ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ...

By LuciousKim

554K 72.3K 1.9K

This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引 More

Description
Chapter (1.1)
Chapter (1.2)
Chapter (2)
Chapter (3)
chapter (4)
chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58.1)
Chapter (58.2)
Chapter (59)
Chapter (60)
Chapter (61)
Chapter (61.2)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Chapter (70 )
Chapter (71.1)
Chapter(71.2)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (79) Zawgyi
Chapter (80)
Chapter (81)
chapter (82)
Chapter (83)
Chapter (84)
Chapter (85).
Chapter (86).
Chapter (87)
chapter (88)
Chapter (89)
90
about paid
(acc ရှာမရတဲ့သူတွေအတွက်)
Chapter (91)
Chapter(92)

Chapter (9)

8.1K 1.2K 46
By LuciousKim

Zawgyi

Chapter 9 – False statement (2)











"ဒါရိုက်တာ Li "

















"He Han ကဘယ်မှာတုန်း "


















***
Unicode


ကားက He Han ဆီကိုရောက်တော့ သူမက ကားထဲကိုဝင်လာပြီးနောက်မှာ အစ်မ Zhou ကိုသူမယူလာခဲ့တဲ့ မုန့်ထုတ်တွေကိုပေးလိုက်တယ်။ မုန့်တွေက နူးညံ့ပြီးပါးလွှာတဲ့ပုံစံနဲ့ထုပ်ပိုးထားတာဖြစ်တယ်။ သူမက တခြားသောမုန့်တစ်ထုပ်ကို Shen Yan ဆီကိုပေးလိုက်ကာ တခြားတစ်ဖက်မှာ စကားမဆိုတော့ပဲဝင်ထိုင်လိုက်တယ်။ ကားက နည်းနည်းတော့ တိတ်ဆိတ်နေသလိုပဲ ။

သူတို့ရိုက်ကွင်းကိုရောက်ရှိလာတဲ့အချိန်မှာတော့ လက်ထောက်ဒါရိုက်တာ Shen Yan ဆီကိုအပြေးအလွှားရောက်လာပြီး Shen Yanအတွက်မနက်စာကိုထိုးပေးလိုက်တယ်။  သူက He Hanနဲ့ Zhou Ruo တို့ကိုတော့ ဂရုမစိုက်လေဘူး ။

Shen Yan: “လက်ထောက်ဒါရိုက်တာ "

လက်ထောက်ဒါရိုက်တာ : " ငါ မင်းကိုနေ့လည်စာပို့ပေးရတဲ့လူထပ်ဖြစ်မလား ဒါမှမဟုတ် လက်ထောက်ဒါရိုက်တာပဲဖြစ်လာမလားဆိုတာက မင်းအပေါ်မှာမူတည်နေပြီ "

လက်ထောက်ဒါရိုက်တာကို နှုတ်ဆက်ချင်နေတဲ့ He Han ဟာ အချိန်အနည်းငယ်လောက်ရပြီး လက်ထောက်ဒါရိုက်တာနဲ့စကားပြောချင်တဲ့အတွက် မတ်တပ်ရပ်စောင့်နေပေမယ့် လက်ထောက်ဒါရိုက်တာကတော့ ရိုးရှင်းစွာနဲ့ He Hanကိုလျစ်လျူရှုထားလေတယ်။

He Hanက ဒါကိုသည်းခံခဲ့တယ်။ သူမက အနာဂတ်မှာ အင်တာတိန်းမန့်ထဲမှာ ကျော်ကြားလာမယ့် အချိန်ကိုစောင့်ဖို့တွေးတောခဲ့တာဖြစ်တယ်။ ဒါရိုက်တာက သူမကိုသရုပ်ဆောင်အဖြစ်အလိုရှိတဲ့အချိန်မှာ သူတို့က သူမရဲ့အချိန်ဇယားနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ကြတယ်။

လူတိုင်းက ရိုက်ကွင်းကိုရောက်လာပြီးချိန်မှာတော့ လက်ထောက်ဒါရိုက်တာက Shen Yan ကိုဆွဲယူပြီး ဒါရိုက်တာဆီကိုပို့ပေးလိုက်တယ် ။ "ဒါရိုက်တာ Li ..ဒါက Shen Yanပါ ကြည့်လိုက်လေ ကိုယ်လုပ်တော် Lanရဲ့နေရာအတွက်အရမ်းကိုသင့်တော်တယ် ဟုတ်တယ်မလား ? "

ရိုက်ကွင်းက  ရိုက်ကူးရေးလုပ်နေတုန်းပဲ ။ လက်ထောက်ဒါရိုက်တာရဲ့စကားကိုကြားတဲ့အခါ ဒါရိုက်တာ Liရဲ့ပုံကနည်းနည်းလောက်စိတ်မကြည်သလိုဖြစ်သွားတယ်။ ဒါပေမယ့် သူ့ရဲ့မျက်လုံးတွေက Shen Yanကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ သူဟာမူးမေ့လစ်သွားမလိုတောင်ဖြစ်သွားရရှာတယ်။ သင့်တော်တာပေါ့ .. သင့်တော်တယ်လေ .. အရမ်းကြီးကိုသင့်တော်တာ !

ဇာတ်ညွှန်းဆရာမကလဲ ကိုယ်လုပ်တော် Lanနေရာမှာသရုပ်ဆောင်မယ့် သရုပ်ဆောင်ရောက်လာတာကို အရမ်းပဲတွေ့ချင်နေပြီ ။ ဒါကြောင့်သူမက ရိုက်ကွင်းမှာလာပြီး ဇာတ်ညွှန်းရေးနေခဲ့တာဖြစ်တယ်။ Shen Yan ကိုတွေ့လိုက်ရတော့ ဇာတ်ညွှန်းဆရာမဟာ ချက်ချင်းကြီးမတ်တပ်ရပ်မိသွားတယ်။ ဒါက သူမရဲ့နှလုံးသားထဲကပုံဖော်ထားတဲ့ ကိုယ်လုပ်တော် Lanပဲ ။

ထိုလူနှစ်ယောက်ရဲ့မျက်နှာအမူအယာကိုကြည့်ခြင်းအားဖြင့် လက်ထောက်ဒါရိုက်တာဟာ သူနေ့လည်စာပို့ရမယ့်တာဝန်ကနေလွတ်ကင်းသွားပြီဖြစ်ကြောင်းသိလိုက်တယ်။

Shen Yan က Li Jun ရဲ့ရှေ့မှာ ခါင်းကိုနည်းနည်းလောက်ငုံ့လိုက်ပြီး နှုတ်ဆက်လိုက်တယ်။
"ဒါရိုက်တာ Li "

Li Jun: “ စာချုပ်မှာလက်မှတ်အရင်ထိုးရအောင် "

သူက Shen Yan နဲ့ပတ်သက်ပြီးအရမ်းကိုကျေနပ်အားရနေခဲ့တာကြောင့် ချက်ချင်းပဲစာချုပ်မှာလက်မှတ်ထိုးဖို့လုပ်လိုက်တယ်။ He Han နဲ့ Zhao Ruoအတွက်ကတော့ ဘယ်သူကမှသူတို့ကို ဂရုစိုက်မနေကြဘူး ။ သူက He Han ကိုစာချုပ်ပေးလိုက်ကာ Shen Yanနဲ့ပဲ ဆက်လက်ပြီးစကားပြောနေလေတယ်။

" ငါအစက ဒီဇာတ်ကောင်နေရာကိုဖယ်ရှားရတော့မယ်လို့ထင်နေတာ " Li Jun ကသက်ပြင်းတစ်ချက်ချလိုက်တယ်။

အရင်ဘဝတုန်းက Shen Yan ကလူရွေးပွဲကိုမလာခဲ့ဘူး ဒီတော့ သူတို့ဟာ Chen Fei (ကိုယ်လုပ်တော်ချန်)TV ဇာတ်လမ်းထဲမှာ ကိုယ်လုပ်တော် Lan ကိုထည့်သွင်းရိုက်ကူးခြင်းမလုပ်နိုင်ခဲ့ဘူး ။

ရိုက်ကွင်းက ရိုက်ကူးနေဆဲပဲဖြစ်တာကြောင့် Li Jun က Shen Yan  ကိုစကားလုံးအနည်းငယ်ပဲပြောနိုင်ကာ သူတို့ကို ဟိုတယ်မှာတည်းခိုဖို့အတွက်မေးမြန်းလိုက်တယ်။ သူက Shen Yanနဲ့ He Hanတို့အတွက်ဇာတ်ညွှန်းစာအုပ်ကိုလည်းပေးလိုက်တာကြောင့် သူတို့အနေနဲ့ သူတို့သရုပ်ဆောင်ရမယ့်အခန်းတွေကို ဖတ်ထားနိုင်တယ်။ ရိုက်ကူးရေးအတွက် ဘတ်ဂျက်ငွေကနည်းပါးတာကြောင့် သူတို့တွေမြန်မြန်ဆန်ဆန်ရိုက်ကူးပြီး Studio အတွက်စရိတ်တွေခြွေတာရလိမ့်မယ်။ လက်ထောက်ဒါရိုက်တာကတော့ သူလူရွေးမမှားတဲ့အကြောင်းကိုကြွားလုံးထုတ်ချင်တာကြောင့် ဆက်ပြီးရပ်နေတုန်းပဲ ။

Shen Yan နဲ့တခြားသူတွေရိုက်ကွင်းကထွက်ခွာသွားတော့ လက်ထောက်ဒါရိုက်တာက စပြောလိုက်တယ်။

"ဘယ်လိုနေလဲ မဆိုးဘူးမလား " သူစကားပြောပြီးတာနဲ့ သူ့ရဲ့နောက်ကျောက ဖြောင့်တန်းလာတယ်။

Li Jun: “ မင်းနေ့လည်စာဘူးတွေလိုက်ပို့ရဦးမှာပဲ "

Assistant Director: “ဘာလို့လဲ !”

Li Jun: “ ဘာလို့လဲဆိုတော့ ငါကဒါရိုက်တာလေ "

Shen Yan ကတော့ ရိုက်ကွင်းကထွက်လာတဲ့အချိန်မှာ သူ့ရဲ့စိတ်တွေကအရမ်းကိုကောင်းမွန်နေခဲ့တယ်။

Shen Yan ဟိုတယ်အပြင်ဘက်မှာစောင့်ဆိုင်းနေတုန်းမှာ သူမရဲ့မျက်လုံးက ဇိမ်ခံကားတစ်စီးကိုမြင်သွားခဲ့တယ်။ အဲဒါက Meng Yi' anရဲ့ကားပဲ ။

Meng Yi' anက ဒီဒရမ်မာရဲ့ရင်းမီးမြုပ်နှံသူပဲ ။ ဒါပေမယ့် သူမနေ့တုန်းကလူရွေးပွဲကိုလာသွားပြီမဟုတ်ဘူးလား ဘာလို့နောက်တစ်ခေါက်ထပ်လာရပြန်တာတုန်း ? အဲဒီကားက ဟိုတယ်ရဲ့အောက်ထပ်ကပါကင်မှာထိုးထားတုန်းပဲ ။

Shen Yan ဟာ Zhao Ruo ရဲ့နောက်ကနေဟိုတယ်ထဲကိုလိုက်မဝင်ခင်အထိ ထိုကားကိုကြည့်ပြီးတွေးတောနေခဲ့တယ်။

Zhao Ruo ကကောက်တာရှေ့မှာ စာရင်းသွင်းနေတုန်းမှာ တစ်ခုခုမူမမှန်တာကိုခံစားမိသွားတယ်။ " ငါတို့တစ်ခုခုကျန်ခဲ့တာရှိလို့လား ?"

Shen Yan က သူမရဲ့လက်ထဲကဇာတ်ညွှန်းစာအုပ်ကိုကြည့်ပြီးပြန်ပြောလိုက်တယ်
"ကျွန်မကတော့ ဘာမှမကျန်ခဲ့ပါဘူး "

" ဒါပေမယ့် ငါတစ်ခုခုကိုမေ့နေသလိုခံစားနေရတယ် ..." Zhao Ruo ကခဏလောက်ရပ်သွားပြီး ပြောလိုက်တယ်။
"He Han ကဘယ်မှာတုန်း "

Shen Yan ကဘေးဘက်တွေကိုကြည့်လိုက်တယ်။ သူမက သူမရဲ့အေးဂျင့်ဖြစ်သူနဲ့ ဟိုတယ်ကိုဝင်လာခဲ့တာလေ။

အဓိကကတော့ ဒါရိုက်တာ ၊ လက်ထောက်ဒါရိုက်တာနှင့်ဇာတ်ညွှန်းရေးဆရာမတို့က  Shen Yanကိုပဲချီးကျူးခဲ့ကြတာဖြစ်တယ်။ ဒီတော့ Shen Yanရဲ့အေးဂျင့်ဖြစ်တဲ့ Zhao Ruo ကသူတို့ကိုနှုတ်ဆက်ခဲ့ရတယ်။ နောက်ပြီး သူတို့ဟာ He Han ရဲ့အကြောင်းကိုတော့ ထည့်မပြောခဲ့ကြဘူး ။ Zhao Ruo ပြန်လာတဲ့အချိန်မှာ သူမကအရမ်းကိုပျော်ရွှင်နေခဲ့ပြီး Shen Yan ကိုရိုက်ကူးရေးမှာအာရုံစိုက်ဖို့ပြောခဲ့တယ်။ နောက်ပြီး သူမဟာ He Hanကိုမေ့နေခဲ့တယ်။ Shen Yanအတွက်ကတော့ သူမက Meng Yi' anရဲ့ကားကိုအာရုံစိုက်မိနေတာကြောင့် He Hanကိုမေ့သွားခဲ့တာပဲ ။

Zhao Ruo ရဲ့နှုတ်ခမ်းတွေက ပွင့်ဟသွားရတယ်။ "မင်း အခန်းထဲကိုအရင်သွားလိုက်တော့ ငါ He Hanကိုလိုက်ရှာရမယ် "

Shen Yan: “ ကျွန်မလည်းလိုက်ခဲ့မယ် ”

Shen Yan နဲ့ Zhao Ruo အပြင်ကိုထွက်လာတဲ့အခါ သူတို့တွေ He Han ကို လိပ်စာမပေးရသေးကြောင့်သတိရလိုက်တယ်။ သူတို့ကားထဲသို့ဝင်လာတဲ့အချိန်မှာ He Han ကားထဲမှာရှိမနေခဲ့ဘူးလေ။ Shen Yan သူမရဲ့နှုတ်ခမ်းတွေကိုဖုံးကွယ်ပြီးပြုံးလိုက်တယ်။

Zhao Ruo မျက်မှောက်ကုတ်ပြီးပြောလိုက်တယ်။ "သူက ဘာလို့ငါတို့နဲ့အတူ ကားထဲကိုမဝင်တာတုန်း ငါ studio ကိုပြန်သွားပြီး သူ့ကိုလိုက်ရှာလိုက်ဦးမယ် မင်းကဟိုတယ်ကိုပြန်လိုက်တော့ "

အဲဒီနောက် သူမကဒရိုက်ဘာကိုပြောလိုက်တယ် "အဲဒီနားကနေရာတွေကိုအကုန်လိုက်ရှာစမ်းပါ "

ဖုန်းတစ်လုံးထဲမှာတော့ missed call တွေအများကြီးဝင်နေခဲ့ပေမယ့် ဒါက Li Jun ထံသို့စာချုပ်ချုပ်ဆိုဖို့ခေါ်ထားတဲ့ဖုန်းတွေပဲ ။ ဒါကြောင့်သူတို့ဟာ ဖုန်းကို  silent လုပ်လိုက်ကြတယ်။

Shen Yan ကပြန်လှည့်လာပြီး ဟိုတယ်ထံသီု့လျောက်သွားလိုက်တယ်။ ဒါပေမယ့် သူမဘေးဘက်ဆီကိုလှည့်လာတဲ့အချိန်မှာပဲ အနောက်ကိုပြန်ဆုတ်မိသွားတယ်။

Meng Yi’an ကားထဲကထွက်လာတယ် ။

Shen Yan စဉ်းစားလိုက်တယ်။ သူမဖြတ်သွားတဲ့အချိန်တုန်းက Meng Yi' anကကားထဲမှာရှိနေခဲ့တာပေါ့ ? ဒါပေမယ့် သူက သူမနဲ့ဘာများလုပ်ချင်နေတာတုန်း။ Shen Yan သိပ်ကြာကြာစဉ်းစားမနေပဲ ဇာတ်ညွှန်းဖတ်ဖို့အတွက် ခပ်မြန်မြန်ပြန်ဖို့လုပ်လိုက်တယ် ။

Meng Yi’an က Shen Yanရဲ့အရှေ့မှာရပ်လိုက်တယ်။ သူက လည်ဆွဲတစ်ခုကို သူ့ရဲ့အနောက်တိုင်းဝတ်စုံအိတ်ကပ်ထဲမှ ဆွဲထုတ်ပြီး Shen Yanကိုစိုက်ကြည့်နေတယ်။

အဲဒီလည်ဆွဲက သူတို့ရဲ့နှစ်ပတ်လည်နေ့တုန်းက Shen Yan က Meng Yi' an ကိုလက်ဆောင်ပေးခဲ့တဲ့ဟာပဲ

ငွေရောင်ဆွဲကြိုးလေးဟာ မြေပြင်ဆီကို ကျဆင်းသွားပြီး နေရောင်အောက်မှာ ခပ်ဖျော့ဖျော့လေးတောက်ပနေတယ်။

Meng Yi’an ကပြုံးလိုက်တယ် ။

"ဒါက ငါ့ရဲ့ဘဝတစ်ခုလုံးမှာရရှိခဲ့တဲ့စိတ်ခံစားချက်တွေထဲမှာ မမှန်ကန်ဆုံးဖြစ်ခဲ့လိမ့်မယ် ဒီပစ္စည်းက Miss Shen ရဲ့ခံစားချက်တွေလိုပဲ ဈေးပေါလွန်းတယ် "

T/ N -  ကိုယ်ဘာလို့ Meng Yi' an စိတ်ကောက်နေတယ်လို့ခံစားနေရပါလိမ့် :3

***

Continue Reading

You'll Also Like

388K 60.3K 70
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...
681 61 8
Original Name: Princess Wei Yang/Concubine's daughter is Poisonous Original Author : Qin Jian Genre : Drama, Mature, Josei, Romance This is not my ow...
1.4M 60.2K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
129K 17.9K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ