သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခ...

By moooskyi

408K 12.8K 266

ငါကငါ့တရား၀င်ယောကျာ်းကိုသူ့exလက်ထဲထည့်မှာမဟုတ်ဘူး သူငါ့ကိုအခုမချစ်သေးဘူးဆို တစ်နေ့နေ့တော့ ပြန်ချစ်လာမှာပါ မေပ... More

သူစိမ်း(part-2)[Zawgyi & Unicode]
သူစိမ်း(part-3)[Zawgyi& Unicode]
သူစိမ်း(part-4)[Zawgyi & Unicode]
သူစိမ်း(part-5)[Zawgyi&Unicode]
သူစိမ်း(part-6)[Zawgyi&Unicode]
သူစိမ်း(part-7)[Zawgyi&Unicode]
သူစိမ်း(part-8)[Zawgyi&Unicode]
သူစိမ်း(part-9)[Zawgyi&Unicode]
သူစိမ်း(Part-10)[Zawgyi&Unicode]
သူစိမ်း(part-11)[Zawgyi&Unicode]
သူစိမ်း(part-12)[Zawgyi&Unicode]
သူစိမ်း(part-13)[Zawgyi&Unicode]
သူစိမ်း(part-14)[Zawgyi&Unicode]
သူစိမ်း(part-15)[Zawgyi&Unicode]
သူစိမ်း(part-16)[Zawgyi&Unicode]
သူစိမ်း(part-17)[Zawgyi&Unicode]
သူစိမ်း(part-18)[Zawgyi&Unicode]
သူစိမ်း(part-19)[Zawgyi&Unicode]
သူစိမ်း(part-20)[Zawgyi&Unicode]
သူစိမ်း(part-21)[Zawgyi&Unicode]
သူစိမ်း(part-22)[Zawgyi&Unicode]
သူစိမ်း(part -23)[Zawgyi&Unicode]
သူစိမ်း(part-24)[Zawgyi&Unicode]
သူစိမ်း(part-25)[Zawgyi&Unicode]
သူစိမ်း(part-26)[Zawgyi&Unicode]
သူစိမ်း(part-27)[Zawgyi&Unicode]
သူစိမ်း(part-28)[Zawgyi& Unicode]
သူစိမ်း(part-29)[Zawgyi&Unicode]
သူစိမ်း(part-30)[Zawgyi &Unicode]
Attention 😃
သူစိမ်း(part-31)[Zawgyi&Unicode]
သူစိမ်း(part-32)[Zawgyi&Unicode]
သူစိမ်း(final)[Zawgyi & Unicode]

သူစိမ်း(part-1)[Zawgyi & Unicode]

43.6K 619 11
By moooskyi

(Unicode)

နေ၀င်ညနေဆောင်းကောင်းကင်တစ်ခုအောက် ကားပြတင်းပေါက်‌မှန်လေးကိုချထားကာမီးရောင်တွေစုံလင်နေတဲ့အဆောက်အဦးတွေကြားဖြတ်သွားရင်း ကားထဲတိုး၀င်လာသော လေညှင်းလေးများကိုထိတွေ့စီးမြော‌နေမိသည် အမောတွေကိုဖြေဖျောက်မိတယ် ဒီနေ့ကစာမေးပွဲနောက်ဆုံးနေ့ဆိုတော့ ပင်ပန်းထားသမျှလျော့ချမိသည် အခုဆိုတတိယနှစ်တောင်ဖြေပြီးပြီ နောက်နှစ်တစ်နှစ်ပြီးရင်ကျောင်းပြီးပြီဘဲ ကိုယ့်အတွေးနဲ့ကိုသက်ပြင်းချင်လိုက်မိသည်

"ဟဲ့ ဘာတွေသက်ပြင်းချနေတာလဲ"
ဪကားမောင်းနေရင်းကိုအာရုံကိုငါ့ဘက်ထားနေသေးတယ်တော်ပါပေတယ်ငါ့မောင်ရယ်

"ဘာမှမဟုတ်ပါဘူး ဒီတိုင်းဘဲ နင်ကလေငါ့မောင်သာဆိုပေမယ့် အစ်ကိုအရမ်းလုပ်ချင်‌တာဘဲနော်"
သူရဦးဆိုသည့်သူသည်ကိုယ်ထက်နှစ်နှစ်သာငယ်‌သောကြောင့်မောင်ဆိုလည်းဟုတ်သလိုသူငယ်ချင်းဆိုလည်းဟုတ်သည် ကိုယ့်ထက်အရပ်မောင်းကော body ကောကထွားနေသောကြောင့် ကိုယ့်အစ်ကိုလို့သာထင်ကြသည်ကများသည် သူရကလည်း သူ့ကိုအကြီးလို့ထင်ရင်ကိုပျော်နေတတ်သည်
ငယ်ငယ်တုန်းကသေးကွေးနေတဲ့သူ့bodyကခုကြ ယောင်္ကျားတစ်ယောက်လိုကိုသန်မာနေပြီ....

"ဪ liam ရယ်ငါ့မှာနင်ဘဲရှိတာကို"

တကယ်ပါသူရဦးဆိုသည်မှာ body နဲ့မလိုက်အောင်မိသားစုပေါ်ချွဲလွန်းသည် မာမီနဲ့ကိုယ့်အပေါ်ဆိုရမှန်းသိလို့ ပိုချွဲသည် ဒယ်ဒီကတော့သူ့သားငယ်ထက်ကိုယ့်ကိုပိုချစ်သည်မှာမေးစရာမလို အဲ့တာကိုဘဲသူ့မှာအတင်းတွေလိုက်ဖြတ်ကာ၀င်ချွဲနေသည်

"ကဲကိုချွဲလေးပြော နင်ငါ့ကို liam လို့ခေါ်ထဲကပြောစရာရှိလို့မလား"

"ပြောလို့ရပါ့မလား"

"အမယ်အပိုတွေပြောစမ်းပါ ခဏနေအုန်းကားကိုအရင်လမ်းဘဲထိုးရပ်လိုက် ပြီးမှပြော"

"yes sir "

ပြုံးဖြီးဖြီးနှင့်လုပ်နေသည့်သူ့ကို အလိုမလိုက်ဘဲမနေနိုင်ပေါင် မတည့်ဘူးဆိုပေမယ့် ကိုယ့်မှာဒီမောင်လေးတစ်ယောက်ဘဲရှိတာလေ

"liam ငါသဘက်ခါကျ ပါတီပွဲလေးတတ်ချင်လို့ ငါ့ကိုကူညီပါအုန်း"

"နင်ပါတီတတ်တာဘဲ မာမီကိုပြောပြီးတတ်နေကြဘဲကို"
ဒီကောင်လေးကတော့ အပိုတွေလုပ်ပြန်ပြီ

"ဘာလဲ မုန့်ဖိုးမရှိတော့လို့လား"

မထုံတထေမျက်နှာလေးနဲ့လူကိုကြည့်ကာဆိုလာသည်
"မဟုတ်ဘူး ဟိုနေ့ကငါ ပါတီမှာရန်ဖြစ်တယ် အဲ့တာကို ဒယ်ဒီ ကသိသွားပြီငါ့ကိုပါတီ တစ်လမတတ်ခိုင်းဘူး "

"ငါလည်းမသိရပါလား "

"နင်စာမေးပွဲဖြေနေလို့ ဖုံးထားတာ"
liamလည်းပြောကိုမပြောချင်တော့ဘူးဆိုသည့်အကြည့်မျိုးလွှတ်လိုက်သည်
ဒါပေမယ့်သူ့မျက်နှာမှာတကယ်ပါတီတတ်ချင်နေ့သည့်ပုံပေါ်သောကြောင့်

"ကဲအဲ့တော့ငါက ဘာလုပ်ပေးရမှာလဲ"

သူရသည်ပျော်ရွှင်သောအသံဖြင့်ပြန်ပြောလာသည်

"liam နင်တကယ်ကူညီမှာလား"

"နင်အရင်ပြောကြည့်ပါဦး"

ငါ့အစီအစဉ်ကဒီလိုဟာ.......

#########

Barတစ်ခုရဲ့ မီးရောင်မှိန်မှိန်အောက်မှာ မထင်မရှားတွေ့နေရတဲ့ ရှိန်းဇော်ခ ရဲ့မျက်နှာ မိသားစုကအသိုင်းအဝိုင်းကြီးထဲကမို့ အမြဲအမြင့်မှာသာနေထိုင်တတ်တဲ့သူမျိုး သူ့ကိုတွေ့ဖို့ကသူ့အဖေကိုတွေ့ဖို့ထက်တောင်ခက်သေးသည် တက်သစ်စလူငယ်စီးပွားရေးရှင်တစ်ယောက်မို့မိန်းကလေးတွေကြားရေပန်းစားလှသည်
ရှိန်းရဲ့ မျက်နှာကိုမြင်သည်နှင့် လူတိုင်းနှစ်ခါပြန်ကြည့်ရမယ့်ဥပဓိရုပ်နှင့်သူ
ပွေရှုပ်တတ်တဲ့သူမျိုးမဟုတ်ပေမယ့် တစ်ခါတစ်ရံ သူ့အနားအထက်စီးဆန်တဲ့အရုပ်မ‌မျိုးတွေတွေ့ရတတ်တယ်

ဒီ‌နေ့တော့သူက ထိပ်တန်းBar တစ်ခုရဲ့ မီးရောင်မှိန်မှိန်အောက်မှာ သူ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်နဲ့ဝိုင်းဖွဲ့ကာထိုင်နေကြသည် သေချာသည် ဒီဘားမှာရှိတဲ့ လူတိုင်းရဲ့အာရုံက သူတို့ဆီမှာဆိုတာ သူ့သူငယ်ချင်းခန့်လင်းသူနဲ့ မြတ်ဇင်တို့ကိုမကြာခဏတွေ့ရတတ်ပေမယ့်ရှိန်း‌ဇော်ခကိုသိပ်မတွေ့ရ
သူ့ကိုတွေ့ နိုင်သောအချိန်ကများသောအားဖြင့်သူတို့သူငယ်ချင်းသုံးယောက်အတူတူရှိတတ်သောအချိန်၌သာဖြစ်သည်......

"ဟဲ့ရောင် ငရှိန်း ငြိမ်လှခြည်လား"

"အေးကွာမင်းက လဒကြီးမှိုင်နေသလိုဘဲ"

ကိုခန့် နဲ့မြတ်ဇင် တို့ကရှိုင်းရဲ့ နှမပေးအမယူသူငယ်ချင်းတွေမို့ အမြဲကိုက်နေတတ်ကြသည်

"မဟုတ်ပါဘူးကွာ ဒီနေ့စိတ်ပင်ပန်းနေသလိုဘဲ"

"ဪ မင်းကလည်း စိတ်မလန်းရင် စိတ်လန်းသွားအောင် ဒီညပါတနာလေးဆောင်ပေါ့ကွာ"

"ကိုခန့်မင်းခေါင်းထဲ ဒါဘဲသိပ်ထားသိလား"

ဪရှိန်းမလဲသူတို့နှင့်မတွေနဲ့တွေ့ရင်အမြဲဒီအကြောင်းတွေသာနားရည်၀နေသည်စကားများလှသည့်သူတို့နှစ်ယောက်ကို

"ကဲ မင်းတို့နှစ်ယောက် တော်ကြပါတော့ကွာ ငါစိတ်ညစ်နေတာ‌တွေတောင်ပျောက်သွားပြီ"

တစ်ဖန်တိတ်ဆိတ်သွားတဲ့ စကားဝိုင်းထဲသို့ စကားလုံးထိုးစစ်ဆင်လာသူကမြတ်ဇင်ဒီကောင်ကအမြဲပြောရင်ဂျက်ကောင်းထိအောင်ပြောလေ့ရှိသည်

"မင်းဟိုမိန်းမ ကိုသတိရနေတာလား"

မြတ်ဇင်သည်ဒီပြင့် caseဆို သိပ်၀င်မပါတတ်ပေမယ့်ထို caseနဲ့ပတ်သတ်ရင်အဲ့အမျိုးသမီးကို သူအရမ်းမုန်းသည် ဒါကြောင့်ရှိန်းမာမီနဲ့မြတ်ဇင်က ဒီcaseမှာသူမအားကြည့်မရသည့် mainတွေဖြစ်သည်

"ဘာလဲငရှိန်း မင်းစိတ်မဖြတ်နိုင်သေးတာလား"

သူတို့ပြောလဲပြောချင်စရာဘဲ ကျွန်တော်သူမကိုမေ့သင့်တာကြာနေပြီ ကျွန်တော်သိပ်ကိုover တွေဖြစ်နေပြီ ဒါပေမယ့်လဲချစ်တာကိုဗျာ အချစ်ဦးဆိုတော့လည်းမပြတ်တပြတ် ကြိုးလေးတစ်ချောင်းလောက်‌တော့ ကျန်နေသေးတာပေါ့

"မဟုတ်ပါဘူး"

"မင်းငြင်းမနေ‌နဲ့ အန်တီငါတို့ကိုပြောထားတဲ့ case ကိုအကောင်အထည်ဖော်ဖို့တိုက်တွန်းရတော့မယ်"

ကိုခန့်ရဲ့အပြောကို ရှိန်းက နှုတ်ခမ်းလေးတွန့်ချိုးယုံသာပြုံးသောအပြုံးနှင့် တုန့်ပြန်လိုက်တော့သည်

#########
မနက်ထဲကပါတီတက်တက်ဖို့တဆာဆာလာလုပ်နေသည့်သူရ အခုလည်းတံခါးခေါက်ကာသွားဖို့‌အကြောင်းသတိလာပေးပြန်သည်
အဲ့လိုမျိုးဆိုစိတ်ရှုပ်ရသည် ဒီကောင်လေးနဲ့လည်းမလွယ်ပါလား

"မာမီ liam ညကျ night out ထွက်ချင်လို့အဲ့တာ အငယ်ကောင်ကိုခေါ်သွားမယ်နော်"

မာမီသည် ဒေါက်တာတစ်ယောက်ဖြစ်သည်နှင့်အညီအရမ်းကို စေ့စပ်သေချာသည် မာမီ့ကို လိမ်တဲ့အခါအကုန်ပိရိနေဖို့လိုလှသည်

"အမလေးကောင်းတာပေါ့ရှင်ဒါဆိုမာမီ
လည်းစိတ်မပူရတော့ဘူးပေါ့"

"အပြန်ကနောက်ကျမယ်နော်"

မျက်လုံးလေးပေကလပ်ပေကလပ်နဲ့မာမီကိုချွဲရတော့သည်
"ဒီနေ့မှဒီအချွဲလေးတော်တော်ချွဲနေပါလား
ဟုတ်ပါပီရှင်"

မာမီ့ပါးလေးကို‌မွှေးကြူလိုက်တော့ မာမီကအပြုံးလေးနဲ့သူ့သားအား ထိန်းဖို့ဆိုလာသည်

"liam သားငယ်ကိုရန်မဖြစ်စေနဲ့နော် ဟိုနေ့ကဘဲဖြစ်ထားသေးတယ်"

"စိတ်ချပါမာမီရဲ့"

"အေးပါ နင့်မောင်ကိုနင်တာ၀န်ခံရင်လည်း ပြီးတာဘဲ liam"

မာမီ့ဆီကခွင့်ပြုချက်တော့ရပြီသူရရဲ့အစီစဉ်တွေတိုင်းလုပ်ဖို့ကလွယ်သည်ဒါပေမယ့်မာမီ့ကိုလိမ်ဖို့ကတော့တော်တော်ကြိုးစားရသည်
"liamရေ သွားမယ်လေ 7နာရီထိုးနေပြီ"

ဒီကောင်လေးသူလုပ်ချင်တာလုပ်ရမယ်ဆိုတော့ တတ်ကြွတဲ့ကြက်ဖဖြစ်နေတယ်

"လာပါပီနော်"

သူရဲ့ကားကိုကျမထုတ်ဘဲသူများကားကိုထုတ်လာသည်သူရကတော်တော်လည်သည်

"ကဲ liam တတ်လေသွားမယ်"

ဒီကောင်လေးကိုအစီစဉ်တွေသေချာမေးရမည် မဟုတ်ရင် နှစ်ယောက်လုံးမသာပေါ်လိမ့်မည် မာမီခြိမ်းခြောက်ထားသည့်စကားအရ အလိမ်ပေါ်ရင်မသာပေါ်မည့်စနစ်

"ကဲ... ကိုယ်တော်ချော ငါကကားယူသွားရမှာမလား"

"ဟုတ်တယ် ည11လောက်ကျသားကို ကလပ်မှာလာကြိုပေး"

ဒီကောင်လေးဘာတွေချိန်းထားတာရှိလို့ဒီလောက်လောနေရတာလဲဟုတွေးမိသည်

"ကဲသားငယ် ငါရန်မဖြစ်ဖို့ဘဲမှာမယ်နော် ရန်ဖြစ်ရင်နှစ်ယောက်လုံးအသေဘဲနော်"

"စိတ်ချပါ ငါပြောတဲ့အချိန်သာလာကြိုပေး"

ဒီလိုနဲ့ကိုယ်တော်ချော သွားချင်သည့်ကလပ်သို့ရောက်လာတော့သည် သူရကိုချပြီးသည်နှင့် liamလည်း အထွန်းတို့ရှိရာ ရုပ်ရှင်ရုံသို့
‌မောင်းလာလိုက်သည် သူရက ကလပ်လိုက်ထိုင်ဖို့ခေါ်ပေမယ့်စိတ်မပါတာကြောင့် အထွန်းတို့နှင့်ရုပ်ရှင်ကြည့်ဖို့သာဆုံးဖြတ်လိုက်တော့သည်......

########

(Zawgyi)







"ပြောလို့ရပါ့မလား"


"yes sir "






"ငါလည်းမသိရပါလား "






ငါ့အစီအစဉ်ကဒီလိုဟာ.......

#########
















"မဟုတ်ပါဘူး"



#########





ဟုတ်ပါပီရှင်"



"စိတ်ချပါမာမီရဲ့"




"လာပါပီနော်"


"ကဲ liam တတ်လေသွားမယ်"








########

ရှိုင်းဇော်ခန့် -ကိုခန့် နဲ့မြတ်ဇင်

Continue Reading

You'll Also Like

388K 24.4K 65
In the vibrant city of Jaipur, a secret deal was struck between two worlds. Abhimaan Deep Shekhawat, the enigmatic King of Rajasthan, controlled the...
680K 36K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
2.9M 75.1K 23
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
2.6M 150K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...