Unicode
ချောင်လန်နဲ့ တူတူထိုင်ရမဲ့ ချန်ယောင်းရန်ကတော့ ချောင်လန်ရဲ့ ဘယ်ဘက်ခြမ်းက ပထမဆုံးအတန်းရဲ့ အဖွဲ့၃မှာ ထိုင်တယ်။ စုန့်ယောင်က သူနဲ့တူတူထိုင်တာပေါ့။
စုန့်ယောင်ရဲ့ ပါး၂ဖက်လုံးက နီရဲနေတာပဲ။ ပြီးတော့ သူမမျက်လုံးလေးတွေကလဲ ဝိုင်းစက်ပြီး အရည်လဲ့နေတယ်။ အရမ်းလှနေတာပေါ့။ ဒါပေမဲ့ ချန်ယောင်းရန်ရဲ့စိတ်အခြေအနေက ကောင်းမနေတော့ ဒါတွေကို မမြင်လိုက်ဘူးပေါ့။
သူခေါင်းကို လှည့်လိုက်တာနဲ့ ချောင်လန်ကို မြင်နေရတယ်။ သူမက ခေါင်းကိုငုံ့ထားပြီး လက်ထဲမှာလဲ ဘောပင်တစ်ချောင်းနဲ့ physics လေ့ကျင့်ခန်းစာအုပ်ထဲက စာတွေလုပ်နေတယ်။ သူမကြည့်ရတာ သူဘယ်နေရာမှာထိုင်တာလဲ ဆိုတာကို လုံးဝစိတ်မဝင်စားတဲ့ပုံပဲ။ ပြီးတော့ ဘေးပတ်ဝန်းကျင်က အရှုပ်အထွေးတွေကလဲ သူမနဲ့ မဆိုင်သလိုပဲ။
ချောင်လန်က တစ်ကယ်ပဲ သူ့ကို မကြိုက်ဘူးလား။
ချောင်လန်က သူနဲ့ တစ်ခုံထဲ တူတူမထိုင်ချင်ဘူးဆိုတာကို ကိုယ်တိုင်ကြားခဲ့ရတာတောင် ချန်ယောင်းရန်က အဲ့တာကို မယုံသေးဘူး။
ဘာလို့လဲ ဆိုတော့ အရင်တုန်းက ချောင်လန့်မျက်လုံးတွေက အရမ်းသိသာနေခဲ့တာကိုးး။
ပြီးတော့ သူနဲ့နီးကပ်ဖို့ အရမ်းစိတ်အားထက်သန်ခဲ့တာကြောင့်သာမဟုတ်ရင် ချောင်လန်က ပထမနေရာရဖို့ ဒီလောက်ကြိုးစားခဲ့မှာမဟုတ်ဘူး။
ဒါပေမဲ့ အခုချောင်လန်က ဘာလုပ်ချင်တာလဲဆိုတာကိုတော့ ချန်ယောင်းရန်က တစ်ကယ်မသိဘူး။
ချောင်လန်နဲ့ချန်ယောင်းရန်တို့ ထိုင်ခုံနေရာ ကြေညာအပြီးမှာတော့ ကျန်တဲ့ နေရာကြေညာတာတွေက စိတ်ဝင်စားဖို့မကောင်းတော့ဘူး။ အားလုံးမှာ tablemate အသစ်တွေနဲ့ဆိုတော့ အကုန်လုံး စကားပြောနေကြတယ်။
ထန်းမော့တစ်ယောက်ထဲပဲ တိတ်ဆိတ်နေတာ။ ဒါပေမဲ့ သူ့နားကလေထုက အရင်ကထက်ပိုပြီး အုံ့မှိုင်းနေတယ်။
သူခေါင်းကိုမော့ပြီး အရင်ကြည့်နေကြနေရာလေးကို ကြည့်လိုက်တယ်။ ဒါပေမဲ့ ချောင်လန်က အဲ့နေရာမှာ ထိုင်နေတာမဟုတ်တော့ဘူး။ အဲ့နေရာမှာ အရပ်ရှည်ရှည် သန်သန်မာမာယောကျာ်းလေးတစ်ယောက်က ထိုင်နေတယ်။
ချောင်လန်က အဝင်တံခါးဘက်မှာ ထိုင်နေတယ်။ ထန်းမော့က အဲ့နေရာနဲ့ ထောင့်ဖြတ်အကျဆုံးနေရာမှာ ထိုင်နေတယ်။
အဲ့တော့ စာသင်ခန်းထဲမှာ ချောင်လန်က ထန်းမော့နဲ့ အဝေးဆုံးနေရာကလူဖြစ်သွားတယ်။
အလယ်ထဲမှာ အတန်းဖော်တွေအများကြီးခံနေတယ်။ အရပ်ရှည်ရှည် သန်သန်မာမာကောင်လေးတွေရောပဲ။ အားလုံးက ထန်းမော့ရဲ့ မြင်ကွင်းကို ပိတ်ထားကြတယ်။
သူ ချောင်လန်ရဲ့ နောက်ကျောကို မမြင်ရဘူး။
သူ့လက်ထဲက ဘောပင်က ရုတ်တရက်စာရွက်ကို ဖောက်သွားပြီး စာအုပ်ထဲမှာ အရမ်းရှည်တဲ့ အမှတ်ကြီးဖြစ်သွားတယ်။ ဒါပေမဲ့ ထန်းမော့က အဲ့တာကို သတိမထားမိဘူး။
နေ့တစ်နေ့ရဲ့နောက်ဆုံးအတန်းချိန်က ပြီးဆုံးသွားပြီ။ ထန်းမော့ဆီကနေ ချောင်လန့်ကို ကွယ်ထားတဲ့ အရပ်ရှည်ရှည်ကျောင်းသားတွေကလဲ ထသွားကြပြီ။ နောက်ဆုံးမှာတော့ သူ ချောင်လန့်ကို မြင်ရခဲ့ပြီ။ သူနောက်ဆုံးမှာ သူမကို မြင်ရတဲ့အချိန်မှာ ချောင်လန်က သူမနေရာမှာပဲ ဆက်ထိုင်ပြီး စာဖတ်နေတာကို တွေ့လိုက်ရတယ်။
ပြန်ချင်နေတဲ့ ထန်းမော့လဲ ရပ်လိုက်ရတော့တယ်။
သူဘာလို့ ထွက်မသွားချင်ရတာလဲ? ပြီးတော့ သူဘာလို့ ဒီမှာ နေခဲ့ချင်ရတာလဲ? ဆိုတဲ့ အကြောင်းရင်းကို ထန်းမော့ရှာမတွေ့နိုင်ဘူး။
သူ့အပြုအမူတွေရဲ့အကြောင်းရင်းကိုလဲ သူ မတွေးချင်ဘူး။ ပြီးတော့ သူ လေးလံနေတဲ့ မျက်လုံးတွေနဲ့ပဲ သူနဲ့အဝေးဆုံးနေရာမှာ ထိုင်နေတဲ့ ချောင်လန့်ကို ဆက်ကြည့်နေတယ်။
ထန်းမော့ အင်္ကျီအိတ်ကပ်ထဲက ဖုန်းက တုန်ခါနေပြီ။ ဒါက သူ့ကို အမြဲကျောင်းလာကြိုတဲ့ ဦးလေးချန်းဆီကဆိုတာ သူသိလိုက်တယ်။ ထန်းမော့ဖုန်းကိုတစ်ချက် ကြည့်လိုက်တယ်။ ပြီးတော့ ဖွင့်လိုက်ပြီးသူ့ကိုစောင့်ဖို့ ဦးလေးချန်းဆီ massage ပို့လိုက်တယ်။
ကျောင်းက ညနေ ၅နာရီ မိနစ်၂၀ထဲက ဆင်းတာ။ ချောင်လန်က ၅နာရီမိနစ်၄၀ လောက်ကျမှ သူမလက်ထဲကဘောပင်ကိုချလိုက်ပြီး စိတ်သက်သာရာရတဲ့အနေနဲ့ သက်ပြင်းချလိုက်တယ်။
သူမကိုယ်တိုင်တောင် မသိလိုက်မိခင်မှာပဲ ထန်းမော့ရှိတဲ့ဘက်ကို ထပ်ပြီး လှည့်ကြည့်လိုက်မိပြန်တယ်။ သူမခေါင်းကိုလှည့်တုန်းက ဒီအချိန်ဆို ထန်းမော့ပြန်လောက်ပြီလို့ပဲ ထင်နေတာ။
ဒါပေမဲ့ သူ့ရဲ့စားပွဲခုံက မြင်ကွင်းထဲမှာ ရောက်လာတဲ့အချိန်မှာတော့ ထန်းမော့က အခုထိ အဲ့နားမှာ ရှိနေသေးတာကို သူမမြင်လိုက်ရတယ်။ အဲ့ဒါတင်မကဘူး wheelchair ပေါ်မှာ ထိုင်နေတဲ့ ဖျော့တော့ပြီး ကျိုးပဲ့လွယ်တဲ့ ဆယ်ကျော်သက်ကောင်လေးက သူမကို ကြည့်နေတယ်။
သူရဲ့မျက်လုံးတွေက အမြဲ ခံစားချက်ကင်းမဲ့နေတာ။ ဒါပေမဲ့ အခုတော့ ဒီလောက်ဝေးနေတဲ့အကွာအဝေးကနေတောင် သူမကို ကြည့်နေတဲ့ အဲ့မျက်လုံးတွေက အရမ်းပူလောင်နေတာကို သူမခံစားလို့ရတယ်။
ပြန်မလို့လုပ်နေတဲ့ ချောင်လန်ရဲ့ ခြေလှမ်းတွေလဲ ခဏလောက် တုန့်ဆိုင်းပြီးတဲ့နောက်မှာ ရပ်တန့်သွားခဲ့တယ်။
ထန်းမော့က သူမနဲ့ တစ်စားပွဲထဲ မထိုင်ချင်ပါဘူးလို့ ပြောလာမှတော့ ချောင်လန်ရဲ့ စိတ်အားထက်သန်မှုကလဲ လျော့ကျသွားပြီး ထန်းမော့နဲ့ ဘယ်လိုဆက်ပြီး ပြောဆိုဆက်ဆံရမယ်မှန်း သူမမသိတော့ဘူး။ သူမဒီလို သူ့ကို ချဥ်းကပ်နေတာ သင့်တော်ရဲ့လားဆိုတာတောင် သူမ သံသယစဝင်လာပြီ။
ထန်းမော့အနေနဲ့ သူမရဲ့ ရင်းနှီးအောင် လုပ်တဲ့ အပြုအမူတွေက စိတ်ရှုပ်စရာကောင်းပြီး နှောင့်ယှက်သလို ဖြစ်ရင် ဖြစ်နေနိုင်တယ်လေ။
ဒါပေမဲ့....... ချောင်လန် မျက်တောင်တွေက အောက်ကို ချလိုက်တယ်။ ပြီးတော့ သူမခေါင်းပြန်မော့လာတဲ့အချိန်မှာ ထန်းမော့ကသူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီ။ သူက အခု စာသင်ခန်းရဲ့အပြင်ဘက်ကို wheelchair ကို တွန်းသွားနေတယ်။ သူမကို မျက်နှာမူနေတာက သူ့ရဲ့ ဘာသိဘာသာအပြုအမူနဲ့ နောက်ကျောပဲဖြစ်တယ်။ ခုနတုန်းက ပူလောင်နေတဲ့ အကြည့်က လုံးဝအတုကြီးလိုပဲ။
ချောင်လန် သူမရဲ့ ကျောပိုးအိတ်ကို ယူလိုက်ပြီး သူ့နောက်ကို ပြေးလိုက်လိုက်တယ်။
" ထန်းမော့ " ချောင်လန်သူ့ကို ခေါ်လိုက်တယ်။
wheelchair ဘီးပေါ် တင်ထားတဲ့ လက်ကို ဆယ်ကျော်သက်လေးက ရပ်လိုက်တယ်။ ဝင်ခါနီးနေရောင်က သူ့ရဲ့ ဖြူဖျော့နေပြီး ပါးလျတဲ့ ပါးပြင်ပေါ်ကို ကျနေတယ်။ သူ့အသံက ဘာသိဘာသာဖြစ်နေပြီး စိမ်းကားနေတယ်။ " ဘာလဲ "
" နင်...... "
နင်ငါ့ကို ဘာလို့ အဲ့လိုမျိုးကြည့်တာလဲ??
နင်တစ်ကယ်ပဲ ဘာဖြစ်ချင်နေတာလဲ???
ချောင်လန်မမေးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီမေးခွန်းတွေရဲ့အဖြေတွေကို ထန်းမော့ကိုယ်တိုင်တောင်မသိဘူးဆိုတာ သူမအာမခံရဲနေလို့လေ။
" ထန်းမော့ နင် တစ်ယောက်ထဲနေရတာကို သဘောကျတာလား "
" အင်း "
" တစ်ယောက်ယောက်က နင်နဲ့ နီးကပ်လာတာကို နင်မကြိုက်ဘူး??? "
" အင်း "
" ငါ နင်နဲ့ နီးကပ်လာတာကိုလဲ သဘောမကျဘူးလား "
" အင်း "
ချောင်လန် တိတ်ဆိတ်သွားတော့တယ်။
ထန်းမော့က ချောင်လန့်ကို အနီးကပ် စိုက်ကြည့်နေခဲ့တယ်။ သူမက ဘာလို့ ဒီမေးခွန်းတွေကို လာမေးနေတာလဲ။ ဘာလို့ ဒီလို မသက်ဆိုင်တဲ့ မေးခွန်းတွေကို မေးနေရတာလဲ။ ပြီးတော့ ဘာလို့ ဆက်မမေးတော့တာလဲ။
ချောင်လန်က ဆက် မမေးတော့ဘူး။
ထန်းမော့က ချောင်လန့်ရဲ့ အနက်ရောင် မျက်လုံးတွေကို စိုက်ကြည့်ပြီး သူ့ကို တစ်နေ့လုံး စိတ်ညစ်အောင်လုပ်နေတဲ့ မေးခွန်းကို မေးလိုက်တယ်။ " နင်ဘာလို့ ချန်ယောင်းရန်နဲ့ တူတူမထိုင်တာလဲ "
သူက ရုတ်တရက်ကြီး ဘာလို့ ချန်ယောင်းရန်အကြောင်းပြောလာတော့ ချောင်လန် ကြောင်အသွားပြီး စိတ်ရှုပ်သွားတယ်။ ဒါပေမဲ့ သူမရိုးရိုးသားသားပဲ ပြန်ဖြေလိုက်တယ်။
" ဘာလို့လဲဆိုတော့ ငါမထိုင်ချင်လို့ပေါ့ "
သူမက မထိုင်ချင်ဘူး???
ဘာလို့လဲ???
သူမက ဘယ်သူနဲ့ ထိုင်ချင်တာလဲ??
သူ့(ချန်ယောင်းရန်)ကြောင့်မလို့ သူမက ပထမနေရာရအောင်ကြိုးစားခဲ့တာမဟုတ်ဘူးလား??
ထန်းမော့က မမေးခဲ့ဘူး။ ဒါပေမဲ့ ချောင်လန်က ထန်းမော့ပြောချင်တဲ့ မေးခွန်းကို နားလည်တယ်။ ဒါပေမဲ့ ရပ်လိုက်တယ်။
" ငါမထိုင်ချင်ဘူး ဘာလို့လဲဆိုတော့ ငါသူ့ကိုမုန်းလို့ " ပြီးတော့ ချောင်လန်က သူမကိုယ်သူမ လှောင်ရယ်တဲ့အသံနဲ့ပြောလိုက်တယ်။ " ငါက နင်နဲ့ တူတူထိုင်ချင်တာ။ ဒါပေမဲ့ ဆရာကပြောတယ် နင်က မထိုင်ချင်ဘူးဆို။ "
ရုတ်တရက် ထန်းမော့ သူမကို မော့ကြည့်လိုက်တယ်။
ဒါပေမဲ့ အခုထိ သူ့ရဲ့ မျက်နှာက ကြွက်သားတွေက အသေတင်းမာနေသေးတော့ ဘာအမူအရာမှ မပြခဲ့ဘူး။ ချောင်လန်က သူ့ကို ငုံ့ကြည့်လိုက်ပြီး ပြုံးပြလိုက်တယ်။
" ထန်းမော့ နင်ငါ့ကို ဒီလောက် မုန်းနေမှန်း ငါမသိခဲ့ဘူး။ ငါနင့်ကို မသက်မသာဖြစ်အောင်လုပ်ဖို့ မရည်ရွယ်ပါဘူး။ sorry ပဲ။ ငါအဲ့လိုထပ်မလုပ်တော့ဘူး။ ငါနင့်ကို နောက်ထပ် အနှောင့်အယှက် မပေးတော့ဘူး။ "
သူမ ထန်းမော့ကို ကြည့်ပြီး အပြုံးဖျော့ဖျော့လေးပြုံးလိုက်တယ်။ သူမက အရင်တုန်းကလဲ ဒီလိုပဲ ပြုံးပြတာပဲ။ ဒါပေမဲ့ဒီတစ်ခေါက်တော့ သူမရဲ့ အပြုံးက အရင်ကနဲ့ နည်းနည်းကွဲပြားနေတယ်။
Zawgyi
ေခ်ာင္လန္နဲ႔ တူတူထိုင္ရမဲ့ ခ်န္ေယာင္းရန္ကေတာ့ ေခ်ာင္လန္ရဲ႕ ဘယ္ဘက္ျခမ္းက ပထမဆုံးအတန္းရဲ႕ အဖြဲ႕၃မွာ ထိုင္တယ္။ စုန္႔ေယာင္က သူနဲ႔တူတူထိုင္တာေပါ့။
စုန္႔ေယာင္ရဲ႕ ပါး၂ဖက္လုံးက နီရဲေနတာပဲ။ ၿပီးေတာ့ သူမမ်က္လုံးေလးေတြကလဲ ဝိုင္းစက္ၿပီး အရည္လဲ့ေနတယ္။ အရမ္းလွေနတာေပါ့။ ဒါေပမဲ့ ခ်န္ေယာင္းရန္ရဲ႕စိတ္အေျခအေနက ေကာင္းမေနေတာ့ ဒါေတြကို မျမင္လိုက္ဘူးေပါ့။
သူေခါင္းကို လွည့္လိုက္တာနဲ႔ ေခ်ာင္လန္ကို ျမင္ေနရတယ္။ သူမက ေခါင္းကိုငုံ႔ထားၿပီး လက္ထဲမွာလဲ ေဘာပင္တစ္ေခ်ာင္းနဲ႔ physics ေလ့က်င့္ခန္းစာအုပ္ထဲက စာေတြလုပ္ေနတယ္။ သူမၾကည့္ရတာ သူဘယ္ေနရာမွာထိုင္တာလဲ ဆိုတာကို လုံးဝစိတ္မဝင္စားတဲ့ပုံပဲ။ ၿပီးေတာ့ ေဘးပတ္ဝန္းက်င္က အရႈပ္အေထြးေတြကလဲ သူမနဲ႔ မဆိုင္သလိုပဲ။
ေခ်ာင္လန္က တစ္ကယ္ပဲ သူ႔ကို မႀကိဳက္ဘူးလား။
ေခ်ာင္လန္က သူနဲ႔ တစ္ခုံထဲ တူတူမထိုင္ခ်င္ဘူးဆိုတာကို ကိုယ္တိုင္ၾကားခဲ့ရတာေတာင္ ခ်န္ေယာင္းရန္က အဲ့တာကို မယုံေသးဘူး။
ဘာလို႔လဲ ဆိုေတာ့ အရင္တုန္းက ေခ်ာင္လန္႔မ်က္လုံးေတြက အရမ္းသိသာေနခဲ့တာကိုးး။
ၿပီးေတာ့ သူနဲ႔နီးကပ္ဖို႔အရမ္းစိတ္အားထက္သန္ခဲ့တာေၾကာင့္သာမဟုတ္ရင္ ေခ်ာင္လန္က ပထမေနရာရဖို႔ ဒီေလာက္ႀကိဳးစားခဲ့မွာမဟုတ္ဘူး။
ဒါေပမဲ့ အခုေခ်ာင္လန္က ဘာလုပ္ခ်င္တာလဲဆိုတာကိုေတာ့ ခ်န္ေယာင္းရန္က တစ္ကယ္မသိဘူး။
ေခ်ာင္လန္နဲ႔ခ်န္ေယာင္းရန္တို႔ ထိုင္ခုံေနရာ ေၾကညာအၿပီးမွာေတာ့ က်န္တဲ့ ေနရာေၾကညာတာေတြက စိတ္ဝင္စားဖို႔မေကာင္းေတာ့ဘူး။ အားလုံးမွာ tablemate အသစ္ေတြနဲ႔ဆိုေတာ့ အကုန္လုံး စကားေျပာေနၾကတယ္။
ထန္းေမာ့တစ္ေယာက္ထဲပဲ တိတ္ဆိတ္ေနတာ။ ဒါေပမဲ့ သူ႔နားကေလထုက အရင္ကထက္ပိုၿပီး အုံ႔မႈိင္းေနတယ္။
သူေခါင္းကိုေမာ့ၿပီး အရင္ၾကည့္ေနၾကေနရာေလးကို ၾကည့္လိုက္တယ္။ ဒါေပမဲ့ ေခ်ာင္လန္က အဲ့ေနရာမွာ ထိုင္ေနတာမဟုတ္ေတာ့ဘူး။ အဲ့ေနရာမွာ အရပ္ရွည္ရွည္ သန္သန္မာမာေယာက်ာ္းေလးတစ္ေယာက္က ထိုင္ေနတယ္။
ေခ်ာင္လန္က အဝင္တံခါးဘက္ မွာ ထိုင္ေနတယ္။ ထန္းေမာ့က အဲ့ေနရာနဲ႔ ေထာင့္ျဖတ္အက်ဆုံးေနရာမွာ ထိုင္ေနတယ္။
အဲ့ေတာ့ စာသင္ခန္းထဲမွာ ေခ်ာင္လန္က ထန္းေမာ့နဲ႔ အေဝးဆုံးေနရာကလူျဖစ္သြားတယ္။
အလယ္ထဲမွာ အတန္းေဖာ္ေတြအမ်ားႀကီးခံေနတယ္။ အရပ္ရွည္ရွည္ သန္သန္မာမာေကာင္ေလးေတြေရာပဲ။ အားလုံးက ထန္းေမာ့ရဲ႕ ျမင္ကြင္းကို ပိတ္ထားၾကတယ္။
သူ ေခ်ာင္လန္ရဲ႕ ေနာက္ေက်ာကို မျမင္ရဘူး။
သူ႔လက္ထဲက ေဘာပင္က ႐ုတ္တရက္စာ႐ြက္ကို ေဖာက္သြားၿပီး စာအုပ္ထဲမွာ အရမ္းရွည္တဲ့ အမွတ္ႀကီးျဖစ္သြားတယ္။ ဒါေပမဲ့ ထန္းေမာ့က အဲ့တာကို သတိမထားမိဘူး။
ေန႔တစ္ေန႔ရဲ႕ေနာက္ဆုံးအတန္းခ်ိန္က ၿပီးဆုံးသြားၿပီ။ ထန္းေမာ့ဆီကေန ေခ်ာင္လန္႔ကို ကြယ္ထားတဲ့ အရပ္ရွည္ရွည္ေက်ာင္းသားေတြကလဲ ထသြားၾကၿပီ။ ေနာက္ဆုံးမွာေတာ့ သူ ေခ်ာင္လန္႔ကို ျမင္ရခဲ့ၿပီ။ သူေနာက္ဆုံးမွာ သူမကို ျမင္ရတဲ့အခ်ိန္မွာ ေခ်ာင္လန္က သူမေနရာမွာပဲ ဆက္ထိုင္ၿပီး စာဖတ္ေနတာကို ေတြ႕လိုက္ရတယ္။
ျပန္ခ်င္ေနတဲ့ ထန္းေမာ့လဲ ရပ္လိုက္ရေတာ့တယ္။
သူဘာလို႔ ထြက္ မသြားခ်င္ရတာလဲ? ၿပီးေတာ့ သူဘာလို႔ ဒီမွာ ေနခဲ့ခ်င္ရတာလဲ? ဆိုတဲ့ အေၾကာင္းရင္းကို ထန္းေမာ့ရွာမေတြ႕ႏိုင္ဘူး။
သူ႔အျပဳအမူေတြရဲ႕အေၾကာင္းရင္းကိုလဲ သူ မေတြးခ်င္ဘူး။ ၿပီးေတာ့ သူ ေလးလံေနတဲ့ မ်က္လုံးေတြနဲ႔ပဲ သူနဲ႔အေဝးဆုံးေနရာမွာ ထိုင္ေနတဲ့ ေခ်ာင္လန္႔ကို ဆက္ၾကည့္ေနတယ္။
ထန္းေမာ့ အက်ႌအိတ္ကပ္ထဲက ဖုန္းက တုန္ခါေနၿပီ။ ဒါက သူ႔ကို အၿမဲေက်ာင္းလာႀကိဳတဲ့ ဦးေလးခ်န္းဆီကဆိုတာ သူသိလိုက္တယ္။ ထန္းေမာ့ဖုန္းကိုတစ္ခ်က္ ၾကည့္လိုက္တယ္။ ၿပီးေတာ့ ဖြင့္လိုက္ၿပီးသူ႔ကိုေစာင့္ဖို႔ ဦးေလးခ်န္းဆီ massage ပို႔လိုက္တယ္။
ေက်ာင္းက ညေန ၅နာရီ မိနစ္၂၀ထဲက ဆင္းတာ။ ေခ်ာင္လန္က ၅နာရီမိနစ္၄၀ ေလာက္ က်မွ သူမလက္ထဲကေဘာပင္ကိုခ်လိုက္ၿပီး စိတ္သက္သာရာရတဲ့အေနနဲ႔ သက္ျပင္းခ်လိုက္တယ္။
သူမကိုယ္တိုင္ေတာင္ မသိလိုက္ မိခင္မွာပဲ ထန္းေမာ့ရွိတဲ့ဘက္ကို ထပ္ၿပီး လွည့္ၾကည့္လိုက္ မိျပန္တယ္။ သူမေခါင္းကိုလွည့္တုန္းက ဒီအခ်ိန္ဆို ထန္းေမာ့့ျပန္ေလာက္ၿပီလို႔ပဲ ထင္ေနတာ။
ဒါေပမဲ့ သူ႔ရဲ႕စားပြဲခုံက ျမင္ကြင္းထဲမွာ ေရာက္လာတဲ့အခ်ိန္မွာေတာ့ ထန္းေမာ့က အခုထိ အဲ့နားမွာ ရွိေနေသးတာကို သူမျမင္လိုက္ရတယ္။ အဲ့ဒါတင္မကဘူး wheelchair ေပၚမွာ ထိုင္ေနတဲ့ ေဖ်ာ့ေတာ့ၿပီး က်ိဳးပဲ့လြယ္တဲ့ ဆယ္ေက်ာ္သက္ေကာင္ေလးက သူမကို ၾကည့္ေနတယ္။
သူရဲ႕မ်က္လုံးေတြက အၿမဲ ခံစားခ်က္ကင္းမဲ့ေနတာ။ ဒါေပမဲ့ အခုေတာ့ ဒီေလာက္ေဝးေနတဲ့အကြာအေဝးကေနေတာင္ သူမကို ၾကည့္ေနတဲ့ အဲ့မ်က္လုံးေတြက အရမ္းပူေလာင္ေနတာကို သူမခံစားလို႔ရတယ္။
ျပန္မလို႔လုပ္ေနတဲ့ ေခ်ာင္လန္ရဲ႕ ေျခလွမ္းေတြလဲ ခဏေလာက္ တုန္႔ဆိုင္းၿပီးတဲ့ေနာက္ မွာ ရပ္တန္႔သြားခဲ့တယ္။
ထန္းေမာ့က သူမနဲ႔ တစ္စားပြဲထဲ မထိုင္ခ်ငါဘူးလို႔ ေျပာလာမွေတာ့ ေခ်ာင္လန္ရဲ႕ စိတ္အားထက္သန္မႈကလဲ ေလ်ာ့က်သြားၿပီး ထန္းေမာ့နဲ႔ ဘယ္လိုဆက္ၿပီး ေျပာဆိုဆက္ဆံရမယ္မွန္း သူမမသိေတာ့ဘူး။ သူမဒီလို သူ႔ကို ခ်ၪ္းကပ္ေနတာ သင့္ေတာ္ရဲ႕လားဆိုတာေတာင္ သူမ သံသယစဝင္လာၿပီ။
ထန္းေမာ့အေနနဲ႔ သူမရဲ႕ ရင္းႏွီးေအာင္ လုပ္တဲ့ အျပဳအမူေတြက စိတ္ရႈပ္စရာေကာင္းၿပီး ေႏွာင့္ယွက္သလို ျဖစ္ရင္ ျဖစ္ေနႏိုင္တယ္ေလ။
ဒါေပမဲ့....... ေခ်ာင္လန္ မ်က္ေတာင္ေတြက ေအာက္ကို ခ်လိုက္တယ္။ ၿပီးေတာ့ သူမေခါင္းျပန္ေမာ့လာတဲ့အခ်ိန္မွာ ထန္းေမာ့ကသူ႔အၾကည့္ကို ႐ုတ္သိမ္းလိုက္ၿပီ။ သူက အခု စာသင္ခန္းရဲ႕အျပင္ဘက္ကို wheelchair ကို တြန္းသြားေနတယ္။ သူမကို မ်က္ႏွာမူေနတာက သူ႔ရဲ႕ ဘာသိဘာသာအျပဳအမူနဲ႔ ေနာက္ေက်ာပဲျဖစ္တယ္။ ခုနတုန္းက ပူေလာင္ေနတဲ့ အၾကည့္က လုံးဝအတုႀကီးလိုပဲ။
ေခ်ာင္လန္ သူမရဲ႕ ေက်ာပိုးအိတ္ကို ယူလိုက္ၿပီး သူ႔ေနာက္ကို ေျပးလိုက္လိုက္တယ္။
" ထန္းေမာ့ " ေခ်ာင္လန္သူ႔ကို ေခၚလိုက္တယ္။
wheelchair ဘီးေပၚ တင္ထားတဲ့ လက္ကို ဆယ္ေက်ာ္သက္ေလးက ရပ္လိုက္တယ္။ ဝင္ခါနီးေနေရာင္က သူ႔ရဲ႕ ျဖဴေဖ်ာ့ေနၿပီး ပါးလ်တဲ့ ပါးျပင္ေပၚကို က်ေနတယ္။ သူ႔အသံက ဘာသိဘာသာျဖစ္ေနၿပီး စိမ္းကားေနတယ္။ " ဘာလဲ "
" နင္...... "
နင္ငါ့ကို ဘာလို႔ အဲ့လိုမ်ိဳးၾကည့္တာလဲ??
နင္တစ္ကယ္ပဲ ဘာျဖစ္ခ်င္ေနတာလဲ???
ေခ်ာင္လန္မေမးခဲ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ ဒီေမးခြန္းေတြရဲ႕အေျဖေတြကို ထန္းေမာ့ကိုယ္တိုင္ေတာင္မသိဘူးဆိုတာ သူမအာမခံရဲေနလို႔ေလ။
" ထန္းေမာ့ နင္ တစ္ေယာက္ထဲေနရတာကို သေဘာက်တာလား "
" အင္း "
" တစ္ေယာက္ေယာက္က နင္နဲ႔ နီးကပ္လာတာကို နင္မႀကိဳက္ဘူး??? "
" အင္း "
" ငါ နင္နဲ႔ နီးကပ္လာတာကိုလဲ သေဘာမက်ဘူးလား "
" အင္း "
ေခ်ာင္လန္ တိတ္ဆိတ္သြားေတာ့တယ္။
ထန္းေမာ့က ေခ်ာင္လန္႔ကို အနီးကပ္ စိုက္ၾကည့္ေနခဲ့တယ္။ သူမက ဘာလို႔ ဒီေမးခြန္းေတြကို လာေမးေနတာလဲ။ ဘာလို႔ ဒီလို မသက္ဆိုင္တဲ့ ေမးခြန္းေတြကို ေမးေနရတာလဲ။ ၿပီးေတာ့ ဘာလို႔ ဆက္ မေမးေတာ့ရတာလဲ။
ေခ်ာင္လန္က ဆက္ မေမးေတာ့ဘူး။
ထန္းေမာ့က ေခ်ာင္လန္႔ရဲ႕ အနက္ေရာင္ မ်က္လုံးေတြကို စိုက္ၾကည့္ၿပီး သူ႔ကို တစ္ေန႔လုံး စိတ္ညစ္ေအာင္လုပ္ေနတဲ့ ေမးခြန္းကို ေမးလိုက္တယ္။ " နင္ဘာလို႔ ခ်န္ေယာင္းရန္နဲ႔ တူတူမထိုင္တာလဲ "
သူက ႐ုတ္တရက္ႀကီး ဘာလို႔ ခ်န္ေယာင္းရန္အေၾကာင္းေျပာလာေတာ့ ေခ်ာင္လန္ ေၾကာင္အသြားၿပီး စိတ္ရႈပ္သြားတယ္။ ဒါေပမဲ့ သူမ႐ိုး႐ိုးသားသားပဲ ျပန္ေျဖလိုက္တယ္။
" ဘာလို႔လဲဆိုေတာ့ ငါမထိုင္ခ်င္လို႔ေပါ့ "
သူမက မထိုင္ခ်င္ဘူး???
ဘာလို႔လဲ???
သူမက ဘယ္သူနဲ႔ ထိုင္ခ်င္တာလဲ??
သူ႔(ခ်န္ေယာင္းရန္)ေၾကာင့္မလို႔ သူမက ပထမေနရာရေအာင္ႀကိဳးစားခဲ့တာမဟုတ္ဘူးလား??
ထန္းေမာ့က မေမးခဲ့ဘူး။ ဒါေပမဲ့ ေခ်ာင္လန္က ထန္းေမာ့ေျပာခ်င္တဲ့ ေမးခြန္းကို နားလည္တယ္။ ဒါေပမဲ့ ရပ္လိုက္တယ္။
" ငါမထိုင္ခ်င္ဘူး ဘာလို႔လဲဆိုေတာ့ ငါသူ႔ကိုမုန္းလို႔ " ၿပီးေတာ့ ေခ်ာင္လန္က သူမကိုယ္သူမ ေလွာင္ရယ္တဲ့အသံနဲ႔ေျပာလိုက္တယ္။ " ငါက နင္နဲ႔ တူတူထိုင္ခ်င္တာ။ ဒါေပမဲ့ ဆရာကေျပာတယ္ နင္က မထိုင္ခ်င္ဘူးဆို။ "
႐ုတ္တရက္ ထန္းေမာ့ သူမကို ေမာ့ၾကည့္လိုက္တယ္။
ဒါေပမဲ့ အခုထိ သူ႔ရဲ႕ မ်က္ႏွာက ႂကြက္သားေတြက အေသတင္းမာေနေသးေတာ့ ဘာအမူအရာမွ မျပခဲ့ဘူး။ ေခ်ာင္လန္က သူ႔ကို ငုံ႔ၾကည့္လိုက္ၿပီး ၿပဳံးျပလိုက္တယ္။
" ထန္းေမာ့ နင္ငါ့ကို ဒီေလာက္ မုန္းေနမွန္း ငါမသိခဲ့ဘူး။ ငါနင့္ကို မသက္ မသာျဖစ္ေအာင္လုပ္ဖို႔ မရည္႐ြယ္ပါဘူး။ sorry ပဲ။ ငါအဲ့လိုထပ္မလုပ္ေတာ့ဘူး။ ငါနင့္ကို ေနာက္ထပ္ အေႏွာက္အယွက္ မေပးေတာ့ဘူး။ "
သူမ ထန္းေမာ့ကို ၾကည့္ၿပီး အၿပဳံးေဖ်ာ့ေဖ်ာ့ေလးၿပဳံးလိုက္တယ္။ သူမက အရင္တုန္းကလဲ ဒီလိုပဲ ၿပဳံးျပတာပဲ။ ဒါေပမဲ့ဒီတစ္ေခါက္ေတာ့ သူမရဲ႕ အၿပဳံးက အရင္ကနဲ႔ နည္းနည္းကြဲျပားေနတယ္။