အပိုင်း (၁၃)
|Unicode Version|
-သုညကမ္ဘာ၏ပထမအခြမ်း-
တီမိုသီမရှိသည့် အိမ်ကလေးက ဂျီမင်းအတွက် အနည်းငယ်တော့ ပျင်းစရာကောင်းနေခဲ့သည်။ ပါစတာဆိုင်လေးကိုလည်း ဂရုမစိုက်နိုင်သလို လူတွေနှင့် ဝေးရာကိုပဲ ထွက်ပြေးနေမိခဲ့သည်။
တော်သေးတာက ချာချာရှိနေလို့ပေါ့။ တီမိုသီမွေးထားသည့် ခွေးကလေးချာချာက ဂျီမင်းအတွက်တော့ စိတ်ချယုံကြည်ရဆုံး သူငယ်ချင်းလိုပဲ။ ဝေလီဝေလင်း မနက်ဖက်တွေမှာ ချာချာကိုထိန်းလျက် လီလာ့အတွက် စာတစ်စောင်ချန်ကာ ထွက်လာခဲ့သည်။
လမ်းကလေးပေါ်မှာ လှုပ်ရှားသွားလာနေသူဆိုလို့ ဂျီမင်းရယ် ခွေးကလေးချာချာရယ်သာရှိသည်။ ကြောက်လားမေးရင်တော့ မကြောက်မိ။ ချာချာက တီမိုသီကိုယ်တိုင် အကောင်းဆုံးထိန်းကျောင်းလာခဲ့တဲ့ ခွေးကလေးဖြစ်တာမို့ တော်ရုံအန္တရာယ်လောက်ကတော့ ထည့်တွက်စရာမလိုမှန်း ဂျီမင်းယုံကြည်တာမို့ပင်။
"ဘရီယန်!"
ဂိတ်ပေါက်ကိုရောက်တော့ ထုံးစံအတိုင်း အစောင့်လူငယ်လေးက အပြေးအလွှားနှုတ်ဆက်လာသည်။ ဂျီမင်းသည် သူ၏မူပိုင်အပြုံးတို့ဖြင့် ၎င်းတပ်သားလေးကို ပြန်နှုတ်ဆက်လိုက်သည်။
"မနက်စာ စားနေတာလား?"
ဂိတ်တဲလေးထဲက စားစရာတွေကြောင့် မေးခွန်းထုတ်လိုက်မိသည်။ ဂိတ်စောင့်လေးက ထိုသို့ပြန်ဖြေသည်။
"ဟုတ်. . .ဟုတ်တယ်။ ဘရီယန်ရော စားပြီးပြီလား?"
"အင်း ပြီးခဲ့ပြီ"
ထုံးစံအတိုင်း ဂိတ်တဲလေးထဲဝင်ကာ ခဏတဖြုတ်လောက် ထိုင်ခုံတန်းလေးပေါ်မှာ ဝင်ထိုင်လိုက်သည်။ အလိုက်သိတတ်သည့် ချာချာက ဂျီမင်းရဲ့ ခြေထောက်ဘေးနားလေးမှာပဲ ဝပ်ကာ အညောင်းဆန့်လို့နေသည်။
ခြေထောက်ဆာနေသည့် အစောင့်လေးသည်လည်း ဂျီမင်းနည်းတူပင် တဖက်ခုံတန်းမှာ ဝင်ထိုင်သည်။
ဟုတ်ပါရဲ့။ ပြောဖို့ လိုသွားတယ်။ ဂျီမင်းမှာ ချာချာ့အပြင် သူငယ်ချင်းတစ်ယောက်ရှိသေးတာပဲ။ တခြားတော့မဟုတ်ပါဘူး အခုလက်ရှိ သူ့ရှေ့မှာထိုင်ပြီး ထမင်းစားနေတဲ့ ဂိတ်စောင့်လေးပါပဲ။
"နီယို့အတွက်"
ဂျီမင်းသည် အိမ်ကလေးဆီမှ ယူဆောင်လာခဲ့သည့် အသားဗူးများကို ဂိတ်စောင့်လေးထံ ထိုးပေးလိုက်သည်။ ဂိတ်စောင့်လေးက အံ့ဩသွားသည့် အမူအရာနှင့်အတူ စားလက်စ ချိုင့်လေးကိုချလျက် ကမန်းကတန်းပင် လက်နှစ်ဖက်နှင့် လှမ်းယူလိုက်သည်။
ဂျီမင်းသည် ကျေနပ်သွားမှုကြောင့် ပြုံးလိုက်မိသည်။ အစပထမတုန်းကတော့ နီယိုဆိုတဲ့ဂိတ်စောင့်လေးက ဂျီမင်းဘာပေးပေး ငြင်းဆန်လေ့ရှိသည်။ ပေးတာမယူရင် သူငယ်ချင်းမလုပ်တော့ဘူးလို့ခြိမ်းခြောက်မှ အသည်းအသန်လက်ခံတဲ့ ဂိတ်စောင့်လေးပါပေ။
"သိမ်းမထားနဲ့ နီယို။ ငါ မင်းကိုစားစေချင်လို့ ပေးတာ"
"ဟုတ် ဟုတ်ကဲ့ပါ ဘရီယန်"
တစ်စုံတစ်ယောက်ဆီက မိမိအတွက်ရည်ရွယ်သည့် ပစ္စည်းတစ်ခုခု ပိုင်ဆိုင်ရတာကို ကျင့်သားရသေးပုံမပေါ်သည့် ဂိတ်စောင့်လေးက အသားဗူးတွေကိုတလှည့် ဂျီမင်းကိုတလှည့်ကြည့်ကာ ဘာလုပ်ရမယ်မသိ ဖြစ်လို့နေသည်။
"ဘရီယန် စျေးကိုသွားဦးမလို့လား?"
"အင်း ဟုတ်တယ်။ နီယို မှာစရာရှိလို့လား?"
"မ. . .မရှိပါဘူး"
"ဒါဆို ငါသွားတော့မယ်"
"ဟုတ် ဘရီယန်"
ဂျီမင်းသည် နီယိုဆိုသည့်ဂိတ်စောင့်လေးကို နှုတ်ဆက်ကာ ဂိတ်တဲလေးနှင့် ဝေးရာကို ချာချာနှင့်အတူ ပုံမှန်ခြေလှမ်းတို့ဖြင့် ထွက်ခွာခဲ့သည်။ ကျောပြင်ငယ်ကို ခပ်သေးသေးသာ မြင်ရတော့သည်အထိ ဂိတ်စောင့်လေးက ငေးကြည့်နေမိဆဲ။
တချို့လူတွေက ဘာကြောင့် ဘရီယန်က တစ်ကိုယ်ကောင်းဆန်ပြီး ဆိုးသွမ်းပါတယ်လို့ တထစ်ချပြောချင်ကြတာလဲ။ သူတို့သာ ဘရီယန့်ရဲ့နေရာမှာ တစ်ခါလောက်ဖြစ်ဖြစ် ကိုယ်ချင်းစာကြည့်တတ်ခဲ့မယ်ဆိုရင် ဒီလိုတွေ ပြောနိုင်ပါဦးမလား။
ဘရီယန်ကို စိတ်ကောင်းရှိပြီး နူးညံ့တတ်တဲ့လူသားတစ်ယောက်အဖြစ် အတိတ်မှာ မမြင်ခဲ့ဖူးကြလို့ဖြစ်မယ်။ အမြဲပြုံးနေတတ်ပြီး ကြင်နာတတ်တဲ့ ဘရီယန်ရယ်ပါ။
ဘရီယန်ပေးတဲ့ အသက်ဆိုတာသာ မရှိခဲ့ရင် နီယိုဆိုတဲ့ မိဘမဲ့ကလေးလေးတစ်ယောက်ဟာ လွန်ခဲ့တဲ့နှစ်များစွာကတည်းက ငါးစာဖြစ်သွားတာ ကြာလောက်ပါပြီ။
ပင်လယ်လှိုင်းလုံးတွေကြား အသက်ရှူမရသည့် ခံစားချက်က နီယို့အတွက် တစ်သက်မမေ့နိုင်စရာပင်။ ဦးလေးဖြစ်သူအပါအဝင် ကောင်းကင်ယံမှာ လှလှပပ ပျံသန်းနေကြသည့် တိုက်လေယာဉ်တွေဆီမှာပဲ အာရုံရောက်နေကြသည့် လူတွေက နီယို့ရဲ့အဖြစ်ကို မရိပ်မိကြ။
ရေတွေကြား ပေါ်လိုက်မြှုပ်လိုက်ဖြင့် ရုန်းကန်နေသည့် သေးညှက်ညှက်ကောင်လေးကို ရေထဲမှ ဆွဲတင်ပေးလာသည့် လက်တစ်ဖက်။ အားကိုးတကြီးဆွဲကိုင်လိုက်မိသည့် လက်တစ်ဖက်ပိုင်ရှင်ကို မော့ကြည့်မိတော့ သူ့အား စိုးရိမ်နေသည့် မျက်ဝန်းများကို ပထမဆုံးမြင်ဖူးလိုက်သည်။
ကုန်းပေါ်ပြန်ရောက်သည်နှင့် ပြတ်လပ်သွားခဲ့သည့် အောက်စီဂျင်ကို အလုအယက်ရှူမိသည်။ ကယ်တင်ပေးခဲ့သည့် လက်တစ်ဖက်ကိုလည်း မလွှတ်တမ်း ဆုပ်ကိုင်ထားမိသည်။
"ဘရီယန်!"
ခေါ်သံနှင့်အတူ နောက်ထပ်လူနှစ်ယောက်က သူတို့နားကို အပြေးရောက်လာကြသည်။ နီယို၏ ဦးလေးဖြစ်သူလည်း ရောက်လာခဲ့သည်။
နီယိုဆိုသည့် ကလေးငယ်လေးသည် နောက်မှရောက်လာသည့် လူစိမ်းနှစ်ယောက်ထဲမှ တစ်ယောက်က ကိုယ်ပေါ်ခြုံပေးလိုက်သည့် ဝတ်ရုံနှင့်အတူ ကျောခိုင်းထွက်ခွာသွားသော ဘရီယန်ဆိုသူအား ချောင်းတဟွတ်ဟွတ်ကြားမှ ငေးကြည့်နေမိသည်။
ထို့နောက်တွင်တော့ ကလေးလေးသည်လည်း ဦးလေးဖြစ်သူ၏ ချီပိုးမှုနောက် ပါသွားခဲ့တော့သည်။ ဘရီယန်. . . ဘရီယန်ဆိုတဲ့ နာမည်တစ်ခုကိုတော့ ကလေးလေးက တစ်သက်မေ့ရတော့မည်မထင်။
ဂျီမင်းသည် စျေးနှင့်နီးလာသည်နှင့်အမျှ လူရှုပ်လာတာမို့ ချာချာ့ကို ပိုဂရုစိုက်ရသည်။ မလိမ္မာတဲ့ခွေးမဟုတ်ပေမဲ့ ချာချာသာ ပျောက်သွားခဲ့ရင် တီမိုသီက သူ့ကို ဘာလုပ်မလဲ အတပ်မပြောနိုင်ဘူးလေ။
စျေးတန်းကို လာရခြင်းရဲ့ အဦးဆုံးရည်ရွယ်ချက်ဖြစ်သည့် ဓာတ်ပြားခွေဟောင်းများရှိရာ ဆိုင်တန်းဘက်ဆီ ခြေစလှမ်းခဲ့သည်။
ဆိုင်လေးထဲရောက်သည်နှင့် ဂျီမင်းတစ်ယောက် အိမ်ပြန်ရမည်ကိုပင် မေ့လျော့သွားလောက်သည်အထိ သဘောကျရသည့် ဓာတ်ပြားခွေများကို မျက်တောင်မခတ်တမ်း လိုက်ကြည့်နေမိသည်။ အဖိုးတန်လိုက်တဲ့ ၁၉၅၈ခုနှစ်ပါပေ။
တွေ့ပြီ။ ဂျီမင်း အရမ်းသဘောကျရသည့် ဓာတ်ပြားခွေလေး။ တီမိုသီ၏ မိဘများနှင့် ညစာအတူစားခဲ့တုန်းက ကြားခဲ့ရသည့် Auroraသီဆိုထားသော Exist For Love ဟု အမည်ရသည့် ဓာတ်ပြားခွေလေးဖြစ်သည်။
"ဟင်?"
ဂျီမင်းသည် ဓာတ်ပြားခွေဖိုးရှင်းဖို့အတွက် ပြင်လိုက်ပေမဲ့ ဘောင်းဘီအိတ်ကပ်ထဲက ပိုက်ဆံအိတ်ကိုမစမ်းမိ။ တစ်ကိုယ်လုံးက အိတ်ကပ်မှန်သမျှကို စမ်းကြည့်လိုက်ပေမဲ့ ကံမကောင်းစွာပင် ခြူးတစ်ပြားပင်မတွေ့ရ။
သေရောပဲ။ သူ ခါးပိုက်နှိုက်ခံလိုက်ရပြီ!
ဂျီမင်းသည် ပိုက်ဆံအိတ်ပါသွားသည့် အပူပင် မငြိမ်းသေးခင် ချာချာပါ ပျောက်နေတာကို သတိထားမိလိုက်သည်။ ဒီနေ့က ပြဿဒါးများလား?
စောနလေးတင် ဓာတ်ပြားဆိုင်ရှေ့မှာ သူ့ကို ငုတ်တုတ်ထိုင်စောင့်နေသည့် ချာချာကရော ဘယ်ရောက်သွားတာလဲ?
အဆုံးတွင်တော့ လိုချင်လွန်းလှသည့် ဓာတ်ပြားခွေကလေးကို ပြန်ချကာ ချာချာရှာပုံတော် ထွက်ခဲ့တော့သည်။ ညနေစောင်းလာလေလေ လူပိုစည်လေဖြစ်သည့် စျေးလေးထဲ ခြေရာတွေထပ်ကုန်သည်အထိ ချာချာ့ကို လိုက်ရှာမိသည်။
"ချာချာ!"
ချာချာအား တစ်စုံတစ်ယောက်ကများ ဖမ်းခေါ်သွားလေသလားဟု တွေးလိုက်မိသည်။ ဂျီမင်းသည် ခြေလှမ်းတွေကို အရှိန်ပိုမြှင့်လိုက်ရင်း မျက်လုံးတွေကို အနားမပေးဘဲ ချာချာ့ကို တွေ့လိုတွေ့ငြား ရင်တမမဖြင့် လိုက်ကြည့်မိသည်။
"ချာချာ?!"
အမြီးလေးမြင်လိုက်ရတာမို့ အနီးအနားကလူတွေကို တွန်းတိုက်ကာ နေရာမှထွက်ခဲ့သည်။ ပြန်တွေ့ပြီ။ ချာချာ့ကို သူပြန်တွေ့ပြီ။
"ချာချာ!"
ဂျီမင်းသည် အလောသုံးဆယ်နှင့်ပင် ချာချာ့ရှေ့မှာ ထိုင်ချကာ ပွေ့ဖက်လိုက်မိသည်။ စိတ်လှုပ်ရှားမှုကြောင့် အမြီးကို ဆက်တိုက်ယမ်းနေသည့် ချာချာက ဂျီမင်းရဲ့လက်တွေကြား အငြိမ်မနေ။
ချာချာ့ကို ပွေ့ဖက်ထားရင်းမှ မျက်စိရှေ့က မလှုပ်မရှား ရပ်နေသည့် ဖိနပ်တစ်စုံကို သတိထားလိုက်မိသည်။ ထို့အတွက် မော့ကြည့်လိုက်မိချိန် မြင်လိုက်ရသည့်လူကြောင့် ဂျီမင်းရဲ့မျက်ဝန်းတို့ ပြူးကျယ်သွားရသည်။
"တီမိုသီ"
တွေ့မှ တွေ့တတ်ပါပေ။
ဒီလိုဆို ချာချာက ပျောက်သွားတာမဟုတ်ဘဲ တီမိုသီ့ဆီ ရောက်လာတာပဲ။
"ပြန်ရောက်နေပြီလား?"
တီမိုသီက မည်သည့်အဖြေမှမပြုဘဲ စျေးအပြင်ဘက်ကို ထွက်ဖို့ပြင်သည်။ ဂျီမင်းလည်း ချာချာနှင့်အတူ တီမိုသီရဲ့နောက်မှ ခပ်ကုပ်ကုပ် လိုက်ပါခဲ့သည်။
မမြင်ရတာ တစ်ပတ်လောက်ရှိပြီဖြစ်သည့် ဂျစ်ကားစိမ်းလေးကို စျေးတန်းနဲ့ မလှမ်းမကမ်းမှာ တွေ့လိုက်ရသည်။ တီမိုသီက ကားလေးပေါ်တက်သွားသလို ချာချာကလည်း လွှားခနဲပင် ကားပေါ်ခုန်တက်သွားခဲ့သည်။ ကျန်နေခဲ့သူက ဂျီမင်းတစ်ယောက်တည်း။
တီမိုသီတစ်ယောက် ကားကလေးရဲ့ စက်ကိုနှိုးလိုက်ပြီးသည့်တိုင် ဂျီမင်းသည် မည်သို့လုပ်ရမယ်မသိတာမို့ နေရာမှာပဲ ရပ်နေမိသည်။ ထိုအချိန်မှာပဲ တီမိုသီရဲ့အကြည့်တွေက သူ့ထံရောက်လာသည်။
"တက်"
ဂျီမင်းသည် ရုတ်တရက်ပင် ဟမ် ခနဲ အသံပြုလိုက်မိသည်။ နောက်တော့မှ သဘောပေါက်သွားရကာ ဂျစ်ကားစိမ်းလေးပေါ် တက်လိုက်တော့သည်။ ချာချာကတော့ ဂျီမင်းနှင့်တီမိုသီတို့ကြားတွင် မိန့်မိန့်ကြီးထိုင်လျက်ရှိသည်။
အနောက်ကျွန်းဆီသို့ နေလုံးကြီးတိုးဝင်ပျောက်ကွယ်သွားချိန်တွင် ဂျစ်ကားစိမ်းလေးက အိမ်အပြန်လမ်းပေါ်မှာ တရိပ်ရိပ်ပြေးလွှားလျက်ရှိသည်။ အရာအားလုံးသည်လည်း ငြိမ်းချမ်းလို့နေသည်။
အိမ်ကလေးဆီသို့ ပြန်ရောက်သည်နှင့် ချာချာနှင့်အပြိုင် ဂျစ်ကားစိမ်းပေါ်မှ အလျင်အမြန်ဆင်းကာ အိမ်ထဲဝင်ခဲ့လိုက်သည်။
"အဟမ်း!"
အိမ်ကလေးထဲ ဝင်ဝင်ချင်းမှာပဲ နောက်ပါးဆီမှ တီမိုသီ၏ ချောင်းဟန့်သံထွက်ပေါ်လာတာမို့ လှည့်ကြည့်မိသွားသည်။ ခြေနှစ်လှမ်းအလွန်မှာ သူ့အနားရောက်လာသည့် တီမိုသီက ဂျီမင်းကို ပစ္စည်းတစ်ခု လှမ်းပေးလာသည်။
ငုံ့ကြည့်လိုက်တော့ သူ သိပ်လိုချင်နေခဲ့သည့် ဓာတ်ပြားကလေးဖြစ်သည်။ ဂျီမင်းသည် အံ့ဩသွားရသလို ပျော်ရွှင်သွားရသည်။
"ဒါက. . ."
ဂျီမင်းသည် ပြောပြောဆိုဆိုပင် တီမိုသီ၏လက်ထဲမှ ဓာတ်ပြားခွေလေးကို ဆွဲယူလိုက်ကာ ထခုန်မိမတတ်ဖြစ်သွားရသည်။ ဓာတ်ပြားလေးကို အပြန်ပြန်အလှန်လှန်ကြည့်နေရင်းမှပင် ပျော်ရွှင်လာတာမို့ တီမိုသီအား ခုန်ဖက်လိုက်မိသည်။
"ကျေးဇူးပဲ တီမိုသီ။ ဒါလေး ငါ အရမ်းလိုချင်နေခဲ့တာ"
ရေခဲနေသည့် တီမိုသီအား ဂျီမင်းတစ်ယောက် သတိမမူမိသေး။ အိမ်ကလေးအား စောင့်နေပေးသည့် ဧည့်ခန်းထဲမှ လီလာသည်လည်း ထိုမြင်ကွင်းကြောင့် ထိုင်ရမလို ထပြေးရမလို။
"ဆ. . .ဆရာတို့ ပြန်လာပြီလား?"
ကြားလိုက်ရသည့် လီလာ့အသံကြောင့် ဂျီမင်းသည် အလန့်တဖျတ်ပင် တီမိုသီကို ဖက်ထားရာမှ လွှတ်ပေးလိုက်မိသည်။ ၁၉၅၈ခုနှစ်မှာ ပတ်ဂျီမင်းတို့ကတော့ အမှားလုပ်မိပြန်ပါပြီ။
"အင်း ပြန်လာပြီ"
"ငါ. . .ငါ သွားပြီ။ ကျေး. . .ကျေးဇူးပဲ"
မျက်နှာချင်းမဆိုင်တော့ဘဲ ဓာတ်ပြားခွေကလေးကို မြှောက်ပြလိုက်ပြီးနောက် အခန်းထဲကို တချိုးတည်း ဝင်ပြေးခဲ့သည်။ "အမေ ဝယ်ပေးလိုက်တာ"ဟု လှမ်းပြောသည့် တီမိုသီ၏စကားကိုလည်း ပြန်မဖြေလိုက်မိတော့။
"ဆရာရော ပြန်ရောက်ပြီဆိုတော့ လီလာပြန်လိုက်ပါဦးမယ်"
"ကောင်းပြီ"
လီလာသည် မီးရောင်အောက်တွင် အနည်းငယ်နီမြန်းနေသည့် တီမိုသီ၏မျက်နှာကိုကြည့်ကာ ပြုံးချင်ချင်ဖြစ်သွားရသည်။ ဓာတ်ပြားခွေလေးကို ဆရာ့အမေက ဝယ်ပေးလိုက်တာတဲ့။ မလိမ်တတ်ဘဲနဲ့ လိမ်နေပြန်ပါပြီ ဆရာရယ်။
ဒါနဲ့ ဆရာတီမိုသီနဲ့ ဘရီယန်က ဘယ်အချိန်တုန်းက အခုလိုဖြစ်သွားကြတာလဲ?
________________
-သုညကမ္ဘာ၏ ဒုတိယအခြမ်း-
"ဒါ မင်းသား ထောက်ပံ့ပေးနေကြ မိဘမဲ့ကျောင်းလေး"
ကလုန်းကောင်လေးရော ဘရီယန်ပါ ကုန်းမြင့်ပေါ်ရှိ ဒန်းလေးနှစ်စီးပေါ်မှာ ငြိမ်ငြိမ်သက်သက်ပင် ထိုင်နေမိသည်။ မလှမ်းမကမ်းမှာ ကလေးငယ်အချို့က ပြေးလွှားကစားနေကြသည်။
ဘရီယန်က လက်ဖမိုးထက်မှ ရောင်စုံခဲတံဖြင့် ရေးခြစ်ထားသည့်အရာလေးများကို ကြည့်လိုက်မိသည်။ ကလေးငယ်လေးများမှ သူ့အား ပတ်ဂျီမင်းအမှတ်နှင့် ပုံဆွဲပေးထားကြခြင်းပင်။
ကျန်လက်တစ်ဖက်ဖြင့် ၎င်းလက်ဖမိုးပေါ်မှာ မပီမပြင်ရှိနေသည့် ပုံလေးများကို ဖျက်ပစ်လိုက်ဖို့ ရည်ရွယ်ပြီးမှ ချီတုံချတုံနှင့်ပင် နေပါစေတော့ဟုတွေးကာ ထိုအတိုင်းထားလိုက်သည်။
"ခင်ဗျားသာ စာချုပ်ဖျက်ပြီး အနားယူလိုက်ရင် ဒီကလေးတွေ ဘယ်လိုဖြစ်ကုန်မလဲ"
"ငါ စာချုပ်မှာ လက်မှတ်မထိုးသင့်တဲ့အကြောင်းပြချက်က ဒီဟာဆိုရင် ပတ်ဂျီမင်းမဟုတ်တဲ့ ငါ့အတွက်ကရော?"
ဘရီယန်က ပြောင်ပြောင်တင်းတင်းပင် မေးခွန်းပြန်ထုတ်လာသည်။ ဘရီယန်ရဲ့ မျက်ဝန်းတွေထဲကို စိုက်ကြည့်မိတိုင်း အဖြေဆိုတာကို ရှာမတွေ့ဘဲ ဦးဆုံးအကြည့်လွှဲမိသူကလည်း သူဆိုသည့် ဂျောင်ကုချည်း။
"ကလေးတွေက ခင်ဗျား မင်းသားအဖြစ်ဆက်နေမှ ပိုက်ဆံရတယ်လို့ တွေးနေကြတာ"
ကျစ်!
"မင်းကရော ဘာလဲ? သူတို့လိုပဲ တွေးနေတာမဟုတ်လား?"
"ကျွန်တော်က ကလေးမှမဟုတ်တာ"
ဘရီယန်သည် ကုတ်အင်္ကျီရဲ့ဘေးဖက်က အိတ်ထောင်တွေထဲ လက်နှစ်ဖက်ထည့်ရင်း မတ်တပ်ရပ်လိုက်သည်။ ဘရီယန်ထတော့ ဂျောင်ကုကလည်း အလိုလိုထရပ်ပြီးသားပင်။
မိဘမဲ့ကျောင်းတစ်ခုကို အချိန်တိုင်းထောက်ပံ့တယ်ဆိုတာက ပေါ့သေးသေးကိစ္စတော့မဟုတ်။ ထို့အတူ ယင်းပေါ့သေးသေးကိစ္စမဟုတ်သည်ကို သူ့ဆီမှာ လှည့်မကြည့်စတမ်း ပုံပေးသွားနိုင်သည့် မင်းသားပတ်ဂျီမင်းကိုလည်း ဘရီယန်က မကျေနပ်ပါ။
"၁၉၅၈ခုနှစ်ကို ငါ ဘယ်လိုပြန်သွားရမလဲ? မဟုတ်ဘူး ဘယ်နည်းနဲ့ဆို ပြန်ရောက်နိုင်လဲ?"
နားမလည်သည့် ဂျောင်ကုက မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်လုပ်ပြလာသည်။ ဘယ်သူနဲ့မှ ရုပ်ရည်သွင်ပြင်ချင်း မတူတဲ့သူတစ်ယောက်က ရောက်လာတယ်ဆိုရင်တော့ ယုံကောင်းယုံမှာပါ။ ရုပ်ချင်းခွဲမရအောင် တူနေသည့် ၁၉၅၈ခုနှစ်က ဘရီယန်နှင့် နှစ်ဆယ့်တစ်ရာစုရဲ့ ပတ်ဂျီမင်းအတွက်ကတော့ ထင်သလောက် နားလည်ပေးနိုင်ကြမည်မထင်။
မြက်ခင်းစိမ်းတို့ပြည့်နေသည့် ကုန်းမြင့်လေးပေါ်ရှိ လူနှစ်ယောက်ကို ခပ်သော့သော့တိုက်ခတ်နေသည့် လေထုက ကျီစယ်နေသည်။ လေကြောင့် မျောလွင့်နေသည့် ငွေမှင်ရောင်ဆံနွယ်တွေနှင့် လှုပ်လီလှုပ်လဲ့ နားဆွဲရှည်လေးတစ်ဖက်ကို အနောက်ကနေ ငေးကြည့်မိသည်။
သက်ပြင်းအသာချရင်းက မှတ်ချက်ပေးမိသည်။ ဂျောင်ကုရဲ့အရှေ့ကဒီလူဟာ သိပ်လှသလောက် သိပ်အန္တရာယ်များတဲ့သူပါပဲ။
"ခင်ဗျားအတွက် အရမ်းခက်ခဲနေမယ်ဆိုတာ နားလည်ပါတယ်"
"စကားနဲ့နားလည်ပေးတာတွေက ငါ့အတွက် အလုပ်မဖြစ်ဘူး ဂျောင်ကု"
ဘရီယန်၏အသံက အနိမ့်အမြင့်၊ အတက်အကျတွေမရှိဘဲ တပြေးညီတည်း ထွက်ကျလာသည်။
"ကျွန်တော် ခင်ဗျားကို လိုက်ပို့စရာ တစ်နေရာကျန်သေးတယ်"
ဘရီယန်က သူ့ရှေ့မှာ မျက်နှာသေနှင့် ရပ်နေတုန်းဆိုပေမဲ့ ဘာလို့ သူ့ကို ဆွဲထိုးချင်နေပြီလို့ စိတ်ထဲက ထင်နေရတာလဲ?
"နောက်ထပ် မိဘမဲ့ကျောင်းတစ်ခုလား?"
"မဟုတ်ဘူး။ ခင်ဗျားရဲ့ မန်နေဂျာဆီကို"
ပြင်းအားအပြည့်နှင့် ဘရီယန့်အကြည့်တွေက ဂျောင်ကုရဲ့ကိုယ်ပေါ် ကျရောက်လာသည်။ မျက်လွှာကိုမှေးစင်းကာ အပေါ်စီးမှကြည့်တတ်သည့် ဘရီယန့်ရဲ့ပုံစံက သူကိုယ်တိုင်ကပဲ စွဲလမ်းနေမိလို့လားတော့မသိ အကြည့်ခံရသည်နှင့် နေရာမှာတင် ဒူးခွေကျချင်စရာ အမြဲကောင်းနေတတ်သည်။
ဂျောင်ကုရဲ့ ကားကလေးက ပင်လယ်နှင့်နီးကပ်လာတာမို့ထင်ပါသည်။ လေထုက ပိုပိုပြီး အေးမြလာခဲ့သည်။ မှေးနေသည့်ဘရီယန်က လှိုင်းသံတွေကိုကြားတော့ မျက်လုံးတစ်ဖက်ဖွင့်ကြည့်လာပြီး ပြန်မှိတ်သွားသည်။
"ဘရီယန် ကျွန်တော်တို့ရောက်ပြီ"
ကားရပ်ထားရာ တံတိုင်းရဲ့အောက်ခြေဘက်တွင် ပင်လယ်ကြီးကို မြင်လိုက်ရသည်။ ကုန်းလျှောလမ်းလေးအတိုင်း နှစ်ယောက်သား ဆင်းခဲ့ကြသည်။ နှစ်ထပ်တိုက်ပုလေးရှေ့ရောက်တော့ ဂျောင်ကုက ဒီအိမ်ပဲဟု ပြောလာသည်။
ခလွမ်!
အသံကြောင့် နှစ်ယောက်လုံး အနောက်ကို လှည့်ကြည့်လိုက်မိတော့ နှစ်ယောက်မရှိသည့် မန်နေဂျာမမကို မြင်လိုက်ရသည်။ သို့သော် မြင်နေကျပုံစံမဟုတ်ဘဲ တစ်ခုခုတော့ ကို့ရို့ကားရားနိုင်နေသလို။
ဝတ်ထားတဲ့ ပန်းပွင့်ဘောင်းဘီတိုနဲ့ နားကြားပန်ထားတဲ့ ပန်းပွင့်ကြောင့်များလား? ဟုတ်မယ်။
"ဒါရိုက်တာကြီးနဲ့ မင်းသားက ဒီကို ဘယ်လိုဖြစ်ပြီး. . ."
မန်နေဂျာမမက ပြုတ်ကျသွားသည် စတီးဇလုံအကြီးကြီးကို ပြန်ကောက်လိုက်ရင်း အိမ်ရှေ့အုန်းပင်အောက်က ကြမ်းခင်းမြင့်မြင့်လေးပေါ် နှစ်ယောက်လုံးအား ထိုင်စေသည်။
"အိမ်ထဲက ကလေးတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ"
ဂျောင်ကုက နားလည်သည့်သဘော ပြုံးလျက် ခေါင်းငြိမ့်ပြသည်။ ဘရီယန်ကတော့ ခပ်လှမ်းလှမ်းက ပင်လယ်ကြီးကိုသာ ငေးကြည့်လို့နေသည်။ ဒီတစ်ခါလည်း ဘရီယန်က မနေတတ်လို့ဆိုတာကို ဂျောင်ကုစိတ်ထဲ ဘယ်လိုလုပ်ပြီး နားလည်နေပြန်တာလဲ?
"ကျွန်တော်တို့ လမ်းကြုံတာနဲ့ ဝင်လာတာပါ။ အနှောင့်အယှက်မဖြစ်ဖို့ ရည်ရွယ်ပါတယ်"
"မဖြစ်ပါဘူး မဖြစ်ပါဘူး။ အနေခက်ခဲမှာကိုပဲ စိုးရိမ်မိတာပါ"
သုံးယောက်သား အတူထိုင်နေကြသည့် အုန်းပင်စိမ်းအောက်ရှိနေရာကို မလှမ်းမကမ်းကနေ ကွက်ကြည့်ကွက်ကြည့်လုပ်နေသည့် ကလေးတစ်အုပ်လည်း ရှိနေပြန်သည်။
"အခုက စျေးရောင်းနေတာလား?"
"ဟုတ်တယ်။ ပင်လယ်စာတွေပေါ့"
မန်နေဂျာမမက ခပ်ပြုံးပြုံးပင် ပြန်ဖြေလာသည်။ အခုချိန်ထိ စကားတစ်ခွန်းဝင်မပြောဘဲ အဝေးကိုသာကြည့်နေသည့် ဘရီယန့်ကိုလည်း အရိပ်တကြည့်ကြည့်နှင့်သာ။
"ဒါရိုက်တာကြီးတို့ ဒီမှာ ခဏနေခဲ့ဦးနော်"
စတီးဇလုံကြီးမကာ လှစ်ခနဲဆိုသလို ခုန်ဆင်းသွားသည့် မန်နေဂျာမမနောက်တွင် သူတို့နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
"မန်နေဂျာအလုပ်က နားရတာ ဘယ်နှရက်ရှိသေးလို့လဲ? ချက်ချင်းကြီး စျေးရောင်းနေရတာလား?"
ဘရီယန်က မနေနိုင်သည့်အဆုံး မေးခွန်းထုတ်သည်။
"မိသားစုများတယ်လေ"
"ရပ်ကြည့်နေတဲ့ကလေးတွေရော လူကြီးတွေရော က သူ့မိသားစုလို့မပြောနဲ့နော်"
"အမှန်ပဲ"
ဘရီယန်သည် ထိုကလေးလူကြီးအုပ်ကြီးအား တချက်မျှလှမ်းကြည့်ပြီး မျက်တောင်နှစ်ချက်ဆင့်ကာ ခတ်လိုက်မိသည်။ တစ်ဦးတည်းသောသားပေမို့ ဒီလောက်မိသားစုများတာမျိုး မယုံကြည်နိုင်။
"မိဘတွေအပါအဝင် အတော်များများက မန်နေဂျာဂိုရဲ့ ဝင်ငွေအောက်မှာပဲ မှီခိုနေကြတာ"
စကားအဆုံးတွင် မန်နေဂျာမမက အုန်းသီးနှစ်လုံး၊ ပင်လယ်စာဗန်းတို့နှင့်အတူ ပြန်ရောက်လာသည်။
"မန်နေဂျာကြီးနဲ့မင်းသားကို အားနာပေမဲ့ ဧည့်ခံစရာက ဒါပဲရှိတာမို့ သုံးဆောင်ကြပါဦး"
"ရပါတယ်ဗျ"
"မင်းသားက ပင်လယ်စာမကြိုက်တတ်တာမို့ တခြားစားစရာထည့်လာခဲ့တယ်"
ဘရီယန်သည် ဘာပြောရမှန်းမသိအောင် ဖြစ်သွားရသည်။ ပြေးလာပုံရသည့် မန်နေဂျာမမက ချွေးတွေကြောင့် ထိုင်တောင်မထိုင်တော့ဘဲ သူတို့နှစ်ဦးနှင့် ခပ်ခွာခွာကနေ ရပ်လျက် စကားပြောနေဆဲ။
"ထိုင်လို့ရပါတယ်"
ဘရီယန်က ပြောလိုက်တော့ ဂျောင်ကုကလည်း ဝင်ထောက်ခံသည်။ ထိုအခါမှ မန်နေဂျာမမက မရဲတရဲဖြင့် ဝင်ထိုင်တော့သည်။
"မိသားစု ဘယ်နှစ်ယောက်ရှိတာလဲ?"
"၂၈ယောက်ပါ"
ဘရီယန်သည် ထိုမျှကြီးမားလွန်းသော မိသားစုမျိုး အခုမှမြင်ဖူးကြားဖူးတာမို့ အနည်းငယ်တော့ လန့်သွားမိသည်။ အင်းလေ မဖြစ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။
"တော်တော်မွေးနိုင်ကြတာပဲ"
"ဘရီယန်"
ဘရီယန်၏ လွှတ်ခနဲထွက်သွားတဲ့စကားကြောင့် ဒါရိုက်တာဂျောင်ကုက ပေါင်ကို အသာတို့ကာ မျက်လုံးပြူးပြသည်။
"မင်းသားပြောတာလည်း မမှားပါဘူး။ မွေးချင်းတွေက အိမ်ထောင်အသီးသီးကျကုန်တော့ သူတို့ကလေးတွေနဲ့ပါ ပေါင်းပြီး များသွားတာပါ"
ဘရီယန်က ဘာမှမပြောတော့ဘဲ ငြိမ်သွားသည်။ ထို့နောက် စကားစဖြတ်ကာ ပင်လယ်ဘက်ဆီကို လေကောင်းလေသန့်ရှူရန်အကြောင်းပြချက်ဖြင့် ထွက်ခဲ့တော့သည်။
"ဘရီယန်"
"နားငြီးတယ်"
ထွက်လာကတည်းက ဒီကလုန်းကောင် သူ့နောက်ကနေ အနှေးနဲ့အမြန် ပါလာမယ်ဆိုတာကို သိထားပြီးသားပင်။ ခုလည်း အေးဆေးမနေဘဲ လာလာခေါ်နေပြန်ပါပြီ။
"ကျွန်တော်က ခင်ဗျားဘယ်လိုစဉ်းစားထားလဲ မေးမလို့ပါ"
"မမေးနဲ့"
အမိန့်တော်အတိုင်း ပါးစပ်ပိတ် နှုတ်ဆိတ်ကာ နေလိုက်တော့သည်။ ရပ်နေသည့်ကျောက်ဆောင်ကို လာရိုက်သည့် ပင်လယ်လှိုင်းများအသံကလွဲပြီး ဘာမှထပ်မပြောဖြစ်တော့။
ထိုအထိ အဆင်ပြေသေးသည်။ မပြေတာ ဘယ်ကစသလဲဆိုရင် ညအိပ်ညနေပါတည်းမယ်လို့ ကလုန်းကောင်က စကားကျွံလိုက်တာက စတော့သည်။
အခုတော့ အခန်းကျဉ်းလေးထဲမှာ နှစ်ယောက်သား တိုင်ပတ်ကုန်ပြီ။ ရှိသည့်ကုတင်တစ်ချပ်ကလည်း အခုလေးတင်မှ ဘယ်ကယူလာမှန်းမသိဘဲ သူတို့နှစ်ဦးအိပ်ဖို့ဟုဆိုကာ လာထည့်ပေးသွားတာပင်။
"ငါ မင်းကို အဲ့ဒါတွေ ရိုက်ချင်တာသိလား"
"ချက်ချင်းကြီးထပြန်ရင် စိတ်မကောင်းဖြစ်မှာစိုးလို့ပါ"
လည်ဂုတ်ကိုပွတ်လျက် လေသံတိုးတိုးဖြင့်ပြောလာသည့် ဒါရိုက်တာဂျောင်ကုဟာ ဘရီယန်နှင့်ပတ်သတ်ရင်တော့ ကျိုးနွံမှုအပြည့်။
"ဒါဆိုလည်း မင်း ညနေက အုန်းပင်အောက်သွားအိပ်"
"ဟင် မရဘူးလေ"
"နှစ်ခါမပြောဘူး"
"ဒါရိုက်တာကြီးနဲ့မင်းသား~"
နှစ်ယောက်သား ငြင်းခုံနေတုန်းမှာပဲ မန်နေဂျာမမက စောင်အထပ်လိုက်နဲ့ ရောက်ချလာသည်။
"အပူပေးစက်က သိပ်အလုပ်မလုပ်လောက်တာမို့ ခြုံဖို့စောင်တွေ လာပေးတာပါ။ အသစ်တွေမို့ စိတ်ချလက်ချသုံးလို့ရပါတယ်"
ဘရီယန်သည် နှလုံးသားထဲမှ ခက်ခဲခြင်းတစ်မျိုးကြောင့် သက်ပြင်းသာချလိုက်မိတော့သည်။
"ကျွန်တော် အပြင်မှာသွားအိပ်ပေးပါ့မယ်"
"နေပါစေတော့"
ဘရီယန်က ကုတင်ပေါ်မှာ ဂျောင်ကုအတွက် နေရာလွတ်မရှိလောက်အောင်ကို အကျအန နေရာယူပစ်သည်။ အုန်းပင်အောက် သွားမအိပ်ရတော့ပေမဲ့ ကြမ်းပြင်ပေါ် အိပ်ခွင့်ပေးလိုက်တဲ့ သဘောပါပဲ။
နံရံကိုမျက်နှာမူကာ လဲလျောင်းနေသည့် ဘရီယန်ရဲ့ကျောပြင်ကို ဂျောင်ကုက ငေးကြည့်မိသည်။ အချိန်တိုင်း ထွေးပွေ့ချင်စရာကောင်းလွန်းပါသော စိတ်မရှည်တတ်သည့် သူ၏မွန်းစကားသေးသေးလေး။
"ဘရီယန် အိပ်ပြီလား?"
တဖက်က ဘာမှပြန်မပြော။
အခန်းလေးသည်လည်း ဆိတ်ငြိမ်မြဲ ဆိတ်ငြိမ်နေဆဲ။
"ကျွန်တော် ဘရီယန့်ကို သဘောကျတယ်"
"နောက်တစ်ခွန်းထပ်ပြောရင် အုန်းပင်အောက် တန်းရောက်စေရမယ်"
ဂျောင်ကုသည် ခွိခနဲခိုးရယ်ကာ ဟုတ်ကဲ့ဟု ခပ်တိုးတိုးပြန်ပြောလိုက်သည်။ အဖြူဖျော့ဖျော့ မျက်နှာကြက်ကို ကြည့်လိုက်ရင်း စဉ်းစားခန်းထပ်ဝင်မိသည်။
သူ့ဘက်က ဘရီယန်နဲ့အတူရှိတိုင်း ရင်ခုန်ရသလို ဘရီယန်ကရော သူ့အပေါ် ရင်မှခုန်ရဲ့လား?
ကိစ္စမရှိပါဘူး။ အခုမဟုတ်လည်း နောက်ပေါ့။ လွယ်လွယ်နဲ့တော့ လက်မလျှော့ချင်ပါဘူး။ ချစ်ရင်ပိုင်ဆိုင်ချင်ကြတာ သဘာဝပဲမလား။
ကောင်းသောညပါ ဘရီယန်။
________________
အသိညီမလေးတစ်ယောက်ရဲ့ မွေးနေ့အတွက် အမှတ်တရဖြစ်စေချင်လို့ ၁၃ပိုင်းမြောက်ကို တင်ပေးလိုက်ပါတယ်။
Happy Birthday ပါ။
တလက်စတည်း On Goingမှာ စောင့်မျှော်ဖတ်ရှုပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးတင်ပါတယ်။ ဘယ်အချိန်တင်တင် လာဖတ်ပေးမဲ့သူရှိတာလည်း ကံကောင်းခြင်းတစ်မျိုးပါပဲ။
ကျေးဇူးတင်လျက်
မာမိတ်မိုချီ။
အပိုင္း (၁၃)
|Zawgyi Version|
-သုညကမၻာ၏ပထမအျခမ္း-
တီမိုသီမရွိသည့္ အိမ္ကေလးက ဂ်ီမင္းအတြက္ အနည္းငယ္ေတာ့ ပ်င္းစရာေကာင္းေနခဲ့သည္။ ပါစတာဆိုင္ေလးကိုလည္း ဂ႐ုမစိုက္နိုင္သလို လူေတြႏွင့္ ေဝးရာကိုပဲ ထြက္ေျပးေနမိခဲ့သည္။
ေတာ္ေသးတာက ခ်ာခ်ာရွိေနလို႔ေပါ့။ တီမိုသီေမြးထားသည့္ ေခြးကေလးခ်ာခ်ာက ဂ်ီမင္းအတြက္ေတာ့ စိတ္ခ်ယဳံၾကည္ရဆုံး သူငယ္ခ်င္းလိုပဲ။ ေဝလီေဝလင္း မနက္ဖက္ေတြမွာ ခ်ာခ်ာကိုထိန္းလ်က္ လီလာ့အတြက္ စာတစ္ေစာင္ခ်န္ကာ ထြက္လာခဲ့သည္။
လမ္းကေလးေပၚမွာ လႈပ္ရွားသြားလာေနသူဆိုလို႔ ဂ်ီမင္းရယ္ ေခြးကေလးခ်ာခ်ာရယ္သာရွိသည္။ ေၾကာက္လားေမးရင္ေတာ့ မေၾကာက္မိ။ ခ်ာခ်ာက တီမိုသီကိုယ္တိုင္ အေကာင္းဆုံးထိန္းေက်ာင္းလာခဲ့တဲ့ ေခြးကေလးျဖစ္တာမို႔ ေတာ္႐ုံအႏၱရာယ္ေလာက္ကေတာ့ ထည့္တြက္စရာမလိုမွန္း ဂ်ီမင္းယုံၾကည္တာမို႔ပင္။
"ဘရီယန္!"
ဂိတ္ေပါက္ကိုေရာက္ေတာ့ ထုံးစံအတိုင္း အေစာင့္လူငယ္ေလးက အေျပးအလႊားႏႈတ္ဆက္လာသည္။ ဂ်ီမင္းသည္ သူ၏မူပိုင္အၿပဳံးတို႔ျဖင့္ ၎တပ္သားေလးကို ျပန္ႏႈတ္ဆက္လိုက္သည္။
"မနက္စာ စားေနတာလား?"
ဂိတ္တဲေလးထဲက စားစရာေတြေၾကာင့္ ေမးခြန္းထုတ္လိုက္မိသည္။ ဂိတ္ေစာင့္ေလးက ထိုသို႔ျပန္ေျဖသည္။
"ဟုတ္. . .ဟုတ္တယ္။ ဘရီယန္ေရာ စားၿပီးၿပီလား?"
"အင္း ၿပီးခဲ့ၿပီ"
ထုံးစံအတိုင္း ဂိတ္တဲေလးထဲဝင္ကာ ခဏတျဖဳတ္ေလာက္ ထိုင္ခုံတန္းေလးေပၚမွာ ဝင္ထိုင္လိုက္သည္။ အလိုက္သိတတ္သည့္ ခ်ာခ်ာက ဂ်ီမင္းရဲ႕ ေျခေထာက္ေဘးနားေလးမွာပဲ ဝပ္ကာ အေညာင္းဆန့္လို႔ေနသည္။
ေျခေထာက္ဆာေနသည့္ အေစာင့္ေလးသည္လည္း ဂ်ီမင္းနည္းတူပင္ တဖက္ခုံတန္းမွာ ဝင္ထိုင္သည္။
ဟုတ္ပါရဲ႕။ ေျပာဖို႔ လိုသြားတယ္။ ဂ်ီမင္းမွာ ခ်ာခ်ာ့အျပင္ သူငယ္ခ်င္းတစ္ေယာက္ရွိေသးတာပဲ။ တျခားေတာ့မဟုတ္ပါဘူး အခုလက္ရွိ သူ႕ေရွ႕မွာထိုင္ၿပီး ထမင္းစားေနတဲ့ ဂိတ္ေစာင့္ေလးပါပဲ။
"နီယို႔အတြက္"
ဂ်ီမင္းသည္ အိမ္ကေလးဆီမွ ယူေဆာင္လာခဲ့သည့္ အသားဗူးမ်ားကို ဂိတ္ေစာင့္ေလးထံ ထိုးေပးလိုက္သည္။ ဂိတ္ေစာင့္ေလးက အံ့ဩသြားသည့္ အမူအရာႏွင့္အတူ စားလက္စ ခ်ိဳင့္ေလးကိုခ်လ်က္ ကမန္းကတန္းပင္ လက္ႏွစ္ဖက္ႏွင့္ လွမ္းယူလိုက္သည္။
ဂ်ီမင္းသည္ ေက်နပ္သြားမႈေၾကာင့္ ၿပဳံးလိုက္မိသည္။ အစပထမတုန္းကေတာ့ နီယိုဆိုတဲ့ဂိတ္ေစာင့္ေလးက ဂ်ီမင္းဘာေပးေပး ျငင္းဆန္ေလ့ရွိသည္။ ေပးတာမယူရင္ သူငယ္ခ်င္းမလုပ္ေတာ့ဘူးလို႔ၿခိမ္းေျခာက္မွ အသည္းအသန္လက္ခံတဲ့ ဂိတ္ေစာင့္ေလးပါေပ။
"သိမ္းမထားနဲ႕ နီယို။ ငါ မင္းကိုစားေစခ်င္လို႔ ေပးတာ"
"ဟုတ္ ဟုတ္ကဲ့ပါ ဘရီယန္"
တစ္စုံတစ္ေယာက္ဆီက မိမိအတြက္ရည္႐ြယ္သည့္ ပစၥည္းတစ္ခုခု ပိုင္ဆိုင္ရတာကို က်င့္သားရေသးပုံမေပၚသည့္ ဂိတ္ေစာင့္ေလးက အသားဗူးေတြကိုတလွည့္ ဂ်ီမင္းကိုတလွည့္ၾကည့္ကာ ဘာလုပ္ရမယ္မသိ ျဖစ္လို႔ေနသည္။
"ဘရီယန္ ေစ်းကိုသြားဦးမလို႔လား?"
"အင္း ဟုတ္တယ္။ နီယို မွာစရာရွိလို႔လား?"
"မ. . .မရွိပါဘူး"
"ဒါဆို ငါသြားေတာ့မယ္"
"ဟုတ္ ဘရီယန္"
ဂ်ီမင္းသည္ နီယိုဆိုသည့္ဂိတ္ေစာင့္ေလးကို ႏႈတ္ဆက္ကာ ဂိတ္တဲေလးႏွင့္ ေဝးရာကို ခ်ာခ်ာႏွင့္အတူ ပုံမွန္ေျခလွမ္းတို႔ျဖင့္ ထြက္ခြာခဲ့သည္။ ေက်ာျပင္ငယ္ကို ခပ္ေသးေသးသာ ျမင္ရေတာ့သည္အထိ ဂိတ္ေစာင့္ေလးက ေငးၾကည့္ေနမိဆဲ။
တခ်ိဳ႕လူေတြက ဘာေၾကာင့္ ဘရီယန္က တစ္ကိုယ္ေကာင္းဆန္ၿပီး ဆိုးသြမ္းပါတယ္လို႔ တထစ္ခ်ေျပာခ်င္ၾကတာလဲ။ သူတို႔သာ ဘရီယန့္ရဲ႕ေနရာမွာ တစ္ခါေလာက္ျဖစ္ျဖစ္ ကိုယ္ခ်င္းစာၾကည့္တတ္ခဲ့မယ္ဆိုရင္ ဒီလိုေတြ ေျပာနိုင္ပါဦးမလား။
ဘရီယန္ကို စိတ္ေကာင္းရွိၿပီး ႏူးညံ့တတ္တဲ့လူသားတစ္ေယာက္အျဖစ္ အတိတ္မွာ မျမင္ခဲ့ဖူးၾကလို႔ျဖစ္မယ္။ အၿမဲၿပဳံးေနတတ္ၿပီး ၾကင္နာတတ္တဲ့ ဘရီယန္ရယ္ပါ။
ဘရီယန္ေပးတဲ့ အသက္ဆိုတာသာ မရွိခဲ့ရင္ နီယိုဆိုတဲ့ မိဘမဲ့ကေလးေလးတစ္ေယာက္ဟာ လြန္ခဲ့တဲ့ႏွစ္မ်ားစြာကတည္းက ငါးစာျဖစ္သြားတာ ၾကာေလာက္ပါၿပီ။
ပင္လယ္လွိုင္းလုံးေတြၾကား အသက္ရႉမရသည့္ ခံစားခ်က္က နီယို႔အတြက္ တစ္သက္မေမ့နိုင္စရာပင္။ ဦးေလးျဖစ္သူအပါအဝင္ ေကာင္းကင္ယံမွာ လွလွပပ ပ်ံသန္းေနၾကသည့္ တိုက္ေလယာဥ္ေတြဆီမွာပဲ အာ႐ုံေရာက္ေနၾကသည့္ လူေတြက နီယို႔ရဲ႕အျဖစ္ကို မရိပ္မိၾက။
ေရေတြၾကား ေပၚလိုက္ျမႇုပ္လိုက္ျဖင့္ ႐ုန္းကန္ေနသည့္ ေသးညွက္ညွက္ေကာင္ေလးကို ေရထဲမွ ဆြဲတင္ေပးလာသည့္ လက္တစ္ဖက္။ အားကိုးတႀကီးဆြဲကိုင္လိုက္မိသည့္ လက္တစ္ဖက္ပိုင္ရွင္ကို ေမာ့ၾကည့္မိေတာ့ သူ႕အား စိုးရိမ္ေနသည့္ မ်က္ဝန္းမ်ားကို ပထမဆုံးျမင္ဖူးလိုက္သည္။
ကုန္းေပၚျပန္ေရာက္သည္ႏွင့္ ျပတ္လပ္သြားခဲ့သည့္ ေအာက္စီဂ်င္ကို အလုအယက္ရႉမိသည္။ ကယ္တင္ေပးခဲ့သည့္ လက္တစ္ဖက္ကိုလည္း မလႊတ္တမ္း ဆုပ္ကိုင္ထားမိသည္။
"ဘရီယန္!"
ေခၚသံႏွင့္အတူ ေနာက္ထပ္လူႏွစ္ေယာက္က သူတို႔နားကို အေျပးေရာက္လာၾကသည္။ နီယို၏ ဦးေလးျဖစ္သူလည္း ေရာက္လာခဲ့သည္။
နီယိုဆိုသည့္ ကေလးငယ္ေလးသည္ ေနာက္မွေရာက္လာသည့္ လူစိမ္းႏွစ္ေယာက္ထဲမွ တစ္ေယာက္က ကိုယ္ေပၚၿခဳံေပးလိုက္သည့္ ဝတ္႐ုံႏွင့္အတူ ေက်ာခိုင္းထြက္ခြာသြားေသာ ဘရီယန္ဆိုသူအား ေခ်ာင္းတဟြတ္ဟြတ္ၾကားမွ ေငးၾကည့္ေနမိသည္။
ထို႔ေနာက္တြင္ေတာ့ ကေလးေလးသည္လည္း ဦးေလးျဖစ္သူ၏ ခ်ီပိုးမႈေနာက္ ပါသြားခဲ့ေတာ့သည္။ ဘရီယန္. . . ဘရီယန္ဆိုတဲ့ နာမည္တစ္ခုကိုေတာ့ ကေလးေလးက တစ္သက္ေမ့ရေတာ့မည္မထင္။
ဂ်ီမင္းသည္ ေစ်းႏွင့္နီးလာသည္ႏွင့္အမွ် လူရႈပ္လာတာမို႔ ခ်ာခ်ာ့ကို ပိုဂ႐ုစိုက္ရသည္။ မလိမၼာတဲ့ေခြးမဟုတ္ေပမဲ့ ခ်ာခ်ာသာ ေပ်ာက္သြားခဲ့ရင္ တီမိုသီက သူ႕ကို ဘာလုပ္မလဲ အတပ္မေျပာနိုင္ဘူးေလ။
ေစ်းတန္းကို လာရျခင္းရဲ႕ အဦးဆုံးရည္႐ြယ္ခ်က္ျဖစ္သည့္ ဓာတ္ျပားေခြေဟာင္းမ်ားရွိရာ ဆိုင္တန္းဘက္ဆီ ေျခစလွမ္းခဲ့သည္။
ဆိုင္ေလးထဲေရာက္သည္ႏွင့္ ဂ်ီမင္းတစ္ေယာက္ အိမ္ျပန္ရမည္ကိုပင္ ေမ့ေလ်ာ့သြားေလာက္သည္အထိ သေဘာက်ရသည့္ ဓာတ္ျပားေခြမ်ားကို မ်က္ေတာင္မခတ္တမ္း လိုက္ၾကည့္ေနမိသည္။ အဖိုးတန္လိုက္တဲ့ ၁၉၅၈ခုႏွစ္ပါေပ။
ေတြ႕ၿပီ။ ဂ်ီမင္း အရမ္းသေဘာက်ရသည့္ ဓာတ္ျပားေခြေလး။ တီမိုသီ၏ မိဘမ်ားႏွင့္ ညစာအတူစားခဲ့တုန္းက ၾကားခဲ့ရသည့္ Auroraသီဆိုထားေသာ Exist For Love ဟု အမည္ရသည့္ ဓာတ္ျပားေခြေလးျဖစ္သည္။
"ဟင္?"
ဂ်ီမင္းသည္ ဓာတ္ျပားေခြဖိုးရွင္းဖို႔အတြက္ ျပင္လိုက္ေပမဲ့ ေဘာင္းဘီအိတ္ကပ္ထဲက ပိုက္ဆံအိတ္ကိုမစမ္းမိ။ တစ္ကိုယ္လုံးက အိတ္ကပ္မွန္သမွ်ကို စမ္းၾကည့္လိုက္ေပမဲ့ ကံမေကာင္းစြာပင္ ျခဴးတစ္ျပားပင္မေတြ႕ရ။
ေသေရာပဲ။ သူ ခါးပိုက္ႏွိုက္ခံလိုက္ရၿပီ!
ဂ်ီမင္းသည္ ပိုက္ဆံအိတ္ပါသြားသည့္ အပူပင္ မၿငိမ္းေသးခင္ ခ်ာခ်ာပါ ေပ်ာက္ေနတာကို သတိထားမိလိုက္သည္။ ဒီေန႕က ျပႆဒါးမ်ားလား?
ေစာနေလးတင္ ဓာတ္ျပားဆိုင္ေရွ႕မွာ သူ႕ကို ငုတ္တုတ္ထိုင္ေစာင့္ေနသည့္ ခ်ာခ်ာကေရာ ဘယ္ေရာက္သြားတာလဲ?
အဆုံးတြင္ေတာ့ လိုခ်င္လြန္းလွသည့္ ဓာတ္ျပားေခြကေလးကို ျပန္ခ်ကာ ခ်ာခ်ာရွာပုံေတာ္ ထြက္ခဲ့ေတာ့သည္။ ညေနေစာင္းလာေလေလ လူပိုစည္ေလျဖစ္သည့္ ေစ်းေလးထဲ ေျခရာေတြထပ္ကုန္သည္အထိ ခ်ာခ်ာ့ကို လိုက္ရွာမိသည္။
"ခ်ာခ်ာ!"
ခ်ာခ်ာအား တစ္စုံတစ္ေယာက္ကမ်ား ဖမ္းေခၚသြားေလသလားဟု ေတြးလိုက္မိသည္။ ဂ်ီမင္းသည္ ေျခလွမ္းေတြကို အရွိန္ပိုျမႇင့္လိုက္ရင္း မ်က္လုံးေတြကို အနားမေပးဘဲ ခ်ာခ်ာ့ကို ေတြ႕လိုေတြ႕ျငား ရင္တမမျဖင့္ လိုက္ၾကည့္မိသည္။
"ခ်ာခ်ာ?!"
အၿမီးေလးျမင္လိုက္ရတာမို႔ အနီးအနားကလူေတြကို တြန္းတိုက္ကာ ေနရာမွထြက္ခဲ့သည္။ ျပန္ေတြ႕ၿပီ။ ခ်ာခ်ာ့ကို သူျပန္ေတြ႕ၿပီ။
"ခ်ာခ်ာ!"
ဂ်ီမင္းသည္ အေလာသုံးဆယ္ႏွင့္ပင္ ခ်ာခ်ာ့ေရွ႕မွာ ထိုင္ခ်ကာ ေပြ႕ဖက္လိုက္မိသည္။ စိတ္လႈပ္ရွားမႈေၾကာင့္ အၿမီးကို ဆက္တိုက္ယမ္းေနသည့္ ခ်ာခ်ာက ဂ်ီမင္းရဲ႕လက္ေတြၾကား အၿငိမ္မေန။
ခ်ာခ်ာ့ကို ေပြ႕ဖက္ထားရင္းမွ မ်က္စိေရွ႕က မလႈပ္မရွား ရပ္ေနသည့္ ဖိနပ္တစ္စုံကို သတိထားလိုက္မိသည္။ ထို႔အတြက္ ေမာ့ၾကည့္လိုက္မိခ်ိန္ ျမင္လိုက္ရသည့္လူေၾကာင့္ ဂ်ီမင္းရဲ႕မ်က္ဝန္းတို႔ ျပဴးက်ယ္သြားရသည္။
"တီမိုသီ"
ေတြ႕မွ ေတြ႕တတ္ပါေပ။
ဒီလိုဆို ခ်ာခ်ာက ေပ်ာက္သြားတာမဟုတ္ဘဲ တီမိုသီ့ဆီ ေရာက္လာတာပဲ။
"ျပန္ေရာက္ေနၿပီလား?"
တီမိုသီက မည္သည့္အေျဖမွမျပဳဘဲ ေစ်းအျပင္ဘက္ကို ထြက္ဖို႔ျပင္သည္။ ဂ်ီမင္းလည္း ခ်ာခ်ာႏွင့္အတူ တီမိုသီရဲ႕ေနာက္မွ ခပ္ကုပ္ကုပ္ လိုက္ပါခဲ့သည္။
မျမင္ရတာ တစ္ပတ္ေလာက္ရွိၿပီျဖစ္သည့္ ဂ်စ္ကားစိမ္းေလးကို ေစ်းတန္းနဲ႕ မလွမ္းမကမ္းမွာ ေတြ႕လိုက္ရသည္။ တီမိုသီက ကားေလးေပၚတက္သြားသလို ခ်ာခ်ာကလည္း လႊားခနဲပင္ ကားေပၚခုန္တက္သြားခဲ့သည္။ က်န္ေနခဲ့သူက ဂ်ီမင္းတစ္ေယာက္တည္း။
တီမိုသီတစ္ေယာက္ ကားကေလးရဲ႕ စက္ကိုႏွိုးလိုက္ၿပီးသည့္တိုင္ ဂ်ီမင္းသည္ မည္သို႔လုပ္ရမယ္မသိတာမို႔ ေနရာမွာပဲ ရပ္ေနမိသည္။ ထိုအခ်ိန္မွာပဲ တီမိုသီရဲ႕အၾကည့္ေတြက သူ႕ထံေရာက္လာသည္။
"တက္"
ဂ်ီမင္းသည္ ႐ုတ္တရက္ပင္ ဟမ္ ခနဲ အသံျပဳလိုက္မိသည္။ ေနာက္ေတာ့မွ သေဘာေပါက္သြားရကာ ဂ်စ္ကားစိမ္းေလးေပၚ တက္လိုက္ေတာ့သည္။ ခ်ာခ်ာကေတာ့ ဂ်ီမင္းႏွင့္တီမိုသီတို႔ၾကားတြင္ မိန့္မိန့္ႀကီးထိုင္လ်က္ရွိသည္။
အေနာက္ကြၽန္းဆီသို႔ ေနလုံးႀကီးတိုးဝင္ေပ်ာက္ကြယ္သြားခ်ိန္တြင္ ဂ်စ္ကားစိမ္းေလးက အိမ္အျပန္လမ္းေပၚမွာ တရိပ္ရိပ္ေျပးလႊားလ်က္ရွိသည္။ အရာအားလုံးသည္လည္း ၿငိမ္းခ်မ္းလို႔ေနသည္။
အိမ္ကေလးဆီသို႔ ျပန္ေရာက္သည္ႏွင့္ ခ်ာခ်ာႏွင့္အၿပိဳင္ ဂ်စ္ကားစိမ္းေပၚမွ အလ်င္အျမန္ဆင္းကာ အိမ္ထဲဝင္ခဲ့လိုက္သည္။
"အဟမ္း!"
အိမ္ကေလးထဲ ဝင္ဝင္ခ်င္းမွာပဲ ေနာက္ပါးဆီမွ တီမိုသီ၏ ေခ်ာင္းဟန့္သံထြက္ေပၚလာတာမို႔ လွည့္ၾကည့္မိသြားသည္။ ေျခႏွစ္လွမ္းအလြန္မွာ သူ႕အနားေရာက္လာသည့္ တီမိုသီက ဂ်ီမင္းကို ပစၥည္းတစ္ခု လွမ္းေပးလာသည္။
ငုံ႕ၾကည့္လိုက္ေတာ့ သူ သိပ္လိုခ်င္ေနခဲ့သည့္ ဓာတ္ျပားကေလးျဖစ္သည္။ ဂ်ီမင္းသည္ အံ့ဩသြားရသလို ေပ်ာ္႐ႊင္သြားရသည္။
"ဒါက. . ."
ဂ်ီမင္းသည္ ေျပာေျပာဆိုဆိုပင္ တီမိုသီ၏လက္ထဲမွ ဓာတ္ျပားေခြေလးကို ဆြဲယူလိုက္ကာ ထခုန္မိမတတ္ျဖစ္သြားရသည္။ ဓာတ္ျပားေလးကို အျပန္ျပန္အလွန္လွန္ၾကည့္ေနရင္းမွပင္ ေပ်ာ္႐ႊင္လာတာမို႔ တီမိုသီအား ခုန္ဖက္လိုက္မိသည္။
"ေက်းဇူးပဲ တီမိုသီ။ ဒါေလး ငါ အရမ္းလိုခ်င္ေနခဲ့တာ"
ေရခဲေနသည့္ တီမိုသီအား ဂ်ီမင္းတစ္ေယာက္ သတိမမူမိေသး။ အိမ္ကေလးအား ေစာင့္ေနေပးသည့္ ဧည့္ခန္းထဲမွ လီလာသည္လည္း ထိုျမင္ကြင္းေၾကာင့္ ထိုင္ရမလို ထေျပးရမလို။
"ဆ. . .ဆရာတို႔ ျပန္လာၿပီလား?"
ၾကားလိုက္ရသည့္ လီလာ့အသံေၾကာင့္ ဂ်ီမင္းသည္ အလန့္တဖ်တ္ပင္ တီမိုသီကို ဖက္ထားရာမွ လႊတ္ေပးလိုက္မိသည္။ ၁၉၅၈ခုႏွစ္မွာ ပတ္ဂ်ီမင္းတို႔ကေတာ့ အမွားလုပ္မိျပန္ပါၿပီ။
"အင္း ျပန္လာၿပီ"
"ငါ. . .ငါ သြားၿပီ။ ေက်း. . .ေက်းဇူးပဲ"
မ်က္ႏွာခ်င္းမဆိုင္ေတာ့ဘဲ ဓာတ္ျပားေခြကေလးကို ျမႇောက္ျပလိုက္ၿပီးေနာက္ အခန္းထဲကို တခ်ိဳးတည္း ဝင္ေျပးခဲ့သည္။ "အေမ ဝယ္ေပးလိုက္တာ"ဟု လွမ္းေျပာသည့္ တီမိုသီ၏စကားကိုလည္း ျပန္မေျဖလိုက္မိေတာ့။
"ဆရာေရာ ျပန္ေရာက္ၿပီဆိုေတာ့ လီလာျပန္လိုက္ပါဦးမယ္"
"ေကာင္းၿပီ"
လီလာသည္ မီးေရာင္ေအာက္တြင္ အနည္းငယ္နီျမန္းေနသည့္ တီမိုသီ၏မ်က္ႏွာကိုၾကည့္ကာ ၿပဳံးခ်င္ခ်င္ျဖစ္သြားရသည္။ ဓာတ္ျပားေခြေလးကို ဆရာ့အေမက ဝယ္ေပးလိုက္တာတဲ့။ မလိမ္တတ္ဘဲနဲ႕ လိမ္ေနျပန္ပါၿပီ ဆရာရယ္။
ဒါနဲ႕ ဆရာတီမိုသီနဲ႕ ဘရီယန္က ဘယ္အခ်ိန္တုန္းက အခုလိုျဖစ္သြားၾကတာလဲ?
________________
-သုညကမၻာ၏ ဒုတိယအျခမ္း-
"ဒါ မင္းသား ေထာက္ပံ့ေပးေနၾက မိဘမဲ့ေက်ာင္းေလး"
ကလုန္းေကာင္ေလးေရာ ဘရီယန္ပါ ကုန္းျမင့္ေပၚရွိ ဒန္းေလးႏွစ္စီးေပၚမွာ ၿငိမ္ၿငိမ္သက္သက္ပင္ ထိုင္ေနမိသည္။ မလွမ္းမကမ္းမွာ ကေလးငယ္အခ်ိဳ႕က ေျပးလႊားကစားေနၾကသည္။
ဘရီယန္က လက္ဖမိုးထက္မွ ေရာင္စုံခဲတံျဖင့္ ေရးျခစ္ထားသည့္အရာေလးမ်ားကို ၾကည့္လိုက္မိသည္။ ကေလးငယ္ေလးမ်ားမွ သူ႕အား ပတ္ဂ်ီမင္းအမွတ္ႏွင့္ ပုံဆြဲေပးထားၾကျခင္းပင္။
က်န္လက္တစ္ဖက္ျဖင့္ ၎လက္ဖမိုးေပၚမွာ မပီမျပင္ရွိေနသည့္ ပုံေလးမ်ားကို ဖ်က္ပစ္လိုက္ဖို႔ ရည္႐ြယ္ၿပီးမွ ခ်ီတုံခ်တဳံႏွင့္ပင္ ေနပါေစေတာ့ဟုေတြးကာ ထိုအတိုင္းထားလိုက္သည္။
"ခင္ဗ်ားသာ စာခ်ဳပ္ဖ်က္ၿပီး အနားယူလိုက္ရင္ ဒီကေလးေတြ ဘယ္လိုျဖစ္ကုန္မလဲ"
"ငါ စာခ်ဳပ္မွာ လက္မွတ္မထိုးသင့္တဲ့အေၾကာင္းျပခ်က္က ဒီဟာဆိုရင္ ပတ္ဂ်ီမင္းမဟုတ္တဲ့ ငါ့အတြက္ကေရာ?"
ဘရီယန္က ေျပာင္ေျပာင္တင္းတင္းပင္ ေမးခြန္းျပန္ထုတ္လာသည္။ ဘရီယန္ရဲ႕ မ်က္ဝန္းေတြထဲကို စိုက္ၾကည့္မိတိုင္း အေျဖဆိုတာကို ရွာမေတြ႕ဘဲ ဦးဆုံးအၾကည့္လႊဲမိသူကလည္း သူဆိုသည့္ ေဂ်ာင္ကုခ်ည္း။
"ကေလးေတြက ခင္ဗ်ား မင္းသားအျဖစ္ဆက္ေနမွ ပိုက္ဆံရတယ္လို႔ ေတြးေနၾကတာ"
က်စ္!
"မင္းကေရာ ဘာလဲ? သူတို႔လိုပဲ ေတြးေနတာမဟုတ္လား?"
"ကြၽန္ေတာ္က ကေလးမွမဟုတ္တာ"
ဘရီယန္သည္ ကုတ္အကၤ်ီရဲ႕ေဘးဖက္က အိတ္ေထာင္ေတြထဲ လက္ႏွစ္ဖက္ထည့္ရင္း မတ္တပ္ရပ္လိုက္သည္။ ဘရီယန္ထေတာ့ ေဂ်ာင္ကုကလည္း အလိုလိုထရပ္ၿပီးသားပင္။
မိဘမဲ့ေက်ာင္းတစ္ခုကို အခ်ိန္တိုင္းေထာက္ပံ့တယ္ဆိုတာက ေပါ့ေသးေသးကိစၥေတာ့မဟုတ္။ ထို႔အတူ ယင္းေပါ့ေသးေသးကိစၥမဟုတ္သည္ကို သူ႕ဆီမွာ လွည့္မၾကည့္စတမ္း ပုံေပးသြားနိုင္သည့္ မင္းသားပတ္ဂ်ီမင္းကိုလည္း ဘရီယန္က မေက်နပ္ပါ။
"၁၉၅၈ခုႏွစ္ကို ငါ ဘယ္လိုျပန္သြားရမလဲ? မဟုတ္ဘူး ဘယ္နည္းနဲ႕ဆို ျပန္ေရာက္နိုင္လဲ?"
နားမလည္သည့္ ေဂ်ာင္ကုက မ်က္ေတာင္ေလး ပုတ္ခတ္ ပုတ္ခတ္လုပ္ျပလာသည္။ ဘယ္သူနဲ႕မွ ႐ုပ္ရည္သြင္ျပင္ခ်င္း မတူတဲ့သူတစ္ေယာက္က ေရာက္လာတယ္ဆိုရင္ေတာ့ ယုံေကာင္းယုံမွာပါ။ ႐ုပ္ခ်င္းခြဲမရေအာင္ တူေနသည့္ ၁၉၅၈ခုႏွစ္က ဘရီယန္ႏွင့္ ႏွစ္ဆယ့္တစ္ရာစုရဲ႕ ပတ္ဂ်ီမင္းအတြက္ကေတာ့ ထင္သေလာက္ နားလည္ေပးနိုင္ၾကမည္မထင္။
ျမက္ခင္းစိမ္းတို႔ျပည့္ေနသည့္ ကုန္းျမင့္ေလးေပၚရွိ လူႏွစ္ေယာက္ကို ခပ္ေသာ့ေသာ့တိုက္ခတ္ေနသည့္ ေလထုက က်ီစယ္ေနသည္။ ေလေၾကာင့္ ေမ်ာလြင့္ေနသည့္ ေငြမွင္ေရာင္ဆံႏြယ္ေတြႏွင့္ လႈပ္လီလႈပ္လဲ့ နားဆြဲရွည္ေလးတစ္ဖက္ကို အေနာက္ကေန ေငးၾကည့္မိသည္။
သက္ျပင္းအသာခ်ရင္းက မွတ္ခ်က္ေပးမိသည္။ ေဂ်ာင္ကုရဲ႕အေရွ႕ကဒီလူဟာ သိပ္လွသေလာက္ သိပ္အႏၱရာယ္မ်ားတဲ့သူပါပဲ။
"ခင္ဗ်ားအတြက္ အရမ္းခက္ခဲေနမယ္ဆိုတာ နားလည္ပါတယ္"
"စကားနဲ႕နားလည္ေပးတာေတြက ငါ့အတြက္ အလုပ္မျဖစ္ဘူး ေဂ်ာင္ကု"
ဘရီယန္၏အသံက အနိမ့္အျမင့္၊ အတက္အက်ေတြမရွိဘဲ တေျပးညီတည္း ထြက္က်လာသည္။
"ကြၽန္ေတာ္ ခင္ဗ်ားကို လိုက္ပို႔စရာ တစ္ေနရာက်န္ေသးတယ္"
ဘရီယန္က သူ႕ေရွ႕မွာ မ်က္ႏွာေသႏွင့္ ရပ္ေနတုန္းဆိုေပမဲ့ ဘာလို႔ သူ႕ကို ဆြဲထိုးခ်င္ေနၿပီလို႔ စိတ္ထဲက ထင္ေနရတာလဲ?
"ေနာက္ထပ္ မိဘမဲ့ေက်ာင္းတစ္ခုလား?"
"မဟုတ္ဘူး။ ခင္ဗ်ားရဲ႕ မန္ေနဂ်ာဆီကို"
ျပင္းအားအျပည့္ႏွင့္ ဘရီယန့္အၾကည့္ေတြက ေဂ်ာင္ကုရဲ႕ကိုယ္ေပၚ က်ေရာက္လာသည္။ မ်က္လႊာကိုေမွးစင္းကာ အေပၚစီးမွၾကည့္တတ္သည့္ ဘရီယန့္ရဲ႕ပုံစံက သူကိုယ္တိုင္ကပဲ စြဲလမ္းေနမိလို႔လားေတာ့မသိ အၾကည့္ခံရသည္ႏွင့္ ေနရာမွာတင္ ဒူးေခြက်ခ်င္စရာ အၿမဲေကာင္းေနတတ္သည္။
ေဂ်ာင္ကုရဲ႕ ကားကေလးက ပင္လယ္ႏွင့္နီးကပ္လာတာမို႔ထင္ပါသည္။ ေလထုက ပိုပိုၿပီး ေအးျမလာခဲ့သည္။ ေမွးေနသည့္ဘရီယန္က လွိုင္းသံေတြကိုၾကားေတာ့ မ်က္လုံးတစ္ဖက္ဖြင့္ၾကည့္လာၿပီး ျပန္မွိတ္သြားသည္။
"ဘရီယန္ ကြၽန္ေတာ္တို႔ေရာက္ၿပီ"
ကားရပ္ထားရာ တံတိုင္းရဲ႕ေအာက္ေျခဘက္တြင္ ပင္လယ္ႀကီးကို ျမင္လိုက္ရသည္။ ကုန္းေလွ်ာလမ္းေလးအတိုင္း ႏွစ္ေယာက္သား ဆင္းခဲ့ၾကသည္။ ႏွစ္ထပ္တိုက္ပုေလးေရွ႕ေရာက္ေတာ့ ေဂ်ာင္ကုက ဒီအိမ္ပဲဟု ေျပာလာသည္။
ခလြမ္!
အသံေၾကာင့္ ႏွစ္ေယာက္လုံး အေနာက္ကို လွည့္ၾကည့္လိုက္မိေတာ့ ႏွစ္ေယာက္မရွိသည့္ မန္ေနဂ်ာမမကို ျမင္လိုက္ရသည္။ သို႔ေသာ္ ျမင္ေနက်ပဳံစံမဟုတ္ဘဲ တစ္ခုခုေတာ့ ကို႔ရို႔ကားရားနိုင္ေနသလို။
ဝတ္ထားတဲ့ ပန္းပြင့္ေဘာင္းဘီတိုနဲ႕ နားၾကားပန္ထားတဲ့ ပန္းပြင့္ေၾကာင့္မ်ားလား? ဟုတ္မယ္။
"ဒါရိုက္တာႀကီးနဲ႕ မင္းသားက ဒီကို ဘယ္လိုျဖစ္ၿပီး. . ."
မန္ေနဂ်ာမမက ျပဳတ္က်သြားသည္ စတီးဇလုံအႀကီးႀကီးကို ျပန္ေကာက္လိုက္ရင္း အိမ္ေရွ႕အုန္းပင္ေအာက္က ၾကမ္းခင္းျမင့္ျမင့္ေလးေပၚ ႏွစ္ေယာက္လုံးအား ထိုင္ေစသည္။
"အိမ္ထဲက ကေလးေတြေၾကာင့္ စိတ္အႏွောင့္အယွက္ျဖစ္မွာစိုးလို႔ပါ"
ေဂ်ာင္ကုက နားလည္သည့္သေဘာ ၿပဳံးလ်က္ ေခါင္းၿငိမ့္ျပသည္။ ဘရီယန္ကေတာ့ ခပ္လွမ္းလွမ္းက ပင္လယ္ႀကီးကိုသာ ေငးၾကည့္လို႔ေနသည္။ ဒီတစ္ခါလည္း ဘရီယန္က မေနတတ္လို႔ဆိုတာကို ေဂ်ာင္ကုစိတ္ထဲ ဘယ္လိုလုပ္ၿပီး နားလည္ေနျပန္တာလဲ?
"ကြၽန္ေတာ္တို႔ လမ္းႀကဳံတာနဲ႕ ဝင္လာတာပါ။ အႏွောင့္အယွက္မျဖစ္ဖို႔ ရည္႐ြယ္ပါတယ္"
"မျဖစ္ပါဘူး မျဖစ္ပါဘူး။ အေနခက္ခဲမွာကိုပဲ စိုးရိမ္မိတာပါ"
သုံးေယာက္သား အတူထိုင္ေနၾကသည့္ အုန္းပင္စိမ္းေအာက္ရွိေနရာကို မလွမ္းမကမ္းကေန ကြက္ၾကည့္ကြက္ၾကည့္လုပ္ေနသည့္ ကေလးတစ္အုပ္လည္း ရွိေနျပန္သည္။
"အခုက ေစ်းေရာင္းေနတာလား?"
"ဟုတ္တယ္။ ပင္လယ္စာေတြေပါ့"
မန္ေနဂ်ာမမက ခပ္ၿပဳံးၿပဳံးပင္ ျပန္ေျဖလာသည္။ အခုခ်ိန္ထိ စကားတစ္ခြန္းဝင္မေျပာဘဲ အေဝးကိုသာၾကည့္ေနသည့္ ဘရီယန့္ကိုလည္း အရိပ္တၾကည့္ၾကည့္ႏွင့္သာ။
"ဒါရိုက္တာႀကီးတို႔ ဒီမွာ ခဏေနခဲ့ဦးေနာ္"
စတီးဇလုံႀကီးမကာ လွစ္ခနဲဆိုသလို ခုန္ဆင္းသြားသည့္ မန္ေနဂ်ာမမေနာက္တြင္ သူတို႔ႏွစ္ေယာက္တည္းသာ က်န္ရစ္ခဲ့သည္။
"မန္ေနဂ်ာအလုပ္က နားရတာ ဘယ္ႏွရက္ရွိေသးလို႔လဲ? ခ်က္ခ်င္းႀကီး ေစ်းေရာင္းေနရတာလား?"
ဘရီယန္က မေနနိုင္သည့္အဆုံး ေမးခြန္းထုတ္သည္။
"မိသားစုမ်ားတယ္ေလ"
"ရပ္ၾကည့္ေနတဲ့ကေလးေတြေရာ လူႀကီးေတြေရာ က သူ႕မိသားစုလို႔မေျပာနဲ႕ေနာ္"
"အမွန္ပဲ"
ဘရီယန္သည္ ထိုကေလးလူႀကီးအုပ္ႀကီးအား တခ်က္မွ်လွမ္းၾကည့္ၿပီး မ်က္ေတာင္ႏွစ္ခ်က္ဆင့္ကာ ခတ္လိုက္မိသည္။ တစ္ဦးတည္းေသာသားေပမို႔ ဒီေလာက္မိသားစုမ်ားတာမ်ိဳး မယုံၾကည္နိုင္။
"မိဘေတြအပါအဝင္ အေတာ္မ်ားမ်ားက မန္ေနဂ်ာဂိုရဲ႕ ဝင္ေငြေအာက္မွာပဲ မွီခိုေနၾကတာ"
စကားအဆုံးတြင္ မန္ေနဂ်ာမမက အုန္းသီးႏွစ္လုံး၊ ပင္လယ္စာဗန္းတို႔ႏွင့္အတူ ျပန္ေရာက္လာသည္။
"မန္ေနဂ်ာႀကီးနဲ႕မင္းသားကို အားနာေပမဲ့ ဧည့္ခံစရာက ဒါပဲရွိတာမို႔ သုံးေဆာင္ၾကပါဦး"
"ရပါတယ္ဗ်"
"မင္းသားက ပင္လယ္စာမႀကိဳက္တတ္တာမို႔ တျခားစားစရာထည့္လာခဲ့တယ္"
ဘရီယန္သည္ ဘာေျပာရမွန္းမသိေအာင္ ျဖစ္သြားရသည္။ ေျပးလာပုံရသည့္ မန္ေနဂ်ာမမက ေခြၽးေတြေၾကာင့္ ထိုင္ေတာင္မထိုင္ေတာ့ဘဲ သူတို႔ႏွစ္ဦးႏွင့္ ခပ္ခြာခြာကေန ရပ္လ်က္ စကားေျပာေနဆဲ။
"ထိုင္လို႔ရပါတယ္"
ဘရီယန္က ေျပာလိုက္ေတာ့ ေဂ်ာင္ကုကလည္း ဝင္ေထာက္ခံသည္။ ထိုအခါမွ မန္ေနဂ်ာမမက မရဲတရဲျဖင့္ ဝင္ထိုင္ေတာ့သည္။
"မိသားစု ဘယ္ႏွစ္ေယာက္ရွိတာလဲ?"
"၂၈ေယာက္ပါ"
ဘရီယန္သည္ ထိုမွ်ႀကီးမားလြန္းေသာ မိသားစုမ်ိဳး အခုမွျမင္ဖူးၾကားဖူးတာမို႔ အနည္းငယ္ေတာ့ လန့္သြားမိသည္။ အင္းေလ မျဖစ္နိုင္တာမ်ိဳးေတာ့ မဟုတ္ပါဘူး။
"ေတာ္ေတာ္ေမြးနိုင္ၾကတာပဲ"
"ဘရီယန္"
ဘရီယန္၏ လႊတ္ခနဲထြက္သြားတဲ့စကားေၾကာင့္ ဒါရိုက္တာေဂ်ာင္ကုက ေပါင္ကို အသာတို႔ကာ မ်က္လုံးျပဴးျပသည္။
"မင္းသားေျပာတာလည္း မမွားပါဘူး။ ေမြးခ်င္းေတြက အိမ္ေထာင္အသီးသီးက်ကဳန္ေတာ့ သူတို႔ကေလးေတြနဲ႕ပါ ေပါင္းၿပီး မ်ားသြားတာပါ"
ဘရီယန္က ဘာမွမေျပာေတာ့ဘဲ ၿငိမ္သြားသည္။ ထို႔ေနာက္ စကားစျဖတ္ကာ ပင္လယ္ဘက္ဆီကို ေလေကာင္းေလသန့္ရႉရန္အေၾကာင္းျပခ်က္ျဖင့္ ထြက္ခဲ့ေတာ့သည္။
"ဘရီယန္"
"နားၿငီးတယ္"
ထြက္လာကတည္းက ဒီကလုန္းေကာင္ သူ႕ေနာက္ကေန အႏွေးနဲ႕အျမန္ ပါလာမယ္ဆိုတာကို သိထားၿပီးသားပင္။ ခုလည္း ေအးေဆးမေနဘဲ လာလာေခၚေနျပန္ပါၿပီ။
"ကြၽန္ေတာ္က ခင္ဗ်ားဘယ္လိုစဥ္းစားထားလဲ ေမးမလို႔ပါ"
"မေမးနဲ႕"
အမိန့္ေတာ္အတိုင္း ပါးစပ္ပိတ္ ႏႈတ္ဆိတ္ကာ ေနလိုက္ေတာ့သည္။ ရပ္ေနသည့္ေက်ာက္ေဆာင္ကို လာရိုက္သည့္ ပင္လယ္လွိုင္းမ်ားအသံကလြဲၿပီး ဘာမွထပ္မေျပာျဖစ္ေတာ့။
ထိုအထိ အဆင္ေျပေသးသည္။ မေျပတာ ဘယ္ကစသလဲဆိုရင္ ညအိပ္ညေနပါတည္းမယ္လို႔ ကလုန္းေကာင္က စကားကြၽံလိုက္တာက စေတာ့သည္။
အခုေတာ့ အခန္းက်ဥ္းေလးထဲမွာ ႏွစ္ေယာက္သား တိုင္ပတ္ကုန္ၿပီ။ ရွိသည့္ကုတင္တစ္ခ်ပ္ကလည္း အခုေလးတင္မွ ဘယ္ကယူလာမွန္းမသိဘဲ သူတို႔ႏွစ္ဦးအိပ္ဖို႔ဟုဆိုကာ လာထည့္ေပးသြားတာပင္။
"ငါ မင္းကို အဲ့ဒါေတြ ရိုက္ခ်င္တာသိလား"
"ခ်က္ခ်င္းႀကီးထျပန္ရင္ စိတ္မေကာင္းျဖစ္မွာစိုးလို႔ပါ"
လည္ဂုတ္ကိုပြတ္လ်က္ ေလသံတိုးတိုးျဖင့္ေျပာလာသည့္ ဒါရိုက္တာေဂ်ာင္ကုဟာ ဘရီယန္ႏွင့္ပတ္သတ္ရင္ေတာ့ က်ိဳးႏြံမႈအျပည့္။
"ဒါဆိုလည္း မင္း ညေနက အုန္းပင္ေအာက္သြားအိပ္"
"ဟင္ မရဘူးေလ"
"ႏွစ္ခါမေျပာဘူး"
"ဒါရိုက္တာႀကီးနဲ႕မင္းသား~"
ႏွစ္ေယာက္သား ျငင္းခုံေနတုန္းမွာပဲ မန္ေနဂ်ာမမက ေစာင္အထပ္လိုက္နဲ႕ ေရာက္ခ်လာသည္။
"အပူေပးစက္က သိပ္အလုပ္မလုပ္ေလာက္တာမို႔ ၿခဳံဖို႔ေစာင္ေတြ လာေပးတာပါ။ အသစ္ေတြမို႔ စိတ္ခ်လက္ခ်သဳံးလို႔ရပါတယ္"
ဘရီယန္သည္ ႏွလုံးသားထဲမွ ခက္ခဲျခင္းတစ္မ်ိဳးေၾကာင့္ သက္ျပင္းသာခ်လိဳက္မိေတာ့သည္။
"ကြၽန္ေတာ္ အျပင္မွာသြားအိပ္ေပးပါ့မယ္"
"ေနပါေစေတာ့"
ဘရီယန္က ကုတင္ေပၚမွာ ေဂ်ာင္ကုအတြက္ ေနရာလြတ္မရွိေလာက္ေအာင္ကို အက်အန ေနရာယူပစ္သည္။ အုန္းပင္ေအာက္ သြားမအိပ္ရေတာ့ေပမဲ့ ၾကမ္းျပင္ေပၚ အိပ္ခြင့္ေပးလိုက္တဲ့ သေဘာပါပဲ။
နံရံကိုမ်က္ႏွာမူကာ လဲေလ်ာင္းေနသည့္ ဘရီယန္ရဲ႕ေက်ာျပင္ကို ေဂ်ာင္ကုက ေငးၾကည့္မိသည္။ အခ်ိန္တိုင္း ေထြးေပြ႕ခ်င္စရာေကာင္းလြန္းပါေသာ စိတ္မရွည္တတ္သည့္ သူ၏မြန္းစကားေသးေသးေလး။
"ဘရီယန္ အိပ္ၿပီလား?"
တဖက္က ဘာမွျပန္မေျပာ။
အခန္းေလးသည္လည္း ဆိတ္ၿငိမ္ၿမဲ ဆိတ္ၿငိမ္ေနဆဲ။
"ကြၽန္ေတာ္ ဘရီယန့္ကို သေဘာက်တယ္"
"ေနာက္တစ္ခြန္းထပ္ေျပာရင္ အုန္းပင္ေအာက္ တန္းေရာက္ေစရမယ္"
ေဂ်ာင္ကုသည္ ခြိခနဲခိုးရယ္ကာ ဟုတ္ကဲ့ဟု ခပ္တိုးတိုးျပန္ေျပာလိုက္သည္။ အျဖဴေဖ်ာ့ေဖ်ာ့ မ်က္ႏွာၾကက္ကို ၾကည့္လိုက္ရင္း စဥ္းစားခန္းထပ္ဝင္မိသည္။
သူ႕ဘက္က ဘရီယန္နဲ႕အတူရွိတိုင္း ရင္ခုန္ရသလို ဘရီယန္ကေရာ သူ႕အေပၚ ရင္မွခုန္ရဲ႕လား?
ကိစၥမရွိပါဘူး။ အခုမဟုတ္လည္း ေနာက္ေပါ့။ လြယ္လြယ္နဲ႕ေတာ့ လက္မေလွ်ာ့ခ်င္ပါဘူး။ ခ်စ္ရင္ပိုင္ဆိုင္ခ်င္ၾကတာ သဘာဝပဲမလား။
ေကာင္းေသာညပါ ဘရီယန္။
________________
အသိညီမေလးတစ္ေယာက္ရဲ႕ ေမြးေန႕အတြက္ အမွတ္တရျဖစ္ေစခ်င္လို႔ ၁၃ပိုင္းေျမာက္ကို တင္ေပးလိုက္ပါတယ္။
Happy Birthday ပါ။
တလက္စတည္း On Goingမွာ ေစာင့္ေမွ်ာ္ဖတ္ရႈေပးတဲ့ စာဖတ္သူတိုင္းကို ေက်းဇူးတင္ပါတယ္။ ဘယ္အခ်ိန္တင္တင္ လာဖတ္ေပးမဲ့သူရွိတာလည္း ကံေကာင္းျခင္းတစ္မ်ိဳးပါပဲ။
ေက်းဇူးတင္လ်က္
မာမိတ္မိုခ်ီ။