ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ...

By LuciousKim

554K 72.3K 1.9K

This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引 More

Description
Chapter (1.1)
Chapter (1.2)
Chapter (2)
Chapter (3)
chapter (4)
chapter (5)
Chapter (6)
Chapter (7)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58.1)
Chapter (58.2)
Chapter (59)
Chapter (60)
Chapter (61)
Chapter (61.2)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Chapter (70 )
Chapter (71.1)
Chapter(71.2)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (79) Zawgyi
Chapter (80)
Chapter (81)
chapter (82)
Chapter (83)
Chapter (84)
Chapter (85).
Chapter (86).
Chapter (87)
chapter (88)
Chapter (89)
90
about paid
(acc ရှာမရတဲ့သူတွေအတွက်)
Chapter (91)
Chapter(92)

Chapter (8)

8.4K 1.1K 10
By LuciousKim

Zawgyi






















လီကျွင်း: "...."





"သေချာတာပေါ့"





လက်ထောက်ဒါရိုက်တာ: "..."















***

Unicode

မုရီအန်းရဲ့မျက်နှာက မည်းမှောင်သွားခဲ့တာကြောင့် ကားကိုမောင်းနေတဲ့ဒရိုက်ဘာက ကြောက်လန့်တုန်လှုတ်သွားပြီး ကားစီယာတိုင်ကိုကိုင်ထားတဲ့လက်တွေမှာ ချွေးတွေနဲ့စို့နှစ်သွားရတယ်။ ကံကောင်းစွာနဲ့ မီးပွိုင့်အနီးကိုရောက်လာတဲ့ကြောင့် မှာ ကားကိုထိုးရပ်လိုက်ရတယ်။

အစီအစဉ်ကတော့ ဆက်လက်ထုတ်လွှင့်နေခဲ့တယ်။

"ဒီတော့ ချစ်သူတွေ လမ်းခွဲပြီးတဲ့နောက်မှာ ပေးခဲ့ဖူးတဲ့လက်ောင်တွေက် လွှင့်ပစ်လိုက်ဖို့လိုအပ်လား ပရိတ်သတ်တွေအနေနဲ့ ကိုယ့်ရဲ့ထင်မြင်ချက်တွေကိ ဖုန်းခေါ်ပြီး ကျွန်မတို့နဲ့အတူ ဝေမျှနိုင်ပါတယ်နော်"

ဒါရိုင်ဘာကနေ ကားကိုဆက်မောင်းလိုက်ပြီး ခဏအကြာမှာတော့ ကုမ္ပဏီရဲ့ရှေ့မှာ ရပ်တန့်လိုက်တယ်။ ကားပါကင်ကိုရောက်တော့ သူက ထစ်ငေါ့နဲ့စွာနဲ့ပြောလိုက်တယ်။

"Mr.မု ကျွန်တော်တို့ ရောက်ပါပြီ"

သူက ပြောပြီးပြီးချင်းပဲ ကားပေါ်ကဆင်းကာ မုရီအန်းအတွက် ကားတံခါးဖွင့်ပေးဖို့ပြင်လိုက်ပေမယ့် သူမဖွင့်ရသေးခင်မှာပဲ လက်ထောက်ဝူက ဖွင့်ပေးလိုက်တယ်။

ကားထဲကထွက်လာပြီးနောက် မုရီအန်းက အင်္ကျီလက်ကို အေးဆေးတည်ငြိမ်နဲ့အမူအယာနဲ့ခေါက်ကာ စိတ်ဝင်စားမှုမရှိတဲ့လေသံနဲ့မေးလိုက်တယ်။

"ရှန်ယန်း ခုနောက်ပိုင်း ဘာတွေလုပ်နေလဲ?"

လက်ထောက်ဝူက စိတ်အလောတကြီးဖြစ်သွားရတယ် ။သူ့အနေနဲ့အဖြေကိုမသိတာကြောင့် ရမ်းသန်းပြီးမဖြေရဲဘူး ။

လက်ထောက်ဝူကို စိုက်ကြည့်လိုက်ပြီး မုရီအန်း အရှေ့ကိုပဲဆက်လျှောက်သွားလိုက်တယ်။ သူ ဘာမှမပြောခဲ့ဘူးဆိုပေမယ့် လက်ထောက်ဝူက မုရီအန်းရဲ့ဆိုလိုရင်းကို နားလည်သဘောပေါက်လိုပ်တာကြောင့် ချက်ချင်းပဲ ရှန်ယန်းအကြောင်းကိုစုံစမ်းလိုက်တယ်။

လက်ထောက်ဝူက ရှန်ယန်းနဲ့ မုရီအန်းရဲံဆက်ဆံရေးကို သိနေတာကြောင့် မုရီအန်း ဘာကိုဆိုလိုတာလဲဆိုပြီးတွေးတောနေခဲ့တယ်။ မုရီအန်းက ရှန်ယန်းကိုမုန်းနေတာဆိုတော့ ရှန်ယန်းဆီကတစ်ခုခုလုပ်ချင်နေလို့ပဲဖြစ်လိမ့်မယ်။

တစ်နာရီခန့်အကြာမှာတော့ လက်ထောက်ဝူက မုရီအန်းရှေ့မှာရပ်ပြီး အစီရင်ခံလိုက်တယ်။

"ရှန်ယန်းက က 'ချန်ဖေး'ဆိုတဲ့ အွန်လိုင်းဒရမ်မာဇာတ်လမ်းတွဲထဲမှာ နန်းတွင်းအပျိုတော်ဇာတ်ကောင်‌နေရာကို လူရွေးဝင်ဖြေခဲ့တယ် ဒါပေမယ့် သူမရဲ့အသွင်အပြင်က နောက်ထပ်ကိုယ်လုပ်တော်ဇာတ်ကောင်နဲ့ သင့်တော်လို့ လက်ထောက်ဒါရိုက်တာက အဲဒီကိုယ်လုပ်တော်နေရာအတွက်ရွေးချယ်လိုက်တယ်။ ဇာတ်လမ်းအရ အဲဒီဇာတ်ကောင်က လေးယောက်မြောက် အမျိုးသမီးဇာတ်ဆောင် ဖြစ်နိုင်တယ် မနက်ဖြန်မှာ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့နဲ့ တွေ့ဆုံမှာပါ "

မုရီအန်းက 'hmm'လို့တုံ့ပြန်လိုက်ပြီး ဘာမှဆက်မပြောလာတော့ဘူး ။

ချန်ဖေးဒရမ်မာတွေ့ဆုံပွဲမှာ လက်ထောက်ဒါရိုက်တာက ရှန်ယန်းရဲ့အကြောင်းကို ပြောပြနေခဲ့တယ်။
"ကိုယ်လုပ်တော်လန်ရဲ့ဇာတ်ကောင်အတွက်ရှာတွေ့လိမ့်မယ်လို့ မထင်ခဲ့ဘူး ဒါပေမယ့် ရှန်ယန်းဝင်လာတဲ့အချိန်မှာပဲ အဲဒီဇာတ်ကောင်က သူမနဲ့လုံးဝကိုသင့်တော်တယ်ဆိုပြီးတွေးမိသွားတယ် သူမရဲ့အသွင်အပြင်နဲ့စိတ်နေသဘောထားကို ဘယ်လိုပဲကြည့်ကြည့် သူမကသရုပ်ဆောင်နေတယ်လို့တောင်မထင်ရဘူး "

ဒါရိုက်တာလီကျွင်းက နှာမှုတ်ပြီး ပြန်ပြောလိုက်တယ်။
"မင်းအရမ်းကြွားဝါနေစရာမလိုဘူး သူမ မနက်ဖန်ရောက်လာရင်ငါတွေ့ရမှာပဲ ဇာတ်ကောင်နဲ့ရင် သဘောတူစာချုပ်ချုပ်လိုက်မယ် မလိုက်ဘူးဆိုရင်တော့ ပြန်လွှတ်ရုံပေါ့"

လက်ထောက်ဒါရိုက်တာ:"ဒါရိုက်တာကြီး ရှန်ယန်းက အလိုက်ဖက်ဆုံးပဲဖြစ်လိမ့်မယ်"

လီကျွင်းက လက်ကို ဝှေ့ယမ်းလိုက်တယ်။
"ကောင်းပြီ ငါသိပြီ ထပ်မနှောင့်ယှက်နဲ့တော့"

သူ့ရဲ့စိတ်ထဲမှာတော့ ရှန်ယန်းက ကိုယ်လုပ်တော်လန်ရဲ့နေရာကို သရုပ်ဆောင်နိုင်လိမ့်မယ် ယုံကြည်ခြင်းမရှိဘူး ။ ဒါကြောင့် လက်ထောက်ဒါရိုက်တာကို ရှန်ယန်း နဲ့ လူချင်းတွေ့ရန်စီစဉ်ထားဖို့ပြောလိုက်တယ်။

ဘေးနားမှာရှိနေတဲ့ ဇာတ်ညွှန်းရေးဆရာမက အံ့ဩတကြီးနဲ့ပျော်ရွှင်စွာပြောလာတယ်။
"ကိုယ်လုပ်တော်လန်ဇာတ်ကောင်အတွက် သင့်တော်တဲ့ သရုပ်ဆောင်ရှာတွေ့ထားပြီလား?"

လီကျွင်း: "...."

"ဒါရိုက်တာလီ ကိုယ်လုပ်တော်လန် နေရာမှာသရုပ်ဆောင်မယ့်သူက မနက်ဖြန်လာမှာလား ဒါဆို ငါ အိမ်ကိုပြန်ပြီး ကိုယ်လုပ်တော်လန်ဇာတ်ကောင်အတွက် ဇာတ်ကြောင်းသွားရေးလိုက်မယ် ငါ အဲဒီဇာတ်ကောင်ကိုတော်တော်လေးသဘောကျတာ"

လီကျွင်းပြုံးပြီးပြန်ဖြေလိုက်တယ်။
"ကောင်းပြီ အလုပ်ရှုပ်နေရင် အိမ်ပြန်လိုက်တော့လေ "

ဇာတ်ညွှန်းရေးဆရာပြန်နောက် ရှန်ယန်းအကြောင်းကို ထပ်မံကြွားချင်နေသေးတဲ့  လက်ထောက်ဒါရိုက်တာကို လီကျွင်းက တိုက်ရိုက်ပြောလိုက်တယ်။
"မနက်ဖြန်တွေ့မယ့်သူက သင့်တော်တဲ့သရုပ်ဆောင်ဆိုတာ သေချာပါစေနော် မင်းက လက်ထောက်ဒါရိုက်တာပဲ သရုပ်ဆောင်တွေကိုသေချာရွေးချယ်သင့်တယ်"

ရှန်ယန်းရဲ့အမူအကျင့်နဲ့ ရုပ်ရည်အသွင်အပြင်ကို ပြန်လည်တွေးတောပြီးနောက် လက်ထောက် ဒါရိုက်တာက ယုံကြည်မှုရှိစွာနဲ့ပြန်ဖြေလိုက်တယ်။

"သေချာတာပေါ့"

ဒါရိုက်တာလီက ပြောလိုက်တယ်။

"ရှန်ယန်းက မင်းပြောတဲ့ပုံစံအတိုင်းဆိုရင် ဘာလို့ အခုချိန်ထိ အဆင်18လောက်ပဲရှိတဲ့မင်းသမီးဖြစ်နေသေးတာလဲ? နောက်ပြီး ဇာတ်ရံနေရာလေးအတွက် လူရွေးပွဲဝင်ပါ့မလား ?"

လက်ထောက်ဒါရိုက်တာ:"ဒါကြောင့်ပဲ ကျွန်တော်က သူ့ကိုပိုကောင်းတဲ့ဇာတ်ကောင်ပေးခဲ့တာဆိုရင်ရော?"

လီကျွင်းက တိုက်ရိုက်အော်ပြောလိုက်တယ်။
"မင်းသာအမှားလုပ်ခဲ့ရင်တော့ နေ့လည်စာဘူးသွားဝယ်ဖို့ပြင်ထားတော့"

လက်ထောက်ဒါရိုက်တာ: "..."

လက်ထောက်ဒါရိုက်တာက လီကျွင်းရဲ့တူတော်စပ်တာကြောင့် ပြန်ပြီးမပြောရဲတော့ဘူး ။ ဒါကြောင့် နေ့လည်စာဘူးအတွက်ကူညီဖို့ပဲတတ်နိုင်တော့တယ်။

နောက်နေ့မနက်မှာတော့ ကျိုးရိုက ရှန်ယန်းကို ခေါ်ဖို့ရောက်လာခဲ့တယ်။

ကျိုးရိုတို့အဖွဲ့ရဲ့ ဒရိုက်ဘာက Nannyကားကို မောင်းလာတာဖြစ်ပြီး ရှန်ယန်းကားထဲကိုဝင်ထိုင်လိုက်တယ်။ ယခင်ဘဝတုန်းက ဒီnanny ကားကို ကျိုးရိုရဲ့ မျက်နှာသာပေးခံရတဲ့  အနုပညာရှင်တွေအတွက်သာအသုံးပြုလေ့ရှိတယ်။ တခြားအနုပညာရှင်အတွက်ကတော့ ကုမ္ပဏီရဲ့ သာမန်ကားတွေကိုတောင်စီးခွင့်ရဖို့မဖြစ်နိုင်ခဲ့ဘူး။

ရှန်ယန်းက တီရှပ်နဲ့ စကပ်အရှည်ကို ဝတ်ဆင်ထားပြီး မိတ်ကပ်လိမ်းခြယ်ထားခြင်းမရှိဘဲ ဆံပင်ရှည်တွေကို သူမနားနှစ်ဘက်နောက်မှာသိမ်းပြီးချထားတယ်။ သူမက ပေါင်ဒါအနည်းငယ်လောက်ကိုတောင်မလိမ်းခဲ့ပေမယ့် အရမ်းကိုသက်သောင့်သင့်သာဖြစ်နေခဲ့တယ်။

မူလတုန်းက ကျိုးရိုက ရှန်ယန်းကို ဒီဒရမ်မာဇာတ်လမ်းက အရင်းအနီးကောင်းတစ်ခုဖြစ်ကြောင်းပြောချင်ခဲ့တယ်။ ဒါပေမယ့် ရှန်ယန်းရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်မြင့်နေတဲ့အပေါ်မှာစိုးရိမ်နေခဲ့တာကြောင့် မပြောတော့ဖို့ဆုံးဖြတ်လိုက်ကာသတိပေးစကားကိုပဲဆိုလိုက်တယ်။

"ဒါက အွန်လိုင်းဇာတ်လမ်းတွဲပဲဆိုပေမယ့် ဂရုစိုက်ဖို့တော့လိုမယ်နော်"

ရှန်ယန်းက သူမရဲ့သက်မွေးလမ်းကြောင်းအတွက် တိုက်ခိုက်ရတော့မယ်ဆိုတာသိတာကြောင့် သေချာပေါက် ဂရုတစိုက်လုပ်မှာပဲ။ ထပ်ပြောရရင် ဒီဇာတ်လမ်းတွဲက သေချာပေါက်အောင်မြင်မှာဖြစ်တဲ့အတွက် ရှန်ယန်းကပိုပြီးသေသေချာချာလုပ်ဆောင်မှာပဲဖြစ်တယ်။

ရှန်ယန်းက ကားတံခါးအပြင်ဘက်ကရှုခင်းတွေကိုကြည့်နေရင်း ခနလောက်ကြာမှပြန်ပြောလိုက်တယ်။

"အစ်မကျိုး ကျွန်မသရုပ်ဆောင်ဖြစ်ချင်တယ်"
အဲဒီနောက် သူမကပြန်ပြီးတိတ်ဆိတ်သွားတယ်။

စာကြောင်းတစ်ခုတည်းမျှသာဆိုပေမယ့် ရှန်ယန်းပြောချင်တဲ့အဓိပ္ပာယ်ကို ကျိုးရိုသဘောပေါက်သွားတယ်။ သူမက သူမရဲ့နာမည်ကို အနုပညာလောကထဲမှာ အလေးနက်ထားပြီး ထွင်းထုတော့မှာပဲ။

ရှန်ယန်း ပထမဦးဆုံးပွဲဦးထွက်တဲ့အချိန်တုန်းက ကျန်းရုံရဲ့လက်အောက်မှာပဲ စာချုပ်ချုပ်ဆိုခဲ့တယ်။ ထိုအချိန်ကတည်းက သူမက မုရီအန်းနဲ့တွဲနေခဲ့ပြီဖြစ်ပြီး မုရီအန်းက ဆင်းရဲတဲ့ကောင်လေးတစ်ယောက်အနေနဲ့ပဲရှိသေးတယ်။
သူက စီးပွားရေးကိုတော့ စတင်ပြီးလုပ်နေခဲ့ပြီ။ ရှန်ယန်းကသူ့အတွက် Aမြို့တော်မှာ အလုပ်ကိုင်ခဲ့ပြီး အခွင့်အရေးတွေအများအပြားရရှိခဲ့တယ်။
မုရီအန်းက အရမ်းကိုချမ်းသာကြွယ်ဝလာချိန်မှာတော့ ရှန်ယန်းက သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့စိတ်မဝင်စားတော့ဘူး ။သူမက မုရီအန်းနဲ့ပြန်လည်ပေါင်းစည်းနိုင်ဖို့ အခွင့်အရေးရလာတဲ့အချိန်မှာ သူ့တစ်ယောက်တည်းကိုပဲ အာရုံစိုက်ထားခဲ့တော့တယ်။

လက်ရှိမှာတော့ ရှန်ယန်းက မုရီအန်းကို ထပ်ပြီးကြိုက်တော့မှာမဟုတ်တဲ့အတွက် မင်းသမီးတစ်ယောက်ဖြစ်လာဖို့ကိုပဲ လေးလေးနက်နက် လုပ်တော့မှာဖြစ်တယ်။

ကျိုးရို က ရှန်ယန်းကို သေသေချာချာ စိုက်ကြည့်လိုက်တယ်။

"ကောင်းပြီ လုပ်နိုင်သမျှ အကောင်းဆုံးလုပ်တော့ "

***

Continue Reading

You'll Also Like

254K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.4M 60.4K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
552K 64.4K 184
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
14.3K 1.2K 12
Title - 万蛊谣 (Ballad of Ten Thousand Gu) Author - 叶笑 (Ye Xiao) English translator - Catharcity Original publisher - 飞魔幻 magazine Audio drama link - ht...