္ဘဝမွာ စိတ္ဝင္စားၿပီး သံေယာဇဥ္တြယ္ဖူးတဲ့သူပါ။ က်ေနာ္ ဒီလို တခါမွ မျဖစ္ဖူးဘူး"

အိန္းဒ႐ူးက အစြန္႔ပစ္ခံရေတာ့မယ္ဆိုတာ သိတဲ့ ေၾကာင္ေလးလို အနားမွာ ရစ္သီရစ္သီနဲ႔ ထြက္မသြားဖို႔ သခင္ကို လွည့္ပတ္ပြတ္သပ္ၿပီး တိုးလွ်ိဳးေနသကဲ့သို႔ မ်က္ႏွာငယ္ေလးျဖင့္ ေလသံေပ်ာေပ်ာ့ေလးႏွင့္ ေတာင္းပန္သည္။

ေနသန္ ႏူးညံ့သြားသည္။ သို႔ေပမယ့္ သူ႔အေနနဲ႔ ဒီထက္လည္း ပိုေသခ်ာခ်င္ေသးတာေၾကာင့္ ဘာမွမေျပာရန္သာ ေ႐ြးခ်ယ္လိုက္သည္။ အိန္းဒ႐ူးကို ဘယ္လို ကိုင္တြယ္ရမွန္းမသိ။ ခုေတာ့.. ခပ္တန္းတန္းေနရန္သာ ဆုံးျဖတ္လိုက္သည္။

"ေရခ်ိဳးမလို႔ လႊတ္ဦး"
ေနသန္ တခ်က္႐ုန္းလိုက္သည္။ အိန္းဒ႐ူး လႊတ္ေပးလိုက္သည္။

"ကိုကို က်ေနာ္ ေခ်းတြန္းေပးမယ္ေလ"
"မလိုဘူး။ မလိုက္လာနဲ႔"
"ကိုကိုကလည္း မရွက္ပါနဲ႔။ ေယာက်ာ္းေလးခ်င္းပဲဟာ"
"ေျပာျပန္ၿပီ ေယာက်ာ္းေလးခ်င္းပဲ။ ငါက မရွက္တတ္ဘူး။ မင္းမို႔လို႔ အဝင္မခံတာ"
"က်ေနာ္က ဘာျဖစ္ေနလို႔လဲ"

တံခါးပိတ္သြားေခ်ၿပီ။ အိန္းဒ႐ူးက ညစ္က်ယ္က်ယ္ၿပဳံးလိုက္သည္။ ကိုကိုက စိတ္သေဘာထား ႏူးညံ့ပုံရသည္။ ဒီလိုနဲ႔ တျခားသူေတြက သူ႔လိုပဲ ကိုကို႔အေပၚ အႏိုင္က်င့္ေနရင္ ဘယ္လိုလုပ္မလဲ။ မျဖစ္ဖူး ကိုကို႔နားက ခြါလို႔ မျဖစ္ဖူး။

အိန္းဒ႐ူးရဲ႕ ေရခ်ိဳးခန္းမွာ ပစၥည္းမ်ားမ်ားစားစားမရွိေပမယ့္ မုတ္ဆိတ္ရိတ္တံ တေခ်ာင္း ေတြ႕တာေၾကာင့္ လက္ျဖင့္ ပါးႏွင့္ ႏႈတ္ခမ္းကို စမ္းလိုက္သည္။ သူ႔ႏႈတ္ခမ္းေမႊးမ်ားရွည္ေနေလၿပီ။ လည္ဂုတ္ေပၚက်လာေသာ အထိအေတြ႕မ်ားအရလည္း ဆံပင္အနည္းငယ္ ရွည္ေနသလို ခံစားရသည္။ ေနသန္က မုတ္ဆိတ္ရိတ္ ဓားအပိုရွိႏိုင္မလား ၾကည့္လိုက္သည္။ မေတြ႕ေပ။ မည္သို႔ပင္ ျဖစ္ေစ တကိုယ္ရည္သုံးပစၥည္းက် ခြင့္ေတာင္းသင့္သည္ဟု ထင္ေသာေၾကာင့္

"မင္းမုတ္ဆိတ္ရိတ္ဦးမွာလား။ ဓားအပိုရွိလား။ မရွိရင္ ငါသုံးလိုက္လို႔ရလား"
ေခတ္ပ်က္ႀကီးထဲ မ်ားမ်ားစားစား ေ႐ြးစရာမရွိေၾကာင္း နားလည္သည္မို႔ ရွိတာသုံးရန္သာ။

"မရိတ္ေသးဖူး။ ဓားက အသစ္ပဲ ကိုကိုသုံးလိုက္လို႔ ရတယ္။ က်ေနာ္ေနာက္ေန႔မွ လိုအပ္တာေတြ စခန္းမွာ သြားေတာင္းေပးမယ္"
"ကတ္ေၾကးေရာ ရွိလား"
"ဘာလုပ္မို႔လဲ .. ဆံပင္ညႇပ္မလို႔လား"
"အြန္း နည္းနည္း ရွည္ေနလို႔"
"က်ေနာ္ညႇပ္ေပးမယ္"
ေနသန္က တံခါးဖြင့္ေပးလိုက္သည္မို႔ အိန္းဒ႐ူးက ကတ္ေၾကးတလက္ယူၿပီး ဝင္လာသည္။

အက်ႌ ခြၽတ္ထားေသာ ေနသန္က တကယ့္ကို ေျဖာင့္ၿပီး ၾကည့္ေကာင္းသည္မို႔ အိန္းဒ႐ူး ခဏ တုံ႔ဆိုင္းသြားသည္။ ေနသန္က ႂကြက္သားအနည္းငယ္သာ ရွိေပမယ့္ အသားအရည္ေရာ အခ်ိဳးအစားေရာက အျပစ္ေျပာစရာ မရွိ။ ဆံပင္ရွည္မ်ားက ကပိုက႐ိုက်ေနၿပီး ႏႈတ္ခမ္းေမႊးအနည္းငယ္ႏွင့္ ကိုကိုက Sexy က်လြန္းသည္။

ညႇပ္ထားတဲ့ဆံပင္ေတြ က်လာမွ ဒီကမာၻမွာလည္း ေနသန္႔ဆံပင္က အျဖဴမွန္း သိသည္။ ေနသန္က ဆံပင္မ်ားကို ကိုင္ၾကည့္၍
"အျဖဴပဲ .. ေကာင္းလိုက္တာ"
"အြန္ .. ကိုကိုက ကိုယ့္ ဆံပင္အေရာင္ေတာင္ မမွတ္မိဘူးလား"
"...."

မမွတ္မိဆို ၾကည့္ကို မၾကည့္ဖူးဘူး။ စမ္းေခ်ာင္းမွာ ေရခ်ိဳးတုန္းကလည္း ေမ့ၿပီး မၾကည့္ခဲ့ရဘူး။

"က်ေနာ္ ႏႈတ္ခမ္းေမႊးပါ ရိတ္ေပးမယ္"
"ရပါတယ္ အဲ့တာေတာ့ ငါ့ဘာသာ ရိတ္လိုက္ပါမယ္"
"မွန္လည္း မရွိဘူး .. က်ေနာ္လည္း ရိတ္ေပးခ်င္လို႔"
ကတ္ေၾကးနဲ႔ ဓားတကားကားနဲ႔ ထပ္ျငင္းေနရင္ ထိခိုက္မိမွာ စိုးေသာေၾကာင့္ ေနသန္ ၿငိမ္ေပးလိုက္သည္။ အိန္းဒ႐ူးက ရွိတဲ့ဆပ္ျပာအနည္းငယ္ကို အျမႇဳပ္ထေအာင္လုပ္၍ ျဖည္းျဖည္းခ်င္းဆြဲခ်၍ ရိတ္ေပးသည္။ တစ္ေယာက္၏အသက္ရႈသံမ်ားကို တေယာက္ၾကားေနရၿပီး မ်က္ႏွာခ်င္း နီးနီးကပ္ကပ္ျမင္ေနရသည္မို႔ ေနသန္ကိုယ္တိုင္လည္း စိတ္လႈပ္ရွားေနသည္။

မ်က္ႏွာေဆးၿပီးတာနဲ႔ ေမးကို ကိုင္ကာ ဟိုဘက္ဒီဘက္ ၾကည့္ေနရင္းက
"ဝါး ကိုကိုက ေသာက္ရမ္းေခ်ာတာ.. " ဟု အေျပာခံရကာ ပါးကို ႏွစ္ခါေလာက္ အနမ္းခံလိုက္ရသည္။ ထိုအနမ္းအတြက္ ႐ြံရွာျခင္းမ်ိဳး ေနသန္ မျဖစ္မိေပမယ့္ တုန္႔ဆိုင္းသြားသည္။

"အေအးပတ္ေတာ့မယ္။ ျမန္ျမန္လုပ္ က်ေနာ္လည္း ဗိုက္ဆာၿပီ"
"မင္းေရာ ေရမခ်ိဳးဘူးလား"
"တူတူခ်ိဳးရမလား"
"ေနာက္မွ ခ်ိဳးေတာ့"
"ဟား ဟား ကိုကိုရာ ။ ျမန္ျမန္လုပ္ က်ေနာ္ မွန္ရွာထားေပးမယ္"
ေနသန္ ေရျမန္ျမန္ ခ်ိဳးၿပီး ေခါင္းေလွ်ာ္လိုက္သည္။ သူ႔အဝတ္ေတြကိုေတာ့ ေလွ်ာ္ဖို႔ထက္ လႊင့္ပစ္ရမည့္အေနအထားျဖစ္ေနတာေၾကာင့္ အလုပ္ရႈပ္ မခံေတာ့ေပ။

ေနသန္ ေရခ်ိဳးခန္းထဲထြက္လာေတာ့မွ အိန္းဒ႐ူးေပးေသာမွန္ေသးေသးေလးျဖင့္ ေသခ်ာၾကည့္မိသည္။ 'ဟိုက္ ေသာက္ရမ္းေခ်ာတာပါလား။ အိန္းဒ႐ူးေႂကြရင္ ေႂကြေလာက္စရာပဲ။ ကိုယ္တိုင္ေတာင္ ကိုယ့္ဘာသာ ေႂကြတယ္'

ျပန္စဥ္းစားၾကည့္ေတာ့လည္း ၿမိဳ႕ထဲဝင္ကတည္းက အားလုံးအၾကည့္ေတြက ငယ္႐ြယ္ၿပီး ေခ်ာေမာခန္႔ညားေသာ အိန္းဒ႐ူးကို ေက်ာ္၍ သူ႔အေပၚမွာပဲ ရွိေနခဲ့သည္။ ဒါေတာင္ အိန္းဒ႐ူးက သစ္႐ြက္ေတြနဲ႔ အုပ္ထားခဲ့လို႔။ ေခါင္းေဆာင္ ဆိုသူကလည္း သူ႔ကို အၾကည့္တမ်ိဳးနဲ႔ ၾကည့္သည့္အခါ အိန္းဒ႐ူးက ကာလိုက္သည္ကိုလည္း အခုမွ သေဘာေပါက္သည္။ ေသာက္ရမ္းေခ်ာေနတာ အဆင္မေျပဘူး။ ေနာက္ကမာၻေတြက် ရွင္းကို နည္းနည္း ေလွ်ာ့ခိုင္းမွပဲလို႔ စဥ္းစားမိလိုက္သည္။

အိန္းဒ႐ူးက ေခါင္းသုတ္ၿပီး ထြက္လာတဲ့ ေနသန္ကို ၾကည့္၍ ေတာင့္ေတာင့္ႀကီး ရပ္ေနသည္။ ဘယ္လိုလုပ္မလဲကိုကို။ က်ေနာ္ စိတ္မခ်ေတာ့ဘူး။ အခန္းထဲမွာပဲ ပိတ္ထားရေတာ့မလား။
"ေရသြားခ်ိဳးေလ"
"ဪ .. အင္း .. ဟုတ္။ ဟိုဟာ .. ထမင္း တူတူစားမယ္ေနာ္ က်ေနာ့္ကို ေစာင့္ဦး"
"အြန္း"

ေနသန္ ရွင္းကို ေခၚလိုက္သည္။
'ရွင္း ဒီနားမွာ ဓာတ္ခြဲခန္း ဘယ္နားရွိလဲ။ ဇက္ခ႐ြန္ေတြ lvl ဘယ္အထိ ေရာက္ၿပီလဲ'
'ဓာတ္ခြဲခန္းက ဒီၿမိဳ႕ရဲ႕ ေျမာက္ဘက္မွာ ရွိတယ္။ ဖလဲရာလည္း အဲ့မွာ ေရာက္ေနတယ္။ ဇက္ခ႐ြန္ေတြက Lvl 3 ထိ ရွိလာၿပီ သူတို႔ဆီမွာ စဥ္းစားတတ္တဲ့ ဦးေႏွာက္ေတြ ဖြံ႕ၿဖိဳးလာေနတယ္။ တျဖည္းျဖည္းနဲ႔ နာဒါဆီဟာၿမိဳ႕ Nadasiha ဘက္က လူေတြဟာ အခုမင္းေနတဲ့ ကာစီအိုဖီးရား Cassiofia ၿမိဳ႕ကို ဆုတ္ခြါေျပးေနလာတယ္။ သိပ္မၾကာခင္ ေတာ္ေတာ္မ်ားမ်ားေရာက္လာမယ္'
'အဲ့ၿမိဳ႕က ဇက္ခ႐ြန္ေတြ ဒီကို စေရာက္ဖို႔ အခ်ိန္ ဘယ္ေလာက္ရမလဲ'
'တပတ္ဝန္းက်င္'
'အိုေခ ဓာတ္ခြဲခန္း လိပ္စာ ပို႔ေပးထားဦး'
'Sent'

'ငါ့ရဲ႕ သိုင္းပညာက ဒီမွာ အက်ဳံးမဝင္ဘူးလား။ ငါဘာလို႔ အိန္းဒ႐ူးကို မႏိုင္တာလဲ'
'အက်ဳံးဝင္တယ္။ ဒါေပမယ့္ အိန္းဒ႐ူးက တိုက္ခိုက္ေရးမွာေရာ စြမ္းအားရွင္အဆင့္မွာပါ အေတာ္ဆုံးလူျဖစ္တယ္။ ၿပီးေတာ့ မင္းက အစြမ္းေပ်ာက္ေနၿပီး လက္ေတြ႕အသုံးခ်ရတဲ့ အေတြ႕အႀကဳံနည္းေနေသးတယ္။ ဂိမ္း character နဲ႔ လက္နက္က ကူးေျပာင္းလာတဲ့ စြမ္းအင္ေတြျဖစ္လို႔ မင္းကိုယ္ပိုင္ ကြၽမ္းက်င္ဖို႔ဆို အမ်ားႀကီး ေလ့က်င့္ယူရဦးမယ္'

'အြန္း နားလည္ၿပီ။ skill point နဲ႔ ျမႇင့္လို႔ ရလား'
'ရတယ္။ ဒါေပမယ့္ မင္းကိုယ့္ဘာသာကို ေလ့က်င့္ယူဖို႔ အႀကံေပးတယ္။ မဟုတ္ရင္ အလကားရတဲ့ skill ကို skill point သုံးၿပီး ျမႇင့္သလို ျဖစ္ေနမယ္'
'ငါလည္း မသုံးပါဘူး လိုရမယ္ရ ေမးၾကည့္တာ။ တျခားအပိုင္းေတြမွာ skill point လိုလိမ့္မယ္ ဆိုတာလည္း ခန္႔မွန္းမိပါတယ္။ မင္းလည္း ေတာ္လာသလိုပဲ ရွင္း'
'ေသပါ့လား။ ငါက အစကတည္းကေတာ္တယ္'
'Haha'

အိန္းဒ႐ူးက သဘက္ကို ခါးမွာစည္းလွ်က္ ထြက္လာသည္။ အဝင္တုန္းက ကမန္းကတန္း ဝင္သြားတာမို႔ အဝတ္ပါသြားပုံမရေခ်။ အိန္းဒ႐ူးက အနည္းငယ္ ပိန္ပါးပုံရေပမယ့္ ဗိုက္မွာ ႂကြက္သား အေျမာင္းလိုက္ ေျခာက္ခု ရွိေနၿပီး ေရစက္လက္က်ေနေသာ ဆံႏြယ္မ်ားက အ႐ိုင္းဆန္ေနသည္။ အိန္းဒ႐ူးသည္လည္း ေနသန္႔ကို မမွီလွ်င္ေတာင္ ေနသန္႔ထက္ မနိမ့္ေသာ ႐ုပ္ရည္မ်ိဳးႏွင့္ တမ်ိဳး ၾကည့္ေကာင္းၿပီး နက္ရႈိင္းေသာ မ်က္ဝန္းတို႔က အဆိပ္ျပင္း၍ ထက္ျမက္သည့္ပုံေပၚသည္။ အသက္အ႐ြယ္အရ ငယ္ေပမယ့္ ရင့္က်က္ေသာ၊ ဆုံျဖတ္ခ်က္ျပတ္သားေသာ၊ မထီမဲ့ျမင္ႏိုင္ေသာ၊ တဇြတ္ထိုးဆန္ေသာစ႐ိုက္မ်ားက မ်က္ႏွာမွာ ထင္ဟပ္ေနသည္။

အိန္းဒ႐ူးက ေနသန္ၾကည့္ေနတာျမင္ေသာအခါ ၿပဳံးျပလိုက္သည္။ ေနသန္က ပုံမွန္ဆို ေငးေနတာ ရပ္ၿပီး မ်က္ႏွာလႊဲေပးလိုက္မည္ ျဖစ္ေသာ္လည္း အိန္းဒ႐ူးရဲ႕ အၿပဳံးက ရန္စေနသည္မို႔ ဆက္ၾကည့္ေပးလိုက္သည္။



အိန္းဒ႐ူးက ေနသန္ၾကည့္ေနတာ သိလွ်က္ႏွင့္ပင္ သဘက္ကို ခြၽတ္ခ်ၿပီး အဝတ္အစားလဲလိုက္သည္။ ထို႔ေနာက္ ေရစိုေသာ ဆံပင္ႏွင့္ပင္ စားပြဲမွာ ခပ္တည္တည္ပင္ လာထိုင္သည္။
"ၾကည့္ေကာင္းလား"
ေနသန္ကလည္း ခပ္႐ြတ္႐ြတ္ပင္
"ၾကည့္ေကာင္းတယ္"
"ဟက္ .. ကိုကိုက တကယ္ မရွက္တတ္တာပဲ"
"မင္းထက္အသက္အမ်ားႀကီး ႀကီးတယ္။ မင္းလို ကေလးကို ငါက ရွက္ေနစရာလား"

"ႀကိဳက္ၿပီ။ ဒါေပမယ့္ ကိုကို သိထားဖို႔က က်ေနာ္ ကေလးလည္း မဟုတ္သလို သူမ်ားေရွ႕မွာ ကိုကို အဲ့လို ျပဳမူလို႔လည္း မရဘူး"
"ငါ့စိတ္နဲ႔ ငါ့ကိုယ္ပဲေလ"
အိန္းဒ႐ူးက လွစ္ခနဲရယ္လွ်က္
"အြန္း လုပ္ၾကည့္ေပါ့"

အိန္းဒ႐ူးက ေနသန္႔အတြက္ ေရတခြက္ ငွဲ႔ေပး၍ သူကိုယ္တိုင္လည္း အားရပါးရ စားလိုက္သည္။ ေခတ္ပ်က္ ကာလမို႔ ရိကၡာ အခက္အခဲရွိေသာ္လည္း စခန္းတခုလုံး၏ အေတာ္ဆုံး စြမ္းအားရွင္ ဂုဏ္ပုဒ္ႏွင့္ အိန္းဒ႐ူး၏ အသုံးအေဆာင္ ပစၥည္းမ်ားက အေကာင္းဆုံး ျဖစ္ေနေသးသည္။

"ကိုကို မနက္ျဖန္ဘယ္လိုလုပ္မွာလဲ"
"ဘာကိုလဲ"
"ကိုကို႔မွာ ေဆြးေႏြးၿပီး လဲလွယ္စရာ ပစၥည္းမရွိဘူးလို႔ က်ေနာ္သိထားတယ္"
"ဝိုး .. မင္း ေတာ္သားပဲ"
"အဲ့ေတာ့ ကိုကို ဘယ္လိုလုပ္မလဲ"
"ဘယ္လိုလုပ္မယ္ထင္လဲ"
"ကိုကို႔မွာ အစက ႏွစ္လမ္းရွိတယ္။ ထြက္ေျပးဖို႔နဲ႔ ပစၥည္းရွိေအာင္လုပ္ဖို႔။ အခု စြမ္းအားမရွိေတာ့ဘူးဆိုေတာ့ က်ေနာ္တို႔ စခန္းမွာပဲေနၿပီး ပစၥည္းရွိေအာင္ လုပ္ရမယ့္ တလမ္းပဲ က်န္ေတာ့တယ္။ အဲ့တာအတြက္ လွ်ိဳ႕ဝွက္ထားဖို႔ေရာ အကူအညီေရာ ကိုကို က်ေနာ့ကို လိုအပ္တယ္"

"ဝိုး အပိုင္တြက္ထားတာပဲ"
"က်ေနာ္က အလကားေတာ့ ကူေပးမွာ မဟုတ္ဖူးဆိုတာ ကိုကို သိတယ္မလား"
"ဟက္ .. မင္းက ဘာလိုခ်င္တာလဲ"
"ကိုကို သိပါတယ္"
"မင္းမွားတယ္။ ငါ့မွာ သုံးလမ္းရွိတယ္"
"ကိုကို ေျပာၾကည့္"

"ထြက္ေျပးဖို႔"
"အင္း"
"မင္းကို အလိုလိုက္ဖို႔နဲ႔"
"အင္း"
"မင္းေခါင္းေဆာင္ကို အလိုလိုက္ဖို႔"
"ဘာ!"

"ဟက္ ကေလးစုတ္ေလး
မင္းငါ့ကို အထင္ေသးလြန္းတယ္"

Continue Reading

You'll Also Like

11.9K 2.3K 68
ලස්සනම මූර්ති මැවෙනවද, ගල්කුළු කඩතොළු නොවුනොතින්?
80.3K 7.2K 114
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...
201K 3.7K 26
"ရွင့္ကိုသိပ္မုန္းတယ္ ေဒၚျမတ္သဒၵါေသြး"
59.1K 2.9K 46
ស្នេហាកើតចេញពីការជំនួសមនុស្សម្នាក់ដែលគេស្រឡាញ់ព្រោះតែមានមុខមាត់ប្រហាក់ប្រហែលគ្នា មុនដំបូងគិតថាយកមកលេងសើចតែចៃដន្យអីជាប់ស្នេហ៍គេមែនទែនដកចិត្តមិនរួច និព...