The Stranger I love (System)
By khunsin
402K 43.4K 1.3K
လမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအေ... More
မိတ်ဆက်
Arc 1.1 Modern World (Hong Lei)
Arc 1.2
Arc 1.3
Arc 1.4
Arc 1.5
Arc1.6
Arc 1.7
Arc 1.8
Arc 1.9
Arc 1.10
Arc 1.11
Arc 1.12
Arc 1.13
Arc 1.14
Arc 1.15
Arc 1.16
Arc 1.17
Arc 1.18 🔞
End of Arc 1 - (1.19) Back to System Space
Arc 2.1 (Ting Bai Ling ) Gér
Arc 2.2
Arc 2.3
Arc 2.4
Arc 2.5
Musical Instruments
Arc 2.6
Arc 2.7
Arc 2.8
Arc 2.9
Arc 2.10
Arc 2.11
Arc 2.12
Arc 2.13
Arc 2.14
Arc 2.15
Arc 2.16
Arc 2.17
Arc 2.18
Arc 2.19
Arc 2.20
Arc 3.1 Game World - Hikari Shou
Arc 3.2
Arc 3.2 Extension
Arc 3.3
Arc3.4
Arc 3.5
Arc 3.6
Arc 3.7
Arc 3.8
Arc 3.9
Arc 3.10
Arc 3.11
Arc 3.12
Arc 3.13
Arc 3.15
Arc 4.1 (Nathan Clark - Apocalypse)
Arc 4.2
Arc 4.3
Arc 4.4
Arc 4.5
Arc 4.6
Arc 4.7
Arc 4.9
Arc 4.10
Arc 4.11
Arc 4.12
Arc 4.14
Arc 3.14
3.3K 388 19
By khunsin
"Hikari ကိုယ် ဒီနေ့ မင်းကို သိမ်းပိုက်လို့ရလား"
"ဟင့်အင်း"
"ကိုယ့်နဲ့နေဖို့ ဘယ်လောက်ထိ ငြင်းနေဦးမှာလဲ"
"နှစ်ပတ် .. မဟုတ်ဖူး သုံးပတ်ပဲ .. သုံးပတ်ပဲစောင့်" လက်ချောင်းလေးများ ထောင်ကာ အနည်းငယ်လန့်နေပုံရပြီး အသည်းအသန်ငြင်းနေသည်။
လက်စွပ်ကျ လက်ခံပြီး လက်ထပ်ဖို့ကို အစဖော်တောင် ပြောမရ။ လက်ရဲ ဇက်ရဲနှင့် ကြောက်ခြင်း ရှက်ရွံ့ခြင်းအလျှဥ်းမရှိပဲ ရဲရင့်ပြီး အေးဆေးတည်ငြိမ်တဲ့ Shou က လက်ထပ်ဖို့ကိုတော့ပြောမရပဲ အချိန်ဆွဲနေသည်ကို Kou နားမလည်ခဲ့။ အခုတော့ ခပ်ရေးရေး သဘောပေါက်လာသည်။
ယခင်ကစကားအသွားအလာနဲ့ အခြေအနေများကို ဆက်စပ်ကြည့်လိုက်တော့ .. ဟက် ..  Shou က ခြေထောက် ပြန်ကောင်းအောင် စောင့်နေတာပဲ။ ဒါကြောင့် အခုပြောလိုက်တဲ့အခါ သူ့နေရာမှန်ကို သဘောပေါက်သွားပြီး အသည်းအသန်ငြင်းနေတာ။ သောက်ကလေးလေး။
ဟုတ်သည်။ Kou ကိုယ်တိုင်က အများရှေ့မှာ တည်ငြိမ်သလောက် ကလေးနဲ့ ပက်သက်တဲ့ကိစ္စတွေမှာ စိတ်လှုပ်ရှားလွယ်သည်။ ကလေးနဲ့ ပက်သက်လျှင် အတိမ်းအစောင်း အမှားအယွင်း မရှိချင်။ ကလေးရဲ့ မိဘနဲ့ အသိုင်းအဝိုင်းပေါ်မှာတောင် မိမိကြောင့် မျက်နှာတချက် မပျက်စေချင်။ ထို့ပြင် မိမိက အရမ်းဖက်တွယ်ခဲ့တော့ ကလေးက သူ့နေရာကို နားလည်မှုလွဲသွားဟန်တူသည်။
Kou က Shou ကို နှာခေါင်းလေးညှစ်လိုက်ပြီး
"အင်းပါ ကလေးစားဖို့ ကိုယ်တခုခုလုပ်လိုက်ဦးမယ် ခဏလေးစောင့်နော်"
"အွန်း ကျနော့ယောကျာ်း အကောင်းဆုံးပဲ"
လက်မလေးနှစ်ချောင်းထောင်လျှက် မြူးမြူးလေး ပြန်ပြောသည်မို့ စိတ်အေးသွားပြီး ဆံပင်တွေ ထိုးဖွပစ်လိုက်သည်။ အင်္ကျီအဖြူကို လက်မောင်းထိ ခေါက်တင်လိုက်ပြီး လိုအပ်သည့် ပစ္စည်းများထုတ်ကာ ရေဆေးလိုက်သည်။
"ကျနော် ဘာကူပေးရမလဲ"
"haha ဘာမှ မလုပ်တတ်ပဲ လောကွတ်ချော်နေပြန်ပြီ .. ရော့ ဒါပဲလုပ်ပေး" ဟုဆိုကာ ရယ်လျှက် ပါးကိုသာ Shou ရှေ့သို့ထိုးပေးလိုက်သည်။
"ဟီး .. မွ .. "
ထို့နောက် Shou က ဝှီးချဲကို လှည့်ပြီး ရေခဲသေတ္တာထဲ ဘာရှိလဲ မွှေနေရင်းမှ
"ကျနော့ယောကျာ်းက မီးဖိုချောင် ဝင်နေရင် အခန့်ညားဆုံးပဲ" ဆိုပြီး လူကိုလည်း မကြည့်ပဲ အော်ပြောနေသေးသည်။ Kou ခေါင်းကိုသာ ခါရမ်းမိသည်။ ဘယ်လိုတောင် လွဲချော်သွားတာလဲ။
Kou က မီးဖိုချောင်ထဲ ခေါက်တုံ့ခေါက်ပြန် သွားလာပြီးတဲ့သကာလ ဖွယ်ဖွယ်ရာရာ အသားဟင်းတမျိုး အရံဟင်းနှစ်မျိုးနှင့် တို့ဖူးပဲပြားဟင်းရည်တို့ကို နှစ်ယောက်စာ ပြင်ဆင်ပေးလာသည်။ အငွေ့များက တထောင်းထောင်းထနေပြီး စားချင်စရာအနံ့ နှင့် ချစ်စရာဂျပန်စတိုင်
ပြင်ဆင်ပုံလေးက ဆွဲဆောင်နေသည်။
မျက်လုံးလေးများတောက်နေသော Shou ကို ကြည့်ပြီး ဗိုက်ဆာနေပြီလားလို့ မေးပေမယ့် အဖြေပြန်မရပဲ ထမင်းဝိုင်းကိုကြည့်ပြီး ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူနေကြောင့် Kou က တူကိုင်ရင်း  စောင့်ပေးသည်။
ထို့နောက် Shou က တို့ဖူးပဲပြားဟင်းရည်ကို သောက်ကြည့်ပြီး  "ဝူး ကောင်းလိုက်တာ" ဟု ပုခုံးလေးကျုံ့ မျက်လုံးလေးမှိတ်၍ ချစ်စဖွယ် မှတ်ချက်ပြုသည်။
"ကလေးက တို့ဖူးပဲပြားဟင်းရည် ကြိုက်တာလား"
"အင်း အဲ့တာထက် ကျနော်က ခင်ဗျားပြင်ဆင်ပေးတဲ့ အစားအသောက်ကို ကြိုက်တာ။ ကျနော့အကြိုက်နဲ့ တထပ်တည်းကျလို့" ဟု ခေါင်းမဖော်တမ်း​ ပလုပ်ပလောင်းစားရင်း ​ဖြေသည်။
"ဖြေးဖြေးစား ရေသောက်ဦး"
"ဟင့်အင်း .. ဒါသောက်မှာ .. ရော့ ဖောက်ပေးဦး ရေခဲလေးနဲ့ ထည့်ပေးနော်"
Shou က ရေခဲသေတ္တာထဲက ယူလာသော ကိုလာတစ်ဗူးကို ထိုးပေးလိုက်သည်။ Kou က ဖွင့်ပေးလိုက်ပြီး ဖန်ခွက်ထဲ ရေခဲနဲ့ ထည့်ပေးသည်။
စားသောက်ပြီးသော်
"အသီးစားမလား"
"အွန်း စားမယ်"
Kou က Shou ကို ဆိုဖာပေါ် မ တင်ပေးပြီး TV ဖွင့်ပေး၍ Shou လက်ထဲ Remote control ထည့်ပေးသည်။  ပန်းသီးတလုံး ခွာပေးပြီး တစိတ် စိတ်ပေးလိုက် Shou က ပါးစပ်ထဲထည့်လိုက်နှင့် လက်ပင်မလည်ပေ။ တခါတခါတော့ သူ့ဆီ လာလာခွံ့တာကိုပဲ ကျေးဇူးတတင် စားရသေးသည်။
"ကျနော် ခင်ဗျားဆီက ယူတဲ့ငွေကို ခင်ဗျားဆီမှာ အလုပ်လုပ်ပြီး ဆပ်လို့ရလား။ ကျနော့ဖေဖေက  ခင်ဗျားကို ရှယ်ယာလွှဲပေးထားတာတောင် စိတ်မသက်မသာ ဖြစ်နေပုံပေါ်လို့။ သူ့သားကို သူအသုံးမကျလို့ ရောင်းစားလိုက်ရတယ်ဆိုတဲ့ရုပ်နဲ့။ ကျနော် အဲ့လောက် စျေးပေါပါ့မလားနော့"
"အွန်း ဝယ်လို့ရရင်လည်း ကိုယ်အဲ့လောက်ထိ စောင့်နေရပါ့မလား" ဟု Kou က တိုးတိုးရေရွတ်သည်။
"High boss ကြီး ဘာပြောလိုက်တာ? "
"ဘာမှဟုတ်ဖူး ဆက်ပြော"
"အွန်း .. ဟုတ်တော့လည်း ဟုတ်တယ်လေ။ ခင်ဗျားဆီက ယူတဲ့ ငွေပမာဏကလည်း ကျနော်ပေးတဲ့Shareထက်စာရင် ပိုများနေတယ်လို့ ကျနော်လည်း မြင်တယ်။ ခင်ဗျားရဲ့ ရှယ်ယာရှင်တွေလည်း ငြိုငြင်နေမှာပေါ့"
"အဲ့တာက ကလေးကိုယ့်ကို ယူလိုက်ရင် ရပြီပဲလေ"
"အာ ခင်ဗျားကလည်း ..အတည်ပြောနေတဲ့ဟာကို "
"ကိုယ်ကရော နောက်နေတယ် ထင်လို့လား"
Kou က Shou ကို စေ့စေ့ကြည့်၍ မေးလိုက်သည်။
"...."
ခဏတိတ်ဆိတ်သွားသည်။ လေထုက လေးလံသလို ရုတ်တရက် ခံစားရသည်။
Kou က ဓားကို ချလိုက်ကာ ကွဲအက်ပေမယ့် တိုးလျှိုးသောလေသံဖြင့်
"ကလေး .. ကိုယ် မစောင့်နိုင်တော့ဘူး"
Shou ကို အုပ်မိုး၍ ဆိုဖာပေါ် လက်တဖက်ထောက်လိုက်ပြီး ငုံ့နမ်းသည်။ Shou က ရုတ်တရက်မို့ နောက်ကိုရုန့်သွားပေမယ့် Kou ရဲ့ အနမ်းကို လက်ခံသည်။ ထို့နောက် မျက်လုံးချင်း ဆုံကြည့်စေ၍
"ကိုယ့်လို ဘာအပြစ်မှ ပြောစရာမရှိတဲ့သူကို တခြားသူဆီ ပါသွားမှာ ကလေးက မကြောက်ဖူးလား"   Shou က မျက်နှာလွှဲလိုက်ပြီး လွတ်နေသည့်ဘက်က ရှောင်လိုက်ဖို့ ကြိုးစားနေသည်။ နှုတ်မှလည်း
"ဘာကြောက်စရာရှိလဲ။ ခင်ဗျားကရော ကျနော့လို လူတယောက်ကို အဆုံးရှုံးခံမှာတဲ့လား"
Kou က Shou ခေါင်းလှည့်သွားတာကြောင့် လက်ဖြင့်မေးကို ကိုင်ပြီး ပြန်လှည့်ကာ ထပ်နမ်းစေသည်။ Shou က အတင်းအကျပ်လုပ်တာ မကြိုက်တာကြောင့် ရုန်းရင်း ထပ်လျှက်သား တစောင်းအနေအထားဖြစ်နေကာ Shou က ခြေထောက်မကောင်းသူမို့ အများကြီး ရုန်းမရပေ။ Kou က အသက်ရှူမဝမှ ပြန်လွှတ်ပေးသည်။
Shou က အငမ်းမရ လေရှုသွင်းနေသည်။ တယောက် နှလုံးခုန်သံ တစ်ယောက် ကြားနေရသော အကွာအဝေးဖြစ်နေတဲ့အပြင် သူ့နှလုံးခုန်သံက ဆိုးဆိုးရွားရွား Kou ထက်ပင် မြန်နေသေးသည်။
"ကလေးက ကိုယ် လက်လွှတ်မခံနိုင်မှန်း သိနေလျှက်နဲ့ ဘာလို့ ကိုယ်ကိုလက်မထပ်တာလဲ။ ဘာလို့အတူလာမနေသေးတာလဲ။ ကိုယ့်ကို မသနားဘူးလား"
Shou နှလုံးခုန်သံတွေ မြန်လာသည်။ Kou နဲ့ ထိတွေနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက  ပူလောင်နေသလို ခံစားရသည်။ ကိုယ့်ကို မသနားဘူးလား ဆိုသည့် စကားက နားထဲမှာ အထပ်ထပ်ကြားနေရသည်။ ဘဝတွေ ပြောင်းသွားပေမယ့် တူညီတာတွေ ရှိနေဆဲ ထိုသူကို ဖေးရဲ့ တကယ် တိမ်းညွတ်ပါသည်။
"ဟင် ပြောပါဦး ကိုယ့်ကို မသနားဘူးလားလို့"
"..."
"နေ့တိုင်း ကလေးစားချင်တာ ချက်ကျွေးမယ်လေ"
Shou ငြိမ်သက်နေဆဲ။
"ကလေး ပူဆာသမျှလည်း လက်ညှိုးညွှန်ရာ ရေ
ဖြစ်စေရမယ်"
"..."
"ကိုယ်က ကလေးမရှိရင် ညအိပ်မပျော်ဘူးရယ်"
"ဟုတ် ဖဲ နဲ့" အခုမှ မပွင့်တပွင့်ပြောလာသည်။
"တကယ် ကလေးရဲ့"
"အရင်လည်း တယောက်တည်းအိပ်နေတာပဲကို"
"ဒါပေမယ့် ကလေးနဲ့ အိပ်ခဲ့တာ နှစ်နဲ့ချီ ရှိနေပြီလေ ကလေးမရှိတဲ့နေ့တွေ ကိုယ်တကယ်အိပ်လို့ မပျော်ဘူး"
"..."
"ကိုယ့်ကို မယုံသေးလို့လား"
"ကျနော် ယုံတယ်"
"ကိုယ် ဘာလိုအပ်ချက် ရှိလို့လဲ"
"မရှိပါဘူး"
"ဒါဖြင့် ကလေးက ကိုယ့်ကို မချစ်ဖူးလား"
"ချစ်တယ်"
"အဲ့တာဆို ဘာလို့လဲ"
"...
ကျ ...နော်
အပေါ်...က
နေ ချင် လို့"
"ဟက် လူဆိုးလေး ခုမှပဲ ပြောလာတော့တယ် လာ အိပ်ယာထဲသွားစို့" ပြောပြောဆိုဆို Shou ကို ပွေ့ချီ၍ အိပ်ခန်းဘက်ကို ဦးတည်နေသည်။
"ခင်ဗျား ပေးနေမှာလား"
Kou က ကောက်ကျစ်စွာ အောင်နိုင်သူအပြုံးနှင့်
"ဟင့်အင်း"
"ခင်ဗျား ... ‼️"
"ကျနော့ကို လွှတ် ..ခု အိမ်ပြန်ပို့ပေး .. Kou‼️ခင်ဗျားပြောတော့ လက်ညှိုးညွှန်ရာ ရေဖြစ်ရမယ်ဆို"
"အင်း ဟုတ်တယ် အိပ်ယာထဲက ကိစ္စမပါဘူး"
Shou နောက်ဆုံးတော့ Kou ရဲ့ အပြုအစုများကို မလွန်ဆန်နိုင်ခဲ့ပေ...
______
"လူယုတ်မာကြီး .. "
စောစောစီးစီး မျက်လုံးပွင့်လို့ သူ့ကိုမြင်တာနဲ့ ဆဲဆိုလိုက်တဲ့ ကလေးရဲ့အသံက နားထဲမှာ ချိုမြသွားသည်။ မနေ့က ကလေးငိုပြီးတောင်းပန်မှ သူရပ်ပေးခဲ့သည်လေ။
"နိုးပြီလား .. ကိုယ့်ရဲ့အလင်းရောင်လေး ..  နာနေသေးလား"
"နာတာပေါ့ ခင်ဗျားခံကြည့်ပါလား"
"ကလေးက မျက်ရည်လေးတွေနဲ့ အရမ်းချစ်စရာကောင်းတာ .. အဲ့တာကြောင့် ကိုယ်ကလက်ဦးမှု ယူထားတာ"
"သေလိုက်ပါလား .. "
"သေသေးပါဘူး ကလေးကိုတောင် ချစ်လို့မဝသေးဘူး"
"ဆေးရုံမှာ လေ့ကျင့်ခန်းသွားလုပ်ရမှာမို့ တော်ပါတော့လို့ ပြောနေတဲ့ဟာကို ခုဘယ်လိုလုပ်ရတော့မှာလဲ" ပြောရင်း အသံက တိမ်ဝင်သွားသည်။
"ကလေး တသက်လုံး ပြန်မကောင်းရင် ကိုယ်က ပိုတောင်ကြိုက်သေးတယ်။ စိတ်ကြိုက်ဆွဲပဲ ကလေးပြေးမလွတ်ဖူး။ မိုက်မှမိုက် hehe"
"ဟာ ...ခင်ဗျား .."  နီးရာ ခေါင်းအုံး၊အဲကွန်းရီမု၊ တီဗွီရီမုများနဲ့ ကောက်ပေါက်ပစ်လိုက်သည်။ ငိုချင်တာတောင် ပျောက်ပြီး ထိုတဟားဟားရယ်ရင်း ရှောင်နေသော လူကြီးကို ဒေါသထွက်လာသည်။ သို့ပေမယ့် သူ့က်ိုမှ မကူခိုင်းရင် ဘယ်သူ့ကူခိုင်းရမှာလဲ။ Shou လက်နှစ်ဖက်ဆန့်တန်းရင်း ဆူပွပွဖြင့်
"လာခဲ့ မျက်နှာသစ်မလို့ .. ချီ"
"လာပါပြီဗျာ .. ချစ်ယောကျာ်းလေး ပူတူတူလေး"
"ခင်ဗျား စိတ်ရော နှံ့သေးရဲ့လား။ ဘယ်လိုဖြစ်ပြီး ဇွတ်တွေ ပလူးပလဲသံပေါက်နေတာလဲ"
"ပေါက်စကရော ဘာလို့ ဇွတ်ဆဲနေတာလဲ။ အရင်က နူးညံ့တဲ့ Shou ကိုကိုလေးက ဘယ်ရောက်သွားလဲ"
"အဲ့တာ ခင်ဗျားကြီးကြောင့်လေ"
"ဟုတ်ပါပြီ ဟုတ်ပါပြီ .. ကိုယ်မှားတာပါ။ ကလေးကြိုက်မယ်ထင်တဲ့ ကော်ဖီ ဆိမ့်ဆိမ့်လေးဖျော်ပေးထားတယ်။ ပေါင်မုန့်အသားညှပ် မီးကင်လည်း Ready ပဲ ။ အမာတွေ မစားနိုင်သေးရင်..အဆင်ပြေအောင်လို့ ကြက်သားနုပ်နုပ်လေးနဲ့ ဆန်ပြုတ်လည်း ပြုတ်ထားပေးတယ်။
"omelette ရော " သွားတိုက်ရင်း ဝူးဝူးဝါးဝါး စားချင်တာထပြောနေတဲ့ ကလေးကို ပလုတ်ကျင်းဖို့ ရေခွက်ကမ်းပေးရင် မြတ်နိုးရသည်။
"စားချင်ရင်ကြော်ပေးမှာပေါ့ .. အာဝါးလေးပဲပေး"
မျက်လုံးမှီတ်၍ ပါးထိုးပေးလာသော Kou ကို သွားတိုက်နေတဲ့ အမြှုပ်အနည်းငယ်ယူကာ လက်သုံးချောင်း စု၍ ပါးစပ်က ပြွတ်ခနဲလုပ်ပေးလိုက်သည်။
Kou ကျေနပ်သွားတာမြင်တော့ ပြုံးမိသည်။
'ဟက် ကလေးလေးပဲ .... ' လို့ ဖျတ်ခနဲအတွေးဝင်လာပေမယ့် မနေ့ကညအကြောင်း ပြန်စဉ်းစားမိပြန်တော့
'ချီးလို့ ကလေးလေးလား ..အဲ့တာ မကောင်းဆိုးဝါး မကောင်းဆိုးဝါး'
တယောက်တည်း အတွေးထဲရန်ဖြစ်ရင်း စိတ်ပြန်တိုလာတာမို့ Kou ပါးကို ဆွဲလိမ်ပစ်လိုက်သည်။
"အား နာတယ်လေ ကလေးရဲ့"
'ဟွန့် သူကျတော့ နာတတ်တယ်'
အသံကထွက်မလာပဲ နားထင်ကြောရှုံ့ကာ နှာခေါင်းက ပွစိပွစိဖြစ်နေသော ယုန်ပေါက်လေးကို တိုး၍မြတ်နိုးရသည်။ ထိုပွစိပွစိဖြစ်နေသော နှာသီးလေးကိုပဲ ဆွဲညစ်၍
"ဘာတွေ မကျေမနပ် ဖြစ်နေပြန်တာလဲ ပေါက်စ"
"... ဟွန်း .. "
"ဟောဗျာ"
"ကဲပါ ကိုယ်အရှုံးပေးပါတယ်။ ဘာလုပ်ပေးရမလဲပြော"
"ဆေးရုံ ရက်ပြန်ချိန်းပေး"
"ချိန်းပေးပြီးသား"
"နေ့လည် Ramen စားမှာ အသားကင်ပါတဲ့ဟာနဲ့"
(Ramen = ခေါက်ဆွဲပြုတ်)
"Okay ရစေရမယ်"
"ညနေ အလုပ်မှာ ကြက်ကြော်နဲ့ ကိုလာသောက်မှာ"
"အင်း ကိုယ် မှာပေးထားမယ်"
"ညကျ sake သောက်မယ်" (sake= ဆန်အရက်)
"ကိုယ်နဲ့အတူဆို သောက်ခွင့်ပြုမယ်။ ညစာရော အမြည်းရော လုပ်ပေးမယ်"
"ခင်ဗျားတော်တော် အားနေလား။ အလုပ်အကိုင် မရှိဘူးလား"
"ရှိပါ့ဗျား ခင်ဗျားလေးတသက် ထိုင်ဖြုန်းမကုန်တဲ့ စည်းစိမ်ကို ထောက်ပံ့ပေးနိုင်တဲ့ အင်မတန့် အင်မတန်မှ အလှုပ်ရှုပ်သော လုပ်ငန်းကြီး ရှိပါ့။ ဒါပေမယ့် ဟောဒီနတ်ဆိုးလေးက ပိုအရေးကြီးနေတော့ ဘယ်လိုလုပ်မလဲ"
"ဟက် အဲ့ဆိုရုံးမှာ ပလူးပလဲနေတာတွေ နောက်မမြင်ချင်ဘူး"
"မလုပ်ရပါဘူးကွာ .. ကိုယ့်ဒီယောကျာ်းချောလေးကို ရအောင်တောင် မနည်းလိုက်ထားရတာ .. ဘယ်မှာ လာ တခြားသူကို ပလူးပလဲလုပ်ရဲမှာလဲလို့"
"အဟွန်း ပြောတာပဲ .. "
"တကယ်ပါ" မျက်လုံးလေးမှိတ်ခေါင်းလေးညိတ်၍ ကျေနပ်ဖြူစင်စွာ အလိုလိုက်နေသော Kou ရဲ့ အပြုံးက အရမ်းကို အေးမြသည်။
Shou ရွှင်ရွှင်လန်းလန်း သွားအစွယ်လေးများပေါ်အောင် ရယ်လျှက် "အွန်း .. ပြီးရော" Kou ကို သိုင်းဖက်ကာ မနက်စာစားရန် ပွေ့ချီစေသည်။
"ခင်ဗျားပြုံးနေရင် အရမ်းချစ်စရာကောင်းတယ် သူများရှေ့မှာ မပြုံးနဲ့"
"အိုကေ ဒါဆိုကလေးတစ်ယောက်ထဲကိုပဲ ပြုံးပြမယ်"
"အွန်း .. ခင်ဗျားကိုယ့်စကားကိုယ် မှတ်ထားနော်။ သူများရှေ့မှာ တခါပြုံးရင် အောက်မှာ တခါပေးနေရမယ်"
"ဟင်"
"ahak"
အရမ်းကြီး စိတ်ကောက်နေတာလည်း မဟုတ်ပဲ ဟန်လုပ်၍ ရစ်နေသောကောင်လေးကို မြတ်နိုးရပြန်သည်။
______
သုံးလဆိုတဲ့အချိန် ကြာပြီးနောက်မှာ Kou ရဲ့ လုပ်ငန်းများက လွန်ခဲ့တဲ့ နှစ်နှစ်ခွဲကာလကလိုပဲ အတောင်အလက် စုံလင်စွာ ရွက်သစ်များဖြင့် ဝေဆာလာသည်။ အားလုံးက Kou မည်မျှတော်ကြောင်း ချီးကျူးနေကြသည့် နောက်ကွယ်တွင် Kou Corporation တခုလုံးရဲ့ ကျစ်လစ်တဲ့ ဖွဲ့စည်းပုံ အသေးစိတ်အစီအမံများကို Shou က ပံ့ပိုးစီမံပေးသူဖြစ်သည်။
SL က ဒုတိယ VR Game ကို စတင် ထုတ်ဖို့ ကြေညာစဥ်မှာပဲ VR Preorder တသိန်းခန့်နှင့် ခဏအတွင်း ရောင်းချနိုင်ခဲ့ပြီး စတင် ထုတ်လွှင့်သည့် ရက်တွင်ပင် ဝယ်ထားသောသူ 94% က  log in ဝင်ခဲ့ကြသည်။ သုံးရက် အတွင်းမှာ VR တစ်သန်းခန့် ရောင်းချရပြီး နေ့စဥ် log in ဝင်သူမှာ မိနစ်တိုင်း တိုးလာနေသည်။ In Game Purchase ဖြစ်သော Starter Package မှ နေ့စဥ် ဘီလီယံပေါင်းများစွာ ရောင်းချနိုင်ခဲ့ပြီး သုံးပတ်အတွင်းမှာ Kou Corp ရဲ့ စိုက်ထားငွေများကို SL က ပြန်ဆပ်နိုင်ခဲ့သည်။
'ဖေးရဲ့ Mission ပြီးပြီ ဆက်နေဦးမလား'
'အွန်း နှစ်နှစ်လောက်နေချင်သေးတယ်'
'အင်း ငါတို့ စောင့်နေမယ်'
'အွန်း .. အမြန်ဆုံး ပြန်လာခဲ့မယ်'
'ဖေးရဲ့ နောက်လာမယ်ကမ္ဘာက ခက်လိမ့်မယ် နောက် ဘာဖြစ်မှန်းမသိတာမို့ မင်း နေချင်သလောက်နေပါ ငါတို့ နားလည်ပါတယ်'
'အွန်း ကျေးဇူး'
Shou မှာ အားကိုးရတဲ့ လက်ထောက် Aki ရှိပြီး Kou မှာ Shiro နှင့် Kuro ရှိတာကြောင့် ဖေးရဲ့က  ထုံးစံအတိုင်း အလုပ်များပါသည်ဆိုသော Kou ကို ခေါ်ကာ ခရီးပတ်ထွက်နေသည်။
"high boss ကြီး ဆိုနိုဆီက ဖုန်းလာတယ်"
"ကလေးကိုင်လိုက်လေ"
"Video call ကြီးမို့"
"အင်း လာပြီ"
"အေး ဟျောင့် ဘာလဲ"
"အေး ကြွားစရာရှိလို့ကွ"
"ပြောလေ"
"ငါ့မိန်းမ မွေးပြီကွ ကောင်မလေး"
"ဟေ ဟုတ်လား Congratulation ကွာ"
"ဒီမှာကြည့် တိုးရူနဲ့ တူတော့ ချောတယ်ကွ ဒီမှာ"
"ကလေးရေ လာကြည့်ဦး ဆိုနို မိန်းကလေး မွေးတယ်တဲ့"
"ဗျာ လာပြီ ... ဟာ အကိုဆိုနို Congratulation ဗျ။ ပူတူးလေးက ချစ်စရာလေး။ ကျန်းမာကြတယ်မလား"
"အေး ကျန်းမာတယ် ညီ။ တိုးရူတော့ ပင်ပန်းပြီး အိပ်နေလို့"
"ရတယ်အကို ကျနော် နောက်မှ သူနဲ့စကားပြောလိုက်မယ် .. မွေးတော့မှာလို့ ညီ့ကို သူပြောတယ် ရုတ်တရက်ကြီး မွေးမယ် မထင်လိုက်လို့ နက်ဖန် ပြန်လာခဲ့မယ် အကို။ တူမလေးကိုလည်း ချီကြည့်ချင်တယ်"
"အေး မင်တို့ပြန်လာမယ်ဆို ငါဆက်​​နားချစရာမလိုတော့ဘူးပေါ့ကွာ .. မင်းတို့ ပတ်ပြေးနေတော့ အငယ်ကောင်တွေက မနားရလို့တဲ့။ ငါ့ကို နားပူနေကြတယ် ပြန်လာဖို့ပြောပေးပါဦးဆိုပြီး"
"ဟီးဟီး ဟုတ်အကို ကျနော် သူတို့ကို ကြည့်စီစဥ်လိုက်ပါမယ်"
"အိုခေ ညီ။ Kou မင်း God Father လုပ်ရမှာနော်"
"လုပ်ရမှာပေါ့ကွ မင်းရဲ့သမီးက ငါ့သမီးပဲ"
"အဟေးဟေး ငါတို့ သမီးတော့ ပွပြီပဲ။ အဖေအမေရဲ့ ရုပ်ချောတာတွေတင်မက  အချမ်းသာဆုံး သူဌေးရဲ့ စည်းစိမ်တွေပါ အမွေရဦးမှာ"
"အိုခေ နောက်မှကွာ နက်ဖန် ပြန်မှာဆိုတော့ ငါအလုပ်လုပ်လိုက်ဦးမယ် ဒါပဲ"
"အေး သက်သက်ညှာညှာလုပ် ငါ့ကောင်ရေ မင်းယူထားတာ ယောကျာ်းလေးကွ"
"ငါသိပါတယ် ဝင်မရှည်နဲ့ ဒါပဲ"
တီ
"ကလေး"
"ဟင်"
"ဟာ .. သောက်ကလေး ထွက်ပြေးသွားပြန်ပြီ"
🟥🟥🟥🟥🟥🟥🟥🟥🟥
"ဟင့်အင်း"
"နှစ်ပတ် .. မဟုတ်ဖူး သုံးပတ်ပဲ .. သုံးပတ်ပဲစောင့်" လက်ချောင်းလေးများ ထောင်ကြာအနည်းငယ်လန့်နေပုံရပြီး အသည်းအသန်ငြင်းနေသည်။
"ကျနော် ဘာကူပေးရမလဲ"
"ဟီး .. မွ .. "
စားသောက်ပြီးသော်
"အသီးစားမလား"
"အွန်း စားမယ်"
"ဘာမှဟုတ်ဖူး ဆက်ပြော"
"...."
"..."
Shou ငြိမ်သက်နေဆဲ။
ဖြစ်စေရမယ်"
"..."
"တကယ် ကလေးရဲ့"
"..."
"ကျနော် ယုံတယ်"
"မရှိပါဘူး"
"ချစ်တယ်"
"အဲ့တာဆို ဘာလို့လဲ"
"...
ကျ ...နော်
အပေါ်...က
နေ ချင် လို့"
"ခင်ဗျား ပေးနေမှာလား"
"ဟင့်အင်း"
"ခင်ဗျား ... ‼️"
______
"လူယုတ်မာကြီး .. "
"သေလိုက်ပါလား .. "
'ဟက် ကလေးလေးပဲ .... ' လို့ ဖတျြခနဲအတွေးဝင်လာပေမယ့် မနေ့ကညအကြောင်း ပြန်စဉ်းစားမိပြန်တော့
"အား နာတယ်လေ ကလေးရဲ့"
"... ဟွန်း .. "
"ဟောဗျာ"
"ချိန်းပေးပြီးသား"
(Ramen = ခေါက်ဆွဲပြုတ်)
"Okay ရစေရမယ်"
"အဟွန်း ပြောတာပဲ .. "
"ဟင်"
"ahak"
______
'အွန်း ကျေးဇူး'
"ကလေးကိုင်လိုက်လေ"
"Video call ကြီးမို့"
"အင်း လာပြီ"
"အေး ဟျောင့် ဘာလဲ"
"ပြောလေ"
တီ
"ကလေး"
"ဟင်"
Continue Reading
You'll Also Like
341K 27.1K 34
punishment type ပါ။ အဆင်ပြေမှဖတ်ပါ။
23.3K 2.1K 21
201K 3.4K 24
"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"
58.5K 2.9K 46
ស្នេហាកើតចេញពីការជំនួសមនុស្សម្នាក់ដែលគេស្រឡាញ់ព្រោះតែមានមុខមាត់ប្រហាក់ប្រហែលគ្នា មុនដំបូងគិតថាយកមកលេងសើចតែចៃដន្យអីជាប់ស្នេហ៍គេមែនទែនដកចិត្តមិនរួច និព...