သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခ...

By moooskyi

408K 12.8K 266

ငါကငါ့တရား၀င်ယောကျာ်းကိုသူ့exလက်ထဲထည့်မှာမဟုတ်ဘူး သူငါ့ကိုအခုမချစ်သေးဘူးဆို တစ်နေ့နေ့တော့ ပြန်ချစ်လာမှာပါ မေပ... More

သူစိမ်း(part-1)[Zawgyi & Unicode]
သူစိမ်း(part-2)[Zawgyi & Unicode]
သူစိမ်း(part-3)[Zawgyi& Unicode]
သူစိမ်း(part-4)[Zawgyi & Unicode]
သူစိမ်း(part-5)[Zawgyi&Unicode]
သူစိမ်း(part-7)[Zawgyi&Unicode]
သူစိမ်း(part-8)[Zawgyi&Unicode]
သူစိမ်း(part-9)[Zawgyi&Unicode]
သူစိမ်း(Part-10)[Zawgyi&Unicode]
သူစိမ်း(part-11)[Zawgyi&Unicode]
သူစိမ်း(part-12)[Zawgyi&Unicode]
သူစိမ်း(part-13)[Zawgyi&Unicode]
သူစိမ်း(part-14)[Zawgyi&Unicode]
သူစိမ်း(part-15)[Zawgyi&Unicode]
သူစိမ်း(part-16)[Zawgyi&Unicode]
သူစိမ်း(part-17)[Zawgyi&Unicode]
သူစိမ်း(part-18)[Zawgyi&Unicode]
သူစိမ်း(part-19)[Zawgyi&Unicode]
သူစိမ်း(part-20)[Zawgyi&Unicode]
သူစိမ်း(part-21)[Zawgyi&Unicode]
သူစိမ်း(part-22)[Zawgyi&Unicode]
သူစိမ်း(part -23)[Zawgyi&Unicode]
သူစိမ်း(part-24)[Zawgyi&Unicode]
သူစိမ်း(part-25)[Zawgyi&Unicode]
သူစိမ်း(part-26)[Zawgyi&Unicode]
သူစိမ်း(part-27)[Zawgyi&Unicode]
သူစိမ်း(part-28)[Zawgyi& Unicode]
သူစိမ်း(part-29)[Zawgyi&Unicode]
သူစိမ်း(part-30)[Zawgyi &Unicode]
Attention 😃
သူစိမ်း(part-31)[Zawgyi&Unicode]
သူစိမ်း(part-32)[Zawgyi&Unicode]
သူစိမ်း(final)[Zawgyi & Unicode]

သူစိမ်း(part-6)[Zawgyi&Unicode]

11.8K 470 4
By moooskyi

(Unicode)

Wedding ပြီးတော့ ရှိန်းမာမီတို့နဲ့အတူအိမ်ကိုသာပြန်လိုက်သည်မာမီလည်းဘာပျော်စရာရှိလို့လည်းမသိ မျက်နှာကိုပြုံးလို့ဒယ်ဒီလည်းပြုံးနေသည်ဘာ‌တွေသဘောကျနေမှန်းမသိ ဒီလင်မယားနှစ်ယောက်ကလိုက်လည်းလိုက်သည် ရှိန်းမနေနိုင်တဲ့အဆုံးမေးလိုက်တော့သည်

"မာမီ ဘာတွေရှိလို့ ဒီလောက်ပျော်နေရတာလဲ"

"မာမီချွေးမရတော့မှာလေ"

"ဘာ မာမီဘာတွေလဲ"

"မာမီ မင်းအတွက်မိန်းမတွေ့ခဲ့ပြီ"

"ဒယ်ဒီကော သိတာလား"

"ဟုတ်တယ်သား ဒယ်ဒီတော့ဒီတစ်ခေါက်မင်းမာမီရွေးတဲ့မိန်းကလေးကိုသဘောကျတယ်"

"အမယ်လေး ကိုရှိန်းခန့်ဇော် ဘာမှမပူနဲ့ဒီနှစ်လအတွင်းမင်းနဲ့အဲ့မိန်းကလေးပေါင်းဖက်ရအောင်မာမီအကျိုးဆောင်မှာပါ"

"ဟာ မာမီကလည်းသားဘယ်ကမှန်းမသိတဲ့မိန်းကလေးကိုချက်ချင်း လက်မထပ်နိုင်ဘူး"

"အမလေး ငါ့ချွေးမလောင်းကမျိုးရိုးသန့် ဘယ်သူလဲဆိုတာမင်းဘာသာစုံစမ်း hintလေးတော့ပေးလိုက်မယ် GF group CEO ရဲ့သမီး"

"ကျစ် မာမီမမိုက်ဘူးနော်"

"လာယောကျာ်းသွားနားရအောင် ပင်ပန်းလာတယ်မလား"

မာမီသည်သူ့အားဂရုတောင်မစိုက်သူ့ယောကျာ်းလက်အားကျစ်ကျစ်ပါအောင်ကိုင်ကာအိမ်ပေါ်သို့တတ်သွားသည်
ရှိန်းလည်းဘာမှမပြောဘဲ စိတ်ရှုပ်နေသမျှကို ရေအေလေးစိမ်းရင်းမေ့ပျောက်ဖို့လုပ်ပေမယ့်ခေါင်းထဲ၀င်လာသူက GF group CEO ရဲ့သမီး‌အကြောင်း မနေနိုင်တဲ့အဆုံး ကိုခန့်စီသာဖုန်းခေါ်ရတော့သည်

"Hello မသာပြော"

"‌အေး ကိုခန့်‌ငါစောက်ပြသနာတတ်ပြီ"

"ဘာဖြစ်လို့လဲ"

"ဘာဖြစ်ရမှာလဲကွ မာမီကဒီနေ့ wedding သွားတာလေအဲ့တာငါ့အတွက်ပါမိန်းမ တခါတည်းရှာလာတာကွာ"

"အဲ ဟုတ်လား"

"ဘယ်က ကောင်မလေးတဲ့လဲ"

"ခရီးသွား၀န်ဆောင် GF group ကCEO ရဲ့သမီးတဲ့"

"ဟုတ်လို့လား GF gp မှားသားရှိတယ်ဘဲကြားဖူးတာ"

"အေးအဲ့တာ ငါလည်းမသိလို့ကွာ ငါ့ကိုစုံစမ်းပေးစမ်းပါ"

"အေး စုံစမ်းထားမယ်"

"မနက်ဖြန်သိအောင်လုပ်နော်ကိုခန့်"

"Fuck u ဘဲကွာ လုပ်ပေးထားမယ်".....

#######

မနေ့ညကပင်ပန်းလို့နဲ့တူတယ် liamဒီနေ့တော်တော်အိပ်ပျော်သွားသည် အိပ်ရာနိုးတာနဲ့ရေမိုးချိုးပြီး မွန်းတည့်ချိန်ရောက်နေပြီဆိုတော့ ကိုယ့်ဘာသာဘဲတစ်နပ်စာချက်စားလိုက်သည် တစ်နေ့ခင်းလုံးစာအုပ်ဖတ်လိုက် ဖုန်းသုံးလိုက်နဲ့အချိန်တွေသာကုန်သွားသည် ကိုလူချောအကြောင်းလေးကတော့တစ်ချက်ချက်တွေးမိတာပေါ့နော်

"ဟဲ့ liam မငါတို့အောက်မှာရောက်နေတယ်ခြံတံခါးလာဖွင့် "

"အခုလား"

"ဟုတ်ပါတယ်ဆို"

အမယ်လေးတွေ့ပါပီစားစရာမုန့်အစုံနဲ့ဆိုင်းမဆင့်ဗုံမဆင့်ရောက်လာသောဒီနှစ်ယောက် သိပါသည် သူတို့ဟိုကိုလူချောအကြောင်းအင်တာဗျူးဖို့ဆိုတာ

"စားစရာတွေလည်းထည့်ပြီးပြီ ‌အဲယားကွန်းလည်းဖွင့်ပြီးပြီ ကဲပြောပါအုန်းနင့် crushလေးအကြောင်း"

"ဟယ်ငါ မcrushရသေးပါဘူးဒီတိုင်းချောတယ်လို့ဘဲပြောတာပါ"

"အေးအဲ့ဆိုနင်ကောသူဘယ်သူဆိုတာသိလား"

"မသိဘူးလေဟာ ငါကအဲ့အပိုင်းတွေမကျွမ်းတာဟ"

"အေးအဲ့လူက Zaw Ka group Chairman ရဲ့သားဟ သူလည်းဒါရိုက်တာဘဲ သူကအရင်ကအရမ်းဆိုးတာ သူအမြဲရန်ပွဲတိုင်းနီးပါးပါတယ် သူ့ရဲ့မဟာရန်ဘက်က သူရကိုကြိတ်လိုက်တယ်ဆိုတဲ့ဟိုနေပိုင်ဆိုတဲ့လူ
ဒီကြားထဲမော်ဒယ်‌ မဒီနဲ့နှစ်နှစ်လောက်တွဲရော သူက‌ကျောင်းပြီးတော့မဒီကိုလက်ထပ်ခွင့်တောင်းရော ‌အဲ့ကြတော့မဒီကဟာသူအောင်‌မြင်ချင်သေးတယ် မိသားစုဘ၀မလိုချင်သေးဘူးဆိုပြီးဘာညာနဲ့ dramaတွေချိုး
အဲ့မှာရုတ်တရပ်ကြီး New Yorkကို ထွက်သွားတာ အဲ့မှာရှိန်းဇော်ခကလုံး၀ ပြောင်းလဲသွားတာအဲ့ပြသာနာမှာ အပျော်ဆုံးကသူ့အမေဘဲကွာ သူ့အမေကအစောထဲက မဒီနဲ့လုံး၀သဘောမတူတာဟာသူကအဲ့ထဲကဘယ်သူနဲ့မှမတွဲတာ"

အမှုံရဲ့ရှင်းပြချက်တို့က စုံလင်သည်တိကျသည် အထွန်းက‌မနေနိုင်တော့၀င်ပြောရသည်

"ဟဲ့အမှုံ နင်ကအကုန်ခရေစိတွင်းကျဘာလို့သိနေတာလဲ"

"နင်တို့ကလည်းဒီအသိုင်းဝိုင်းထဲကျင်လည်ရင်ဒီအသိုင်းဝိုင်းက ဘုရင့်သားတော်အကြောင်းသိထားသင့်တာပေါ့"

"အေးပါငါတို့ liam လေးမကြိုက်ရင်ပြီးတာဘဲစားကြရအောင် ဟဲ့ fb ပေါ်တင်ရအောင် လှလှလေးရိုက်"

ဓာတ်ပုံတွေရိုက်ကြစားကြသောက်ကြနဲ့ပျော်ဖို့ကောင်းလွန်းသည် စာမေးပွဲပြီးထဲကဒီလိုမကဲရတာ သူတို့နဲ့ရှိရင်ကိုပြည့်စုံပြီဟုထင်ရသည်

#########
ဒီနေ့ကိုခန့် ကိုစုံစမ်းခိုင်းထားတဲ့ကိစ္စ သိရမည်အခုတော့အစည်းအဝေးလုပ်နေသည် အစည်းအဝေးကလည်း ဒယ်ဒီက GF group နဲ့ထပ်ပူးပေါင်းမယ့်လုပ်ငန်း‌တွေအကြောင်းဆွေးနွေးခြင်းဖြစ်သည် ပထမကနှစ်၀က်လောက်မှပူးပေါင်းရမယ့်project ကိုဒယ်ဒီက နေ့ချင်းညချင်းမဆိုင်းပြင်ဆင်နေသည် ဒါကြောင့်ကိုသူမ ဘယ်သူလဲသူသိချင်သည်
အစည်း‌အဝေးချိန်ကြီးစာ၀င်လာသောကြောင့်ကြည့်လိုက်မိတော့ကိုခန့်ဖြစ်နေသည်

"ငရှိန်းသူဘယ်သူလဲ ငါသိပြီမင်းသိရင် အံ့ဩသွားလိမ့်မယ်"

အစည်းအဝေးပြီးတာနဲ့ မြတ်ဇင်ကောကိုခန့်နဲ့ပါနေ့လည်စာစားဖို့ချိန်းလိုက်သည် ဆွေးနွေစရာများကများလှသည်

ရှိန်း Restaurant တစ်ခုမှ VIP တစ်ခန်းထဲသို့၀င်သွားသည် မြတ်ဇင်တော့ရောက်နေပေမယ့်ကိုခန့်တော့မရောက်သေး မြတ်ဇင်ကအစားအသောက်နဲ့ပတ်သတ်ရင်မြန်လှသည်
5 မိနစ်လောက်ကြာတော့အခန်းထဲသို့ ကိုခန့်ရောက်လာသည်

"ဟဲ့ရောင်တွေငါမင်းတို့ကို Supriseတိုက်စရာရှိတယ်ကွ"

"ပြောစမ်းပါကွာ"

"ငရှိန်းရဲ့ဇနီးလောင်းလေးကဘယ်သူလဲသိလား မေပိုးဦးတဲ့"

"ဟာကိုခန့် မေပိုးဦးကဘယ်သူလဲ"

"မင်းတို့မမှတ်မိဘူးလား ဟိုနေ့ကကလပ်မှာငမူးလေးကိုလာခေါ်တဲ့ကောင်မလေးလေ"

"ဘာ!!!!" ရှိန်းနဲ့မြတ်ဇင်တို့ဆီမှပြိုင်တူထွက်လာသောအသံဖြစ်သည်

"ဘယ်လိုဖြစ်နိုင်မှာလဲ သူ့မှာ‌ရည်းစားရှိတယ်လေကွာ နောက်နေ့မနက်တောင်အတူ‌ပြန်ကြတာလဲကွာ"

"မင်းတို့ကအဲ့တာဘဲ သူ့မှာရည်းစားတောင်မထားဘူးဘူး ဘူမသိဘာမသိနဲ့ ငရဲတွေစွတ်ကြီးနေမယ် ဟိုကမောင်နှမအရင်းတွေဟ"

"ဘာ!!!"

"ဒီခွေးသားနှစ်ကောင်ကတော့တစ်ဘာဘာနဲ့"

"ငါတို့ထင်တာနဲ့တလွဲစီလေကွာ"

"အေးလေ ငါတို့မှမသိတာ"

အံ့ဩမှုများစွာနဲ့ ငရှိုန်းနဲ့မြတ်ဇင်တို့မှာ ငိုရမလိုရယ်ရမလိုဖြစ်နေသည် ကိုခန့်ကတော့တခွီခွီနဲ့ရယ်နေသည် ရယ်လည်းရယ်ချင်စရာပါသူတို့အဖြစ်က သူများကိုအချစ်ကြီးတယ်လေးဘာလေးနဲ့ ရှိန်းခမျာ သူမအစားတောင်၀င်‌နာပေးနေသည်သူတို့ကတော့မောင်နှမတဲ့ဒီမောင်နှမတော်တော်ပြသာနာရှာသည်

"ဟေ့ရောင် ငရှိန်းငါမင်းကိုသူနဲ့သဘောတူတယ်" စားနေရင်းမှရုတ်တရပ်ပြောလာသောမြတ်ဇင်

"မင်းကလည်းမင်းဘဲ စဉ်းစားကြည့်ရုပ်လေးကလည်းချော မင်းနဲ့လည်းလိုက် ပြီးရင်သူကသူ့မောင်ကိုတောင်ဒီလောက်ဂရုစိုက်နေတာသူ့ယောကျာ်းဆိုဘယ်လောက်ချစ်မလဲ"

"ဘာဆိုင်လို့လဲ ငါအချစ်ဆိုကြောက်လို့ပါကွာ"

"ဟာမင်းကလည်း မင်းကအချစ်ငတ်နေတဲ့လူဟိုကလည်းချစ်တတ်တဲ့လူ မင်းတို့နှစ်ယောက်ဘယ်လောက်လိုက်လဲ"

"ဟဲ့ရောင် ငရှိန်းငါ မြတ်ဇင်ပြောတာထောက်ခံတယ်သူကနာမည်ပျက်လည်းမရှိဘူးကွာ ပြီးတော့ဂုဏ်တွေဘာတွေလည်းမက်နေတဲ့ပုံမပေါ်ဘူး"

"ဘာမှမပြောနဲ့ ငရှိန်းငါနဲ့ကိုခန့်ရဲ့ခယ်မလေးက မေပိုးဦးဘဲ အန်တီဒီတစ်ခေါက်တော်သွားပြီ"

ငရှိန်းကားမောင်းရင်း ‌အတွေးတွေဖြန့်ကြက်ထားမိသည် ဒီအချိန်မှာသူလက်ထပ်တာက မဒီ့အပေါ်ကိုရက်စက်ရာမကြတော့ဘူးမလား ဒီအမျိုးသမီးကကော သူ့ကိုနားလည်မှာလား သူမကကောသူ့ကိုလက်ထပ်ချင်မှာလား တစ်ဘ၀လုံးစာ ပေါင်းဖက်ရမယ့်အဖြစ်ကိုသူမကကောလက်ခံမှာလား မာမီရဲ့ရွေးချယ်ခွင့်မရှိတဲ့ဒီစာမေးပွဲမှာ သူမကအ‌ဖြေဖြစ်နိုင်မလား မေးခွန်းများစွာနဲ့ သူကောအေးချမ်းနိုင်တော့မှာလား......

ဒီနေ့နဲ့ဆို ရှိန်းကွန်ဒိုမှာပြန်အိပ်တာတစ်ပတ်ပြည့်တော့မယ် မာမီ့ဆီက ဟိုမိန်းကလေးနဲ့ပတ်သတ်ပြီးဘာသတင်းမှမကြားရသေးဘူး ကောင်းပါတယ်လေ တစ်ပူအေးတာပေါ့
ဒီနေ့ရုံးဆင်းတော့ သောက်နေကျ cafe ဆိုင်က Americano တစ်ခွက်၀င်၀ယ်မိတယ် ရှိန်းကကားမောင်းရင်း ကော်ဖီသောက်ရတဲ့ခံစားချက်လေးကိုကြိုက်တယ် ဆိုင်ထဲထွက်‌လာတော့ ဟိုဖက်ကားလမ်းမမှာမေပိုးဦးကိုတွေ့လိုက်သည် သူ့ဘေးမှာ သူ့သူငယ်ချင်းနှစ်ယောက်ဖြစ်ဟန်ရှိသည့် ကောင်လေးနဲ့သူနဲ့အတူတွေ့ဖူးသည့်ကောင်မလေးတစ်ယောက် စကားတပြောပြောနဲ့ ဆိုင်ထဲသို့၀င်သွားသည်

သူမကကော သူနဲ့မိသားစုဘ၀တည်ဆောက်ချင်မှာလား ......

########

#hey guys!!!!
လက်ရာမကောင်းတဲ့ဒီဇာတ်လမ်းလေးကိုဖတ်ပေးကြတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးပါနော် 🥺✌️❤️
.............

(Zawgyi)




"ဘာ မာမီဘာတွေလဲ"


"ဒယ်ဒီကော သိတာလား"








"Hello မသာပြော"


"ဘာဖြစ်လို့လဲ"


"အဲ ဟုတ်လား"

"ဘယ်က ကောင်မလေးတဲ့လဲ"




"အေး စုံစမ်းထားမယ်"



#######



"အခုလား"

"ဟုတ်ပါတယ်ဆို"












#########





"ပြောစမ်းပါကွာ"







"ဘာ!!!"



"အေးလေ ငါတို့မှမသိတာ"











########

#hey guys!!!!
.............

Continue Reading

You'll Also Like

177K 13.8K 35
Her marriage was fixed which was an arranged marriage but she moved to London to pursue her career and dreams and after that, she would marry. But in...
566K 19.5K 93
"Leave, you're free. Don't ever come back here again." She said, hoping he wouldn't return and she'll get to live Hael was shocked, "Are you abandon...
4.5M 283K 105
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
269K 30.9K 78
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...